Unicode
ထန်းပေါ်ထဲ့ဟာ ကြယ်တာရာအင်ပါယာရဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ သူဟာတိုက်ပွဲတစ်ခုမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာကိုကုသဖို့အတွက် ရာထူးမှနှုတ်ထွက်ကာ အိမ်ပြန်၍ သူ့ပါတနာဖြစ်သည့် အိုမီဂါကို အဖော်ပြုပေးခဲ့သည်။ နိုင်ငံကြီးသားပီသသူပီပီ အင်ပါယာကထုတ်ပြန်ထားသည့် ကလေးမယူမနေရပေါ်လစီကို လိုက်နာသည့်အနေဖြင့် အိမ်ပြန်ရောက်တာနဲ့ကြိုးကြိုးစားစား ကလေးဖန်တီးတော့သည်။
ဗိုလ်ချုပ်ကြီးထန်းပေါ်ထဲ့တစ်ယောက် အရမ်း အရမ်း အရမ်းကို ကြိုးစားလိုက်တာမှ အံ့အားသင့်စရာမကောင်းလောက်အောင်ပဲ သူ့အိုမီဂါ ယွမ်ချိုး ကိုယ်၀န်ရှိသွားလေသည်။
ထန်းပေါ်ထဲ့ သူ့ကြိုးစားအားထုတ်မှုသူ အင်မတိအင်မတန်ကိုမှ စိတ်ကျေနပ်သွားကာ တကယ်ကိုယ်၀န်ရှိမရှိ စစ်ဆေးဖို့အတွက် ယွမ်ချိုးလက်ကိုဆွဲရင်း ဆေးရုံဆီပျော်ပျော်ရွှင်ရွှင်ကြီး ရောက်လာခဲ့သည်။ သို့သော် ထွက်လာတဲ့ရလာဒ်က ဆရာ၀န်ကိုပါ အံ့အားသင့်သွားစေသည်။
ယွမ်ချိုးဗိုက်ထဲ ကလေးခုနစ်ယောက်ရှိနေသည်ဆိုသည့်ဖြစ်စဉ်မှာ အရမ်းကိုမှရှားပါးလွန်းလှကာ ထိုသတင်းကိုကြားလိုက်ရသည့်သူတိုင်းကလည်း ပါးစပ်အဟောင်းသားလေးဖြစ်,ဖြစ်သွားကြသည်။
ယွမ်ချိုးကိုယ်တိုင်လည်း ကြား,ကြားချင်း တော်တော်လေးကိုအံ့အားသင့်သွားခဲ့ကာ ထန်းပေါ်ထဲ့ကတော့ ပါးစပ်မစိနိုင်လောက်အောင် ပျော်ရွှင်နေခဲ့သည်။ သို့သော် သူကြာကြာမပျော်လိုက်ရပါ။ ဆရာဝန်ဆီကနေ အိုမီဂါတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အားနည်းကြောင်း၊ ကလေးတွေ အများကြီး ကိုယ်ဝန်ဆောင်ထားရတာက ဘယ်လောက်အန္တရာယ်များကြောင်း ကြားသိလိုက်ရသည့်အခါ ထန်းပေါ်ထဲ့တစ်ယောက် တုန်ယင်နေပြန်သည်။
သူ့အတွက်ကတော့ ဘာနဲ့နှိုင်းယှဉ်,နှိုင်းယှဉ် သူ့အိုမီဂါရဲ့ ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တာကြောင့် ရင်နာနာနဲ့ပဲ ယွမ်ချိုးကို နားပူနားဆာသွားလုပ်နေသည်။
" ကိုယ်တို့ မမွေးဘူး ဖျက်ချကြရအောင် နော် "
ရှေ့တန်းထွက်နေကျ ဗိုလ်ချုပ်တစ်ယောက်က သူ့စကားကြားလိုက်တာနဲ့ မျက်ရည်ထွက်လုမတတ်ကြောက်သွားလိမ့်မည်ဟု ဆရာဝန်ကြီးလည်း မထင်ထားခဲ့မိပါ။ သူပြောတဲ့ စကားတွေထဲမှာ ဘယ်နေရာကများ အဲ့လောက်အထိ ကြောက်စရာကောင်းသွားသလဲဟု ပြန်လည်မသုံးသပ်ပဲ မနေနိုင်ခဲ့။
ယွမ်ချိုး လက်ထဲက ဆေးစစ်မှတ်တမ်းတစ်သီကြီးဖြင့် ထန်းပေါ်ထဲ့ခေါင်းကို ပိတ်တီးပစ်လိုက်ကာ ဒေါသတကြီးပြောလာခဲ့သည်။
" ဒါ ကျွန်တော်တို့ ကလေး! ဘယ်လိုတောင် မလိုချင်ဘူးလို့ ပြောရက်ရတာလဲ! ပြီးတော့ အင်ပါယာပြဌာန်းဥပဒေကလည်း ပြီးစလွယ်ကိုယ်ဝန်ဖျက်ချခွင့် မပြုထားဘူးလေ "
အိုမီဂါတွေ တနေ့ထက်တခြား ပိုပိုရှားပါးလာတဲ့အတွက် ကြယ်တာရာအင်ပါယာ၏ လူဦးရေကလည်း တနှစ်ထက်တနှစ် ပိုပိုယုတ်လျော့လာသည်။ ထို့ကြောင့် များမကြာမှီကပင် အိုမီဂါရဲ့ ခန္ဓာကိုယ်ကလက်မခံသရွေ့၊ ထူးခြားတဲ့ အခြေအနေတွေ မရှိသရွေ့ ခွင့်ပြုချက်မရှိပဲ တိုးတိုးတိတ်တိတ် ကိုယ်ဝန်ဖျက်ချခဲ့လျှင် ကြီးလေးသည့် အပြစ်ဒဏ်တွေခံစားရမည်ဟု ညီလာခံမှာ ပြဌာန်းခဲ့သည်။
ထန်းပေါ်ထဲ့လည်း ယွမ်ချိုးနည်းတူ ကလေးတွေကို လက်မလွှတ်ရက်ပေ။ သို့သော် ကလေးတွေမွေးဖို့အတွက်နဲ့တော့ သူ့အိုမီဂါအသက်ကို အန္တရာယ်အဖြစ်မခံနိုင်ပါ။
" ကိုယ်ရှိနေတာပဲ ညီလာခံက အိုကြီးအိုမတွေ မင်းကိုအပြစ်မပေးရဲပါဘူး "
ဆရာဝန်က ခပ်တိုးတိုး ချောင်းဟန့်လိုက်ကာ
" ဒါပေမဲ့ မစ္စတာယွမ်ရဲ့အခြေအနေအရ ဖျက်ချတာက မွေးတာထက်ပိုပြီး အန္တရာယ်များပါတယ် "
ထိုစကားကြားတော့ ထန်းပေါ်ထဲ့တစ်ယောက် ပို၍ပင် စိတ်ပျက်အားငယ်သွားကာ သူ့ဇနီးလေးလက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားရင်း
( T/N : 老婆 ( လောင်ဖော် ) ဇနီးလေးလို့ သုံးထားပေမဲ့ အိုမီဂါက ယောက်ျားလေးပါ )
" ကိုယ်တို့ ဘယ်လိုလုပ်ကြမလဲ "
ယွမ်ချိုး သူ့ဗိုက်သူ ပွတ်ရင်း ဆုံးဖြတ်ချက်ချလိုက်သည်။
" မွေးမယ်! "
ဆရာဝန်ကအပြုံးလေးဖြင့် နှစ်သိမ့်ပေးလာသည်။
" အခုခေတ်မှာ ဆေးပညာတွေကလည်း တော်တော်လေး တိုးတက်ထွန်းကားနေပါပြီ မျိုးဥတည်ပြီဆိုတာနဲ့ကို သန္ဓေသားကို ဖန်ပြွန်သားအိမ်ထဲထည့်ပြီးမွေးလို့ရနေပြီ အဲ့လောက်အထိ စိုးရိမ်မနေပါနဲ့ ဘာအန္တရာယ်မှရှိမှာ မဟုတ်ပါဘူး "
ယွမ်ချိုးကိုယ်ဝန်ဆောင်နေစဉ်တစ်လျှောက်လုံး ထန်းပေါ်ထဲ့တစ်ယောက် အထိတ်ထိတ်အလန့်လန့်ဖြင့် နေ့တိုင်းပျာယာခတ်နေရသည်။ စားချင်တာချက်ကျွေးရတာနဲ့၊ ရေပူ၊ရေအေး မရိုးရအောင် ဆက်သရတာနဲ့၊ အနားကနေတစ်ဖဝါးမှ မခွာရဲရတာနဲ့ တစ်ယောက်ထဲအလုပ်ပတ်ရှုပ်နေလေသည်။ ယွမ်ချိုး ခေါင်းကိုက်ရုံ၊ အဖျားပိစိလေးဝင်ရုံနဲ့ကို သူ့မှာ အင်ပါယာလူနာတင်ကားလှမ်းခေါ်ရတာအမော။
ကြာလာတော့ သူ့သဲကဲမှုဒဏ်ကိုခံနေရသည့် OG ဆရာဝန်ကြီးခင်ဗျာ စိတ်ဆိုးရဲပေမဲ့လည်း ပစ်ပစ်နှစ်နှစ်မပြောရဲပေ။ မြန်မြန်ဝဋ်ကျွတ်ဖို့အတွက် ထန်းဗိုလ်ချုပ်ရဲ့ အိုမီဂါ ကလေးမြန်မြန်မွေးပါစေဟုသာ တိတ်တိတ်ကလေး ဆုတောင်းနေရရှာသည်။
ကိစ္စသေးသေးလေးကအစ အကျယ်လိုက်ချဲ့နေတတ်သည့် ထန်းပေါ်ထဲ့ကိုကြည့်ပြီး ယွမ်ချိုးကူကယ်ရာမဲ့နေခဲ့သည်။ အဲ့လောက်အထိ အဖြစ်သဲမပြဖို့ နားချကြည့်ပေမဲ့လည်းအသုံးမဝင်ပေ။ ထန်းပေါ်ထဲ့က ဒီကိစ္စအပေါ် တော်တော်လေးကိုမှ ဇွဲကောင်းနေတဲ့အတွက် နောက်ဆုံး ယွမ်ချိုးပဲ လက်မြှောက်အရှုံးပေးလိုက်ရသည်။
ထန်းပေါ်ထဲ့တစ်ယောက် လအနည်းငယ်လောက်အထိ ယွမ်ချိုးကို ရင်တမမဖြင့် စောင့်ကြည့်နေခဲ့ရကာ ကလေးခုနစ်ယောက်လုံး ဖန်ပြွန်သားအိမ်ထဲရောက်သွားခါမှ သက်ပြင်းမောကြီးချနိုင်ခဲ့သည်။ သို့သော် သူ ကလေးတွေအတွက် စတင်မပူပန်ပဲမနေနိုင်ခဲ့။ နောက်နှစ်ဝက်ကြာလို့ ပိစိလေးတွေ တစ်ယောက်ချင်းစီ တပြွတ်ပြွတ် မွေးထုတ်လိုက်နိုင်ကာမှ သူ့ရဲ့အပူလုံးကြီးလည်း ဟူးခနဲ လျှောလျှောရှူရှူပြန်ကျသွားတော့သည်။
အားလုံးထက်ပိုအားနည်းလို့ ဖန်ပေါင်းချောင်ထဲ ခဏထည့်ထားရသည့် အငယ်ဆုံးလေးမှလွဲ ကျန်ခြောက်ယောက်လုံးက ကျန်းမာကြသည်။
အံ့အားသင့်စရာအကောင်းဆုံးကတော့ ကလေးခုနစ်ယောက်လုံး အိုမီဂါဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ!
ဒီလိုဖြစ်နိုင်ခြေနည်းတဲ့ ဖြစ်ရပ်ဆန်းက သတင်းတွေထဲပါဖို့ လုံလောက်သွားသည်။
ထန်းပေါ်ထဲ့တစ်ယောက် ဟိုကလေးလှမ်းကြည့်လိုက် ဒီကလေးလှမ်းကြည့်လိုက်ဖြင့် အပျော်လွန်ပြီး ပါးစပ်ကြီးနားရွက်တက်ချိတ်နေသည်။ အဆုံးမှာတော့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည့် ထန်းဗိုလ်ချုပ်ကြီးတစ်ယောက် သူ့အိုမီဂါ ယွမ်ချိုးနဖူးကိုပဲ ခပ်ဖွဖွအနမ်းခြွေပစ်လိုက်သည်။
ယွမ်ချိုးလည်း ကလေးခုနစ်ယောက်ကို အပြုံးလေးဖြင့် ကြည့်နေရင်း ဘယ်သူကဘယ်သူမှန်းတပ်အပ်မပြောနိုင်ပေ။
ဆေးရုံဆင်းရမဲ့နေ့မှာပဲ အငယ်ဆုံးလေးရှောင်ချီးလည်း ဖန်ပေါင်းချောင်ထဲကနေထွက်ခွင့်ရခဲ့သည်။ သူက သူ့အစ်ကိုတွေအားလုံးထက် နည်းနည်းလေးပိုပြီး အားနည်းနေသေးပေမဲ့လည်း သေချာလေးဂရုစိုက်ပေးသရွေ့ ကျန်းကျန်းမာမာကြီးပြင်းလာပြီး ဘာပြဿနာကြီးကြီးမားမားမှမရှိနိုင်ဘူးဟု ဆရာဝန်ကပြောလာခဲ့သည်။
ယွမ်ချိုးတစ်ယောက် အဖြစ်သည်းနေသည့် သူ့အယ်လ်ဖာနားရွက်ကို ချစ်စနိုးဖြင့်လှမ်းဆွဲလိုက်ကာ အပြုံးလေးဖြင့်ပြောလာသည်။
" ကလေးတွေနာကုန်မယ် ဂရုစိုက်ချီ "
ထန်းပေါ်ထဲ့ သူ့အကြံသူ စိတ်မပါတပါဖြင့် လက်လျှော့လိုက်ရကာ အဆုံးမှာတော့ သူ့ပါတနာပုခုံးကိုပဲဖက်ပြီး ကလေးတွေကျ အိမ်တော်ထိန်းနဲ့ နို့ထိန်းတွေကိုချီစေလိုက်သည်။
ထန်းဗိုလ်ချုပ်အိမ်တော်က အိုမီဂါခုနစ်ယောက်မွေးတယ်ကြားတော့ သတင်းထောက်တွေကလည်း ဆေးရုံရှေ့ ရုတ်ရုတ်သဲသဲလာစောင့်နေကြသည်။ ဘယ်လိုပဲဖြစ်ဖြစ်လေ တစ်ချိန်တည်း အိုမီဂါခုနစ်ယောက်မွေးတာက ရှားပါးဖြစ်စဉ်ဖြစ်သလို ထန်းပေါ်ထဲ့ကလည်း ကြယ်တာရာအင်ပါယာမှာ နာမည်ကြီးစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့အတွက် ကြယ်တာရာပြည်သူပြည်သားအပေါင်းက ထိုသတင်းကို အကြီးအကျယ်အာရုံစိုက်နေကြတာကတော့ အံ့သြစရာမရှိတော့ပါဘူး။
ထန်းပေါ်ထဲ့ ယွမ်ချိုးကို ဆေးရုံကနေခေါ်ထုတ်သွားစဉ်တစ်လျှောက်လုံး ဘာအသံမှထွက်မလာပေမဲ့လည်း သူ့မျက်နှာပေါ်က ဂုဏ်ဆာနေသည့်အပြုံးကြီးကိုတော့ မဖုံးဖိနိုင်ခဲ့ပါ။ လုံခြုံရေးတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့အပြင်ကို ကလေးတွေကိုလည်း အနှီးအပြာလေးတွေဖြင့်သေသေချာချာထုပ်ပိုးထားတဲ့အတွက် ကလေးတွေမျက်နှာကို ဓာတ်ပုံမရိုက်လိုက်နိုင်လို့ သတင်းထောက်တွေ နှမြောတသဖြစ်နေသော်ငြား အဝေးကလှမ်းမြင်ရသည့် အနှီးထုပ်လေးခုနစ်ထုပ်နဲ့တင် အင်တာနက်ပေါ်မှာ ဝက်ဝက်ကွဲဆွေးနွေးမှုတွေဖြစ်သွားဖို့ လုံလောက်လေသည်။
ထိုသတင်း ဟိုးလေးတကြော်ကြော်ပြန့်သွားအပြီးမှာတော့ ထန်းပေါ်ထဲ့က လူတကာမနာလိုအားကျရသည့် ယောက္ခမတော်ချင်စရာ ဖခင်တစ်ဦးဖြစ်လာခဲ့သည်။
၂၂နှစ်ကြာပြီးနောက် ထန်းအိမ်တော်က အိုမီဂါခုနစ်ယောက်လုံး ကျန်းကျန်းမာမာ ချောချောမွေ့မွေ့ကြီးပြင်းလာကြသည်။ သူတို့ခုနစ်ယောက်က အမြွှာတွေဆိုပေမဲ့လည်း ရုပ်ချင်းသိပ်မဆင်ကြကာ မတူကွဲပြားသည့် အကျင့်စရိုက်တစ်မျိုးစီဖြင့် အချစ်ဇာတ်လမ်းတစ်ပုဒ်စီရှိကြလေသည်။
Zawgyi
ထန္းေပၚထဲ့ဟာ ၾကယ္တာရာအင္ပါယာရဲ႕ ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္သည္။ သူဟာတိုက္ပြဲတစ္ခုမွာ ျပင္းထန္စြာဒဏ္ရာရ႐ွိခဲ့ၿပီး ထိုဒဏ္ရာကိုကုသဖို႔အတြက္ ရာထူးမွႏႈတ္ထြက္ကာ အိမ္ျပန္၍ သူ႕ပါတနာျဖစ္သည့္ အိုမီဂါကို အေဖာ္ျပဳေပးခဲ့သည္။ ႏိုင္ငံႀကီးသားပီသသူပီပီ အင္ပါယာကထုတ္ျပန္ထားသည့္ ကေလးမယူမေနရေပၚလစီကို လိုက္နာသည့္အေနျဖင့္ အိမ္ျပန္ေရာက္တာနဲ႔ႀကိဳးႀကိဳးစားစား ကေလးဖန္တီးေတာ့သည္။
ဗိုလ္ခ်ဳပ္ႀကီးထန္းေပၚထဲ့တစ္ေယာက္ အရမ္း အရမ္း အရမ္းကို ႀကိဳးစားလိုက္တာမွ အံ့အားသင့္စရာမေကာင္းေလာက္ေအာင္ပဲ သူ႕အိုမီဂါ ယြမ္ခ်ိဳး ကိုယ္၀န္႐ွိသြားေလသည္။
ထန္းေပၚထဲ့ သူ႕ႀကိဳးစားအားထုတ္မႈသူ အင္မတိအင္မတန္ကိုမွ စိတ္ေက်နပ္သြားကာ တကယ္ကိုယ္၀န္႐ွိမ႐ွိ စစ္ေဆးဖို႔အတြက္ ယြမ္ခ်ိဳးလက္ကိုဆြဲရင္း ေဆး႐ုံဆီေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႀကီး ေရာက္လာခဲ့သည္။ သို႔ေသာ္ ထြက္လာတဲ့ရလာဒ္က ဆရာ၀န္ကိုပါ အံ့အားသင့္သြားေစသည္။
ယြမ္ခ်ိဳးဗိုက္ထဲ ကေလးခုနစ္ေယာက္႐ွိေနသည္ဆိုသည့္ျဖစ္စဥ္မွာ အရမ္းကိုမွ႐ွားပါးလြန္းလွကာ ထိုသတင္းကိုၾကားလိုက္ရသည့္သူတိုင္းကလည္း ပါးစပ္အေဟာင္းသားေလးျဖစ္,ျဖစ္သြားၾကသည္။
ယြမ္ခ်ိဳးကိုယ္တိုင္လည္း ၾကား,ၾကားခ်င္း ေတာ္ေတာ္ေလးကိုအံ့အားသင့္သြားခဲ့ကာ ထန္းေပၚထဲ့ကေတာ့ ပါးစပ္မစိႏိုင္ေလာက္ေအာင္ ေပ်ာ္႐ႊင္ေနခဲ့သည္။ သို႔ေသာ္ သူၾကာၾကာမေပ်ာ္လိုက္ရပါ။ ဆရာဝန္ဆီကေန အိုမီဂါတစ္ေယာက္ရဲ႕ ခႏၶာကိုယ္က ဘယ္ေလာက္အားနည္းေၾကာင္း၊ ကေလးေတြ အမ်ားႀကီး ကိုယ္ဝန္ေဆာင္ထားရတာက ဘယ္ေလာက္အႏၲရာယ္မ်ားေၾကာင္း ၾကားသိလိုက္ရသည့္အခါ ထန္းေပၚထဲ့တစ္ေယာက္ တုန္ယင္ေနျပန္သည္။
သူ႕အတြက္ကေတာ့ ဘာနဲ႔ႏိႈင္းယွဥ္,ႏိႈင္းယွဥ္ သူ႕အိုမီဂါရဲ႕ က်န္းမာေရးက အေရးႀကီးဆုံးျဖစ္တာေၾကာင့္ ရင္နာနာနဲ႔ပဲ ယြမ္ခ်ိဳးကို နားပူနားဆာသြားလုပ္ေနသည္။
" ကိုယ္တို႔ မေမြးဘူး ဖ်က္ခ်ၾကရေအာင္ ေနာ္ "
ေ႐ွ႕တန္းထြက္ေနက် ဗိုလ္ခ်ဳပ္တစ္ေယာက္က သူ႕စကားၾကားလိုက္တာနဲ႔ မ်က္ရည္ထြက္လုမတတ္ေၾကာက္သြားလိမ့္မည္ဟု ဆရာဝန္ႀကီးလည္း မထင္ထားခဲ့မိပါ။ သူေျပာတဲ့ စကားေတြထဲမွာ ဘယ္ေနရာကမ်ား အဲ့ေလာက္အထိ ေၾကာက္စရာေကာင္းသြားသလဲဟု ျပန္လည္မသုံးသပ္ပဲ မေနႏိုင္ခဲ့။
ယြမ္ခ်ိဳး လက္ထဲက ေဆးစစ္မွတ္တမ္းတစ္သီႀကီးျဖင့္ ထန္းေပၚထဲ့ေခါင္းကို ပိတ္တီးပစ္လိုက္ကာ ေဒါသတႀကီးေျပာလာခဲ့သည္။
" ဒါ ကြၽန္ေတာ္တို႔ ကေလး! ဘယ္လိုေတာင္ မလိုခ်င္ဘူးလို႔ ေျပာရက္ရတာလဲ! ၿပီးေတာ့ အင္ပါယာျပဌာန္းဥပေဒကလည္း ၿပီးစလြယ္ကိုယ္ဝန္ဖ်က္ခ်ခြင့္ မျပဳထားဘူးေလ "
အိုမီဂါေတြ တေန႔ထက္တျခား ပိုပို႐ွားပါးလာတဲ့အတြက္ ၾကယ္တာရာအင္ပါယာ၏ လူဦးေရကလည္း တႏွစ္ထက္တႏွစ္ ပိုပိုယုတ္ေလ်ာ့လာသည္။ ထို႔ေၾကာင့္ မ်ားမၾကာမွီကပင္ အိုမီဂါရဲ႕ ခႏၶာကိုယ္ကလက္မခံသေ႐ြ႕၊ ထူးျခားတဲ့ အေျခအေနေတြ မ႐ွိသေ႐ြ႕ ခြင့္ျပဳခ်က္မ႐ွိပဲ တိုးတိုးတိတ္တိတ္ ကိုယ္ဝန္ဖ်က္ခ်ခဲ့လွ်င္ ႀကီးေလးသည့္ အျပစ္ဒဏ္ေတြခံစားရမည္ဟု ညီလာခံမွာ ျပဌာန္းခဲ့သည္။
ထန္းေပၚထဲ့လည္း ယြမ္ခ်ိဳးနည္းတူ ကေလးေတြကို လက္မလႊတ္ရက္ေပ။ သို႔ေသာ္ ကေလးေတြေမြးဖို႔အတြက္နဲ႔ေတာ့ သူ႕အိုမီဂါအသက္ကို အႏၲရာယ္အျဖစ္မခံႏိုင္ပါ။
" ကိုယ္႐ွိေနတာပဲ ညီလာခံက အိုႀကီးအိုမေတြ မင္းကိုအျပစ္မေပးရဲပါဘူး "
ဆရာဝန္က ခပ္တိုးတိုး ေခ်ာင္းဟန္႔လိုက္ကာ
" ဒါေပမဲ့ မစၥတာယြမ္ရဲ႕အေျခအေနအရ ဖ်က္ခ်တာက ေမြးတာထက္ပိုၿပီး အႏၲရာယ္မ်ားပါတယ္ "
ထိုစကားၾကားေတာ့ ထန္းေပၚထဲ့တစ္ေယာက္ ပို၍ပင္ စိတ္ပ်က္အားငယ္သြားကာ သူ႕ဇနီးေလးလက္ကို မလႊတ္တမ္းဆုပ္ကိုင္ထားရင္း
( T/N : 老婆 ( ေလာင္ေဖာ္ ) ဇနီးေလးလို႔ သုံးထားေပမဲ့ အိုမီဂါက ေယာက်္ားေလးပါ )
" ကိုယ္တို႔ ဘယ္လိုလုပ္ၾကမလဲ "
ယြမ္ခ်ိဳး သူ႕ဗိုက္သူ ပြတ္ရင္း ဆုံးျဖတ္ခ်က္ခ်လိုက္သည္။
" ေမြးမယ္! "
ဆရာဝန္ကအျပဳံးေလးျဖင့္ ႏွစ္သိမ့္ေပးလာသည္။
" အခုေခတ္မွာ ေဆးပညာေတြကလည္း ေတာ္ေတာ္ေလး တိုးတက္ထြန္းကားေနပါၿပီ မ်ိဳးဥတည္ၿပီဆိုတာနဲ႔ကို သေႏၶသားကို ဖန္ႁပြန္သားအိမ္ထဲထည့္ၿပီးေမြးလို႔ရေနၿပီ အဲ့ေလာက္အထိ စိုးရိမ္မေနပါနဲ႔ ဘာအႏၲရာယ္မွ႐ွိမွာ မဟုတ္ပါဘူး "
ယြမ္ခ်ိဳးကိုယ္ဝန္ေဆာင္ေနစဥ္တစ္ေလွ်ာက္လုံး ထန္းေပၚထဲ့တစ္ေယာက္ အထိတ္ထိတ္အလန္႔လန္႔ျဖင့္ ေန႔တိုင္းပ်ာယာခတ္ေနရသည္။ စားခ်င္တာခ်က္ေကြၽးရတာနဲ႔၊ ေရပူ၊ေရေအး မ႐ိုးရေအာင္ ဆက္သရတာနဲ႔၊ အနားကေနတစ္ဖဝါးမွ မခြာရဲရတာနဲ႔ တစ္ေယာက္ထဲအလုပ္ပတ္႐ႈပ္ေနေလသည္။ ယြမ္ခ်ိဳး ေခါင္းကိုက္႐ုံ၊ အဖ်ားပိစိေလးဝင္႐ုံနဲ႔ကို သူ႕မွာ အင္ပါယာလူနာတင္ကားလွမ္းေခၚရတာအေမာ။
ၾကာလာေတာ့ သူ႕သဲကဲမႈဒဏ္ကိုခံေနရသည့္ OG ဆရာဝန္ႀကီးခင္ဗ်ာ စိတ္ဆိုးရဲေပမဲ့လည္း ပစ္ပစ္ႏွစ္ႏွစ္မေျပာရဲေပ။ ျမန္ျမန္ဝဋ္ကြၽတ္ဖို႔အတြက္ ထန္းဗိုလ္ခ်ဳပ္ရဲ႕ အိုမီဂါ ကေလးျမန္ျမန္ေမြးပါေစဟုသာ တိတ္တိတ္ကေလး ဆုေတာင္းေနရ႐ွာသည္။
ကိစၥေသးေသးေလးကအစ အက်ယ္လိုက္ခ်ဲ႕ေနတတ္သည့္ ထန္းေပၚထဲ့ကိုၾကည့္ၿပီး ယြမ္ခ်ိဳးကူကယ္ရာမဲ့ေနခဲ့သည္။ အဲ့ေလာက္အထိ အျဖစ္သဲမျပဖို႔ နားခ်ၾကည့္ေပမဲ့လည္းအသုံးမဝင္ေပ။ ထန္းေပၚထဲ့က ဒီကိစၥအေပၚ ေတာ္ေတာ္ေလးကိုမွ ဇြဲေကာင္းေနတဲ့အတြက္ ေနာက္ဆုံး ယြမ္ခ်ိဳးပဲ လက္ေျမႇာက္အ႐ႈံးေပးလိုက္ရသည္။
ထန္းေပၚထဲ့တစ္ေယာက္ လအနည္းငယ္ေလာက္အထိ ယြမ္ခ်ိဳးကို ရင္တမမျဖင့္ ေစာင့္ၾကည့္ေနခဲ့ရကာ ကေလးခုနစ္ေယာက္လုံး ဖန္ႁပြန္သားအိမ္ထဲေရာက္သြားခါမွ သက္ျပင္းေမာႀကီးခ်ႏိုင္ခဲ့သည္။ သို႔ေသာ္ သူ ကေလးေတြအတြက္ စတင္မပူပန္ပဲမေနႏိုင္ခဲ့။ ေနာက္ႏွစ္ဝက္ၾကာလို႔ ပိစိေလးေတြ တစ္ေယာက္ခ်င္းစီ တႁပြတ္ႁပြတ္ ေမြးထုတ္လိုက္ႏိုင္ကာမွ သူ႕ရဲ႕အပူလုံးႀကီးလည္း ဟူးခနဲ ေလွ်ာေလွ်ာ႐ွဴ႐ွဴျပန္က်သြားေတာ့သည္။
အားလုံးထက္ပိုအားနည္းလို႔ ဖန္ေပါင္းေခ်ာင္ထဲ ခဏထည့္ထားရသည့္ အငယ္ဆုံးေလးမွလြဲ က်န္ေျခာက္ေယာက္လုံးက က်န္းမာၾကသည္။
အံ့အားသင့္စရာအေကာင္းဆုံးကေတာ့ ကေလးခုနစ္ေယာက္လုံး အိုမီဂါျဖစ္ေနတယ္ဆိုတဲ့ အခ်က္ပဲ!
ဒီလိုျဖစ္ႏိုင္ေျခနည္းတဲ့ ျဖစ္ရပ္ဆန္းက သတင္းေတြထဲပါဖို႔ လုံေလာက္သြားသည္။
ထန္းေပၚထဲ့တစ္ေယာက္ ဟိုကေလးလွမ္းၾကည့္လိုက္ ဒီကေလးလွမ္းၾကည့္လိုက္ျဖင့္ အေပ်ာ္လြန္ၿပီး ပါးစပ္ႀကီးနား႐ြက္တက္ခ်ိတ္ေနသည္။ အဆုံးမွာေတာ့ ေျခမကိုင္မိလက္မကိုင္မိျဖစ္ေနသည့္ ထန္းဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္ သူ႕အိုမီဂါ ယြမ္ခ်ိဳးနဖူးကိုပဲ ခပ္ဖြဖြအနမ္းေႁခြပစ္လိုက္သည္။
ယြမ္ခ်ိဳးလည္း ကေလးခုနစ္ေယာက္ကို အျပဳံးေလးျဖင့္ ၾကည့္ေနရင္း ဘယ္သူကဘယ္သူမွန္းတပ္အပ္မေျပာႏိုင္ေပ။
ေဆး႐ုံဆင္းရမဲ့ေန႔မွာပဲ အငယ္ဆုံးေလးေ႐ွာင္ခ်ီးလည္း ဖန္ေပါင္းေခ်ာင္ထဲကေနထြက္ခြင့္ရခဲ့သည္။ သူက သူ႕အစ္ကိုေတြအားလုံးထက္ နည္းနည္းေလးပိုၿပီး အားနည္းေနေသးေပမဲ့လည္း ေသခ်ာေလးဂ႐ုစိုက္ေပးသေ႐ြ႕ က်န္းက်န္းမာမာႀကီးျပင္းလာၿပီး ဘာျပႆနာႀကီးႀကီးမားမားမွမ႐ွိႏိုင္ဘူးဟု ဆရာဝန္ကေျပာလာခဲ့သည္။
ထန္းေပၚထဲ့တစ္ေယာက္ေပ်ာ္လြန္းလို႔ သူ႕သားေတြအားလုံးကို တစ္ၿပိဳင္နက္တည္း ေပြ႕ခ်ီဖို႔ႀကိဳးစားၾကည့္လိုက္သည္။ သို႔ေသာ္ သူဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား ခုနစ္ေယာက္လုံးကို တစ္စုတစ္စည္းတည္းခ်ီဖို႔ကေတာ့ မျဖစ္ႏိုင္ပါ။ အိုင္း! သားေတြအရမ္းမ်ားလြန္းတာကလည္း ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ပူပန္မႈတစ္ခုပဲ။
ယြမ္ခ်ိဳးတစ္ေယာက္ အျဖစ္သည္းေနသည့္ သူ႕အယ္လ္ဖာနား႐ြက္ကို ခ်စ္စႏိုးျဖင့္လွမ္းဆြဲလိုက္ကာ အျပဳံးေလးျဖင့္ေျပာလာသည္။
" ကေလးေတြနာကုန္မယ္ ဂ႐ုစိုက္ခ်ီ "
ထန္းေပၚထဲ့ သူ႕အၾကံသူ စိတ္မပါတပါျဖင့္ လက္ေလွ်ာ့လိုက္ရကာ အဆုံးမွာေတာ့ သူ႕ပါတနာပုခုံးကိုပဲဖက္ၿပီး ကေလးေတြက် အိမ္ေတာ္ထိန္းနဲ႔ ႏို႔ထိန္းေတြကိုခ်ီေစလိုက္သည္။
ထန္းဗိုလ္ခ်ဳပ္အိမ္ေတာ္က အိုမီဂါခုနစ္ေယာက္ေမြးတယ္ၾကားေတာ့ သတင္းေထာက္ေတြကလည္း ေဆး႐ုံေ႐ွ႕ ႐ုတ္႐ုတ္သဲသဲလာေစာင့္ေနၾကသည္။ ဘယ္လိုပဲျဖစ္ျဖစ္ေလ တစ္ခ်ိန္တည္း အိုမီဂါခုနစ္ေယာက္ေမြးတာက ႐ွားပါးျဖစ္စဥ္ျဖစ္သလို ထန္းေပၚထဲ့ကလည္း ၾကယ္တာရာအင္ပါယာမွာ နာမည္ႀကီးစစ္ဗိုလ္ခ်ဳပ္တစ္ေယာက္ျဖစ္တဲ့အတြက္ ၾကယ္တာရာျပည္သူျပည္သားအေပါင္းက ထိုသတင္းကို အႀကီးအက်ယ္အာ႐ုံစိုက္ေနၾကတာကေတာ့ အံ့ၾသစရာမ႐ွိေတာ့ပါဘူး။
ထန္းေပၚထဲ့ ယြမ္ခ်ိဳးကို ေဆး႐ုံကေနေခၚထုတ္သြားစဥ္တစ္ေလွ်ာက္လုံး ဘာအသံမွထြက္မလာေပမဲ့လည္း သူ႕မ်က္ႏွာေပၚက ဂုဏ္ဆာေနသည့္အျပဳံးႀကီးကိုေတာ့ မဖုံးဖိႏိုင္ခဲ့ပါ။ လုံျခဳံေရးေတြ ပတ္ပတ္လည္ဝိုင္းေနတဲ့အျပင္ကို ကေလးေတြကိုလည္း အႏွီးအျပာေလးေတြျဖင့္ေသေသခ်ာခ်ာထုပ္ပိုးထားတဲ့အတြက္ ကေလးေတြမ်က္ႏွာကို ဓာတ္ပုံမ႐ိုက္လိုက္ႏိုင္လို႔ သတင္းေထာက္ေတြ ႏွေျမာတသျဖစ္ေနေသာ္ျငား အေဝးကလွမ္းျမင္ရသည့္ အႏွီးထုပ္ေလးခုနစ္ထုပ္နဲ႔တင္ အင္တာနက္ေပၚမွာ ဝက္ဝက္ကြဲေဆြးေႏြးမႈေတြျဖစ္သြားဖို႔ လုံေလာက္ေလသည္။
ထိုသတင္း ဟိုးေလးတေၾကာ္ေၾကာ္ျပန္႔သြားအၿပီးမွာေတာ့ ထန္းေပၚထဲ့က လူတကာမနာလိုအားက်ရသည့္ ေယာကၡမေတာ္ခ်င္စရာ ဖခင္တစ္ဦးျဖစ္လာခဲ့သည္။
၂၂ႏွစ္ၾကာၿပီးေနာက္ ထန္းအိမ္ေတာ္က အိုမီဂါခုနစ္ေယာက္လုံး က်န္းက်န္းမာမာ ေခ်ာေခ်ာေမြ႕ေမြ႕ႀကီးျပင္းလာၾကသည္။ သူတို႔ခုနစ္ေယာက္က အႁမႊာေတြဆိုေပမဲ့လည္း ႐ုပ္ခ်င္းသိပ္မဆင္ၾကကာ မတူကြဲျပားသည့္ အက်င့္စ႐ိုက္တစ္မ်ိဳးစီျဖင့္ အခ်စ္ဇာတ္လမ္းတစ္ပုဒ္စီ႐ွိၾကေလသည္။
You are reading the story above: TeenFic.Net