အပိုင်း လေး
မင်းမင်းဆက်၏ ကျင်းရီဝေ့၊ချင်မင်းဆက်၏ လုအန်း ရီဝေ့တိုကဲ့သို့ ကုယွမ့်ပိုင်ကလည်း သူ၏ အမိန့်ကိုသာ နာခံသည့် လက်ရွေးစင်အဖွဲ့ကို တည်ထောင်လိုခဲ့သည်။ ထိုသူများသည် ကိုယ်ခန္ဓာတောင့်တင်းပြီး သန်မာသည့် စစ်သည်များလည်း ဖြစ်ရန် လိုသည်။ သူ၏ စိတ်အတွင်း အမျိုးမျိုးသာ အကြံများက အဆုံးမသတ်နိုင်အောင် ရှိနေသည်။ကြီးကြပ်ရေးဌာနများနှင့် လက်ရွေးစင်တပ်ဖွဲ့များက အပြင်ဘက်တွင် ပေါ်ပေါ်ထင်ထင်ရှိနေကာ အချင်းချင်း စောင့်ကြည့်ပြီး ထိန်းချုပ်စေမည်ဖြစ်သည်။ သူ ထိုအဖွဲ့၏ နာမည်ကိုတောင် ကြိုတွေးထားသည်။ တုန်လင်ဝေ့ဟုခေါ်ချင်၏။ သို့ပါသော်လည်း အကောင်အထည် ဖော်ရန်အတွက် မြို့တော်မှ ပြည်သူလူထု၏အ မြင်နှင့် အများသဘောတူရန်က လိုအပ်နေသေးသည်။
ကုယွမ့်ပိုင်လည်း သူ မသေချင် မည်သည့်အဆင့်အထိ လှမ်းနိုင်ပြီး လုပ်နိုင်ခဲ့မည်ဖြစ်ကြောင်း မသိသေးပေ။ သို့သော် ဘာမှမလုပ်ဘဲ နေရမည်ဆိုလျှင် မသက်မသာ ဖြစ်နေမည်မှာ သေချာသည်။
ထျန်းဖူက မီးကိုမှုတ်ကာ အပြင်သို့ ဖြေးညင်းစွာ ထွက်သွားသည်။တံခါးပိတ်ပြီးသည့်အခါ အပြင်ဘက်ရှိ အစောင့်ခေါင်းဆောင်ကို ခေါင်းညိတ်ပြကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ အရှင်မင်းကြီး ဒီနေ့ အတော် ပင်ပန်းသွားတာ”
အစောင့်ခေါင်းဆောင်၏ မျိုးရိုးနာမည်က ကျန်းဖြစ်ကာ နာမည်က ကျန်းရွှီဖြစ်သည်။ သူက သူရဲကောင်းဆန်သည့် ပုံပန်းသွင်ပြင်၇ှိပြီးလ ုပ်ရဲ ကိုင်ရသည့်အပြင် အရပ်လည်းအလွန်ရှည်သည်။ သူ့ကို အင်ပါယာက တားမြစ်စစ်တပ်မှ အထူးသီးသန့် ရွေးချယ်ထားခြင်းဖြစ်သည်။ သူက အင်ပါယာကို သစ္စာရှိကာ ထျန်းဖူနှင့် ပေါင်းပြီး အင်ပါယာအတွက် တွေးတောပေးသူလည်းဖြစ်သည်။ အင်ပါယာကိုသာ စိတ်ရင်းဖြင့် ကာကွယ်စောင့်ရှောက်လိုသူဖြစ်သည်။
အစောင့်ခေါင်းဆောင်က သက်ပြင်းချကာ ပြောသည်။
“ အရှင်မင်းကြီး ဒီနေ့ တကယ် ပျော်နေရှာတာ”
ထျန်းဖူရှန်းလည်း ခေါင်းညိတ်သည်။
“ဟုတ်တယ်။ အရှင်မင်းကြီးကသာ စိတ်ပျော်မယ်ဆိုရင် နောက်တစ်ကြိမ်မှာ ဒူးထောက်တောင်းပန်ပြီးတော့ကို အရှင်မင်းကြီးကိုကြည့်စေမယ်။ အရှင်မင်းကြီးကသာ သဘောကျမယ်ဆိုရင် ဒီအဘိုးကြီး ခါးကျိုးမယ်ဆိုရင်တောင်မှ ဘောလုံးကို ကန်ဖို့အသင့်ပဲ”
အစောင့်ခေါင်းဆောင်လည်း တိတ်သွားသည်။ မျက်နှာချင်းဆိုင်ရှိ အစောင့်များကသူ့ကို မျက်ခုံးပင့်ပြသူက ပင့်ပြ၊ မျက်လုံးမှိတ်ပြသူက မှိတ်ပြနှင့် အချက်ပြနေကြသည်။ သူ တခဏခန့် တုန့်ဆိုင်းပြီးနောက် ရှက်ရဲရဲ မျက်နှာဖြင့် ပြောသည်။
“ ကျွန်တော်တို့ အစောင့်တွေလည်း ဘောလုံး ကောင်းကောင်း ကစားတတ်ပါတယ်”
သည်အဖွဲ့ရှိ လူအများစုက သူကဲ့သို့ သေချာ သင်ပြခံထားရသူများဖြစ်ကြကာ ဘက်ပေါင်းစုံတော်ကြသည်။ ထို့အပြင် အင်ပါယာသာ စိတ်ပျော်မည်ဆိုလျှင် သူတို့ဘာမဆို လုပ်လိုကြသည်။
ထျန်းဖူရှန်းက တခစ်ခစ် ရယ်သည်။
“ ကျန်းရှစ်ဝေ့က ပြောလာမှသော ဒီငယ်သားက မှတ်ထားရတော့မှပေါ့။အရှင်မင်းကြီး မေးလာတဲ့အခါ သေချာပေါက် ပြောလိုက်ပါ့မယ်။ တော်ဝင်စိတ်ဝိဉာဉ်ကို ပျော်စေနိုင်စွမ်းရှိမရှိကတော့ အစောင့်တွေရဲ့ စွမ်းရည်နဲ့ သက်ဆိုင်သွားပြီ”
သူတို့အားလုံး စကားပြောကာ ရယ်နေကြသည်။ ထိုအခိုက် ထောင့်တစ်နေရာမှ ကြောင်အော်သံကို ကြားလိုက်ရသည်။ ထျန်းဖူရှန်းကမ ျက်နှာတည်ဖြင့် ထွက်သွား၏။ တခဏအကြာ ပြန်ရောက်လာသည့်အခါ သူက ပျော်ရွှင်နေပုံရသည်။
“ ကျန်းဝေ့ ကျော်ကြားတဲ့ သမားတော်တစ်ပါး မြို့တော်အတွင်း ဝင်လာတယ်တဲ့..”
ကြီးကြပ်ရေး ဌာနရှိ လူမှတဆင့် ဟွေ့နန်မှ လူတစ်ယောက် ပေကျင်းသို့ ရောက်လာကြောင်း သူ သိလိုက်ရသည်။ထိုသူက အလွန်တော်သည်။ သို့သော် သူ၏ ဘဝတွင် အာဏာ၇ှိသူများကို မကုသဟုဆိုသည်။ ထျန်းဖူရှန်းက ကုယွမ့်ပိုင်ကို လျှောက်တင်သည်။ ကုယွမ့်ပိုင်က ပျော်သွားဟန်မရပေ။ သူက အကျင့်အတိုင်း နဂါးဝတ်ရုံကိုသာ ခြုံထားသည်။
နဂါးဝတ်ရုံက တောက်ပြောင်ကာ လေးသည်။မ ျက်နှာလေးက အနည်းငယ် အင့်နေသလိုရှိ၏။ မျက်ခုံးကြားတွင်လည်း မောပန်းမှု အရိပ်အယောင်ကို မြင်ရသည်။ သို့တိုင် ပြစ်ချက်ကင်းသည်အထိ လှလွန်းသေးသည်။
ဒီနေ့ ဗိုလ်ချုပ်ရွှယ်၏ သားက မြင်းကို အပြင်းနှင်လျက် မြို့ထဲသို့ ဝင်လာသည်။ ဒါက ကုယွမ့်ပိုင်၏ စိတ်အခြေအနေကို ဆိုးစေသည်။
အနာဂတ် ဘုရင်ခံက ဆိုးလွန်းတယ်
သူ မတ်လတွင် ပေးရမည့် ဗိုလ်ချုပ်ရွှယ်၏ လစာကို ဖြတ်ပြီး ရွှယ်ယွမ်ကို အပြစ်ပေးခိုင်းလိုက်သည်။ စာအုပ်ထဲမှ ဇာတ်လိုက်အကြောင်းေ တွးမိသည်နှင့် သူ၏ စိတ်အခြေအနေ မကောင်းတော့ပေ။
သို့သော် သမားတော်ကိုလည်း သွားတွေ့ကြည့်သင့်သေး၏။ သူက မဲနှယ်ရောင် ဝတ်စုံကိုသာ လဲလျက် လူအနည်းငယ်ကိုသာ ခေါ်ကာ ထွက်ခဲ့လိုက်သည်။
ကုယွမ့်ပိုင်လည်း အများကြီး မမျှော်လင့်ထားပေ။ အင်ပါယာ သမားတော်က တစ်တိုင်းပြည်လုံးတွင် အတော်ဆုံးဖြစ်သည်။ သို့သော် သူပင် မတတ်နိုင်သည့် ကိစ္စအား လျှောက်သွားနေသည့် သမားတော်တစ်ယောက်က ဖြေရှင်းနိုင်မည်မထင်ပေ။
“ အရှင်မင်းကြီး ဒီနေရာပါ”
အစောင့်ခေါင်းဆောင်က အရှေ့ဘက်၇ှိ သစ်သားတံခါးကို ညွှန်ပြသည်။
ကုယွမ့်ပိုင်က ရယ်လျက် သူ့ကို တံခါးခေါက်ခိင်းသည်။ သို့သော် ထိုတစ်ခဏတွင် ကလေးငယ်တစ်ယောက် အပြေးထွက်လာကာ တံခါးကို ဖွင့်သည်။ ထိုကလေးက သူတို့ကို ကြည့်ကာ မေးသည်။
“ ဆေးကုချင်လို့လား”
အစောင့်ခေါင်းဆောင် :” ဟုတ်ပါတယ်”
“ ဘယ်သူ့ကို ြ ပမှာလဲ”
ကုယွမ့်ပိုင်က လူအုပ်နောက်မှ ရှေ့ထွက်လိုက်ကာ ပြုံးပြီး ပြောသည်။
“ ငါပါ”
ထိုကလေးက ပါးစပ် အဟောင်းသားဖြစ်သွားကာ ပြောသည်။
“ နတ်ဘုရားတွေလည်း ဖျားနာနိုင်တာပဲလား”
“ နတ်ဘုရားတွေ ဖျားမဖျားတော့မ သိပေမဲ့ ငါတော့ နေမကောင်းတာ အမှန်ပဲ”
ကောင်လေးက သူတို့ကို အထဲခေါ်သွားသည်။ အထဲတွင် စောင့်ဆိုင်းနေသူများစွာရှိသည်။ အားလုံးက ဖျင်ကြမ်းထည်ကို ဝတ်ထားကြကာ မျက်နှာများက ဝါပြီး အသားများက ဖြူဖျော့နေကြရာ သူတို့ကို စူးစမ်းနေကြသည်။
အစောင့်များက အားအင်အပြည့်ဖြင့် ဖြစ်သည်။ ဒါက သာမန်နှင့် ကွဲထွက်နေ၏။ အထူးသဖြင့် အလယ်မှ တစ်လှမ်းချင်း ဇိမ်ကျစွာ လှမ်းနေသည့် ကုယွမ့်ပိုင်ဖြစ်သည်။ သူ၏ မျက်နှာက ဖြူဖျော့နေသည့်တိုင် တစ်ကိုယ်လုံးမှ ဈေးကြီးသည့် အငွေ့များထွက်နေခြင်းကို မတားနိုင်ချေ။
သမားတော်ယို့က တစ်ချက်ကြည့်ရုံဖြင့် သူတို့က သာမန်လူများမဟုတ်မှန်း သိထားပြီးဖြစ်သည်။ သို့သော် ဝင်ခိုင်းလိုက်သည်။ ကုယွမ့်ပိုင်က ကျောက်စိမ်းကဲ့သို့ လှပသည့် နူးညံ့သော လက်လေးကို အသာဆန့်ထုတ်သည်။ သမားတော်ယို့က သွေးကြောများ စမ်းကာ တစ်နာရီကြာသည်အထိ ဆက်တိုက် မျက်မှောင်ကြုတ်နေသည်။
အတန်ကြာပြီးနောက် သမားတော်က ပြောသည်။
“ ကုလို့မရဘူး… ဆေးတွေနဲ့ပဲ အချိန်ဆွဲထား၇လိမ့်မယ် “
အားလုံး မျက်နှာပျက်သွားကြသည်။ကုယွမ့်ပိုင်ကမူ သက်ပြင်းသာချ၏။
ထို့နောက် ငွေပေးချေစေပြီးနောက် အသာအယာ ထွက်ခဲ့လိုက်ကြသည်။
အရှင်မင်းကြီးက စိတ်ထဲရှိသည့်အတိုင်း လျှောက်သွားနေသည်။ထို့သို့ဖြင့် တဖြေးဖြေးချင်း မြစ်နား ရောက်လာသည်။ သူက ခေါင်းကိုငုံ့ကာ အောက်သို့ ကြည့်သည်။ ရေမျက်နှာပြင်တွင် မက်မွန်ရောင်ရဲနေသည့် သူ၏ မျက်နှာက သေးသွယ်သော ခန္ဓာကို မြင်ရသည်။ မည်သည့်နေရာကို ကြည်ပါပစေ ကောင်းသည့်နေရာမရှိပေ။ ဒီမျက်နှာကသာ အလွန် လှပလွန်းနေခြင်းမှလွဲပြီး အရာရာက အသုံးမကျပေ။ သို့သော် ထိုသို့သော အလွန်တရာ လှပလွန်းနေသည့်မ ျက်နှာကိုလည်း သူ သဘောမကျပါပေ။
သူ နောက်သို့ လက်လှမ်းသည့်အခါ လက်ထဲသို့ လက်ကိုင်ပုဝါ ရောက်လာသည်။ တစ်ခဏခန့် သုတ်ပြီးနောက် ဘေးရှိ သစ်ပင်သို့ ကြည့်သည်။ ဌက်အမေကြီးက ကလေးငယ်လေးအား အစာခွံ့နေသည်။ တစ်ခဏခန့် စိုက်ကြည့်နေသည့်အခါ လက်ကိုင်ပုဝါ ကိုင်ထားသည့်လ က်က လျော့လာသည်။ လေပြင်းက ဆောင့်တိုက်သည်။ထိုအခါ ပုဝါလည်း လွင့်သွားသည်။
“ ပုဝါကောင်းကို ဖျောက်လိုက်မိပြန်ပြီ”
ကုယွမ့်ပိုင် သက်ပြင်းချကာနောက်လှည့်သည်။
“ နန်းတော်ကို ပြန်စို့ “
မြစ်၏ ရေမျက်နှာပြင်က ငြိမ်သက်နေသည်။ ပုဝါက ရေဖြင့် စီးသွား၏။ ကုယွမ့်ပိုင်တို့အဖွဲ့ ပျောက်သွားသည့်အခါမှသာ ရုတ်တရက် ရေအောက်မှ လှုပ်ရှားမှု တစ်ခုဖြစ်လာသည်။ အမျိုးသမီးတစ်ယောက်အား ကမ်းစပ်သို့ အမျိုးသားတစ်ယောက်က ဆွဲတင်လိုက်သည်။နှစ်ယောက်လုံးက ရေများစိုရွှဲနေကာ အရှက်ရဖွယ်ဖြစ်သည်။သို့သော ်အမျိုးသား၏ မျက်ဝန်းများက အလွန် တောက်ပနေသည်။ သူက မျက်နှာမှ ရေများကို သပ်ချလိုက်ကာ အိပ်မက် ဟုတ်မဟုတ် ခွဲခြမ်းစိတ်ဖြာနေသည်။
-----------
ဘာသာပြန်သူမှာေ ပြာစရာ ရှိပါတယ်
မတွေ့ရတာ ကြာပြီရှင်
ကြွေ့မယ် တကယ် မအားလို့ရယ်…
ဆိုတော့ ဒီမှာ တစ်ပိုင်းပြီးရင် နောက်တစ်ခါ စာတင်ရင် အိုမယ်ဂါလေးပါ။ ပြီးရင် ယွမ့်ထန်း… ပြီးမှ ဒါပေါ့နော်…
အတတ်နိုင်ဆုံး အမြန်ဆုံးတင်နိုင်အောင် ကြိုးစားပါ့မယ်ရှင်
မူရှင်းနာမည်ကို မေးနေကြလို့..
I rely on beauty to stabilize the countryပါ…. NUမှာတေ့ ၄၀ထိပဲ ရှိဦးမယ်…. အခြားဆိုက်တွေမှာရှိပေမဲ့ စာမမှန်ပါဘူး….. ၁၀၀ထိတော့ သေချာ ဖတ်မရဘူ…
ဆိုတော့ အေးဆေးပေါ့နော်… ကြွေ တရုတ်စာ လုပ်နေတာ lvl 3ရောက်ပြီဆိုတော့ ဘာသာပြန်ကုန်သွားတဲ့အခါ ခက်ခက်ခဲခဲနဲ့ ဆက်ပြန်နိုင်မယ်ထင်တာပဲ…..
အမှားပါရင် သည်းခံပေးပါဦး စစ်ဖို့လည်း အဆင်မပြေသေးလို့ရတယ်..
ဒါနဲ့ ဒါလေးရေးလိုက်ရတာ တော်တော် စိတ်ကျေနပ်သွားတယ်… အရှင်မင်းကြီးကို အားကျလို့ သေတော့မှာပဲ TT
အပိုင္း ေလး
မင္းမင္းဆက္၏ က်င္းရီေဝ့၊ခ်င္မင္းဆက္၏ လုအန္း ရီေဝ့တိုကဲ့သို႔ ကုယြမ့္ပိုင္ကလည္း သူ၏ အမိန႔္ကိုသာ နာခံသည့္ လက္ေ႐ြးစင္အဖြဲ႕ကို တည္ေထာင္လိုခဲ့သည္။ ထိုသူမ်ားသည္ ကိုယ္ခႏၶာေတာင့္တင္းၿပီး သန္မာသည့္ စစ္သည္မ်ားလည္း ျဖစ္ရန္ လိုသည္။ သူ၏ စိတ္အတြင္း အမ်ိဳးမ်ိဳးသာ အႀကံမ်ားက အဆုံးမသတ္နိုင္ေအာင္ ရွိေနသည္။ႀကီးၾကပ္ေရးဌာနမ်ားႏွင့္ လက္ေ႐ြးစင္တပ္ဖြဲ႕မ်ားက အျပင္ဘက္တြင္ ေပၚေပၚထင္ထင္ရွိေနကာ အခ်င္းခ်င္း ေစာင့္ၾကည့္ၿပီး ထိန္းခ်ဳပ္ေစမည္ျဖစ္သည္။ သူ ထိုအဖြဲ႕၏ နာမည္ကိုေတာင္ ႀကိဳေတြးထားသည္။ တုန္လင္ေဝ့ဟုေခၚခ်င္၏။ သို႔ပါေသာ္လည္း အေကာင္အထည္ ေဖာ္ရန္အတြက္ ၿမိဳ႕ေတာ္မွ ျပည္သူလူထု၏အ ျမင္ႏွင့္ အမ်ားသေဘာတူရန္က လိုအပ္ေနေသးသည္။
ကုယြမ့္ပိုင္လည္း သူ မေသခ်င္ မည္သည့္အဆင့္အထိ လွမ္းနိုင္ၿပီး လုပ္နိုင္ခဲ့မည္ျဖစ္ေၾကာင္း မသိေသးေပ။ သို႔ေသာ္ ဘာမွမလုပ္ဘဲ ေနရမည္ဆိုလွ်င္ မသက္မသာ ျဖစ္ေနမည္မွာ ေသခ်ာသည္။
ထ်န္းဖူက မီးကိုမႈတ္ကာ အျပင္သို႔ ေျဖးညင္းစြာ ထြက္သြားသည္။တံခါးပိတ္ၿပီးသည့္အခါ အျပင္ဘက္ရွိ အေစာင့္ေခါင္းေဆာင္ကို ေခါင္းညိတ္ျပကာ ခပ္တိုးတိုး ေျပာလိုက္သည္။
“ အရွင္မင္းႀကီး ဒီေန႕ အေတာ္ ပင္ပန္းသြားတာ”
အေစာင့္ေခါင္းေဆာင္၏ မ်ိဳးရိုးနာမည္က က်န္းျဖစ္ကာ နာမည္က က်န္း႐ႊီျဖစ္သည္။ သူက သူရဲေကာင္းဆန္သည့္ ပုံပန္းသြင္ျပင္၇ွိၿပီးလ ုပ္ရဲ ကိုင္ရသည့္အျပင္ အရပ္လည္းအလြန္ရွည္သည္။ သူ႕ကို အင္ပါယာက တားျမစ္စစ္တပ္မွ အထူးသီးသန႔္ ေ႐ြးခ်ယ္ထားျခင္းျဖစ္သည္။ သူက အင္ပါယာကို သစၥာရွိကာ ထ်န္းဖူႏွင့္ ေပါင္းၿပီး အင္ပါယာအတြက္ ေတြးေတာေပးသူလည္းျဖစ္သည္။ အင္ပါယာကိုသာ စိတ္ရင္းျဖင့္ ကာကြယ္ေစာင့္ေရွာက္လိုသူျဖစ္သည္။
အေစာင့္ေခါင္းေဆာင္က သက္ျပင္းခ်ကာ ေျပာသည္။
“ အရွင္မင္းႀကီး ဒီေန႕ တကယ္ ေပ်ာ္ေနရွာတာ”
ထ်န္းဖူရွန္းလည္း ေခါင္းညိတ္သည္။
“ဟုတ္တယ္။ အရွင္မင္းႀကီးကသာ စိတ္ေပ်ာ္မယ္ဆိုရင္ ေနာက္တစ္ႀကိမ္မွာ ဒူးေထာက္ေတာင္းပန္ၿပီးေတာ့ကို အရွင္မင္းႀကီးကိုၾကည့္ေစမယ္။ အရွင္မင္းႀကီးကသာ သေဘာက်မယ္ဆိုရင္ ဒီအဘိုးႀကီး ခါးက်ိဳးမယ္ဆိုရင္ေတာင္မွ ေဘာလုံးကို ကန္ဖို႔အသင့္ပဲ”
အေစာင့္ေခါင္းေဆာင္လည္း တိတ္သြားသည္။ မ်က္ႏွာခ်င္းဆိုင္ရွိ အေစာင့္မ်ားကသူ႕ကို မ်က္ခုံးပင့္ျပသူက ပင့္ျပ၊ မ်က္လုံးမွိတ္ျပသူက မွိတ္ျပႏွင့္ အခ်က္ျပေနၾကသည္။ သူ တခဏခန႔္ တုန႔္ဆိုင္းၿပီးေနာက္ ရွက္ရဲရဲ မ်က္ႏွာျဖင့္ ေျပာသည္။
“ ကြၽန္ေတာ္တို႔ အေစာင့္ေတြလည္း ေဘာလုံး ေကာင္းေကာင္း ကစားတတ္ပါတယ္”
သည္အဖြဲ႕ရွိ လူအမ်ားစုက သူကဲ့သို႔ ေသခ်ာ သင္ျပခံထားရသူမ်ားျဖစ္ၾကကာ ဘက္ေပါင္းစုံေတာ္ၾကသည္။ ထို႔အျပင္ အင္ပါယာသာ စိတ္ေပ်ာ္မည္ဆိုလွ်င္ သူတို႔ဘာမဆို လုပ္လိုၾကသည္။
ထ်န္းဖူရွန္းက တခစ္ခစ္ ရယ္သည္။
“ က်န္းရွစ္ေဝ့က ေျပာလာမွေသာ ဒီငယ္သားက မွတ္ထားရေတာ့မွေပါ့။အရွင္မင္းႀကီး ေမးလာတဲ့အခါ ေသခ်ာေပါက္ ေျပာလိုက္ပါ့မယ္။ ေတာ္ဝင္စိတ္ဝိဉာဥ္ကို ေပ်ာ္ေစနိုင္စြမ္းရွိမရွိကေတာ့ အေစာင့္ေတြရဲ႕ စြမ္းရည္နဲ႕ သက္ဆိုင္သြားၿပီ”
သူတို႔အားလုံး စကားေျပာကာ ရယ္ေနၾကသည္။ ထိုအခိုက္ ေထာင့္တစ္ေနရာမွ ေၾကာင္ေအာ္သံကို ၾကားလိုက္ရသည္။ ထ်န္းဖူရွန္းကမ ်က္ႏွာတည္ျဖင့္ ထြက္သြား၏။ တခဏအၾကာ ျပန္ေရာက္လာသည့္အခါ သူက ေပ်ာ္႐ႊင္ေနပုံရသည္။
“ က်န္းေဝ့ ေက်ာ္ၾကားတဲ့ သမားေတာ္တစ္ပါး ၿမိဳ႕ေတာ္အတြင္း ဝင္လာတယ္တဲ့..”
ႀကီးၾကပ္ေရး ဌာနရွိ လူမွတဆင့္ ေဟြ႕နန္မွ လူတစ္ေယာက္ ေပက်င္းသို႔ ေရာက္လာေၾကာင္း သူ သိလိုက္ရသည္။ထိုသူက အလြန္ေတာ္သည္။ သို႔ေသာ္ သူ၏ ဘဝတြင္ အာဏာ၇ွိသူမ်ားကို မကုသဟုဆိုသည္။ ထ်န္းဖူရွန္းက ကုယြမ့္ပိုင္ကို ေလွ်ာက္တင္သည္။ ကုယြမ့္ပိုင္က ေပ်ာ္သြားဟန္မရေပ။ သူက အက်င့္အတိုင္း နဂါးဝတ္႐ုံကိုသာ ၿခဳံထားသည္။
နဂါးဝတ္႐ုံက ေတာက္ေျပာင္ကာ ေလးသည္။မ ်က္ႏွာေလးက အနည္းငယ္ အင့္ေနသလိုရွိ၏။ မ်က္ခုံးၾကားတြင္လည္း ေမာပန္းမႈ အရိပ္အေယာင္ကို ျမင္ရသည္။ သို႔တိုင္ ျပစ္ခ်က္ကင္းသည္အထိ လွလြန္းေသးသည္။
ဒီေန႕ ဗိုလ္ခ်ဳပ္႐ႊယ္၏ သားက ျမင္းကို အျပင္းႏွင္လ်က္ ၿမိဳ႕ထဲသို႔ ဝင္လာသည္။ ဒါက ကုယြမ့္ပိုင္၏ စိတ္အေျခအေနကို ဆိုးေစသည္။
အနာဂတ္ ဘုရင္ခံက ဆိုးလြန္းတယ္
သူ မတ္လတြင္ ေပးရမည့္ ဗိုလ္ခ်ဳပ္႐ႊယ္၏ လစာကို ျဖတ္ၿပီး ႐ႊယ္ယြမ္ကို အျပစ္ေပးခိုင္းလိုက္သည္။ စာအုပ္ထဲမွ ဇာတ္လိုက္အေၾကာင္းေ တြးမိသည္ႏွင့္ သူ၏ စိတ္အေျခအေန မေကာင္းေတာ့ေပ။
သို႔ေသာ္ သမားေတာ္ကိုလည္း သြားေတြ႕ၾကည့္သင့္ေသး၏။ သူက မဲႏွယ္ေရာင္ ဝတ္စုံကိုသာ လဲလ်က္ လူအနည္းငယ္ကိုသာ ေခၚကာ ထြက္ခဲ့လိုက္သည္။
ကုယြမ့္ပိုင္လည္း အမ်ားႀကီး မေမွ်ာ္လင့္ထားေပ။ အင္ပါယာ သမားေတာ္က တစ္တိုင္းျပည္လုံးတြင္ အေတာ္ဆုံးျဖစ္သည္။ သို႔ေသာ္ သူပင္ မတတ္နိုင္သည့္ ကိစၥအား ေလွ်ာက္သြားေနသည့္ သမားေတာ္တစ္ေယာက္က ေျဖရွင္းနိုင္မည္မထင္ေပ။
“ အရွင္မင္းႀကီး ဒီေနရာပါ”
အေစာင့္ေခါင္းေဆာင္က အေရွ႕ဘက္၇ွိ သစ္သားတံခါးကို ၫႊန္ျပသည္။
ကုယြမ့္ပိုင္က ရယ္လ်က္ သူ႕ကို တံခါးေခါက္ခိင္းသည္။ သို႔ေသာ္ ထိုတစ္ခဏတြင္ ကေလးငယ္တစ္ေယာက္ အေျပးထြက္လာကာ တံခါးကို ဖြင့္သည္။ ထိုကေလးက သူတို႔ကို ၾကည့္ကာ ေမးသည္။
“ ေဆးကုခ်င္လို႔လား”
အေစာင့္ေခါင္းေဆာင္ :” ဟုတ္ပါတယ္”
“ ဘယ္သူ႕ကို ျ ပမွာလဲ”
ကုယြမ့္ပိုင္က လူအုပ္ေနာက္မွ ေရွ႕ထြက္လိုက္ကာ ၿပဳံးၿပီး ေျပာသည္။
“ ငါပါ”
ထိုကေလးက ပါးစပ္ အေဟာင္းသားျဖစ္သြားကာ ေျပာသည္။
“ နတ္ဘုရားေတြလည္း ဖ်ားနာနိုင္တာပဲလား”
“ နတ္ဘုရားေတြ ဖ်ားမဖ်ားေတာ့မ သိေပမဲ့ ငါေတာ့ ေနမေကာင္းတာ အမွန္ပဲ”
ေကာင္ေလးက သူတို႔ကို အထဲေခၚသြားသည္။ အထဲတြင္ ေစာင့္ဆိုင္းေနသူမ်ားစြာရွိသည္။ အားလုံးက ဖ်င္ၾကမ္းထည္ကို ဝတ္ထားၾကကာ မ်က္ႏွာမ်ားက ဝါၿပီး အသားမ်ားက ျဖဴေဖ်ာ့ေနၾကရာ သူတို႔ကို စူးစမ္းေနၾကသည္။
အေစာင့္မ်ားက အားအင္အျပည့္ျဖင့္ ျဖစ္သည္။ ဒါက သာမန္ႏွင့္ ကြဲထြက္ေန၏။ အထူးသျဖင့္ အလယ္မွ တစ္လွမ္းခ်င္း ဇိမ္က်စြာ လွမ္းေနသည့္ ကုယြမ့္ပိုင္ျဖစ္သည္။ သူ၏ မ်က္ႏွာက ျဖဴေဖ်ာ့ေနသည့္တိုင္ တစ္ကိုယ္လုံးမွ ေဈးႀကီးသည့္ အေငြ႕မ်ားထြက္ေနျခင္းကို မတားနိုင္ေခ်။
သမားေတာ္ယို႔က တစ္ခ်က္ၾကည့္႐ုံျဖင့္ သူတို႔က သာမန္လူမ်ားမဟုတ္မွန္း သိထားၿပီးျဖစ္သည္။ သို႔ေသာ္ ဝင္ခိုင္းလိုက္သည္။ ကုယြမ့္ပိုင္က ေက်ာက္စိမ္းကဲ့သို႔ လွပသည့္ ႏူးညံ့ေသာ လက္ေလးကို အသာဆန႔္ထုတ္သည္။ သမားေတာ္ယို႔က ေသြးေၾကာမ်ား စမ္းကာ တစ္နာရီၾကာသည္အထိ ဆက္တိုက္ မ်က္ေမွာင္ၾကဳတ္ေနသည္။
အတန္ၾကာၿပီးေနာက္ သမားေတာ္က ေျပာသည္။
“ ကုလို႔မရဘူး… ေဆးေတြနဲ႕ပဲ အခ်ိန္ဆြဲထား၇လိမ့္မယ္ “
အားလုံး မ်က္ႏွာပ်က္သြားၾကသည္။ကုယြမ့္ပိုင္ကမူ သက္ျပင္းသာခ်၏။
ထို႔ေနာက္ ေငြေပးေခ်ေစၿပီးေနာက္ အသာအယာ ထြက္ခဲ့လိုက္ၾကသည္။
အရွင္မင္းႀကီးက စိတ္ထဲရွိသည့္အတိုင္း ေလွ်ာက္သြားေနသည္။ထို႔သို႔ျဖင့္ တေျဖးေျဖးခ်င္း ျမစ္နား ေရာက္လာသည္။ သူက ေခါင္းကိုငုံ႕ကာ ေအာက္သို႔ ၾကည့္သည္။ ေရမ်က္ႏွာျပင္တြင္ မက္မြန္ေရာင္ရဲေနသည့္ သူ၏ မ်က္ႏွာက ေသးသြယ္ေသာ ခႏၶာကို ျမင္ရသည္။ မည္သည့္ေနရာကို ၾကည္ပါပေစ ေကာင္းသည့္ေနရာမရွိေပ။ ဒီမ်က္ႏွာကသာ အလြန္ လွပလြန္းေနျခင္းမွလြဲၿပီး အရာရာက အသုံးမက်ေပ။ သို႔ေသာ္ ထိုသို႔ေသာ အလြန္တရာ လွပလြန္းေနသည့္မ ်က္ႏွာကိုလည္း သူ သေဘာမက်ပါေပ။
သူ ေနာက္သို႔ လက္လွမ္းသည့္အခါ လက္ထဲသို႔ လက္ကိုင္ပုဝါ ေရာက္လာသည္။ တစ္ခဏခန႔္ သုတ္ၿပီးေနာက္ ေဘးရွိ သစ္ပင္သို႔ ၾကည့္သည္။ ဌက္အေမႀကီးက ကေလးငယ္ေလးအား အစာခြံ႕ေနသည္။ တစ္ခဏခန႔္ စိုက္ၾကည့္ေနသည့္အခါ လက္ကိုင္ပုဝါ ကိုင္ထားသည့္လ က္က ေလ်ာ့လာသည္။ ေလျပင္းက ေဆာင့္တိုက္သည္။ထိုအခါ ပုဝါလည္း လြင့္သြားသည္။
“ ပုဝါေကာင္းကို ေဖ်ာက္လိုက္မိျပန္ၿပီ”
ကုယြမ့္ပိုင္ သက္ျပင္းခ်ကာေနာက္လွည့္သည္။
“ နန္းေတာ္ကို ျပန္စို႔ “
ျမစ္၏ ေရမ်က္ႏွာျပင္က ၿငိမ္သက္ေနသည္။ ပုဝါက ေရျဖင့္ စီးသြား၏။ ကုယြမ့္ပိုင္တို႔အဖြဲ႕ ေပ်ာက္သြားသည့္အခါမွသာ ႐ုတ္တရက္ ေရေအာက္မွ လႈပ္ရွားမႈ တစ္ခုျဖစ္လာသည္။ အမ်ိဳးသမီးတစ္ေယာက္အား ကမ္းစပ္သို႔ အမ်ိဳးသားတစ္ေယာက္က ဆြဲတင္လိုက္သည္။ႏွစ္ေယာက္လုံးက ေရမ်ားစို႐ႊဲေနကာ အရွက္ရဖြယ္ျဖစ္သည္။သို႔ေသာ ္အမ်ိဳးသား၏ မ်က္ဝန္းမ်ားက အလြန္ ေတာက္ပေနသည္။ သူက မ်က္ႏွာမွ ေရမ်ားကို သပ္ခ်လိဳက္ကာ အိပ္မက္ ဟုတ္မဟုတ္ ခြဲျခမ္းစိတ္ျဖာေနသည္။
-----------
ဘာသာျပန္သူမွာေ ျပာစရာ ရွိပါတယ္
မေတြ႕ရတာ ၾကာၿပီရွင္
ေႂကြ႕မယ္ တကယ္ မအားလို႔ရယ္…
ဆိုေတာ့ ဒီမွာ တစ္ပိုင္းၿပီးရင္ ေနာက္တစ္ခါ စာတင္ရင္ အိုမယ္ဂါေလးပါ။ ၿပီးရင္ ယြမ့္ထန္း… ၿပီးမွ ဒါေပါ့ေနာ္…
အတတ္နိုင္ဆုံး အျမန္ဆုံးတင္နိုင္ေအာင္ ႀကိဳးစားပါ့မယ္ရွင္
မူရွင္းနာမည္ကို ေမးေနၾကလို႔..
I rely on beauty to stabilize the countryပါ…. NUမွာေတ့ ၄၀ထိပဲ ရွိဦးမယ္…. အျခားဆိုက္ေတြမွာရွိေပမဲ့ စာမမွန္ပါဘူး….. ၁၀၀ထိေတာ့ ေသခ်ာ ဖတ္မရဘူ…
ဆိုေတာ့ ေအးေဆးေပါ့ေနာ္… ေႂကြ တ႐ုတ္စာ လုပ္ေနတာ lvl 3ေရာက္ၿပီဆိုေတာ့ ဘာသာျပန္ကုန္သြားတဲ့အခါ ခက္ခက္ခဲခဲနဲ႕ ဆက္ျပန္နိုင္မယ္ထင္တာပဲ…..
အမွားပါရင္ သည္းခံေပးပါဦး စစ္ဖို႔လည္း အဆင္မေျပေသးလို႔ရတယ္..
ဒါနဲ႕ ဒါေလးေရးလိုက္ရတာ ေတာ္ေတာ္ စိတ္ေက်နပ္သြားတယ္… အရွင္မင္းႀကီးကို အားက်လိဳ႕ ေသေတာ့မွာပဲ TT
You are reading the story above: TeenFic.Net