အခန်း ၆၇: အကူးအပြောင်း

Background color
Font
Font size
Line height

အခန်း ၆၇: အကူးအပြောင်း

ကျောင်းစားသောက်ဆိုင်များနှင့် ရေချိုးခန်းများဟာ အမြဲတမ်းလိုလို လူအထူထပ်ဆုံးနေရာများဖြစ်သည်။

သို့သော် ဤကျောင်းတွင် အများသုံးရေချိုးခန်း မရှိပေ။

"မဖြစ်မနေနေရသည့်" အထက်တန်းကျောင်းဘော်ဒါဆောင်တစ်ခု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသည့်အနေဖြင့် နေထိုင်မှုအခြေအနေများမှာ သိပ်မဆိုးလှပေ——-

ပထမနှစ်နှင့် ဒုတိယနှစ်များအတွက် အခန်းများကို လေးယောက်တစ်ခန်း မျှသုံးရပြီး တတိယနှစ်များကမူ နှစ်ယောက်တစ်ခန်း မျှသုံးရသည်။ အခန်းတစ်ခန်းတွင် ကိုယ်ပိုင်ရေချိုးခန်းပါသကဲ့သို့ လသာဆောင်တစ်ခုလည်း ပါသည်။

ဖက်တီးလေးသည် အရပ်သိပ်မရှည်ဘဲ လုံးဝိုင်းနေသော်လည်း အမှန်စင်စစ် သည်ကျောင်းက စီနီယာတစ်ဦးဖြစ်၏။

သူ့အဆောင်မှ အခန်းများမှာ နှစ်ယောက်ခန်းများဖြစ်ပြီး ယိုဟော့နှင့်ချင်ကျိုးအတွက်မှာလည်း အတူတူပင်ဖြစ်၏။

"ကျောင်းသားတွေ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပြီး အချိန်ဖြုန်းတာတွေကို တားမြစ်ဖို့ ရေပူကို ညနေဘက် ၉ နာရီကနေ ၁၂ အထိပဲ ပေးတယ်" ဖက်တီးလေးက ရှင်းပြသည်: "ဒီမှာ၊ ဒီမှာ ကတ်ထည့်ရမဲ့ နေရာရှိတယ်။ တကယ်လို့ အစားအသောက်ကတ်ကို ထည့်ထားရင် ရေယူလို့ရတယ်။ ပိုက်ဆံကို ကတ်ထဲကနေ ဖြတ်လိမ့်မယ်။ ဒါကို ရေမီတာဖိုးအတွက် ပိုက်ဆံအဖြစ် မှတ်ထားလိုက်လို့ရတယ်။ ဒါက လူတွေ ရေအကြာကြီးချိုးမဲ့ဟာကနေ ကာကွယ်ရာလည်း ရောက်တယ်"

"ဘာဖြစ်လို့ ၉ နာရီလဲ"

"ဘာလို့လဲဆိုတော့ အသက်သာဆုံးကျောင်းသားတွေ၊ အဲဒီပထမနှစ်ကောင်စုတ်လေးတွေရဲ့ ညနေ ကိုယ်ပိုင်စာကြည့်ချိန်က ၉ နာရီမှာ ပြီးတယ်"

"မင်းကလည်း အသက်မပြည့်သေးပါဘူး၊ ဒါတောင် သူများတွေကို အလွယ်တကူ ကောင်စုတ်လေးလို့ ခေါ်နေသေးတယ်" ချင်ကျိုးက ဆိုသည်။

"အဲဒါက အခုဆိုကျွန်တော်တို့က ငှက်အိုကြီးတွေဖြစ်နေပြီလေ" ဖက်တီးလေးက ဟန်ဆောင်ပန်ဆောင် ရင့်ကျက်သည့်ဟန်လုပ်လိုက်သည်။

ယိုဟော့သည် နေ့ဘက်တွင် သူ အိပ်ချင်မည်မဟုတ်ဟု အာမမခံနိုင်ပေ။ ဖြစ်နိုင်လျှင် သူရေမိုးချိုး၍ အိပ်ရာဝင်ချင်နေပြီ။

"စောစောယူလို့မရဘူးလား"

"စိတ်မကောင်းစွာနဲ့ အားလုံးက ဒီမှာ တန်းတူညီတူပဲ၊ ဆရာတွေရဲ့ တိုက်ခန်းတွေဆိုလည်း အတူတူပဲ"

ချင်ကျိုး: "ဆရာတွေ တိုက်ခန်းလည်း ရှိတယ်လား"

ဖက်တီးလေးသည် လသာဆောင်အပြင်မှ တစ်နေရာရာကို ညွှန်ပြလိုက်သည်: "ဒီကနေ ကြည့်ရတာ နည်းနည်းတော့ ခက်တယ်၊ အဲဒီနေရာကို နံရံတွေနဲ့ ပိတ်နေတယ်။ ဒါပေမဲ့ ဒီလမ်းအတိုင်း သွားလိုက်ရင် အဆောက်အအုံ နှစ်ခုရှိတယ်။ အဲဒါတွေက ဆရာတွေတိုက်ခန်းပဲ။ တကယ်တော့ ဆရာတွေတိုက်ခန်းတွေကလည်း နှစ်ယောက်ခန်းတွေပဲ၊ ဒါပေမဲ့ သူတို့က ပုံမှန်တိုက်ခန်းတွေလိုပဲ ဧည့်ခန်းတစ်ခုနဲ့ မီးဖိုချောင်တစ်ခုပါတယ်။ အာ ဟုတ်သားပဲ သူတို့က ဘာဖြစ်လို့ ခင်ဗျားတို့ကို အဲဒီမှာ နေရာမချပေးတာလဲ"

အဘယ့်ကြောင့်ဆိုသော် စနစ်သည် သူတို့တွေ သက်သက်သာသာနေတာကို မြင်ရမှာ သည်းမခံနိုင်သည့် ငတုံးဖြစ်သောကြောင့်ပင်။

လသာဆောင်၏ ပြတင်းပေါက်သည် အလွန်သန့်ရှင်းသည်။ သို့သော် ပြတင်းအပြင်တွင် သံတိုင်များရှိပြီး ပြတင်းပေါက်အကြီးကို အပိုင်းအသေးလေးများအဖြစ် ပိုင်းခြားထား၏။ အရာအားလုံးကို အနည်းငယ် ကျဉ်းကျုတ်စေသည်ဟု ခံစားရစေသည်။

ချင်ကျိုးသည် လက်လှမ်း၍ လှုပ်ခါကြည့်လိုက်ပြီးနောက် မှတ်ချက်ချလိုက်သည်: "မဆိုးပါဘူး၊ တော်တော်လေး တောင့်တင်းတယ်။ ဒါပေမဲ့ ဒီလိုမျိုးဟာက မင်းတို့ရဲ့ အဲဒီ ရုတ်တရက်ပေါ်လာတဲ့ ပဥ္စလက်ဆန်တဲ့ အရာတွေကို တားဆီးနိုင်လို့လား"

ဖက်တီးလေးက ဆိုသည်: "ဒါကို နတ်ဆိုးတွေ၊ တစ္ဆေတွေကို တားဖို့ တပ်ထားတာမဟုတ်ဘူး။ ကျွန်တော်တို့ကို တားဖို့ ထားထားတာ"

"မင်းတို့ ဘာလုပ်တာကိုတားဖို့လဲ။ တစ္ဆေထက်တောင် ပိုမြန်မြန် ထွက်ပြေးမှာစိုးလို့လား"

"ခုန်ချမှာကိုလေ" ဖက်တီးလေးက ဆိုသည်: "ဒုတိယထပ်ကနေစပြီး အပေါ်ထပ်က ပြတင်းပေါက်တွေအကုန်လုံးမှာ ရှိတယ်။ အရိုးကျိုးဖို့ကို အိပ်မက်တောင်မမက်နဲ့"

"............."

ဖက်တီးလေးသည် လှည့်လည်ပြသရာတွင် အလွန်စိတ်နှစ်ကိုယ်နှစ်လုပ်ဆောင်သည်။ သူက အကြိုအကြားပင်မကျန် နေရာတကာကို လိုက်ပြပေးသည်။

များပြားလှသည့် အလုပ်တာဝန်များနှင့် ဖိစီးနေကြသော ကျောင်းသားများအားလုံးတွင် သည်ပြဿနာရှိကြသည်။ သူတို့ အတန်းအပြင်ကို ခဏလောက်ထွက်လို့ရနေသရွေ့ ဧည့်သည်နှစ်ယောက်ကို ဘယ်လိုအခက်အခဲရှိရှိ ဖြစ်အောင် လိုက်ပြပေးလိုစိတ်ရှိကြသည်။

ယိုဟော့သည် သူ၏ ပွစိပွစိပြောနေသမျှကို တစ်ခုပြီးတစ်ခု နားထောင်ပြီးနောက် အခန်းတွင်းမှ ပရိဘောဂအသုံးအဆောင်များကို သာမန်ကာလျှံကာ လှန်လှောကြည့်လိုက်သည်။

သူ အံဆွဲတစ်ခုကို ဆွဲဖွင့်လိုက်သောအခါ လှုပ်ရှားမှုများအားလုံး တန့်သွားလေသည်။

အံဆွဲအတွင်းတွင် တစ်စုံတစ်ခု ရှိနေသောကြောင့်ဖြစ်သည်။

ယင်းမှာ သော့ချိတ်လေးတစ်ခုဖြစ်သည်။

သော့နှစ်ချောင်းအပြင်၊ ဝက်ဝံရုပ်သေးလေးပါ တွဲလျက် ပါနေသည်။

ယိုဟော့သည် ခဏခန့် တုန့်ခဲနေပြီးနောက် သော့ကို ကောက်ယူလိုက်ကာ ကျန်းမင်ကို မေးလိုက်သည်: "ဒါ ဘယ်ကရတာလဲ"

သူ ထိုသော့ချိတ်ကို မှတ်မိသည်။ ၎င်းမှာ ယွီဝမ်၏ ပစ္စည်းဖြစ်သည်။

ဝက်ဝံရုပ်ပုံ အသုံးအဆောင်ပစ္စည်းလေးမှာ သူ့ရည်းစား သူ့ကိုပေးထားသော ပစ္စည်းဖြစ်သည်။ ယွီဝမ်သည် သူ့အဖေ ထိုအကြောင်း မေးမြန်းမည်ကို စိုးရိမ်၍ သူ့အစ်ကိုကို ဗန်းပြ၍ အသုံးချခဲ့သည်။

သူက လောင်ယွီကို ပြောခဲ့သည်: "ဒါက အစ်ကို့ကို ကြိတ်ကြွေနေတဲ့ တစ်ယောက်က ပေးတာ။ အစ်ကိုက မလိုချင်ဘူးဆိုလို့ ကျွန်တော်ယူလိုက်တာ"

လောင်ယွီသည် ထိုပေါက်ကရစကားကို တကယ်ယုံကြည်ခဲ့သည်။

ယွီဝမ်သည် ယိုဟော့ကို တစ်ဖက်သတ် ဝန်ခံခဲ့သောကြောင့် ဤဝက်ဝံရုပ်ကို သူမှတ်မိနေသည်။

ဝက်ဝံ၏ တင်ပါးမှ ခြစ်ရာများပင်လျှင် ကွက်တိတူနေသည်။ အမှန်ကို ယွီဝမ့်ပစ္စည်းဖြစ်သည်။

ဖက်တီးလေး၏ နောက်ပြောလာသော စကားများသည် သူ၏ ထိုအတွေးကို အတည်ပြုပေးလိုက်သည်။

"အဲဒါက ဒီမှာအရင်နေသွားတဲ့သူတွေဟာ" ကျန်းမင်က ဆိုသည်။ "အဲဒါက ရွှေ့ပြောင်းကျောင်းသားနောက်ဆုံးအုပ်စုက ကျောင်းသားတစ်ယောက်နဲ့ သူ့အဖေတို့လေ၊ မျိုးရိုးနာမည်က ယွီတဲ့။ ဦးလေးလောင်-ယွီက သူ့ကို အဖော်လုပ်ပေးဖို့ လာခဲ့တာဆိုပေမဲ့ သူ(လောင်ယွီ) ကဖျားပြီး ရက်တော်တော်ကြာအောင် အိပ်ရာထဲလဲနေခဲ့တာ၊ အဲဒါကြောင့် သူနဲ့ စကားသိပ်မပြောဖြစ်လိုက်ဘူး။ ဒါပေမဲ့ ကျွန်တော် ယွီကောနဲ့တော့ တော်တော်လေး ရင်းနှီးတယ်။ သူတို့ မတော်တဆ ကျန်ခဲ့တဲ့ ပစ္စည်းဖြစ်လိမ့်မယ်"

ယိုဟော့သည် ယွီဝမ်နှင့်လောင်ယွီ ချန်ခဲ့သော သဲလွန်စများ ဒီမှာ တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။

သူက ဖက်တီးလေးကို မေးလိုက်သည်: "သူတို့တွေ နောက်တော့ ဘာဖြစ်သွားသေးလဲ"

"ယွီကောကို ပြောတာလား" ဖက်တီးလေးက ဆိုသည်: "သူက အရမ်းမိုက်တယ်။ ကျွန်တော့်ကိုတောင် တစ်ခါ ကယ်ခဲ့သေးတယ်။ လာခဲ့တဲ့ ရွှေ့ပြောင်းကျောင်းသားတွေထဲမှာ သူရယ်၊ သူ့ကို အဖော်လုပ်ပေးတဲ့ လောင်ယွီရယ်၊ နောက်တစ်ယောက်ရယ်က အဆင်ပြေတယ်။ ဒါပေမဲ့ သူတို့က လပတ်စာမေးပွဲပြီးတာနဲ့ ထွက်သွားကြတယ်။ ဒါရိုက်တာရှောင်းကိုယ်တိုင် သူတို့ကို လိုက်ပို့ပေးခဲ့တာ"

"မိုက်တယ် ဟုတ်လား" ဒီအသုံးအနှုန်းကိုကြားတော့ ယိုဟော့သည် သူက မှားပြောမိတာလားလို့ပင် ထင်မိတော့မည်။

ဖက်တီးလေးက ခေါင်းညိတ်ပြသည်: "ဟုတ်တယ်။ အာ.... သူက သရဲတွေ အလိုက်ခံရတုန်းက ကြောက်တော့ကြောက်ပေမဲ့ အရေးကြီးတဲ့အချိန်တွေမှာဆို အရမ်းအားကိုးရတယ်။ သူက ကျွန်တော်တို့ထက် နည်းနည်းကြီးတော့ ကျွန်တော်တို့ကို ကာကွယ်ပေးမယ်လို့လည်း ပြောတယ်"

"သူက သူ့အစ်ကို ကာကွယ်ပေးတာကိုပဲ အားကိုးနေကျလို့ပြောတယ်။ ဒါပေမဲ့ လောင်-ယွီလည်း ဖျားပြီးလဲနေတော့ သူက အကြီးဆုံးဖြစ်နေတော့ သူကပဲ အားလုံးကို ကာကွယ်ပေးသင့်တယ်တဲ့" ဖက်တီးလေးသည် ခဏလောက် တွေးလိုက်ပြီးနောက် သူ့ရဲ့ လေးစားမှုရေစစ်ကို ဖယ်ထုတ်လိုက်ပြီး ဓမ္မဓိဌာန်ကျကျ သုံးသပ်လိုက်သည်: "စကားအရမ်းများလွန်းတာက လွဲရင် ဘာပြဿနာမှမရှိပါဘူး"

ဒါက ယိုဟော့ကို အံ့ဩသွားစေသည်။

သို့သော် ဒီသတင်းသည် တကယ့်ကို သတင်းကောင်းဖြစ်သည်။

လောင်-ယွီနဲ့ ယွီဝမ်က အသက်ရှင်လျက်ရှိတုန်းပဲ။ ဒီနေ့ သူကြားသမျှထဲမှာ အကောင်းဆုံးသတင်းဖြစ်လောက်သည်။

***

မကြာမီ ဒါရိုက်တာရှောက်နှင့် တခြားသူများ ရောက်လာ၏။

တစ်ကိုယ်ရေ သန့်စင်မှုပစ္စည်းနှစ်စုံနှင့် ကျောင်းဝင်းသုံးကတ်နှစ်ကတ်ကို ပေးလာ၏။ သူတို့က အသေးစိတ်စဉ်းစားပေး၍ အရေးပေါ်သုံး ဆေးဝါးသေတ္တာကိုပင် ပြင်ဆင်ပေးလာသည်။

"ကျောင်းဆေးခန်းက ပြင်ပေးလိုက်တာ။ အခုလက်ရှိအခြေအနေက တော်တော်လေး ထူးခြားလို့ အခန်းတိုင်းကို တစ်ခုစီ ပေးထားတယ်" ဒါရိုက်တာရှောင်းက ဆိုသည်။ "အအေးမိတာအတွက် တစ်ဘူးနဲ့ နောက်တစ်ခုက ဖျားနာတာအတွက်။ အဓိကရည်ရွယ်ချက်ကတော့ ယောင်ယမ်းတာနဲ့ အကိုက်အခဲသက်သာဖို့ပဲ။ ပတ်တီးလိပ်တစ်လိပ်နဲ့ အိပ်ဆေးဘူးသေးတစ်ဘူးလည်း ရှိတယ်"

အိပ်ဆေးတွေကို မြင်သောအခါ ချင်ကျိုးသည် ထရယ်လာသည်။

သူက ဘေးမှလူကို လက်ညှိုးထိုးကာ ပြောသည်: "ကျွန်တော်တို့ရဲ့ ထိပ်တန်းကျောင်း... ပြောချင်တာက ဆရာ A က အားလုံးကို လျစ်လျူရှုထားနိုင်တယ်။ သူ့အိပ်စက်မှုအရည်အသွေးက ဒီကလူတွေအားလုံးထက် ပိုကောင်းတယ်။ အိပ်ဆေးထက်စာရင် နည်းနည်း ဝေဒနာသက်သာစေတဲ့ လိမ်းဆေး ဒါမှမဟုတ် ဆေးဖက်ဝင်ပရုတ်ဆီကို ပိုတောင်လိုအပ်ဦးမယ်" (* ဒီနေရာမှာလေ - အေးတဲ့ခံစားမှုပါတဲ့ လိမ်းဆေးကို ပြောချင်တာပါ၊ ကျားပရုတ်ဆီလိုမျိုးပါ)

ယိုဟော့သည် ထိုသူတွင် ကောင်းသော ရည်ရွယ်ချက်တစ်ခုမှ မရှိဟု အလိုလိုသိနေသည်: "......ဒီနှစ်ခုကို ဘာလုပ်ဖို့ လိုတာလဲ"

ချင်ကျိုး: "ဘယ်လိုထင်လဲ"

"............"

ယိုဟော့သည် တွေးတောင် မတွေးချင်ပေ။

ဒါရိုက်တာရှောက်သည် ခဏလောက် ကသိကအောက်နိုင်စွာ ရယ်မောပြီးနောက် ကျောင်းရဲ့သာယာဝပြောမှုကို ဤလူနှစ်ယောက်လက်ထဲ အပ်ထားရန် တကယ်ပဲ အဆင်ပြေပါ့မလားဟု တွေးနေမိသည်။

သူမသည် စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်နေလေသည်။

သူမဘေးမှ ဆရာကျန်းက သတိပေးလာသည်။ "ညနေစာစားပြီးရင် ကျောင်းသားတွေက ညနေ ကိုယ်ပိုင်စာကြည့်တန်းတွေ ရှိသေးတယ်။ စားပြီးရင် အခြေအနေ စစ်ဆေးဖို့ အတန်းတွေဆီ သွားကြည့်ချင်သေးလား"

ချင်ကျိုးက ခေါင်းညိတ်ပြသည်: "ကောင်းတာပေါ့"

"အဲဒါဆို မင်းတို့ ယွီလော့နောက်ကို လိုက်သွားလိုက်" ဒါရိုက်တာရှောက်က ဆရာမငယ်လေးတစ်ယောက်ကို ညွှန်ပြလိုက်သည်: "ဆရာမယွီက ကျန်းမင်းရဲ့ အတန်းတာဝန်ခံ၊ တရုတ်စာသင်တယ်။ ကျွန်မက ခဏနေရင် ဒဏ်ရာရထားတဲ့ ဆရာမတွေရဲ့ ကိစ္စတွေ သွားဖြေရှင်းရဦးမယ်။ တကယ်လို့ တစ်ခုခုလိုအပ်ရင် ဆရာမယွီကို မေးလို့ရတယ်"

ဒါရိုက်တာရှောက်သည် အလွန်အလုပ်များသည်။ သူမသည် စကားပြောရန် ခဏနားဖို့ပင် အချိန်မပေးနိုင်။ သူမက တစ်ဖက်လှည့်ကာ ချက်ချင်း ခြေလှမ်းကျဲဖြင့် လျှောက်သွားတော့သည်။

"အရင်ဆုံး ညနေစာ အရင်စားမလား။ ကျွန်မတို့ကျောင်းမှာ ညနေစာစားဖို့ အချိန်သိပ်မပေးဘူး" ဆရာမယွီ၏ အသံသည် အလွန်ပင် ကြမ်းရှနေ၏။ သူမက အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် တောင်းပန်လိုက်သည်: "ကျွန်မမှာ ဒီနေ့ အတန်းရှစ်ချိန်ရှိတော့ အသံပျောက်တဲ့အထိကို စကားပြောနေရတယ်။ စိတ်မရှိပါနဲ့"

ယိုဟော့: "ရှစ်ချိန်လား"

သူမ တစ်နေ့ကို အတန်းရှစ်ချိန်တောင် သင်ရတယ်ဆိုတော့ ဒီကျောင်းမှာ တရုတ်စာပဲ သင်ကြတာလား။

ဆရာမယွီက တီးတိုးပြောသည်: "ဇီဝဗေဒနဲ့ အင်္ဂလိပ်ဆရာ နှစ်ယောက်လုံးက ဒဏ်ရာရထားတယ်။ သင်္ချာနဲ့တရုတ်လေ့လာမှုကကျတော့.... အကြံပေးဆရာက ကျောင်းသားတွေကို နောက်ရက်အနည်းငယ်ကို စိတ်ဖိစီးမှုများတဲ့ သင်ခန်းစာတွေ ရှောင်ပေးဖို့ အကြံပြုထားတယ်။ ဖိအားများလေလေ၊ အိပ်မက်ဆိုးတွေ များလေပဲ။ တရုတ်က နည်းနည်းပိုပြီး ကျေညက်ဖို့ လွယ်တဲ့ဘက်မှာရှိတယ်။ စိတ်ဖိစီးမှု နည်းတယ်"

ယိုဟော့: "............"

ဆရာမယွီ: "အမှန်အတိုင်းပြောရရင် ဒါရိုက်တာရှောက်က ရှင်နဲ့ ဆရာ B ကို ကျွန်မအခန်းကို သွားခိုင်းတာ ဒီရည်ရွယ်ချက်ကို တွေးမိလို့ဖြစ်ရမယ်"

ချင်ကျိုးသည် အံ့အားသင့်သွားပုံရသည်။ ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက်က သူတို့နှစ်ယောက် ကြောက်နေမှာကို စိုးရိမ်ပေးနေခဲ့သည်။

ယင်းမှာ တမင်တကာ ရည်ရွယ်ထားတာဖြစ်ရမယ်။

သူက လှည့်ကာ ယိုဟော့ကို မေးလိုက်သည်: "ဆရာ A အိပ်မက်မက်လား"

ယိုဟော့: "........."

သူက ချင်ကျိုးကို မျက်နှာသေဖြင့် စူးစိုက်ကြည့်ပြီးနောက် လှည့်ကာ ယွီလော့ထံ ပြောလိုက်သည်: "မမက်ဘူး"

ယွီလော့: "ကျွန်မလည်း အရင်က အိပ်မက်သိပ်မမက်ဘူး။ ညဘက် နောက်ကျတဲ့အထိ အတန်းအတွက် ပြင်ဆင်ပြီးရင် ပြီးတာနဲ့ အိပ်ပျော်သွားတာပဲ။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ နေ့တိုင်းလိုလို အိပ်မက်တွေ မက်နေတာ။ ကျွန်မထင်တာ.... ကျွန်မအတွေးသက်သက်ပါပဲ ဒါပေမဲ့ ဒါကို ဘယ်သူမှ ရှောင်လွှဲလို့မရဘူးထင်တယ်။"

ဒါကို ဘယ်သူမှ ရှောင်လွှဲလို့မရဘူးလား။

ဒါကိုကြားတော့ မှတ်ဉာဏ်ပျောက်ဆုံးနေသူနှစ်ယောက်သည် အတွေးများသွားပုံရသည်။

ယိုဟော့သည် ချင်ကျိုးအတွက်မူ မည်သို့သဘောရှိသည်ကို မသိပေ။

သူ့အတွက်မူ သူက အလွန်အိပ်မက်မက်ခဲလှသည်။ အိပ်မက်ဆိုးလည်း မမက်သလို ချိုမြိန်သောအိပ်မက်လည်း မမက်ပေ။

ထူးခြားသောညတွင် သူသည် ရံဖန်ရံခါ တစ်ခုခုကို မက်တတ်သည်။

သို့သော် အိပ်ရာနိုးသည်နှင့် ဝိုးတဝါး၊ ရစ်ဝဲစွဲကျန်နေတတ်သော ခံစားချက် အပိုင်းအစများမှလွဲလျှင် အမြဲလိုလို ဘာကိုမှ မမှတ်မိပေ။

သူသည် ထိုလူ B အတွက်ကိုတော့ မသိသော်ငြား သူကိုယ်တိုင်ကတော့ သေချာပေါက် ရှောင်လွှဲနိုင်လိမ့်မည်ဟု ခံစားနေရသည်။

..................xxx..................

Translated by Akira ❣️


You are reading the story above: TeenFic.Net