Part1

Background color
Font
Font size
Line height

ဒီနေ့ကတော့ကျွန်တော့်အသက်18နှစ်ပြည့်တဲ့နေလေးပါပဲ18ပြည့်ရင်အဖေရှိတဲ့UKကိုသွားရတော့မှာမလို့ကျွန်တော်သိပ်မပျော်ပါဘူးကျွန်တော်အဖေနဲ့အမေကတစ်ယောက်တစ်နေရာစီပါကျွန်တော်အသက်10နှစ်ကတည်းကနှစ်ဦးသဘောတူကွာရှင်းထားကြပီးကျွန်တော်ကအမေ့မွေးရပ်မြေ မြန်မာနိုင်ငံကိုလိုက်ခဲ့တာပါအဖေကတော့UKနိုင်ငံသားမလို့အဲ့နိုင်ငံမှာပဲအခြေချပီးကျွန်တော့်ကိုစာနဲ့ပဲအဆက်အသွယ်လုပ်ခဲ့ပါတယ်

"မြေးရေဒီလိုလာပါအုန်းကွ"

"လာပီအဘိုး"

ကျွန်တော့်အမေကဆုံးသွားတာကျွန်တော်15နှစ်ကတည်းကပါကျွန်တော်ကအမေ့ရဲ့အဖေအဘိုးဖြစ်သူနဲ့ပဲနေတာပါအဘိုးကလိုလေသေးမရှိထားပေမဲ့အခု18ပြည့်ပီမို့အဖေကကျွန်တော့်ကိုUKလာပီးပညာတော်သင်ဖို့ပါခေါ်နေပါပီ

"ဒါငါ့မြေး​​လေနာမည်ကAntonio Flynnတဲ့"

"မင်းမြေးကတော်တော်ချောတာပဲအဖေဖြစ်သူနဲ့ပိုတူတယ်နော်ဆံပင်အရောင်ရောမျက်လုံးအရောင်ရော"

ဟုတ်သည်ကျွန့်တော်ဆံပင်ကရွှေအိုရောင်ဖြစ်သည့်အပြင်မျက်ဝန်းပြာတို့ကိုပိုင်ဆိုင်ထားသည်အဖေကနိုင်ငံခြားသားဖြစ်ပေမဲ့အမေကဗမာလူမျိုး​ဖြစ်တဲ့ကျွန်တော်ကအဖေဖြစ်သူနဲ့ပိုတူသည်အမေနဲ့တူတာမရှိသလောက်ရှားပေမဲ့ကျွန်တော့အမေနဲ့မျက်လုံးပုံစံခပ်ဆင်ဆင်ပင်

"ဒါနဲ့Derekမင်းမြေးကUkကိုပညာတော်သင်သွားတော့မှာဆို"

"ဟုတ်တယ်လေသူ့အဖေက18ပြည့်ရင်သူ့သားကိုUkခေါ်ပီးပညာသင်ပေးမယ်လို့ပြောထားတာ"

ကျွန်တော်လူကြီးစကားဝိုင်းမှာမပါချင်တော့မို့ပါတီပွဲအနောက်ဖက်ကိုထွက်လာခဲ့တော့တယ်အဲ့အချိန်ပုပုသေး​​သေးကလေးတစ်ယောက်ကိုသစ်ပင်တစ်ပင်အောက်မှာတွေ့လိုက်ရတယ်လေ

"ဟိတ်ကလေးလေးမင်းကဒီသစ်ပင်အောက်မှာဘာထိုင်လုပ်နေတာလဲ"

ထိုကလေးကသူ့ကိုသေချာကြည့်ပီးဘာမှမပြောပဲနေနေတော့သည်

"မင်းလေးကစကားမပြောတက်ဘူးလားကွ"

"သားကစကားပြောတက်တယ်ဗျ"

စွာတေးလန်လိုပြောလာတဲ့ခလေးကိုကြည့်ပီးသူရီမိသည်။တကယ့်စွာတေးလန်လေးပဲဒါမဲ့မျက်နှာပေါက်ကမိန်းကလေးနဲ့ပိုတူသည်။မျက်လုံးဝိုင်းဝိုင်းနှာခေါင်းလုံးလုံးနှုတ်ခမ်းဖူးဖူးလေးတော်တော်လှတဲ့ကောင်ကလေးလို့သူသတ်မှတ်မိတယ်။

"ဒါဆိုခုနကမေးတာကျဘာလို့ပြန်မဖြေတာတုန်းကွ"

"သားကြောက်လို့"

သူသေချာကြည့်မိသည်ကလေးကငိုထားပုံပင်နှာသီးလေးကရဲပီးနှုတ်ခမ်းဖူးဖူးလေးကထော်ထားသည်ကို

"အဟက်.....မင်းကဘာကိုကြောက်နေတာလဲ"

"သား..သားဖေဖေကဒီမှာပဲနေခဲ့ပြောတာအခုထိပြန်မလာသေးလို့ဒီနားကကြောက်ဖို့လဲကောင်းတယ်"

ဟမ်..ခလေးကိုတစ်ယောက်ထဲဲ​ဒီမှာထားခဲ့တယ်ဘယ်လိုမိဘမျိုးလဲဒီလောက်ချစ်စရာကောင်းတဲ့ခလေးလေးကို

"ကောင်းပီ..ကိုယ်မင်းဖေဖေရှိလိုက်ပို့ပေးမယ်"

"တကယ်လားဟင် ဦးဦး"

"ဟောဗျာ...ကိုယ့်အသက်အခုမှ18ပဲရှိတာပါ​​​ဗျကလေးလေးရဲ့အသက်ကရောဘယ်နနှစ်ရှိပီလဲ"

"သားကအခုမှ10နှစ်ပဲရှိသေးတာ"

ဟင်...သူအံအောရသည်ဘာလို့လဲဆိုတော့ဒီသေးသေးလေးကို5နှစ်6နှစ်လောက်လို့ထင်ထားတာတော်တော်လေးကိုသေးသေးလွန်းမနေဘူးလားသူ့သူငယ်ချင်းမောင်လေးတောင်8နှစ်ကိုဒီခလေးထက်အများရီးထွားသည်။

"မင်းနာမည်ကဘာလဲ"

"ခွန်းစေပိုင်ပါဗျ...ဒီကကိုကိုနာမည်ကရော"

"Antonio Flynnပါဗျာကလေးလေးခေါ်ချင်ကိုကိုဖလင်လို့ခေါ်ပေါ့ဗျာ"

"ကိုကိုဖလင်"

"ဗျာ"

ကလေးလေးကပြုံးပီးကြည့်နေခဲ့သည်။သူလဲကလေးလေးကိုသေချာကြည့်နေမိသည်လရောင်အောက်မှာရှိနေတဲ့ကလေးရဲ့မျက်လုံးလေးတွေကကြယ်လေးတွေထက်တောင်တောက်ပနေသလိုပင်။

"ကဲ..ဒါဆိုလုံးလုံးရဲ့ဖေဖေနာမည်ကိုကို့ကိုယ်ပြောပြလေကိုကိုလုံးလုံးလေးဖေဖေရှိလိုက်ပို့ပေးမယ်"

"ဟွန့်....သားနာမည်ခွန်းစေပိုင်ပါဗျလုံးလုံးဟုတ်ဘူး"

နှုတ်ခမ်းဆူကာပြောနေသောကောင်လေးကိုကြည့်ပီးသူအသဲယားနေပီဖြစ်သည်။နှုတ်ခမ်းဆူနေတာကဘဲပေါက်လေးလိုပင်။

"ဟုတ်ပါပီကွာလုံးလုံးလို့ခေါ်တာကမင်းပုံစံကလုံးလုံးလေးနဲ့ချစ်စရာ​ကောင်းလို့ပါဗျာ"

"သားဖေဖေနာမည်ကဦးဇေယျာပိုင်ပါဗျ"

ဟင်..သူသိသည်ထိုဦးလေးကိုသူ့အဖိုးပြောပြောနေတဲ့သစ်တောဦးစီးရေးဋ္ဌာနမှူးဆိုတာထိုဦးလေးမှာသားနှစ်ယောက်ရှိသည်ဆိုဒါလေးကအငယ်လေးများလား။

"လုံးလုံးကဦးဇေယျာပိုင်ရဲ့သားငယ်လား"

"သားကသားအကြီးပါဗျ"

"အော်...လာလာကိုကိုလိုက်ပို့မယ်နော်"

သူ့လက်ကိုလက်သေးသေးလေးနဲ့လာကိုင်နေသည်မို့သူတော်တော်လေးအသဲယားနေပီဖြစ်သည်ဒီကောင်လေးသာသူ့ညီလေးဖြစ်ရင်သူတော်တော်ချစ်ပေးမိမည်။

"ဖေဖေ့"

ခေါ်သံနဲ့အတူသူ့ကိုယ်ပေါ်တက်လာတဲ့သူ့သားအကြီးကိုရုတ်တရပ်မို့လန့်ပီးချီထားမိသည်

"ဟမ်...နေပါအုန်းမင်းငါထားတဲ့နေရာမနေပဲဘာလို့လိုက်လာတာလဲ"

"ဟို..သားအဲ့နေရာမှာနေရတာကြောက်လို့ပါဖေဖေရယ်"

လူတွေအများကြီးကြည့်နေသည်မို့ဇေယျာပိုင်တစ်ယောက်သူ့လက်ထဲကခလေးကိုရိုက်လို့မရသေးဒါကြောင့်ခလေးကိုသူ့ကိုယ်ပေါ်ကဆင်းခိုင်းပီးလက်ကနေတရွှတ်တိုက်ဆွဲခေါ်ပီးကားပေါ်တက်ခိုင်းတော့သည်။

"ဖေဖေ...သားသားလက်နာနေပီ"

"မင်းပါးစပ်ပိတ်ထားစမ်းငါနေခဲ့ဆိုတဲ့နေရာမှာမနေပဲဘာလို့လိုက်လာတာလဲဟမ်..ငါထားနေစေရာသွားရမယ်ဆိုတာမင်းနားမလည်ဘူလားအိမ်ကြမှမင်းကိုရိုက်သတ်ပြစ်မယ်အမျိုးယုတ်ကလေး"

ဖလင်တစ်ယောက်ခလေးကိုလက်ကနေအကြမ်းပတမ်းခေါ်သွားတာမို့နောက်ကလိုက်ကြည့်မိတော့သူတို့ပြောသံကြားပီးတော်တော်အံအောမိသည်။သူ့သားကိုဘာလို့အဲ့လိုကြီးပြောနေရတာလဲသားအရင်းရောဟုတ်ရဲ့လားလို့ပါတွေးမိသည်။

"သားသားတောင်းပန်ပါတယ်ဖေဖေရယ်သားသားကိုမရိုက်ပါနဲ့နော်"

"ဖြောင်း..ဖြောင်း...ဖြောင်း"

ဝတ်ထားတဲ့ခါးပတ်ချွတ်ပီးကားနားမှာတင်ခလေးကိုရိုက်နေသည်မို့ဖလင်လန့်သွားရသည်။ဝင်ဆွဲရအောင်လဲကိုယ်နဲ့မသိသည်မို့ခလေးအစားသူတော်တော်ဟိုလူကိုဒေါသထွက်နေမိသည်။သားသမီးကိုမစာမနာဒီလူလုပ်ရက်လိုက်တာလို့သာတွေးပီးဒေါသထွက်မိသည်။ဟုတ်သည်သူ့ခလေးလေးကိုသူများရိုက်တာမကြိုက်ပါ။

"မင်းအခုကားပေါ်တက်စမ်း"

"သားသားကြောက်တယ်အိမ်မှာမေမေကပါရိုက်မှာသားသားကို"

"ဟမ့်..အရိုက်ခံရမှာတော့သိသားအစကတည်းကငါနေခိုင်းတဲ့နေရာမှာမနေတာမင်းအမှားပဲအမျိုးယုတ်ရဲ့"

"အဟင့်...သားသားကအမျိုးယုတ်ဟုတ်ဘူး"

ခလေးကသူ့အဖေပြောတဲ့စကားကိုမဟုတ်ဘူးပြောပီးသာငိုနေတော့သည်။

"မြေးရေဖလင်ရေ"

ဖလင်အဖိုးခေါ်သံကြောင့်အဖိုးရှိပြန်ရသည်သို့ပေမဲ့ထိုခလေးကိုလှည့်ကြည့်မိသည်။ထိုခလေးကသူ့ဘဝအတွက်တစ်စိတ်တစ်ပိုင်းမှာပါဝင်လာမယ်ဆိုတာသူသာသိခဲ့ရင်ထိုလူကြီးလက်ကဆွဲခေါ်မိမှာသေချာသည်။

"အဖိုးကျွန်တော်ဒီမှာပါ"

"ငါ့မြေးအပေါ်ထပ်တက်သွားပီထင်နေတာပါတီကအခုထိမပီးသေးဘူးလေအဲ့တာကြောင့်ခေါ်လိုက်တာ"

"အဘိုးကျွန်တော်Ukကိုယ်မနက်ဖန်သွားရတော့မှာမလား"

"ဟုတယ်လေမြေးရဲ့ဘာလို့လဲမြေးကUkကိုမသွားချင်လို့လား"

"အဲ့လိုလဲမဟုတ်ပါဘူးအဘိုးရယ်သားခုနကတွေ့လိုက်တဲ့ခလေးလေးကိုထပ်တွေ့ချင်သေးလို့ပါ"

"အော်...ခုနကမောင်ဇေယျာပိုင်ရဲ့သားကိုလားမြေးရဲ့အဲ့ခလေးနဲ့မြေးရီးပြန်လာရင်ပြန်ဆုံမှာပါအဘိုးကသူတို့နဲ့အလုပ်တွဲလုပ်ရတော့မှာလေကွ"

ဟုတ်သည်သူ့အဘိုးကနိုင်ငံရေးမှာပါဝင်နေသည်မို့လူတော်တော်များများနဲ့အလုပ်တွဲလုပ်ကိုင်နေသည်။တကယ်တော့အလုပ်တွဲလုပ်တယ်ဆိုတာအယောင်ပြ သာအဓိက ကနိုင်ငံရေးလုပ်ရင်တလျှိုလိုမျိုးနောက်လိုက်တွေလိုချင်လို့တွဲလုပ်တာပင်။

"ကဲပါ..ငါ့မြေးသွားနားတော့လေမနက်ဖန်ကျလေယာဥ်အကြာရီးစီးရအုန်းမှာအခုအိပ်ရေးဝအောင်အိပ်ထားမနက်ကျဦးလေးထွန်းကိုအဘိုးနိုးခိုင်းလိုက်မယ်"

ဦးလေးထွန်းဆိုတာကတော့အဘိုးရဲ့လက်ထောက်လို့ပြောလို့ရသည်ဒီအိမ်ရဲ့အိမ်တော်ထိန်းနေရာပါလုပ်ကိုင်နေသည်မှာသူ့တစ်သက်ပင်။

"ဟုတ်အဘိုးဒါဆိုကျွန်တော်နားတော့မယ်"

သူစံအိမ်အပေါ်ထပ်ကသူ့အခန်းထဲဝင်ပီးထပ်ပြီးရေချိုးလိုက်သည်။အခုမှလန်းဆန်းသွားသလိုပင်သူ့မျက်လုံးထဲပါတီမှာတွေ့တဲ့လုံးလုံးလေးကိုမြင်ယောင်လာသည်ထိုခလေးအခုဆိုသူ့မိဘတွေများရိုက်မလားတွေးရင်းသူရင်မောရသည်။

တစ်ဖက်ကခွန်းစေပိုင်တို့အိမ်တွင်ခွန်းစေပိုင်၏မိခင်သန္တာချိုဒေါပွနေသည်လေ။

"ဟဲ့အကောင်နင့်အဖေကအဲ့နားမှာကျန်ခဲ့လို့ပြောရင်ကျန်ခဲ့လိုက်ပေါ့ဘာလို့အထွန့်တက်ပီးပွဲထဲပြေးလွှားနေရတာတုန်း"

"မေမေသားမှားပါတယ်မရိုက်ပါနဲ့တော့နော်"

"နင့်လိုကောင်မျိုးသေမှအေးတယ်...ကြည့်စမ်းအငယ်လေးဆိုဘယ်လောက်လိမ်မာလဲနင့်လိုတောင်မဟုတ်ဘူးနင့်လိုအကောင်ကိုကျွေးမွေးထားရတာငါတကယ်စိတ်ကုန်တယ်"


"အဟင့်...မေမေကသားကိုမုန်းလို့လားဟင်"

"သွားသွားနင့်မျက်နှာမမြင်ချင်တော့ဘူးသွားအိပ်တော့"

"ဟင့်...ဟုတ်မေမေ"

ထိုညကခွန်းစေပိုင်ပါတီကတွေ့ခဲ့တဲ့ကိုကိုအကြောင်းပြန်တွေးမိသည်သူ့ကိုလုံးလုံးလို့ခေါ်တုန်းကဒေါသထွက်မလိုဖြစ်မိပေမဲ့ကိုကိုပြန်ရှင်းပြတာနားထောင်ပီးပျော်မိသည်။

"ကိုကိုနဲ့ပြန်ဆုံချင်တယ်"

ခလေးပီပီကောင်းကင်ကကြယ်တွေကြည့်ပီးသူဆုတောင်းနေမိသည်။


You are reading the story above: TeenFic.Net