9 U/Z
Background color
Font
Font size
Line height
Uni
"ဇနီးတစ်ယောက်ရဲ့မေတ္တာသစ္စာ"
"အပိုင်း ၉"
ဘုန်း အိမ်ပြန်ရောက်သည့် အထိ စိတ်တွေထွေးပြားနေရလေသည်။
အကြင်နာကို ဖုန်းဆက်သော်လည်း အကြင်နာ မကိုင်ခဲ့ပေ။ အမျိုးသား တစ်ဦးသာကိုင်လေသည်။
ဘယ်သူလဲ မေးတော့ အကြင်နာ ယောကျာ်းတဲ့။
ဘာလဲ အကြင်နာ သူ့အပေါ် သစ္စာဖောက်ပြီလား ဟူသော အတွေးက သူ့စိတ်ကို ဝေခွဲမရ ဖြစ်စေခဲ့သည်။
စိတ်တွေရှုပ်ထွေးနေရသည့် သူ့ အာရုံမှာ ကျန်ခဲ့သည့် နှစ်များမှ မေမေ့ စကားများ နားထဲ ပြန်ကြားယောင်နေမိသည်။
"ဘုန်းတောက်ရှိန် နင် ဘာအချိုးချိုးလိုက်တာလဲ"
"ဘာလဲ အ​ေမရော "
ဒေါ်ရီမွန် မျက်ဝန်းတွေမှာ ဒေါသအခိုးအငွေ့များ ပြည့်လျှံနေရလေသည်။
"နင် အခုမှ မသိချင်ယောင်ဆောင်မနေနဲ့ နင် လရိပ်နဲ့ ကွာရှင်းတဲ့ ကိစ္စ"
ဖေဖေက သူကို စူးရဲစွာ ကြည့်နေလေသည်။
"သား မချစ်လို့ မေမေရာ"
"ဘာကွ"
တစ်ချိန်လုံး ငြိမ်သက်နေသည့် ဖေဖေထံမှ စူးရှစွာ ဒေါသတကြီး ပြောလိုက်သူက ဦးသုတဖြစ်သည်။
"မင်းက မချစ်လို့ ဆိုတဲ့ စကားတခွန်းနဲ့ မိန်းကလေး တစ်ယောက်ကို ကွာရှင်းရလောက်အောင် လရိပ်က ဟင်းရွက်ကန်းစွန်းမဟုတ်သလို အပေါစားမိန်းမ မဟုတ်ဘူးကွ မင်း ကို သုတပြည့်စုံ ဆိုတဲ့ ငါ့သားလို့ ပြောရမှာတောင် ရှက်တယ်ကွာ တောက်"
ဦးသုတ ဒေါသတွေ ဖြစ်နေတာ သိသာလွန်းလေသည်။
"ဘုန်းတောက်ရှိန် နင် ကောင်မ နင်ကို တကယ်ချစ်တယ် ထင်နေတာလား နင် ကောင်မက နင်ကို အပိုင်ဖမ်းချင်လို့ ငါ့တို့ လင်မယား ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ စည်းစိမ်တွေကို အပိုင်လိုချင်လို့ ဆိုတာ မင်းသိရဲ့လား ငါ့ မပြောချင်ဘူး ယောကျာ်းတကာနဲ့ ပလူးနေတဲ့ မိန်းမကို ငါ့ချွေးမ မတော်ဘူးဟေ့ ငါ့ချွေးမ လရိပ်ထက် တစ်ယောက်ပဲရှိတယ် ဆိုတာ နင်ခေါင်းထဲထည့်ထား"
ဒေါ်ရီမွန် စကားတွေက ပြတ်သားလွန်းနေလေသည်။
ဦးသုတ ကတော့ ဇနီး ဖြစ်သူနှင့် နီးတူပင်
"မင်း အကြင်နာ ဆိုတဲ့ မိန်းမ ကို လက်ထပ်တဲ့ နေ့ မင်း ငါ့သား မဟုတ်ဘူးမှတ်"
အဖေ စကားတွေက ပြတ်သားသလို အမေ စကားတွေကလည်း ပြတ်သားလွန်းနေပါသည်။
သူစိတ်တွေလဲ အတိတ်တွေ ထံ လွှင့်ပျံရင်း စိတ်ရှုပ်ထွေးစွာ ဆံပင်တွေကြား လက်ဖြင့် ထိုးဖွလိုက်မိသည်။
~~~~~~~~~~~~~~~~~
လရိပ် ပြင်ဦးလွင် ရောက်ခဲ့သည့်မှာ ၁လ ပြည့်ခဲ့လေပြီ။
သူနှင့်လည်း စကား မပြောဖြစ်သလို အလုပ်ကိစ္စနဲ့တောင် ရှောင်နေလိုက်မိသည့်က သူမ အတွက် နေ့စဥ် အလုပ်ဖြစ်နေခဲ့သည်။
"လရိပ်"
"သြော် ကိုမိုးဝေ"
ဟုတ်ပါသည်။ ခွဲစိတ်ဒေါက်တာ ကိုမိုးဝေဖြစ်သည်။
ပြင်ဦးလွင် ရောက်ကတည်းက သူမ ရင်းနှီးသည့် သူဆိုလည်း မမှားသလို သူမ ထံမှ ချစ်ခွင့်ရဖို့ မျှော်လင့်နေသော သူလို့ ပြောရင်လဲ မမှားပေ။
လရိပ် မလွှဲသာ ၍လက်ခံစကားပြောနေရရိုးအမှန်။
အမှန်တကယ်တော့ မိုးဝေ ၏ စကားအပြောအဆိုကို လရိပ် သဘောမတွေ့ပေ။
"စားသောက်ဆိုင် တစ်ခုလောက် သွားရအောင်လား လရိပ် ကိုယ့် ဧည့်ခံချင်လို့ပါ "
လရိပ် ပြုံးလိုက်ပြီး
"လရိပ် နေ့လည်စာ စားပြီးပါပြီ ကိုမိုးဝေ စေတနာကို အသိအမှတ်ပြုပေမဲ့ လရိပ် မလိုက်ပါရစေနဲ့"
မိုးဝေ  စိတ်ပျက်စွာဖြင့် ကြည့်လိုက်ပြီး
"အဲ့ဒါဆို ကိုယ့် ဒီမှာပဲ ပြောတော့မယ် လရိပ် ဆီက ကိုယ့်တောင်းထားတဲ့ အဖြေလေး"
လရိပ် မျက်ဝန်းတွေကို အဝေးသို့ ပို့လိုက်ပြီး
"အချစ်လား မယုံရဲတာမဟုတ်ဘူး ကိုယ့်ပေးသလောက် ကိုယ့်ချစ်သလောက်ပြန်မရလို့ မလိုချင်တော့တာ စိတ်မကောင်းပါဘူး ကိုမိုးဝေ ကျွန်မ ရှင့်ကို ပြန်မချစ်နိုင်တဲ့ အတွက် ကျွန်မ တောင်းပန်ပါတယ် ကျွန်မရဲ့ ကျန်ရှိတဲ့ ဘဝအစိတ်အပိုင်းတစ်ချို့က ကျွန်မသား ဘုန်းလရောင် အတွက်ပဲ ရှိတော့တာဖြစ်လို့ပါ"
မိုးထက် ဘာစကားမှ မပြောသာအောင် နှုတ်ဆိတ်သွားရလေသည်။
လရိပ်ကတော့ သူကို ကျောခိုင်းကာ လှည့်ထွက်လာခဲ့လေသည်။
~~~~~~~~~~~~~~~~~
ဘုန်း ဒီနေ့တော့ အကြင်နာ တိုက်ခန်းရှိရာ ရောက်ခဲ့လေပြီ။
သူ စိတ်တွေ လေးလံနေတာ ဘယ်သူ သိမှာလဲ။
အချစ်က ပူလောင်သည့်ကို သူလက်ခံခဲ့လေပြီ။
အကြင်နာကို ချစ်မိသည့် အချစ်က သူကို အလွန်ပူလောင်စေသည့်ကို သူသာ သိလေသည်။
"ဒေါက် ဒေါက် ဒေါက်"
"ကျွီ"
တံခါး ခေါက်သံ နှင့် အတူ တံခါးဖွင့်သံ ထပ်တူကျလာ၏။
"သြော် ဘယ်သူများလဲလို့ ကိုဘုန်းတောက်ရှိန်ကို"
အကြင်နာ ရဲ့ ရိသိသိအသံက ဘုန်း စိတ်ကို အတော် ဘဝင်မကျဖြစ်စေခဲ့သည်။
"အကြင်နာ ကိုကို ကို ဘယ်လိုခေါ်လိုက်တာလဲ"
"ရှင့် နာမည် ခေါ်လိုက်တာလေ ကျွန်မ ရှင်ကို စိတ်ကုန်နေတာကြာပြီ  "
"ဘာပြောတယ်"
ဘုန်း အံ့သြစွာ သူမ ကို ကြည့်တော့ သူမ ရဲ့ မထိတထိ ရယ်သံတစ်ခုထွက်ပေါ်လာကာ
"ကျွန်မ လက်ထက်လိုက်ပြီ ပြီးခဲ့တဲ့ လက "
"မဖြစ်နိုင်တာ ကိုကို ကို မပြောပါနဲ့ ချစ်ရယ်"
ဘုန်း သူမ ပခုံးကို ကိုင်မယ်ရွယ်တော့ သူလက်တွေကို သူမ ပုတ်ထုတ်လိုက်ပြီး
"ကျွန်မကို အဲ့လို မလုပ်ပါနဲ့ မောင်တွေ့ရင် မကြိုက်ဘဲ နေမယ်"
"အကြင်နာ"
နောက်ပါး မှ ခေါ်သံကြောင့် သူမ လှည့်ကြည့်လိုက်တော့
"အော် မောင် လာပါဦး နာနာ မိတ်ဆက်ပေးရဦးမယ် ဒါ ကိုဘုန်းတောက်ရှိန်လေ ကိုဘုန်း ဒါက အကြင်နာခင်ပွန်း ကိုဟန်မင်း "
"အော် အင်း ဒါဆို ကိုယ့်ပြန်ဦးမယ်
ဘုန်းတောက်ရှိန် ပါးစပ် အဟောင်းသားဖြင့် ဘာစကားမျှ မပြောသာခဲပေ။
အကြင်နာ နှင့် သူ့ခင်ပွန်း ဆိုသူကို ကျောခိုင်းခဲ့မိလေသည်။
နှလုံးသား တစ်ခုလုံး ကြေမွသွားခဲ့သည့်ကို အဘယ်သူသိမည်လဲ။
📖📖📖📖📖📖📖📖📖📖📖📖
"ဘွားဘွား မေမေ နေတဲ့ မြို့လေးက လှတယ်နော် သား သားဒီမြို့လေးမှာ နေရရင် သိပ်ကောင်းမှာ"
ဒေါ်အရိပ် ပြုံးလိုက်ပြီး
"ဘွားဘွားတို့က ဧည့်သည့်တွေလေ မြေးရဲ့ အချိန်တန်ရင် အိမ်ပြန်ရမှာလေ"
"မေမေ ကရော"
လရောင်လေး မျက်ခုံးပင့် မေးလေတော့
"မေမေက သူ့တာဝန်တွေ ပြီးရင် ပြန်လာမှာပေါ့ မြေးရဲ့"
ဒေါ်အရိပ် နှင့် လရောင်လေး ပြင်ဦးလွင် ရောက်ခဲ့သည့်မှာ ၂ရက်ရှိခဲ့လေပြီ။
မြေးက သူ့အမေကို တွေ့ချင်သည့်ဟု ပြောသဖြင့် သားမိုးထက်ကို လိုက်ပို့ခိုင်းခဲ့ခြင်းဖြစ်သည် ။
သားကတော့ သူ့အလုပ်ကိစ္စတွေကြောင့် ရောက်ရောက်ချင်း ညနေပဲ ရန်ကုန် ပြန်သွားလေသည်
သူမ တို့ မြေးဖွားပဲ ကျန်ခဲ့ရလေသည်
အခုတော့ သူမတို့ မြေးဖွား ပြင်ဦးလွင် စျေးလေးမှာ စျေးထွက်ဝယ်ခြင်းပါ
"ဟယ် အရိပ်"
"ဟယ် ရီမွန်"
တစ်ယောက်နှင့် တစ်ယောက် အံ့သြစွာ ကြည့်နေကြသည်။
"အရိပ်တို့များ ရောက်နေတာတောင် ငါ့အိမ်ကို မလာဘူးနော်"
ငယ်ငယ်က အတိုင်း ရီမွန်တို့ ပွစိ ပွစ်ိ
လုပ်လေပြီ
ဒေါ်အရိပ် ပြုံးလိုက်ပြီး
"မဟုတ်ပါဘူးဟာ ငါ့ သမီးဆီ အလည်လာတာ"
"ဟင် သမီးလရိပ် ဒီရောက်နေတာလား
~~~~~~~~~~~~~~~~~
Zawgyi
"အပိုင်း ၉"
"ဘာလဲ အ​မေရော "
"သား မချစ်လို့ မေမေရာ"
"ဘာကွ"
တစ်ချိန်လုံး ငြိမ်သက်နေသည့် ဖေဖေထံမှ စူးရှစွာ ဒေါသတကြီး ပြောလိုက်သူက ဉီးသုတဖြစ်သည်။
ဉီးသုတ ဒေါသတွေ ဖြစ်နေတာ သိသာလွန်းလေသည်။
ဉီးသုတ ကတော့ ဇနီး ဖြစ်သူနှင့် နီးတူပင်
~~~~~~~~~~~~~~~~~
လရိပ် ပြင်ဉီးလွင် ရောက်ခဲ့သည့်မှာ ၁လ ပြည့်ခဲ့လေပြီ။
"လရိပ်"
"သြော် ကိုမိုးဝေ"
ပြင်ဉီးလွင် ရောက်ကတည်းက သူမ ရင်းနှီးသည့် သူဆိုလည်း မမှားသလို သူမ ထံမှ ချစ်ခွင့်ရဖို့ မျှော်လင့်နေသော သူလို့ ပြောရင်လဲ မမှားပေ။
လရိပ် ပြုံးလိုက်ပြီး
~~~~~~~~~~~~~~~~~
"ဒေါက် ဒေါက် ဒေါက်"
"ကျွီ"
"ဘာပြောတယ်"
"အကြင်နာ"
"အော် မောင် လာပါဉီး နာနာ မိတ်ဆက်ပေးရဉီးမယ် ဒါ ကိုဘုန်းတောက်ရှိန်လေ ကိုဘုန်း ဒါက အကြင်နာခင်ပွန်း ကိုဟန်မင်း "
"အော် အင်း ဒါဆို ကိုယ့်ပြန်ဉီးမယ်
📖📖📖📖📖📖📖📖📖📖📖📖
"မေမေ ကရော"
ဒေါ်အရိပ် နှင့် လရောင်လေး ပြင်ဉီးလွင် ရောက်ခဲ့သည့်မှာ ၂ရက်ရှိခဲ့လေပြီ။
အခုတော့ သူမတို့ မြေးဖွား ပြင်ဉီးလွင် ဈေးလေးမှာ ဈေးထွက်ဝယ်ခြင်းပါ
"ဟယ် အရိပ်"
"ဟယ် ရီမွန်"
ငယ်ငယ်က အတိုင်း ရီမွန်တို့ ပွစိ ပွစိ
လုပ်လေပြီ
~~~~~~~~~~~~~~~~~
You are reading the story above: TeenFic.Net