-ဆု-|Prize| Part-12
Background color
Font
Font size
Line height
Unicode
"ကျွန်တော်ကလေ....လူအစစ်မဟုတ်ဘူး"
"...."
"ကျွန်တော်က ကြောင်.... အဲ့နေ့က ပင်လယ်ထဲမြောသွားတဲ့ ကိုကိုရဲ့ကြောင်လေး"
"..."
"ပြီးတော့ ကျွန်တော်က မကြာခင်သေရတော့မှာ"
မိုး‌များကပိုသည်းလာသည်ထင်.... ပါးပြင်ထက်မှာလဲ စိုရွှဲလို့....။
မျက်ရည်များမဟုတ်‌ဖို့တော့ မျှော်လင့်မိပါသည်။
______________________________________
♣-ဆု-♣
"၀န်းလေးက Oneဖြစ်နေတာကို ကိုယ်ပျော်မိမှာ။
ဒါပေမယ့် Oneလိုပဲထားသွားမှာကိုတော့ လက်မခံနိုင်ဘူး"
••••••••••••••••••••••••••••••••••••••••••••••••••
မိုးတွေကသည်းသည်ထက် သည်းလာသည်။
‌၀န်းလေးရဲ့ ကိုယ်လုံးလေးဆို တုန်ယင်လို့ .....။ နှုတ်ခမ်းလေးတွေလဲ အရောင်ဖျော့လို့နေပြီ။ မျက်လုံးတွေလဲ ဒီလောက်ငိုနေပုံအရ ပြီးရင် ဖောင်းအစ်နေတော့မှာပဲ။
ဒါဆိုရင်သူကရော?.... သူကလား။
သူကတော့ အဲ့နေရာမှာတင် အငွေ့ပျံသွားဖို့ လုံလောက်နေပြီ။ အခု၀န်းပြောလိုက်တဲ့စကားတွေ.... ကျန်တာတွေကို သူမကြားပါ။ သူသေချာစွာ ကြားလိုက်သည်က
"မကြာခင်သေရတော့မှာ"
မဖြစ်ဘူး။ ကိုယ့်၀န်းလေးက ကိုယ့်ကိုယ် ထားမသွားရဘူး။ ၀န်းနဲ့အတူတစ်သက်လုံးနေမှာ။ ပင်လယ်ကိုလည်းခနခနလာပြီး မိုးရေထဲလည်း ထွက်ဆော့မှာ။
ပြီးတော့ ပျိုးထားတဲ့ baby's breath လေးတွေတောင် ပွင့်မလာသေးဘူးလေ။ သူတို့တွေတနေ့ထက်တနေ့ကြီးထွားတာကို စောင့်ကြည့်ပြီး ပန်းတွေပွင့်တာကိုလည်း တူတူကြည့်ရအုံးမှာ။
၀န်းလေးက Oneဖြစ်နေတာကို ကိုယ်ပျော်မိမှာ။
ဒါပေမယ့် Oneလိုပဲထားသွားမှာကိုတော့ လက်မခံနိုင်ဘူး။
"ဂျောင်၀န်း~~~~"
"ကိုကို...ကိုကို ကျွန်တော့်ကိုမုန်းလားဟင်"
"ဟင့်အင်း မမုန်းဘူး လုံး၀မမုန်းပါဘူး ကိုယ့်ကလေးလေးကို ကိုယ်ကအရမ်းချစ်တာ ဘာလို့မုန်းရမှာတဲ့လဲ"
ပတ်ခ်ဂျုံဆောင်းဟာ အရူးတစ်ယောက်နှယ်။
ယန်းဂျောင်၀န်းရော? သူသည်လည်းထိုနည်းတူစွာပင်။
"ကျွန်တော့်ကိုယုံလားဟင်"
"အင်း ယုံတယ် ကိုယ့်ကလေးလေး ပြောသမျှ ကိုယ်အားလုံးယုံတယ် ကိုယ်က မင်းကိုအရမ်းချစ်တာလေ မင်းကကြောင်လေးဆိုလဲကိုယ်ချစ်မှာ ဘာလေးပဲဖြစ်ဖြစ် ကိုယ်ကချစ်မှာ ဒါကြောင့် ကိုယ့်ကိုယ်ထားမသွားပါနဲ့ ၀န်းမရှိရင်ကိုယ်သေမှာ ကိုယ်တကယ်သေမှာ"
၀န်းရဲ့လက်တွေကိုတင်းကျပ်စွာဆုပ်ကိုက်ထားရင်း
စိတ်မှီတည်ရာမရှိသည့် လူတစ်ယောက်ကဲ့သို့
ထားမသွားဖို့ရန်သာ တတွတ်တွတ်ပြောနေခဲ့သည်။
၀န်းလေးရဲ့မျက်နှာပေါ်မှာတော့ အရည်ကြည်တွေက အဆက်မပြတ်စီးဆင်းနေဆဲပါ။
"တောင်းပန်ပါတယ်"
"ဟင့်အင်း မတောင်းပန်ပါနဲ့ အဲ့အစား ကိုယ့်ဘေးနားမှာတစ်သက်လုံးရှိနေမယ်လို့ပြောပါနော်.... ၀န်းရယ် ကိုယ်တောင်းပန်ပါတယ်"
"ကိုကို့ကို ကျွန်တော်အရမ်းချစ်ပါတယ် ဒါကြောင့်လဲ ကျွန်တော် ကိုကိုအနားပြန်လာနိုင်ဖို့ကြိုးစားခဲ့တယ် ကျွန်တော်....ကျွန်တော်လဲ ကိုကိုနဲ့မခွဲနိုင်ဘူး တကယ့်ကို ကိုကိုနဲ့မခွဲနိုင်ပါဘူး ဒါပေမယ့် ကျွန်တော် နေရမယ့်အချိန်မကျန်တော့ဘူး"
"၀န်းရာ....."
မိုးစက်များသည် ကျဆင်းဆဲ။ ယင်းမိုးစက်တို့နှင့်အပြိုင် လူနှစ်ဦး၏ ပါးပြင်ပေါ်မှမျက်ရည်တို့သည်လည်း ကျဆင်းလျှက်....။
__
ပင်လယ်မှအပြန်တွင်မူ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ အားလုံးသည် အတွေးကိုယ်စီဖြင့်သာ။
ဂျုံဆောင်းဆုံးဖြတ်ခဲ့ပါသည်။ ကျန်ရှိနေတဲ့အချိန်ကိုတော့ ကောင်းကောင်းအသုံးချပြီး ပျော်ရွှင်စွာဖြတ်သန်းဖို့။
__
နှစ်လမျှကြာခဲ့ပြီဖြစ်သည်။ ဂျုံဆောင်းသည် သူ၏ ချစ်ရပါသော အသည်းအသက်လေးအမြဲပျော်ရွှင်နိုင်ဖို့ကြိုးစားနေခဲ့တာပါပဲ။ နေ့ရက်တိုင်းကို ပျော်ရွှင်စရာတွေနဲ့ပဲ စတင်ပြီး ပျော်ရွှင်စရာတွေနဲ့သာအဆုံးသတ်နိုင်ဖို့။
"၀န်း...ကိုယ်တို့ဒီနေ့ဘာစားကြမလဲ"
"ကိုကိုအဆင်ပြေတာဆို ကျွန်တော်လည်းပြေပါတယ်"
"ဟုတ်ပါပြီ ကိုယ့်ရဲ့အလိမ္မာတုံးလေး"
‌ဒီလိုသာနေ့ရက်တိုင်းကိုဖြတ်သန်းချင်တာမို့ မင်းလေး ကိုယ့်အနားမှာထာ၀ရရှိနေနိုင်ဖို့ ကိုယ်တို့ထာ၀ရအတူ အိုမင်းသွားနိုင်ဖို့ ဆုတောင်းနေမှာ။
ဘယ်ချိန်မှာထွက်သွားမယ်မသိပါပဲ အဲ့နေ့ရောက်ဖို့ရာ စောင့်ဆိုင်းနေရတာကလည်း တကယ့်ကို ခံပြင်းဖွယ်ရာအတိ။
ပျော်ရွှင်နေချိန်လေးတွေကို မဖျက်ဆီးရင် သိပ်ကောင်းမှာပဲလေ။
ယန်းဂျောင်၀န်းဆိုတဲ့လူသားကို တစ်သက်လုံး ကိုယ့်အနားမှာရှိစေချင်တာ။
__
လေတဖြူးဖြူးတိုက်ခတ်နေသည်။ သူတို့အတူပျိုးခဲ့သောပန်းပင်ငယ်သည်လည်း အဖူးငုံတို့ဖြင့်...
မကြာမီတွင် ပန်းလှလှလေးများ ပွင့်ဖူးလာတော့မည် ထင်ပါသည်။
"အဟွတ် အဟွတ်"
"၀န်း...အအေးပတ်နေပြီထင်တယ် ကိုယ်တို့ အိမ်ထဲပြန်၀င်ရအောင်လေ"
သူ့ရှေ့မှလူသားလေးက မည်သည့်စကားတို့ကိုမျှ မဆိုပါဘဲ ခေါင်းလုံးလုံးလေးအား ဖြည်းညင်းစွာ လှုပ်ရှားပြ၏။
ဂျုံဆောင်းရင်ထဲဆို့နင့်စွာခံစားနေရသည်။ တစ်ခုခုကိုပြော‌ချင်နေသော်လည်း ဘာစကားလုံး မှထွက်မလာခဲ့။
သိပ်သနားမိသည်။ သိပ်ကိုရင်နာရသည်။ သူ့အစားကိုယ်သာခံလိုက်ချင်သည်။ အစထဲက သေးကွေးတဲ့ ခန္ဓာကိုယ်လေးဟာ ယခုဆို တုန်တုန်ရီရီနှင့် အားပင်မရှိတော့ချေ။ အစားလဲကောင်းကောင်းမ၀င်တော့သလို ဆေးဒဏ်တွေကြောင့် မျော့မျော့သာကျန်တော့သည်။
သရုပ်မှန်ကိုသိပြီးတဲ့နေ့ကတည်းက Nikiကလဲ အမှန်အတိုင်းဖွင့်ပြောခဲ့သည်။ သခင်ကြီးဆိုသူကလည်း ခနခနလာခေါ်နေပေမယ့် ၀န်းလေးဟာခေါင်းမာမြဲ။ ပြန်လိုက်သွားဖို့တိုက်တွန်းသော်လည်း မျက်လုံးဝိုင်းတွေထံမှ တောင်းဆိုသလို အကြည့်တွေကြောင့် မလွန်ဆန်နိုင်ခဲ့ပါ။
လွန်ခဲ့တယ့်၁၃နှစ်ကလိုပဲ ကိုယ့်ရဲ့မပြတ်သားနိုင်မှုကြောင့် မင်းကိုအဆုံးရှံးမခံနိုင်တာအမှန်ပါ။
ဒါပေမယ့်လည်း....
အတူရှိနေချင်တာမို့လို့။ အတ္တကြီးပါရစေ....။
__
"ကျွန်တော့်ကို ဘာလို့ခေါ်တာလည်း"
ရှေ့ကလူကို ဂျုံဆောင်းအကဲခတ်နေသည်။
မျက်နှာကလည်းမသာမယာနဲ့ သူ့ကိုကြည့်ရင်း ဂျုံဆောင်းကိုယ်တိုင်တောင် စိတ်အိုက်လာရသည်။
သခင်ကြီးဆိုတဲ့ ဒီလူက ဂျောင်၀န်းဖွင့်ပြောပြီး ရက်ပိုင်းလောက်မှာပဲ ပေါ်လာခဲ့တာ။ ၀န်းအပေါ်လိုတာထက်ပိုကောင်းပေးနေတာကို မကြိုက်ပေမယ့်လည်း ၀န်းလေးပြောတဲ့ ၀န်းလေးဘက်က ရိုးသားတယ်ဆိုသည့်စကားကြောင့်သာ ဂျုံဆောင်းဘာအပြစ်မှမပြောခဲ့တာ။ ဘယ်သူတွေဘာပြောပြော သူ ယန်းဂျောင်၀န်းဆိုတဲ့ လူသားလေးကိုယုံပါသည်လေ။
"ငါပြောစရာရှိလို့"
"...."
"မင်း ဂျောင်၀န်းကို မဆုံးရှုံးချင်ဘူးမလား"
__
"ကိုကို"
ဂျောင်၀န်း မျက်ရည်တွေဝိုင်းလာရသည်။ ဒီနေရာဟာ သူကိုကို့ကို ဖွင့်ပြောခဲ့တဲ့ ဥယျာဉ်ငယ်လေးပါပဲ။
လေပြေတွေတိုက်ခတ်နေဆဲ။ သစ်ရွက်ခြောက်တို့က ကြွေလွှင့်နေဆဲ။ ရေပြင်ကျယ်ဟာ စီးဆင်းနေဆဲ။
ကျေးငှက်သာရကာတို့ကလည်း အော်မြည်နေဆဲ။
ဒီလိုအမှတ်တရကောင်းတွေရှိတဲ့ သာယာအေးချမ်းတဲ့နေရာလေးမှာ သူကိုကို့ကို နာကျင်မှုတွေမပေးချင်ပါ။
သူလဲဒီလောကကြီးထဲကနေ ဘယ်ထွက်သွားချင်ပါ့မလဲ။ ကိုကိုနဲ့အတူ တစ်သက်လုံး ပျော်ပျော်ကြီးနေသွားချင်တာ။
"ဂျောင်၀န်း~"
အဲ့သည့် ခေါ်သံလေး။ ကိုကိုသူ့နာမည်ကို ခေါ်လိုက်တဲ့ အသံလေးက အရမ်းကို နားထောင်ကောင်းလွန်းလို့ နောက်ဆိုမကြားနိုင်တော့မှာကြောက်တယ်။
"ကိုကို....ကျွန်တော်လေ ကိုကိုနဲ့ ခွဲဖို့အားမရှိတော့ဘူး ကျွန်တော်မခွဲနိုင်တော့ဘူးထင်တယ်"
"ကိုကိုလဲ အတူတူပါပဲ ၀န်းရယ်"
"ကျွန်တော် ကိုကိုနဲ့မခွဲနိုင်ဘူး"
ဝှီးချဲပေါ်မှာထိုင်နေရင်း ဂျုံဆောင်း၏ လည်ဂုတ်ကို သိုင်းဖက်လို့ငိုမိသည်။ သူလဲပျော့ညံ့နေရတာကို မကြိုက်ပါဘူး။ မပျော့ညံ့ချင်ပါဘူးဆို အမြဲ ငိုနေမိတာပဲ။
"၀န်းရယ်...."
ဂျုံဆောင်း အံကိုကြိတ်ရင်း တင်းထားမိသည်။ သူမငိုပါ။ ၀န်းလေး ရှေ့မှာ ဘယ်တော့မှမငိုပါ။
သူသိပ်ချစ်ကြောင်းတွေကို ထုတ်ပြမှာ။ သိပ်နာကျင်ရကြောင်းကိုတော့ ဘယ်တော့မှမပြ။
ကိုယ့်အသည်းအသက်လေးအား ထာ၀ရပျော်ရွှင်စေချင်တာမို့။
"ကျွန်တော်သာ သေသွား...."
ဂျောင်၀န်းရဲ့ စကားလုံးတွေအား ဂျုံဆောင်းက နှူတ်ခမ်းနှစ်လွှာကို ထပ်တူကျစေခြင်းဖြင့် တားဆီးလိုက်သည်။ ချိုချိုမြိန်မြိန်ပါပဲ။ ဒီအနမ်းတွေက သိပ်ကို ချိုလှပါတယ်။
နှုတ်ခမ်းပါးလေးကို စိတ်တိုင်းကျ ချယ်လှယ်အပြီးမှ လွှတ်ပေးလိုက်သည်။
"၀န်း~ ဘယ်တော့မှ အဲ့စကားကိုမပြောရဘူးနော်
မင်းလေးက စမွေးဖွားထဲက ကိုယ့်နှလုံးသားထဲမှာ ထာ၀ရရှင်သန်ရမယ်လို့ တံဆိပ်ကပ်ထားပြီးသား ကိုယ်နှလုံးခုန်နေသ၍ မင်းလေး အမြဲ ရှင်သန်နေမှာ ကိုယ့်နှလုံးခုန်သံအချက်တိုင်းက မင်းအတွက်ပဲ ၀န်း"
"ကိုကိုရာ..."
ဒီလူသားနှစ်ဦးရဲ့အချစ်ဟာ နုပျိုလှပလှပါ၏။
ကိုယ်ထပ်ပြောရမယ်ဆိုရင်တော့ဖြင့်...
Baby's breath ပန်းလေးတွေ ဒီအပင်ကြီး ရေကန်ကြီး ပြီးတော့ နေမင်းကြီး ယုစွအဆုံး ဒီနေရာမှာပျံဝဲနေတဲ့ လိပ်ပြာလေးတွေရော တကျီကျီအော်မြည်နေတဲ့ ငှက်လေးတွေရောကိုသက်သေထားပြီး မင်းလေးကိုချစ်တဲ့ကိုယ့်ရဲ့အချစ်တွေက စစ်မှန်ကြောင်း သစ္စာဆိုမယ် ဒီသစ္စာကမှန်ကန်နေတာမို့ ကိုယ်တို့ဘယ်တော့မှ ဘာအကြောင်းနဲ့မှ မဝေးကွာဖို့အတွက်ရောပဲပေါ့။
သစ္စာတရားတွေက မှန်ကန်နေတဲ့အခါ မင်းနဲ့ကိုယ် မဝေးလောက်တော့ဘူးမလား။
ဟင့်အင်း...ကျိန်းသေပေါက်ကို မဝေးကွာနိုင်တော့ပါဘူး။
ဘာလို့ဆို စစ်မှန်ကြတယ်လေ။
ဂျုံဆောင်းပြုံးရင်း ဂျောင်၀န်းရဲ့ပါးပြင်လေးကိုကိုင်ကာ ထပ်မံအနမ်းခြွေလိုက်ပြန်တယ်။ ၀န်းလေးဟာ ချိုသာစွာပြုံးရင်း တုံ့ပြန်လာခဲ့တယ်။ သူ့ရဲ့အမှတ်အသားဖြစ်တဲ့ ပါးချိုင့်လေးတွေပေါ်သည်အထိ ပြုံးတယ်။ ပုလဲဖြူဥတွေ ကျလာတာကတော့ အပျော်လွန်နေလို့သာ ထင်ပါရဲ့။
အနမ်းတွေကို ရပ်စဲလိုက်ပြီး
"ကိုကို....၀န်းလေ ကိုကို့ကို အရမ်းချစ်တယ်"
ရုတ်တရပ်ဆိုသလို အဖြစ်အပျက်တစ်ချို့က မထင်မှတ်တဲ့မချိန် မထင်မှတ်တဲ့နေရာမှာ ဖြစ်လာတတ်ပါရဲ့။
"၀န်း!!!!"
ဆုလာဘ်တွေက သိပ်ရက်စက်တယ်။
ကိုယ်တန်ဖိုးထားနေတာကို ပျောက်ပျက်သွားဖို့ ကြံရွယ်နေပုံပဲ။
___________________________
လိုအပ်ချက်တွေရှိ‌နေသေးတဲ့ ဒီလူကို
ခင်ဗျားတို့ကသင်ပြပေးပါအုန်းနော်
ခင်ဗျားလေးတို့က ကိုယ့်ရဲ့အရာအားလုံးဗျာ့
ZawGyi
"...."
"..."
______________________________________
♣-ဆု-♣
••••••••••••••••••••••••••••••••••••••••••••••••••
"မကြာခင်သေရတော့မှာ"
"ဂျောင်ဝန်း~~~~"
"တောင်းပန်ပါတယ်"
"၀န်းရာ....."
__
__
__
"အဟွတ် အဟွတ်"
ဒါပေမယ့်လည်း....
__
"ငါပြောစရာရှိလို့"
"...."
__
"ကိုကို"
"ဂျောင်ဝန်း~"
"၀န်းရယ်...."
"ကျွန်တော်သာ သေသွား...."
"ကိုကိုရာ..."
"၀န်း!!!!"
___________________________
You are reading the story above: TeenFic.Net