စမ်းရေကြည်ပေါက် (Part 1)
Uni
သူနာမည်က လှလှ၊ အမှန်တော့ မေမေတို့ဖေဖေ တို့ပေးတာက မောင်လှ၊ သူကတော့ ဒါမျိုးတွေမကြိုက်၊ အမေတို့ကလဲ ကျုပ်ကို လှဝေ၊ လှမျိုး လို့ပေးခဲ့ရင်ကောင်းသား ခုတော့ မောင်လှတဲ့ နာမည်ကလဲ တုံးပ၊ ဟိုစာရေးဆရာမလို နာမည်လှလှပေးခဲ့ရင်ကောင်းသာ။ (လှမျိုးလို့ပေးခဲ့ရင် လှမျိုးခင်ဆိုပြီး လုပ်လို့ရသေးတယ် ခုတော့ အဟင့်) သူကတော့ စကားပြောရင် "လှလှကလေ လှလှကလေ" အဲဒီလိုထည့်ပြောကာမှ အာသာတွေ့သည်။ သူကတော့ အများပြောကြသည့် ဟိုမရောက် ဒီမရောက် ခြောက်တောက်တောက်၊ သူမမွေးရပ်ဇာတိလည်း ကြည့်အုံး ၀က်ခဲတဲ့ မြို့မကျတောမကျ၊ သူမလိုပင် ဟိုမရောက်ဒီမရောက်၊ ခြောက်ဂေါက်ဂေါက်။
သူကတော့ မွေးကတည်းခြောက်ပြီ "ငါဟဲ့အခြောက်" လို့ပင်အော်ပြီး မွေးလာသလာ အောင့်မေ့ရသည်။ သူက ငယ်ငယ်ကတည်းက ဆော့ကစားတာပင် အိုးပုတ်တွေဖြင့် အမကြီးတိုင်သာ ကစားသည်။ ပုဆိုးကို ထမိန်လို၀တ် မျက်နာသုတ်ပုဝါကို ဆံပင်တု လုပ်ပြီးတော့မှ ကစားသည်။ ထိုအချိန်မျိုးဆိုရင်တော့ ဖေဖေ နှင့် အကိုတွေ့ လို့ကတော့ လှလှကျောကော့ပြီသာ မှတ်တော့၊ အကိုအောင်ကြိုင် နှင့် အဖေကျော်ဒိုး က ကြိုက်ကြသည်မဟုတ်။ သားမွေးထားပြီး သားလိုမနေတော့ မျက်စိထဲမတွေ့လို့ကတော့ တွေ့တာနှင့်ကောက်ပေါက်၊ ရိုက်သည်။ လှလှကလည်း ရိုက်ပြီးဆိုရင် မမနှင့် အမေဆီပြေးသည်။ မမကတော့ လှလှကိုချစ်သည် ထိုကြောင့်လဲ လှလှလုပ်သမျှကို အသာတကြည်ပင် မေမေကတော့ ပြောမရလက်လျှော့ထားရသည်။
"ငါသားလေး မွေးထားတာပါဟယ် ဘယ်ကဘယ်လို တွေဖြစ်လာခဲ့မှန်းကို မသိဘူး၊ မနိုင်လို့သာ ဒီအတိုင်းကြည့်နေရတယ်"
မေမေကတော့ နုတ်ကသာပြောသည်။ လက်ကတော့ ဘယ်တော့မှမပါ၊ မမကလဲ လှလှကိုဆို အလိုလိုက်သည်။ ငယ်ငယ်ကတည်းက ဆော့ကစားလာကြတဲ့သူတွေလေ။ "လှကလေး လှကလေး" မမကတော့ လှလှအကြိုက်ဆောင်ခေါ်ခဲ့သည်။ အော်ပြောရအုံးမည် အမေနာမည်က ခင်မြိုင် အမနာမည်က ပိုးဝါ မမနာမည် တစ်ခုပင် သူတို့အိမ်မှာလှသည်။
လှလှ ၅တန်းရောက်တော့ ကျောင်းထွက်လိုက်သည်။ လှလှကျောင်းမှာ မိန်းခလေးလို မ၀တ်ရတော့သဖြင့် ကျောင်းကနေပြီးထွက်လိုက်သည်ပါ၊ စာကတော့ မညံ့ပါ၊ မိန်းခလေးလို မ၀တ်ရတော့မှတော့ ကျောင်းလဲတက်ချင်စိတ်မရှိတော့။
မမပိုးဝါကတော့ လှလှအသက် ၁၅ နှစ်မှာယောက်ျားယူသွားသည်။ သူ့ယောက်ျားကလဲ လှလှတို့မြို့လေးကပင် စားရေးကြီးတစ်ယောက်၊ ၀န်းထမ်းတစ်ဦး၊ တကောင်ကြွက် လှလှတို့အိမ်မှာပင် နေသည်။ လှလှအကိုကတော့ အိမ်ထောင်ကျပြီး စီးပွားရေးလုပ်ရန် အထက်ကို တက်သွားတော့သည်။ ထိုနောက် ဘာအဆက်သွယ်မှမရတော့၊ အိမ်ထောင်ပဲ ကျသွားသလိုလို၊ နိုင်ငံခြားပဲထွက်သွားသလိုလို နှင့်မရေမရာသာ သိရသည်။
လှလှအသက် ၁၆ နှစ်မှာပင် လှလှတို့မြို့ကလေးကို မင်္ဂလာဆောင်တစ်ခုမှာ အလှလာပြင်သော အမေပိုင် ဆိုသည့် လှလှဆရာနှင့်ကောက်ကောက်ပါလိုက်သွားကာ ရွှေဘိုမြို့မှာ အလှပြင်ဆိုင်သို့ပါသွားတော့သည်။
လှလှ ရွှေဘိုမသွားခင်မှာပင် အဖေက ပိုးထိကာ ဆုံးသွားသည်။ လှလှ ရွှေဘိုမှာအလှပြင်ဆိုင် တွင်လုပ်ပြီး မိဘတွေကို ငွေပို့ကာထောက်ပံ့သည်။ လှလှဘ၀က လှလှလို့အမည်တွင်အောင်မလှပခဲ့ချေ။ လှလှ ၅ နှစ်လောက် ရွှေဘိုမှာလုပ်ပြီးနောက်မှ၊ အမေမကျမ်းမားသဖြင့် ၀က်ခဲသို့ပြန်လာသည်။ သူပြန်ရောက်တော့ မမပိုးဝါက ခရီးထွက်နေသည်။ ၀န်ထမ်းတွေဆိုတော့ ကိစ္စတစ်ခုဖြင့် ယောက်ျားလုပ်သူနှင့် ပါသွားကာ လိုက်သွားသည်။ အိမ်မှာက တူလေး အကြီးနှင့် မေမေသာ ကျန်ခဲ့သည်။ တူလေး အငယ်ကောင်က မမတို့နှင့်ပါသွားသည်။
"အမေကလဲတော် ဒီလောက်မကျမ်းမားတာ နေနှိုင်တယ် လူကြုံလေးပါပြီး ပြောခိုင်းတာမဟုတ်ဘူး"
"အမလေးတော် လူကြီးရောဂါပါအေ ဘာမှဖြစ်တာမဟုတ်ဘူး ဆေးမီတိုတွေနဲ့ ပျောက်ပါ့တော်"
"အမေတို့ကပြောလိုက်ရင်ဒီလိုကြီးပဲ၊ အကြီးကောင်ကို ဒီမှာထားခဲ့တော့ အမေလည်း ဘယ်လိုနိုင်မလဲ"
အကြီးကောင်လေးက ကျောင်းပင်တက်နေပါပြီး။ သူငယ်တန်း နာမည်က မိုးကြီးတဲ့ တုံးလိုက်တာ။ သူသာရှိရင် နာမည်ကို ရှယ်ပေးဖြစ်မည်။
"တူအငယ်လေး နာမည်ကဘာတဲ့လေ"
"နာမည်က မိုးလေးတဲ့ နင်ပြန်လာမှ နာမည်အတည်ယူမယ်ပြောတာပဲ"
"အော် ဂလိုလာ...ဒါနဲ့ မမတို့သွားတာ ကြာပြီးလာ ဘယ်တော့ပြန်လာမှာလဲ"
"မနက်ဖြန်ရောက်မယ်ပြောတာပဲ"
"အော်"
သို့သော် မမပိုးဝါတို့ အိမ်ကို ပြန်မရောက်နိုင်တော့ မမတို့စီးလာသည့် ကားက တိမ်းမှောက်ကာ မမနှင့် ခဲအို (ယောက်ဖ) ကတော့ပွဲခြင်းပြီးပင်ဆုံးပါးသွားသည်။ ကံကောင်းသည့် တူငယ်လေးသာ အသက်ရှင်ကျန်ခဲ့သည်။ လူမမယ်တူငယ်လေးသာ အိမ်ပြန်ရောက်လာသည်။
မေမေသည်လဲ စိတ်ထောင်ကိုယ်ကျေဖြစ်ကာ ထိုနှစ်ထဲမှာပင် ဆုံးပါးသွားခဲ့သည်။ လှလှဘ၀ အရှင်လတ်လတ် နှင့်ငရဲကျသလိုဖြစ်ကာ တူလေးနှစ်ယောက်နှင့်သာ ကျန်ခဲ့တော့သည်။ ထိုအရာက လှလှဘဝလေးပင်ဖြစ်တော့သည်။
မလှမပ လှလှတစ်ယောက် တူလေးနှစ်ယောက်လက်ကိုဆွဲကာ ရွှေဘိုမြို့သို့ လှမ်းလာခဲ့တော့သည်။ တူလေးနှစ်ယောက်ကို လှလှစိတ်ကြိုက်နာမည်များ မှတ်တွင်စေတော့သည်။ အကြီးကောင်က မိုးယံထက်၊ အငယ်ကောင်ကိုတော့ ၀သုန်ခေါင်၊ လှလှမလုပ်ခဲ့ရသည့် အလှဆုံးသော အလှများကို တူလေးနှစ်ယောက်ကို ပေးတော့သည်။ တူလေးတွေက လှလှဘ၀၊ လှလှအသက်၊ လှလှအိမ်မက်များပင် ဖြစ်တော့သည်။
အပေါင်းဖေါ်များကတော့ လှလှကို ဂရုဏာတက်စွာ ပြောကြသည်။
"ညည်းမလဲအေ ဒူးမနာသားတွေကြောင့် ဖက်သီဖက်သီနဲ့"
"ဘာပြောတယ်"
"အော်မှားသွားလို့ ၀မ်းမနာသား.....၀မ်းမနာသား"
"အဲလိုလုပ်ပါအေ ဂယ်ပဲ မပြောချင်ဘူး ခိုင်ခိုင်နော် စကားပြောဆင်ခြင်"
"ညည်းကလေ ကြက်မကြီးက ဘဲသားလေးတွေကို ကြည့်ထိမ်းနေသလိုပဲ တစ်ကယ့်သားသည်မအေ ကြီးကြနေတာပဲ"
"အို....သူတို့တွေက လှလှသားတွေပါနော်"
လှလှကတော့ တူတွေကို အရမ်းချစ်သည်။ ၀က်ခဲမှ ကျန်ခဲ့သည့် အိမ်ခြံမြေများကို ရောင်းကာ ရွှေဘိုမြို့စွန်းတွင် အိမ်လေးတစ်လုံး၀ယ်ကာ ဆရာမ (ဆရာ) ပိုင်ပိုင် ဆီမှာပင် အလှပြင် အလုပ် လုပ်ကာ တူလေးတွေကို ရှာကျွေးနေရပါသည်။
အကြီးကောင် မိုးယံထက် ကတော့ငြိမ်သည်။ အေးဆေးသည်။ စာကြိုးစားသည်။ သိတတ်ကာစဖြစ် နေလို့လာတော့မသိ စာကို ကုပ်ကုပ်နှင့် အလုပ်များလုပ်သည်။ လှလှကိုလဲ အိမ်အလုပ်များ ဝုိင်းကူသည်။ လိမ္မာသည်။ တော်သည်။ လှလှစိုးရီမ်တာတစ်ခုပင် မိုးယံထက်ကို ကြည့်ရသည်က မလှုပ်တလှုပ်ဖြင့် သူလို ဖြစ်မှာကိုပင်စိုးရီမ်သည်။ စိုးရီမ်သည်က အခြားမဟုတ် မပွင့်လင်းပဲ မဟုတ်တာတွေကို စိတ်ပါပြီး လုပ်ချသွားရင်တော့ လှလှရင်ကျိုးပြီး။
"သားမိုးယံ"
"ဗျာကြီးမေ"
"သားလိုချင်တာပြောနော် စိတ်ထဲကြိတ်မှိတ်မနေနဲ့ တိုင်ပင်စရာရှိတာ တိုင်ပင် ပြောစရာရှိတာပြော"
"သားဘာမှ မလိုပါဘူး အားလုံးပြည့်စုံနေတာပါပဲ ကြီးမေပေးထားတဲ့ မုန့်ဘိုးလည်း မကုန်သေးဘူး ရှိသေးတယ်"
ထိုကဲ့သို့လိမ္မာသည။် သိတတ်သည်။ လှလှအကြိုက် ကြီးမေလို့ပင်ခေါ်သည်။ အငယ်ကောင် ၀သုန်ခေါင်ကတော့ မနိုင် ငယ်ငယ်ကတည်းက ဇနှင့်လာသည်။ သွက်သည်။ စိတ်မြန်သည်။ သို့သော် အကြီးကောင်လိုမဟုတ်၊ စာမကြိုးစားပေမယ့် ဥာဏ်ကောင်းသည်။ တွက်ကပ်တတ်သည်။ ထိုကြောင့်လဲပဲ အငယ်ကောင် အတွက်တော့ စိတ်မချနိုင်ချေ။
"ကြီးမေကို ကြီးကြီးလို့မခေါ်ပဲ ကြီးမေလို့ ခေါ်နော်"
"အာခေါ်ချင်ပါဘူး ယောက်ျားသံကြီးနဲ့ ကြီးမေလို့ခေါ်ရတာမမိုက်ပါဘူး"
"ခေါ်ပါ သားခေါ်ရင် သကြားလုံးကျွေးမယ် တစ်ခွန်းခေါ်ရင် တစ်လုံးပေးမယ်"
"တစ်ကယ်နော် ကြီးမေ၊ ကြီးမေက သကြားလုံးကျွေးမယ်ဆိုတော့ ကြီးမေ ကို ကြီးမေလို့ ခေါ်မှာတစ်ကယ်နော်၊ ကြီးမေရယ် သားက သကြားလုံးစားချင်လို့တော့ မဟုတ်ပါဘူး ကြီးမေက ခေါ်စေချင်လို့သာ ခေါ်ရတာပါ ကြီးမေ၊ ကြီးမေလို့ ခေါ်စေချင်ရင်တော့ ကြီးမေပဲ ခေါ်မှာပေါ့ ကြီးမေရယ် ကြီးမေက ကြီးမေပါပဲ"
"အေးလေ အဲလိုခေါ်မှပေါ့"
"အင်း...ပေးတော့ သကြားလုံး ၁၂ လုံး"
"အဲတော့......"
"ဟုတ်တယ်လေ သားခေါ်ပြီးသွားပြီ ပေးတော့ ကြီးကြီး"
"ဟဲ့ ကြီးမေလို့ ထက်ခေါ်လေ"
"ခုတော့ ခေါ်တော့ဘူး သကြားလုံး ၁၂ လုံးဆိုတော့ လုံလောက်ပြီး စားချင်တဲ့နေ့ကြမှ ထက်ခေါ်မယ်"
"တိန်.........မှားပါတယ်တော်"
ထိုသို့မနိုင်သော ၀သုန်ကိုတော့ ပို၍ဂရုတစိုက်ကြည့်နေရပါတော့သည်။
"လှလှ"
"ရှင် မမပိုင်"
"ညည်းကြည့်ရတာ ငါရင်မောလိုက်တာအေ၊ ခုညည်းသားတွေရော ဘယ်လိုနေကြသေးလဲ၊ အကြီးကောင်လေးက ခု ၁၀ တန်းနော်"
"အင်းမမပိုင် ပြောလဲ ပြောချင်စရာပဲ မမပိုင်ရယ် လာမည့်နှစ်ကျရင်တော့ အပို၀င်ငွေရအောင် ပိုလုပ်ရတော့မယ်၊ အကြီးကောင်လေးက စာတော်တယ်လေ၊ သူကတော့ မှန်းထားတယ် ဆရာ၀န်ကြီး ဖြစ်ချင်တယ်တဲ့"
"ဟဲ့သူ့အိုးနဲ့ သူ့ဆန်လည်း တည့်အောင်လုပ်အုံး၊ မနိုင်ပဲ ပဲကြီးဟင်းမစားချင်နဲ့"
"သူသာ ကြိုးစားမယ်ဆိုလို့ကတော့ လှလှကတော့ နဖူးကခြွေ ခြေမထိပဲကျကျ လုပ်ရမှာပဲ၊ သူတို့လေး တွေကြိုးစားရင် လှလှမောရတာ ကျေပါတယ် မမပိုင်ရယ်"
"ဟင်း...ငါလဲရင်မောတယ် ရင်မောတယ် နင့်အစား"
"လှလှ ခိုင်တစ်ခုပြောမယ်"
"အင်းပြော"
"အပို၀င်ငွေရအောင် နတ်ကနားလိုက်ကပါလာ"
"ဟယ် ဟုတ်တယ် လှလှ ခိုင်ပြောတာ ကောင်းတယ် ညည်းတို့ ကျုပ်တို့ဘ၀က ဒီလိုပဲ လုပ်ရမှာလေ"
"အဝေးကြီးတွေတော့ လိုက်မကချင်ဘူး မမပိုင်ရယ်"
"အို ညည်းသားတွေလဲ ငယ်တော့တာမှ မဟုတ်တာ"
"အင်း ဟုတ်တယ် မပိုင်ပြောတာမှန်တာပဲ လှလှရယ်"
လှလှတစ်ယောက် စဉ်းစားကာနေသည်။ ထိုနောက်တွင်တော့ စိတ်ကိုဆုံးဖြတ်ချက်ချကာ နတ်ကနားပွဲများကို လိုက်ကတော့သည်။ လှလှက ရုပ်ကလေးကလည်း ချစ်စရာ၊ မြင်သူတိုင်း သနားချစ်ခင်စေတဲ့ ကုသိုလ်ကံလေးက ပါလာတော့၊ လှလှ နတ်ကနားကတာနှင့် အပို၀င်ငွေ ရှာလို့ရလာတော့သည်။
နတ်ကနား တခွင်တွင်တော့ လှလှနှင့် နာမည်များက ကြီးသထက်ကြီးလာတော့သည်။ လှလှကတော့ ယိုးဒယားက၊ မွန်က၊ ဗမာက အမျိုးဆုံးအောင်ကိုပင် ဒန့်ပစ်သည်။ လှလှ စီးပွားရေးသောင်းကျန်ကာ ရှာနေသမျှကတော့ တူလေးတွေအတွက်ပင်မဟုတ်လား။ သူတို့အတွက် လှလှမောတာကတော့ ပြောပလောက်စရာမရှိတော့။ လှလှပျော်ပါသည်။ လှလှတူလေးတွေကို ချစ်ပါသည်။
အကြီးကောင် မိုးယံထက် ဆေးကျောင်းတက်တော့ လှလှပို၍ ရုန်းကန်ရပါတော့သည်။ မိုးယံထက် ဆေးကျောင်း ဒုတိယနှစ်မှာ အငယ်ကောင် ၀သုန်ခေါင် ဗွေးဖေါက်လာတော့သည်။
"လှလှ တစ်ယောက်တည်းရှာနေတာ မကြည့်ရက်တော့ဘူး ကျနော် ကျောင်းထွက်တော့မယ်၊ အလုပ်လုပ်မယ်ဗျာ"
"အလိုတော် မလုပ်ရပါဘူး ကြီးမေရှာကျွေးနိူင်ပါတယ် သားရယ်"
"မဖြစ်ပါဘူး ကိုကိုကျောင်းစရိတ်က တော်တော်ကြီးတာ လှလှတစ်ယောက်တည်း ရှာနေရတာ ကျနော်မနေနိုင်ဘူး"
၀သုန်ခေါင်ကိုတော့ လှလှမနိုင် ပြောရင် ပြောသလိုလုပ်တတ်သော အကျင့်ဆိုးလေးကြောင့် ကြောက်ရသည်။
"ဒါဆိုလဲ ဆယ်တန်းလေးတော့ အောင်..အောင်ဖြေ၊ ပြီးမှ သားစိတ်ကြိုက်လုပ် ဟုတ်ပြီးလာ"
"ဟာ ဗျာ နောက်ထက် တစ်နှစ်ကြီးတောင် စောင့်ရအုံးမယ်"
"စောင့်ရမယ်တော်ရေ...ကြီးမေကျေးဇူးကို ဆပ်ချင်ရင်တော့ ဆယ်တန်းတော့ အောင်...အောင်လုပ်"
လှလှ စိတ်ကောက်ပြကာ နှစ်ရက်လောက်စကားမပြောပဲ နေပြတော့မှ ၀သုန်ခေါင် စိတ်ကိုလျော့လိုက်တော့သည်။ ၀သုန်ခေါင်ကတော့ အငယ်ဆိုပေမယ့် သိတတ်နာလည်တတ်သူ တစ်ယောက် ဖြစ်လို့နေပါတော့သည်။
"တောက်"
၀ုန်း...ဒိုင်.....
လှလှ အလုပ်ကပြန်လာသည်။ အိမ်ပေါ်တွင်ပင် မရောက်သေး အိမ်ပေါ်မှ အသံဗလံများကြောင့် ထိတ်လန့်သွားသည်။
"ဟဲ့...ဟဲ့...ဘာဖြစ်တာလဲ သား ဘာဖြစ်တာလဲ ၀သုန်"
လှလှအိမ်ပေါ်ပြေးတက်သွားတော့၊ ၀သုန်သောင်းကျန်နေတာတွေရပ်ပစ်လိုက်သည်။
"ဟဲ့ ငါမေးနေတယ်လေ မထိတ်သာ မလန့်သာဟယ် ပြောစမ်းပါအုံး ဘာတွေပြဿနာဖြစ်လာတာလဲ"
"ဘာဖြစ်ရမှာလဲ လှလှကို ဟိုလမ်းထိပ်က ဦးခင်မောင်မိန်းမ မကြည်ဌေး အတင်းတွေ ပြောနေတာ ကြည့်မရလို့ ဒေါသထွက်နေတာ၊ ယောက်ျားခြင်းခြင်းသာ ဆိုဆွဲထိုးပစ်ခဲ့တယ်"
"ဟဲ့ ဘာပြောလိုက်ကြလို့တုံး ကိုယ်မဟုတ်ရင် ပြီးတာပဲကို ဘာဖြစ်လို့ ဒီလောက် ဒေါသထွက်နေရတာလဲ၊ ကာယံကံရှင် ငါကိုယ်တိုင်တောင် ဘာမှမဖြစ်ပဲနဲ့၊ ဘာမဟုတ်တာလေးနဲ့ ပြဿနာမရှာ ချင်စမ်းနဲ့ ဒီကမောမော နဲ့ ပြန်လာတာကို ငါ့လဲ သနားအုံး"
"ကျနော်က အလကားဒေါသထွက်တာမှမဟုတ်ဘူး သူတို့ ရိုးရိုးပြောရင်တော်ပါသေးတယ်၊ ခုတော့ ကြီးကြီးကို ယောက်ျားပိုင်လုံး၊ ယောက်ျားတွေကို မြူးစွယ်နေတယ်၊ ဟိုလိုမပြောရုံတမယ်ပဲ၊ ဒါတွေလုပ်စား ပြီး ပိုက်ဆံရှာနေတာတဲ့လေ"
"ဘာ....ဘာပြောတယ်"
လှလှတစ်ယောက် တူတော်မောင်ကို တော့ဒေါသမထွက်ရန် တားနိုင်ပေမယ့် ခုလိုကြားလိုက်တော့ ဒေါသတွေ ဘယ်လိုမှ မထိမ်းနိုင်တော့ချေ။
လုံချည်စွန်းကိုကိုင်ကာ ဒေါသအလိတ်လိတ်ဖြင့် ပိုက်ဆံအိတ်ကို အိမ်ပေါ်ပစ်ချပြီး အိမ်ပေါ်မှ တဒုန်းဒုန်းနှင့် ဆင်းသွားတော့သည်။ ၀သုန်ခုတော့ တစ်ဖန် သူကပြန်ပြီးလိုက်ထိမ်းရတော့သည်။
"ဘယ်ကောင်မတွေလဲ ငါ့စောက်တင်းပြောရအောင်၊ ဟဲ့လှလှတဲ့ တစ်လှလှတည်းရှိတယ်၊ ဒီရပ်ကွက်မှာ နေတာ နှစ် ၂၀ရှိပြီး ခုမှရောက်လာတဲ့ကောင်မကများ ငါ့အကြောင်းမကာင်းပြောရတယ်ရှိသေးတယ်၊ သူများထမင်းအိုးလဲမခွဲဘူး၊ ထမင်းခွက်လဲမလုဘူး၊ ဆရာလိုလိုသဘာလိုလို တော့လာမလုပ်နဲ့ လှလှအကြောင်း ကောင်းကောင်းသိသွားမယ်၊ ဘယ်မှာလဲ သတ္တိရှိရင်ထွက်ခဲ့လေ၊ ဘာခုမှ နှစ်လုံးထိုးသလိုလို သုံးလိုထိုးသလိုလို အူကြောင်ကြောင်မလုပ်နဲ့ လှလှကတော့ တလုံးတည်းထိုးထည့်လိုက်လို့ ဘာဖြစ်သွားမယ်အောင့်မေ့လဲ၊ ဟင်လာကြစမ်းပါ"
လှလှတစ်ယောက် လမ်းထိပ်ထွက်ပြီး ရန်ရှာနေသည်။ ၀သုန်လဲ နောက်ကလိုက်လာပြီး ဆွဲပေးသလိုလို နှင့် ကြီးကြီးကို မြှောက်နေသည်။
"ဟုတ်တယ် သူတို့ကပြောသေးတယ် ဟိုမရောက်ဒီမရောက်တဲ့"
"ဘာ..ငါ့ကိုများ ဟိုမရောက်ဒီမရောက်ပြောရအောင် ဒင်းကရော ဘယ်ရောက်နိုင်လို့လဲ"
လမ်းမှဖြတ်သွားဖြတ်လာ လုပ်သူများက ကွက်ကြည့်ကွက်ကြည့်ဖြင့် ပြုံးကာ သွားကြသည်။ အိမ်ထဲမှ လူတစ်ချို့ကလဲ အထူးတဆန်းလုပ်ကာ ထွက်ကြည့်ကြသည်။ လှလှကတော့ ဒေါ်ကြည်ဌေး အိမ်ရှေ့မှာ သောင်းကျန်တော့သည်။ ဒေါ်ကြည်ဌေးသည်ထွက်မလာပဲ အိမ်ထဲကုပ်နေသည်။ လှလှက အိမ်ရှေ့မှာ အော်နေသည်ဆိုတော့ ဒေါ်ကြည်ဌေးကြာတော့ မနေနိုင်တော့ အိမ်ပြင်ထွက်လာပါတော့သည်။
"ဟင် သူများအိမ်ရှေ့ မှာရာရာစစ လာအော်နေရအောင် သောက်ဆင့်ကိုမရှိဘူး"
"ဟဲ့ သူများသောက်တင်းပြောတာကြတော့ အဆင့်ရှိလို့လာ၊ ငါကနင်လို နှစ်လုံးထိုးဘို့ ပစ္စည်းလိုက်ပေါင်နေရတဲ့ ဘ၀မဟုတ်ဘူး၊ ကိုယ့်အဆင့်နဲ့ကိုယ်နေတာ နင်သာ မိန်းမတန်မဲ့ လုပ်ချင်တိုင်လုပ်နေတာလေ"
သူတပြန်ကိုယ်တပြန်ပြောဆိုနေကြ ရန်ဖြစ်နေကြတော့ လူတစ်ချို့ကထွက်လာပြီး ပြန်မဖြေကြပဲ ပွဲကြည့်သလို အေးအေးဆေးဆေးကြည့်နေကြသည်။ ရယ်သူကရယ်၊ ပြုံးသူကပြုံး၊ လှလှကလဲ ရန်တွေ့တာတောင်မှ အိုက်တင်နှင့် လက်ကိုလဲ အပေါ်နှင့် အောက်ရိုက်ရသည်။
ထိုအချိန် ခိုင်ခိုင်နှင့် ပိုင်ပိုင်ရောက်လာသည်။
"ဟဲ့လှလှဘာဖြစ်တာလဲ"
"အိုလမ်းလယ်ခေါင်ကြီးမှာ ၀သုန် နင့်ကြီးမေကို ဒီအတိုင်းကြည့်နေရလာ"
"ကြည့်မနေပါဘူးဗျာ ကူးချမလို့လိုက်လာတာ"
"တယ် ဒီကောင်လေးက တစ်မှောင့်၊ လှလှရယ် စိတ်လျော့မှပေါ့ ကိုယ့်အဆင့်တွေမန်ိမ့်သွားအောင်လုပ်ရ မယ်လေ"
"မမပိုင်ဘာသိလဲ ဒီကောင်မကြီးက နေ့တိုင်းလိုလို လှလှကို စောက်တင်းပြော့ပီးစော်ကားနေတာ"
"ဟဲ့သောက်ခြောက်မ နင့်ကိုဒီလိုပြောတာ မှန်လို့ပြောတာပဲ နင်ပေါင်းနေတဲ့ဟာတွေလဲကြည့် သောက်ဆင့်မရှိတဲ့ဟာတွေ"
"ဘာ............"
"အမငီး"
မမပိုင်အသံကြီးက မိုးခြိမ်းသလို ထွက်သွားသဖြင့် လှလှပင်လန့်သွားသည်။ ခိုင်ခိုင်က ဘေးသို့လန့်ကာ ခုန်ရှောင်လိုက်သေးသည်။
"ဒီမယ် ကြီးဒေါ်၀က်မ ၀က်မလိုခန္ဒာကိုယ်ကို ပိုင်ဆိုင်ထားလို့ ကျုပ်တို့လှတာကို မနာလိုဖြစ်နေလို့ပေါ့လေ၊ ဒီမယ် အခြောက်ဆိုပေမယ့် အဆင့်ရှိတယ်၊ သူများသောက်တင်းလဲ မပြောဘူး၊ အားအားယားယားလဲ မနေနိုင်ဘူး၊ သောက်လုပ်နဲ့ နေတာ၊ အိမ်မှာဆန်ဘိုးမရှိလို့ လိုက်ပြီးပေါင်စားနေတဲ့သူတွေထဲမှာလဲ မပါဘူး၊ အခြောက်တဲ့ ဂုဏ်ရှိရှိသိက္ခာရှိရှိနေတာ"
"အမလေးတော့ အခြောက်တွေက လာစော်ကားနေပါတယ်တော့"
လှလှကိုလာတွေ့သော မမပိုင်နှင့် ခိုင်ခိုင်ပင် စိတ်မထိမ်းနိုင်ကြတော့ပဲ ရန်ပွဲကြီးတွင်ဆင်နွှဲလိုက်ရတော့သည်။ နောက်ဆုံးရလဒ်ကတော့ ရုံးရပ်ကွက်တွင် နှစ်ဘက်အသီးသီး ဒဏ်ငွေဆောင်လိုက်ရတော့သည်။ ရုံးတွင် တစ်နာရီလောက် လူကြီးပြောတာကို နားထောင်လိုက်ရသေးသည်။
အိမ်ကိုပြန်ရောက်တော့ ၊ တူတော်မောင်က ရေခွက်များခပ်ကာ ထိုင်စောင့်နေသည်။
"ရော့ ကြီးကြီးမောလာတယ် သောက်လိုက်အုံး၊ အဲ့ဒီဘွားတော်ရဲ့သားတွေပါလို့ကတော့ ကျနော်လည်း ၀င်ချမလို့စောင့်နေတာ၊ ဒီကောင်တွေကလဲ သတ္တိမရှိလိုက်တာ တုတ်တုတ်မှမလှုပ်ကြဘူး ကျနော်ကတော့ မချပဲပြန်လာရတယ် နာလိုက်တာ"
ဒေါက်...
"အ...ကျနော်ကို ဘာလို့ခေါက်တာလဲ ကြီးကြီးကလဲ"
"နင့်ကြောင့်လဲ ငါညစ်တယ် ဂယ်ပဲ မပြောချင်ဘူး ရန်ဖြစ်မယ်ဆိုတာကြီးပဲ၊ မောလာတယ် အသာသွားနေစမ်း၊ ဒါနဲ့မမပိုင်တို့လာရတဲ့ကိစ္စက ဘာလဲ"
"ဟောတော့ မေ့တော့မလို့ ရန်ဖြစ်တာနဲ့ ဘယ်ရောက်သွားလဲ မသိဘူး"
"ဟုတ်ပါ့တော် ရန်မဖြစ်ရတာကြာလို့ ရန်ဖြစ်ရတာ အရသာတွေ့လိုက်တာတော်"
"အရေးထဲ ခိုင်ခိုင်မ နင်ကိုတော့ အရသာရှိအောင်....."
"အလိုတော် လှလှသားရှေ့မှာ မဟုတ်တာတွေပြောမနေကြနဲ့ ကလေးရှိတယ်"
လှလှအတင်းတားလိုက်မှ မမပိုင် လျှာကိုကိုက်ကာ ရပ်လိုက်ရသည်။
"အဟီး...ကြီးကြီးတို့ရန်ဖြစ်တာ ရယ်ခြင်စရာကြီး"
"တယ် ငါထက်ခေါက်လိုက်ရ"
"ကဲပါလှလှရယ် လာရတဲ့ကိစ္စကိုပဲပြောတော့မယ်၊ လာမယ့် လကြရင် မန်းမှာ နတ်ကနားသွားကရမယ် အဲဒါလာပြောတာ"
"ဟယ် ဟုတ်လား အဝေးကြီးတော် ဒါပေမယ့် သားကြီးရှိတဲ့ မြို့ကိုသွားရမှာဆိုတော့ ပျော်ထှာ"
"အေးပေါ့ဟဲ့ ဒါကြောင့်လာပြောတာ"
"ဒါဆိုကျနော် မန်းကိုသွားစရာမလိုတော့ဘူးပေါ့၊ ကိုကို ကိုယ်ကြီးကြီးပဲ ပိုက်ဆံသွားပို့လိုက်တော့"
"ဟဲ့ဖြစ်မလား နင့်အကိုက အကြာကြီးစောင့်နေရမှာ မနက်ဖြန်ကျောင်းပိတ်တုန်းသွားပို့လိုက်"
"ဟုတ်ပါပြီးဗျာ"
၀သုန်လစဉ် ကိုကိုဆီကို ပိုက်ဆံသွားပြီးပို့ပေးနေရသည်။ ကိုကိုက လှလှအလုပ်ပျက်မည်။ လှလှကို လာမပို့နဲ့လို့မှာထားပြီး ၀သုန်ကိုပဲ ပို့ပေးစေခဲ့သည်။ ၀သုန်အသက်က ၁၅ နှစ် သို့ပေမယ့် လူကောင်ကထွားသည်။ လူကြီးပုံပင်ပေါက်လို့နေပါသည်။ ကိုကိုဆေးကျောင်းတက်ကတည်းက ပိုက်ဆံများကို လစဉ်သူပဲသွားပို့နေခဲ့ရသည်။ ထိုကြောင့် ထိုလမ်းသည် သူ့အတွက်တော့ ကျင့်သားရနေပြီးသာ ဖြစ်နေပါသည်။
လှလှကတော့ စီးပွားရေးတွင်လုံးပန်းနေရတော့ မန်းကိုလည်းမရောက်၊ ရာသီအလိုက် စီးပွားရေးကို လောဘတကြီးလိုက်ရှာနေရသည်။ လှလှကတော့ သူမောပန်းသမျှ ဒီသားလေး နှစ်ယောက်အတွက်သာ ဖြစ်နေပါတော့သည်။
ဆက်ရန်
Jinjar
Zawgi
သူနာမည္က လွလွ၊ အမွန္ေတာ့ ေမေမတို႔ေဖေဖ တို႔ေပးတာက ေမာင္လွ၊ သူကေတာ့ ဒါမ်ိဳးေတြမႀကိဳက္၊ အေမတို႔ကလဲ က်ဳပ္ကို လွေဝ၊ လွမ်ိဳး လို႔ေပးခဲ့ရင္ေကာင္းသား ခုေတာ့ ေမာင္လွတဲ့ နာမည္ကလဲ တံုးပ၊ ဟိုစာေရးဆရာမလို နာမည္လွလွေပးခဲ့ရင္ေကာင္းသာ။ (လွမ်ိဳးလို႔ေပးခဲ့ရင္ လွမ်ိဳးခင္ဆိုၿပီး လုပ္လို႔ရေသးတယ္ ခုေတာ့ အဟင့္) သူကေတာ့ စကားေျပာရင္ "လွလွကေလ လွလွကေလ" အဲဒီလိုထည့္ေျပာကာမွ အာသာေတြ့သည္။ သူကေတာ့ အမ်ားေျပာၾကသည့္ ဟိုမေရာက္ ဒီမေရာက္ ေျခာက္ေတာက္ေတာက္၊ သူမေမြးရပ္ဇာတိလည္း ၾကၫ့္အံုး ၀က္ခဲတဲ့ ၿမိဳ႔မက်ေတာမက်၊ သူမလိုပင္ ဟိုမေရာက္ဒီမေရာက္၊ ေျခာက္ေဂါက္ေဂါက္။
သူကေတာ့ ေမြးကတည္းေျခာက္ၿပီ "ငါဟဲ့အေျခာက္" လို႔ပင္ေအာ္ၿပီး ေမြးလာသလာ ေအာင့္ေမ့ရသည္။ သူက ငယ္ငယ္ကတည္းက ေဆာ့ကစားတာပင္ အိုးပုတ္ေတျြဖင့္ အမႀကီးတိုင္သာ ကစားသည္။ ပုဆိုးကို ထမိန္လို၀တ္ မ်က္နာသုတ္ပုဝါကို ဆံပင္တု လုပ္ၿပီးေတာ့မွ ကစားသည္။ ထိုအခ်ိန္မ်ိဳးဆိုရင္ေတာ့ ေဖေဖ ႏွင့္ အကိုေတြ့ လို႔ကေတာ့ လွလွေက်ာေကာ့ၿပီသာ မွတ္ေတာ့၊ အကိုေအာင္ႀကိဳင္ ႏွင့္ အေဖေက်ာ္ဒိုး က ႀကိဳက္ၾကသည္မဟုတ္။ သားေမြးထားၿပီး သားလိုမေနေတာ့ မ်က္စိထဲမေတြ့လို႔ကေတာ့ ေတြ့တာႏွင့္ေကာက္ေပါက္၊ ရိုက္သည္။ လွလွကလည္း ရိုက္ၿပီးဆိုရင္ မမႏွင့္ အေမဆီေျပးသည္။ မမကေတာ့ လွလွကိုခ်စ္သည္ ထိုေၾကာင့္လဲ လွလွလုပ္သမ်ွကို အသာတၾကည္ပင္ ေမေမကေတာ့ ေျပာမရလက္ေလ်ွာ့ထားရသည္။
"ငါသားေလး ေမြးထားတာပါဟယ္ ဘယ္ကဘယ္လို ေတျြဖစ္လာခဲ့မွန္းကို မသိဘူး၊ မႏိုင္လို႔သာ ဒီအတိုင္းၾကၫ့္ေနရတယ္"
ေမေမကေတာ့ ႏုတ္ကသာေျပာသည္။ လက္ကေတာ့ ဘယ္ေတာ့မွမပါ၊ မမကလဲ လွလွကိုဆို အလိုလိုက္သည္။ ငယ္ငယ္ကတည္းက ေဆာ့ကစားလာၾကတဲ့သူေတြေလ။ "လွကေလး လွကေလး" မမကေတာ့ လွလွအႀကိဳက္ေဆာင္ေခၚခဲ့သည္။ ေအာ္ေျပာရအံုးမည္ အေမနာမည္က ခင္ၿမိဳင္ အမနာမည္က ပိုးဝါ မမနာမည္ တစ္ခုပင္ သူတို႔အိမ္မွာလွသည္။
လွလွ ၅တန္းေရာက္ေတာ့ ေက်ာင္းထြက္လိုက္သည္။ လွလွေက်ာင္းမွာ မိန္းခေလးလို မ၀တ္ရေတာ့သျဖင့္ ေက်ာင္းကေနၿပီးထြက္လိုက္သည္ပါ၊ စာကေတာ့ မညံ့ပါ၊ မိန္းခေလးလို မ၀တ္ရေတာ့မွေတာ့ ေက်ာင္းလဲတက္ခ်င္စိတ္မရိွေတာ့။
မမပိုးဝါကေတာ့ လွလွအသက္ ၁၅ ႏွစ္မွာေယာက္်ားယူသြားသည္။ သူ႔ေယာက္်ားကလဲ လွလွတို႔ၿမိဳ႔ေလးကပင္ စားေရးႀကီးတစ္ေယာက္၊ ၀န္းထမ္းတစ္ဦး၊ တေကာင္ႂကြက္ လွလွတို႔အိမ္မွာပင္ ေနသည္။ လွလွအကိုကေတာ့ အိမ္ေထာင္က်ၿပီး စီးပြားေရးလုပ္ရန္ အထက္ကို တက္သြားေတာ့သည္။ ထိုေနာက္ ဘာအဆက္သြယ္မွမရေတာ့၊ အိမ္ေထာင္ပဲ က်သြားသလိုလို၊ ႏိုင္ငံျခားပဲထြက္သြားသလိုလို ႏွင့္မေရမရာသာ သိရသည္။
လွလွအသက္ ၁၆ ႏွစ္မွာပင္ လွလွတို႔ၿမိဳ႔ကေလးကို မဂၤလာေဆာင္တစ္ခုမွာ အလွလာျပင္ေသာ အေမပိုင္ ဆိုသည့္ လွလွဆရာႏွင့္ေကာက္ေကာက္ပါလိုက္သြားကာ ေရႊဘိုၿမိဳ႔မွာ အလျွပင္ဆိုင္သို႔ပါသြားေတာ့သည္။
လွလွ ေရႊဘိုမသြားခင္မွာပင္ အေဖက ပိုးထိကာ ဆံုးသြားသည္။ လွလွ ေရႊဘိုမွာအလျွပင္ဆိုင္ တြင္လုပ္ၿပီး မိဘေတြကို ေငြပို႔ကာေထာက္ပံ့သည္။ လွလွဘ၀က လွလွလို႔အမည္တြင္ေအာင္မလွပခဲ့ေခ်။ လွလွ ၅ ႏွစ္ေလာက္ ေရႊဘိုမွာလုပ္ၿပီးေနာက္မွ၊ အေမမက်မ္းမားသျဖင့္ ၀က္ခဲသို႔ျပန္လာသည္။ သူျပန္ေရာက္ေတာ့ မမပိုးဝါက ခရီးထြက္ေနသည္။ ၀န္ထမ္းေတြဆိုေတာ့ ကိစၥတစ္ခုျဖင့္ ေယာက္်ားလုပ္သူႏွင့္ ပါသြားကာ လိုက္သြားသည္။ အိမ္မွာက တူေလး အႀကီးႏွင့္ ေမေမသာ က်န္ခဲ့သည္။ တူေလး အငယ္ေကာင္က မမတို႔ႏွင့္ပါသြားသည္။
"အေမကလဲေတာ္ ဒီေလာက္မက်မ္းမားတာ ေနႏိႈင္တယ္ လူႄကံုေလးပါၿပီး ေျပာခိုင္းတာမဟုတ္ဘူး"
"အမေလးေတာ္ လူႀကီးေရာဂါပါေအ ဘာမျွဖစ္တာမဟုတ္ဘူး ေဆးမီတိုေတြနဲ႔ ေပ်ာက္ပါ့ေတာ္"
"အေမတို႔ကေျပာလိုက္ရင္ဒီလိုႀကီးပဲ၊ အႀကီးေကာင္ကို ဒီမွာထားခဲ့ေတာ့ အေမလည္း ဘယ္လိုႏိုင္မလဲ"
အႀကီးေကာင္ေလးက ေက်ာင္းပင္တက္ေနပါၿပီး။ သူငယ္တန္း နာမည္က မိုးႀကီးတဲ့ တံုးလိုက္တာ။ သူသာရိွရင္ နာမည္ကို ရွယ္ေပးျဖစ္မည္။
"တူအငယ္ေလး နာမည္ကဘာတဲ့ေလ"
"နာမည္က မိုးေလးတဲ့ နင္ျပန္လာမွ နာမည္အတည္ယူမယ္ေျပာတာပဲ"
"ေအာ္ ဂလိုလာ...ဒါနဲ႔ မမတို႔သြားတာ ၾကာၿပီးလာ ဘယ္ေတာ့ျပန္လာမွာလဲ"
"မနက္ျဖန္ေရာက္မယ္ေျပာတာပဲ"
"ေအာ္"
သို႔ေသာ္ မမပိုးဝါတို႔ အိမ္ကို ျပန္မေရာက္ႏိုင္ေတာ့ မမတို႔စီးလာသည့္ ကားက တိမ္းေမွာက္ကာ မမႏွင့္ ခဲအို (ေယာက္ဖ) ကေတာ့ပဲြျခင္းၿပီးပင္ဆံုးပါးသြားသည္။ ကံေကာင္းသည့္ တူငယ္ေလးသာ အသက္ရွင္က်န္ခဲ့သည္။ လူမမယ္တူငယ္ေလးသာ အိမ္ျပန္ေရာက္လာသည္။
ေမေမသည္လဲ စိတ္ေထာင္ကိုယ္ေက်ျဖစ္ကာ ထိုႏွစ္ထဲမွာပင္ ဆံုးပါးသြားခဲ့သည္။ လွလွဘ၀ အရွင္လတ္လတ္ ႏွင့္ငရဲက်သလိုျဖစ္ကာ တူေလးႏွစ္ေယာက္ႏွင့္သာ က်န္ခဲ့ေတာ့သည္။ ထိုအရာက လွလွဘဝေလးပင္ျဖစ္ေတာ့သည္။
မလွမပ လွလွတစ္ေယာက္ တူေလးႏွစ္ေယာက္လက္ကိုဆဲြကာ ေရႊဘိုၿမိဳ႔သို႔ လွမ္းလာခဲ့ေတာ့သည္။ တူေလးႏွစ္ေယာက္ကို လွလွစိတ္ႀကိဳက္နာမည္မ်ား မွတ္တြင္ေစေတာ့သည္။ အႀကီးေကာင္က မိုးယံထက္၊ အငယ္ေကာင္ကိုေတာ့ ၀သုန္ေခါင္၊ လွလွမလုပ္ခဲ့ရသည့္ အလွဆံုးေသာ အလွမ်ားကို တူေလးႏွစ္ေယာက္ကို ေပးေတာ့သည္။ တူေလးေတြက လွလွဘ၀၊ လွလွအသက္၊ လွလွအိမ္မက္မ်ားပင္ ျဖစ္ေတာ့သည္။
အေပါင္းေဖၚမ်ားကေတာ့ လွလွကို ဂရုဏာတက္စြာ ေျပာၾကသည္။
"ညည္းမလဲေအ ဒူးမနာသားေတြေၾကာင့္ ဖက္သီဖက္သီနဲ႔"
"ဘာေျပာတယ္"
"ေအာ္မွားသြားလို႔ ၀မ္းမနာသား.....၀မ္းမနာသား"
"အဲလိုလုပ္ပါေအ ဂယ္ပဲ မေျပာခ်င္ဘူး ခိုင္ခိုင္ေနာ္ စကားေျပာဆင္ျခင္"
"ညည္းကေလ ၾကက္မႀကီးက ဘဲသားေလးေတြကို ၾကည့္ထိမ္းေနသလိုပဲ တစ္ကယ့္သားသည္မေအ ႀကီးၾကေနတာပဲ"
အို....သူတို႔ေတြက လွလွသားေတြပါေနာ္"
လွလွကေတာ့ တူေတြကို အရမ္းခ်စ္သည္။ ၀က္ခဲမွ က်န္ခဲ့သည့္ အိမ္ၿခံေျမမ်ားကို ေရာင္းကာ ေရႊဘိုၿမိဳ႔စြန္းတြင္ အိမ္ေလးတစ္လံုး၀ယ္ကာ ဆရာမ (ဆရာ) ပိုင္ပိုင္ ဆီမွာပင္ အလျွပင္ အလုပ္ လုပ္ကာ တူေလးေတြကို ရွာကၽြေးေနရပါသည္။
အႀကီးေကာင္ မိုးယံထက္ ကေတာ့ၿငိမ္သည္။ ေအးေဆးသည္။ စာႀကိဳးစားသည္။ သိတတ္ကာစျဖစ္ ေနလို႔လာေတာ့မသိ စာကို
You are reading the story above: TeenFic.Net