Part 3

Background color
Font
Font size
Line height

"သားဂျင်ရောက်ပြီလား ရောက်ရင်ခေါ်ခဲ့ပါဦးကွယ် ဒီမှာဧည့်သည်တွေရောက်နေပြီလို့

"ဟုတ်ကဲ့ ဆရာမကြီး ပြောလိုက်ပါ့မယ်ရှင့်

"ဒီဘက်က အကိုတို့အမတို့ကို မေတ္တာရပ်ခံချင်တာကတော့ ဂျင်လေးက နူးနူးညံ့ညံ့ ကောင်းကောင်မွန်မွန်ကြီးပြင်းလာပါတယ် မိဘနှစ်ပါးလုံးရဲ့အရိပ်အာဝါသအောက်မှာမဟုတ်ပေမယ့်လဲပေါ့ ခုက ဂျင်လေးကိုယ်တိုင်ဆန္ဒရှိလို့သာပေးတွေ့တာမို့ စကားအပြောအဆိုကအစ ဆင်ခြင်ပေးစေချင်ပါတယ် ဂျင်လေးကိုထပ်ပြီးထိခိုက်ခံတော့မှာမဟုတ်ပါဘူး

"ကျမက အမေပါရှင် သူ့အဖေကြောင့်သာမဟုတ်ရင် ဒီ‌လိုတွေတောင်ဖြစ်မလာဘူး ကျမသားကိုကျမလဲချစ်ပါတယ် မတတ်သာလို့သာပါ

ဆရာမကြီးခေါ်ခိုင်းကတည်းက တံခါးအပြင်မှာရောက်နေပေမယ့် မဝင်ရဲသေးဘူး မဝင်နိုင်သေးဘူး အရမ်းစိတ်လှုပ်ရှားလွန်းလို့ ဒူးတောင်မခိုင်တော့ဘူးထင်ပါရဲ့

"ဆရာလေး ဝင်သွားလေ

"ဗျာ အော် ဟုတ်ကဲ့
ကျွိ

"သြော် သား ဂျင် လာ

ဟုတ်လို့တောင်မဖြေနိုင်တော့ အပြုံးလေးနဲ့သာဆရာမကြီးကိုလှမ်းကြည့်လိုက်တော့ ကျနော့်ကိုစူးစိုက်ကြည့်နေပါသော ခန့်ညားလှသည့်အမျိုးသားကြီးတစ်ဉီးနဲ့ လှပ‌ကြော့ရှင်းလှတဲ့ အမျိုးသမီးကြီးတစ်ဦး ကျနော့်ရဲ့ ရုပ်ဆင်းအင်္ဂါအားလုံးဟာ သူတို့နှစ်ယောက်ဆီမှအမွေရထားခြင်းဆိုသည်မှာငြင်းဖွယ်မရှိ ဖေဖေနဲ့မေမေသည်သိပ်ကိုပြီးပြည့်စုံပြီးလိုက်ဖက်လွန်းပါသည်

"သားဂျင်လေးလား ဒီလာပါဦးကြည့်ရအောင်

ကြောင်အမ်းအမ်းနဲ့ပဲရှေ့တိုးသွားမိတော့ ‌ပွေ့ဖက်လိုက်ပါသောသူမ တနည်းဆိုရလျှင် ကျနော့်ကို ပြန်လာခေါ်မယ်ဆိုပြီး ထားသွားခဲ့တဲ့မေမေ ကျနော့်လက်တွေကတော့ သူမကိုပြန်မဖက်ဖြစ် တကယ်ဆိုကျနော်အရမ်းမျှော်လင့်ခဲ့ရတဲ့နေ့လေးရောက်ပြီမလား ဖေဖေနဲ့မေမေကို ကျနော့်မျက်စိရှေ့မှာမြင်နေရပေမယ့် ကျနော်မပိုင်သလိုခံစားနေရတယ်

"ဒါဆို စကားပြောကြပါဉီး သားဂျင်လေး ဆရာမကြီး ကလေးတွေအခန်းထဲမှာရှိနေမယ်နော်

"ဟုတ်ကဲ့

"လာသား ထိုင်

လက်ကိုဆွဲပြီးလာခေါ်တဲ့ဖေဖေ တကယ်ဆို ဖေ့ဖေ့ကိုသေချာတောင်မမြင်ဖူးဘူးပဲ ဖေဖေက တကယ် လူကြီးလူကောင်းဆန်ဆန် ခန့်ညားလိုက်တာ

"သားအဆင်ပြေနေတယ်မလား ဖေဖေကြားပြီးပြီ သားကို ကင်မ်အုပ်စုကမွေးစားသွားတာဆို သားအရမ်းကံကောင်းတာပဲ ကင်မ်အုပ်စုက စီးပွားရေးလောကမှာ လုံးဝထိပ်တန်းပဲ ဖေဖေတောင် ပူးပေါင်းချင်နေတာ သားကပဲကူညီပေးပါဉီး

"ရှင် မွေးကတည်းကခုမှလာတွေ့တဲ့သားကို ခုလိုတွေပြောမှဖြစ်မှာလား စီးပွားရေး အလုပ် ဒါတွေကရှင့်အတွက်သိပ်အရေးပါနေလည်း ပြန်လိုက်တော့ ဘာတာဝန်မှမကျေနိုင်ပဲနဲ့ ကိုယ့်ကိုယ်ကို အဖေလို့ရော ခေါ်ထိုက်ရဲ့လား ဘာတဲ့ ကူညီပေးပါဉီး ကင်မ်အုပ်စုနဲ့ပူးပေါင်းချင်လို့ စီးပွားရေးအကျိုးအမြတ်အတွက်သားကိုလာတွေ့တာဆို ထွက်သွားလိုက်

"မင်းကရောဘာတွေများတာဝန်ကျေနေလို့ အသံကောင်းဟစ်နေရတာလဲ မင်းကိုယ်တိုင်ပဲ သားကိုဂေဟာမှာလာပစ်ခဲ့တာမလား မိခင်စိတ်မရှိတဲ့မိန်းမ

"တော်တော့နော်ရှင် အဲ့ဒီမိခင်စိတ်မရှိတဲ့မိန်းမက သားကို ယောကျ်ားဖောက်ပြန်နေတဲ့ကြားကနေ တစ်ယောက်တည်း မွေးခဲ့တာ အသက်ငါးနှစ်ထိ ကျွေးမွေးစောက်ရှောက်ခဲ့တာ ခုလိုသားကိုဂေဟာပို့ရတာကလဲ အားလုံးရှင့်ကြောင့်လေ ရှင်သာမဖောက်ပြန်ခဲ့ရင် ရှင်သာနောက်အိမ်ထောင်နဲ့သာယာမနေရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူး

"မင်းကရောသိပ်ဖြူစင်နေလို့လား မင်းအကြောင်းတွေရောငါမသိခဲ့ဘူးမထင်နဲ့ တကယ်ဆို သားကတောင် ငါ့သားဟုတ်ရဲ့လားမသေချာတာကို

"ဘာ ရှင် လူဟုတ်ရဲ့လား ဘာစကားပြောတာလဲ

"မင်းငြင်းလေ ငြင်းနိုင်ရင်ငြင်းလေ ယောကျာ်းအလုပ်သွားနေတုန်းအိမ်မှာ ဖြစ်ချင်သလိုဖြစ်နေခဲ့တဲ့မင်းနဲ့ ဘယ်သူနဲ့ရမှန်းမသိတဲ့ဗိုက်ကိုငါကစောင့်ရှေက်ပေးခဲ့ရတာ

ဖြန်း

" လူစိတ်မရှိတဲ့ကောင် နင့်လိုကောင်ကိုချစ်ခဲ့ရတာရော လက်ထက်ခဲ့တာရောက ကျမရဲ့အဆိုးဝါးဆုံးဆုံးဖြတ်ချက်ပဲ

"ငါရောပဲ မင်းကိုချစ်ခဲ့မိလို့ နောင်တရလို့မဆုံးဘူး

ကျနော်ပြေးထွက်ခဲ့မိတယ် နောက်မှာကြားနေရတဲ့ဆူညံသံတွေကိုမကြားနိုင်တော့မယ့်နေရာ စိတ်အေးချမ်းစေနိုင်မယ့်နေရာတစ်ခုကို ကျနော်အရမ်းလိုအပ်နေတယ် ဒီလိုမဟုတ်ဘူး ကျနော်နှစ်တွေအကြာကြီးမျှော်လင့်နေခဲ့ရတဲ့အချိန်မျိုးဆိုတာ ဒီလို အော်ဟစ်ကြိမ်းမောင်းသံတွေနဲ့မဟုတ်ဘူး ဒီလိုသာဆို ကျနော် မေမေတို့နဲ့မတွေ့ချင်တော့ဘူး

"နေဉီး မင်းလား ငါ့မိန်းမရဲ့သားဆိုတာ

ရှေ့ကနေပိတ်ရပ်ပြီးမေးလာတဲ့လူကြီးတစ်ယောက် ချမ်းသာကြွယ်ဝမယ့်ပုံပါပဲ မေမေ့နောက်အိမ်ထောင်ဖြစ်မယ်

"ဟုတ်

"အေး အဆင်သင့်ပဲ ငါတခါတည်းပြောထားမယ်နော် မင်းအမေက အခု ငါနဲ့ ငါ့သားသမီးတွေနဲ့ပျော်ရွှင်နေပြီ အဲတော့ မင်းက မနှောက်ယှက်တာကောင်းမယ် တခုခုမျှော်လင့်နေတယ်ဆိုရင်လည်း ခုကတည်းကခေါင်းထဲကထုတ်လိုက် မင်းအတွက်ဘာဝေစုမှရှိမှာမဟုတ်ဘူး နားလည်လား

ဘာမှပြန်မပြောနိုင်လောက်အောင်ပါပဲ ကျနော်ဘယ်တုန်းကမှဒါတွေကိုမမျှော်လင့်ခဲ့ဖူးတာအမှန်ပဲ လုပ်နေကျအတိုင်းပဲရှောင်ထွက်ခဲ့လိုက်တယ် ဆက်နေရင်ကျနော်ငိုမိတော့မယ် ကျနော်မငိုချင်ဘူး မပျော့ညံ့ချင်ဘူး ဒီတိုင်းသွားနေကျနေရာလေးကိုပဲအမြန်ရောက်ဖို့ အားတင်းပြေးလာလိုက်တယ် ကျနော့်အတွက် စိတ်ချလုံခြုံစွာ ငိုကြွေးနိုင်မယ့်နေရာလေးတစ်ခုလောက်တော့လိုချင်မိပါရဲ့

///

အင်း ဂေဟာပုံစံလေးကတော့အတော်အေးချမ်းတာပဲ

ဒီနေ့ပရောဂျက်လုပ်မယ့်ဂေဟာကိုလာကြည့်နေတာ ရောက်ကတည်းကအလှူရှင်နှစ်ဉီးဆုံနေလို့ဆိုပဲ အရမ်းလူရှုပ်နေတာနဲ့ ပရောဂျက်ကိစ္စကိုသေချာမပြောရသေးဘူး ကျောင်းတည်ထောင်တဲ့ဆရာမကြီးကတော့ ကျောင်းနေရာထိုင်ခင်းတွေနဲ့ပတ်သတ်ပြီးကြည့်ချင်ရင်လိုက်ကြည့်လို့ရအောင် ဆရာမအငယ်လေးတစ်ယောက်ကိုကျောင်းဝန်းအနှံ့လိုက်ပြခိုင်းမယ်လို့ပြောပါတယ် ကိုယ်ကိုက သူစိမ်းတွေနဲ့အနီးကပ်နေရတာမကြိုက်လို့ ကိုယ်တိုင်ပဲလျှောက်ကြည့်လိုက်ပါ့မယ်လို့ပြောပြီးတစ်ယောက်တည်းထွက်လာခဲ့တာ အင်း ကျနော်တော့အရွေးမှန်ပြီထင်ပါတယ် တည်ထောင်သူဆရာမကြီးနဲ့ စကားတောင်အများကြီးမပြောရသေးဘူး ဆရာမကြီးရဲ့ကလေးတွေအပေါ်ထားတဲ့မေတ္တာတွေက သူမမျက်လုံးထဲမှာပေါ်နေတယ်လေ ဒီလိုလူမျိုးတွေပဲရှိနေရင် မိဘမဲ့ကလေးတွေရဲ့ဘဝတွေက အတော်လေးအဆင်ပြေကြမှာပဲ ခက်တာက ပရဟိတဆိုတဲ့ခေါင်းစဉ်အောက်မှာ အတ္တဟိတသမားတွေအရမ်းပေါလာတာပဲ

ဒီနေရာလေးပဲ ဒီနေရာပဲရှိတယ် ဆူညံသံတွေအားလုံးနဲ့ဝေးရာ ကျနော်တစ်ယောက်ထဲရှိနိုင်မယ့်နေရာပေါ့ ခံစားချက်တွေများလွန်းလို့ မငိုနိုင်တော့ဘူး မငိုချင်တော့ဘူး မငိုမိအောင်ပဲအားတင်းထားမိတယ် ပြန်တွေ့ခဲ့ရင်ဆိုတဲ့အတွေးလေး မျှော်လင့်ချက်လေးက ချက်ချင်းဆိုသလိုပျောက်ကွယ်သွားပြီမို့ ဘယ်မျှော်လင့်ချက်နဲ့တောင် ရှေ့ဆက်လျှောက်ရပါတော့မလဲ ကျနော့်ဖြစ်တည်မှုကြောင့်မေမေနဲ့ဖေဖေလမ်းခွဲခဲ့ကြတာတဲ့လား ဘာလို့ကျနော်က အမြဲဒီလိုပဲဖြစ်နေရတာလဲ ကျနော်ကအားလုံးကိုဖျက်ဆီးနေတဲ့သူလား မေမေနဲ့ဖေဖေကွဲတာလည်း ကျနော့်ကြောင့် မာမီနဲ့ဒယ်ဒီလမ်းခွဲခဲ့တုန်းကလည်းကျနော်ကတရားခံပဲ ဟုတ်ပါတယ် ထယ်ယောင်းရဲ့မာမီနဲ့ဒယ်ဒီကလည်း ကျနော့်ကိုမွေးစားပြီးငါးနှစ်အကြာမှာပဲတရားဝင်လမ်းခွဲပြတ်ဆဲခဲ့ကြတယ် ကျနော်တို့နှစ်ယောက်လုံးဆယ်နှစ်ကျော် ဆယ့်တစ်နှစ်အရွယ်မှာပေါ့ ဒယ်ဒီ့ဘက်က ကွာရှင်းခွင့်တောင်းခဲ့တာဆိုပေမယ့် မာမီ့ဘက်ကလည်းတော်တော်လေးတင်းမာနေခဲ့တာ ကလေးအရွယ်တွေမို့အကြောင်းအရာကိုမသိကြပေမယ့် ဒယ်ဒီ့ကိုမခွဲနိုင်တာမို့ ဇွတ်ငိုယိုတောင်းပန်ခဲ့တဲ့အဲဒီနေ့

"ဒယ်ဒီ ဒယ်ဒီမသွားပါနဲ့နော် သားတို့ကိုမထားခဲ့ပါနဲ့ အဟင့်အဟင့် ထယ်ယောင်းရေ ကူပြောပါဦး အဟင့် အဟင့်

"ဘေးဖယ်စမ်း မင်းမှာဘာပြောပိုင်ခွင့်မှမရှိတာမင်းသိလား ငါတို့မိသားစုခုလိုဖြစ်ရတဲ့အဓိကတရားခံကမင်းပဲ သိရဲ့လား

ကျနော့်ကိုတွန်းထုတ်လိုက်တဲ့ဒယ်ဒီ ကျနော့်ကိုကြည့်နေတဲ့ဒယ်ဒီ့မျက်လုံးတွေက နာနာကျည်းကျည်းမုန်းတီးနေခဲ့တာ ဒယ်ဒီ့ကိုကျနော်အရမ်းချစ်တာ ဒါပေမယ့် ဘယ်အချိန်ကစပြီးဘာတွေမှားယွင်းခဲ့လဲမသိပေမယ့် ကျနော့်ကိုမွေးစားပြီးသုံးနှစ်လောက်ထိတော့ဒယ်ဒီကလည်းကျနော့်ကိုသားအရင်းလိုချစ်ခဲ့ပါသေးတယ် မှတ်မှတ်ရရဆို ဒယ်ဒီတို့ ဆယ်နှစ်ပြည့်နှစ်ပတ်လည်အပြီးမှာ ဒယ်ဒီကကျနော့်ကိုစိမ်းကားလာတယ် အိမ်ပြန်လာတာလဲရှားသွားပြီး မာမီနဲ့လည်းခနခနစကားများကြတယ် အဲဒီအချိန်ကစပြီးဒယ်ဒီကကျနော့်ကိုသားလို့မခေါ်တော့တာပဲ

"ရှင်ကလေးကိုဘာမှလွှဲချမနေနဲ့ ကလေးနဲ့ဘာမှမဆိုင်ဘူး ခုလိုအဆုံးသတ်ရတာက ရှင်ဖြစ်စေချင်သလိုပဲလေ ရှင်သာ--

ပြောမယ့်စကားကိုဆက်မပြောပဲ မာမီကကျနော်တို့နှစ်ယောက်ကိုလှည့်ကြည့်ခဲ့တယ်

"ထားတော့ ခုမှပြောနေလည်းဘာမှပြောင်းလဲသွားစရာမရှိတော့ဘူး ကျွန်မကလေးနှစ်ယောက်လုံးကိုကျွန်မကောင်းကောင်းစောင့်ရှောက်မယ် ရှင်နဲ့မတူရလေအောင် ရှင့်စရိုက်တွေမပါအောင် ဒါကြောင့်ရှင်ကသာခပ်ဝေးဝေးမှာနေပေးပါ ထွက်သွားပြီးရင်ဘယ်တော့မှပြန်မလာပါနဲ့ ကျွန်မဘဝထဲကရော သားနှစ်ယောက်လုံးဘဝထဲကပါ

"ဟ ထယ်ယောင်းကငါ့သားလေ

"ဒါဆိုရှင်မေးကြည့်လေ သားကရှင်နဲ့လိုက်ချင်တယ်ဆို ကျွန်မမတားဘူး လာလည်းမပတ်သတ်‌တော့ဘူး မေးကြည့်

'သားထယ်ယောင်း ဒယ်ဒီနဲ့လိုက်ခဲ့မယ်မလား

"သားမာမီနဲ့ ဂျင့်ကိုမခွဲနိုင်ဘူး သူတို့နဲ့ပဲနေမယ်

တည်တည်တင်းတင်းပဲပြန်ပြောလိုက်တဲ့ထယ်ယောင်း ကျနော်မှတ်မိသလောက်ဆို ထယ်ယောင်းအဲဒီနေ့က ငိုမနေခဲ့ဘူး တကယ်တမ်းပြောကြကြေးဆို ထယ်ယောင်းကပိုငိုသင့်တာမလား ကျနော်လိုမွေးစားထားတဲ့ကလေးထက်ပေါ့

"သား ဂျင်ကမင်းနဲ့ဘာမှမတော်ဘူးနော် ဒယ်ဒီကသားဒယ်ဒီ

ကျနော့်ကိုဂြိုလ်ကြည့်ကြည့်လာပြီး ထယ်ယောင်းလက်ကလေးကိုဆုပ်ကိုင်ကာ နူးနူးညံ့ညံ့ပြောလိုက်တဲ့ဒယ်ဒီ

"ဖယ်လိုက်တော့ ပြီးရင်ထွက်သွား ဘာအတွက်မှပြန်မလာနဲ့ မဆက်သွယ်နဲ့

ဒယ်ဒီ့လက်ထဲကထယ်ယောင်းကိုဆွဲထုတ်လိုက်ပြီး ကျနော့်ကိုပါဆွဲခေါ်ကာအိမ်ပေါ်တက်ခဲ့ကြတယ် ကျနော်ပြန်လှည့်ကြည့်တော့ ဒယ်ဒီကအများကြီးငိုနေခဲ့တာ အဲဒီနေရာမှာပဲဒူးထောက်ထိုင်ရက်နဲ့ အများကြီးငိုနေခဲ့တာ ဒယ်ဒီ့ကိုအရမ်းသနားတာပဲ ပြဿနာအရင်းခံကကျနော်ကိုယ်တိုင်ပဲဆိုတာကိုတော့သိနိုင်မယ့်အရွယ်မှမဟုတ်ခဲ့ပဲလေ

ဖြေရှင်းရခက်တဲ့ပုစ္ဆာတွေရဲ့အဖြေကိုသိခဲ့ရတာကတော့ ကျနော်အသက်နှစ်ဆယ်ပြည့်တဲ့နှစ်ကပေါ့ မာမီက နိုင်ငံခြားမှာလုပ်ငန်းတွေတိုးချဲ့တော့မှာမို့ ထယ်ယောင်းကိုလုပ်ငန်းတွေလွှဲပေးဖို့ကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့ အိမ်မှာတစ်ယောက်တည်းပဲအချိန်ကုန်ရတာများခဲ့တယ် တနေ့မာမီ့အခန်းကိုသန့်ရှင်းရေးလုပ်ပေးဖို့မာမီနဲ့ထယ်ယောင်းမရှိတုန်းဝင်သွားလိုက်တယ် မာမီကသူ့အခန်းသန့်ရှင်းရေးကိုသူကိုယ်တိုင်ပဲလုပ်တယ်လေ အိမ်အကူတွေရှိနေသည့်တိုင် သူ့အခန်းကိုအဝင်မခံခဲ့ ဒါကြောင့်ကျနော်ကိုယ်တိုင်လည်းပျင်းပျင်းရှိတာနဲ့ပဲ ကိုယ်တိုင်ပဲဝင်လုပ်လိုက်တယ် အိပ်ယာဘေးအံဆွဲထဲက စာအုပ်ခပ်ညိုညိုခပ်နွမ်းနွမ်းလေးအထပ်လိုက် အောက်ဆုံးကတစ်အုပ်ကိုယူပြီးဖွင့်ကြည့်လိုက်တော့ မာမီ့လက်ရေးဝိုင်းဝိုင်းလေးတွေဒယ်ဒီနဲ့စတွေ့တဲ့အချိန်နဲ့ ဘယ်လိုတွေချစ်ခဲ့ကြကြောင်းတွေကိုအစီအရီရေးထားတယ် ဒါတွေအားလုံးကမာမီဒိုင်ယာရီစာအုပ်တွေပေါ့ဒါဆို ကြည့်လိုက်တော့စာအုပ်အဖုံးလေးတွေပေါ်မှာနှစ်လေးတွေတွေ့နိုင်တယ် ထယ်ယောင်းဒိုင်ယာရီရေးတတ်တဲ့အကျင့်ကမာမီ့ဆီကအမွေရတာဖြစ်မယ် တစ်ဆက်တည်းအဲ့ဒီနေ့ကဒယ်ဒီပြောခဲ့တဲ့ အားလုံးကမင်းကြောင့်ဆိုတဲ့စကားကိုနားထဲပြန်ကြားမိလာတော့ အရမ်းသိချင်လာတာနဲ့အဲဒီခုနှစ်တပ်ထားတဲ့စာအုပ်လေးကိုရှာပြီးဖတ်ကြည့်တော့မှသိခဲ့ရတာက တကယ်ပဲကျနော့်ကြောင့်ပေါ့ ငယ်ငယ်ကအရမ်းချူချာခဲ့တဲ့ကျနော့်ကိုမာမီက ဒယ်ဒီနဲ့ထယ်ယောင်းထက်ကိုပိုပြီးဂရုစိုက်ပေးခဲ့ရတယ် ဒယ်ဒီကသူ့ရင်သွေးအစစ်လေးနောက်တစ်ယောက်ထပ်လိုချင်ခဲ့ပေမယ့် မာမီကတော့ ကျနော်နဲ့ထယ်ယောင်းကိုသာကောင်းကောင်းစောင့်ရှောက်ချင်တယ်လို့ ပြောခဲ့ပါတယ် ကျနော်အပြင်းဖျားလို့ဆေးရုံတင်ရတဲ့နေ့က မာမီတို့ရဲ့နှစ်ပတ်လည်နေ့မို့ ဒယ်ဒီကညစာအပြင်ထွက်စားရင်းဒိတ်ဖို့ဟော်တယ်တစ်ခုမှာ Booking လုပ်ပြီး romanticဆန်ဆန်လေးစောင့်နေခဲ့ပေမယ့် မာမီကတော့ နောက်နေ့အထိတောင်ဒယ်ဒီ့ဆီကိုရောက်မသွားနိုင်ခဲ့ ကျနော့်ဇောနဲ့မို့ ဒယ်ဒီ့ကိုအကြောင်းကြားဖို့လည်းသတိမရခဲ့ ဒယ်ဒီနဲ့မာမီကအရမ်းချစ်ကြတာ ဒါပေမယ့်ဒယ်ဒီကပိုချစ်ခဲ့လို့ထင်ပါရဲ့ ဒီလိုအကြောင်းမကြားနိုင်ခဲ့မှုလေးလောက်ကိုတောင်မခံစားနိုင်ခဲ့ အလေးမထားခံရမှုတွေများလာတဲ့အခါပေါက်ကွဲထွက်လာတဲ့သဘောပေါ့ အဲ့ဒီညကစပြီးသုံးရက်လုံးလုံးအိမ်ပြန်မလာတော့ပဲ ပြန်လာတဲ့နေ့မှာလည်းမာမီရှင်းပြတာကိုနားမထောင်တော့ အိပ်ချိန်မှအိမ်ပြန်လာတယ် မနက်မိုးလင်းတာနဲ့ မနက်စာတောင်မစားတော့ပဲအလုပ်သွားခဲ့တယ် ပုံမှန်ဆိုနေ့လည်စာကိုတောင်မာမီနဲ့မျက်နှာချင်းဆိုင်ပြီးစားတတ်တဲ့ဒယ်ဒီက တစ်နေကုန်အိမ်မကပ်တော့ နောက်တော့မာမီသိလိုက်ရတာကဒယ်ဒီ့မှာနောက်တစ်ယောက်ရှိနေတယ်ဆိုတာပါပဲ ဒယ်ဒီ့ဘက်ကစိတ်ပါလို့မဟုတ်ပဲ အဲ့ဒီညက လူမှန်းမသိအောင်မူးနေခဲ့တာကြောင့် တဖက်မိန်းကလေးကခွင်ဆင်လိုက်တယ်လို့သိရတယ် ဒါပေမယ့်မာမီဟာလည်းအချစ်ကြီးသူပီပီ ဒယ့်ဒီ့ကိုခွင့်မလွှတ်နိုင်ခဲ့သလို တစ်ဖက်အမျိုးသမီးကလည်း ဒယ်ဒီ့ကိုရဖို့နည်းမျိုးစုံနဲ့ကြိုးစားခဲ့တာမို့ နှစ်ဉီးသဘောတူလမ်းခွဲပျက်ဆဲခဲ့ကြတာပါတဲ့ အားလုံးကကျနော့်အပြစ်ပဲမဟုတ်လား ဒယ်ဒီနဲ့မာမီ ပြီးတော့ ထယ်ယောင်း သူတို့ရဲ့ပျော်ရွှင်စရာမိသားစုလေးက ကျနော့်ကြောင့်နဲ့ပျက်ဆီးခဲ့ရတယ်ဆိုတဲ့အတွေးနဲ့တစ်သက်လုံးကိုယ့်ကိုယ်ကိုခွင့်မလွှတ်နိုင်ဖြစ်နေခဲ့ရတာပါ

ခုလည်းမေမေနဲ့ဖေဖေကပါပုံစံတူပြသနာတွေနဲ့ ကျနော့်ရှင်သန်မှုကဘယ်လိုများလဲ ဘာလို့ကျ‌နော်ကလူတိုင်းအတွက်သံယောဇဉ်တိုင်းအတွက်ကပ်ကြေးတစ်လက်လိုဖြစ်နေရတာလဲ အတွေးလွန်နေတုန်းမှာကြားလိုက်ရတဲ့ အသံ

"ကောင်လေး ကိုယ်ထိုင်ဉီးမယ်နော်

ကျနော့်ဘေးမှာဝင်ထိုင်လာတဲ့အဲ့ဒီလူ လှည့်မကြည့်ချင်တော့ဘူး ဘာစကားမှလည်းမပြောချင်တော့တာမို့နှုတ်ဆိတ်နေမိတော့ သူ့ဘက်ကစကားတွေဆက်ပြောလာတယ်

"မင်းကဒီကျောင်းကလား မဟုတ်ရင်အလှူလာလုပ်တဲ့မိသားစုနှစ်ခုထဲကလား ဒီကျောင်းလေးကသာယာသားပဲနော် အလှူရှင်တွေလည်းအများကြီးလာကြတယ် ကျောင်းအုပ်ကြီးကလည်းသဘောကောင်းတယ် ကိုယ်တော့တကယ်သဘောကျသွားပြီ

ဘာမှပြန်မပြောပဲထထွက်သွားဖို့လုပ်နေတဲ့ကောင်လေး ကျနော်သူ့ကိုကြည့်နေတာကြာပြီ မျက်လုံးတွေကအရမ်းဝမ်းနည်းနေပုံပေါက်ပြီး မျက်ဝန်းအိမ်မှာမျက်ရည်ဉတွေနဲ့မို့ ရှေ့ကရှုခင်းကိုကြည့်နေတာမဟုတ်တာတော့သေချာတယ် ကောင်လေးမျက်နှာကဘေးတစ်စောင်းမြင်ရတာတောင် ပြီးပြည့်စုံပြီးကြည့်လို့ကောင်းလိုက်တာ ညနေနေဝင်ချိန်က ကောင်လေးရဲ့မျက်နှာမှာလာဟပ်နေတော့ ကောင်လေးပုံစံကနတ်သူငယ်တစ်ပါးလို အင်း ကြေကွဲနေတဲ့နတ်သူငယ်ပေါ့ ဒါကြောင့်ပဲသူစိတ်ဖြေလို့ရအောင်စကားတွေပြောပေးနေတာကိုတစ်ချက်တောင်လှည့်မကြည့် ကျနော် ဂျွန်ဂျောင်ကုဘဝမှာ ကျနော့်ကိုချေတဲ့သူကိုပထမဆုံးတွေ့ဖူးခြင်းပဲ တသက်လုံးချေလာသမျှတွေ ဟွန်း ဟော တွေးနေရင်းပဲလဲပါပြီ ပြောသားပဲ ဒီကောင်လေးရှေ့ကိုကောင်းကောင်းမြင်ရမှာမဟုတ်ပါဘူးဆို

"ကဲ ကောင်လေး မင်းဒီသစ်ငုပ်ကြီးကိုတောင်မမြင်ဘူးလား ထ လာငါတွဲပေးမယ်

လက်ကိုပုတ်ချပြီး သူ့ဘာသူကုန်းထနေတဲ့ကောင်လေး မရတော့ဘူးဒါတော့လွန်သွားပြီ

"မင်း မင်းလွန်မလာနဲ့နော် ငါက မင်းကိုဘာလုပ်မိလို့လာချေနေရတာလဲ တကယ်ဆို မင်းငိုချင်နေတာတွေ့လို့လည်း ငါကစေတနာနဲ့ စကားလာပြောပေးတာကိုချေတယ် ခုလည်းထူပေးနေတာကိုထပ်ချေပြန်ပြီ တခြားသူကိုစိတ်တိုတာကိုငါ့ကိုလာပုံချနေတယ်

ဟီးး အီးး ဟီးးးးး အီးး

ဟောဗျာ ခုနက ကျ နော်ဘာပြောပြောအရေးမလုပ်တဲ့သူက အာခေါင်ခြစ်ပြီးထငိုနေပြီ ဂျောင်ကုရေ မင်းတော့ရှင်းပေတော့ ကံတွေကောင်းနေတာ တခြားလူမြင်ရင် ကိုယ်ကပဲသူ့ကိုဘာလုပ်သလိုလို

"ဟေ့ကောင်လေး မင်း မငိုနဲ့လေ မင်းကအဲလိုငိုနေတော့ လူတွေမြင်ရင်ငါ့ကိုတမျိုးထင်မှာပေါ့

ပြောတာလည်းအရေးမလုပ် ဘယ်ကတည်းကစုထားတဲ့မျက်ရည်တွေအတိုးချငိုနေတယ်မသိ အားရပါးရကိုလူးလိမ့်မငိုရုံတမယ်ပါပဲ ခုနကထိတည်တည်ငြိမ်ငြိမ်နေနေတဲ့ကောင်လေး ဘယ်အရာကများသူ့ကိုဒီလောက်ဝမ်းနည်းစေနိုင်တာလဲ ကျနော့်စကားတွေကြောင့်လား ကျနော်ပြောတဲ့ထဲလည်းငိုစရာမပါပါဘူးကို ကြည့်နေရင်းနဲ့ နေရတာအဆင်မပြေတော့တာမို့ ကောင်လေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ် သူဘယ်သူလဲ ဘယ်ကလဲ ဘာလို့ငိုနေလဲ ဘာမှမသိဘူး ဘာမှလည်းမသိချင်ဘူး တစ်ခုပဲ သူ့ကိုမငိုစေချင်ဘူး သူငိုနေတာကိုမြင်ရတာ ကျနော့်ရင်ဘက်ထဲကနေလို့မကောင်းဘူး ဒါဟာပထမဆုံးပဲ လူတစ်ယောက်ကိုကျနော့်ရင်ခွင်ထဲကို ကျနော်ကိုယ်တိုင်စိတ်လိုလက်ရထည့်ထားမိတာ ထူးဆန်းတာက ကောင်လေးကလည်းမရုန်းဘူးပဲ ကျနော်ထင်တာက ကျနော့်ကိုတွန်းကျိုးပြီးများ ထထွက်သွားမလားလို့ပေါ့ ခုတော့ချော့တဲ့သူရှိရင်ပိုငိုတယ်ဆိုတဲ့စကားအတိုင်း ကျနော့်ရင်ခွင်ထဲကို သူကိုယ်တိုင်ကပါစိတ်လိုလက်ရတိုးဝင်လာပြီး ပိုတိုးလို့ငိုလာတယ် ကျနော်လည်းသူ့ကျောပြင်ကိုလက်ကလေးနဲ့အသာအယာပွတ်ပြီးနှစ်သိမ့်ပေးရင်း စိတ်ထဲမှာလည်းဖွဖွရွတ်ဆိုမိတာက မင်းနောက်ထပ်မငိုရတော့ရင်ကောင်းမယ်

သူစိမ်းတွေနဲ့နီးနီးကပ်ကပ်မနေတတ်ပါဘူးဆိုတဲ့ကောင်လေး စက္ကန့်ပိုင်း မိနစ်ပိုင်းကလေးပဲတွေ့ရသေးတဲ့သူတစ်ယောက် စကားတောင်သေချာမပြောဖူးသေးတဲ့သူတစ်ယောက်ကို ရင်ခွင်ထဲမှာထည့်ပြီးနှစ်သိမ့်ပေးနေတဲ့ကောင်လေးဟာ နှစ်ပေါင်းများစွာသူ့ကိုချစ်လာခဲ့ရတဲ့ သူ့အမျိုးသားအပေါ်မှာတောင် ယခုလိုနူးညံ့နွေးထွေးမှုမျိုး စိုးရိမ်ကြောင့်ကြမှုမျိုးမဖြစ်ဖူးတာဟာ ဘာကြောင့်များလဲ

လူမှန်းသိတတ်စကတည်းက အရိပ်တကြည့်ကြည့်ချစ်ပေးခဲ့တဲ့သူရဲ့ရှေ့မှာတောင် မငိုမိအောင်အမြဲထိန်းထားပြီး ခံစားချက်ကိုလူသိမခံချင်တဲ့ကောင်လေးကရော မျက်နှာကိုတောင်မော့မကြည့်မိသေးတဲ့သူစိမ်းတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ စိတ်ချလက်ချငိုကြွေးနိုင်တာဟာရော ဘာကြောင့်များလဲ

ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ကာယကံရှင်နှစ်ယောက်တောင်သိနိုင်မယ်မထင်ပါဘူး

......................................

ဖတ်ပြီးရင်လည်းဒီတိုင်းကြီးမထားခဲ့ကြနဲ့နော် ဘာဖြစ်တယ် ညာဖြစ်တယ်လေးတော့ ဝေဘင်ကြပါဦး 🤐





You are reading the story above: TeenFic.Net

#jinkook