~4~ (Zawgyi)

Background color
Font
Font size
Line height

"​ဟေး... ခန့်​"

"​အော်​အာကာ..၊ ပြန်​တောင်​ရောက်​နေပြီလား ကိုရိပ်​ရော.."

"အင်​..​စေ ဆိုလား ဘာလား လာကြိုသွားတယ်​လေ..။ မ​ရောက်​လာ​သေးဘူးလား..။ ဒီမှာ​တွေ့ဖို့ချိန်းထားတာ.."

"အင်း..။ ကို​စေ လာကြိုသွားတာဆိုရင်​တော့ ဒီကိုပဲ ပို့​ပေး​လောက်​မှာပါ..."

"အင်း..။ wow.... ဒါနဲ့ ငါ့သူငယ်​ချင်းရဲ့ free style​လေးက လန်းလှချည်​လား..။ ငယ်​ရွယ်​တဲ့ဒီဇိုင်း​လေး​ပေါက်​နေတယ်​..."

"အဲ့​တော့ ငါ အရင်​က အိုစာ​နေလို့လား..."

"မဟုတ်​ဘူး​လေကွာ..။ ငါက မင်းကိုဆိုရင်​suit အပြည့်​နဲ့ ပုံစံ​တွေကိုပဲ မြင်​ဖူးတာကို..။ ဒီပုံစံ​လေးက မင်းနဲ့ပိုလိုက်​တယ်​..."

"အပို​တွေ​ပြောမ​နေနဲ့..."

"တကယ်​ပြောတာ..။ ငါဝတ်​ခိုင်းတုန်းက​တော့ မဝတ်​ချင်​သလိုလို ဘာလိုလိုနဲ့ အခုမှ style ကျမှန်းသိသွားတာလား..."

"​ပေါ့ပါးလို့ပါကွာ..."

"မနက်​ဖြန်​အချိန်​မှန်​ရောက်​အောင်​လာခဲ့​နော်​..။ ငါမိတ်​ဆက်​ပေးမယ့်​သူကလည်း မင်းနဲ့​တွေ့ချင်​နေတာ.."

"အင်း.."

ထိုစဉ်​ကား​လေးတစ်​စီး ကုမ္ပဏီ ဘက်​ဝင်​ရောက်​လာခဲ့သည်​။ ကားကိုမြင်​သည်​နှင့်​ကို​စေ ရဲ့ ကားမှန်း သိလိုက်​သည်​။ အဲ့​တော့ ကိုရိပ်​လာပြီ​ပေါ့​လေ....

ကား​ပေါ်ကဆင်းလာ​သော ကိုရိပ်​ပုံစံ​လေးက အရင်​က​နဲ့ ခြားနားစွာ​ပေါ့ပါးလွန်း​နေသည်​။ အရင်​က ခပ်​အေး​အေး​နေတတ်​သူက ယခုမူ အ​ဝေးကပင်​နွေး​ထွေးမှုကို ခံစားမိ​နေသ​ယောင်​..။

ထို့ပြင်​အရင်​က အရွယ်​နှင့်​ဆန့်​ကျင်​စွာ shirt လက်​ရှည်​များဖြင့်​သာ လူကြီးဆန်​စွာ ဝတ်​စားတတ်​သူက ယခုမူ လူငယ်​တစ်​ယောက်​၏ မာန်​အပြည့်​ဖြင့်​ပေါ့ပါးစွာ style ကျ​နေသည်​။

တီရှပ်​အဖြူကို ခံဝတ်​ရင်း အပြင်​မှ ရှပ်​လက်​ရှည်​အပါးအား အ​ပေါ်ဝတ်​အ​နေဖြင့်​ထပ်​ဝတ်​ထား၏။ ဂျင်း​ဘောင်းဘီ အနက်​က​လေးအပြင်​shoe ဖိနပ်​အပါး​လေးစီးရင်း​လျှောက်​လှမ်းလာပုံက သွက်​လက်​စွာ...

ဆံပင်​အား ဖီးလိမ်းပြင်​ဆင်​ထားခြင်းမရှိမှု​ကြောင့်​ရှေ့သို့ခပ်​အုပ်​အုပ်​ကျ​နေ၏။ နဂိုအသားဖြူသူဖြစ်​ရာ ဤသို့​သော ပြင်​ဆင်​မှုကား လူငယ်​တစ်​ယောက်​၏ အသွင်​အား ထပ်​ဆောင်း အားဖြည့်​နေသ​ယောင်​...

"အာကာ..​ရောက်​နေပြီလား..။ မြန်​လိုက်​တာ..."

"ငါ​နောက်​ကျရင်​ပွစိပွစိရွတ်​တတ်​တဲ့ တစ်​ယောက်​သော သူကို​ကြောက်​လို့ ..."

ထိုသို့ဆို​တော့ မျက်​စောင်းထိုးကာ မ​ပြောချင်​ဘူး ဟူ​သော ဒီဇိုင်းဖြင့်​နှုတ်​ခမ်းကီု ရွဲ့ပြရင်း ငြိမ်​သက်​သွားသူ..။ ကို​စေ ကမူ သူ့လွမ်း​လေး၏ အမူအရာ တစ်​ခုချင်းစီအား လွတ်​သွားမည်​စိုးသည့်​အလား​ငေးစိုက်​ကြည့်​နေ၏။

ကျွန်​တော်​သည်​လည်း ကိုရိပ်​အား​ဆွေး​မြေ့စွာ ကြည့်​နေမိ​တော့ မ​နေတတ်​တော့ဟန်​ဖြင့်​...

"ဒီက အာကာ ရဲ့ သူငယ်​ချင်း မင်းခန့်​သာ ဆိုသူလား.."

"ဗျာ..!​အော်​ဟုတ်​... ဟုတ်​ကဲ့..."

"သူ အရင်​က လွမ်းရဲ့ မန်​နေဂျာ​လေ..။ လွမ်း အတွက်​အစအဆုံး ခန့်​ပဲ စီစဉ်​ပေးခဲ့တာ..."

ကို​စေက ဝင်​ထောက်​ပေး​တော့မှ...

"Ah.. ဒါဆို ကျွန်​တော်​နဲ့ အ​တော်​ရင်းနှီးတဲ့သူပဲ..။ သိတဲ့အတိုင်း ကျွန်​တော်​က ဘာဆိုဘာမှ မှတ်​မိမ​နေ​တော့​လေ...။ ခွင့်​လွှတ်​ပေး​နော်​.."

"ဟုတ်​ကဲ့..။ ကျွန်​တော်​အဆင်​ပြေပါတယ်​..."

ဝမ်းနည်း​နေ​သော စိတ်​ကိုထိန်းရင်း ကျွန်​တော်​တစ်​လုံးချင်း အားယူပြီး​ဖြေဆိုမိသည်​။

ကိုရိပ်​က​တော့ ကြည်​လင်​သော မျက်​နှာထားနှင့်​အတူ ရွှင်​ပျ​စွာ ပြုံး​နေ​လေရဲ့....

"ဒါ​ကြောင့်​ကျွန်​တော်​ထင်​နေတာ..။စ​တွေ့​တွေ့ချင်းကြီးကို စိမ်းမ​နေပါလားဆိုပြီး..."

"ဟုတ်​.."

"ဒါဆို ခန့်​နဲ့ အာကာ ကြား ကျွန်​တော်​တစ်​ယောက်​ထဲ​ကြောင်​တောင်​တောင်​မဖြစ်​တော့ဘူး​ပေါ့..။ ခန့်​က ကျွန်​တော့်​ကိုသိ​တော့..."

"ခန့်​နဲ့ အာကာ က ဘာဖြစ်​လို့..."

ထိုစကား​ပြောလိုက်​သည့်​အခါတွင်​မှ ကိုထွဋ်​က​ဘေးနား​ရောက်​ချလာ၏။ ဘယ်​ချိန်​ကဘယ်​လို​ဘေးနား​ရောက်​လာမှန်းမသိ​ပေမယ့်​အ​ခြေအ​နေတစ်​ခု​ကြောင့်​လန့်​သွားသည်​က​တော့ အမှန်​ပင်​....

ကိုရိပ်​ကြောင်​တောင်​တောင်​လေး​ငေး​နေတုန်း...

"သူက ကိုထွဋ်​ပါ...။ ဒီ Ent ရဲ့ ဒုဥက္ကဌ ပါ.."

"ဒုဥက္ကဌ? "

"အင်း..."

ခန့်​ရှင်းပြသည်​ကို နားမလည်​ဟန်​ဖြစ်​နေ​သော လွမ်း​ကြောင့်​ခန့်​က တစ်​ခေါက်​ထပ်​မေးလိုက်​သည်​။

"ဘာလို့်လဲ.."

"ဥက္ကဌ က​ရော.."

"ကို​စေ​လေ..."

"သူ..?"

လက်​ညှိုး​လေးအား ကို​စေ ဘက်​လှည့်​ထိုးရင်း မယုံသင်္ကာ​မေး​နေ​သူ​ကြောင့်​...

"ဘာလို့လဲ ကိုရိပ်​..."

"ဘာမှမဟုတ်​ပါဘူး​မေးကြည့်​တာ..."

"အင်း..."

"ဒါနဲ့ ခုနက​မေးခွန်း​လေး​ဖြေ​ပေးပါဦး..။ ခန့်​နဲ့ အာကာက ဘယ်​လို..."

ရုတ်​တရက်​ဝင်​ထောက်​လိုက်​သော ကိုထွဋ်​စကား​ကြောင့်​ခန့်​ရုတ်​ထရက်​လန့်​သွားမိသည်​..။

"မသိဘူးလား..။ ခန့်​က ပန်းချီပြခန်း........."

"အာ့...ကိုရိပ်​...။ အ .. အထဲ မဝင်​သေးဘူးလား..။ အပြင်​မှာ မိတ်​ဆက်​နေတာ ကြာ​နေပြီ..."

"အင်း...ရိပ်​အထဲဝင်​ရ​အောင်​လေ...။ အပြင်​မှာ​တော်​တော်​ကြာ​နေပြီ..."

ပြာပြာသလဲ တားဆီး​နေသူ နှစ်​ယောက်​ကြောင့်
ကိုထွဋ်​က ခန့်​ဘက်​မျက်​နှာပုပ်​သိုးကာ လှည့်​ကြည့်​လိုက်​တော့ ခန့်​တစ်​ယောက်​စကားများအထစ်​ထစ်​အ​ငေါ့​ငေါ့ဖြင့်​အမြန်​ရှင်းပြလိုက်​ရသည်​။

"ကျွန်​တော်​က ပန်းချီပြခန်းမှူး အာကာရဲ့ သူငယ်​ချင်း​လေ..။ အဲ့​တော့ ကိုရိပ်​နဲ့ ကျွန်​တော်​မသိရင်​နှစ်​ယောက်​ကြားထဲ​နေရခက်​နေမှာစိုးလို့​ပြောတာ...။နော်​..."

ဘေးဘက်​ကို စစ်​ကူလှမ်း​တောင်း​တော့​ခေါင်း​တြွေပုတ်​ထွက်​မတတ်​ငြိမ့်​ပြ​နေ​သော အာကာ..။ လွမ်း တစ်​ယောက်​ကမူ သူ​တို့နှစ်​ယောက်​ဖြစ်​ပျက်​နေသည်​ကို နားမလည်​နိုင်​စွာ ကြည့်​နေသည်​..။

အ​ခြေအ​နေက ထူးဆန်းသွားမည်​စိုး၍ အာကာ က လွမ်းကို မသိမသာ​အ​နောက်​က​နေ ရိုက်​လိုက်​ရင်း​ထောက်​ခံရန်​မျက်​စပစ်​ပြ​တော့မှ...

"​အော်​... ဟုတ်​ဟုတ်​တယ်​..။ အဲ့တာ​ပြောချင်​တာ..။ ဝင်​ရ​အောင်​လေ..."

ထိုအခါမှ မ​ကျေနပ်​သလို​ကျေနပ်​သလိုဖြင့်​အထဲဝင်​ရန်​ဖိတ်​သော ကိုထွဋ်​..။ ထို့​နောက်​စေ နှင့်​ကိုထွဋ်​က အရင်​အထဲဝင်​သွားခဲ့ကြသည်​။

"ဘယ်​လို​တွေ ဖြစ်​နေကြတာ...?"

"အဲ့.. အဲ့တာ.. ခန့်​က သူ ပန်းချီပြခန်းမှူးမှန်း ဒီကလူ​တွေကို လျှို့ဝှက်​ထားတယ်​..။ ပြီး​တော့ Dream company ပိုင်​ရှင်​သားမှန်းလည်း ဘယ်​သူမှမသိဘူး..."

"ဟမ်​..!"

"အ​ခြေအ​နေက အဲ့လို​လေး ဖြစ်​နေတယ်​..။ ကိုရိပ်​လျှို့ဝှက်​ထား​ပေးပါ..."

"ကျွန်​တော်​က​တော့ ကိစ္စမရှိ​ပေမယ့်​..."

"ငါ​နောက်​မှ​သေချာရှင်းပြ​ပေးမယ်​..."

ထိုအခါမှ​ခေါင်း​တွေ တဆတ်​ဆတ်​ငြိမ့်​ရင်း မျက်​နှာငယ်​လေးဖြင့်​တောင်းဆို​နေသည့်​ခန့်​ကြောင့်​...

"ဟုတ်​ကဲ့..။ ကျွန်​တော်​မသိချင်ေ​ယာင်​ဆောင်​နေ​ပေးပါ့မယ်​..."

"​ကျေးဇူးပါ.."

"ဒီ​ကောင်​က ဒီအတိုင်းပဲ..။ ပြဿနာ​လေးက​တော့ ဖန်​တီးလိုက်​ရမှ..."

"​တော်​ပြီ ဝင်​ကြမယ်​..."

သူ့ကို​ပြော​တော့ မျက်​စောင်း​တွေလှိမ့်​ပိတ်​ထိုးရင်း အထဲဝင်သွားေ​သာ ခန့်​...။ ကျွန်​တော်​တို့နှစ်​ယောက်​လည်း တစ်​ယောက်​မျက်​နှာ တစ်​ယောက်​ကြည့်​ရင်း သ​ဘောကျစွာ ရယ်​လိုက်​မိကြသည်​။

=========

"နှင်းနှင်း ဘယ်​တုန်းက​ရောက်​နေတာလဲ.."

"အခုပဲ​ရောက်​တာ..။ရောက်​ရောက်​ချင်း ကို​ကျော်​ဆီ လာနှုတ်​ဆက်​တာ.."

"ဟုတ်​လား..။ လွမ်း​လေး​ရော.."

"​စေ​လေး က Ent လိုက်​ပို့တယ်​..."

"​အော်​...။ အခုမြန်​မာပြည်​ရောက်​တုန်း ဘယ်​မှာ​နေကြမှာလဲ...။ ကိုယ့်​အိမ်​ပဲ လာ​နေလိုက်​လေ..."

"မ​နေ​တော့ဘူး ကို​ကျော်​..။ အခုက French က လွမ်း​လေးရဲ့ သူငယ်​ချင်း တစ်​ယောက်​နဲ့အတူလာတာ..။ သူတို့နှစ်​ယောက်​နဲ့အတူ ကျွန်​မသွား​နေ​ပေးရမှာ.."

"​အော်​..."

"​နေ​ကောင်းတယ်​မဟုတ်​လား ကို​ကျော်​..။စေ​လေး​ရော အဆင်​ပြေရဲ့လား..."

"အဆင်​ပြေတယ်​လို့​ပြောနိုင်​ပေမယ့်​တကယ်​တော့ အဆင်​မ​ပြေတဲ့အထဲမှာ ပါ​နေတယ်​နှင်းနှင်းရယ်​..."

စေ​လေးက လွမ်း မရှိ​တော့တဲ့အချိန်​ကစပြီး အရမ်း​အေးစက်​သွားတယ်​..။ အလုပ်​တွေဖိလုပ်​တယ်​...

သူ့အထက်​မှာ ဘယ်​သူမှရှိမ​နေ​စေရဘူးတဲ့..။ သူပိုင်​ဆိုင်​တဲ့အရာကို ဘယ်​သူမှ မ​နှောင့်​ယှက်​ရဲတဲ့အထိ အင်​အားကြီး​နေ​စေရမယ်​ဆိုပြီး အလုပ်​တွေ လုပ်​တော့တာပဲ...

အရင်​က​နွေး​နွေး​ထွေး​ထွေးရှိတတ်​တဲ့က​လေးကို ရှာလို့ကို မ​တွေ့​တော့ပါဘူး နှင်းနှင်းရယ်​...

အရင်​က​လောက်​ကို သားအဖကြားမှာ​နွေး​ထွေးမှုမရှိ​တော့ဘူး "

"ကို​ကျော်​ရယ်​..."

"ဒီမှာ လာမ​နေဖြစ်​ရင်​တောင်​ခဏခဏ လာလည်​ပါ.."

"စိတ်​ချပါ..။ နှင်းနှင်း မကြာမကြာ လာပါ့မယ်​..."

"ကိုယ်​လည်း အရာရာကို လက်​ခံလိုက်​ပါပြီ နှင်းနှင်းရယ်​..။ လက်​မခံနိုင်​စရာလည်း မရှိပါဘူး..။ ကိုယ့်​က​လေး​တွေထက်​..၊ သူတို့​လေး​တွေရဲ့​ပျော်​ရွှင်​မှုထက်​ဘယ်​အရာကမှ အ​ရေးမကြီးပါဘူး..."

"သိပ်​မှန်​တာ​ပေါ့ရှင်​..."

"နှင်းနှင်း တစ်​ခုခု​သောက်​မလား.."

"မ​သောက်​တော့ဘူး ကို​ကျော်​..။ နှင်းနှင်း ပြန်​တော့မယ်​..။ရောက်​ခါစဆို​တော့ အိမ်​လည်း ရှင်းရဦးမယ်​လေ.."

"​ကောင်းပါပြီ...။ ကို​ကျော်​လူလွှတ်​ပေးရမလား..."

"ရပါတယ်​..."

"လူလွှတ်​ပေးလိုက်​ပါ့မယ်​..။ ပစ္စည်း အသယ်​အချ အဆင်​ပြေ​အောင်​..."

"ဟုတ်​ကဲ့...။ ဒါဆို နှင်းနှင်း သွားပြီ​နော်​..။နောက်​မှ တစ်​ခေါက်​လာခဲ့မယ်​..."

"​ကောင်းပါပြီ..။စေ​လေးပြန်​မလာ​သေးဘူးထင်​တယ်​..။ အိမ်​က Driver​ခေါ်သွားလိုက်​..."

"ရတယ်​..။ နှင်းနှင်း Taxi ပဲ​ခေါ်လိုက်​မယ်​..."

"ကဲပါ အိမ်​က driver နဲ့ပဲ ပြန်​လိုက်​ပါ..။မောင်​မြင့်​ရေ.. ဧည့်​သည်​ကို ပြန်​ပို့လိုက်​ပါဦးကွယ်​.."

"ဟုတ်​ကဲ့.. ဦး​ကျော်​..."

"ဒါဆို ပြန်​လိုက်​ဦးမယ်​ကို​ကျော်​.."

"အင်း အင်း . .."

==================


You are reading the story above: TeenFic.Net