~2~ (Unicode)

Background color
Font
Font size
Line height

"1,2,3,4....

5,6,7,8....

And

1 and 2
3 and 4 "

အားမာန်​အပြည့်​ဖြင့်​အက​လေ့ကျင့်​နေကြ​သော new gp ကို ကြည့်​နေတုန်း...

"Knock.. knock.."

လက်​သီး​လေးဆုပ်​ကာ ပါးစပ်​မှ တံခါး​ခေါက်​သံ​လေးအား ရွတ်​ဆိုရင်း ပြုံးပြ​နေ​သော​စေ....

"ဟာ..​စေ..!"

"မင်္ဂလာပါ.. .!!."

​လေ့ကျင့်​နေကြ​သော က​လေးများက​ စေ အားအပြိုင်​နှုတ်​ဆက်​ကြသည်​။

"ဟုတ်​ကဲ့...။ ဆက်​လေ့ကျင့်​ကြပါ..။ ကျွန်​တော်​မ​နှောင့်​ယှက်​တော့ဘူး...။ ကြိုးစား​နေကြတယ်​မဟုတ်​လား..."

"ဟုတ်​ကဲ့..."

"​မျှော်​လင့်​နေပါ့မယ်​..."

"ဟုတ်​ကဲ့..။ ကြိုးစားပါ့မယ်​..."

ပြုံးပြ နှုတ်​ဆက်​ရင်း ကိုထွဋ်​ရုံးခန်းထဲ သွား​တော့ ကိုထွဋ်​က နောက်​မှလိုက်​လာသည်​။​စီးပွား​ရေး​လောကသားများ မြင်​ရခဲ​သော​စေ ၏အပြုံးမှာ Ent မှ က​လေးများအဖို့​တော့ မကြာခဏ မြင်​ကြရဆဲ..။ ဤသည်​ကိုပင်​ဂုဏ်​ယူရ​တော့မလိုလို...

"အားလုံး အဆင်​ပြေ​နေတဲ့ပုံပဲ​နော်​..."

ထိုင်​ခုံကို သက်​တောင့်​သက်​သာ​လျှောမှီကာ ထိုင်​ရင်း ဆို​လာသော​စေ...

"အင်း..။ အားလုံးအဆင်​ပြေ​နေတယ်​...။ က​လေး​တွေကလည်း ကြိုးစားကြတယ်​..."

"အင်း...၊ လိုအပ်​တာရှိရင်​ကျွန်​တော်​ကူညီပါ့မယ်​..."

"အခုထိ​တော့ မလို​သေးဘူး​ စေ.."

"Ok.."

​စေ​ပြောင်းလဲသွားသည်​။​တော်​တော်​ကြီးကို​ပြောင်းလဲသွားသည်..။ ယခင်က​စေနှင့်တွေ့လျှင်​နွေး​ထွေး​သော ခံစားချက်​ကိုရ​လေ့ရှိသည်​။ ယခုကား​အေးစက်​စက်​ခံစားချက်​သာ ရတတ်​သည်​။

စကားလည်း နည်းလာသည်​။ အရင်​ကဆိုပါလျှင် နှံ့နှံ့စပ်​စပ်​လှိမ့်​ပတ်​လည်​အောင်​ပြောတတ်​သူက ယခုမူ လိုအပ်​သည်​ထက်​ပိုမ​ပြောတတ်​။ ကျွန်​တော့်​ကို​ပြော​နေသည့်​စကားအခွန်း​ရေကား တစ်​ခြားသူများနဲ့ယှဉ်​လျှင်​များ​နေပြီဟု ဆိုနိုင်​သည်​..။

​အေးစက်​မှု ၊ တည်​ငြိမ်​မှုများ​မွေးမြူထား​သော​စေ က ပြတ်​သားမှုပါ အပို​ဆောင်းထား​သေးသည်​။ အလုပ်​လုပ်​ရာတွင်​တိကျမှု၊​သေသပ်​မှုတို့​ကြောင့်​နာမည်ကြီးသကဲ့သို့ သူ့ရဲ့ ပြတ်​သားမှု​ကြောင့်​လည်း နာမည်​ကြီးသည်​။

ထိုပြတ်​သားမှုကိုလည်း​စီးပွား​ရေးသမားများ​ကြောက်​တတ်​ကြသည်​။ဘယ်​လိုမှ ဆွဲ​ဆောင်၍ မရ​ပေဘူးကိုး..။​စေ ကို စီးပွား​ရေး​လောကသားများ​ပြောကြသည်​က​တော့ ကျားတစ်​ကောင်​လိုကို​နေတတ်​သည်တဲ့လေ....

သူမြတ်​နိုးသည့် Ent မှာ​တောင်​ ဤမျှအေးစက်​နေလျှင်​ စီးပွား​ရေး​လောကသားများ​ပြောသည်​ကား မမှား​လောက်​ဟု ယူဆမိသည်​။

"ဒါနဲ့...."

ကိုထွဋ်​စကား စ ရန်​ပြင်​တော့ Tablet ကို ကြည့်​နေရာမှ​မော့ကြည့်​သည်​။

"လွမ်း.... SC ent နဲ့ စာချုပ်​သက်​တမ်း ပြည့်​ပြီ..."

ထိုအခါမှ​စေ ၏မျက်​လုံးများအ​ရောင်​ပြောင်းလာသည်​..။

~~ဟုတ်​တယ်​..​။ စေ​ ပြောင်းလဲသွားတယ်​..။ ဒါ​ပေမယ့်​အဲ့ဒီ​ပြောင်းလဲမှု​တွေထဲမှာ​တော့ လွမ်းကို ချစ်​တဲ့အချစ်​တွေ မပါခဲ့ဘူး....~~

"သူ စာချုပ်​သက်​တမ်း ထပ်​တိုးလိုက်​သေးလား..."

"ခုထိ​တော့ ဘာမှမလုပ်​သေးဘူး ထင်​တာပဲ..."

"အင်း..."

"​စေ....!"

"ကျွန်​တော်​ပြန်​တော့မယ်​..။ လုပ်​စရာ​လေးကျန်​သေးလို့..."

ကျွန်​တော်​သက်​ပြင်းသာချလိုက်​မိသည်​...။ အရင်​က​စေ နှင့်ဆိုလျှင်​သက်​တောင့်​သက်​သာ ဖြစ်​သော်​လည်း ယခုမူ​စေ ကိုကြည့်​မိလျှင်​အသက်​ရှူ ကြပ်​ရသည်​။

"က​လေး​တွေကို​သေချာ​လေ့ကျင့်​ခိုင်းပါ..။ ညှာ​နေလို့ မဖြစ်​ဘူး..."

"အင်း..။ ကိုယ်​တို့ မ​ပြော​တောင်​သူတို့ အ​တော်​ကြိုးစား​နေကြပါတယ်​..."

"ကျွန်​တော်​သွားပြီ..."

"Driver ပါလား..."

"No.."

"ဂရုစိုက်​မောင်း​နော်​.."

လက်​ကို​နောက်​ပြန်​ရမ်းပြရင်း တစ်​လှမ်းချင်း ထွက်​သွား​သော​စေ...။ ငယ်​ငယ်​ကလို ဂျစ်​ကန်​ကန်​နေ​နေပါသော်လည်း ယခုမူကား လေးနက်​မှုပါ ထပ်​ဖြည့်​ထား၍ အပြစ်​မဆိုသာ..။ မမြင်​နိုင်​တဲ့ အရှိန်​အဝါ​တွေ ရ​နေသကဲ့သို့ ခံစားရသည်​..။​

~~ မ​ကောင်းတဲ့ အချက်​တော့မဟုတ်​ပေမယ့်​ကိုယ်​တို့အားလုံးက မင်းကို အရင်​လို​နွေး​ထွေးတဲ့၊ နူးညံ့တဲ့​ကောင်​လေးတစ်​ယောက်​အ​နေနဲ့ ပြန်​မြင်​ချင်​တာ...~~

========

"ကို​စေ လာသွားတာလား..."

"အင်း..."

"ကို​စေကိုကြည့်​ရတာ တစ်​နေ့တစ်​ခြား​ကြောက်​ဖို့​ကောင်းလာတယ်​...။ မြင်​လိုက်​တာနဲ့ကို ရှိန်​နေတာ.."

"အင်း..၊ ကိုယ်​ရောပဲ...။ ဒီကိစ္စက စိုးရိမ်​စရာတစ်​ခုလို့ ခန့်​ထင်​လား..."

"ကျွန်​တော်​လည်း မသိ​တော့ဘူး..။ ဒါနဲ့ ကိုရိပ်​ကိစ္စ​ရော..."

"ပုံရိပ်​ဆုံးဖြတ်​ချက်​အတိုင်းပဲ လိုက်​နာဖို့လုပ်​ထားတယ်​..."

"ကိုရိပ်​က ဘာတဲ့လဲ..။ ဒီလိုနဲ့ အဲ့ Ent က လူဖြစ်​သွား​တော့မှာ မဟုတ်​ဘူးလား..."

"မတတ်​နိုင်​ဘူး​လေ..။ ပုံရိပ်​ဒီကိုပြန်​လာလို့လည်း​ကောင်းတာ​တွေ ဖြစ်​လာပါ့မလား..။ ပုံရိပ်​အတွက်​ပင်​ပန်းတာ​တွေပဲ ဖြစ်​လာလိမ့်​မယ်​ထင်​တယ်​..။ ပြီး​တော့​စေ အတွက်​..."

"ကို​စေဆီက​နေ​နွေး​ထွေးမှု​တွေ ပြန်​ရှာချင်​တယ်​ဆိုရင်​ကိုရိပ်​နဲ့မှပဲ ရလိမ့်​မယ်​ထင်​တယ်​..."

ကျွန်​တော်​တစ်​ချက်​ပြုံးလိုက်​ရင်း...

"​သေချာတာ​ပေါ့ ခန့်​ရာ..."

"ဒါကဘာလဲ..."

"Composer list​တွေပါ...။ ဒီထဲက​နေ ကိုထွဋ်​ပြန်​ရွေးလိုက်​ပါ..။ ပြီးရင်​စာချုပ်​ချုပ်​ဖို့ ဆက်​သွယ်​လိုက်​မယ်​..."

"Solo singer ရဲ့ result အ​ခြေအ​နေက​ရော.."

"အဆင်​ပြေ​နေပါတယ်​.. "

"အင်း..."

"ဟို piano show အတွက်​က​ရော ဘယ်​လိုလုပ်​လိုက်​ရမလဲ..."

"Show အတွက်​အရင်​ပြင်​ပေးလိုက်​ပါ..။ ပြီးမှ စာချုပ်​ကိစ္စ​တွေ​ဆွေး​နွေးကြမယ်​..."

"ဟုတ်​ကဲ့.. ၊ ဒါဆို ကျွန်​တော်​သွား​တော့မယ်​..."

"အင်း..."

ခန့်​ထွက်​သွား​တော့မှ သက်​ပြင်းရှည်​အား တစ်​ချက်​ရှိုက်​လိုက်​ကာ စိတ်​ကို​ဖြေ​လျှော့လိုက်​မိသည်​။ အခုအ​ခြေအ​နေ​တွေက အများအမြင်​မှာ အ​တော်​အဆင်​ပြေ​နေသလို​ပေမယ့်​ကိုယ်​တွေ အတွင်းဘက်​ကလူ​တွေအတွက်​တော့​ပေါက်​ခါနီး ဗုံးတစ်​လုံးအား ပိုက်​ထွေးထားရသလိုပင်​.....

=============

လွမ်းပုံရိပ်​တစ်​ယောက်​တစ်​ခုခုကို အ​လေးအနက်​ထိုင်​စဉ်းစား​နေသလိုရှိသည်​။ ထိုမှ ရုတ်​တရက်​...

"အာကာ..."

"ဟင်​..."

သူငြိမ်ပြီးထိုင်​နေတာကို​စိုက်​ကြည့်​ရင်း​တွေးမိ​တွေးရာ​တွေး​နေပါမှ ရုတ်​တရက်​လှည့်​ခေါ်လိုက်​တော့ ကိုယ်​လေးပါတွန့်​သွားရင်း လန့်​သွားမိသည်​။

"မင်း ရဲ့​နောက်​ပြပွဲက မြန်​မာနိုင်​ငံမှာမလား..."

"အင်း..၊ ဘာလို့လဲ..."

"ငါလိုက်​ခဲ့ရင်​ကောင်းမလားလို့..."

"မင်းကို​ပြောမလို့..၊ မ​ပြောဖြစ်​လို့..."

"ဘာကိုလဲ.."

"ငါ မြန်​မာနိုင်​မှာ တစ်​နှစ်​နီးပါး​လောက်​နေဦးမှာ..။​လေ့လာစရာ​လေး​တွေ ရှိ​သေးလို့..."

"​သြော်..၊ ဟုတ်​လား..."

"ဘာလို့လိုက်​ချင်​တာလဲ..."

"ငါ့ ပ​ဟေဠိ ကို အ​ဖြေထုတ်​ချင်​လို့...။ ဒီတိုင်း​တော့ ငါဆက်​ပြီး ထိုင်​မ​နေနိုင်​တော့ဘူး..."

"အင်း ...၊ အဲ့တာဆို မင်းဘယ်​လိုလုပ်​မှာလဲ..."

"အဲ့တာ ငါစဉ်းစား​နေတာ..."

ကျွန်​တော်​တို့ စကား​ပြော​နေတုန်း အန်တီနှင်းက​juice​လေးလာချ​ပေးသည်​..။

"​သောက်​ကြဦး..။ ပိုက်​ဆံရှာဖို့ချည်း အားသန်​နေကြတဲ့ သူ​ဌေး​ပေါက်​စ​လေး​တွေ​ရေ..."

"ဟဲဟဲ..။ အန်တီနှင်းကလဲဗျာ..."

"​မေ​မေ.."

"အင်း.."

"သားတို့ မြန်​မာပြည်​ခဏ ပြန်​ကြမလား..."

"ဟင်​..၊ ဘာလို့လဲ သားရဲ့.."

"သား စုံစမ်းကြည့်​ချင်​တာ​လေး​တွေရှိလို့..."

"သားအဆင်​ပြေပါ့မလား..."

"အင်း ..၊​ပြေ​လောက်​မှာပါ.."

"ကျွန်​တော်​ရှိပါတယ်​အန်တီနှင်းရဲ့..။ ရိပ်​ကို ကူညီ​ပေးမှာပါ..."

" အင်း.. ။ သား ဆန္ဒ ရှိ​နေရင်​သားသ​ဘောပဲ​လေ...။ ဒါနဲ့ ပြန်​တာ ခဏ ပဲဆိုတာက ဘာလဲ သား.."

"ကျွန်​တော်​သိချင်​တာ​လေး​တွေသိပြီးရင်​ပြန်​လာကြတာ​ပေါ့..."

"သားက မြန်​မာပြည်​မှာ မ​နေချင်​တော့ဘူးလား..."

ထိုသို့ဆို​တော့ တစ်​ခုခုကို​တွေးရင်း ငြိမ်​ကျသွားကာ..

"ဘာလို့ဆို တာမသိ​ပေမယ့်​...​ကြောက်​တယ်​ဆိုတဲ့ စိတ်​ဝင်​နေလို့..."

အန်တီနှင်း ဘာမှမ​ပြောနိုင်​။​ဝေ့တက်​လာ​သော မျက်​ရည်​စများကို မမြင်​အောင်​ပုတ်​ခက်​လိုက်​ရင်း သားရယ်​~ ဟုသာ စိတ်​ထဲမှ ဆို​နေမိသည်​။

===========

"Ring ring"

"Hello"

"​စေ..."

"​သြော်​.. . ကိုထွဋ်​..."

"......"

"ကိုထွဋ်​...၊ ဘာ​ပြောစရာရှိလို့လဲ...။​ပြော​လေ.."

"ဟိုဟာ...."

"......."

"လွမ်း အ​ကြောင်းပြန်​လာပြီ..."

လွမ်း ဟူ​သော အသံကြားသည်​နှင့်​တည်​ငြိမ်​နေ​သော စိတ်​တို့​က ယောက်​ယက်​ခတ်​လာသည်​။ လက်​သီးဆုပ်​ထားလိုက်​မိ​သော်​လည်း တုန်​ယင်​နေ​သော လက်​တို့အား ထိန်းချုပ်​ရခက်​စွာ..။ စိတ်​ထဲက အသည်းအသန်​တောင်းဆို​နေမိသည်ကား လွမ်း ပြန်​လာ​စေဖို့...

"ကိုယ်​တို့နဲ့ တစ်​နှစ်​စာချုပ်​ချုပ်​မယ်​တဲ့..."

"တစ်​နှစ်​..."

"အင်း...၊ တစ်​နှစ်​..."

"အင်း..။ သိပြီ..။ ph ချလိုက်​တော့မယ်​"

ဆတ်​ခနဲ ph ကို ချပစ်​လိုက်​ရင်း လှိုက်​တက်​လာ​သော ဝမ်းနည်းစိတ်​တို့အား ထိန်းချုပ်​နေမိသည်​။ တစ်​နှစ်​တဲ့လား လွမ်း ရယ်​..။ ကိုယ့်​ဆီလာဖို့ကို​ကြောက်​လန့်​နေပြီလား....

သို့​သော်လည်း ပြင်းပြ​သော ဆု​တောင်းအား ဖြည့်​ဆည်းပေး​သော ဘုရားသခင်​ကို​တော့ စိတ်​ရင်းဖြင့်​ကျေးဇူးတင်​မိပါသည်​....။

================


You are reading the story above: TeenFic.Net