Part 29

Background color
Font
Font size
Line height

Unicode

ထယ်ဟျောင်း ခြေထောက်အရှင်းကောင်းသွားချိန် အဖေ့ကိုသွားတွေ့ခဲ့သည်။ နှစ်ပတ်နီးပါးလောက်ပျောက်သွားတဲ့အတွက် အဖေက သူ့ကိုကြည်မနေခဲ့သော်လည်း အထူးတလည်တော့ပြောခြင်းမရှိခဲ့ပေ။

"အဖေ ကျတော့်ကိုတွေ့ချင်တယ်ဆိုလို့"

"လိုရင်းပဲပြောမယ် ယူဂျယ်အာက မင်းကိုဘာလို့ငြင်းရတာလဲ"

"သူ့မှာချစ်ရမဲ့သူရှိတယ်အဖေ အဲ့တာကြောင့် ငြင်းတာဖြစ်မှာပေါ့"

"မင်းကသူ့ရည်းစားကိုကျော်ပြီးတောင် မဆွဲဆောင်နိုင်ဘူးလား"

"အချစ်ဆိုတာဆွဲဆောင်တိုင်းရတာမဟုတ်ဘူး အဖေ"

အသင့်ယူလာတဲ့စာရွက်စာတမ်းတစ်ချို့ကို အဖေ့ရှေ့ကစားပွဲဆီတင်ပေးလိုက်သည်။

"ဘာတွေလဲ"

"အလုပ်ထွက်စာပါ"

"ဘာ"

ဒီလိုနေ့ရောက်လာဖို့ ဘယ်လောက်တောင်သူစောင့်ခဲ့ရသလဲ။

~ခင်ဗျားဖြစ်ချင်တာကိုလုပ် ကျတော်ရှိတယ်~

သူပိုင်ဆိုင်ခဲ့ရတဲ့အရာတွေထဲ ဒီကောင်လေးကတော့ သိပ်ကိုအဖိုးတန်လွန်းသည်။ ဒုက္ခရောက်နေတဲ့အချိန် အမြဲတမ်းအနားမှာရှိပေးခဲ့ပြီး သူ့ရဲ့ဖြစ်တည်မှုအားလုံးကို လက်ခံပေးနိုင်တဲ့သူ။ ဘယ်တုန်းကမှ သူ့ဘဝကိုကံကောင်းတယ်လို့မတွေးခဲ့ဖူးဘူး။ ဒီကောင်လေးကတော့ သူ့ကြုံခဲ့ရတဲ့ ကံဆိုးမှုတွေအစား ဘုရားပေးတဲ့ဆုလာဘ်ကလေးဖြစ်၏။

"ကျတော် အဖေ့စိတ်ကြိုက်နေပေးခဲ့တယ် အဖေထားသလို အဖေပြောသလို ကျတော် နည်းနည်းလေးတောင်မမေးပဲ အားလုံးလုပ်ပေးခဲ့တယ်မလား ဒါပေမဲ့ အဖေကတော့ ဘယ်တော့မှအကောင်းမမြင်ခဲ့ဘူးလေ ကျတော့်စကားတွေကိုလဲနားမထောင်ပဲ အဖေ့စိတ်ကြိုက်ပဲလုပ်နေခဲ့တာ ပျော်နေလား မပျော်ဘူးလား အဆင်ပြေလားတောင်မမေးပဲနဲ့ အဖေ့ကျတော့်ကို မျက်စိထဲရောရှိခဲ့လို့လား အဖေ့မျက်လုံးထဲမှာ စီးပွားရေးတစ်ခုပဲရှိနေခဲ့တာလေ အဖေ့ရဲ့လောဘကြောင့် ထယ်ယောင်းဘယ်လိုသေသွားရလဲ ကျွဲလိုနွားလိုသေအောင်အလုပ်လုပ်ခဲ့ရပြီး လူမသိသူမသိသေသွားခဲ့ရတာမလား အားလုံးကအဖေ့ကြောင့်ပဲ ထယ်ယောင်းသေတာ ဘယ်သူ့ကြောင့်လဲဆိုတာ အဖေမသိချင်ယောင်ဆောင်နေခဲ့တယ် အဖေသိရက်သားနဲ့ ကိုယ့်ကိုယ်ကိုအပြစ်မတင်ချင်လို့ အားလုံးကျတော့်ကို လွှဲချခဲ့တယ်မလား ဘာလို့လဲ ဘာလို့လဲ!!!!"

အသံတွေအက်ကွဲသည်အထိ ထယ်ဟျောင်းအောဟစ်ပစ်လိုက်သည်။

"ဘာလို့လဲအဖေ ကျတော်တို့မှာဘာအပြစ်ရှိလို့လဲ ဘာအပြစ်ရှိလို့... ကျတော် အဖေ့ဆီတစ်သက်လုံးပြန်မလာတော့ဘူး သားအဖြစ်ကစွန့်လွတ်လိုက်လဲရတယ် ဘာမှမမက်မောဘူးမလို့ ဒီမှာ ထယ်ယောင်းကိုသတ်တဲ့CCTVမှတ်တမ်း သေချာဖျက်ဆီးလိုက်ပါ မဟုတ်ရင်ပြဿနာတက်လိမ့်မယ်"

>>>

"ဥက္ကဌအဆင်ပြေခဲ့လား သူဘာလုပ်လိုက်သေးလဲ"

အပူတပြင်းမေးနေရှာတဲ့ကောင်လေးရဲ့လက်ဖဝါးနုနုလေးကို ခပ်ဖွဖွနမ်းပစ်လိုက်သည်။

"အဆင်ပြေတယ် စိတ်ပူနေတာလား"

"အင်းပေါ့"

အမောပြေကလေးကိုရင်ခွင်ထဲဆွဲထည့်ပြီး ခေါင်းလုံးလုံးလေးကို မွှေးကြူလိုက်တော့ ရှမ်ပူနံ့အီအီကလေးက ဝေ့ခနဲ။

"ကိုယ့်ကိုတာဝန်ယူတော့နော်"

"ယူမှာပေါ့ "

"လက်ထပ်ဖို့ကရော"

"အမ်... အဲ့တာက ပြော ဘယ်မှာလက်ထပ်ပွဲလုပ်ကြမလဲ ဘယ်နှပွဲလုပ်မလဲ"

"ဟား... boss babyလေးကို အပိုင်ရလိုက်တာပဲ"

ဘာကိုစိတ်ကောက်သည်မသိ သူ့လက်မောင်းကို အားပါပါကလေးကိုက်ဆွဲလာတဲ့ ကောင်လေး။

"အ ဘာလို့ကိုက်"

"ကျတော် ခင်ဗျားကိုတကယ်စိတ်ပူနေတာ သိလား"

"သိပါ့ဗျာ "

မချင့်မရဲနဖူးလေးကိုခပ်ဖွဖွနမ်းတော့ လက်ထဲကခွေးပေါက်လေးရုန်းသည်။ ခဏခဏမနမ်းနဲ့တဲ့လေ။

"ကင်မရာသွားဝယ်ရအောင်"

"အခုလား ဘာလုပ်ဖို့လဲ"

"ခင်ဗျားပဲ ဓာတ်ပုံရိုက်ရတာဝါဿနာပါတယ်ဆို သွားမယ်လေ"

"အခုကတည်းကအမ်းတော့မယ်ပေါ့"

"ဒီလောက်ပြောနေ ဒေါ်လေးကိုအလုပ်မှာများများခိုင်းဖို့ပြောလိုက်အုံးမယ်"

အင်ကျီအဖြူလေးအောက်ကလက်ကလေးကို မချင့်မရဲကိုင်ကာ သူတစ်စိမ့်စိမ့်ကြည့်နေမိသည်။

"ကိုယ့်ကိုထားမသွားနဲ့နော် ကိုယ်မင်းအပေါ်တကယ်ကောင်းပေးပါ့မယ်"

"ပြီးတော့ရော"

"မင်းကို ကာကွယ်ပေးမယ် ကိုယ့်မှာမင်းတစ်ယောက်တည်းပဲရှိတယ် မင်းကကိုယ့်မိသားစုပဲ ကိုယ်လေ မင်းကိုသိပ်ချစ်သွားတာ ယုံတောင်မယုံနိုင်ဘူး"

"ကျတော်ရောပဲ ကဲ ကျတော့်ကိုကာကွယ်ပေးပြီး အများကြီးချစ်ပေးပါ ပိုက်ဆံတွေလဲအများကြီးရှာပြီး အများကြီးအမ်းပေးပါ အခုတော့ ကျောပိုးပါအုံး ခင်ဗျားကိုစိတ်ပူလို့ လမ်းတောင်မလျှောက်နိုင်တော့ဘူး"

"ဟုတ်ပါပြီဗျာ"

အိမ်ပြန်လမ်းတစ်လျှောက် ထမ်းပိုးသွားရသောအိမ်ကလေးအား သံသရာဆုံးသည်အထိ သည်သွားချင်ပါသည်။
ဇာတ်လမ်းအဆုံး၌ ငပွေလီကလေးသည် ကျတော့်အပိုင် ဖြစ်လာတော့၏...။

ပြီး
ပါ
ပြီ။

>>>>>♥

Extraမျှော်ပါ...


Zawgyi

ထယ္ေဟ်ာင္း ေျခေထာက္အ႐ွင္းေကာင္းသြားခ်ိန္ အေဖ့ကိုသြားေတြ႔ခဲ့သည္။ ႏွစ္ပတ္နီးပါးေလာက္ေပ်ာက္သြားတဲ့အတြက္ အေဖက သူ႔ကိုၾကည္မေနခဲ့ေသာ္လည္း အထူးတလည္ေတာ့ေျပာျခင္းမ႐ွိခဲ့ေပ။

"အေဖ က်ေတာ့္ကိုေတြ႔ခ်င္တယ္ဆိုလို႔"

"လိုရင္းပဲေျပာမယ္ ယူဂ်ယ္အာက မင္းကိုဘာလို႔ျငင္းရတာလဲ"

"သူ႔မွာခ်စ္ရမဲ့သူ႐ွိတယ္အေဖ အဲ့တာေၾကာင့္ ျငင္းတာျဖစ္မွာေပါ့"

"မင္းကသူ႔ရည္းစားကိုေက်ာ္ၿပီးေတာင္ မဆြဲေဆာင္ႏိုင္ဘူးလား"

"အခ်စ္ဆိုတာဆြဲေဆာင္တိုင္းရတာမဟုတ္ဘူး အေဖ"

အသင့္ယူလာတဲ့စာရြက္စာတမ္းတစ္ခ်ိဳ႕ကို အေဖ့ေ႐ွ႕ကစားပြဲဆီတင္ေပးလိုက္သည္။

"ဘာေတြလဲ"

"အလုပ္ထြက္စာပါ"

"ဘာ"

ဒီလိုေန႔ေရာက္လာဖို႔ ဘယ္ေလာက္ေတာင္သူေစာင့္ခဲ့ရသလဲ။

~ခင္ဗ်ားျဖစ္ခ်င္တာကိုလုပ္ က်ေတာ္႐ွိတယ္~

သူပိုင္ဆိုင္ခဲ့ရတဲ့အရာေတြထဲ ဒီေကာင္ေလးကေတာ့ သိပ္ကိုအဖိုးတန္လြန္းသည္။ ဒုကၡေရာက္ေနတဲ့အခ်ိန္ အျမဲတမ္းအနားမွာ႐ွိေပးခဲ့ၿပီး သူ႔ရဲ႕ျဖစ္တည္မႈအားလုံးကို လက္ခံေပးႏိုင္တဲ့သူ။ ဘယ္တုန္းကမွ သူ႔ဘဝကိုကံေကာင္းတယ္လို႔မေတြးခဲ့ဖူးဘူး။ ဒီေကာင္ေလးကေတာ့ သူ႔ၾကဳံခဲ့ရတဲ့ ကံဆိုးမႈေတြအစား ဘုရားေပးတဲ့ဆုလာဘ္ကေလးျဖစ္၏။

"က်ေတာ္ အေဖ့စိတ္ႀကိဳက္ေနေပးခဲ့တယ္ အေဖထားသလို အေဖေျပာသလို က်ေတာ္ နည္းနည္းေလးေတာင္မေမးပဲ အားလုံးလုပ္ေပးခဲ့တယ္မလား ဒါေပမဲ့ အေဖကေတာ့ ဘယ္ေတာ့မွအေကာင္းမျမင္ခဲ့ဘူးေလ က်ေတာ့္စကားေတြကိုလဲနားမေထာင္ပဲ အေဖ့စိတ္ႀကိဳက္ပဲလုပ္ေနခဲ့တာ ေပ်ာ္ေနလား မေပ်ာ္ဘူးလား အဆင္ေျပလားေတာင္မေမးပဲနဲ႔ အေဖ့က်ေတာ့္ကို မ်က္စိထဲေရာ႐ွိခဲ့လို႔လား အေဖ့မ်က္လုံးထဲမွာ စီးပြားေရးတစ္ခုပဲ႐ွိေနခဲ့တာေလ အေဖ့ရဲ႕ေလာဘေၾကာင့္ ထယ္ေယာင္းဘယ္လိုေသသြားရလဲ ကြၽဲလိုႏြားလိုေသေအာင္အလုပ္လုပ္ခဲ့ရၿပီး လူမသိသူမသိေသသြားခဲ့ရတာမလား အားလုံးကအေဖ့ေၾကာင့္ပဲ ထယ္ေယာင္းေသတာ ဘယ္သူ႔ေၾကာင့္လဲဆိုတာ အေဖမသိခ်င္ေယာင္ေဆာင္ေနခဲ့တယ္ အေဖသိရက္သားနဲ႔ ကိုယ့္ကိုယ္ကိုအျပစ္မတင္ခ်င္လို႔ အားလုံးက်ေတာ့္ကို လႊဲခ်ခဲ့တယ္မလား ဘာလို႔လဲ ဘာလို႔လဲ!!!!"

အသံေတြအက္ကြဲသည္အထိ ထယ္ေဟ်ာင္းေအာဟစ္ပစ္လိုက္သည္။

"ဘာလို႔လဲအေဖ က်ေတာ္တို႔မွာဘာအျပစ္႐ွိလို႔လဲ ဘာအျပစ္႐ွိလို႔... က်ေတာ္ အေဖ့ဆီတစ္သက္လုံးျပန္မလာေတာ့ဘူး သားအျဖစ္ကစြန္႔လြတ္လိုက္လဲရတယ္ ဘာမွမမက္ေမာဘူးမလို႔ ဒီမွာ ထယ္ေယာင္းကိုသတ္တဲ့CCTVမွတ္တမ္း ေသခ်ာဖ်က္ဆီးလိုက္ပါ မဟုတ္ရင္ျပႆနာတက္လိမ့္မယ္"

>>>

"ဥကၠဌအဆင္ေျပခဲ့လား သူဘာလုပ္လိုက္ေသးလဲ"

အပူတျပင္းေမးေန႐ွာတဲ့ေကာင္ေလးရဲ႕လက္ဖဝါးႏုႏုေလးကို ခပ္ဖြဖြနမ္းပစ္လိုက္သည္။

"အဆင္ေျပတယ္ စိတ္ပူေနတာလား"

"အင္းေပါ့"

အေမာေျပကေလးကိုရင္ခြင္ထဲဆြဲထည့္ၿပီး ေခါင္းလုံးလုံးေလးကို ေမႊးၾကဴလိုက္ေတာ့ ႐ွမ္ပူနံ႔အီအီကေလးက ေဝ့ခနဲ။

"ကိုယ့္ကိုတာဝန္ယူေတာ့ေနာ္"

"ယူမွာေပါ့ "

"လက္ထပ္ဖို႔ကေရာ"

"အမ္... အဲ့တာက ေျပာ ဘယ္မွာလက္ထပ္ပြဲလုပ္ၾကမလဲ ဘယ္ႏွပြဲလုပ္မလဲ"

"ဟား... boss babyေလးကို အပိုင္ရလိုက္တာပဲ"

ဘာကိုစိတ္ေကာက္သည္မသိ သူ႔လက္ေမာင္းကို အားပါပါကေလးကိုက္ဆြဲလာတဲ့ ေကာင္ေလး။

"အ ဘာလို႔ကိုက္"

"က်ေတာ္ ခင္ဗ်ားကိုတကယ္စိတ္ပူေနတာ သိလား"

"သိပါ့ဗ်ာ "

မခ်င့္မရဲနဖူးေလးကိုခပ္ဖြဖြနမ္းေတာ့ လက္ထဲကေခြးေပါက္ေလး႐ုန္းသည္။ ခဏခဏမနမ္းနဲ႔တဲ့ေလ။

"ကင္မရာသြားဝယ္ရေအာင္"

"အခုလား ဘာလုပ္ဖို႔လဲ"

"ခင္ဗ်ားပဲ ဓာတ္ပုံ႐ိုက္ရတာဝါႆနာပါတယ္ဆို သြားမယ္ေလ"

"အခုကတည္းကအမ္းေတာ့မယ္ေပါ့"

"ဒီေလာက္ေျပာေန ေဒၚေလးကိုအလုပ္မွာမ်ားမ်ားခိုင္းဖို႔ေျပာလိုက္အုံးမယ္"

အင္ကီ်အျဖဴေလးေအာက္ကလက္ကေလးကို မခ်င့္မရဲကိုင္ကာ သူတစ္စိမ့္စိမ့္ၾကည့္ေနမိသည္။

"ကိုယ့္ကိုထားမသြားနဲ႔ေနာ္ ကိုယ္မင္းအေပၚတကယ္ေကာင္းေပးပါ့မယ္"

"ၿပီးေတာ့ေရာ"

"မင္းကို ကာကြယ္ေပးမယ္ ကိုယ့္မွာမင္းတစ္ေယာက္တည္းပဲ႐ွိတယ္ မင္းကကိုယ့္မိသားစုပဲ ကိုယ္ေလ မင္းကိုသိပ္ခ်စ္သြားတာ ယုံေတာင္မယုံႏိုင္ဘူး"

"က်ေတာ္ေရာပဲ ကဲ က်ေတာ့္ကိုကာကြယ္ေပးၿပီး အမ်ားႀကီးခ်စ္ေပးပါ ပိုက္ဆံေတြလဲအမ်ားႀကီး႐ွာၿပီး အမ်ားႀကီးအမ္းေပးပါ အခုေတာ့ ေက်ာပိုးပါအုံး ခင္ဗ်ားကိုစိတ္ပူလို႔ လမ္းေတာင္မေလ်ွာက္ႏိုင္ေတာ့ဘူး"

"ဟုတ္ပါၿပီဗ်ာ"

အိမ္ျပန္လမ္းတစ္ေလ်ွာက္ ထမ္းပိုးသြားရေသာအိမ္ကေလးအား သံသရာဆုံးသည္အထိ သည္သြားခ်င္ပါသည္။
ဇာတ္လမ္းအဆုံး၌ ငေပြလီကေလးသည္ က်ေတာ့္အပိုင္ ျဖစ္လာေတာ့၏...။

ၿပီး
ပါ
ၿပီ။

>>>>>♥

Extraေမ်ွာ္ပါ...


You are reading the story above: TeenFic.Net