part 13

Background color
Font
Font size
Line height

Unicode

"ဒေါ်လေး ဂျောင်ကုဘယ်လိုနေသေးလဲ အိပ်နေတာလား"

ဖုန်းဆက်ပြီးပြီးချင်းကိုရောက်ချလာတဲ့ ဟီးဆောင်း။ ကုကီးလေးအပေါ်သိပ်ကိုအလေးထားလွန်းတဲ့ကလေး။ လိုတာမရ ရတာမလိုတဲ့ မေတ္တာတွေပါပဲ။

"ညကတည်းကအဖျားကျသွားတာ ဘာမှစိတ်ပူစရာမရှိတော့ဘူး မနက်စာကောစားလာခဲ့ပြီးပြီလား"

"မစားလာရသေးဘူးဒေါ်လေး ကျတော် သူ့ကိုအရင်သွားကြည့်လိုက်အုံးမယ်"

"အေးအေး သွားလေ"

စကားဆုံးအောင်တောင်မစောင့်နိုင် အလောတကြီးဝင်ချသွားလေသော ကောင်လေးကရော ကုကီးလေးဆီက ဘာကိုမှမမျှော်လင့်ထားဘူးဆိုတာ ဖြစ်နိုင်ရဲ့လား။ အို ခက်ရချည်ရဲ့ကွယ်။

သူ့ဆီနှစ်ရက်သုံးရက်လောက်ဖုန်းဆက်မလာတည်းက သိလိုက်ရမှာ။ ကုတင်ပေါ်ကခပ်နွမ်းနွမ်းပုံရိပ်လေးကို မထိရက်မကိုင်ရက်ပဲကြည့်နေမိသည်။ ပိန်ကျသွားလိုက်တာ။ ရေမထိမြေမထိကလေးနေနေရာက အခုလိုအလုပ်တွေထလုပ်တော့ ပင်ပန်းပြီပေါ့။ ဖျားမှာပေါ့။ သိပ်ကိုချစ်သတဲ့လား။ ကိုယ်လည်းမင်းကိုသိပ်ချစ်တာပါပဲကွာ။ ငပွေကောင်လေးကိုချစ်မိကတည်းက နာကျင်ရတော့မယ်ဆိုတာကိုယ်သိပြီးသား။ မင်းလေးမြင်အောင် မင်းအနီးဆုံးရောက်အောင်တိုးပြီးမှ မင်းအချစ်တွေ ကိုယ်ဘယ်လိုမှမရနိုင်တော့ဘူးဆိုတဲ့အချိန် မတွေဝေခဲ့ဘူးပြောရင် လိမ်ရာကျမယ်လေ။ အကျိုးအမြတ်မရှိရင် ဘာကိုမှလှည့်မကြည့်တတ်တဲ့ စီးပွားရေးသမားတစ်ယောက် မင်းနားမှာအခုထိတွယ်ကပ်နေသေးတာကိုပဲကြည့်ပါတော့။ တစ်သက်မှာတစ်ခါဖြစ်တဲ့အချစ်မို့ ကိုယ်အချစ်ကရိုးရှင်းပါတယ်။ အသက်ရှင်နေသရွေ့ မင်းမျက်နှာလေးမြင်နေရရင်တော်ပြီ။ မင်းလိုတာတွေဖြည့်ဆည်းခွင့်ရရင်တော်ပြီ။ ပူပူနွေးနွေးအချစ်တွေကနေ အေးချမ်းတွေမေတ္တာတွေနဲ့ချစ်တတ်လာအောင် သင်ပေးတာလဲမင်းပါပဲ။ ပန်းပဲခူးခူး လမ်းပဲကူးကူး မင်းကိုနည်းနည်းလေးမှမထိခိုက်စေချင်တာ ကိုယ့်မေတ္တာတွေပါ။ ဒီလိုလေးပဲ တစ်သက်လုံးထိုင်ငေးနေရရင်ပဲ ကိုယ်ကတင်းတိမ်ပါတယ်။

မျက်ခွံလေးတွေလှုပ်လှုပ်ရွရွနဲ့ မျက်စိရှေ့ကနိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတဲ့ ကောင်လေး။ ရင်ဘက်ပေါ်တင်ထားတဲ့စောင်ကို ဆွဲယူကာ ပြန်ခွေဖို့ပြင်နေပြန်သည်မို့ ချစ်စနိုးဖြင့် ပါးတစ်ဖက်ကိုဆွဲလိုက်မိပြီးမှ နာသွားမလားဆိုပြီး ခပ်ဖွဖွကလေးပြန်ထိကိုင်မိသည်။

"အင့်"

"နေကောင်းသွားပြီလား"

"အယ် အကို ဘယ်တုန်းကရောက်နေတာလဲ"

"ခုနလေးကမှ ခေါင်းတွေကိုက်နေသေးလား မှန်းစမ်း ကိုယ်ရောပူနေသေးလား"

နဖူးပေါ်လက်တင်ကြည့်တော့ အဖျားမရှိတော့ပေ။ မျက်နှာလေးလဲကြည်နေပြီးမို့ ဒီကလေးအဖျားပျောက်သွားပြီထင်သည်။

"ကျတော်နေကောင်းသွားပါပြီ အလုပ်မသွားဘူးလား"

"နေကောင်းသွားပြီဆိုတော့ အလုပ်သွားရမှာပေါ့ ကိုယ်မနက်စာတောင်မစားခဲ့ရဘူး ဒီကိုအမြန်ပြေးလာရလို့"

"လာလေ ကျတော်နဲ့အတူစားမယ် ဒေါ်လေးမနက်စာပြင်ပြီးလောက်ပြီ"

"နေပါအုံး"

စောင်ပုံထဲကအတင်းထကာ ထမင်းစားဖို့ပြောနေသည့်ကောင်လေးက ကောင်းကောင်းနားလိုက်ရလို့ အားအင်တွေပြည့်နေဟန်ရှိသည်။

"မင်းထမင်းစားလို့မရသေးဘူး "

"ဟမ် ဟုတ်လား ကျေတော်နေကောင်းနေပါပြီ"

"ဒေါ်လေး တစ်ခုခုလုပ်ထားလောက်တယ် အဲ့ဒါစားပြီးဆေးသောက်လိုက်အုံး"

"ကျတော် ပျောက်နေပါပြီဆို"

"အာရီးဂူး အရှင်းပျောက်အောင်တော့ သောက်ရမှာပါပဲ"

ပွယောင်းနေတဲ့ဆံပင်လေးကိုထပ်ဖွလိုက်တော့ ငှက်သိပ်လေးဖြစ်သွားတော့၏။ ဂျောင်ကုမျက်နှာသည်တော့ ဆူပုပ်ပုပ်ရယ်။

"အောက်မှာစောင့်နေ မျက်နှာသစ်ပြီးဆင်းလာခဲ့မယ်"

"အင်းပါ"

>>>

"အတွင်းရေးမှူးချွဲ ခဏနေရင် ဂျောင်ကုကြိုက်တာလေးတွေဝယ်ပြီး သတင်းသွားမေးပေးပါအုံး ခွင့်လိုရင်လဲထပ်ပေးလိုက်ပါ"

"ဟုတ်ကဲ့ ဥက္ကဌ"

အတွင်းရေးမှူးချွဲထွက်သွားသည်နှင့် တစ်ပြိုက်တက်ဆိုသလို တုန်ခါလာတဲ့ဖုန်း။

"ဟုတ်ကဲ့ အဖေ"

"ဒီနေ့ညအိမ်လာခဲ့အုံး ထယ်ယောင်းတစ်လပြည့်မလို့"

"ဟုတ်ကဲ့"

>
>

>

ထိုညက အဖေ့ဆီက ပထမဆုံးကိုယ်ထိလက်ရောက်ဆုံးမခြင်းခံခဲ့ရသည်။ အမှန်ဆို ထိုမျှမက ထိုးကြိတ်ဖို့တန်ပါသေးသည်။ အဖိုးတန်တဲ့သားတစ်ယောက်ဆုံးရှုံးသွားတဲ့အတွက် အသိဉာဏ်မရှိတဲ့ သားတစ်ယောက်ပဲ ကျန်နေခဲ့တဲ့အတွက် အဖေ ဒီံထပ်မကိစိတ်ဆိုးပိုင်ခွင့်ရှိပါတယ်။

"မင်းကြောင့်... ဒါတွေအားလုံးက ကင်မ်ထယ်ဟျောင်း မင်းသောက်သုံးမကျလို့ဖြစ်ရတာချည်းပဲ ထယ်ယောင်းကို မင်းသတ်လိုက်တာ"

ထိုစဉ်က အဖေ့အသံတွေတုန်ရီနေခဲ့သည်ဟုထင်သည်။ ဒါမှမဟုတ် ကျတော့်အတွေးသပ်သပ်များလား။

>>>>>♥

Zawgyi

"ေဒၚေလး ေဂ်ာင္ကုဘယ္လိုေနေသးလဲ အိပ္ေနတာလား"

ဖုန္းဆက္ၿပီးၿပီးခ်င္းကိုေရာက္ခ်လာတဲ့ ဟီးေဆာင္း။ ကုကီးေလးအေပၚသိပ္ကိုအေလးထားလြန္းတဲ့ကေလး။ လိုတာမရ ရတာမလိုတဲ့ ေမတၱာေတြပါပဲ။

"ညကတည္းကအဖ်ားက်သြားတာ ဘာမွစိတ္ပူစရာမ႐ွိေတာ့ဘူး မနက္စာေကာစားလာခဲ့ၿပီးၿပီလား"

"မစားလာရေသးဘူးေဒၚေလး က်ေတာ္ သူ႔ကိုအရင္သြားၾကည့္လိုက္အုံးမယ္"

"ေအးေအး သြားေလ"

စကားဆုံးေအာင္ေတာင္မေစာင့္ႏိုင္ အေလာတႀကီးဝင္ခ်သြားေလေသာ ေကာင္ေလးကေရာ ကုကီးေလးဆီက ဘာကိုမွမေမ်ွာ္လင့္ထားဘူးဆိုတာ ျဖစ္ႏိုင္ရဲ႕လား။ အို ခက္ရခ်ည္ရဲ႕ကြယ္။

သူ႔ဆီႏွစ္ရက္သုံးရက္ေလာက္ဖုန္းဆက္မလာတည္းက သိလိုက္ရမွာ။ ကုတင္ေပၚကခပ္ႏြမ္းႏြမ္းပုံရိပ္ေလးကို မထိရက္မကိုင္ရက္ပဲၾကည့္ေနမိသည္။ ပိန္က်သြားလိုက္တာ။ ေရမထိေျမမထိကေလးေနေနရာက အခုလိုအလုပ္ေတြထလုပ္ေတာ့ ပင္ပန္းၿပီေပါ့။ ဖ်ားမွာေပါ့။ သိပ္ကိုခ်စ္သတဲ့လား။ ကိုယ္လည္းမင္းကိုသိပ္ခ်စ္တာပါပဲကြာ။ ငေပြေကာင္ေလးကိုခ်စ္မိကတည္းက နာက်င္ရေတာ့မယ္ဆိုတာကိုယ္သိၿပီးသား။ မင္းေလးျမင္ေအာင္ မင္းအနီးဆုံးေရာက္ေအာင္တိုးၿပီးမွ မင္းအခ်စ္ေတြ ကိုယ္ဘယ္လိုမွမရႏိုင္ေတာ့ဘူးဆိုတဲ့အခ်ိန္ မေတြေဝခဲ့ဘူးေျပာရင္ လိမ္ရာက်မယ္ေလ။ အက်ိဳးအျမတ္မ႐ွိရင္ ဘာကိုမွလွည့္မၾကည့္တတ္တဲ့ စီးပြားေရးသမားတစ္ေယာက္ မင္းနားမွာအခုထိတြယ္ကပ္ေနေသးတာကိုပဲၾကည့္ပါေတာ့။ တစ္သက္မွာတစ္ခါျဖစ္တဲ့အခ်စ္မို႔ ကုိယ္အခ်စ္က႐ိုး႐ွင္းပါတယ္။ အသက္႐ွင္ေနသေရြ႔ မင္းမ်က္ႏွာေလးျမင္ေနရရင္ေတာ္ၿပီ။ မင္းလိုတာေတြျဖည့္ဆည္းခြင့္ရရင္ေတာ္ၿပီ။ ပူပူေႏြးေႏြးအခ်စ္ေတြကေန ေအးခ်မ္းေတြေမတၱာေတြနဲ႔ခ်စ္တတ္လာေအာင္ သင္ေပးတာလဲမင္းပါပဲ။ ပန္းပဲခူးခူး လမ္းပဲကူးကူး မင္းကိုနည္းနည္းေလးမွမထိခိုက္ေစခ်င္တာ ကိုယ့္ေမတၱာေတြပါ။ ဒီလိုေလးပဲ တစ္သက္လုံးထိုင္ေငးေနရရင္ပဲ ကိုယ္ကတင္းတိမ္ပါတယ္။

မ်က္ခြံေလးေတြလႈပ္လႈပ္ရြရြနဲ႔ မ်က္စိေ႐ွ႕ကႏိုးတစ္ဝက္အိပ္တစ္ဝက္ျဖစ္ေနတဲ့ ေကာင္ေလး။ ရင္ဘက္ေပၚတင္ထားတဲ့ေစာင္ကို ဆြဲယူကာ ျပန္ေခြဖို႔ျပင္ေနျပန္သည္မို႔ ခ်စ္စႏိုးျဖင့္ ပါးတစ္ဖက္ကိုဆြဲလိုက္မိၿပီးမွ နာသြားမလားဆိုၿပီး ခပ္ဖြဖြကေလးျပန္ထိကိုင္မိသည္။

"အင့္"

"ေနေကာင္းသြားၿပီလား"

"အယ္ အကို ဘယ္တုန္းကေရာက္ေနတာလဲ"

"ခုနေလးကမွ ေခါင္းေတြကိုက္ေနေသးလား မွန္းစမ္း ကိုယ္ေရာပူေနေသးလား"

နဖူးေပၚလက္တင္ၾကည့္ေတာ့ အဖ်ားမ႐ွိေတာ့ေပ။ မ်က္ႏွာေလးလဲၾကည္ေနၿပီးမို႔ ဒီကေလးအဖ်ားေပ်ာက္သြားၿပီထင္သည္။

"က်ေတာ္ေနေကာင္းသြားပါၿပီ အလုပ္မသြားဘူးလား"

"ေနေကာင္းသြားၿပီဆိုေတာ့ အလုပ္သြားရမွာေပါ့ ကိုယ္မနက္စာေတာင္မစားခဲ့ရဘူး ဒီကိုအျမန္ေျပးလာရလို႔"

"လာေလ က်ေတာ္နဲ႔အတူစားမယ္ ေဒၚေလးမနက္စာျပင္ၿပီးေလာက္ၿပီ"

"ေနပါအုံး"

ေစာင္ပုံထဲကအတင္းထကာ ထမင္းစားဖို႔ေျပာေနသည့္ေကာင္ေလးက ေကာင္းေကာင္းနားလိုက္ရလို႔ အားအင္ေတြျပည့္ေနဟန္႐ွိသည္။

"မင္းထမင္းစားလို႔မရေသးဘူး "

"ဟမ္ ဟုတ္လား က်ေေတာ္ေနေကာင္းေနပါၿပီ"

"ေဒၚေလး တစ္ခုခုလုပ္ထားေလာက္တယ္ အဲ့ဒါစားၿပီးေဆးေသာက္လိုက္အုံး"

"က်ေတာ္ ေပ်ာက္ေနပါၿပီဆို"

"အာရီးဂူး အ႐ွင္းေပ်ာက္ေအာင္ေတာ့ ေသာက္ရမွာပါပဲ"

ပြေယာင္းေနတဲ့့ဆံပင္ေလးကိုထပ္ဖြလိုက္ေတာ့ ငွက္သိပ္ေလးျဖစ္သြားေတာ့၏။ ေဂ်ာင္ကုမ်က္ႏွာသည္ေတာ့ ဆူပုပ္ပုပ္ရယ္။

"ေအာက္မွာေစာင့္ေန မ်က္ႏွာသစ္ၿပီးဆင္းလာခဲ့မယ္"

"အင္းပါ"

>>>

"အတြင္းေရးမႉးခြၽဲ ခဏေနရင္ ေဂ်ာင္ကုႀကိဳက္တာေလးေတြဝယ္ၿပီး သတင္းသြားေမးေပးပါအုံး ခြင့္လိုရင္လဲထပ္ေပးလိုက္ပါ"

"ဟုတ္ကဲ့ ဥကၠဌ"

အတြင္းေရးမႉးခြၽဲထြက္သြားသည္ႏွင့္ တစ္ၿပိဳက္တက္ဆိုသလို တုန္ခါလာတဲ့ဖုန္း။

"ဟုတ္ကဲ့ အေဖ"

"ဒီေန႔ညအိမ္လာခဲ့အုံး ထယ္ေယာင္းတစ္လျပည့္မလို႔"

"ဟုတ္ကဲ့"

>
>
>

ထိုညက အေဖ့ဆီက ပထမဆုံးကိုယ္ထိလက္ေရာက္ဆုံးမျခင္းခံခဲ့ရသည္။ အမွန္ဆို ထိုမ်ွမက ထိုးႀကိတ္ဖို႔တန္ပါေသးသည္။ အဖိုးတန္တဲ့သားတစ္ေယာက္ဆုံး႐ွံုးသြားတဲ့အတြက္ အသိဥာဏ္မ႐ွိတဲ့ သားတစ္ေယာက္ပဲ က်န္ေနခဲ့တဲ့အတြက္ အေဖ ဒီံထပ္မကိစိတ္ဆိုးပိုင္ခြင့္႐ွိပါတယ္။

"မင္းေၾကာင့္... ဒါေတြအားလုံးက ကင္မ္ထယ္ေဟ်ာင္း မင္းေသာက္သုံးမက်လို႔ျဖစ္ရတာခ်ည္းပဲ ထယ္ေယာင္းကို မင္းသတ္လိုက္တာ"

ထိုစဥ္က အေဖ့အသံေတြတုန္ရီေနခဲ့သည္ဟုထင္သည္။ ဒါမွမဟုတ္ က်ေတာ့္အေတြးသပ္သပ္မ်ားလား။

>>>>>♥


You are reading the story above: TeenFic.Net