"ဟင် မောင် အိမ်တံခါးကြီးပွင့်နေတယ် သူခိုးဝင်နေတာလားမသိဘူး"
ရုံးကအပြန် အိမ်တံခါးကြီးပွင့်နေတာကြောင့်
ကျားရွေ့ပြောလိုက်ခြင်း
"မဟုတ်ဘူး မမရဲ့သားရောက်နေတာ"
"အော်....."
"အကိုတို့တောင်ရောက်ပြီးဘဲ ကျွန်တော်ကနောက်ကျမယ်ထင်နေတာ"
"ဟင်....ယင်လိန်"
ယင်လိန်ရဲ့အသံနဲ့တူတာမို့ကြည့်လိုက်ေတာ့မီးဖိုချောင်ထဲကနေယောင်းမကိုင်ပြီးထွက်လာတဲ့သူရဲ့နှစ်ယောက်မရှိ သူငယ်ချင်း ယင်လိန်
"ယင်လိန် ငါ ငါမင်းကိုလွမ်းနေတာ"
ပြောလဲပြော ယင်လိန်ကိုပြေးဖတ်တဲ့ကျားရွေ့။တည်မာသွားတဲ့ရန်အန်းရဲ့မျက်နှာကိုတော့ကျားရွေ့မမြင်ပေ။
"အ အကိုလေး ကျွန်တော်ကိုသိတာလား"
"မင်း မင်းက ယင်လိန်မဟုတ်လား ငါတို့ငယ်ငယ်ကအတူဆော့အတူစားခဲ့ကြတာလေး"
"Host အဲတာ hostရဲ့သူငယ်ချင်းယင်လိန်မဟုတ်ဘူး သူကဇာတ်လိုက်ရဲ့တူ မမဝမ်ချင်းရဲ့ မွေးစားသားလေ"
ချမ်းနိရဲ့သတိပေးမှုကြောင့် သူဇာတ်ကြောင်းကိုပြန်စဉ်းစားရသည်။ ဟုတ်သားဘဲ ယင်လိန်ရဲ့နာမည်နဲ့တူတဲ့ဇာတ်ကောင်ပါတာကိုသူမေ့နေချင်။အဲခါကျမှယင်လိန်ကိုဖတ်ထားတာကိုလွှတ်လိုက်တော့သည်။
"တောင်းပန်ပါတယ် အသိတစ်ယောက်နဲ့မှားသွားလို့"
"ရပါတယ် ကျားရွေ့ ဟိုကျားရွေ့လို့ဘဲခေါ်မယ်နော် ဘာလိုဆို ကျားရွေ့နဲ့ကျွန်တော်ကအသက်အတူတူဘဲမလို့"
"ရပါတယ် ယင်လိန်"
ယင်လိန်ရုတ်တရက်ကြီးကျောချမ်းလားသလို့ဖြစ်နေတာမို့ပတ်ဝန်းကျင်ကိုကြည့်မိတော့ သူကိုသတ်တော့မလို့ကြည့်နေတဲ့ ရန်အန်းကြောင့် ဖျားချင်သွားတော့သည်။
"ယင်လိန်က ငါတို့နဲ့နေမှာ ကျားရွေ့ "
"တကယ်လား ပျော်စရာကြီး မောင်ရုံးသွားတဲ့အချိန်ပျင်းနေတာနဲ့အတော်ဖြစ်သွားတယ်ဒါနဲ့ ယင်လိန်က မီးဖိုချောင်ထဲမှာဘာလုပ်နေတာလဲ"
"ဟင်းချက်နေတာ ကျားရွေ့နဲ့အကိုစားဖို့"
"ယင်လိန်က ဟင်းချက်တတ်တယ်ပေါ့"
"ဟင်းချက်ရတာကိုဝါသနာပါတော့လေ့လာထားတာလေ"
ဝါသနာရောရုပ်ကိုတူတဲ့ ယင်လိန်ကိုကြည့်ကာ သူရဲ့သူငယ်ချင်းဖြစ်သူ ယင်လိန်ကိုသတိရသွားတော့သည်။ငယ်ထဲကနေဒီအရွယ်ထိ သူတို့နှစ်ယောက်ခွဲဖူးတာမဟုတ်ဘူး။အခုချိန်သူမရှိလို့ ယင်လိန်လိုက်ရှာနေမလား ငိုနေမလား သူမသိပေး။ယင်လိန်ဘယ်လို့ကျန်နေမလဲသူမသိပေ။တွေးရင်မျက်ရည်ကျလာဝတော့သည်။
"ဟင် ကျားရွေ့ ငိုနေတယ် ဘာလို့လဲ"
"ဟင်..အင်..ဒီတိုင်းအသိတစ်ယောက်ကိုသတိရသွားလို့"
"ကလေးလဲမဟုတ်တော့ဘူး ငိုနေသေးတယ်"
ရန်အန်း အစက ကျားရွေ့ငိုတယ်ဆိုတော့စိတ်ပူသွားပင်မဲ့ အသိတစ်ယောက်ကြောင့်ဆိုတော့ သူနည်းနည်းတင်းသွားတော့သည်။
"ငိုမနေနဲ့ ယင်လိန်း မင်းလဲရေသွားချိုလိုက်အုံးညစာပြီးရင် အကိုတို့ရေချိုလိုက်အုံးမယ်
ထျန်ကျားရွေ့လာခဲ့"
ထွက်သွားတဲ့ကျောပြင်နှစ်ခုကိုကြည့်ရင် ယင်လိန်းတွေးမိသည်က နတ်ဖတ်တဲ့ဖူးစာဆိုတာဒါကိုပြောတာထင်တယ် နောက်ကျောကအစလိုက်ဖတ်နေတာမျိုး
"မင်းရေအရင်ချိုးမှာလား"
"ဟင်အင့် မင်းအရင်ချိုးလိုက်"
ထျန်ကျားရွေ့ ယင်လိန်းကိုမြင်ပြီး သူတကယ်ချင်းကိုသတိရသွားတာကြောင့် သူသုံးလိုက်တဲ့နာမ်စားကိုသတိမထားမိလိုက်ပေ။ရန်အန်း ကျားရွေ့နားက ခေါ်နေကြာ မောင် ဆိုတဲ့နာမ်စား အစား မင်း ဆိုတဲ့နာမ်းစားကြောင့် သူဒေါသထွက်သွားသောလည် စိတ်ပြန်ထိန်းကာ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။
"ဒုန်း"
ရေချိုးခန်းတံခါးကို အကြမ်းပတမ်းပိတ်သွားတာကြောင့် ကျားရွေ့အတွေးလွန်နေတာမှ လန့်သွားတော့သည်။ဖြေးဖြေးပိတ်လဲရတာကို လူကိုလန့်အောက်လုပ်သွားသေးတယ် ဇာတ်လိုက်ကတော့..
"Host"
"ဘာလဲ"
"မသိဘူးလား"
"ဘာကိုလဲ ဘာကိုသိရမှာလဲ"
"ဇာတ်လိုက် စိတ်ကောက်နေတာကို"
"ဘာ"
ကျားရွေ့ကြားလိုက်ရတာစကားကိုမယုံနိုင်ဖြစ်သွားတော့သည်။ဇာတ်လိုက်က စိတ်ကောက်နေတယ်တဲ့လား။သူကဘာလုပ်ရသေးလို့လဲ
"Host သူကိုခုနကဘယ်လိုခေါ်လိုက်တာလဲ"
"ငါသူကို........"
ဟုတ်သားဘဲ နာမ်စားမှာခေါ်မိတာအတွေးလွန်းနေတာနဲ့သတိမထားမိလိုက်ဘူး။ဒါနဲ့နေပါအုံး သူကစိတ်ကောက်တယ် မောင်လို့မခေါ်လို့စိတါကောက်တာဆို ငါကိုသူနည်းနည်းလေးစိတ်ဝင်စားနေတာဘဲနေမယ်။ဟဲဟဲ နောက်ဆုံးတော့ဇာတ်လိုက်နဲ့ထျန်ကျားရွေ့ကြောင့်ကွေးရတော့တာဘဲ.....
ရေချိုးခန်းထဲတွင်
ရန်အန်ရေချိုးပြီးသော်လည် မှန်ထဲကသူပုံကိုသူကြည့်ပြီးအတွေးများကာ တစ်ယောက်ထဲစကားတွေပြောနေတော့သည်။
သူက ငါကို မောင် လို့ခေါ်ပြီး အခုကျတော့ မင်း တဲ့ ဒါဘာသဘောလဲ ထျန်ကျားရွေ့တို့က ဘာအချိုးချိုးတာလဲ။စတုန်းက မောင် ယောင်္ကျားဆိုပြီး အခုကျတော့ကြည့်အုံး ကြည့်ထားလိုက် နောက်ခါယောင်္ကျားလိုခေါ်ပြီးခိုင်းရင် ဘာခိုင်းခိုင်းမလုပ်ပေးဘူး လုပ်ပေးမိရင် ငါကို ငါခွေးကောင်ရန်အန်း လို့ခေါ်ပစ်မယ်။နေစမ်းပါအုံး ငါကသူမောင်လို့မခေါ်တာနဲ့ဘာဖြစ်နေတာလဲ။ငါကအဖြောင့်ကြီးပါ သူ့ကလှတယ်ဆိုပင်မဲ့ ငါကွေးနိုင်လောက်တဲ့အထိတော့မဟုတ်ဘူးလေ။ဒါမဲ့ နေ့လည်က သူချွဲတာလေးကချစ်စရာလေးရယ်ပြီးတော့ ငါကိုယောင်္ကျားလို့ခေါ်တာကလဲ အူယားစရာလေး။ဒါမဲ့ခုနကတော့ မင်း လို့ပြောနေတာလေ။ထျန်ကျားရွေ့က ငါကိုအမှတ်မှားပြီးခေါ်နေတာလား။ဒီလိုမျိုးအမှတ်မှားပြီးခေါ်တာဆို ထျန်ကျားရွေ့ မင်းငါနဲ့တွေ့မယ်မှတ်
"သိတယ် မောင်ခနလေး ဒီမယ်ပြီးတော့မယ်"
အိပ်ချိန်ရောက်ရင်ရန်အန်းမှာအလုပ်တစ်ခုတိုးလာတယ် အဲတာက ယင်လိန်ရောက်ပါပီဆိုထဲက ညတိုင်းညဉ့်နက်တဲ့အထိ ဇာတ်ကားတွေကြည့်တဲ့ ကျားရွေ့ကို အိပ်ဖို့ အမြဲခေါိနေရသည်။ လူက ဟိုတစ်နေ့က ကိစ္စကိုတောင်ကျေသေးတာမဟုတ်ဘူး။သူကဘာမှမဖြစ်သလို့ကြီးနေနေတာ။ညတိုင်းခေါ်ခေါ်နေနေရတာ လူက သူမရှိရင် မအိပ်တတ်တော့လို့သာခေါ်နေရတာ မဟုတ်ရင်သူဘာသာအိပ်အိပ်မအိပ်အိပ် ကိုယ်ကခေါ်မှာမဟုတ်ဘူး။
"ယင်လိန်ရယ် မင်းသားသေသွားတာနှမျောလိုက်တာ"
"ဟုတ်ပါ ကျားရွေ့ရယ် ငါကညားမယ်ထင်နေတာကို"
"အဲတာဟိုမသာကြီးကြောင့်လေ"
ကြည့်အုံးခေါ်နေတဲ့လူကိုအလေးမထားတာဘဲဇာတ်ကားအကြောင်းဘဲပြောနေတဲ့ထျန်းကျားရွေ့ကြောင့် ရန်အန်း စိတ်ပေါက်ကာ အခန်းတံခါးလော့ခတ်ပြီးအိပ်လိုက်တော့သည်။စေတနာနဲ့ခေါ်တာကို မလာတာကိုယ်အပြစ်နဲ့ကိုယ်ခံ။
ရန်အန်းတစ်ယောက်တံခါးပိတ်သွားတာကိုတော့ ဇာတ်ကားကြည့်နေတဲ့ ယင်လိန်နဲ့ထျန်ကျားရွေ့တို့နှစ်ယောက်မသိလိုက်ပေ။
Hostရေ ဇာတ်ကားဘဲငမ်းမနေပါနဲ့ Hostယောင်္ကျား စိတ်ကောက်နေတာကိုလဲချော့ပါအုံး ဟိုတစ်နေ့ထဲကကောက်နေပါတယ်ဆို အခုပိုကောက်ပီပေါ့..
ချမ်းနိပြေယနေသောလဲ ဇာတ်ကားငမ်းနေတဲ့ ကျားရွေ့ကတော့မသိပေ။
______________________________________
ဟဲဟဲ စာရေးချင်စိတ်ခွေးမစားခင်မြန်မြန်ရေးပြီးတင်ပေးလိုက်တယ်။
ရှင်တို့ကိုကိုကျားရွေ့က ယောင်္ကျားစိတ်ကောက်နေတာကိုမချော့ဘူးရှင့်^_^
DATE-21.1.2025(အင်္ဂါနေ့)
ချမ်း
You are reading the story above: TeenFic.Net