ရူးမိုက်ခြင်း

Background color
Font
Font size
Line height

ရန်အန် ဖေစီဟန်ပြောတဲ့အိမ်ကိုရောက်တော့ခြံတံခါးကြီးပွင့်ကာ လူတစ်ယောက်မှမရှိပေ။ဖေစီဟန်များမှားပြောသလားလို့ဆိုရအောင်လဲ မြို့ပြင်မှာ ဒီအိမ်တစ်လုံးကိုသာ ထည်ထည်ဝါဝါတွေ့ရသည်။ရန်အန်ဘာမှတွေးမနေတော့ဘဲ ခြံထဲလမ်း‌လျှောက်ဝင်လာလိုက်သည်။ကားကိုတော့ ခြံပြင်မှာထားခဲ့သည်။ရန်အန်အိမ်ထဲဝင်ဝင်ချင်းကြားလိုက်ရတဲ့ယင်လိန်စကားတွေကြောင့်မယုံနိုင်အောင်ဖြစ်သွားတော့သည်။

ဒါဆို ယင်လိန်က အစကတည်းက ကျားရွေ့ကိုကြိုက်နေတာပေါ့။သူဘာလို့များနည်းနည်းလေးမှမရိပ်မိခဲ့တာလဲ။‌ရန်အန်လိန်စကားတွေကိုနားမထောင်ချင်တော့တာကြောင့်ဧည့်ခန်းထဲဝင်ကာ ယင်လိန်ကိုခေါ်လိုက်တော့ ယင်လိန်ရော ကျားရွေ့ပါလှည့်ကြည့်လာသည်။

"မောင်....."

"နောက်ဆုံးတော့ ဧည့်သည်တော်ကြီးရောက်လာပီကို....."

ယင်လိန်ရဲ့စကားကြောင့် ကျားရွေ့သိလိုက်ပါပြီး မောင်ဒီကိုရောက်လာရတဲ့လက်ချက်ကယင်လိန်လက်ချက်ပေ။

"ဘယ်သွားမလို့လဲ ကျားရွေ့..."

ကျားရွေ့မောင်ဆီသွားမယ်အလုပ် လက်တစ်ဖတ်ကိုဆွဲလာတဲ့ယင်လိန်။ဆွဲကိုင်ထားတဲ့လက်ကိုရုန်း‌တော့ဆွဲထားတဲ့လက်ကိုအားထည့်လိုက်တဲ့ယင်လိန်။

"ယင်လိန် မင်းဘာကြောင့်ဒီလိုတွေလုပ်နေရတာလဲ မမတို့သိရင်လဲ သူတို့စိတ်ချမ်းသာကြမယ်လို့ မင်းထင်နေတာလား..."

ရန်အန် ယင်လိန်အားပြောလိုက်ခြင်း။

"အဟက် သူတို့ စိတ်ချမ်းသာဖို့အတွက် ငါက ငါအပိုင်ကိုလက်လွှတ်ပေးရမှာလား။ကျားရွေ့ကမင်းအပိုင်မဖြစ်ခင်ကတည်းက ငါအပိုင်ဖြစ်ခဲ့တာ...ဒါကို ကြားထဲကနေမင်းက ငါဆီကနေငါအပိုင်ကိုလုယူသွားခဲ့တာ..!"

"ကျားရွေ့ကိုမင်းအပိုင်လို့ပြောနေရအောင် ကျားရွေ့က မင်းကိုချစ်တယ်ပြောဖူးသလား.."

"သူချစ်ဖို့မလို့ဘူး ငါချစ်ပေးနေရင်ရပြီး..."

"ကျားရွေ့ကမင်းကိုဘယ်တော့မှပြန်ချစ်မှာမဟုတ်ဘူး ယင်လိန် ကျားရွေ့ရဲ့နှလုံးသားကငါဆီမှာမလို့ကျားရွေ့ရဲ့အချစ်တွေက ငါဆီမှာမလို့...."

"သိတယ် ခင်ဗျာကို ကျားရွေ့ချစ်တာကိုသိတယ် သူရဲ့အချစ်တွေအကုန်လုံးကိုခင်ဗျာကိုပေးထားတာကိုလဲသိတယ်..

‌ပြောလဲပြောဘယ်ကတည်းကရှိနေမှန်းမသိတဲ့ပစ္စတိုတစ်လက်နဲ့ ရန်အန်ကိုချိန်လာတဲ့ယင်လိန်။

"ယင်လိန် မင်းဒါဘာလုပ်တာလဲ...."

"ယင်လိန်...!"

ရန်အန်ရဲ့အမေးနဲ့အတူ ကျားရွေ့ရဲ့ခေါ်သံ။

"ရှူး...ကျားရွေ့ မောင်အခုလို့သူကိုသတ်ပေးမှာကိုကျေးဇူးတင်သင့်တယ် မောင်ကတစ်ချက်နဲ့တင်ဘာနာကျင်မှုသိပ်ပြီးမခံစားရအောင် မင်းချစ်တဲ့သူကိုသတ်ပေးမှာမလို့လေ..."

"အယုတ်တမာကောင်...."

"အွင်း ကျန်တာတော့ယုတ်မာပြီးပြီး ကျားရွေ့ကိုတော့မယုတ်မာရသေးဘူး..."

မချိုမချဉ်ပြုံးနဲ့ပြောလာတဲ့ယင်လိန်။

"ယင်လိန် မင်းသေနတ်ကြီးကိုချထားပါ ငါတို့အေးဆေးပြောရအောင်..."

"ဘာကိုလာပြီးအေးဆေးပြောချင်နေတာလဲ ခင်ဗျာကို လွယ်လွယ်ကူကူအသတ်ထွက်အောင်လုပ်ပေးမှာကို..."

"ယင်လိန် မင်းနားမှာငါရှိနေပြီးဘဲ ဘာလို့မောင်ကိုသတ်ချင်သေးတာလဲ.."

"ဘာလို့လဲဆိုတော့....."

ပြောလဲပြော ကျားရွေ့ရဲ့နားနားလေးကပ်ပြီး

"ဘာလို့လဲဆိုတော့...အထက်ကMissionတွေချရင် မဖြစ်‌မနေလုပ်ဆောင်ရတယ်လေ..အဲတော့ မောင်ကသတ်ပေးရုံပါ..."

"မင်း...!"

ကျားရွေ့ယင်လိန်ကိုအားနဲ့တွန်းကာ ဘေးနားမှာပန်းသီးလှီးထားတဲ့ဓားကို ယူကာယင်
လိန်ကိုရွယ်ထားသည့်ကျားရွေ့

"ယင်လိန် မင်းမောင်ကိုလွတ်ပေး..မင်းမောင်ကိုမသတ်ရဘူး..."

"ဘာလို့ မောင်က သတ်လိူ့မရရမှာလဲ ဘာလဲ မင်းသဘောကျတဲ့သူမလို့လား..ဒါဆိုရင်မောင်သူကိုပိုသတ်သင့်တယ်လို့ မင်းမထင်ဘူးလား..."

"တကယ်လို့ မင်းမောင်ကိုသတ်ရင် ငါလဲမင်းကိုသတ်မှာယင်လိန်....."

"ဟားဟား...ကျားရွေ့ရယ်...မင်းကမောင်မထင်ထားလိုက်အောင်ချစ်တတ်လိုက်တာ..."

ယင်လိန် ဟက်ဟက်ပတ်ပတ်ရယ်ကာ ကျားရွေ့ကိုကြည့်ရင်ပြောလိုက်သည်။ယင်လိန်တကယ်မထင်ထားပေ ကျားရွေ့သည်သူရှေ့ကဘာမဟုတ်တဲ့ဇာတ်ကောင်ကို အဲလောက်ချစ်သွားလိမ့်မယ်လို့ တကယ်ကြီးမထင်ထားပေ။

"ထျန်ကျားရွေ့ထျန်ကျားရွေ့..မင်းမောင်ကိုသတ်‌ချင်ရင် သတ် မင်းမသတ်ခင်မောင်သူကိုအရင်သတ်မှာ...."

"ဒိုင်း..."

ယင်လိန်ပြောလဲပြောရန်အန်ကိုသေနတ်နဲ့ပစ်လိုက်သည်။ယင်လိန်ရဲ့ပစ်ချက်ကြောင့် လှဲကျသွားတဲ့ရန်အန်။ပစ်ချက်သည် ရန်အန်ရဲ့နှလုံးတည်တည်ကိုထိသွားသည်ပေ။ကျားရွေ့လှဲကျသွားတဲ့ရန်အန်နားသွားကာ။

"မောင်...မောင်...."

သွေးများသည်မြင်မကောင်းလောက်အောင် ရန်အန်ကိုယ်ကနေထွက်လာသည်။ကျားရွေ့သွေးများကိုတိတ်အောင်လုပ်သော်လည်အရာမထင်ချေ။

"မောင်..သတိထားပါအုံး ငါခေါ်နေတယ်လေ..."

"ကျား...ကျားရွေ့...မောင့်  မောင့်အသက်ရှည်ဆေးလေ....."

"အင်း..မောင် သတိထား‌အုံးလေး..,"

"မောင့်တောင်း ပန် ပါ တယ်..."

ကျား‌ရွေ့မျက်ရည်များကျကာပြောနေမိသည်။မောင်သူကိုထားသွားလို့မရပေ။မောင်ကိုသေဖို့သူခွင့်မပြုပေ။သူမှာ‌ကလေးရှိတာကိုပေမောင်သိရသေးတာမဟုတ်ပေ။

"မောင် ခနတောင့်ထားနော် ငါမောင်ကိုကယ်ပေးမယ်..."

"အဟွတ်...မောင့်အိပ်မက်ထဲမှာလေ...ကလေးလေး..တစ်ယောက်ပါတယ်..."

"မောင်မပြောနဲ့ မောင်မောနေလိမ့်မယ်..."

"အဲ ကလေးလေးက မင်းနဲ့သိပ်တူ  တာဘဲ.."

"မောင်မင်းကိုစောစောစီစီမရှာတွေ့ခဲ့လို့တောင်းပန်ပါတယ်..."

"ဟင့်အင့် မတောင်းပန်းနဲ့မောင် ငါကမောင်ကို...."

"မောင်လေး မင်းကိုချစ်   တယ် မောင် မင်းကိုထားခဲ့ ရမှာစိတ်မချဘူး...မောင် မင်းကိုလွမ်းနေခဲ့တာ...မောင်မင်းကိုသတိရနေခဲ့တာ...."

"ငါရောပါ မောင်ရယ်..ဟင့်..အင့်...ငါလဲ မောင်ကိုသတိရနေခဲ့တာ..လွမ်းနေခဲ့တာ...."

"မငိုနဲ့ မောင်က မင်းမျက်ရည်တွေကိုမြင်‌ချင်တာမဟုတ်ဘူး...မောင် မင်းကိုချစ်....တယ်.."

ကျားရွေ့ရန်အန်ရဲ့အသက်မဲ့သွားတဲ့ခန္ဓာကိုယ်ကိုကြည့်ကာ ဝမ်းနည်းတကြီးငိုကြွေးနေတော့သည်။

"ဂုဏ်ယူပါတယ်Hostဇာတ်လိုက်ကိုရှင်းထုတ်နိုင်တဲ့အတွက်..."

ယင်လိန်ဇာတ်လိုက်ကိုဖတ်ကာ ငိုနေတဲ့ကျားရွေ့ကိုကြည့်နေတုန်း system ရဲ့သတိပေးမှုကြောင့် အသိဝင်လာတော့သည်။

"အင်း...နောက်ဆုံးတော့Missionပြီးပြီးဘဲ..."

"ဟုတ်ပါတယ်HostအခုဆိုHostလမ်းကိုရှုပ်မဲ့သူမရှိတော့ဘူး..."

"ယင်လိန် မင်းကိုငါအသွေးအသားတွေထဲကအစ မုန်းတယ် ကံကြမ္မာကမင်းနဲ့ထပ်ဆုံစေချင်ရင် ငါမင်းနဲ့မတွေ့မဲ့ သေလမ်းကိုသာ ငါရွေးမယ်..."

ယင်လိန်ကျားရွေ့ကိုကြည့်နေတုန်း

ကျားရွေ့သည်မထင်ထားသည်အရာကိုလုပ်ခဲ့သည်။ကျားရွေ့သည် သူခုနက ယင်လိန်ကို‌ရွယ်ထားတဲ့ဓားနဲ့ ကိုယ်နှလုံးရှိရာ ရင်ဘတ်ကို ထိုးခဲ့ခြင်းဖြစ်သည်။

"ကျားရွေ့....!"

ယင်လိန်ရဲ့စိုးရိမ်တကြီးခေါ်သံကိုကြားတော့ ကျားရွေ့ ပြုံးမိသွားသည်။ စိတ်ပူတယ်မလားယင်လိန် မင်းချစ်တဲ့ငါ သေတော့မယ်ဆိုတော့။အဲလို့ဘဲမောင်တုန်းကလဲငါအခုလို့ဘဲခံစားရတာ။ရူးမတတ်ခံစားရတာ။တောင်းပန်ပါတယ်ကလေးရေး အပါးက ရူးမိုက်မိသွားတဲ့အတွက်။
______________________________________

ချမ်း
Date- 19.3.2025(ဗုဒ္ဓဟူးနေ့)
စာလုံးပေါင်းမစစ်ထား။


You are reading the story above: TeenFic.Net