"မောင့်ရွေ့ရွေ့ရေး.....မောင့်လာတယ်..."
ကျားရွေ့ထမင်းသူအခန်းထဲမှာစားနေတုန်းကြားလိုက်ရတဲ့ ယင်လိန်အသံကြောင့် ထမင်းပေစားချင်စိတ်မရှိတော့ပေ။
"မောင့်ရွေ့ရွေ့ကထမင်းစားနေတာကို..."
ကျားရွေ့သူနားကိုလာထိုင်တဲ့ယင်လိန်ကိုကြည့်လိုက်တော့ ပစ္စည်းတွေ ကလေးပစ္စည်းတွေ။
"ဒီမယ် ကျားရွေ့နဲ့မောင့်ကလေးလေးအတွက် မောင့်ဝယ်လာတာ...မောင်စဉ်းစားထားတယ် သားလေးမွေးရင် ယင်ကျားလုံ သမီးလေးမွေးရင် ယင်ရွေ့ယီလို့ပေးမယ်လို့ ကျားရွေ့ကဘာလေးလိုချင်လဲ မောင်ကတော့ ဘာလေးဖြစ်ဖြစ်ချစ်တယ်ကျားရွေ့ရဲ့အသွေးအသားနဲ့ဖြစ်တည်လာတဲ့ကလေးမလို့ မောင်ကလေး စဉ်းစားတာများနေပြီးထင်ပါရယ် အခုမှကျားရွေ့ကိုယ်ဝန်က ၃လဘဲရှိသေးတာကို မောင်က ကလေးနာမည်တွေတောင်စဉ်းစားပြီးပြီး အမှန်တိုင်းဆိုရရင် ကလေးလေးရဲ့ဒယ်ဒီဆိုတဲ့ခေါ်သံကို မောင်ကြားချင်မိသလို့ ရွေ့ရွေ့ရဲ့နှုတ်ခမ်းကခေါ်လာမဲ့မောင်ဆိုတဲ့နာမ်စားကိုလဲမောင်ကြားချင်မိနေတယ်...."
ကျားရွေ့ယင်လိန်စကားတွေကိုကြောင့်
မျက်ရည်ဝေ့မိသည်။ယင်လိန် သူတောင် သူသွေးသားမဟုတ်တဲ့ ကလေးကိုချစ်ရင် မောင်သာဆိုရင်ရော အခုလို့ပစ္စည်းဝယ်လာပြီး ကလေးနာမည်လေးစဉ်းစားကာ သူကိုဂရုစိုက်နေမှာပေ။ယင်လိန်နေရာမှာ မောင်သာဆိုရင်ရောဆိုတဲ့စိတ်ကဝင်လာလေ ယင်လိန်ကိုမုန်းမိလေ။ယင်လိန်သည် မောင်ရဲ့အရာရာတိုင်းကိုလုယူမိလို့ပေ။စိတ်ချ မင်းကိုမောင်လို့ခေါ်ဖို့ဒီတစ်သက်မပြောနဲ့ နောက်ဘဝဆက်တိုင်းမင်းနဲ့မဆုံဖို့ဘဲငါဆုတောင်းမှာ။
"ဟင် ရွေ့ရွေ့ ဘာလို့များမျက်ရည်ကျနေတာလဲ.."
ကျားရွေ့ သူကိုယ်တိုင်သာမသိလိုက်ပါဘဲ မျက်ရည်များကျနေမိသည်။ထိုအခါမှ ကျားရွေ့ပါးပြင်ပေါ်က မျက်ရည်များကိုအကြမ်းပတမ်းသုတ်ကာ
"ဒီတိုင်း..ဒီတိုင်း..."
"ဘာလို့အကြမ်းပတမ်းသုတ်နေတာလဲရွေ့ရွေ့ရယ် ကြည့်အုံး ပါးတွေရယ်ကုန်ပြီး..."
ပါးပေါ်ကမျက်ရည်တွေကိုအကြမ်းပတမ်းသုတ်နေတဲ့လက်ကိုဆွဲကာ။သူလက်တွေနဲ့တယုတယသုတ်ပေးလာတဲ့ယင်လိန်။ဟင့်အင် ဒီတယုတယတွေကို မုန်းတယ်။ယက်လိန်ကိုလဲမုန်းတယ်။သူကိုနူးညံ့ပေးတဲ့ယင်လိန် ကြမ်းတမ်းတဲ့ယင်လိန်မုန်းတယ်။
"မငိုပါနဲ့ မင်းအပေါ်ကိုငါဘယ်လောက်ထိကြမ်းတမ်းပါစေ။မင်းမျက်ရည်တွေက ငါကိုနာကျင်စေတယ်။အခုလို့ မင်းမျက်ရည်တွေကို အကြမ်းပတမ်းသုတ်နေတာကလဲ ငါကိုရင်နာစေတာဘဲ။မင်းသိလား မင်းရဲ့အရာခပ်သိမ်းက ငါကိုရင်နာစေသလို့ ပူလောင်စေတယ် နောက်ပြီးအေးချမ်းစေတယ်"
"........."
"မင်းကိုငါအနားမှာထားပြီး ငါဘဝကိုအေးချမ်းစေပင်အဲ့ မင်းနှလုံးသား မင်းအတွေးတွေကတခြားသူဆီရောက်နေတော့ ငါမှာရင်ပူရပြန်ပြီး ငါပူလောင်ရတယ်..မင်းအပေါ်စိတ်မထိန်းနိုင်ဘဲ ရိုက်နှက်မိတာမျိုးတွေရှိခဲ့တယ် ဒါဟာအတ္တကြောင့်ဆိုတာကိုငါမငြင်းဘူး မင်းကိုငါသာပိုင်ဆိုင်ချင်တယ် မင်းရဲ့ အာရုံ နှလုံးသား မင်းဘဝရဲ့ရှင်သန်မှုကလဲ ငါကြောင့်ဆိုတာမျိုးကိုဘဲဖြစ်စေချင်တယ်...ငါအတ္တကြီးတယ် ဒါဟာမင်းအပေါ်ချစ်မိလို့ ကပ်ပါလာတဲ့အတ္တမလို့ ငါအပေါ်မင်းမမုန်းဖို့ ငါမျော်လင့်တယ်.."
မျော်လင့်တယ် မမုန်းဖို့ကို။မုန်းနေပြီးယင်
လိန် ငါမင်းကိုတော်တော်ရွံ့ပြီးမုန်းနေပြီး။ကျားရွေ့စိတ်ထဲကသာပြောနေတော့သည်။ရုတ်တရက်ယင်လိန်သည် သူရှေ့မှာ ဒူးထောက်ကာ သူဗိုက်ပေါ်လက်တင်လာတော့သည်။
"ငါဘယ်လောက်ထိအတ္တကြီးလဲဆို မင်းသွေးသားဖြစ်တဲ့ ဒီကလေးမှာ မင်းအကျင့်တွေနဲ့ မင်းရဲ့ပုံစံတူတွေရှိလာမှာကိုတောင်မလိုလားဘူး....."
"........."
"ငါကလေ မင်းကိုဘဲချစ်တာ ထျန်ကျားရွေ့ဆိုတဲ့ ငါရဲ့အသက်ရှင်မှုလေးကိုဘဲချစ်တာ...ဒါကြောင့်မင်းရဲ့ပုံတူကိုယ်ပွားလေးတွေကို မင်းနဲ့မတူစေချင်ဘူး တူလို့လဲမရဘူး..."
"......"
ကျားရွေ့ ယင်လိန်စကားသံတွေကြောင့် သူတွေးမိလိုက်သည်က ရူးနေတာ။ဒါဟာရူးတာထက်ကိုပိုတယ် အတ္တကြီးတာထက်ကိုပိုတဲ့အစွဲအလမ်းကြီးမှုကြီး။
"ကလေးလေး..ကျေးဇူးပြုပြီး မင်းပါးပါးနဲ့မတူနဲ့နော်အကျင့်ရော ရုပ်သွင်ပြင်ရော..ဒယ်ဒီမကြိုက်ဘူး.."
သူဗိုက်ကိုပွတ်ကာ ပြောနေတဲ့ယင်လိန်။ယက်လိန်ကိုကြည့်ကာ ငါသေချာပေါက်ထွက်ပြေးမှာ မင်းလို့အရူးတစ်ယောက်နားမှာငါမနေဘူး..။
************************************
ရန်အန် ယင်လိန်အခန်းကိုဖွင့်ကြည့်တော့ဖွင့်လို့မရတာကြောင့်အကျပ်ရိုက်နေတုန်း။ဟုတ်သားဘဲ သူမှာ အခန်းတိုင်းရဲ့သော့ပိုရှိတယ်လေ။ရန်အန်သူအလုပ်အိတ်ထဲကသော့တွေကို ရှာနေတော့သည်။နောက်ဆုံးယင်လိမ်အခန်းသော့ကိုတွေ့တာကြောင့် အမြန်ဖွင့်ကာ ယင်လိန်အခန်းထဲ ဝင်ကြည့်လိုက်သည်။ရန်အန်ယင်လိန်အခန်းထဲမှာရှိတဲ့ အရာတွေကိုမယုံနိုင်အောင်ကြည့်နေမိသည်။နံရံတိုင်းတွင်
"Hello...."
"ဖေစီဟန်....."
"ဗျာ......."
"ငါကို ယင်လိန်အခုတလောဘယ်သွားတယ်ဘာလုပ်လဲအကုန်သိချင်တယ် စုံစမ်းထား..."
"ယင်လိန် ဘာဖြစ်လို့လဲ အကို...."
"ငါကိုမမေးနဲ့ စုံစမ်းပေးထား...."
"ဟုတ်ကဲ့အကို...."
ကျသွားတဲ့ဖုန်းကိုကြည့်ကာ။ယင်လိန် မင်းတော့မဟုတ်ဘူးမလား။
______________________________________
ချမ်းအကြာကြီးပစ်ထားမိတဲ့အတွက် သွေ့
ပုကျိ။အခုတလောချမ်းစာရေးဖို့ကိုပျင်းနေတာနဲ့ မရေးဖြစ်လိုက်ဘူးရယ်။ဒါလေးကတော့နီးလာပြီးရှင့်။
ချမ်း
Date-11.3.2025(အင်္ဂါနေ့)
စာလုံးပေါင်းမစစ်ထား။
You are reading the story above: TeenFic.Net