"Host..."
"ချမ်းနိ မင်းအခုမှဘဲပေါ်လာတော့တယ်နော် အခုကိစ္စတွေဘယ်လို့ဖြစ်ကုန်တာလဲ..."
"ကျွန်မ ကျော်ယိချန်အကြောင်းစုံစမ်းနေတုန်းကိစ္စတွေဖြစ်ပျက်သွားတာဘဲ..."
"ကျော်ယိချန်အကြောင်းဘာသိရလဲ..."
"ကျော်ယိချန်က ထျန်ကျားရွေ့ဘဲ..."
"ဘယ်လို့..."
"Host မှတ်မိလား ကျော်ယိချန်ကိုလာမွေးစားတဲ့လင်မယားနှစ်ေယာက်ကိုလေ..သူတို့ရဲ့မျိုးရိုးက ထျန်မျိုးရိုး သူတို့က ကျော်ယိချန်ကိုမွေးစားပြီးနိုင်ငံခြားရွေ့သွားခဲ့တယ် ကျော်ယိချန်ရဲ့နာမည်ကိုလဲ ထျန်ကျားရွေ့ဆိုပြီးပြောင်းလိုက်တာပါ..."
ကျားရွေ့ ချမ်းနိရဲ့စကားတွေကြောင့်အံ့ဩသွားတော့သည်။
"ဒါဆို ထျန်ကျားရွေ့က ကျော်ယိချန်လား..."
"ဟုတ်ပါတယ်Host.."
"ဒါဆို ငါကဘာလို့မသိရတာလဲ စာအုပ်ထဲလဲမဖော်ပြထားဘူးရော..."
"ဒါက အထက်ကပယ်ချလိုက်တဲ့အပိုင်းတွေပါ ထျန်ကျားရွေ့ ဘာလို့ ယင်လိန်ကိုမမှတ်မိလဲဆို ကျော်ယိချန်မွေးစားမိဘတွေဆီရောက်ပြီးမကြာဘူး ကျော်ယိချန်accidendတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ် ထိုaccidendမှာ ကျော်ယိချန်အတိတ်မေ့သွားပြီး ယင်လိန်ကိုသတိမရသလို့ သူရဲ့ငယ်ဘဝအမှတ်တရတွေကိုမေ့သွားတာပါ..."
"ဒါဆို ယင်လိန်အရူးအမူးသဘောကျတဲ့သူက ငါလား...."
"ဟုတ်ပါတယ်Host နောက်ပြီးအခုHostကိုဖမ်းလာတဲ့သူတွေက ရဲတုတွေပါ..."
"ဘယ်လို့.."
ကျားရွေ့အခုမှပတ်ဝန်းကျင်ကိုသေချာကြည့်မိသည်။ကားသည်မြို့ပြင်သွားတဲ့ဘက်ကြီးဖြစ်နေသည်။
"ခင်ဗျာတို့ ကျွန်တော်ကို ဘယ်ခေါ်လာတာလဲ...ဒါရဲစခန်းသွားတဲ့လမ်းမဟုတ်ဘူး.."
"ဘာလို့ရဲစခန်းသွားရမှာတုန်း မင်းကိုသခင်ဆီခေါ်သွားပေးနေတာ..."
"သခင် ဘယ်ကသခင်လဲ...."
"ငါတို့သခင်ပေါ့...."
"ကျွန်တော်ကိုလွှတ်ပေး မဟုတ်ရင် ကျွန်တော်အမျိုးသားကခင်ဗျာတို့ကို အလွတ်ပေးမှာမဟုတ်ဘူး..."
"ကျစ်နားညီးတယ်...."
ပြောပြီး ကျားရွေ့ရဲ့ဇတ်ပိုးကိုရိုက်ချလိုက်တဲ့သူကြောင့် ကျားရွေ့မေ့သွားတော့သည်။
"ဟာ ဟျောင့် သခင်ပြောထားတယ်လေ သူအပိုင်ကိုမထိနဲ့လို့..."
"မထိပါဘူး ဇတ်ပိုးဘဲ ရိုက်လိုက်တာ..."
"သခင်သိရင် ငါတို့ဒုက္ခရောက်လိမ့်အုံးမယ်.."
"သူတို့ထွက်ပြေးမလိုလုပ်လို့ ရိုက်လိုက်တာလို့ပြောလိုက်မှာပေါ့..."
"အေးအေး အဲလိုဘဲပြောမှရမှာ..."
______________________________________
ရန်အန်တစ်ယောက်အလုပ်ခန်းထဲတွင်ဝင်ကာ မမဝမ်းကိုဖုန်းဆက်နေခြင်း။မမဝမ်ချင်းသည် ရှေ့နေတစ်ယောက်ဖြစ်သည်။
"Hello မမ..."
"ပြောလေ ရန်အန်..."
"ကျွန်တော်အကူအညီတစ်ခုတောင်းချင်းလို့..."
"ပြောလေ မမ ဘာကူညီရမလဲ..."
"ဒီလို့ မမ ......."
ရန်အန်ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့သည်။
"အခု ကျားရွေ့က သူတို့ခေါ်ရာပါသွားပြီးပေါ့.."
"ဟုတ်ပါတယ်မမ......"
"မင်းဘာလို့ မမကိုအစောဖုန်းမဆက်လဲ..သူတို့ရဲတွေကရော ယုံရရဲ့လား..."
"ရဲဝန်ထမ်းကဒ်တွေတော့ပါတယ် မမ..."
"ဟဲ ရဲဝန်ထမ်းကဒ်အတုဆိုရင်ဘယ်လိုလုပ်မလဲ..."
"ဟင် အဲတာဆို ကျားရွေ့ ဒုက္ခရောက်ပြီးပေါ့...ကျွန်တော် အခုသူတို့နောက်လိုက်သွားလိုက်မယ်..."
"ဟဲ မလိုက်သေးနဲ့အုံး ငါအခု နင်ဆီလာခဲ့မယ်...."
"မမ မြန်မြန်လာခဲ့နော်...."
"အေး အခုထွက်လားပြီး..."
ရန်အန်ဖုန်းပြောပြီး ခုံပေါ် စိတ်ပျက်လက်ပျက်ထိုင်လိုက်သည်။ထိုစဉ် စာပွဲခုံပေါ်တွေ ကျားရွေ့ပေးခဲ့တဲ့ဓာတ်ပုံအိတ်ကိုမြင်တာကြောင့် ရန်အန် ယူကြည့်လိုက်သည်။
လီချင်းချင်းနဲ့ ယောင်္ကျားနှစ်ယောက်ရဲ့မဖွယ်မရာပုံတွေ။ကျားရွေ့က သူအတွက် အမှန်တရားကိုရှာပေးတာကို သူကတော့ ကျားရွေ့ကိုအထင်မှားခဲ့သည်။လီချင်းချင်းပြတဲ့ ဓာတ်ပုံတွေကြောင့် သူဟာ ကျားရွေ့အပေါ်အထင်မှားခဲ့သည်။ရန်အန် လီချင်းချင်းအခန်းသွားကာ
"လီချင်းချင်း လီချင်းချင်း...!"
"ဘာလို့အော်နေတာလဲ ကိုရဲ့ .."
"ဒီမယ်ကြည့်...."
လီချင်းချင်းမျက်နှာကို ဓာတ်ပုံတွေနဲ့ပစ်ပေါက်လိုက်သည်။လီချင်းချင်း ထိုပုံတွေကိုမြင်ကာ သွေးပျက်သွားသလိုဖြစ်သွားတော့သည်။
"မဟုတ် မဟုတ်ဘူး ကို ဒါအမှန်မဟုတ်ဘူး..."
"ဘာတွေဖြစ်နေတာလဲအကို..."
ယင်လိန်အပေါ်ထက်ကနေဆင်းလာပြီးမေးလိုက်သည်။
"ယင်လိန် လီချင်းချင်းကို ဒီကနေဆွဲထုတ်..."
"ကို ဒီကလေးက ကိုကလေးပါ...ချင်းချင်း မလိမ်ပါဘူး..."
"မင်းကငါကိုလှည်းကြိုးထမ်းခိုင်းချင်နေတာလား.."
"မဟုတ်ဘူး တကယိပါ ချင်းချင်းပြောတာအမှန်တွေပါ..."
ရန်အန် ဒေါသထွက်ကာ လီချင်းချင်းရဲ့လည်ပင်ကိုညစိလိုက်သည်။
"မင်းကိုနောကိဆုံးသတိပေးမယ် နောက်ငါအရှေ့မှာ ဘယ်တော့မှမပေါ်လာစေနဲ့ ပေါ်လာတဲ့နေ့ မင်းသေတဲ့နေ့ဘဲ..."
"အစ်...လွှတ်...အစ် လွှတ်ပေးပါ..."
ရန်အန်လွှတ်ပေးလိုက်တော့ ချောင်းတွေဆိုးကာ
"အခုချက်ချင်းထွက်သွားတော့ လီချင်းချင်း"
ရန်အန်ရဲ့စကားအဆုံးပြေးထွက်သွားတဲ့လီချင်းချင်း.....
"အကို ဘယ်လို့ဖြစ်တာလဲ..."
"လီချင်းချင်းက လူလိမ် သူဗိုက်ထဲက ကလေးက ငါ့ကလေးမဟုတ်ဘူး..."
"ဟင် အကိုက ဘယ်လိုသိတာလဲ..."
"ကျားရွေ့ပြောတာ......"
"Host......"
"အင့် ချမ်းနိ ငါတို့ဘယ်ရောက်နေတာလဲ..."
"ကျွန်မတို့မြို့ပြင်ကအိမ်တစ်အိမ်ကိုပါ..."
"ဘယ်သူအိမ်လဲ....."
"မကောင်းဆိုးဝါးsystemရဲ့အိမ်ပါ...."
"ဘယ်လို့......ဒီကထွက်မှရမယ် ထွက်လမ်းသိလား..."
"ဒီ အိမ်တစ်ဝိုက်မှာ မကောင်းဆိုးဝါးsystemကစည်းချထားတဲ့အတွက် ကျွန်မရှာလို့မရသလို့ system လဲအလုပ်မလုပ်ဘူး..."
ချမ်းနိရဲ့စကားကြောင့်ကျားရွေ့စိတ်ပျက်သွားသည်။
"ချမ်းနိ ငါတို့Missionကျရှုံးသွားပြီး...."
"Mission တစ်ခုကျရှုံးသွားပင်မဲ့ ဇာတ်လိုက်မရဲ့သရုပ်မှန်ကိုဖော်နိုင်တဲ့အတွက် ကျွန်မတို့Missionတစ်ခုကို အောင်မြင်ခဲ့ပါတယ်..."
"တကယိလား...."
"ဇာတ်လိုက် ကဇာတ်လိုက်မရဲ့သရုပ်မှန်ကိုသိသွားပါပြီး..."
"တော်သေးတာပေါ့ မောင့်သိသွားလို့.."
"အခုဘယ်အချိန်ရှိပြီလဲ.."
"မနက်ခင် ၁၀နာရီလောက်တော့ရှိပြီး..."
"ဒါဆို မောင် ငါကိုစိတ်ပူနေတော့မှာဘဲ..."
"ကျွီ"
ထိုစဉ်တံခါးဖွင့်သံကြောင့်ကြည့်လိုက်တော့
"ဟင်...."
______________________________________
ဟဲဟဲ ခန့်မှန်းတော့နော်.......မနက်ဖြန်ကမသေချာသေးဘူးupက။ချမ်းဒါကိုဇာတ်သိမ်းချင်နေပြီး ဖတ်တဲ့သူတွေပျင်းနေပြီးလားရှင့်။ချမ်းကသိပ်မရေးတတ်ဘူးရယ် ခါးလဲမခါးတတ်တော့ ဒါဒါတို့ပျင်းမှာဆိုလို့ အမြန်သိမ်းခြင်းနေပြီး။ချမ်းရဲ့ ဇာတ်လမ်းကိုcmနဲ့voteပေးတဲ့အတွက်ကျေးဇူးပါရှင့်။
ချမ်း
Date- 15.2.2025(စနေနေ့)
စာလုံးပေါင်းမစစ်ထား။
You are reading the story above: TeenFic.Net