ထျန်ကျားရွေ့ဒီနေ့ အစောထက ဇာတ်လိုက်ကိုအစားအသောက်နဲ့မြူဆွယ်မှာဖြစ်ပါတယ်။အစားအသောက်နဲ့မြူဆွယ်မယ်ဆိုပြီးထျန်ကျားရွေ့ဟင်းချက်တတ်မယ်မထင်လိုက်ပါနဲ့ ကျားရွေ့ကမီးဖိုချောင်ထဲဝင်တဲ့အချိန်ဆိုလို့ စားတဲ့တစ်ချိန်ဘဲဝင်တယ်။ဘာလို့ဆို သူဘာစားချင်စားချင်ယင်လိန်က အမြဲချက်ပေးလို့ပေ။ပြောကာမှ သူယင်လိန်ကိုသတိရသွားသည်။အခုချိန်ယင်လိန်ဘယ်လိုဖြစ်နေမလဲ ငိုနေမလား သူမသိပေ။
"Host mission တွေအကုန်ပြီးရင် hostပြန်လို့ရပါတယ် အရမ်းကြီးစိတ်မကောင်းမဖြစ်ပါနဲ့"
"အင်း မြန်မြန်missionတွေပြီးမှ မဟုတ်ရင် ငတုံးဇာတ်လိုက်နဲ့နေရင် ငါပါတုံးတော့မယ်"
Hostရယ် ဇာတ်လိုက်ကိုအရမ်းချစ်တာဘဲနော်~_~
"ဒါနဲ့Hostက ဘာချပ်မလို့လဲ"
"ငါလား ကြက်ဥနဲ့ ကော်ဖီဖျော်ပေးမလို့လေ"
ကျားရွေ့ပြောလဲပြော ကြက်ဥကြော်ဖို့လုပ်တော့သည်။၁၀မိနစ်အကြာ
ရန်အန်း အလုပ်သွားဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးအောက်ထက်ဆင်းလာတော့ တွေ့လိုက်ရသည်ကမြင်ကွင်းကြောင့် ရန်အန်းအံ့ဩသွားတော့သည်။
"ထျန်ကျားရွေ့ မင်းဘယ်လိုတွေဖြစ်နေတာလဲ"
မျက်နှာမှာဟိုတစ်စဒီတစ်စအိုးမဲတွေနဲ့အတူ လက်မှာလဲဆီပူစင်ထားဟန်
"ငါ...မောင်စားဖို့အစားအသောက်လုပ်ပေးနေတာလေ"
ကျားရွေ့ရဲ့အပြောကြောင့် ရန်အန်း ကျားရွေ့ပြင်ဆင်ပေးထားတဲ့ နံနက်စားကြောင့်ပြောစရာစကားပျောက်သွားတော့သည်။ကြက်ဥတစ်ခြမ်းလုံးဟာမဲတူနေပြီး စားချင်စဖွယ်မရှိပေ။
"ထျန်ကျားရွေ့ မင်းကအစားအစားကိုဖြုန်းတီးနေတာဘဲ"
"အစားအစားကိုဖြန်းတီးရာမကျစေချင်ရင် မောင်စားလိုက်လေ"
"ဘာ....မင်းဟာကစားချင်စဖွယ်မရှိတာ"
"ငါကမောင်အတွင်စားစေချင်လို့လုပ်ထားတာကို"
ပြောလဲပြော ဆီပူစင်တဲ့နေရာကိုကြည့်ကာပြောနေတာကြောင့် ရန်အန်းမယ် လူဆိုးကြီးဖြစ်သွားသလိုခံစားသွားလိုက်ရသည်။
"ကျစ်...မင်းလာခဲ့"
ရန်အန်း ကျားရွေ့ကိုခေါ်ကာဆေးလူးပေးနေတော့သည်။
"အခုမှဘယ်လိုဖြစ်တာလဲထျန်ကျားရွေ့အရင်ကလဲမင်းချက်နေကြဘဲမဟုတ်လား"
"ငါရဲ့ခေါင်းထဲမှာ မောင်ကိုချစ်တဲ့အချစ်တွေဘဲပြည့်နေတော့ အကုန်မေ့ကုန်ပြီး"
ကျားရွေ့သူ့လက်ကိုဂရုတစိုက်ဆေးလိမ်းပေးနေတဲ့ရန်အန်းကိုကြည့်ကာ နှလုံးအခုန်မြန်လာတော့သည်။
"ရပြီး ဒါဆိုငါအလုပ်သွားတော့မယ်"
"မောင် မနက်စာကရော"
"အပြင်မှာဘဲစားတော့မယ် မင်းလဲအပြင်မှာလိုက်စားပေါ့ ငါနောက်မှ ဖေစီဟန်ကိုလိုက်ပို့ခိုင်းလိုက်မယ်"
"ဟုတ်ကဲ့ မောင်"
"အဝတ်အစားလဲမယ်ဆိုအမြန်သွားလဲ စောင့်နေမယ်"
"အဲတာဆိုခနစောင့်အုံးနော်မောင် ငါအမြန်လဲခဲ့မယ်"
အပေါ်ထက်ကိုလွှာခနလွှာခနတတ်သွားတဲ့ သူကိုကြည့်ကာ ရန်အန်း တွေးမိလိုက်သည်က ထျန်ကျားရွေ့ဘယ်တုန်းကစပ်စလူစိန်ဓါတ်ဗူးပိန်ဖြစ်သွားရတာလဲကိုပေ။
__________________________________
"ထျန်ကျားရွေ့ ဘာစားမှာလဲ"
"မောင့်သဘော မောင့်မှာချင်တာမှာပေ"
"အင်း"
ထျန်ကျားရွေ့ ဇာတ်လိုက်ကိုကြည့်နေမိသည်
"Host ကွေးသွားတာလား"
"ငါကအစထဲက ဂျယ်လီပေတံလေ ကြည့်စမ်း ချမ်းနိ ဒီကမ္ဘာမှာ ငါယောင်္ကျားလောက်ဘယ်သူကများချောနိုင်မှာလဲ"
"Hostယောင်္ကျားထက်ချောတဲ့သူတွေမှတစ်ပုံကြီး"
"ကျစ် ဒီ system အစုတ်ပလုတ် Faတစ်သတ်လုံးဖြစ်ပါစေ တစ်သတ်လုံးမဟုတ်ဘူးခုနှစ်ဘဝဆက်တိုင်Faဖြစ်ပါစေ"
"ဟာ Host အဲလောက်ကြီးဆုတောင်ပေးတာကလွန်တာပေါ့"
"ပါးစပ်ပိတ်စမ်း ဒီမယ် ငါယောင်္ကျားချောချောလေးကိုငါငမ်းနေတယ် သင်ကြောင့်သူ့တစ်ပါးအငမ်းမပြတ်ပါစေနဲ့ ရှင်းတယ်နော်"
"ရှင်းပါတယ် hostရယ်"
"ကိုယ်ချောတာကိုယ်သိတာမို့မင်းအဲလောက်ကိုယ်ကိုကြည့်စရာကောင်းနေလား"
ငမ်းနေတုန်းစကားပြောလာတာကြောင့် ကျားရွေ့အသားပြုံးကာ
"အမျိုးသားက ဖွတ်ထားချင်လောက်အောင် ချောနေတော့ ငေးကြည့်နေရတာပေါ့"
ကျားရွေ့သူ့စကားကြောင့် နှာရွက်ဖျားတွေရဲတတ်လာပြီးစကားမပြောတော့တဲ့ဇာတ်လိုက်ကြောင့် ဘာများဖြစ်တာလဲစဉ်းစားနေမိသည်။ငါပြောတာဘာမှားလို့လဲ သူအဲလောက်ချောနေတာကြီးကလွန်းတာပေါ့
"Host"
"ဘာလဲ"
"ဇာတ်လိုက်က ရှက်နေတာ"
"ဘာကြီး"
"ဇာတ်လိုက်ကhostစကားကြောင့်ရှက်နေတာလို့"
ချမ်းနိရဲ့စကားကြောင့် ကျားရွေ့အံ့ဩသွားတော့သည်။ ဘုရားရေ ဇာတ်လိုက်ကရှက်တတ်တယ်ပေါ့။ချမ်းနိရဲ့အပြောကြောင့်ဇတ်လိုက်ကိုကြည့်လိုက်တော့အမှန်တကယ်ကြီးရှက်နေတဲ့ပုံပေ။ရှက်နေတာ ဇာတ်လိုက်ရှက်နေတာကဘာလို့အဲလောက်ချစ်ဖို့ကောင်းနေရတာလဲ။ဒီလိုချစ်ဖို့ကောင်းနေရင် အမြဲတမ်းရှက်အောင်စရတောပမှာပေ။
အောက်ကပုံကရန်အန်းဝတ်ထားတဲ့ပုံပါနော်
___________________________________
အစကမတင်တော့ဖို့ဘဲဒါမဲ့cmလေးတွေမြင်တော့အားရှိပြီးတင်ချင်လာရော။မနက်ဖြန်ကျရင်တော့ နည်းနည်းနောက်ကျမှတင်ဖြစ်ရင်လဲတင်ဖြစ်မယ် မတင်ဖြစ်ရင်လဲမတင်ဖြစ်လောက်ဘူး။ဘာလို့ဆို မနက်ဖြန် ချမ်းရဲ့ Birthday မလို့ပါရှင့်တိုသွားရင်မီယာနီ🫢
Date-19.1.2025(တနင်္ဂနွေနေ့)
You are reading the story above: TeenFic.Net