Love left or right
ရှဲ့ရှီ ၏ အမြင်အာရုံမှာ ရုတ်တရက်မှောင်မိုက်သွားပြီး သူ့ကိုယ်သူ ခမ်းနားလှတဲ့ ထောင့်လေးထောင့် အိပ်ရာကြီးထဲမှာ ပြန်ရောက်နေတာကို သတိထားမိလိုက်သည်။သူ မနေ့ညက အချိန်ကိုပြန်ရောက်သွားတာပဲ။သေဘေးကိုရှောင်လွဲနိုင်ဖို့ဆိုရင် ဒီအချိန်ကာလနဲ့သက်ဆိုင်တဲ့ အဓိက ဇာတ်ကြောင်းကိုသူရှာမှဖြစ်မည်။
ထူထဲလှတဲ့ ကန့်လန့်ကာတွေက လေမတိုက်ဘဲ တဖြတ်ဖြတ်လှုပ်ရှားနေကာ ငွေရောင်ဆံပင်နဲ့သွေးစုပ်ဖုတ်ကောင်က လေထဲကနေပြီး ရုတ်တရက်ပေါ်လာလေသည်။
ရှဲ့ရှီ စိတ်ထဲကနေတွေးလိုက်သည်။ '' ဒီလောက်မြန်ရလား။ ပြင်ဆင်ဖို့ အချိန်တောင်မပေးဘူးလား။ ''
အရင်တစ်ခါ သူဘာတွေပြောခဲ့လဲဆိုတာကို မှတ်ဉာဏ်ပြန်ခေါ်လိုက်ပြီး သဲလွန်စတွေကို စုစည်းလိုက်သည်။
ကြုံခဲ့ပြီးသား အဖြစ်အပျက်တွေဖြစ်တာကြောင့် သွေးစုပ်ဖုတ်ကောင် က သူ့ကိုကောက်မလိုက်တဲ့အခါတွင်ပင် သူလန့်မသွားခဲ့ပါဘူး။
" ဆိန်းသေးသေးလေး... '' သွေးစုပ်ဖုတ်ကောင် ၏ ပထမဆုံးပြောတဲ့စကားကတော့မပြောင်းလဲသေးပါဘူး။ '' ကိုယ့်ရဲ့ ပေါင်ပေ့သေးသေးလေးက ကိုယ့်ကို လွမ်းမနေဘူးလားဟင် ...''
ရှဲ့ရှီ ၊ သူဘယ်လောက်ပဲ စိတ်ကိုကြိုတင်ပြင်ဆင်ထားပေမယ့်လည်း
သူ တုန်လှုပ်နေမိတုန်းပါပဲ။
ဒီတစ်ကြိမ်မှာတော့ ၊ အရင်တစ်ခါကလို မတုန့်ပြန်တော့ဘဲ မေးလိုက်သည်။ '' ဒီရက်တွေမာ ၊ ဘယ်မာရှိနေခဲ့တာလဲ။ ''
သူ၏ မျက်နှာမှာ ဘာအမူအရာမှရှိမနေပါ။ ဒါပေမယ့် ၊ ရန်စောင်တဲ့စကားလုံးတွေက သူ့ကို မတူညီတဲ့ဆွဲဆောင်မှုတစ်မျိုးပေးတယ်။
သွေးစုပ်ဖုတ်ကောင်၏ နှလုံးခုန်သံမှာမြန်လာပြီး ရှဲ့ရှီကိုချော့လိုက်တယ်။ '' စိတ်မဆိုးနဲ့တော့နော်၊ ကိုယ်လုပ်သမျှ အရာရာတိုင်းက ကိုယ့်ရဲ့ဆိန်းလေးအတွက်ပဲ....''
ရှဲ့ရှီ သူ့နှလုံးသားထဲကို စိုက်ဝင်သွားတဲ့မြှားနှစ်စင်းသတိရမိပြီး တွေးလိုက်သည်။ '' ငါသာ မင်းနဲ့သဘောမတူဘူးဆိုရင် ငါ့ဘဝကပြီးဆုံးသွားမာလေလို့ ! "
ရှဲ့ရှီ သူ့ကိုတွန်းထုတ်လိုက်ပြီး ပြောလိုက်သည်။
" အောက်ကိုချပေးခဲ့ ''
သူစိတ်ဆိုးလာလေလေ ၊ အစ်ဇန်းက ပို ရိုးသားလာလေလေပဲ။ သူအခုလက်ရှိမှာ ရှဲ့ရှီကိုအောက်ကိုချပေးလိုက်ပြီးတော့ ပြုံးစစနဲ့ မျက်ခုံးကို စုဆုံစေလိုက်သည်။
" တကယ်စိတ်ဆိုးနေတာလား...''
ရှဲ့ရှဲ့ အိပ်ရာပေါ်ကိုထိုင်ချလိုက်ပြီး မျက်ခုံးပင့်လိုက်သည်။ '' စိတ်ဆိုးသင့်တယ်လား ''
" စိတ်ဆိုးသင့်တာပေါ့......ဆိန်းလေး လုပ်သမျှက မှန်ကန်တာပဲ။ ''
ရှဲ့ရှီ '' .......'' ဘယ်သူကပြောရဲမာလဲ? သူပြောလိုက်ရင် နှလုံးထပ်ဖောက်ခံရမာလေ။
ရှဲ့ရှီ သူ၏လက်ကိုပြန်ဆွဲယူလိုက်ပြီး စဉ်းစားလိုက်သည်။ '' မင်းဘာလုပ်ဖို့စီစဉ်ထားလဲ ''။ ဒီမေးခွန်းက ဂိမ်းကိုရှင်းလင်းအောင်မြင်ဖို့အတွက် သော့ချက်ဖြစ်သင့်သည်။
သွေးစုပ်ဖုတ်ကောင် က နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ပြီး ချစ်စနိုးအသံနဲ့ပြောလိုက်တယ်။ '' ကိုယ်ဖြူစင်သန့်ရှင်းတဲ့နှလုံးသားကိုရှာတွေ့ပြီ။''
ရှဲ့ရှီ လန့်သွားသည်။ ဖြူစင်သန့်ရှင်းတဲ့နှလုံးသား။ အ့ဒါဘာများဖြစ်မလဲ။
သွေးစုပ်ဖုတ်ကောင် က သူ့ကို စိုက်ကြည့်လိုက်လာပြီး သူ့ရဲ့အနီရောင်မျက်လုံးထဲမှာ ချစ်ခြင်းမေတ္တာတွေနဲ့ပြည့်နှက်နေသည်။ '' ဒီဖြူစင်သန့်ရှင်းတဲ့နှလုံးသာနဲ့ဆိုရင် မင်းရဲ့ခန္ဓာကိုယ်က ပထမဆုံးပွေ့ဖတ်မှုကို ခံနိုင်ရည်ရှိလာလိမ့်မယ် ''
" ပထမဆုံးပွေ့ဖတ်မှုလား။ ရှဲ့ရှီ အရင်က ဒီစကားလုံးကိုကြားဖူးသည်။ယေဘူယျအဓိပ္ပါယ်အရေတာ့ လူသားတစ်ယောက်က သွေးစုပ်ဖုတ်ကောင်ဆီကနေပြီးတော့ ပထမဆုံးပွေ့ဖတ်ခံရပါက သွေးစုပ်ဖုတ်ကောင် အဖြစ်ပြောင်းလဲသွားခြင်းလို့ အဓိပ္ပါယ်ရသည်။သန့်ရွင်းတဲ့ႏွလုံးသားက ဒီထဂိမ်းရဲ့သီးသန့်သတ်မှတ်ချက်တစ်ခုဖြစ်သင့်တာပေါ့။လူသားတွေက သွေးစုပ်ခံရပြီးတော့ သွေးစုပ်ဖုတ်ကောင် အဖြစ်ပြောင်းလဲသွားကြတယ်လို့
ဆိုကြတယ်။ အစ်ဇန်က မတော်တဆ ဖြစ်လာမာကိုကြောက်လို့ အဆောင်တစ်ခုလို အရာမျိုးကိုရှာဖို့ ထွက်သွားခဲ့တာဖြစ်နိုင်တယ်။
နောက်တစ်မျိုးပြောရရင်......အစ်ဇန်က သူ့ကို သူနဲ့တူညီတဲ့အမျိုးအစားအဖြစ် ပြောင်းလဲချင်တာလား။
" ကိုယ်မင်းကို မနက်ဖြန်ကျမှ စပရိုတ် ဖြစ်အောင်လုပ်ဖို့စီစဉ်ထားတာ။''
အစ်ဇန်က သူ့ရှေ့မှာ ဒူးထောက်လိုက်ပြီး မော့ကြည့်လာသည်။
'' ဆိန်းလေး ...ကိုယ့်ရဲ့အလှပဆုံးသတို့သမီးလေး ဖြစ်ချင်လား။ ''
ရှဲ့ရှီ '' ...... '' သူမှတ်မိတာသာ မှန်မယ်ဆိုရင်၊ ဆိန်းဟောက တကယ့်ယောကျာ်းကြီးတစ်ယောက်ပါပဲ။ လိင်တူချစ်သူဆတ်ဆံရေးကို သူမကန့်ကွတ်ပေမယ့် ဘယ်လိုလုပ်ပြီးတော့ ယောကျာ်းတစ်ယောက်က သတို့သမီးတစ်ယောက်ဖြစ်လာမာတဲ့လဲ။ အရမ်း ထူးဆန်းလွန်းတယ်။
ရှဲ့ရှီတိတ်ဆိတ်နေတာကိုမြင်တဲ့အခါ အစ်ဇန်ရဲ့အပြုံးက စတင်ထူးဆန်းလာသည်။ သူ့ရဲ့အနီရောင်မျက်လုံးတွေက အနက်ရောင်မြူတွေကို စုပ်ယူနေသလိုဖြစ်လာသည်။'' နောင်တရနေပြီလား။ ''
ရှဲ့ရှီ ချက်ချင်းမသေချင်သေး၍ အာမေဍိက်သံနှင့်ပြန်ဖြေလိုက်သည်။
" ဘယ်သူက ခင်များရဲ့သတို့သမီးလုပ်မာလဲ။ ကျွန်တော်..ကျွန်တော်က ယောကျာ်းတစ်ယောက်လေ။''
အစ်ဇန် လန့်သွားပြီး သူ့ရဲ့အသံက နူးညံမှု၊ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဖြစ်လာသည်။ '' ဆိန်းဟောက ကျွန်တော့ဘဝရဲ့ အချစ်ရဆုံးသူ၊ ထာဝရအဖော်ပဲ ။ ''
ဒါကခါးသတ်မှုတွေနဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ကြက်သီးထစရာကောင်းနေတယ်။
ရှဲ့ရှီ ဒီအပိုင်းကို အကြမ်းဖျင်းတွက်ဆလိုက်သည်။အစ်ဇန်က သူ့ကို ဘဝတစ်သက်တာ သစ္စာပြုခဲ့ပေမယ့် သူက သစ္စာဖောက်ခဲ့တာကြောင့်
သွေးစုပ်ဖုတ်ကောင် က သူ့နှလုံးသားကို မြှားနဲ့ပစ်ခဲ့တာပဲ။
တကယ်ဆိုရင်၊ မနက်ဖြန်က အ့လောက်အရေးကြီးတဲ့နေ့ဆိုတာ ရှဲ့ရှီ မသိခဲ့ပါဘူး။ သူက ဒီအတိုင်း စားပွဲသက်သက်လို့ထင်ခဲ့တာ။
အိမ်တော်ထိန်း ရန်ဒီနဲ့ ပြဿနာ က ဒီမှာပဲ။ အစ်ဇန်က ဖိတ်စာပို့လာခဲ့တယ်။ ပြီးတော့ ရန်ဒီက အ့ဒါကို ဖွင့်ဖတ်လိုက်မာပဲ။ အကြောင်းအရာကို သူမြင်တဲ့အခါ ၊ သူဒေါသထွက်ခဲ့ပေမယ့် သူ ရှဲ့ရှီကို မမေးရဲခဲ့ဘူး။
(ဒီနေရာမာလေ ရန်ဒီက ရှဲ့ရှီ ကိုမေးလိုက်ရင် ရှဲ့ရှီ ပြန်ဖြေလာမယ့်အဖြေ ကို ရင်မဆိုင်ရဲတာမျိုးနော်။ )
ရှဲ့ရှီ က သဘောတူတဲ့အဖြေမျိုး ဖြေလိုက်တာဟာ အစ်ဇန် ရဲ့သတို့သမီးဖြစ်ပေးဖို့လက်ခံလိုက်တာနဲ့အတူတူပဲ။
ဒါကြာင့်ပဲ ရှဲ့ရှီက အတူသွားရအောင်လို့ ပြောလိုက်တဲ့အခါ ၊ အိမ်တော်ထိန်း က '' သူမလုပ်နိုင်ဘူး'' ဖြေခဲ့တာပဲ။ တစ်ခြားသူတစ်ယောက်ရဲ့အပိုင်ဖြစ်သွားတဲ့ ဆိန်းဟော ကို သူမချစ်နိုင်တော့ဘူး။
အရာအားလုံးက ချောမွေ့သွားပြီ ဒါပေမယ့် ဒါကို ဘယ်လို ချိုးဖြတ်ရမာလဲ။
ရှဲ့ရှီကိုပိုပြီး စိတ်မကောင်းဖြစ်စေတာက ဆိန်းဟော က ဒီဒဏ်နဲ့ထိုက်တန်တယ် ဆိုတဲ့ အတွေးမျိုးဝင်နေမိတာပဲ။
ချစ်သူနှစ်ယောက် တစ်ပြိုင်တည်းရှိနေခဲ့တဲ့ သူ့အတွက်အကောင်းဆုံး လက်ဆောင်ပါပဲ။
# အပိုင်းတွေကလေ တစ်ပိုင်းတစ်ပိုင်းကို တကယ်အရှည်ကြီူတွေချည်းပဲ။
You are reading the story above: TeenFic.Net