Part 26

Background color
Font
Font size
Line height



"ဘယ်လိုဖြစ်သွားပြီလဲ "

မှောင်မဲနေသော ရုံးခန်း၏ ဆုံလည်မှာ ထိုင်နေသော ထားက ဝသုန်ကို မေးဆက်ပြီး မေးနေခြင်းပင်။

"စောရူပါ လာထုတ်သွားပါတယ် CEO "

ထား ခေါင်းကို တဆက်ဆက်ငြိမ့်ပြီး စိတ်သက်သာရာ ရသွားွားသလို သက်ပြင်းချလိုက်ပါတော့၏။

"အချိန်ကြပြီ CEO ပွဲက စနေပြီ ကျွန်မတို့ သွားမှ ရတော့မယ် "

စားပွဲပေါ်တင်ထားသော ငွေမှင်ရောင်တလက်လက် အိတ်အလုံးလေးကို ကောက်ကိုင်ပြီး ထရပ်လိုက်ကာ အဖြူရောင်ခရစ်စတယ်တလက်လက်ဒေါက်ဖိနပ်နှင့် ရှေ့က လှမ်းသွားသော နတ်ကညာတစ်ပါး၏ နောက်မှ ဝသုန်လိုက်ရပါတော့၏။

ညအမှောင်မှာ လင်းလက်နေအောင် ထွန်းညှီထားသော ရောင်စုံမီးရောင်တွေအောက် ကောင်းပေ့ဆိုသော အဖိုးတန် ပွဲတက်ဝတ်ဆုံတွေနှင့် ရောက်ရှိနေသော လုပ်ငန်းရှင်အချို့ဟာ ဧည့်ခံယာမကာကို လက်မှာ ခွက်လှလှနဲ့ ကိုင်လျက် မြည်းစမ်းရင်း စကားစမြည်ပြောနေကြ၏။

အနောက်တိုင်းဂီတသံ ချိုနွဲ့နွဲ့သာ ရှိသော သည်ရပ်ဝန်းသည် L Group နှင့် Jg Group လုပ်ငန်းစုနှစ်ခု ပူးပေါင်းခြင်းအခမ်းအနား တစ်ဖန် မန်နေဂျာလပြည့်မောင်နှင့် CEO ထားသခင်တို့၏ စေ့စပ်ပွဲ။

ငွေမှင်ရောင်ပျိုးပျိုးပျက်ကိုယ်ကျပ်ဂါဝန်ရှည်နှင့် စိန်ကြိုးတဖျက်ဖျက်ကို ဆင်ထားသော CEO ထားသခင်ကို မန်နေဂျာချုပ် လပြည့်မောင်က လက်လေးတွဲကာ လာခေါ်ပုံကို သတင်းထောက်တွေက တဖျက်ဖျက်ရိုက်ရင်း မှတ်တမ်းပြုလေ၏။

"မင်း ဒီနေ့ သိပ်လှနေတယ် သခင် "

လပြည့်မောင်က တီးတိုးပြောလိုက်သဖြင့် နှင်းဆီရောင်ဆိုးဆေးတင်ထားသော နှုတ်ခမ်းလွှာက လေကိုင်းသဏ္ဍာန်​ေကွးညွတ်ကာ ပြုံးရင်း

"ကျွန်မတို့ တစ်နေရာမှာ ဆွေးနွေးကြရင်ပိုကောင်းမယ် ကိုလပြည့်မောင် "

လပြည့်မောင်၏ နားနားကပ်လျက် တီးတိုးပြောလိုက်သော ထား၏ ပုံရိပ်က ကျီဆယ်သလို သဏ္ဍာန်ဆောင်နေသည်အထင်နှင့် သတင်းထောက်များက ကုန်ကြမ်းရယူရန် အသဲအသန်ကြိုးစားနေကြလေ၏။

"ဘာကို ကိုယ်တို့ ဆွေးနွေးရမှာလဲ မင်းနဲ့ကိုယ်နဲ့က မကြာခင်လက်ထပ်ရတော့မှာလေ "

"ဒါက လုပ်ငန်းချင်း ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တဲ့ သဘောပဲလေ ကိုလပြည့်မောင် "

"ဘာသဘောပဲဖြစ်ဖြစ် ဆွေးနွေးစရာမရှိဘူး ထားသခင် ကိုယ်တို့ Jg က မင်းတို့ L ကို Save တယ် အလှယ်ယ်အလယ်အနေနဲ့ မင်းက ကိုယ့်ကို လက်ထပ်လိုက်တယ် မင်းက ကုန်ကြမ်းသက်သက်ပဲလေ မင်းမှာ ငါနဲ့ ဆွေးနွေးဖို့ ဘာအကြောင်းရင်းမှ မရှိဘူး ထားသခင်"

"ရှင် ကျွန်မကို မချစ်ဘူးမလား ဘာလို့မငြင်းရတာလဲ "

လပြည့်မောင်က မျက်ခုံးကို ခပ်စစပင့်ပြီး ထားကို စောင်းငဲ့ကြည့်၏။ ပြီးနောက် ထား၏ နားထင်စပ်နားက ဆံပင်အချို့ ကို သပ်တင်ပေးပြီး ခန့့်ငြားစွာပြုံးလိုက်၏။

"မင်းက လှတယ်လေ မချစ်ပေမယ့် ပွဲတက်မယားအဖြစ်တော့ မဆိုးသေးပါဘူး "

မချစ်တဲ့သူနဲ့ အတူနေခြင်း ဆိုတဲ့ လမ်းကို ရွေးလိုက်မိခဲ့ပြီပဲ။ ဒီယေါကျ်ားဟာ ဘယ်လိုလူပဲဖြစ်ဖြစ် L group ကို ကယ်ဆယ်ဖို့ဆိုတဲ့ အကြောင်းပြချက်တစ်ခုနဲ့ ထိုးကျွေးခံရတဲ့ ငါးစာက ထား ဖြစ်ခဲ့တာ။ သည်ကြားထဲမှာ မြေဇာပင်ဖြစ်ခဲ့ရတာ ဇောင်း။ တစ်ခွက်ပြီး တစ်ခွက် ရှန်ပိန်တွေကို သောက်ရင်း ဆွေးနွေးနေသော စေ့စပ်ပွဲ အခမ်းအနားအကြောင်းက မကြားတစ်ချက် ကြားတစ်ချက် ။

"အိမ်ပြန်ချင်တယ် ဝသုန် ... ငါ အိမ်ပြန်ချင်တယ် "

ပါတီက အပြန် ကားအနောက်ခန်းမှာ ရှန်ပိန်တွေ မူးပြီး ကလေးတစ်ယောက်လို အော်ငိုနေသော CEO ကို ကြည့်ပြီး ဝသုန်ပါ ငိုချင်လာလေ၏။CEO ကို အရမ်း သနားသည်။ ကုမ္ပဏီကို ကယ်ဖို့အကြောင်းပြချက်တစ်ခုထဲနဲ့ ပေးဆပ်လိုက်ရတာ နှလုံးသားနဲ့ ဘဝတစ်ခုလုံး။ ဇောင်းကို ရော မမလေးထားသခင်ကိုပါ အဝေးကြီးကို ခေါ်သွားလိုက်ချင်သည်။

___

"Fix and Handsome ကနေ ကြိုဆိုပါတယ် "

"အရင်င်ဆုံး မိတ်ဆက်ပေးမှာတော့ ထိုင်းကစားသမား .... ချန်း "

အရှေ့တောင်အာရှ ၁၁ နိုင်ငံ ပါဝင်သော Fix and Handsome Fighter ပွဲကြီးမှာ ပါဝင်သော ကစားသမားများ၏ နောက်ဆုံး Final ပွဲ။ပွဲကျင်းပရါ Tighter Club ၏ အဆောက်အအုံကြီး၏ ဟောခန်းကြီးထဲမှာ လူတွေက အပြည့်။ညာသံပေးပြီး အားပေးသံတွေက တဝုန်းဝုန်း။ ချန်း ဆိုသည့့် အမျိုးသမီးအားကစားသမားက တကယ့် ရှုံးပွဲမရှိ Fighter လက်လဲ ရဲသလို ညှာလဲ မညှာတက်။

"ချန်း ... ချန်း ... ချန်း "

အားပေးသံတွေက ဝုန်းဒိုင်းကြဲ ဆူဆူညံညံ။
နားနေဆောင်မှာ အကြောလျှော့နေသော ဇောင်းက ကားချပ်ပေါ်က ပုံရိပ်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်လေ၏။

"ဇောင်း "

အနောက်နားက ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ဆရာခွန်မင်းဆက် နည်းပြချိုချိုဇင်နှင့် Kris ။

"သူဌေး"

"အင်း ... အသင့့်ပဲလား "

"ဟုတ်ကဲ့ "

"ဇောင်း ပြိုင်ဘက်ကို လျှော့မတွက်နဲ့ မင်းပုံစံအတိုင်းပဲသွား ကြားလား "

"ဟုတ်ကဲ့ Sam"

"အောင်မြင်ပါစေ သူငယ်ချင်း "

"ကျေးဇူး Kris "

နားနေခန်းကနေ နည်းပြချိုချိုဇင် Kris နှင့် နည်းပြသုံးယောက် ရံပြီး ထွက်လာသော ဇောင်း။ ကိုယ်ကျပ် အားကစားဝတ်ဆုံ နတ်ပြာပေါ်မှာ ခပ်ပွပွ ခေါင်းစွတ်အင်္ကျီကို ထပ်ဝတ်ထားပြီး စူးရှသော မျက်ဝန်းများက မီးရောင်အောက်မှာ တဖျက်ဖျက်။

"CEO ... CEO ... ဒီမှါ ဇောင်းတို့ ပွဲစနေပြီ "

"ဟင် ဘယ်မလဲ ပြပြ "

စစ်လက်စ စရင်းကို ပြစ်ကာ ဝသုန်လက်ထဲက လက်တော့ကို ဆွဲယူကြည့်လိုက်သူက ထားသခင်ရယ်ပါ။
ဇောင်း ခြေတစ်လှမ်း လှမ်းလာတိုင်း ဆင်ထားသော မီးရှူးတိုင်က ဝုန်းခနဲ ထတောက်၏။

"ခန့့်ငြားလိုက်တာ ငါ့ကလေး က ဘာလို့ ဒီလေါက်တောင်ကြည့်ကောင်းနေရတာလဲ "

Screen ပေါ်က ပုံရိပ်ကို ဖွဖွထိတွေ့ရင်း မျက်ရည်တွေကျကာ ပြုံးနေသူက ထားသခင်ပါ။ဘာကိုမှ ကြောက်လန့့်မှု့မရှိ ရဲရဲဝံ့ဝံ့တိုက်စစ်ဆင်မည့့် ခြင်္သေ့တစ်ကောင်လို အားမာန်မျိုးနှင့် စင်ပေါ်က ပြိုင်ဖက်ကို လှမ်းကြည့်နေလေ၏။

"ရှုံးပွဲမရှိ ... ချန်းကို ရင်ဆိုင် ထိုးသတ်ပြီး ... ရွှေခါးပတ်ကို လုယူမည့့်သူကတော့ ....Tighter Club ရဲ့ ငွေကြယ်ပွင့် ... ဆယ်ပွဲပြိုင် ဆယ်ပွဲနိုင် Fighter များ၏ ဘုရင်မ ... ဇောင်း ....လွှမ်း "

"ဟေး ! ဇောင်း ! ဇောင်း ! ဇောင်းလွှမ်း "

အားပေးသံတွေက ချန်း ထက် နှစ်ဆ။ ဟောခန်းတစ်ခုလုံး ပေါက်ထွက်မတက် ဗုံတီးပြီး အားပေးသူက ပါသေး၏။ အားပေးလာသော ပရိသတ်ထုကို ဇောင်းက ပြုံးပြီး လက်မြှောက်ကာ နှုတ်ဆက်၏။ လက်အုပ်ချီကာ ကန်တော့၏။ ရင်ဘက်နား လက်ထိလျက် လေးစားကြောင်းပြ၏။

"ဟေး .... ဇောင်းလွှမ်း ကွ "

ဇောင်းလွှမ်းက ကြိုးဝိုင်းကို လက်အုပ်ချီပြီးကန်တော့လိုက်လေ၏။ အပေါ်မှာ ဝတ်ထားသော ခေါင်းစွတ်ကို ချွတ်ပြီး Kris ကို ပြစ်ပေးလိုက်လေ၏။ တင်းရင်းသော လက်မောင်းကြွက်သားကျစ်လစ်မှု့က မီးရောင်အောက်မှာ ထင်ထင်ရှားရှား။ လှုပ်ရှားလိုက်တိုင်း ညာဘက်နားက စိန်ပွင့်လေးက လက်ခနဲ။ ဖြူဖွေးညီညာသော သွားတန်းလေးတွေကို ထားငေးရင်း လွမ်းမိပြန်သည်။

"ကလောင် ... ကလောင် "

"First roung "

ဒိုင်ဆီက အချက်ပေးသော ခေါင်းလောင်းသံ။ ကြိုးဝိုင်းကို ပတ်ပြီး လမ်းလျှောက်နေသော ဘစ်ကနီမယ်လေးများ၏ လက်ထဲတွင် Roung အမှတ်အသား။

ကြိုးဝိုင်းထဲမှာ ချန်း နှင့် ဇောင်းလွှမ်း ပြီးတော့ ဒိုင်လူကြီး ။ စည်းမျဥ်းစမ်းကမ်းတွေကို ရွတ်ပြသော ဒိုင်၏ စကားကို ဇောင်းက ခေါင်းငြိမ့်နေသော်လည်း ချန်းကတော့ ဇောင်းကို သတ်ဖို့ပဲ ချောင်းနေလေ၏။

"ဟေး ! ကလေး မူကြိုအဆင့့်က ငါနဲ့ လာပြိုင်နေတာ မရှက်ဘူးလား"

ချန်းက မြန်မာစကားမပီမသနှင့် ဇောင်းကို ရန်စလေ၏။ ဇောင်း လက်ကို ဝှေ့ယမ်းကာ

"စကားပြောချင်ရင် နောက်မှ အေးဆေးပြောကြတာပေါ့နော် အခုတော့ ဒီမူကြိုလေးကိုပဲ နိုင်အောင် ချ ပါ အုံး"

"Start "

"Yah ! "

ချန်းက ဇောင်းလွှမ်းကို စစချင်းပင် ခါးကို ပြေးပြီး ချုပ်လေ၏။ ချန်း၏ သန်မာသော လက်မောင်းတွေနှင့် စပါးကြီးမြွေတစ်ကောင်လို ပေါင်လုံးကြွက်သားတွေကြားကနေ ဇောင်း ရအောင် ရုန်းထွက်ပြီး ချန်း၏ ခါးနေရာတွေကို ရွေးပြီး ကန်လေ၏။

"ဟေး ! ဟေး ! ဟေး!"

"ဇောင်းလွှမ်း ကွ "

"ချန်း .. ချန်း "

Round တွေ တစ်ခုပြီး တစ်ခုပြီးသွားသည်။ နှစ်ယောက်လုံးက အလဲလဲ အကွဲကွဲ ။ ဇောင်းလွှမ်းမျက်နှာမှာလဲ ဖူးယောင်နေသလို ချန်းမျက်နှာမှာလဲ စုတ်ပြတ်သက်နေ၏။နောက်ဆုံး အချီမှာတော့ တစ်ဦးဦးက နိုင်ရမည်။

"ဇောင်း ... မင်း အဆင်ပြေရဲ့လား "

ရေဗူးကို မော့သောက်ရင်း ဇောင်းက ခေါင်းငြိမ့်ပြ၏။မျက်နှာပေါ်က သွေးတွေကို ရေနှင့်လောင်းချလိုက်သဖြင့် ဆံပင်အဖျားတွေရေတွေ ခိုတွဲလို့။ နည်းပြတွေရော သူဌေးပါ မျက်နှာမကောင်း။ ပြိုင်ဖက်က သိပ်အားကြီး လွန်း၏။

"ဟဲလို .... ဘာမှ မကြားရဘူး ငယ်"

"မမ .... ဇောင်းလွှမ်း ... အဆင်ပြေရဲ့လား "

VC ခေါ်ကာ ဇောင်းလွှမ်းအခြေအနေကို ပြလိုက်လေသော် ထား ငိုပါတော့၏။

"ဇောင်း ... ဇောင်းလေး ... ပြိုင်ပွဲက အခုထိမပြီးသေးဘူးလား "

"ကလေးက Moti ကျနေပုံပဲ တော်ရုံဆို ဒဏ်ခံနိုင်တဲ့ ကလေးက အခု အတော်လေး လက်ပန်းကျနေပြီ"

"ငါ့ကြောင့် "

"မမလေး .... စိတ်ထိန်းပါနော် ... ဇောင်းအကြောင်းလဲ သိတယ်မလား လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဖူးလေ "

"မချိုဇင် .... ဇောင်းကို ဖုန်းပေးပေးပါ "

"ဟုတ်ကဲ့ ခဏနော် "

ချိုချိုဇင်က ကြိုးဝိုင်းပေါ်တက်သွားပြီး ညာဘက်ထောင့်က အနားယူနေသော ဇောင်းလွှမ်းနား လျှောက်သွားလေ၏။

"ဇောင်း "

"ဗျာ ... Sam "

"ထားက မင်းနဲ့ စကားပြောချင်လို့တဲ့ "

"ဘယ်သူ "

ဇောင်း သေချာမကြားလိုက်သဖြင့် ပြန်မေးလေ၏။

"ထားသခင် မင်းရဲ့ဆရာမ "

"ကျွန်တော့်မှာ ပြောစရာ စကားမရှိဖူးလို့ ပြောလိုက် "

"ဇောင်း ..... သူပြောတာကို ခဏလောက် နားထောင်ပေးလိုက်ပါ ငါတောင်းဆိုနေတာပါ "

"Shit!"

ဇောင်းက ချိုချိုဇင်လက်ထဲက ဖုန်းကို လှမ်းယူလိုက်လေ၏။ VC Screen ကို တစ်ချက်မှမကြည့်ပဲ။

"ဘာလဲ ... ကျွန်တော်တို့ကြားမှာ ပြောစရာကျန်သေးလို့လား "

"မောင် "

ဇောင်းလွှမ်း၏ အကြောနီများ ယှက်ဖြာနေသော မျက်လုံးများက Scrren ပေါ်က ထားဆီသို့ ဆက်ခနဲ ရောက်သွားလေ၏။

"မခေါ်နဲ့ ! ဒီနာမ်စားနဲ့ ခင်ဗျားနဲ့ မဆိုင်တော့ဘူး ကျွန်တော့်ဘဝထဲမှာ ခင်ဗျားလို သစ္စာမရှိတဲ့သူကို ထားဖို့နေရာမရှိဘူး "

"ဇောင်း ... မင်းငါ့ကို အရမ်းမုန်းနေတာလား"

"မုန်းတာလား ... ဘယ်ဟုတ်မလဲ။ ခင်ဗျားလို သစ္စာမဲ့တဲ့ သူကို..... ဘယ်လိုပြောရမလဲ စိတ်နာတာ ။ ကျွန်တော့်ကို ချစ်လှပါတယ်ဆိုပြီး အခြားယောကျ်ားတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်နေရဲ့လား ဒေါ်ထားသခင်...... ဟင်! ဘာပြောစရာကျန်ခဲ့လို့ ကျွန်တော့်ကို ဆက်သွယ်လာရတာလဲ "

"ဇောင်း .... ငါ "

"ဂျောင်းလိုက် ! ဘာစကားမှမကြားချင်ဘူး ခင်ဗျားကို ကျွန်တော် မုန်း တယ် "

"ခဏလေး ... ဇောင်း "

ချစ်သူ၏ အမုန်းမြှားများ လှပသော နှုတ်ခမ်းဖျားက ထွက်ကျလာသော စိမ်းကားရက်စက်သော စကားကို ရင်တွေ အကြိမ်ကြိမ်ကွဲပြီး နာကျင်ရပါသော်လည်း အပြုံးမပျက်ပဲ ခံယူရင်း ဇောင်း၏ မျက်နှာကို ထား မြတ်မြတ်နိုးနိုးငေးကြည့်ရင်း ခေါ်လိုက်သည့့်အခါ Call end ကို နှိပ်မည့့် ဇောင်းလက်တွေ ရပ်တန့့်သွား၏။

"ငါ့ကို အရမ်းမုန်းနေရင် ဒီပွဲကို နိုင်အောင် ထိုးပါ ။ မနိုင်ရင် မင်းက အရှုံးသမားက အရှုံးသမားပဲ ဖြစ်နေလိမ့်မယ်နော် ဇောင်း လှွမ်း"

"ဘာ .... ခင်ဗျား ... ဟေ့ !ဟေ့! ဒေါ်ထားသခင် "

တိ ခနဲ ကျသွားသော ဖုန်းသံနဲ့ မချိတရိ ခနဲ့တဲ့တဲ့ စကားနဲ့ ရိလိုက်သော ထားသခင်ကြောင့် ဇောင်းလွှမ်း ဒေါသတကြီး ဆွေ့ဆွေ့ခုန်ပါတော့၏။

"တောက်! တကယ့်စုန်းမပဲ ငါ့ကို အရူးသမားတဲ့ အား "

"တောက်! စုန်းမကြီး "

"ဒီပွဲမှာ ကျုပ်နိုင်ရင် ခင်ဗျားကို အဲ့ဒီလူဆီက ရအောင်ဆွဲထုတ်ပြီး မုဒိန်းကျင့်မှာ ဒေါ်ထားသခင် ခင်ဗျား ကျုပ်ကို စောင့်နေလိုက်!"

ဒေါသတကြီး ထရပ်လိုက်သော ဇောင်းလွှမ်းကြောင့် ဘေးနားက နည်းပြတွေရော ပြိုင်ဘက် ကစားသမားဘက်က လူတွေပါ လန့့်ဖြန့်သွားလေ၏။

"ဘာဖြစ်တာလဲ ...ဇောင်း "

"အဲ့ဒီလူ့ကို မနိုင်ရင် ကျွန်တော် နပန်းမကစားတော့ဘူး ဒီည ခါးပတ်မပါပဲ ကျွန်တော် မပြန်ဘူး "

"မင်း Ok ရဲ့လား "

"အဆင်သင့့်ပဲ "

4 Round " ကလောင် ...ကလောင် "

"Fix and Handsome နောက်ဆုံးပွဲစဥ်ရဲ့ Final ပွဲကြီး ပြန်လည်စတင်ပါပြီး "

ကြေငြာသံတွေ ဆူညံပြီး အော်ဟစ်အားပေးသံတွေထက် ကြားယောင်နေသည်မှာ ဒေါ်ထားသခင်၏ နောက်ဆုံးစကား။ "အရှံူးသမား " ဟုတ်လား။ ဘယ်သူက အနိုင်ရတဲ့ သူလဲ ခင်ဗျား စောင့်ကြည့်နေလိုက် ဒေါ်ထားသခင်။ခင်ဗျားက စုန်းမဆို ကျွန်တော်ကလဲ ကဝေပဲ ။

ဇောင်း၏ ခါးကို ပြေးပြီး ဖက်ကာ ချုပ်ရန် ဟန်ပြန်သော ချန်း၏ နဖူးကို ဇောင်းက ဒူးဖြင့် ပင့်တိုက်လိုက်၏။ အွတ် ခနဲ အသံနှင့်အတူ မူးဝေသွားသော ချန်း ခန္္ဓာကိုယ်ကိုယ်ကို ကိုင်မြောက်ကာ တစ်ကိုယ်လုံးအားသုံး၍ ​ကြမ်းပြင်ပေါ် ကိုင်ပေါက်လိုက်လေ၏။ မှောက်ရက်လဲကျသွားသော ချန်းကိုယ်ပေါ် ဇောင်း ပလက်နေရာယူကာ ဒဒေါက်ခွက်နှင့် လက်ပြန်ကို တစ်ကိုယ်လုံးအားသုံး၍ စမတ်ဖမ်းထားလိုက်တော့၏။

"ဟေး .... ဇောင် း....ဇောင်း ... ဇောင်း "

"1 ....2 .....3....4....5...6...7...8....9....10"

"ကလောင်"

"Fix and Handsome winner is Zaung Lwarm"

"ဟေး !"

"ဇောင်းလွှမ်း ဇောင်းလွှမ်း ဇောင်းလွှမ်း "

ကြိုးဝိုင်းပေါ်ကို ငွေမှုန့်အမွှားတွေကြဲပြန့်လာလေ၏။ပြိုင်ဖက်ကို တွဲထူနေ​ေ ဇောင်း၏ ပုံရိပ်ကို မရမက လိုက်ကြည့်ပြီး ထား နှင့်ဝသုန်ပျော်လွန်းလို့ တစ်ယောက်နှင့်တစ်ယောက်ဖက်က်ပြီး အောင်ပွဲခံနေလေ၏။

နည်းပြတွေပြေးတက်လာပြီး ဇောင်းကို ပွေ့ဖက်ပြီး ဂုဏ်ပြုနေကြလေ၏။ဇောင်းက သူလိုချင်သော ရွှေခါးပတ်ကို ရရှိသွားလေ၏။

"ဇောင်း ..... ဂုဏ်ပြုပါတယ်"

"ဂျပုမလေးတွေ ကျေးဇူးပဲ "

မေလေးနှင့် စောရူပါ၏ ပန်းစည်းကို ယူကာ ပြောင်စပ်စပ် ဇောင်း ပြောတော့ သူတို့နှစ်ယောက်က ဇောင်းကို မျက်စောင်းထိုး၏။

"ဟဲ့ ...ဇောင်း "

"အွန်း .... ဘာလဲ ရူပါ "

"နင် မျက်ခွက်စုတ်ပျက်နေပြီ တကိုယ်လုံး သေချာ Check up လုပ်မှ ရမယ်"

ရူပါက ဆရာဝန်ပီပီ ဇောင်းမျက်နှာပေါ်က ဒဏ်ရါတွေကို ဆေးထည့့်ပေးရင်း ပြောလေ၏။

"ဇောင်း .....တော်သေးလို့ဟာ ငါက နင်ရှုံးပြီ ထင်နေတာ "

ဇောင်းက ဆေးပစ္စည်းတွေ ထည့့်ထားသော ခြင်းကို အကြည့်ပိုရင်း နှုတ်ခမ်းတွေ မချိတရိလေးပြုံးကာ

"ငါ အချစ်ရဆုံးလူက ငါ့ကို စိန်လာခေါ်တာလေ"

_____

ဇာတ်က အခုမှ စတာ ။

HtahnaungNyo


You are reading the story above: TeenFic.Net