ချစ်သောဆရာ

Background color
Font
Font size
Line height

ချစ်သောဆရာ

ဖွင့်ဟဝန်ခံခြင်း

ဦးဆောင်၍
စီစဉ်ပေးလေသည်

ပျော်ရွှင်စရာပါဘဲ

ရှိင်းတစ်ယောက်ကတော့

အကြပ်ကိုင်ထားခဲ့သည်
ထို့ အပြင်

Sunday
စကားပြောနေစဉ်
တောက်ပလှသည့်
ဆရာ့မျက်ဝန်းများကို
ချစ်မြတ်နိုးရပါသည်
ပုရိသများအားလုံး
လှပလှပါသည်
ချစ်မိပါသည်

.. ရပါတယ် အကို



အကြည့်လွှဲသွားလေသည်
ဘာဖြစ်တာလဲ
မကြွေဆင်းဘူးလား
ဒါကြောင့်
တိုက်ပုံအဖြူလေးကို

ကျွန်တော်နှင့်ဆရာ

မလုပ်ပါနဲ့လားဆရာရေ





.. ဗျာ ..
.. အကိုဆိုလိုတာကလေ ...
.. ရှိပါတယ်ဆရာ ..



.. ဝိုး  ဝိုး ..
ကျေးဇူးတင်ပါတယ် ဆရာ..


လင်းခငိုနေပါပြီ

သိလိုက်ရသည့်အခါ



.. 😢😢..
ချစ်မြတ်နိုးခဲ့တာပါ.. ..
... ဆရာ က ကျွန်တော့်ကိုချစ်သည်ဆိုတာနှင့်ပင်

ပြုံးနေလေသည်


ခံစားရသူသာ အသိဆုံးပါ

လောကကြီးက
ဆုံးဖြတ်ထားကြသည်
အသက်သေဆုံးသည်အထိ

😍😍😍😍😍😍😍😍
😍😍😍😍😍😍

အပိုဆောင်း

အချစ်စွမ်းအားအကြီးမားဆုံးဖြသည့်လူသားများ
ထိုထဲတွင် သာသာလည်းတျောက်အပါအဝင်ဖြစ်သည်
😁😁😁😁😁😁😁

#Unicode

ချစ်သောဆရာ

ဖွင့်ဟဝန်ခံခြင်း

လင်းခတို့တာဝန်ထမ်းဆောင်နေသည့် ဆေးရုံမှ
လင်းခတို့လိုဆရာဝန်ပေါက်စလေးများအား
အရင်ကအတွေ့အကြုံရှိပြီးသား ဆရာဝန်၅ဦးခန့်က
ဦးဆောင်၍
မဟာမြတ်မုနိဘုရားတွင်
သန့်ရှင်းရေးများပြုလုပ်ခြင်း
စတုဒီသာ ကျွေး၍ အလှူပြုခြင်း
စသဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ရန်
စီစဉ်ပေးလေသည်
တနင်္ဂနွေနေ့သွားကြရန်သတ်မှတ်ပေးလေသည်

လင်းခကတော့ ပျော်နေမိသည်
ကျွန်တော့်ဆရာက ဦးဆောင်သူစာရင်းမှာပါတာကိုး
ဆေးရုံ notice boardတွင်
ကပ်လာမည့် ကုသိုလ်ပြုလုပ်ရန် သွားမည့်လူစာရင်းကို
ကျွန်တော်ရင်တထိတ်ထိတ်နှင့်မျှော်နေမိခဲ့သည်
မမျှော်လင့်ရဲ မျှော်လင့်ရဲ နှင့်
မျှော်လင့်ထားသည့်အတိုင်းဖြစ်လာခဲ့သည့်အတွက်
အတိုင်းအဆမသိဝမ်းသာရပါသည်
လူတစ်ယောက်ကိုချစ်ရတာကလည်း
ပျော်ရွှင်စရာပါဘဲ

ရှိင်းတစ်ယောက်ကတော့
ကောင်လေး မိမိအပေါ်ကြွေဆင်းလာစေရန်အတွက်
အစီအစဉ်များရေးဆွဲနေလေသည်

ဆေးရုံတွင် မအားလပ်ရသည့်ကြားထဲ
ကုသိုလ်ကောင်းမှု ပြုလုပ်ရန်
အကြံပေးသော ရှိင်းကြောင့် ဆေးရုံအုပ်ကြီးမှာ ဗျာများခဲ့ရပေသည်
ဆေးရုံမှာ လူနာတွေကို ကုသပေးနေကြသည်ကား
ကုသိုကောင်းမှုမဟုတ်ပေလား
ရှိင်း၏ဆန္ဒကိုမဖြည့်ဆည်းပေး၍လည်းမဖြစ်ပြန်
ရှိင်းက သူပြောသည့်အတိုင်းသာမဟုတ်လျှင်
အလုပ်ထွက်မည်ဟု အရင်ကတည်းက
အကြပ်ကိုင်ထားခဲ့သည်
ရှိင်းကဲ့သို့ ထူးချွန်ထက်မြက်ပြီး အရာရာတွင်
ပြီးပြည့်စုံနေသူအား ထုတ်ပစ်မည်ဆိုလျှင်
ဆေးရုံအတွက်အခြေအနေမကောင်းနိုင်ပေ
ထို့အပြင်
ဆေးရုံအတွက်ရှိင်း၏မိဘများက
လိုလေသေးမရှိ ဖြည့်ဆည်းပေးထားသည်သာမက
ရှိင်းသည်လည်း တာဝန်ထမ်းဆောင်နေသည့် ၇နှစ်အတွင်းမှာပင်
အရည်အချင်းပြည့်ဝသည့်ဆရာဝန်တစ်ယောက်ဖြစ်နေလေသည်
ဤသို့ လူတစ်ယောက်ကို ဆေးရုံအုပ်ကြီး မဖယ်ထုတ်နိုင်ပေ။
ထို့ကြောင့်ရှိင်း၏ဆန္ဒအတိုင်းပင် ဖြစ်စေခဲ့သည်

Sunday
ဘုရားရင်ပြင်ပေါ်၌ဖြစ်ပေသည်
လင်းခ မိမိကဲ့သို့အလုပ်ဝင်ခါစ ဆရာဝန်လေးများနှင့်
စကားပြောနေစဉ်
လူတိုင်း၏အကြည့်တို့သည်
ဘုရား၏ မုဂ်ဝသို့ဆိုက်ရောက်နေကြလေသည်
လင်းခလည်း လှည့်ကြည့်လိုက်မိသည်
လင်းခလောကကြီး မိနစ်ပိုင်းလောက်ရပ်တန့်သွားခဲ့သည်
ချောမောတည်တံ့ခန့်ညားလှသည့် လင်းခ၏ချစ်သောဆရာ
တိုက်ပုံအင်္ကျိအဖြူရောင်ကို
ပုဆိုးအနက်မှာအဖြူအကွက်လေးနှင့်
တွဲဖက်ဝတ်ဆင်ထားလေသည်
နေအလင်းရောင်နှင့်အတူ
နဂိုလှသောအသားအရောင်မှာ ဝင်းဖန့်နေလေသည်
ရောင်ဝါများထွန်းတောက်နေသကဲ့သို့ပင်ထင်မိသည်
မျက်ခုံးထူထူ နဖူးပြင် မကျဉ်းမကျယ်နှင့်
မျက်ဝန်းများမှာ စူးရှထက်မြက်ဟန်ရှိနေသည်
တောက်ပလှသည့်
ဆရာ့မျက်ဝန်းများကို
ချစ်မြတ်နိုးရပါသည်
ဆရာ၏နှုတ်ခမ်းနှစ်လွှာသည်လည်း
နွေးထွေးဖော်ရွေလှသည့် အပြုံးနှင့်ပနံတင့်လှပေသည်
ဆံပင်များကိုလည်း လူကြီးလူကောင်းဆန်လှစွာ
အပေါ်သို့ပင့်တင်ကာ သပ်ရပ်စွာပြင်ဆင်ထားလေသည်
ခြေလှမ်းတစ်လှမ်းချင်း ယောက်ျားပီသစွာ
လျှောက်လှမ်းလာသည်ကို
ပုရိသများအားလုံး
ငေးမောရပ်တန့်နေကြလေသည်
ဆရာ့ခြေချောင်းလေးများသည်လည်း
လှပလှပါသည်
ကျွန်တော် ဆရာ့ရဲ့ အသေးအဖွဲလေးတွေကအစ
ချစ်မိပါသည်
ကုသိုလ်ကောင်းမှု လာလုပ်သည်ဟုသာပြောသည်
မင်းသားရှုံးအောင်ပင်ပြင်ဆင်လာသည်
သည်လောက်ပြင်ဆင်စရာလိုလို့လား
ခုတော့ ရှိသမျှလူတွေ ဆရာ့ဆီက
အကြည့်တွေမခွာနိုင်ဖြစ်နေကြလေသည်
ဆရာက အသက်သာ၃၀ကျော်နေပေမဲ့
ပျိုမဒီတွေကိုဆွဲဆောင်နိုင်တုန်းပင်ဖြစ်သည်
အလုပ်အကိုင် အရည်အချင်း မိသားစုအသိုင်းအဝိုင်း
စိတ်ဓါတ် ကိုယ်ကျင့်တရား
မည်သည့်အရာမျှ ချို့ယွင်းချက်မရှိရလေအောင်
ပြီးပြည့်စုံလွန်းလှသည်
ကျွန်တော်တို့နီးစပ်နိုင်ပါ့မလား ဆရာရေ

... အားလုံးစောင့်နေရတာကြာပြီထင်တယ်
အကိုနည်းနည်းနောက်ကျသွားတယ်  လာရင်း နဲ့လမ်းမှာ
ဆိုင်ကယ် ဘီးပေါက်သွားလို့အားလုံးကိုတောင်းပန်ပါတယ်နော် ..
.. ရပါတယ် အကို
ကျွန်တော်တို့တွေလည်းရောက်တာမကြာသေးပါဘူး...

ဒီလောက်အပြုံးချိုချိုလေးနဲ့ပြောနေပြီ
ဘယ်သူကစိတ်ဆိုးအုံးမှာလဲ

သူတို့လေးတွေထိုင်နေသည့် နားတွင်ဝင်ထိုင်ပြီး
အလှူအတွက်လိုအပ်သည်များကို ပြင်ဆင်နေကြပေသည်

ရှိင်းကောင်လေးကိုတချက်ငဲ့ကြည့်လိုက်သည်
မိမိအားငေးနေသောကောင်လေးနှင့်အကြည့်ချင်းဆုံသည်
ရှိင်း နှင့်မျက်လုံးချင်းဆုံတော့
အကြည့်လွှဲသွားလေသည်
ဘာဖြစ်တာလဲ
ရှိင်းဒီလောက်ခန့်ညားနေတာကိုတောင်
မကြွေဆင်းဘူးလား
ဒါကြောင့်
ရှိင်း ဆက်ကြည့်နေခဲ့သည်
ပေါ်ပေါ်ထင်ထင်ကိုကြည့်ပစ်လိုက်သည်
ကောင်လေးက ဒီနေ့လူကြီးပေါက်စလေးလိုဖြစ်နေသည်
တိုက်ပုံအဖြူလေးကို
ပုဆိုးနက်ပြာအဖြူအကွက်လေးနှင့်
တွဲဖက်ဝတ်ဆင်ထားသည်မှာ
ပြောမပြတတ်အောင်ချစ်ဖို့ကောင်းလွန်းနေသည်
ဆံနွယ်တွေ နဖူးပေါ်ဝဲကျနေတာလေးက
တစ်မျိုးဆွဲဆောင်မှုရှိနေသည်
ငယ်ငယ်တုန်းကမျက်လုံးဝိုင်းဝိုင်းကြီးတွေသည်
ခုဆို ပိုတောင် အသက်ဝင်လှပနေသေးသည်
ကိုယ်ချစ်ရသောကောင်လေးရေ
ကိုယ်ပိုင်ဆိုင်ခွင့်ရပါစေ

ဆရာဘာလို့ကျွန်တော့်ကိုပေါက်ကျမတတ်ကြည့်နေပါလိမ့်
ကျွန်တော်မနေတတ်တော့ဘူး
ကျွန်တော်နှင့်ဆရာ
ခံစားချက်တွေများ ထပ်တူကျနေပြီလား
မမျှော်မှန်းရဲသေးဘူးဆရာရေ

စတုဒီသာ အလှူလုပ် နေစဉ်
ဆရာ ကျွန်တော့်နားဘဲကပ်နေသည်
ဆရာဆေးများမှားသောက်လာလား မသိဘူး
ကျွန်တော့်ကိုထင်ယောင်ထင်မှားတွေဖြစ်အောင်
မလုပ်ပါနဲ့လားဆရာရေ

ကောင်လေး မင်းကို ကိုယ်အရင်ကလို ချေမိုးမနေတော့ဘူး
ချေမိုးနေတာက မင်းအချစ်ကိုပိုင်ဆိုင်ဖို့မဖြစ်နိုင်ဘူးလေ

ကျွန်တော့်နှလုံးသားတွေတဖျပ်ဖျပ်ခုန်ပေါက်နေသည်
ကိုယ့်ကိုယ်ကိုတောင် မပိုင်တော့ပါလား
ဆရာ့ကြောင့်ကျွန်တော်ထိန်းချုပ်နိုင်စွမ်းတွေမဲ့ကုန်ပြီထင်တယ်

တာဝန်တွေ အကုန်ပြီးမြောက်သွားပြီးနောက်
ပျော်ပျော်ပါးပါးဂိမ်းဆော့ကြသည်
လူ၂၀ခန့်သာဖြစ်သည့်အတွက်ကြောင့်
ပို၍စုစုစည်းစည်းနှင့် ပျော်ရွှင်ခြင်းအမှတ်တရများစွာ ရရှိခဲ့လေသည်
ပါဆယ်ဂိမ်းဆော့ကြရာတွင်
လင်းခ အလှည့်သို့ကျလေသည်

... ဒီတခါအကိုမေးမယ်နော်ရတယ်မလား ..
... ရပါတယ် အကို ... (အခြားသူများ)

.. ကောင်လေးမှာ ချစ်ရသူရှိလား ..
.. ဗျာ ..
.. အကိုဆိုလိုတာကလေ ...
.. ရှိပါတယ်ဆရာ ..
.. ဘယ်သူလဲပြောပါ ဒီထဲမှာရှိလား ..(အခြားသူများ)

ကောင်လေးမျက်နှာနီရဲလာသည်

ကျွန်တော့်နှလုံးသားကိုအစကတည်းက
ဆရာပိုင်ထားပြီးသားပါ
ကျွန်တော်ဖြစ်ချင်ရာဖြစ် ဖွင့်ဟလိုက်တော့မယ်ဆရာ
ဆရာမုန်းများမုန်းသွားမှာလား

... ကျွန်တော် ချစ်တဲ့သူက ဆရာပါဗျ ..
.. ဝိုး  ဝိုး ..
.. ကျွန်တော် ဆရာ့ကိုချစ်နေခဲ့တာ ၇နှစ်ရှိပါပြီ
အချိန်တိုင်း စက္ကန့်တိုင်းကို ချစ်နေခဲ့တာပါ
လွယ်လွယ်လေးချစ်ခဲ့တာမဟုတ်တဲ့အတွက်
ကျွန်တော့်အချစ်ကိုဆရာ အလေးထားပေးစေချင်ပါတယ်
ချစ်သောဆရာကို ကျွန်တော်ပြောချင်တာက
ကျွန်တော့်ကိုမုန်းတီးရွံရှာမသွားပါနဲ့လို့ပါ
၃၁ဘုံမှာ ဆရာ့တစ်ယောက်ကိုဘဲ ချစ်မိခဲ့တာပါ
ဆရာ့ကိုချစ်မိတဲ့အတွက်ကျွန်တော်နောင်တမရပါဘူး
ဆရာ့ကြောင့် အချစ်ဆိုတဲ့အရာကိုခံစားခွင့်ရခဲ့လို့
ကျေးဇူးတင်ပါတယ် ဆရာ..

.. ဆရာ့နာမည်ကိုပြောပါ ဆရာ့နာမည်ကိုပြောပြပါ ..
.. ကျွန်တော်မပြောပြပါရစေနဲ့ဗျာ ကျွန်တော်ဘဲချစ်နေပါရစေဗျာ ..

လင်းခငိုနေပါပြီ
ကျွန်တော့်ခံစားချက်တွေကိုလူတွေပြက်ရယ်ပြုမှာ
ကျွန်တော်မကြောက်ပါဘူး
ဆရာမုန်းတီးရွံရှာသွားမှာကိုဘဲ
ကျွန်တော်အကြောက်ဆုံးပါ
ကျွန်တော်နောင်တမရပါဘူး
ဒီလိုဖွင့်ဟဝန်ခံလိုက်ခြင်းက
ကျွန်တော့်ရဲ့၇နှစ်ကြာ အနှစ်နှစ်အလလ
သိမ်းထားရသည့် ခံစားချက်တွေကို
ဆရာ့အား ဖွင့်ဟခွင့်ရလိုက်သည့်အတွက်
ပျော်ရွှင်မှုရောဝမ်းနည်းမှုပါတပြိုင်နက်တည်း ခံစားလိုက်ရပါသည်

ကောင်လေးက မိမိအား ၇နှစ်ကြာချစ်နေသည်ဟု
သိလိုက်ရသည့်အခါ
ရှိင်းမယုံနိုင်လောက်အောင်အံ့သြမှင်သက်သွားမိသည်
ကောင်လေးက ရှိင်းကိုချစ်သည်တဲ့
သူတို့တွေမပွင့်လင်းခဲ့ကြလို့
ဆိုသည်ထက် သတ္တိမရှိခဲ့ကြတာပါ
ထိုသို့သတ္တိမရှိခဲ့ခြင်းကြောင့်
သူတို့နှစ်ယောက် နီးလျက်နှင့်ဝေးနေကြခြင်းဖြစ်ပေမည်

ရှိင်းကောင်လေးကို လူဝိုင်းအလယ်မှဆွဲခေါ်လာခဲ့သည်
ဒီကောင်လေးမျက်ရည်တွေက
ရှိင်းကိုပိုနာကျင်စေပါသည်

ကျွန်တော်ကြောက်နေမိတယ်
ဆရာကျွန်တော့်ကို ပြောမဲ့စကားတွေကို
ကျွန်တော်မကြားချင်ဘူး
ဖြစ်နိုင်ရင်ဒီနေရာကအငွေ့ပျံပြီးသာ ပျောက်ကွယ်သွားချင်မိတယ်

.. လင်းခ ဘာလို့ငိုနေရတာလဲကွာ ..
.. 😢😢..
.. တိတ်တိတ်မငိုနဲ့တော့ ဆရာ့ရင်တွေနာကျင်ရတယ် ..
... ဆရာကဘာလို့နာကျင်ရတာလဲ ကျွန်တော့်ကိုချစ်နေလို့လား
ဒါမှမဟုတ် gayဆိုပြီး မုန်းသွားပြီလားဟမ်  ..
... ချစ်တယ် ကိုယ် ကောင်လေးကိုချစ်တယ်
ဟိုးအရင်ကတည်းကချစ်ခဲ့တာ  ကောင်လေးကို
ကိုယ့်အသက်၁၅နှစ်ကတည်းကချစ်ခဲ့တာ
ကိုယ့်ဘဝမှာဘယ်သူ့ကိုချစ်ရမယ်ဆိုပြီး
မသတ်မှတ်ခဲ့ဘူးကောင်လေး
ကောင်လေးကိုချစ်မိပြီးမှ
ကိုယ့်ဘဝမှာ အရာရာပြောင်းလဲသွားခဲ့တာ
အရင်တုန်းက အေးစက်နေတဲ့ကိုယ့်နှလုံးသားက
ကောင်လေးကြောင့်နွေးထွေးမှုကို ခံစားခဲ့ရတာ
ဒါကြောင့်ကောင်လေးနှင့်တွေ့တဲ့အခါ
ကိုယ်ဟာ အရာရာပြီးပြည့်စုံနေသူ ဖြစ်အောင်လို့
ကိုယ်ကြိုးစားခဲ့တာကောင်လေး
၁၇နှစ်ကြာချစ်ခဲ့တဲ့ကိုယ့်အချစ်တွေကို
ထုတ်ဖော်မပြဝံ့တာက ကိုယ်ကြောက်လို့ပါကောင်လေး
ကိုယ်ကောင်လေးကို  ကောင်လေးထင်တာထက်
ချစ်မြတ်နိုးခဲ့တာပါ.. ..
.. ဗျာ တကယ်လား  ကျွန်တော်အိပ်မက်မက်နေတာများလား ..
လင်းခ ပါးတွေကို ဆွဲဆိတ်ကြည့်မိသည်
အိပ်မက်ဖြစ်နေရင်တောင် ကျွန်တော်မနိုးထချင်ဘူး
အိပ်မက်ထဲမှာဘဲနေပါရစေ
.. အား နာတယ်  ဒါဆိုအိပ်မက်မဟုတ်ဘူးပေါ့နော်ဆရာ ..
.. ကိုယ်မင်းကိုသိပ်ချစ်ခဲ့တာပါကောင်လေး
ကောင်လေးကိုယ့်ထက်ပိုပြီးသတ္တိရှိခဲ့လို့
ကိုယ်တို့နီးခဲ့ရတာပါ ကိုယ်တောင်းပန်ပါတယ်
ကိုယ်သူရဲဘောကြောင်ခဲ့လို့..
... ဆရာ က ကျွန်တော့်ကိုချစ်တယ်ဆိုတာနှင့်ပင်
ကျွန်တော် သေလို့ရပါပြီဆရာရေ
ဆရာ့ကို ကျွန်တော့်အသက်တမျှချစ်တယ်...
.. ကိုယ်လည်း ကိုယ့်အသက်နှင့်ထပ်တူချစ်တယ်ကောင်လေး ...

ရှိင်း  ကောင်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်
ရင်ခွင်ထဲရှိကောင်လေးကား အပျော်ဆုံးလူသားဟုပင်ဆိုနိုင်သည်
မျက်လုံးလေးများမှိတ်သည်အထိ ပါးချိုင့်လေးများခွက်သည်အထိ
ပြုံးနေလေသည်
ရှိင်းရင်ခွင်ထဲရှိကောင်လေး၏နဖူးလေးအား
ညင်သာစွာအနမ်းဖွဖွလေးပေးလိုက်လေသည်
မြတ်နိုးရပါသောကောင်လေးရေ

ရှိင်းမျှော်မှန်းချက်တွေ ဖြစ်မြောက်ခဲ့လေသည်
ကောင်လေးကိုသူပိုင်ဆိုင်ခဲ့သည်
တိတ်တခိုးချစ်မြတ်နိုးခဲ့ရသမျှ
ခုချိန်တွင် အတိုးချ၍ အပြည့်အဝချစ်နိုင်တော့မည်ဖြစ်သည်
ကောင်လေးကို ကိုယ့်မှာရှိသမျှအချစ်တွေနှင့်ချစ်ပေးပါမည်
ကိုယ့်ရဲ့အသက်ရူသံတိုင်း ချစ်နေပါ့မယ်

ချစ်သောဆရာက ကျွန်တော့်ကိုချစ်သည်တဲ့
ကျွန်တော့်လောက် ကံကောင်းသူ
လောကမှာမရှိတော့ဘူးထင်ပါတယ်
ကိုယ်ချစ်သောသူက ကိုယ့်ကိုချစ်မြတ်နိုးမှုသည်
မည်မျှလောက် ပျော်ရွှင်ဝမ်းသာရသည်ကို
ခံစားရသူသာ အသိဆုံးပါ

လောကကြီးက
ကျွန်တော်တို့နှစ်ယောက်ချစ်ခြင်းကို
မည်မျှပင်ပြစ်တင်ဝေဖန်ကဲ့ရဲ့ပါစေ
ကျွန်တော်တို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်
မြဲမြဲ ဆုပ်ကိုင်ပြီး ရင်ဆိုင်နိုင်အောင်ကြိုးစားမည်ဟု
ဆုံးဖြတ်ထားကြသည်
ကျွန်တော်တို့ချစ်ခြင်းစစ်မှန်ခဲ့ပါက
ကျွန်တော်တို့တစ်သက်လုံး အတူရှိနေပါရစေ
အသက်သေဆုံးသည်အထိ
ကျွန်တော်တို့လက်တွေကိုမြဲမြံစွာ တွဲထားမှာပါ

ချစ်သောဆရာ ကို အဆုံးသတ်လိုက်ပါပြီ
အားပေးလာတဲ့ သူတွေ အားလုံးကိုကျေးဇူးတင်ပါတယ်
😍😍😍😍😍😍😍😍
အားပေးလာတဲ့သူတွေအားလုံးကို ချစ်ပါတယ်
😍😍😍😍😍😍

အပိုဆောင်း

ထိုသို့ နှစ်ယောက်သား ဘုရားရင်ပြင်ထောင့်စွန်းလေး၌
တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်းဝန်ခံ၍ကြည်နူးနေကြစဉ်
ခိုးချောင်းကြည့်၍ နှလုံးခုန်နှုန်းတွေမြန်နေကြသော
ဆရာဝန်ပေါက်စလေးအချို့ရှိနေလေသည်
သူတို့သည်ကား လောကကြီးတွင်
အချစ်စွမ်းအားအကြီးမားဆုံးဖြစ်သည့်လူသားများ
Fujoshi Fudanshiလေးများဖြစ်လေသည်
ထိုထဲတွင် သာသာလည်းတျောက

You are reading the story above: TeenFic.Net