Part 36

Background color
Font
Font size
Line height

Unicode

"မုန်း..ငါတို့ ကလေးယူရအောင်.."

"ဟင်?!!"

"ငါ အမေရိကန်သူ OG တစ်ယောက်နဲ့ (သားဖွားမီးယပ် အထူးကုဆရာဝန်) US မှာ PhD တက်နေတုန်း ရင်းနှီးခဲ့တယ်။ သူနဲ့လည်း အခုထိ အဆက်အသွယ်ရှိတုန်းပဲ။ သူ ပြောဖူးတာတော့ အခု နောက်ပိုင်း ဆေးပညာတွေ တိုးတက်လာတာကြောင့် ကလေးမရနိုင်တဲ့ လင်မယားတွေလည်း အငှါးကိုယ်ဝန်ဆောင်နဲ့ ကလေးမွေးနိုင်သလို LGBT စုံတွဲတွေဆိုလည်း သုတ်ပိုးအလှူခံပြီး ကလေးယူလာကြတယ်တဲ့။ သူ့ လူနာတွေထဲမှာလည်း ရှိတယ်။ အဲဒါကြောင့်.."

ယွန်းက မုန်းရဲ့ ရင်ခွင်ထဲကနေ ရင်ခွင်ပိုင်ရှင် ချစ်ရသူကို မော့ကြည့်ပြီး အသာပြုံးလိုက်ရင်း

"ငါလည်း နင့်အတွက် ချစ်ဖို့ကောင်းတဲ့ ကလေးလေးတစ်ယောက် မွေးပေးချင်လို့ပါ"

"ယွန်းရယ်.."

မုန်းက ယွန်းရဲ့ ဆံနွယ်လေးတွေကို သပ်ပေးနေရင်း

"ဘာလို့လဲ ယွန်းလေး? ကိုယ် စောစောက ပြောလိုက်တဲ့ စကားကြောင့်လား..ဟုတ်လား? အဲဒါတော့ ယွန်းရယ်.. ကိုယ် ထန်နေတဲ့အချိန်ဆိုတော့ စိတ်ကူးယဉ်တွေ ပြောမိပြောရာ ပြောခဲ့တာပါကွာ။ ကိုယ်..ကိုယ်..မင်းကို အဲဒီ ဒုက္ခကြီးတဲ့ ကိုယ်ဝန်ဆောင် ကလေးမွေးတဲ့ အခြေအနေကြီး မရောက်စေချင်ဘူး။ ကလေးမွေးတယ်ဆိုတာ အင်မတန် အန္တရာယ်များတာ ယွန်းရဲ့။ ဒါကြောင့် ကိုယ်တို့ ချစ်စရာ ကလေးလေးတစ်ယောက်ယောက်ပဲ မွေးစားကြရအောင်နော်"

ယွန်းက အသာအယာ ခေါင်းခါလိုက်ပြီး

"နင်လည်း နင့်သွေးသားဖြစ်တဲ့ ကလေးလေးတစ်ယောက်တော့ လိုချင်မှာပဲလေ.."

"ယွန်း..ယွန်းရယ်.."

ယွန်းက ရင်ခွင်ထဲကနေ ချစ်ရတဲ့ မုန်းရဲ့ ပါးပြင်လေးကို လကက်ကလေးနဲ့ အသာထိကပ်လိုက်ရင်း

"ငါ ဒါကို ပေးဆပ်ခြင်းလို့ မမြင်ပါဘူး မုန်းရယ်။ နင့်သွေးသားဆိုတာလည်း ငါ့သွေးသားပါပဲ"

"ဒါပေမဲ့ ယွန်းလေး..ကိုယ့်အတွက်တော့ ကလေးထက် မင်းက ပိုအရေးကြီးတယ်။ မတော်လို့ မင်း တစ်ခုခု ဖြစ်သွားရင် ဘယ်လို လုပ်မလဲ? အခုနောက်ပိုင်းဆို straight စုံတွဲတွေကအစ အသက်အန္တရာယ် မဖြစ်အောင်ဆိုပြီး ကိုယ်တိုင် မမွေးပဲ အငှါးကိုယ်ဝန်ဆောင်နဲ့ မွေးနေကြတာလေ။ အဲဒီအပြင် ကိုယ် မင်းကို ကလေးမွေးတဲ့ စက်လိုမျိုးကြီးတော့ အဖြစ်မခံချင်ဘူးကွာ။ ကိုယ်တို့ တစ်ခြားနည်းပဲ စဉ်းစားရအောင်..နော်"

ယွန်းက တစ်ချက်ပြုံးလိုက်ပြီး မုန်းနဲ့ မျက်လုံးချင်းဆုံလိုက်ကာ

"ဒါ ငါ့ဆန္ဒပါ မုန်း..။ ငါ့အတွက်တော့ ဒါဟာ ချစ်သူအတွက် ဖြည့်ဆည်းပေးခြင်း မဟုတ်ပဲ ကလေးယူချင်တဲ့ ကိုယ့်ဆန္ဒအတိုင်း လုပ်ဖို့ ရည်ရွယ်တာပါ။ ကလေးလေးက ငါ သိပ်ချစ်ရတဲ့ နင့်ရဲ့ ရင်သွေးလေးဆိုတော့ ငါလည်း အချစ်ပိုရမှာပေါ့ဟာ.."

"ယွန်းလေးရယ်.."

သူမအပေါ် တွေးပေးလွန်းတဲ့၊ နားလည်ပေးလွန်းတဲ့ ယွန်းကြောင့် မုန်းတစ်ယောက် မျက်ရည်ဝဲခဲ့ရတယ်။ တစ်ဆက်တစ်ဆက်တည်းမှာပဲ ဒီလို မိန်းကလေးမျိုးကို သူမ တကယ်ရော ထိုက်တန်ရဲ့လားလို့တောင် စဉ်းစားမိတဲ့အထိပါပဲ။ စချစ်ခဲ့သူဟာ သူမ ဖြစ်ခဲ့ပေမဲ့ ရင်ထဲကနေ ပိုပြီး ချစ်တတ်သူကတော့ ယွန်း ဖြစ်နေတာပါပဲလားလို့လည်း တွေးမိတယ်။

ဘယ်လို တုံ့ပြန်ရမလဲ စဉ်းစားနေတုန်း မုန်းဟာ ရင်ခွင်ထဲက ယွန်းဆိုသူ မိန်းကလေးကို ဒီထက် နွေးသွားအောင် တိုး၍ ပွေ့ဖက်လိုက်ပြီး နဖူးလေးကိုလည်း ဖွဖွလေး နမ်းရှိုက်လိုက်ကာ

"ချစ်တယ် ယွန်းရယ်။ ကိုယ် မင်းကို သိပ်ချစ်တယ်။ မင်း ဘာကြောင့် ကိုယ့်အပေါ် အဲလောက်ထိ ကောင်းနေရတာလဲ။ မင်းကို စိတ်ဒဏ်ရာတွေ အများကြီး ပေးခဲ့တဲ့ ကိုယ်က ဒီလိုမျိုး မင်းရဲ့ အချစ်တွေနဲ့ ထိုက်တန်ရဲ့လားတောင် မသိတော့ပါဘူးကွာ.."

အဖက်ခံထားရတဲ့ ယွန်းကလည်း မုန်းကို ထပ်ဆင့်တိုးဖက်ပြီး ကျောပြင်လေးကို ပွတ်သပ်ပေးရင်း

"ဒီလောကကြီးမှာ ငါ ယွန်းဝင့်လွှာရဲ့ အချစ်နဲ့ ထိုက်တန်တဲ့လူက ဘယ်သူလဲဆို နင် တစ်ယောက်ပဲ ရှိလိမ့်မယ် မုန်း။ ဘာလို့ဆို နင်တစ်ယောက်တည်းကပဲ ငါ့ကို စိတ်လုံခြုံမှု ပေးနိုင်လို့ပဲ.."

"ယွန်းလေး.."

အဲလိုနဲ့ ချစ်သူနှစ်ဦး အတော်ကြာကြာ ပွေ့ဖက်ထားကြအပြီးမှာတော့ မုန်းက

"ယွန်း..ကိုယ် ဆုံးဖြတ်လိုက်ပြီ။ ကိုယ်တို့ နှစ်ယောက်လုံး ကလေးယူကြမယ်။ ကိုယ်လည်း မင်းရဲ့ သွေးသား ရင်သွေးလေးကို မွေးပေးမယ်။ ပြီးရင် ကိုယ်တို့တစ်တွေ ချစ်စရာ ကလေးလေး နှစ်ယောက်ရဲ့ မေမေတွေ လုပ်ကြတာပေါ့.."

" နင်ကလည်း..ငါ့ကို အားနာတယ်ဆိုပြီး အဲလိုတွေတော့ မလုပ်ပါနဲ့။ ကလေးမွေးတာ လွယ်တာမှတ်လို့။ မွေးရတာအပြင် ပျိုးထောင်ရတာပါ ရှိသေးတယ်လေ။ အဟမ်း..ပြီးတော့ နင်က ကျားကျားလျားလျားနဲ့ဆိုတော့.."

"ဟ..ယွန်းလေးကလည်း lesbian နှစ်ယောက် ကလေးယူမယ်ဆိုတိုင်း Neko ကပဲ ကိုယ်ဝန်ဆောင်ရမယ်မှ မဟုတ်တာ။ အဲဒါဆို gender equality..အဲလေ..ကိုယ်တို့နှစ်ယောက်လုံးက မိန်းမတွေဆိုတော့..Neko လေးတွေအတွက် ဘယ်မျှတပါ့မလဲ။ ကိုယ်လည်း သားအိမ်ပါတာပဲ။ အဲဒီလို ကိုယ်လည်း မင်းအတွက် ချစ်စရာ ကလေးလေးတွေတော့ မွေးပေးနိုင်ပါတယ်ကွာ။ ပြီးတော့ ပိုက်ဆံက ဘာပူစရာလိုလို့လဲ။ ကိုယ်တို့ နှစ်ယောက်လုံးက ဒေါက်တာ ဘောစိတွေပဲဟာကို..။ ဟုတ်ဘူးလား? ဟဲဟဲ"

"မုန်းကတော့လေ.."

မုန်းကတော့ ယွန်းရဲ့ နဖူးပြင်လေးကို ထပ်မံနမ်းရှိုက်လိုက်ပြီး

"ရှေ့လျှောက် ပျော်စရာတွေပဲ ကြုံလာတော့မှာပါ ယွန်းလေး။ အဲဒီအတွက် ကလေးနဲ့ ပက်သက်ပြီးဖြစ်ဖြစ် တစ်ခြား ဘာအတွက်ဖြစ်ဖြစ် လုံးဝ မပူနဲ့..သိလား။ ကိုယ် မင်းဘေးနားမှာ ရှိတယ်"

"မုန်း..မုန်းရယ်.."

"I love you, Yoon.."

_________________

ယွန်းနဲ့ မုန်းတို့ ချစ်သူနှစ်ဦး ကလေးယူမယ့် အစီအစဉ်ကို နှစ်ဖက်မိဘများကလည်း သဘောတွေ့နေကြလေတယ်။ ဒီကြားထဲ လောကဓံ ဒုက္ခအစုစုကို ကြုံရပြီးပြီမို့ မိဘတွေဟာ homophobic မဖြစ်ပဲ သမီးတွေ စိတ်ချမ်းသာဖို့ကိုသာ ရှေးရှုကြတယ်။ အဲဒီအပြင် ချွေးမတွေကိုလည်း သဘောကျကြတယ်လေ။ ယွန်းမေမေ ဒေါ်ယုဇနဝင်းက မုန်းကို အားကိုးယုံကြည်သလို မုန်းမေမေ ဒေါ်နှင်းဆီခင်ဆိုလည်း ယွန်းကို သမီးတစ်ယောက်လိုပါ သဘောထားပြီး ဂရုစိုက်ပေးတယ်။ နဂိုကတည်းက ဆေးကျောင်းမှာ ဆရာ-တပည့်လည်းဖြစ်၊ ၈၈ အရေးတော်ပုံမှာ သပိတ်စခန်းတွေလည်း အတူဦးဆောင်ဆန္ဒပြကြတဲ့ အဖေနှစ်ယောက်ဖြစ်တဲ့ ဦးညီညီလွင်နဲ့ ဦးမင်းဇေယျာတို့ဆိုလည်း အတိုင်အဖောက်ညီကြတယ်။ ဦးညီညီလွင်က စကားကောင်းကောင်း မပြောနိုင်သေးပေမဲ့ပေါ့။ ပြီးရင် LGBT သမီးနှစ်ယောက်က သူတို့ရဲ့ သွေးသားအရင်း မြေးရတနာတွေပါ မွေးနိုင်မယ်ဆိုတာကြောင့်လည်း တိုးတက်လာတဲ့ ဆေးပညာကို အံ့ဩထောပနာပြုရပြန်တယ်။

အခု ပြဿနာက ဒေါ်ယဉ်ယဉ်ပါပဲ။ ဒေါ်နှင်းဆီခင်က သူမအပေါ် ဒေါ်ယဉ်ယဉ် ကျူးလွန်ခဲ့တဲ့ ပြစ်မှူတသီကြီးကိုရော၊ ဒီကြားထဲ မလှိမ့်တပတ်နဲ့ အမွေတွေကို သူမ မိဘတွေရဲ့ သမီးတစ်ယောက်အလား မောင်ပိုင်စီးထားတာကိုပါ ပြန်လည်ဖော်ထုတ်ရင်း ဒေါ်ယဉ်ယဉ်ကို တရားစွဲထားပါတယ်။ အဲဒီအပြင် ဒေါ်ချိုနွယ်နဲ့ စည်သူထက်တို့ရဲ့ သတင်းပေးချက်အရ ဒေါ်ယဉ်ယဉ်နဲ့ မူးယစ်ဆေးဂိုဏ်းတွေရဲ့ ဆက်စပ်မှုတွေရော၊ ဆေးရုံမှာ စိတ်ဝေဒနာရှင် လူနာတွေကို လူနာရှင်တွေတောင် မသိပဲ မူးယစ်ဆေးပေးပြီး ငြိမ်အောင်လုပ်တဲ့ ကိစ္စတွေပါ တိုင်ထားတာကြောင့် ဒေါ်ယဉ်ယဉ်တစ်ယောက် ဝရမ်းပြေးအဖြစ် ထွက်ပြေးနေရပါတော့တယ်။

စည်သူထက်ကတော့ ဒေါ်ယဉ်ယဉ်ရဲ့ စီးပွါးရေးလုပ်ငန်းတွေအကြောင်း ဖော်ထုတ်ပေးတဲ့အပြင် သူ ခိုးလာတဲ့ ရွှေချောင်းတွေကိုပါ ပြန်အပ်ပြီး သတင်းပေး ဖြစ်သွားတာမို့ ပြစ်ဒဏ်က လွတ်မြောက်သွားခဲ့တယ်။ အဲဒါကြောင့်လည်း သူ့ချစ်သူ ချောသဇင်နဲ့ ပေါင်းဖက်နိုင်ခဲ့ပါပြီ။ ဒေါ်ချိုနွယ်နဲ့ ချောသဇင်ဟာဆိုရင်လည်း ဒေါ်နှင်းဆီခင်ကို ဒေါ်ယဉ်ယဉ် ပြန်ပေးဆွဲတဲ့အမှုရဲ့ အဓိက သက်သေတွေ ဖြစ်သွားခဲ့တယ်။ ဒေါ်ချိုနွယ်က အခု ဦးမင်းဇေယျာတို့ ဒေါ်နှင်းဆီခင်တို့ အိမ်ရဲ့ အိမ်တော်ထိန်း ဖြစ်သွားပါတယ်။

ဒေါ်ယဉ်ယဉ်ရဲ့ အမှုပေါင်းများစွာထဲကမှ ဒေါ်နှင်းဆီခင်အပေါ် ပြန်ပေးဆွဲမှုနဲ့အတူ အမွေတွေ ကိစ္စရယ်ကိုတော့ အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့ပါပြီ။ တရားခံကို မမိသေးသော်ငြား ဒေါ်နှင်းဆီခင် လုယူခံလိုက်ရတဲ့ ပိုင်ဆိုင်မှု ငွေကြေးဥစ္စာတွေကိုတော့ ပြည်တွင်းဘဏ်တွေနဲ့ ထိုင်းဘဏ်တွေကတစ်ဆင့် ပြန်လည်ရရှိခဲ့ပါပြီ။ အဓိက ပြဿနာကတော့ မူးယစ်ဆေးကိစ္စပါပဲ။ တရားခံက ဒေါ်ယဉ်ယဉ်တစ်ယောက်တည်း မဟုတ်ပဲ မြန်မာပြည်က ခရိုနီ ခရိုပြာအချို့နဲ့အတူ စစ်ဘက်အရပ်ဘက်က အကြီးပိုင်းများပါ ပါဝင်နေတာကြောင့် ရဲဘက်က မဖော်ထုတ်ပဲ တင်းခံထားနေလေတယ်။

ပူစရာ ပင်စရာတွေ ခဏနောက်ထားလို့ ပျော်စရာ ကြည်နူးစရာလေးတွေဘက် ဦးတည်ရပါဦးမယ်။ ဒါကတော့ မုန်းဖေဖေ ဦးမင်းဇေယျာနဲ့ မေမေ ဒေါ်နှင်းဆီခင်တို့ရဲ့ တရားဝင် လက်ထပ်ပွဲပါ။ နှစ်ပေါင်း၃၀ကျော်ကြာအပြီးမှ ပြန်တွေ့ရတဲ့ ချစ်သူနှစ်ဦးတို့ရဲ့ ပေါင်းထုပ်မှုမှာ အသက်အရွယ်တွေ ပတ်ဝန်းကျင်ဆိုတာတွေကို ဂရုမစိုက်အားခဲ့ပါ။

မုန်းကတော့ မိဘတွေအတွက် ဝမ်းသာပီတိ ဖြစ်ပေးရတာပေါ့။ အခုဆို သူမဟာ မိဘတွေရဲ့ မင်္ဂလာပွဲအတွက် အခမ်းနားမှူးတောင် ဖြစ်သွားခဲ့ပြီလေ။

မင်္ဂလာပွဲဆိုသော်လည်း သတို့သားနဲ့ သတို့သမီးမှာ သက်လတ်ပိုင်းများ ဖြစ်ကြတာမို့ ခပ်ရိုးရိုး ခပ်ယဉ်ယဉ် မြန်မာဝတ်စုံများသာ ဆင်ယင်ထားကြပေတယ်။ သတို့သမီး မိတ်ကပ်ပြင်ဆင်တဲ့ အခန်းမှာတော့

"အန်တီ.."

"အိုး..သမီး..ဝင့်လွှာ..လာလေ"

ယွန်းလည်း အသက်အရွယ်နဲ့မလိုက်အောင် နုနုလေးနဲ့ ချောမောနေတဲ့ ယောက္ခမလောင်းဖြစ်သူကိုကြည့်ပြီး အားကျရတယ်။ သူမလည်း အန်တီ့အရွယ်ကျရင် အဲလို အရွယ်တင်နိုင်ပါ့မလားပေါ့။ အဲဒီအပြင် အချစ်ဦးဖြစ်သူ ယောက္ခထီးလောင်းနဲ့ အခု ပေါင်းဖက်နိုင်ပြီမို့ ကြားထဲက ပီတိဖြစ်ရပြန်တယ်။ ဒါတွေ အားလုံးထက် ချစ်ရတဲ့ မုန်းတစ်ယောက် မိဘမေတ္တာကို အပြည့်အဝ ခံစားနိုင်ပြီမို့ ဝမ်းသာကြည်နူးရတယ်။ အခုလည်း အခမ်းအနားမှူးလုပ်မယ့် မုန်းတစ်ယောက် အဝတ်လဲခန်းမှာကို အလီလီ အခါခါ စကားပြောကျင့်နေလေရဲ့။

"အခုသေချာကြည့်ကြည့်မှ သမီးလေးက အေးအေးလေးနဲ့ အတော်ချောတာပဲနော်။ မျက်နှာလေးဆိုလည်း ကြည်နေတာပဲ"

"ချီးကျူးလွန်းနေပါပြီ အန်တီရယ်။ အန်တီကမှ တကယ့်ကို ကျက်သရေရှိရှိနဲ့ လှတာပါ။ အရွယ်လည်း အတော်တင်တယ်။ ပြီးတော့ သမီးက ဆေးကျောင်းမှာတုန်းက အန်တီ့လို Queen မဖြစ်ခဲ့ပါဘူး အန်တီရဲ့။ ဆန်ကာတင်ထဲတောင် မပါခဲ့ဘူး.."

"ဒါကတော့ သမီးက ကျောင်းတုန်းက အလှအပတွေ ပွဲလမ်းသဘင်တွေဘက် စိတ်သိပ်မရောက်လို့ နေမှာပါ။ အဲဒါတွေထက် သမီး.."

ဒေါ်နှင်းဆီခင်က ယွန်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး

"သမီးရဲ့ နွေးထွေးတဲ့ စိတ်ရင်းလေးက သမီး မျက်နှာမှာ ထင်ဟပ်နေပါတယ်ကွယ်။ အဲဒီ စိတ်ကလေးကပဲ အန်တီ့ သမီးလေး အမရာကို ဒီကြားထဲ အထီးမကျန်ပဲ ပျော်ရွှင်စေခဲ့တာပါ.."

"အန်တီရယ်..သမီး..သမီးက..အန်တီ ထင်ထားသလောက်ကြီး နွေးထွေးတဲ့ လူတစ်ယောက် မဖြစ်ခဲ့ပါဘူး။ မုန်းလိုမျိုး ပေါင်းသင်းဆက်ဆံရေးတောင် အရမ်းကောင်းတာ မဟုတ်ဘူး။ ဟို..ပြောရမှာတော့ မကောင်းပေမဲ့ သမီး မိဘတွေနဲ့တောင် အခုထိ ဖက်လဲတကင်းနေဖြစ် စကားပြောဖြစ်တာ မဟုတ်ပါဘူး.."

ဒေါ်နှင်းဆီခင်က အသာအယာပြုံးလိုက်ပြီး

"အန်တီ..သမီးကို နားလည်ပါတယ်.."

"ရှင်?!!"

"အမရာ့ဆီကနေရော ကိုမင်းဆီကနေရော သမီးရဲ့ အကြောင်းတွေ ကြားရပါတယ်။ သမီးလည်း ငယ်ငယ်လေးနဲ့ အတော် ရုန်းကန်ခဲ့ရမှာပဲနော်။ ဒါကိုတောင် ဒီလို အောင်မြင်တဲ့ ဆရာဝန်မကြီးတစ်ယောက် ဖြစ်အောင်အထိ တက်လှမ်းလာနိုင်တာ ချီးကျူးစရာပဲပေါ့။ ကြည့်ရတာ အန်တီ့သမီး အမရာ သမီးကို ချစ်မိသွားတာ ဒီလို အချက်တွေကြောင့်လည်း ပါမယ်ထင်တယ်နော်.."

ယွန်းမှာတော့ ယောက္ခမလောင်းဖြစ်သူရဲ့ စကားတွေကို အသာပြုံးပြီးသာ နားထောင်နေခဲ့တယ်။ အဲဒီနောက် ဒေါ်နှင်းဆီခင်က မိတ်ကပ်ဆရာမတွေကို အပြင်ခဏထွက်ခိုင်းလိုက်ကာ သူမ လက်မှာ ပတ်ထားတဲ့ လက်ကောက်လေးကို ချွတ်ပေးပြီး ယွန်းဆီ ကမ်းလိုက်တာမို့

"အန်..အန်တီ.."

"လက်ခံလိုက်ပါ သမီး။ ဒါက အန်တီ့မိဘတွေ အန်တီ့ကို ပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင်လေးပဲ။ အန်တီလည်း ဘယ်လောက်ပဲ မိဘတွေအပေါ် နာကျည်းခဲ့တယ်ပြောပြော.. ဒီလက်ကောက်လေးကြောင့်ပဲ ဦးနှောက်က အသိစိတ် ပြန်ဝင်လာပြီး ယဉ်ယဉ့်လက်ထဲကနေ လွတ်လာခဲ့တယ်လို့ ယုံကြည်တယ်ကွယ်။ အခုတော့ အန်တီက ဒီလိုမျိုး အန်တီ့ကို အန္တရာယ်ကင်းစေခဲ့တဲ့ လက်ကောက်လေးကို အန်တီ့ရဲ့ ချွေးမလောင်းလေးဖြစ်တဲ့ သမီးကို ပေးချင်တယ်"

"အန်တီရယ်.."

"အဲဒါကြောင့် လက်ခံလိုက်ပါနော်။ ဒါလေးကို လက်ခံပြီး ဘဝတစ်လျှောက် မေတ္တာငတ်မွတ်ခဲ့ရတဲ့ အန်တီ့သမီးလေးကို ချစ်ခြင်းတွေနဲ့အတူ ထွေးပွေ့ပေးပါ"

ယွန်းလည်း ခေါင်းလေး အသာအယာညိတ်ပြီး တုံ့ပြန်ခဲ့တယ်။ အဲဒါနဲ့ပဲ ဒေါ်နှင်းဆီခင်တစ်ယောက် ယွန်းကို သူမ ကိုယ်တိုင်ပဲ လက်ကောက်လေး ဝတ်ပေးခဲ့တယ်။

အဲဒီနောက်မှာတော့ မင်္ဂလာချိန် အခါသမယနဲ့ နီးကပ်လာပြီမို့ ဒေါ်နှင်းဆီခင်ကို နှုတ်ဆက်ပြီး မင်္ဂလာအခမ်းအနားမှူးလေး မုန်းကို အားပေးဖို့ ချီတက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ silent လုပ်ထားတဲ့ သူမရဲ့ ဖုန်းထဲကို message တစ်စောင်ဝင်လာခဲ့တာကိုတော့ ယွန်းဆိုတဲ့ သူမ မသိခဲ့ပါဘူး။

____________

ဒီလိုနဲ့ ဦးမင်းဇေယျာနဲ့ ဒေါ်နှင်းဆီခင်တို့ရဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲလေး စတင်ခဲ့ပါတယ်။ ဧည့်သည်တွေကိုတော့ ရင်းနှီးတဲ့ လူအနည်းအကျဉ်းကိုပဲ ဖိတ်ထားခဲ့တာပါ။ ဘာလို့ဆို ဒေါ်နှင်းဆီခင်ဟာ ဒေါ်ယဉ်ယဉ့် စနက်နဲ့ နှစ်ရှည်လပေါင်းများစွာ စိတ်ဝေဒနာ ခံစားခဲ့ရတဲ့အပြင် သူမကို စိတ်ငြိမ်အောင်ဆိုပြီး မူးယစ်ဆေးတွေပါ ဒေါ်ယဉ်ယဉ်က တိုက်ကျွေးခဲ့ဖူးတာကြောင့် အခု စိတ်ကျန်းမာ အထူးကုဆရာဝန်နဲ့ရော therapist နဲ့ပါ ပြနေရပါတယ်။ အဲဒါကြောင့်လည်း မုန်းတို့ သားအဖက သူမကို မလိုအပ်ပဲ စိတ်ဖိစီးမှု မဖြစ်စေလိုတော့တာပါ။ အဲဒီအပြင် မုန်းက ဒေါ်ယဉ်ယဉ်ကို ဖမ်းလို့မမိနိုင်သေးသရွေ့ သူမတို့ ပတ်ဝန်းကျင်တစ်ခုလုံး မလုံခြုံဘူးလို့ ယူဆတာကြောင့်လည်း လူနည်းနည်းပဲ ဖိတ်စေခဲ့တာပါ။

အခမ်းအနားမှူးလေး မုန်းလည်း တက်တက်ကြွကြွပဲ စင်ပေါ်တက်လာတော့တာပေါ့။ အမြဲလိုလို ရှပ်၊ တီရှပ်နဲ့ ဘောင်းဘီပဲ ဝတ်လေ့ရှိပြီး ဂေါင်ဝန်တောင် ပွဲတွေလမ်းတွေ ရှိမှ ဝတ်တတ်သူ မုန်းက အခုလိုမျိုး မြန်မာဝတ်စုံလေးနဲ့ဆိုလည်း ကြော့ကြော့ရှင်းရှင်းနဲ့ ကျက်သရေရှိရှိ လှပနေပါတယ်။ သူမရဲ့ အသား ခပ်လတ်လတ်နဲ့ မြန်မာဆန်တဲ့ အလှဟာ အခုမှ ပိုပြီး ပေါ်လွင်သွားသလိုပါပဲ။ သူမရဲ့ ချစ်သူလေး ယွန်းဆိုလည်း မျက်တောင်မခတ်စတမ်း ချစ်ရသူကို အားပေးနေလေတယ်။

အဲဒါနဲ့ပဲ မုန်းတစ်ယောက် မိုက်ကရိုဖုန်းကို အသာလှမ်းယူပြီး ပရိသတ်ဘက်သို့ မျက်နှာမူကာ

မုန်း: ကျွန်မထင်တယ်။ ကိုယ့်မိဘရဲ့ မင်္ဂလာပွဲကို ကိုယ်တိုင် တက်ရောက်ခွင့်ရတဲ့အပြင် အခမ်းအနားမှူးပါ လုပ်ပေးနိုင်တာ ဒီလောကကြီးမှာ ကျွန်မတစ်ယောက်တည်း ရှိလောက်မယ်

ပရိသတ်များ: (ရယ်သံကျဲကျဲဖြင့်) ဟား..ဟား..

မုန်း: စိတ်ရှိလက်ရှိသာ ရယ်ကြပါရှင်။ တင်းမခံထားပါနဲ့။ ကျွန်မဆို ဟိတ်ကြီးဟန်ကြီးနဲ့ မနေတတ်လို့ အခမ်းအနားမှူးလုပ်တာတောင် ဟောဒီလို အရွှန်းဖောက်နိုင်သေးတာပဲလေ။

ပရိသတ်များ: ဟား..ဟား..ဟား..

မုန်း: ကဲကဲ ရယ်စရာမောစရာတွေ ပြောပြီးပြီဆိုတော့ ပွဲရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း စလိုက်ကြတာပေါ့။ အရင်ဆုံး အခုလိုမျိုး ကြွရောက်ပေးကြတဲ့ ဧည့်ပရိသတ်တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်။

အဲလိုနဲ့ပဲ မုန်းတစ်ယောက် မင်္ဂလာအခမ်းအနားမှူးအနေနဲ့ ပြောသင့်ပြောအပ်တဲ့ အလင်္ကာမြောက် စာစကားပေစကားတွေ ခပ်ချိုချို ပြောဆိုပြီးနောက်

"ဒီတစ်ခါတော့ အခမ်းအနားမှူးတစ်ယောက်အနေနဲ့ မဟုတ်ပဲ အမရာမုန်းဆိုတဲ့ လူသားတစ်ယောက်အနေနဲ့ ဆိုချင်တာလေးတွေ ရှိပါသေးတယ်"

မုန်းဟာ မိဘတွေဖြစ်တဲ့ သတို့သားနဲ့ သတို့သမီးတို့ဘက်လှည့်ပြီး

"သမီးကို ဘယ်တုန်းကမှ မစွန့်ပစ်ခဲ့တဲ့အတွက်၊ သမီးရဲ့ ဘဝထဲကို မိဘကောင်းတွေအဖြစ် နောက်ထပ် ဝင်ရောက်လာပေးတဲ့အတွက်၊ သမီးရဲ့ ဖြစ်တည်မှုကို အရှိကိုအရှိအတိုင်း နားလည်လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဖေဖေနဲ့ မေမေ။ မေမေ..သမီး ကလေးဘဝကတည်းက ဘုရားမှာ ဆုတောင်းခဲ့တဲ့ အမေဆိုတဲ့ စိတ်ကူးပုံရိပ်ထက် အစပေါင်းများစွာ နွေးထွေးနားလည်ပေးတဲ့ မိခင်မျိုး ဖြစ်ပေးလို့ မေမေ့ကို ကျေးဇူးတင်တယ်။ အများကြီးလည်း ချစ်ပါတယ်။ ပြီးတော့ ဖေဖေ.. အဖေရင်းမှန်း မသိရခင်ကတည်းကရော အခုရော နွေးထွေးပြီး လေးစားဖို့ကောင်းတဲ့ လူတစ်ယောက် ဖြစ်ပေးလို့ ကျေးဇူးပါ။ ဖေဖေ့ရဲ့ ပညာဆိုတာထက် စိတ်ဓာတ်ကနေ သမီး အတုယူခဲ့ရတာတွေလည်း အများကြီး ရှိခဲ့ပါတယ်..။ အထူးသဖြင့် ကိုယ့်ချစ်သူအပေါ် အမြဲသစ္စာရှိဖို့နဲ့ ချစ်သူနဲ့ ပေါင်းဖက်ရဖို့ အိပ်မက်ကို လုံးဝ လက်မလျှော့ခဲ့တာမျိုးပေါ့"

မုန်း စကားတွေကြောင့် မိဘတွေဖြစ်တဲ့ သတို့သားနဲ့ သတို့သမီးလည်း ဝမ်းသာကြည်နူး တပြုံးပြုံး ဖြစ်ရသလို မုန်းမေမေဆို မျက်ရည်စမ်းစမ်းလေးပါ ဖြစ်သွားခဲ့တယ်။ ပီတိမျက်ရည်တွေပေါ့လေ။ အဲဒီနောက်မှာတော့ မုန်းကသူမကို တောက်ပတဲ့ အပြုံးလေးနဲ့ အားပေးနေတဲ့ ယွန်းနဲ့ မျက်လုံးချင်းဆုံလိုက်ပြီး

"အဲဒါကြောင့် ကျွန်မလည်း ဖေဖေ့သမီးပီပီ ဖေဖေ့ကို နမူနာယူပြီး ဒီခန်းမကြီးမှာပဲ သစ္စာကတိစကားပါးချင်ပါတယ်။ ကျွန်မရဲ့ မူပိုင်ရှင် မိန်းကလေးရေ..သိပ်ချစ်ရပါတယ်။ ၁၅နှစ်သမီးကတည်းက တည်ခဲ့တဲ့ ကျွန်မရဲ့ အချစ်က အသက်အရွယ် ကိန်းဂဏန်းတွေ ဘယ်လောက်ပဲကြီးလာလာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ပြီးရင် တွဲကာစက ဆိုခဲ့တဲ့ ကတိအတိုင်း မင်း မျက်နှာလေး အမြဲပြုံးနေရဖို့ ကြိုးစားပါ့မယ်။ မင်းဘေးနားမှာ မင်းရဲ့ တိုင်ပင်ဖော် အဖြစ်၊ အားကိုးစရာ ပခုံးတစ်ခုအဖြစ်၊ ဖေးမရာ လက်တစ်စုံအဖြစ်၊ နားခိုရာ ရင်ခွင်အဖြစ် မင်း အလိုရှိတဲ့အတိုင်း တည်ရှိပေးပါ့မယ်"

ဒီတစ်ခါတော့ ညွှန်းဆိုခံရသူ ယွန်းတင်မက စင်ပေါ်မှာ ပြောခဲ့တဲ့ မုန်းကအစ ချစ်မျက်ဝန်းတွေထက်ဝယ် မျက်ရည်လေးတွေဝဲသွားပါတော့တယ်။ ပွဲလာပရိသတ်ကြီးရဲ့ တဖြောင်းဖြောင်းနဲ့ လက်ခုပ်သံတွေကြားမှာပေါ့။ မုန်းနဲ့ ယွန်းဆိုသူ ချစ်သူနှစ်ဦးအတွက်တော့ အခုချိန် အာရုံထဲ ရှိနေတာဟာ ဧည့်ပရိသတ်တွေရော၊ သတို့သားနဲ့ သတို့သမီးရော၊ အတီးအမှုတ်သမားတွေရော ဘယ်သူမှ မဟုတ်တော့ပါဘူး။ သူမတို့ရဲ့ ချစ်ရတဲ့ သက်ဆိုင်သူလေးများသာ ရှိပါတော့တယ်။ ဒီလူသားသာ ဘေးမှာ ရှိပါစေ..ခြေလှမ်းတိုင်းကို မတွန့်ဆုတ်ပဲ ချစ်ခြင်းတရားကပေးတဲ့ ခွန်အားတို့နဲ့ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းကြမည်သာ..။

_____________

ဒီလိုနဲ့ ဦးမင်းဇေယျာနဲ့ ဒေါ်နှင်းဆီခင်ရဲ့ မင်္ဂလာပွဲလေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။ သတို့သားနဲ့ သတို့သမီးဟာ ဟန်းနီးမွန်းအဖြစ် ပုဂံကို သွားကြမှာပါ။ မုန်းကတော့ မိဘတွေအတွက် ကြည်နူးရသလို ချစ်သူလေး ယွန်းကို သူမရဲ့ ချစ်ရသူအဖြစ် လူအများရှေ့ဝယ် ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းသာမိတယ်။ ယွန်းလည်း အလားတူပါပဲ။ အဲဒီလို မုန်းကို နေ့စဉ်နဲ့အမျှ တိုး၍သာ ချစ်လာမိခဲ့တယ်။

ချစ်သူနှစ်ဦးသား အိမ်ပြန်ဖို့ ကားပါကင်က ကားဆီကိုအသွား ယွန်းက ပိုက်ဆံအိတ်ထဲက ဖုန်းကို ထုတ်ဖွင့်လိုက်တာမို့

"ယွန်းလေး..ဖုန်းက ဘာဖြစ်လို့လဲ?"

"Noti တွေ အများကြီး ပေါ်လာလို့ မုန်းရေ။ ခဏနော်"

အဲဒါနဲ့ မမှတ်ထားတဲ့ ဖုန်းနံပါတ်ကနေ message တစ်စောင် ပို့ထားတာမို့ ကြည့်ကြည့်ရာ

"ငါ မင်းကို ဒီအခြေအနေထိရောက်အောင် မြေတောင်မြှောက်ပေးခဲ့တာပါ ယွန်းဝင့်လွှာ။ အဲဒါကိုမှ မင်းက ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်ခဲ့တာဆိုတော့ အကျိုးဆက်တွေကို အသင့်ပြင်ထားဖို့တော့ လိုလိမ့်မယ်။ မင်းကို ငါ ဖန်တီးခဲ့တာပါ။ အဲဒါကြောင့် မင်း သိထားဖို့က what is made can be unmade"

TBC

Zawgyi

"မုန္း..ငါတို႔ ကေလးယူရေအာင္.."

"ဟင္?!!"

"ငါ အေမရိကန္သူ OG တစ္ေယာက္နဲ႔ (သားဖြားမီးယပ္ အထူးကုဆရာဝန္) US မွာ PhD တက္ေနတုန္း ရင္းႏွီးခဲ့တယ္။ သူနဲ႔လည္း အခုထိ အဆက္အသြယ္ရွိတုန္းပဲ။ သူ ေျပာဖူးတာေတာ့ အခု ေနာက္ပိုင္း ေဆးပညာေတြ တိုးတက္လာတာေၾကာင့္ ကေလးမရနိုင္တဲ့ လင္မယားေတြလည္း အငွါးကိုယ္ဝန္ေဆာင္နဲ႔ ကေလးေမြးနိုင္သလို LGBT စုံတြဲေတြဆိုလည္း သုတ္ပိုးအလွူခံၿပီး ကေလးယူလာၾကတယ္တဲ့။ သူ႔ လူနာေတြထဲမွာလည္း ရွိတယ္။ အဲဒါေၾကာင့္.."

ယြန္းက မုန္းရဲ့ ရင္ခြင္ထဲကေန ရင္ခြင္ပိုင္ရွင္ ခ်စ္ရသူကို ေမာ့ၾကည့္ၿပီး အသာျပဳံးလိုက္ရင္း

"ငါလည္း နင့္အတြက္ ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလးတစ္ေယာက္ ေမြးေပးခ်င္လို႔ပါ"

"ယြန္းရယ္.."

မုန္းက ယြန္းရဲ့ ဆံႏြယ္ေလးေတြကို သပ္ေပးေနရင္း

"ဘာလို႔လဲ ယြန္းေလး? ကိုယ္ ေစာေစာက ေျပာလိုက္တဲ့ စကားေၾကာင့္လား..ဟုတ္လား? အဲဒါေတာ့ ယြန္းရယ္.. ကိုယ္ ထန္ေနတဲ့အခ်ိန္ဆိုေတာ့ စိတ္ကူးယဥ္ေတြ ေျပာမိေျပာရာ ေျပာခဲ့တာပါကြာ။ ကိုယ္..ကိုယ္..မင္းကို အဲဒီ ဒုကၡႀကီးတဲ့ ကိုယ္ဝန္ေဆာင္ ကေလးေမြးတဲ့ အေျခအေနႀကီး မေရာက္ေစခ်င္ဘူး။ ကေလးေမြးတယ္ဆိုတာ အင္မတန္ အႏၲရာယ္မ်ားတာ ယြန္းရဲ့။ ဒါေၾကာင့္ ကိုယ္တို႔ ခ်စ္စရာ ကေလးေလးတစ္ေယာက္ေယာက္ပဲ ေမြးစားၾကရေအာင္ေနာ္"

ယြန္းက အသာအယာ ေခါင္းခါလိုက္ၿပီး

"နင္လည္း နင့္ေသြးသားျဖစ္တဲ့ ကေလးေလးတစ္ေယာက္ေတာ့ လိုခ်င္မွာပဲေလ.."

"ယြန္း..ယြန္းရယ္.."

ယြန္းက ရင္ခြင္ထဲကေန ခ်စ္ရတဲ့ မုန္းရဲ့ ပါးျပင္ေလးကို လကက္ကေလးနဲ႔ အသာထိကပ္လိုက္ရင္း

"ငါ ဒါကို ေပးဆပ္ျခင္းလို႔ မျမင္ပါဘူး မုန္းရယ္။ နင့္ေသြးသားဆိုတာလည္း ငါ့ေသြးသားပါပဲ"

"ဒါေပမဲ့ ယြန္းေလး..ကိုယ့္အတြက္ေတာ့ ကေလးထက္ မင္းက ပိုအေရးႀကီးတယ္။ မေတာ္လို႔ မင္း တစ္ခုခု ျဖစ္သြားရင္ ဘယ္လို လုပ္မလဲ? အခုေနာက္ပိုင္းဆို straight စုံတြဲေတြကအစ အသက္အႏၲရာယ္ မျဖစ္ေအာင္ဆိုၿပီး ကိုယ္တိုင္ မေမြးပဲ အငွါးကိုယ္ဝန္ေဆာင္နဲ႔ ေမြးေနၾကတာေလ။ အဲဒီအျပင္ ကိုယ္ မင္းကို ကေလးေမြးတဲ့ စက္လိုမ်ိဳးႀကီးေတာ့ အျဖစ္မခံခ်င္ဘူးကြာ။ ကိုယ္တို႔ တစ္ျခားနည္းပဲ စဥ္းစားရေအာင္..ေနာ္"

ယြန္းက တစ္ခ်က္ျပဳံးလိုက္ၿပီး မုန္းနဲ႔ မ်က္လုံးခ်င္းဆုံလိုက္ကာ

"ဒါ ငါ့ဆႏၵပါ မုန္း..။ ငါ့အတြက္ေတာ့ ဒါဟာ ခ်စ္သူအတြက္ ျဖည့္ဆည္းေပးျခင္း မဟုတ္ပဲ ကေလးယူခ်င္တဲ့ ကိုယ့္ဆႏၵအတိုင္း လုပ္ဖို႔ ရည္ရြယ္တာပါ။ ကေလးေလးက ငါ သိပ္ခ်စ္ရတဲ့ နင့္ရဲ့ ရင္ေသြးေလးဆိုေတာ့ ငါလည္း အခ်စ္ပိုရမွာေပါ့ဟာ.."

"ယြန္းေလးရယ္.."

သူမအေပၚ ေတြးေပးလြန္းတဲ့၊ နားလည္ေပးလြန္းတဲ့ ယြန္းေၾကာင့္ မုန္းတစ္ေယာက္ မ်က္ရည္ဝဲခဲ့ရတယ္။ တစ္ဆက္တစ္ဆက္တည္းမွာပဲ ဒီလို မိန္းကေလးမ်ိဳးကို သူမ တကယ္ေရာ ထိုက္တန္ရဲ့လားလို႔ေတာင္ စဥ္းစားမိတဲ့အထိပါပဲ။ စခ်စ္ခဲ့သူဟာ သူမ ျဖစ္ခဲ့ေပမဲ့ ရင္ထဲကေန ပိုၿပီး ခ်စ္တတ္သူကေတာ့ ယြန္း ျဖစ္ေနတာပါပဲလားလို႔လည္း ေတြးမိတယ္။

ဘယ္လို တုံ႔ျပန္ရမလဲ စဥ္းစားေနတုန္း မုန္းဟာ ရင္ခြင္ထဲက ယြန္းဆိုသူ မိန္းကေလးကို ဒီထက္ ေႏြးသြားေအာင္ တိုး၍ ေပြ႕ဖက္လိုက္ၿပီး နဖူးေလးကိုလည္း ဖြဖြေလး နမ္းရွိုက္လိုက္ကာ

"ခ်စ္တယ္ ယြန္းရယ္။ ကိုယ္ မင္းကို သိပ္ခ်စ္တယ္။ မင္း ဘာေၾကာင့္ ကိုယ့္အေပၚ အဲေလာက္ထိ ေကာင္းေနရတာလဲ။ မင္းကို စိတ္ဒဏ္ရာေတြ အမ်ားႀကီး ေပးခဲ့တဲ့ ကိုယ္က ဒီလိုမ်ိဳး မင္းရဲ့ အခ်စ္ေတြနဲ႔ ထိုက္တန္ရဲ့လားေတာင္ မသိေတာ့ပါဘူးကြာ.."

အဖက္ခံထားရတဲ့ ယြန္းကလည္း မုန္းကို ထပ္ဆင့္တိုးဖက္ၿပီး ေက်ာျပင္ေလးကို ပြတ္သပ္ေပးရင္း

"ဒီေလာကႀကီးမွာ ငါ ယြန္းဝင့္လႊာရဲ့ အခ်စ္နဲ႔ ထိုက္တန္တဲ့လူက ဘယ္သူလဲဆို နင္ တစ္ေယာက္ပဲ ရွိလိမ့္မယ္ မုန္း။ ဘာလို႔ဆို နင္တစ္ေယာက္တည္းကပဲ ငါ့ကို စိတ္လုံျခဳံမွု ေပးနိုင္လို႔ပဲ.."

"ယြန္းေလး.."

အဲလိုနဲ႔ ခ်စ္သူႏွစ္ဦး အေတာ္ၾကာၾကာ ေပြ႕ဖက္ထားၾကအၿပီးမွာေတာ့ မုန္းက

"ယြန္း..ကိုယ္ ဆုံးျဖတ္လိုက္ၿပီ။ ကိုယ္တို႔ ႏွစ္ေယာက္လုံး ကေလးယူၾကမယ္။ ကိုယ္လည္း မင္းရဲ့ ေသြးသား ရင္ေသြးေလးကို ေမြးေပးမယ္။ ၿပီးရင္ ကိုယ္တို႔တစ္ေတြ ခ်စ္စရာ ကေလးေလး ႏွစ္ေယာက္ရဲ့ ေမေမေတြ လုပ္ၾကတာေပါ့.."

" နင္ကလည္း..ငါ့ကို အားနာတယ္ဆိုၿပီး အဲလိုေတြေတာ့ မလုပ္ပါနဲ႔။ ကေလးေမြးတာ လြယ္တာမွတ္လို႔။ ေမြးရတာအျပင္ ပ်ိဳးေထာင္ရတာပါ ရွိေသးတယ္ေလ။ အဟမ္း..ၿပီးေတာ့ နင္က က်ားက်ားလ်ားလ်ားနဲ႔ဆိုေတာ့.."

"ဟ..ယြန္းေလးကလည္း lesbian ႏွစ္ေယာက္ ကေလးယူမယ္ဆိုတိုင္း Neko ကပဲ ကိုယ္ဝန္ေဆာင္ရမယ္မွ မဟုတ္တာ။ အဲဒါဆို gender equality..အဲေလ..ကိုယ္တို႔ႏွစ္ေယာက္လုံးက မိန္းမေတြဆိုေတာ့..Neko ေလးေတြအတြက္ ဘယ္မၽွတပါ့မလဲ။ ကိုယ္လည္း သားအိမ္ပါတာပဲ။ အဲဒီလို ကိုယ္လည္း မင္းအတြက္ ခ်စ္စရာ ကေလးေလးေတြေတာ့ ေမြးေပးနိုင္ပါတယ္ကြာ။ ၿပီးေတာ့ ပိုက္ဆံက ဘာပူစရာလိုလို႔လဲ။ ကိုယ္တို႔ ႏွစ္ေယာက္လုံးက ေဒါက္တာ ေဘာစိေတြပဲဟာကို..။ ဟုတ္ဘူးလား? ဟဲဟဲ"

"မုန္းကေတာ့ေလ.."

မုန္းကေတာ့ ယြန္းရဲ့ နဖူးျပင္ေလးကို ထပ္မံနမ္းရွိုက္လိုက္ၿပီး

"ေရွ႕ေလၽွာက္ ေပ်ာ္စရာေတြပဲ ၾကဳံလာေတာ့မွာပါ ယြန္းေလး။ အဲဒီအတြက္ ကေလးနဲ႔ ပက္သက္ၿပီးျဖစ္ျဖစ္ တစ္ျခား ဘာအတြက္ျဖစ္ျဖစ္ လုံးဝ မပူနဲ႔..သိလား။ ကိုယ္ မင္းေဘးနားမွာ ရွိတယ္"

"မုန္း..မုန္းရယ္.."

"I love you, Yoon.."

_________________

ယြန္းနဲ႔ မုန္းတို႔ ခ်စ္သူႏွစ္ဦး ကေလးယူမယ့္ အစီအစဥ္ကို ႏွစ္ဖက္မိဘမ်ားကလည္း သေဘာေတြ႕ေနၾကေလတယ္။ ဒီၾကားထဲ ေလာကဓံ ဒုကၡအစုစုကို ၾကဳံရၿပီးၿပီမို႔ မိဘေတြဟာ homophobic မျဖစ္ပဲ သမီးေတြ စိတ္ခ်မ္းသာဖို႔ကိုသာ ေရွးရွုၾကတယ္။ အဲဒီအျပင္ ေခၽြးမေတြကိုလည္း သေဘာက်ၾကတယ္ေလ။ ယြန္းေမေမ ေဒၚယုဇနဝင္းက မုန္းကို အားကိုးယုံၾကည္သလို မုန္းေမေမ ေဒၚႏွင္းဆီခင္ဆိုလည္း ယြန္းကို သမီးတစ္ေယာက္လိုပါ သေဘာထားၿပီး ဂ႐ုစိုက္ေပးတယ္။ နဂိုကတည္းက ေဆးေက်ာင္းမွာ ဆရာ-တပည့္လည္းျဖစ္၊ ၈၈ အေရးေတာ္ပုံမွာ သပိတ္စခန္းေတြလည္း အတူဦးေဆာင္ဆႏၵျပၾကတဲ့ အေဖႏွစ္ေယာက္ျဖစ္တဲ့ ဦးညီညီလြင္နဲ႔

You are reading the story above: TeenFic.Net