Part 3

Background color
Font
Font size
Line height

"ဉီးသုတမောင်"

"ဟင်းဟင်း....မင်းကိုငါပိုင်ဆိုင်ဖို့ဘယ်တော့မှလက္မလျှော့ဘူး နွေအိမ်ကြယ်!"

ဉီးသုတလဲကြောက်စရာကောင်းသောအပြုံးတစ်ခုနဲ့ပြုံးပြီးထွက်သွားတော့တယ်

(နွေအိမ်ကြယ်တို့ဘက်တွင်)

"အမလေး..ငါ့တူမလေးကလေးလိုက်တာ"

"လေးမှာပေါ့မနွေရယ် ထမင်းဆိုဘယ်တော့မှ၂ပန်းကန်မစားတဲ့နေ့မရှိဘူး"

"ဟာ...ဟုတ်လား"

"ဟွန်း...မေမေနော်"

"မေမေကချစ်လို့စတာပါကွယ် ကဲ...လာရေချိုးရအောင်"

"ဟင်...ယုနွေဇင်လေးကရေမချိုးရသေးဘူးလားတော်ကြနေဒီချိန်ကြီးမှချိုးလို့ဖျားနေအုန်းမယ်ဒေါ်ယုရယ်"

"အမလေး..မနွေရယ်သူကလေမနွေပြန်လာမှရေချိုးမယ်တဲ့အကုန်ဒေါ်ဒေါ်နွေနဲ့တူချင်လို့တဲ့"

"အော်...ကဲ..ဒါဆိုလဲရေသွားချိုးတော့ပြီးရင်ဒေါ်ဒေါ်နွေနဲ့ထမင်းတူတူစားမယ်နော်"

"ဟုတ်ဒေါ်ဒေါ်သမီးသွားပြီနော်"

"အေးပါကွယ်"

ဒေါ်ယုလဲကလေးကိုခေါ်ကာရေချိုးခန်းရှိရာသို့သွားတော့တယ်

နွေအိမ်ကြယ်လဲတစ်နေကုန်ပင်ပန်းလာတာမို့သူမအခန်းရှိရာသို့အမြန်တက်သွားတော့တယ်

သူမအခန်းထဲသို့ရောက်သောအခါမှာတော့
သူမထုံးထားတဲ့သူမရဲ့ခါးလောက်ရှိတဲ့ဆံပင်ကိုဖြီလိုက်ကာ ရေချိုးခန်းထဲသို့၀င်သွားတော့တယ်

ယုနွေဇင်ကတော့ကြိုပြီးနေပြီပေါ့

ဒေါ်ယုလဲအားလုံးစားဖို့ထမင်းဟင်းများကိုပြင်ဆင်နေကာထမင်းစားပွဲပေါ်တွင်ဟင်းများအားချထားလေသည်

နွေအိမ်ကြယ်ရေချိုးပြီးတဲ့အခါမှာတော့ရိုးရိုး
T-shirt နဲ့ jeans ‌ဘောင်းဘီလေးကို၀တ်ဆင်လိုက်တယ် ခေါင်းကခေါင်းလျှော်ထားတော့ဆံပင်လေးကရေမချောက်တစ်ချောက်လေးဖြစ်နေတာကသူမကိုကြည့်ကောင်းစေတာပေါ့

ယုနွေဇင်စိတ်ထဲတွင်

"ဟင်း....ဒေါ်ဒေါ်နွေကလဲကြာလိုက်တာမဖြစ်ဘူးငါသွားခေါ်မှရမယ်"

"ဒေါက်....ဒေါက်...ဒေါက်"

"ဟင်..ဘယ်သူလဲကွယ်"

"သမီးပါဒေါ်ဒေါ‌်နွေ"

"အော်ယုနွေဇင်လေးပဲကိုဒေါ်ဒေါ်ပြ‌ီးပါပြီကွယ်"

"‌အော်အင်းပါ..ဝါးးးး"

"ဘာဖြစ်လို့လဲယုနွေဇင်လေးရဲ့ ဘာတွေဝါးနေတာလ‌ဲ"

"ဒေါ်ဒေါ်၀တ်ထားတာအရမ်းမိုက်တာပဲဆံပင်ကြီးကလဲအရှည်ကြီးပဲနော် သမီးလဲကြီးလာရင်အဲ့လိုဆံပင်ရှည်ကြီးထားချင်တယ်"

"ထားရမှာပေါ့ကွယ် ကဲ...လာလာထမင်းစားကြရအောင်"

"ဟုတ်ကဲ့ဒေါ်ဒေါ်နွေ မေမေရေထမင်းစား
ရပြီလား"

"ရပြီနော်လာလို့ရပြီ ဉီးကောင်းကိုခေါ်လိုက်အုန်းနော်မေမေခေါ်ဖို့မေ့နေလို့"

"အော်...ကျွန်မပဲခေါ်လိုက္မယ်နော် ဒေါ်ယု"

နွေအိမ်ကြယ်လဲဉီးကောင်းအားညစာစားရန်ခေါ်လိုက်လေသည်

"ဉီးကောင်းရေထမင်းစားကြမယ်လေ"

"အော်ဟုတ်ကျွန်တော်လာပြီဗျ"

ထမင်းစားဝိုင်းကြီးကလဲ ရီသံတွေနဲ့ပြည့်နပ်လို့နေတော့တယ်

"ဒေါ်ဒေါ်နွေ ဟင်းတွေထည့်စားလေ များများစားမှအားရှိမှာလေ"

"ဟုတ်ပါပြီကွယ် ယုနွေဇင်လေးလဲစားနော်
ပိုပြီးအားရှိအောင်"

"ဟုတ်ပါပြီဒေါ်ဒေါ်နွေ"

ဒီလိုနဲ့ နွေအိမ်ကြယ်လဲစဉ်းစားမိလာတာတစ်ခုရှိခဲ့တယ် သူမကကလေးတွေလုံး၀မချစ်တက်တာတောင်ဒီလိုကလေးတစ်ယောက်အပေါ်ကိုယ့်သမီးတစ်ယောက်လိုပဲချစ်ခင်ဂရုစိုက္မိလာတာကိုပေါ့

"အင်း အကယ်၍သာဒေါ်ယုကျန်းမာရေးမကောင်းတော့လို သေသွားခဲ့ရင်တောင်ကျွန်မကိုယ်တိုင်ဒီကလေးရဲ့မိခင်အရင်းတစ်ယောက်အနေနဲ့ကာကွယ်စောင့်ရှောက်သွားပါ့မယ်လို့ တို့ကတိတည်ပါတယ် ဒေါ်ယု"

"မနွေ မနွေ မနွေ!"

"ရှင် ရှင်!"

"ကျွန်မပြောတာကြားလိုက်လားဟင်ပြီးတော့ဘာတွေစဉ်းစားနေတာလဲဟင်"

"အော်ဘာမှမဟုတ်ပါဘူးမနက်ဖြန်ကလေးကိုဘယ်ကျောင်းအပ်ရမလဲစဉ်းစားနေတာပါ"

"ကျွန်မလဲအဲ့တာပြောနေတာဘယ်ကျောင်းထားရင်ကောင်းမလဲလို့"

"အော်ကျွန်တော်သိပြီကျွန်တော်ကျောင်းကောင်းကောင်းလေးတစ်ကျောင်းတွေ့ထားတယ် နာမည်က The Sky တဲ့ လူကြီးမိဘတွေလဲအဲ့ကျောင်းကို ကောင်းတယ်လို့ပြောကြတာပဲအဲ့မှာပဲထားလိုက်ပါလားဟင်"

"အင်းအဲ့တာဆိုလဲမဆိုးဘူးလေဉီးကောင်းကလေးကိုစိတ်ချရမဲ့ကျောင်းလေးရောစာအသင်အပြကောင်းတဲ့ကျောင်းမျိူးပေါ့

ကဲ...ဒါဆိုယုနွေဇင်လေးကို အဲ့ကျောင်းမှာထားပေးမယ်နော်"

"အင်း ဒါဆိုလဲပြီးရော နေပါအုန်းနက်ဖြန်ကလေးကွင်းသွားမှာမဟုတ်ဘူးလားဟင်"

"အော်သမီးကလဲ ပြီးရင်ကျောင်းသွားအပ်မယ်လို့ပြောတယ်လေမေ့သွားပြီလား"

"အော်ဟုတ်သားပဲ စာတွေကမခက်ပါဘူးနော်ဟုတ်တယ်မလားဟင်"

"မခက်ပါဘူးယုနွေဇင်လေးရဲ့စာတွေအေပါ်မှာအာရုံစိုက်ပြီနားထောင်ရင်ဘာမှမခက်ဘူးနော်ဟုတ်ပြီလား မနက်ဖြန်ကစားကွင်းကိုမနက် 8:00သွားမယ်နော်ဟုတ်ပြီလား"

"အဲ့တာဆိုလဲပြ‌ီးရော ဟိုဟာလေ မေမေရော ဖိုးဖိုးကောင်းရောလိုက္မှာလားဟင်"

"အော် မေမေလိုက်ခဲ့ရမှာလား မလိုက်တော့ပါဘူးကွယ် အိမ်မှာအလုပ်တွေလုပ်ဖို့ရှိသေးတယ်လေ"

"ဟာ မေမေကလဲလိုက်ခဲ့ပါ"

"အေးလေဒေါ်ယုကလဲ ကလေးခေါ်နေတာပဲလိုက်ခဲ့ပါ"

"ကဲ...ဟုတ်ပါပြီဟောဒိကအဒေါ်ကြီးလဲလိုက်ခဲ့ပါ့မယ်"

တစ်အိမ်လုံးလဲရီသံတွေနဲ့ ပြည့်နပ်နေတော့ပြန်ရောပေါ့

ပြီးနောက်အားလုံးအိပ်ရာ၀င်ကုန်ကြတယ်
ယုနွေဇင်ကတော့မနက်ဖြန်အတွက်တွေးပြီးအိပ်မရဖြစ်နေတော့တာပေါ့

"ဟင်း...အိပ်လို့လဲမရဘူးဘာလို့ငါအဲ့လောက်စိတ်လှုပ်ရှားနေတာပါ့လိမ် ပြန်ထိန်းစမ်း ပြန်ထိန်စမ်း ကဲ တော်ပြီ တော်ပြီ အိပ်တော့မယ်"

မနက်ရောက်သောအခါ

ဒီနေ့တော့ယုနွေဇင်အရင်မနိုးပဲနွေအိမ်ကြယ်အရင်နိုးနေတော့တာပေါ့ သူမကဒီနေ့ကလန်းဆန်းပြီတတ်ကြွနေတော့တယ်
သူမလဲရေချိုးခန်းထဲ၀င်ကာ သွားတိုက် မျက်နှာသစ် ရေချိုးကာ ဘီဒိုထဲရှိ ကချင်ချိပ်ထမိန်ရဲရဲနီနီရှိသောအရောင်အား၀တ်ဆင်လိုက်ပြီ သူမဧ၊၊်ဆံနွယ်တွေကိုတော့အရင်နေ့တွေနဲ့မတူပဲ ဖားလားချထားလိုက်တယ် သူမကတော့လှပပြီးမွှေးကြိုင်တဲ့ နှင်းဆီပန်း အနီရောင်ကိုဆွဲဆွဲမြဲမြဲ
ကြိုက်နှစ်သက်သူတစ်ဉီးပါဒါကြောင့်သူမဧ၊၊်
ခြံထဲတွင်နှင်းဆီပန်း အနီရောင်တွေကိုအများကြီးစိုက်ထားတာဖြစ်သည်

ဉီးကောင်းရယ် ယုနွေဇင်ရယ် ဒေါ်ယုရယ် အသီးသီး နိုးလာကြတယ်

‌ယုနွေဇင်ကတော့ အဖြူနုနုအရောင်ရှိတဲ့ဂါ၀န်လှလှလေးတစ်ထည်ကို၀တ်ဆင်ထားပြီ
ဘီးကုပ်လှလှလေးခေါင်းပေါ်မှာ၀တ်ဆင်ထားပါတယ် ယုနွေဇင် ကတော့ နှင်းဆီပန်းအဖြူရောင်တွေကိုအရမ်းကိုနှစ်သက္မြတ်နိုးသူတစ်ဉီးပေါ့ နှင်းဆီပန်း အနီရောင်ကတော့ ရဲရင့်ခြင်းကိုပြသတဲ့ပန်းလို နွေအိမ်ကြယ်က
ခန်ယူထားပြီ နှင်းဆီပန်း အဖြူရောင် ကတော့ နူးညံ့သိမ်မွေ့ခြင်းကိုဖော်ညွုန်းထားတယ်လို့ခန်ယူသူကတော့

"ယုနွေဇင်"

Please wait for Part 4❤️

Nora 🤍

24.3.2023💫


You are reading the story above: TeenFic.Net