7❣️

Background color
Font
Font size
Line height

flashback

ဒီနေ့ဟာyoongiတို့မိသားစုဒယ်ဂူကနေ
ဆိုးလ်ကိုပြောင်းလာတဲ့နေ့ပေါ့

Yoongiကတော့နောက်နေ့ကျောင်းအသစ်တက်ရမှာမို့စိတ်လှုပ်ရှားနေလေရဲ့....
တော်သေးတာပေါ့ဒယ်ဂူကတစ်ဦးထဲသူငယ်ချင်းဆိုမီနဲ့ကျောင်းတူလေရဲ့ဆိုမီကအရင်နှစ်ကပြောင်းသွားတာလေဆိုးလ်ကို......

အိမ်ကလည်းသိပ်မ​ေ၀းတော့ဆိုမီကသူ့သူငယ်ချင်းကိုကျောင်းသွားမို့လာခေါ်လေရဲ့

sm-yoongi ahhကျောင်းသွားရတော့မယ်လေ

yg-ပြီးပါပြီဟommaသားသွားပြီနော်

"အေးအေးဂရုစိုက်ကြနော်ကလေးတွေ"

yoongiတို့လည်းအမေကိုနှုတ်ဆက်ပြီးထွက်လာလိုက်ကြတယ်ကျောင်းကနနည်း​ေ၀းတော့busနဲ့သွားကြရသည်။

yg-ငါတို့ဝူယောင်းလေးတောင်အရွယ်ရောက်လာပြီဘဲ

wy-ဟီးးhyungထက်1နှစ်ဘဲငယ်တာပါနော်

sm-ဟဲ့နင်လာတော့ငါအရမ်း​ပျော်တာဘဲသိလားဟီးးမဟုတ်ဆိုငါအဖော်မဲ့နေတာ

yg-အပိုပြောပြီနင်ကတစ်နှစ်တောင်ကြိုရောက်နေတာသူငယ်ချင်းရနေပြီမလား

sm-မရပါဘူးဟာတစ်ယောက်ဘဲရှိတယ်ဟ

yg-တကယ်..အေးပါဘာဘဲဖြစ်ဖြစ်ငါလည်းပျော်တယ်ငါတစ်ယောက်ထဲကျောင်းတက်ရမယ်ထင်နေတာနင်တို့ရှိလို့တော်သေး

သူငယ်ချင်းတွေစကားတစ်ပြောပြောနဲ့ကျောင်းရောက်လာခဲ့ပြီလေ...
ဝူးယောင်းနဲ့အတန်းမတူတော့ဝူးယောင်းက
အရင်သူ့အတန်းဘက်ထွက်သွားလိုက်တယ်
ဆိုမီကတော့သူ့အခန်းသူသွားပြီး....
yoongiကတော့ဆရာမတွေဆီအရင်သွားပြီးဆရာမတစ်ယောက်နဲ့သူတက်ရမဲ့အတန်းထဲ၀င်ကာ....

t-ကဲကဲနားထောင်ကြဒီနေ့သူငယ်ချင်းတစ်ယောက်ရောက်တယ်အားလုံးသေချာကူညီပေးလိုက်ကြနော်သားနှုတ်ဆက်လိုက်အုန်း

yg-ဟုတ်ကျွန်တော်နာမည်min yoongi ပါအားလုံးနဲ့ခင်ချင်ပါတယ်

All-ဖြောင်းးးဖြောင်းးး👏👏👏

sm-yoongi ahhh!!!!

ဆိုမီကလှမ်းခေါ်တော့ဆရာမလည်းခုံလွတ်နေတာနဲ့သွားထိုင်မို့ပြောလိုက်သည်။

sm-အတန်းပါတူမယ်မထင်ဘူးငါ့တုန်းကအသစ်ဆိုတော့နောက်ဆုံးခန်းကစတက်ရတာ

yg-ငါရောဘဲအဲ့လိုထင်တာ

sm-အာyoongi ahhဒါငါ့သူငယ်ချင်းလေJeonjungkookတဲ့jungkookဒါငါပြောတဲ့ငယ်သူငယ်ချင်းလေ

jk-တွေ့ရတာ၀မ်းသာပါတယ်ဆိုမီကိုခင်သလိုခင်နိုင်ပါတယ်

yg-အွန်းငါလည်းတွေ့ရတာ၀မ်းသာပါတယ်...ဒါဆိုငါ့မှာနင်အပြင်သူငယ်ချင်းတိုးလာပြီပေါ့

sm-ဟားးဟုတ်ပါ့

**********************

ဒီလိုနဲ့ဆိုးလ်ရောက်တာတစ်လတောင်ကျော်ခဲ့ပြီလေ
ထိုတစ်လအတွင်းမှာဘဲကျောင်းသားအသစ်မို့အနိုင်ကျင့်သူတွေရှိလာခဲ့တယ်....
ဒါပေမဲ့jungkookကကာကွယ်ပေးလို့အခုဆိုအေးဆေးဖြစ်နေပြီလေ....
အခုဆိုအချစ်ဆုံးသူငယ်ချင်းဆိုပါတော့

ထိုသူငယ်ချင်း4ယောက်ထဲမှာတို့ထူးဆန်းတာကလည်းဖြစ်လာသေးတာ
အဲ့ဒါjkနဲ့ဝူယောင်းပေါ့ချစ်သူတွေဖြစ်နေကြပြီလေ....

ထိုနေ့ကyoongiကမ္ဘာပျက်တဲ့နေပေါ့
သူဒယ်ဂူမှာထဲကဝူယောင်းကိုသဘောကျခဲ့ရတာလေမသေချာတဲ့ခံစားချက် မို့ငြိမ်နေပေမဲ့ပိုင်သူရှိလာတော့သူခံစားချက်သေချာခဲ့တယ်.....

ဒါပေမဲ့နောက်ကျခဲ့တယ်လေ.....

သူ့အချစ်ဦးကသူ့ကိုအမြဲကူညီပေးတဲ့အချစ်ဆုံးသူငယ်ချင်းကိုကြိုက်နေတာတဲ့...

နောက်ဆုံးဝူယောင်းလေးပျော်ရင်ပြီးရောဆိုတဲ့ဆုံးဖြတ်ချက်ချပြီးအ​ေ၀းကဘဲတိတ်တိတ်လေးချစ်ခဲ့တယ်.....

jungkookနဲ့ဝူယောင်းနှစ်ယောက်အသေကဲတာကျောင်းအတန်းမတူတော့မတွေ့ရဘူးဆိုပြီးကျူရှင်ပြေးပြီတွေ့ကြတယ်လေ....

အဖွဲ့တောက်လာလို့လာမသိဘူးအရမ်းကြောက်တက်တဲ့ဆိုမီနဲ့ကျွန်တော်လည်းကျောင်းလစ်တာရောကျူရှင်လစ်တာရောစုံနေအောင်လုပ်တက်နေပြီလေ.....
ဆိုမီကလည်းမောင်ကိုထိန်းမယ်မထင်နဲ့သူကနှစ်ဆပိုကဲတာ.......

ဒီနေ့လည်းစာမေးပွဲနီးနေတာကိုညပိုင်းကျူရှင်လစ်ပြီးဆိုမီသွားချင်လို့
(namsan tower)ကိုသူငယ်ချင်း4ယောက်ထွက်လာကြသည်။

လှေကားထစ်တွေတက်တာဖြင့်တစ်၀က်ဘဲရှိသေးတယ်သိပ်သွားချင်တဲ့ဆိုမီမော်နေပြီလေ.....

ဟိုအတွဲကတော့ပြောမနေနဲ့အရှေ့မြန်သလားမမေးနဲ့တက်သွားတာသော့တောင်ချိတ်ပြီးနေလောက်ပြီ....

yg-နင်ဟာလေသော့ချိတ်စရာလူလည်းမရှိဘဲလာရတယ်လို့တက်နိုင်တာလည်းမဟုတ်

sm-နင်ကလည်းအတွဲရှိမှလာရမယ်လို့ပြောထားလို့လားသော့ချိတ်နေရင်းမတော်တဆချောချောလေးတစ်ယောက်နဲ့ချိတ်မိရင်ဘယ်လိုလုပ်မလည်း

yg-မှတ်သားစရာ😒😒လာသွားမယ်

sm-yoongiအဆင်ပြေလား

yg-ရုတ်တရက်ကြီးဘာကိုတုန်းဟ

sm-ငါဘာမေးချင်လည်းနင်သိပါတယ်နင့်စိတ်ကိုငါမြင်တယ်

yg-အစကအဆင်မပြေပေမဲ့အခုအဆင်ပြေတယ်ဝူယောင်းပျော်နေသ၍အဆင်ပြေတယ်

********************

ကျောင်းနဲ့နီးတဲ့Jungkookကကျောင်းသွားမို့ဝူယောင်းကိုတကုတကလာခေါ်တယ်လေ

ကားပေါ်တွင်----

wy-ကိုကိုဝူယောင်းတို့ကျောင်းလေ့လာရေးသွားရမယ်သိလား

jk-အွန်းကိုကိုတို့ရောဘဲအာချာတောင်ကိုလေဝူယောင်းလေးတို့ကရော
(runbtsကြည့်တဲ့သူတွေဆိုသိကြမယ်နော်😂😅)

wy-ဟွန်းတကယ်လားဝူးယောင်းတို့လည်းအဲ့ကိုဘဲ

jk-ဒါဆိုစီနီယာဂျူနီယာအတူသွားရမှာလား

yg-ဟဲ့ဆိုမီနင်သွားမှာလား

sm-သွားမှာပေါ့ဟမလိုက်လို့မရဘူးလေဘာလည်းနင်မလိုက်ဘူးလား

yg-အေးမလိုက်ချင်ဘူးပြန်လာရင်စာမေးပွဲကရှိသေးတာကိုနေမကောင်းဘူးလို့လိမ်ပြီးအိမ်မှာဘဲအိပ်ရင်ကောင်းမယ်

sm-နင်နော်အားနေအိပ်နေလိုက်လိုက်ခဲ့ပါနော်မလိုက်ရင်တီလေးနဲ့ရောဆရာမနဲ့ပါတိုင်ပြောမှာ

jk-အေးလေyoongiဟာလိုက်ခဲ့ပါကွ

yg-စီနီယာဂျူနီယာခွဲထားခဲ့ရင်မင်းလင်နဲ့ခိုးတွေ့ရင်အဖော်ရအောင်မလား😒😒ပြီးရောပြီးရောလိုက်ခဲ့မယ်

yoongiထိုစကားကိုရင်နာနာနဲ့ပြောလိုက်ပေမဲ့ဝူယောင်းလေးကတော့အရှက်သည်းပြီးမျက်နှာတွေနီလို့

ကျောင်းတွင်......

t-ကဲနားထောင်ကြဒီနှစ်(နှစ်တန်း)တစ်စုခရီးထွက်ရမယ်ဘယ်နေရာလည်းသိပြီးကြပြီပေါ့မင်းတို့ကစီနီယာတွေဆိုတော့အငယ်တွေကိုဂရုစိုက်ကြဆရာဆရာမစကားနားထောင်မနက်ဖြန်ကျောင်းမှာဆုံကြမယ်လိုတာတွေအကုန်ထည့်လာကြမမေ့နဲ့ကြားလား

အားလုံးကတော့တစ်ဝိုးဝိုးနဲ့ပျော်နေကြပေမဲ့yoongiကတော့စိတ်မဝင်စားအိပ်ငိုက်နေလေရဲ့.....

စီနီယာ7ယောက်နဲ့ဂျူနီယာ7ယောက်တစ်ဖွဲ့ခွဲတာကံကောင်းတယ်ဘဲပြောမလားကံဆိုးတယ်ဘဲပြောမလားဝူယောင်းတို့အဖွဲ့နဲ့jungkookတို့အဖွဲ့တစ်ဖွဲထဲကျတယ်လေ
အဖွဲ့တိုင်းမှာစီနီယာမိန်းကလေး3ယောက်ဂျူနီယာမိန်းကလေး3ယောက်လည်းပါလေရဲ့
yoongiကတော့ရင်နာနာနဲ့ချစ်ရသူပျော်နေတာကိုမြင်ရအုန်းမှာပေါ့

နောက်တစ်နေ့တွင်~~~~~~

နှစ်ရက်ထဲနေမှာကိုသူများတွေတော့အထုတ်တွေများနေပေမဲ့Yoongiကတော့ပေါ့ပါးနေရောကျောပိုးအိတ်တစ်လုံးနဲ့သာလန်းနေလေရဲ့.......

t-ကဲကဲမနေ့ကအဖွဲခွဲပေးထားသလိုလူစုကြ

t-တစ်ဖွဲ့ကားတစ်စီးသွားမယ်ညအိပ်ရင်မိန်းကလေးတွေကကားပေါ်မှာအိပ်ရမယ်ယောကျာ်းလေးတွေကtents(တဲ)နဲ့အိပ်ရမယ်တစ်ဖွဲ့မှာဆရာတစ်ယောက်ဆရာမတစ်ယောက်ပါမယ်စကားနားထောင်ကြရန်ဖြစ်သံမကြားချင်ဘူးကြားတယ်နော်

all-ဟုတ်.....

t-ဟိုရောက်တာခနနားပြီးနဲ့အဖွဲ့တိုင်းကမိန်းကလေးတွေကမီးမွှေးကြရမယ်ယောကျာ်းလေးတွေကအိပ်မဲ့နေရာပြင်ဆင်ကြ

ဆရာမလည်းမှာစရာရှိတာမှာပြီးတော့ခရီးဆက်ကြပြီလေ....

တောင်ကကားလမ်းတွေဖောက်ထားတာကြောင့်အချိန်၄နာရီလောက်ကားစီးပြီးနောက် မှာတောင်အလယ်ကိုရောက်လာခဲ့ပြီလေ

t-ဒီကနေတောင်ပေါ်ကို​​လမ်းလျှောက်တက်ရမှာမလုနဲ့ဖြည်းဖြည်းသွားတဖြည်းဖြည်းလမ်းကျဥ္းလာမှာဂရုစိုက်ကြ...

အားလုံးလည်းပျော်ပျော်ပါးပါးနားလိုက်ခရီးဆက်လိုက်နဲ့ညနေစောင်းကာနီးတောင်ပေါ်ရောက်လာကြသည်။

sm-yarrrr yoongiငိုက် မနေနဲ့ကြည့်အုန်းလှလိုက်တာ

yg-wowwလှလိုက်တာနေ၀င်တော့မှာဘဲ

ထိုနည်းတူလူတိုင်းကလည်းနေ၀င်အလှကိုငေးမောလျက်

မကြာခင်မှောင်တော့မှာမို့ကိုယ်စီကျရာတာ၀န်ကိုစည်းစည်းလုံးလုံးလုပ်ကျလေရဲ့

yg-ဆိုမီငါ့ကိုအသေသတ်ပေးပါလားဟယ်

sm-ဘာလားဟအစမရှိအဆုံးမရှိ

yg-4ယောက်တစ်ဖွဲ့အိပ်ရမှာလေငါ့မှာဘာအပြစ်ရှိလို့အဲ့နှစ်ယောက်နဲ့ကျတာလည်း😭

sm-ဟဲ့ဟဲ့ငိုမနေနဲ့မျက်ရည်လည်းမထွက်လှတာလည်းမဟုတ်အိပ်လိုက်ပေါ့ဟာ2ရက်ထဲကို

စီနီယာဂျူနီယာ2ယောက်2ယောက်စီ4ယောက်တစ်ဖွဲ့အိပ်ရမှာဝူယောင်းနဲ့သူ့သူငယ်ချင်းjkနဲ့yoongiကျလေရဲ့

yoongiလည်းအံကြတ်ပြီးသားအိပ်လိုက်လေရဲ့

****************

မိုးလင်းတော့အားလုံးအိမ်ကထည့်ပေးလိုက်တာတွေရော၀ယ်လာတာတွေရောအားလုံးမျှစားပြီး
ဆရာတစ်ယောက်ကတောင်ရဲ့စိတ်ချရတဲ့အနီးတစ်၀ိုက်ကိုကြိုးတားပြီးထိုစည်းအတွင်း6ယောက်တစ်ဖွဲ့လိုက်ကြည့်ကြ၊လိုက်လေ့လာကြရန်ပြောသောကြောင့်
ကိုယ်စီကိုယ်စီထွက်သွားကြတယ်လေ

jk-wowwဟိုမှာရေတံခွန်ဘဲသွားကြရအောင်နီးနီးလေးရယ်

yg-ဖင်မယားနဲ့စည်းကဒီမှာပြီးသွားတာမမြင်ဘူးလား

jk-လေး၊ငါး၊ဆယ်လှမ်းလေးတင်ကိုလာပါသွားရအောင်

sm-တော်တော်မသွားနဲ့နင်တို့ယောကျားလေးတွေတစ်စွတ်ထိုးလုပ်တက်လို့အဖွဲ့တိုင်းမိန်းကလေးနှစ်ယောက်ထည့်ပေးတာငါတို့မတားရင်ငါတို့အော်ခံရမှာပေါ့

y/n-ဟုတ်တယ်အန္တရာယ်ရှိလို့ဒီနားမှာတားလိုက်တာနေမှာဒီကနေမြင်နေရတာဘဲတော်ပြီပေါ့ဟာ

wy-ဟုတ်ပါတယ်ကိုကိုရယ်ဝူယောင်းလည​်းကြောက်တယ်မသွားရအောင်နော်

jk-တောက်ခ်ပြီးရောကွာ

ဆူပုတ်ပုတ်နဲ့လှည့်ထွက်သွားတော့အားလုံးစိတ်မကောင်းကြပေ။

ထိုအချိန်......

yg-ပြီးရောခြေလှမ်း..ခြေလှမ်း20ဘဲသွားကြမယ်ကတိပေးလား

jk-ဟဲဟဲပြီးရောကတိပေးတယ်ဒီလိုမှာပေါ့ငါ့သူငယ်ချင်းတွေရဲ့

yg-သိပ်သွားချင်တဲ့jkမင်းနဲ့ဝူယောင်းအရှေ့မှာနေဆိုမီနဲ့y/nအလယ်မှာနေငါနဲ့ဂျူနီယာကတော့အနောက် မှာနေမယ်

sm-အမယ်အိပ်တာလွဲပြီးဘာမှမသိတဲ့သူကအခုကြလူကြီးကြနေတာဘဲကြည့်ကောင်းနေရော

တားထားတဲ့ကြိုးကိုမပြီးစည်းအပြင်မှာရပ်ကြကာတစ်ယောက်
မျက်နှာတစ်ယောက်ကြည့်ရင်း

yg-ငါစိတ်လေးနေတယ်ကွာဖြစ်ပါ့မလား

sm-စည်းအပြင်တောင်ရောက်နေပြီဘဲသွားကြတာပေါ့လမ်းသေချာမှတ်နော်သစ်ကိုင်တွေချိုးခဲ့ကြ

ထိုခြေလှမ်း20ကသိပ်ချစ်ကြတဲ့သူငယ်ချင်းတစ်စုကိုတစ်ကွဲတစ်ပြားဖြစ်စေမယ်ဆိုတာကြိုသိခဲ့ရင်သူတို့သွားကြအုန်းမှာလား~~~~~











Sm-ဟူးးးးးမောလိုက်တာခြေလှမ်း20ပြည့်ပြီရပ်ကြတော့

y/n-ဟမ်သစ်...သစ်ကိုင်တွေချိုးခဲ့တယ်မဟုတ်ဘူးလား

y/nစကားကြောင့်အားလုံးလှည့်ကြည့်မိတော့သစ်ကိုင်းအကျိုးတစ်ခုမှမရှိပေ.....

yg-ဘာလားငါတို့အားလုံးချိုးခဲ့ကြတာဘဲ

sm-jkနင့်ကတိအတိုင်းပြန်ရအောင်ဟာရေတံခွန်ကလည်းခုနကနီးပြီးအခုပို​ေ၀းသွားသလိုဘဲ...

ကျွန်...ကျွန်တော်တို့တောခြောက်ခံနေရတာလား

ဝူယောင်းသူငယ်ချင်းဂျူနီယာကောင်လေးကပြောလိုက် မှအားလုံးလန့်ကုန်ကြပြီလေ

jk-ဟာပေါက်ကရတွေလန့်မနေကြနဲ့ငါ့ကတိတည်ပါတယ်ဟလာပြန်လှည့်မယ်

all-ဟော..ဟဲ...ဟူးးမော...မောလိုက်တာ

wy-ခနထိုင်ရအောင်မရတော့ဘူးမောနေပြီ

ဘယ်လမ်းကိုသွားသွားဒီနေရာဘဲပြန်ရောက်နေကြတာ15ခါမကတော့ဘူးမောဟိုက်နေကြပြီလေ

ထိုအချိန်.....

wy-ဟာဟိုမှာငါတို့လာတဲ့လမ်းဘဲ

အားလုံးလှည့်ကြည့်ကြတော့မှန်နေရောသူတို့သစ်ကိုင်းတွေချိုးပြီးလာကြတဲ့လမ်း
တောင်စောင်းနားလမ်းကျဥ္းကျဥ္းလေးကိုလမ်းမြင်တာဝိုးဝိုးဝါးဝါးပြေးကုန်ကြတော့

wy-အားးးးးးးနူနားးးးးးးး

ဆိုမီလည်းသူ့မောင်အသံမို့လှည့်ကြည့်မိတော့

sm-ဝူ...ဝူယောင်းခနတောက်ခံနော်မကြောက်နဲ့

jungkookအလျှင်မြန်လက်ကိုလှမ်းဆွဲထားပေမဲ့လမ်းကျဥ္းတာရောချောနေတာရောလက်တစ်ဖက်နဲ့လူတစ်ယောက်ကိုထိန်းမို့ဆိုတာမလွယ်ဘူးလေရုပ်ရှင်ရိုက်နေတာမှမဟုတ်တာ.....

လက်နှစ်ဖက်နဲ့လည်းထိန်းလို့မရဘူးသူလည်းကိုင်ထားရသေးတာကို....

yoongiလည်းအမြန်ပြေးလာကူပေမဲ့ထိန်းမထားနိုင်ဖြစ်နေတဲ့jkရောလက်အံသေနေပြီဖြစ်တဲ့ဝူယောင်းရောဘယ်သူကလက်လျော့မိမှန်းမသိတွဲထားတဲ့လက်လေးပြုတ်ရပြီလေ.....

>>>>>>>>>>>>>>

အနက်ရောင်၀တ်စုံတွေတူညီစွာ၀တ်ဆင်ထားတဲ့ခန်းမတစ်ခု.......

သက်ဆိုင်သူတို့မျက်နှာတွင်မျက်ရည်များစီးကြိုလျက်ကြေကွဲစွာခံစားရတဲ့နေ့
သေဆုံးချိန်ဆိုတာဘယ်သူမှကြိုမမြင်နိုင်ပေမဲ့အခုလိုလူငယ်တစ်ယောက်ဆုံးရှုံးရတာနှမျောမိ.........

yg-ဆိုမီအဆင်ပြေလား

sm-အိမ်မက ်လိုဘဲဟာနင်ရော

yg-မပြေဘူးငါသာခြေလှမ်း20ခွင့်မပြုခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး...

sm-ငါ့အပြစ်ပါဟာနင်စိတ်လေးနေတာနောက်ဆုတ်လိုက်ရမှာ

yg-ထားပါနင့်အပြစ်လုံး၀မဟုတ်ဘူးဒါနဲ့ဇာပနနေ့တောင်jungkookကလာဘူးလားသူ့ကိုငါဒေါသထွက် မိတော့မယ်......

sm-လာမှာပေါ့သူလည်း၀မ်းနည်းနေမှာဘဲ

y/n-သိပြီးကြပြီလား

sm-ဟဲ့y/nဘာကိုတုန်းဟ

y/n-jungkookလေကျောင်းထွက်သွားပြီ

yg-ဘာ!!!!!!!

yg-ဆိုမီငါသူ့အိမ်လိုက်သွားလိုက် မယ်
ခနနော်ရတယ်မလား

sm-အေးအေးအဲ့တစ်ယောက်ဘာအရှုးထနေတာလည်းမသိဘူး

yoongiလည်းအမြန်jungkookအိမ်ကိုသွားပေမဲ့

yg-jungkook!!!!!yarrrr....jk

"ဟိတ်ကောင်လေးဘာတွေအော်နေတာလည်း"

yg-ဟို...ဦးလေးဒီအိမ်ကသူတွေရော

"ဒီမနက်ဘဲပြောင်းသွားပြီလေ"

yg-ဘယ်ပြောင်းသွားတာလည်းသိလား

"အဲ့ဒါတော့ဦးလေးလည်းမသိဘူးရယ်"

<><><><><><><><>

yg-တောက်ခ်!!!!!ခွေးကောင်သိပ်ချစ်ပါတယ်ဆိုတဲ့ချစ်သူရဲ့နောက်ဆုံးခရီးတောင်မလာနိုင်ဘူး

sm-စိတ်လျော့ပါဟာထားလိုက်တော့

ထိုနေ့ကစပြီးဖော်ရွေတက်တဲ့Yoongiကအပြုံးတွေပျောက်ခဲ့တယ်........

ထိုနေ့ကစပြီးသူများဒေါသထွက်ရင်တောင်ကြား၀င်ဖြေရှင်းတက်တဲ့yoongiကသူကိုယ်တိုင်ဘာမြင်မြင်ဒေါသကြီးလာခဲ့တယ်........

သိပ်ပျော်စရာကောင်းတဲ့သူငယ်ချင်းတစ်စုကထိုနေ့မှာတင်အဆုံးသတ်ခဲ့တယ်.......

ခံပြင်းလွန်းလို့လက် မဆွဲထားနိုင်လို့ကိုယ့်ကိုအပြစ်တင်မဆုံးဖြစ်ကာကျောင်းထွက် မိဘတွေကိုပါပူဆာပြီးဘူဆန်ပြောင်းရန်လမ်းကိုခက်ခက်ခဲခဲရွေးခဲ့ရတဲ့jungkook.......

ချစ်ရသူနောက်ဆုံးခရီးကိုလိုက်ပို့နိုင်လောက်တဲ့အထိသတ္တိမရှိခဲ့တာအပြစ်မဟုတ်ဘူးထင်တယ်.........

အဆိုးဆုံးဘယ်သူမှမသိလိုက်တာကချစ်ရသူရဲ့နောက်ဆုံးခရီးနေ့မှာတင်ဘူဆန်ထွက်သွားရာလမ်းမှာကားမတော်တဆဖြစ်ပြီးမိဘမဲ့ဖြစ်ခဲ့ရတဲ့Jungkook.......

ဒါကိုတော့jungkookကလွဲပြီးဘယ်သူမှသိမယ်မထင်......

<><><><><><><>
အနည်းငယ်လွဲနေတဲ့သူငယ်ချင်းတစ်စုပြန်ပေါင်းမိကြမလားJiminလေးကသူငယ်ချင်းတွေကြားပေါင်းကူးတံတားလေးဖြစ်လာမလားဒါမှမဟုတ်ပိုဆိုးသွားမှာလား
နောက်တစ်ပိုင်းအရှေ့နဲ့ပြန်ဆက် မယ်နော်flashbackကိုနားလည်ကြမယ်ထင်ပါတယ်

>>>>>>>>>>>>>

👉⭐👈💬💬🙏

Thanks All


You are reading the story above: TeenFic.Net