အပိုင်း18

Background color
Font
Font size
Line height

🐰ချစ်ခြင်းရဲ့ အလွန်🐰

[အပိုင်း၁၈🌻]

.

မနက်နိုးလာတဲ့ အထိ တေးသွား စိတ်တွေက မကြည်လင်နိုင်သေးပါ။ ကိုကို့ ကိုစောင့်ရတာ ကို တေးသွားစိတ်ကုန်လာသည်တော့မဟုတ်။

တေးသွားမှာ တော့ ကိုကိုနဲ့ လက်ထပ်ရတော့မယ်ဆိုပြီး အပျော်ကြီး ပျော်ကာရက်ကိုတောင်ရှေ့တိုး လိုက် ချင်နေသည့် အချိန်မှာမှ
ကိုကို က တစ်ပတ်ကြီးများတောင် နောက်ဆုတ်ပေးဖို့ တောင်းဆိုလာသည်လေ။

မေမေ့ ကို ဒီအကြောင်းတွေပြောလိုက်ရင် စိတ်ပြောင်းပြီး ကိုကိုနဲ့ တေးသွား ကိုသဘောမတူတော့မှာ စိုးရိမ်ရပါသည်။
ဒါတွေကို ကိုကို တွေး မိပါ့မလား ဆိုတာ တေးသွား မသိ။

တေးသွား မျက်နှာ သစ်ကာ အိမ်အောက်ထပ်ကို ဆင်းလာတော့ မေမေက မီးဖိုခန်းထဲမှာ ကြီးစိုး နဲ့အလုပ်ရှုပ်နေသည်။ မေမေကတော့ ကိုကို တေးသွားကို ဒီနေ့လာတောင်းမည်အထင်နှင့် ကြိုးစား ပန်းစား ဟင်းတွေ ချက်နေပုံပါပဲ။

" မေမေ "

တေးသွားမီး ဖိုခန်း ဝမှာ ရပ်ပြီး ခေါ်လိုက်တော့ မေမေက ဟင်းအိုးမွှေလက်စ ဇွန်းကြီး ကို ကိုင်ကာ တေးသွားကို ဘာလဲ ဆိုသည့် သဘောမျိုးဖြင့်ကြည့်နေသည်။

" ကိုကို က နောက်တစ်ပတ်နေမှ တေးသွားကို လာတောင်းမယ်လို့​ မနေ့က ဖုန်းဆက်တယ်မေမေ။ "

" ...."

" ကိုကို့မှာ အရေးကြီး ကိစ္စ ရှိလို့ ပါ မေမေ ရယ်ကိုကို့ကို နားလည်ပေးပါနော်။ "

" ငါက ဘာပြောနေလို့ လဲ အေ
ညည်း အကောင်က အလုပ်ကြီး အကိုင်ကြီး လုပ်နေတဲ့သူဆိုတော့ ဘယ်အားပါ့မလဲ ငါနားလည်ပါတယ်။ "

မေမေက နားလည်ပေးတယ်ဆိုတော့ တော်ပါသေးသည်။ မေမေ သာဒေါသဖြစ်ပြီး ကိုကို နဲ့တေးသွားကို ခွဲလိုက်ရင် တေးသွား တို့ ပဲဝေးရမှာ။ ဒါကို ကိုကို စုတ်က တွေးမိပုံမပေါ်။

.

နေချို့ ကို တစ်ယောက်ထဲလာခဲ့ဖို့ ပြောထားတာကြောင့် စာရွက်စာတမ်းတစ်ချို့နဲ့ပိုက်ဆံတစ်ချို့ကို ယူကာ မနက် ၄နာရီလောက်ထဲက ပြင်ဉီးလွင် ကို အမြန်ဆုံးရောက်အောင် ကားမောင်းလာခဲ့သည်။ပြင်ဉီးလွင်ရောက်တော့ မနက်၈နာရီ ။မနက်စာ တောင် မစားနိုင်ဘဲ ရောက်ရောက်ချင်းသူတို့ ချိန်းတဲ့ နေ ရာ ကို နေချို ထွက်လာခဲ့တာ။

အရင်ကလဲ အလုပ်လုပ်တဲ့နေရာဆိုတော့ နေချိုနဲ့ မစိမ်းသက်တော့ပင်မယ့် တော်တော့်ကိုပြောင်းလဲ သွားတာပါ။

" ထင်ထားတာ ထက်စောသားပဲ "

ပြောင်းလဲမှုတွေ ကိုငေး မောမိနေတုန်း နောက်ပါးက အသံကြောင့် ချင်ချင်း ပဲ လှည့်ကြည့်လိုက်တော့ ယခင်အတိုင်း ပြောင်းလဲမှုမရှိတဲ့ မင်းသိုက် မျက်နှာ ကိုတွေ့ရသည်။

" ငါ စကားတွေ အများကြီးမပြောချင်ဘူး
မင်းသိုက်
ငါ့ ကြီးမေ ဘယ်မှာလဲ ။ "

" နေပါဉီး...နေချိုရဲ့ ငါမင်းနဲ့ လက်ရည် မယှဉ်ကြည့်ရတာ ကြာပြီဆိုတော့ လက် ရည်ယှဉ်ကြည့်ချင်လို့..ငါတို့ အရင်ဆုံး သွေး ပူလေ့ကျင့်ခန်းလုပ်ပြီးမှ ...လာရင်းကိစ္စ ပြောကြတာပေါ့။"

မင်းသိုက်ရဲ့ စိန်ခေါ်မှုကို နေချို မငြင်း။
လက်ခံသည် ဆိုသည့် သဘောဖြင့် လက်ထဲမှာ ပါသည့် အိတ်ကို တစ်နေရာပစ်တင်လိုက်ကာ
မင်းသိုက်နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် အသင့်ပြင်လိုက်မိသည်။

မင်းသိုက်ဘက် က အစချီလာတဲ့ တိုက်ကွက်တွေကို နေချို အသာလေး ပဲရှောင်လိုက်ကာ မင်းသိုက်ရဲ့ လက်တစ်ဖက်ကို အမိအရဆွဲယူပြီး ကြမ်းခင်းပေါ် ပစ်လှဲ ချပစ်လိုက်သည်။

ချက်ချင်း အကြည့်စူးစူးတွေနဲ့ ကုန်းထလာတဲ့ မင်းသိုက် ရဲ့ခါးကို နေချိုနောက်က နေပိတ်ကန်ပစ်လိုက်တော့ ပြန်မထနိုင်လောက်အောင် လဲကျသွား ရသည်။

" ငါ့မှာ အချိန်မရှိဘူး မင်းသိုက်။ "

" ဟွန့် ...."

ဒီတစ်ခါ နောက်ဆုံး အချီအနေနဲ့ အတင်းကုန်းရုန်းထလာတဲ့ မင်းသိုက်လက်ထဲမှာ ဓားမြှောင်တစ်လက်က အဆင်သင့်ပါလာခဲ့ သည်။

" ဟွန့် ..နေချို "

နေချို ..မင်းသိုက်ရဲ့ တိုက်ခိုက်မှုကို ကျွမ်းကျင်စွာ အရှောင် အတိန်းလုပ်ရင်း ဓားမြှောင်ကိုင်ထားတဲ့ လက်ကို အားကုန်လွှဲကန်လိုက်တော့ ဓားမြှောင်က ခပ်ဝေးဝေး တစ်နေရာကို လွင့်ကျသွားကာ မင်းသိုက်လဲ ပြန်မထနိုင်အောင်လဲကျသွားရသည်။

" နေချို ..မင်းရဲ့ အစွမ်းအဆ က ခုထိ မကုန်သေးဘူးကို။ "

လက်ခုပ်တီးသံ နဲ့ အတူ နေချို့ နားကို ချဉ်းကပ်လာခဲ့တဲ့ခြေလှမ်းတွေ။

" Boss"

" ဟက် နေချို ..မင်းခုတလော အရမ်းအဆင်ပြေနေတယ်လို့ကြားတယ်။ "

" ဒီကိစ္စ တွေ က Bossကြောင့်ပဲ ဖြစ်လာရတာလေ.. ကျွန်တော် ခုလို အဆင်ပြေနေတာ bossရဲ့ကျေးဇူး မကင်းပါဘူး။"

နေချို တမင်တကာ ရွဲ့ပြောနေမှန်းသိလို့ boss မျက်နှာ က ပြုံးရောင်သမ်းနေရာမှ ချက်ချင်းခက်ထန်သွားကာ

" ကျစ် ..အဲ့တုန်းက ငါတော်တော်မှားသွားတာပဲ။ ငါမင်းလို လူမျိုးကို အဲ့လောက် ဆိုးသွမ်းတဲ့နေရာကို မရောင်းလိုက်သင့်ဘူး။ "

စိတ်ထဲမပါတဲ့စကားတွေမို့ နေချို လှောင်ပြုံးသာ ပြုံးလိုက်မိသည်။
လူ့ငရဲကို ရောင်းလိုက်ပြီးမှ နောင်တရတယ်ဆိုပြီး ပြောနေတော့ တစ်ကယ့် ကိုရယ်စရာကောင်းလှပါသည်။

" ကျွန်တော့ ကြီး မေ ဘယ်မှာလဲ။ "

" ဖြေးဖြေး ပေါ့ ဘာတွေလောနေတာလဲ "

Boss က လက်ဖျောက်တစ်ချက်တီးလိုက်တော့ လူနှစ်ယောက်ထွက်လာကာ မှောက်ခုံကြီးလဲကျနေတဲ့ မင်းသိုက် ကိုဆွဲခေါ်သွားကြသည်။

" ဟူး ငါခုတလော အဲ့လို အသုံး မကျတဲ့ အမှိုက်တွေကို ပဲရှင်းနေ ရတယ်..မင်းလို အဖိုးတန်လေးတစ်ယောက်လောက် ထပ်လိုချင်တယ်ကွာ..မင်းက အခု တော်တော်ချမ်းသာနေပြီဆိုတော့ .."

" ကျွန်တော် ဘယ်တော့မှ ဒီအလုပ်တွေကိုပြန်မလုပ် ဖို့ဆုံးဖြတ်ထားပြီးပြီ boss.."

" ဟိုး ..အဲ့လောက်ကြီးလဲ အဆုံး အဖြတ်မစောနဲ့ ဉီးလေ ..ဖြေးဖြေး ချင်းသွားမှပေါ့။ "

"..."

boss က သူ့မျက်နှာနဲ့မတန်အောင် လှလှ ပပပြုံးလိုက်ပြီး

" မင်း ငါတို့နဲ့ပူးပေါင်းလိုက်တာနဲ့ မင်းရဲ့ကြီးမေကို လွှတ်ပေးမယ်.ဒါပင်မယ့်.ဒီနေတော့ မဟုတ်သေးဘူး ..သဘက်ခါမင်းပြန်လာခဲ့."

" ကျွန်တော် ဘယ်တော့ မှ ဒီအလုပ်ကို မလုပ်တော့ဘူးလို့ပြောတာကို boss ရဲ့နားက ကောင်းကောင်းကြားမှာပါ။ "

"ဟက် ..ဒါဆိုလဲ မင်းရဲ့ကြီးမေ အလောင်းကိုကောက်ဖို့ပဲ အသင့်စောင့်နေလိုက်ပေါ့။ "

နေချို လက်သီး ကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ အံကြိတ်ထားမိသည်။

" မင်းကိုငါစဉ်းစားဖို့ ၂ရက် အချိန်ပေးမယ်။
၂ရက်နေရင် ဒီနေရာ ဒီအချိန် မှာ ပြန်တွေ့ကြမယ်။"

သူတို့ဘက် ကပြောစရာ ရှိတာတွေပြောပြီး
ထွက်သွား တော့ နေချို့မှာသာ ရင်ဘက်တွေ နိမ့်ချည်မြင့်ချည် ဖြစ်ကာ ဒေါသထွက်ရင်း ကျန်နေခဲ့ရသည်။

.

တေးသွား ဆိုင်မှာ ကိတ်မုန့် လေးတွေ ပါ တိုး ရောင်းချင်တာမို့ မုန့်ဖုတ်သင်တန်းကို ဒီနေ့ဘဲ ဆက်သွယ်ကာ တက်ဖို့ စာရင်းပေးထားလိုက်သည်။ သူများ ဖုတ်တဲ့ ကိတ်မုန့်တွေချည်း တင်ရောင်းနေရတာ မကိုက်လို့ ကိုယ်တိုင်မုန့်ဖုတ်ချင်လာတာ။

နောက်ဆိုတာ မသေချာပင်မယ့် ကိုကို့ မှာ အလုပ်ရှိသလို တေးသွားမှာလဲ လက်ဆုပ်လက်ကိုင်ပြစရာ အလုပ်ကောင်းကောင်းတစ် ခုတော့ ရှိသင့်တယ်လေ။

" အ"

နှင်းဆီ ပန်းက ဆူးတွေ ခြွေ နေတုန်း ဆူးတစ်ချောင်းက အသားထဲ နစ်ဝင် သွားသည် အထိ ဆူးသွားတာကြောင့် လက်ကလဲချက်ချင်းဆိုသလို သွေးတွေကျလာသည်။

ကို့ အနာကို ကို အာရုံစိုက်နေမိချိန် ဆိုင်တံခါး ပွင့်သွားကာ
လူတစ်ယောက်ဝင်လာတာတောင် တေးသွား အာရုံ မပြုမိခဲ့။

" ဘာ ဖြစ်တာလဲ က လေး "

ကိုကို့ အသံကြားလို့ ကိုကိုဟုတ်မှဟုတ်ပါ့မလားဆိုပြီးမော့ကြည့်လိုက်မိချိန် စိုးရိမ်တကြီးစိုက်ကြည့်နေတဲ့ ကိုကို့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်တွေ့လိုက်ရသည်။
မနေ့ညကပဲ ဖုန်းဆက်ပြီး အရေးကြီးကိစ္စရှိလို့ မိန်းမတောင်းဖို့တောင် မလာနိုင်တဲ့ ကိုကိုက ခု ကျ တေးသွား ရှေ့ကို မပြောမဆိုနဲ့ရောက်ချလာပြန်ပြီ။

တေးသွား လက်ကို ဖြေးဖြေးဆွဲယူကာ လက်ကထွက်နေတဲ့ သွေးတွေကို ပါးစပ်နဲ့ တဖြည်းဖြည်း ချင်းစုပ်ယူ နေတော့ ကြည့်နေရင်း မှ မျက်ရည်တွေ ဝဲတက်လာပြီး လက်ကို လဲ ရုန်းလိုက်မိသည်။
ကိုကို ကသွေး တွေကို စုပ်ထုတ်ပြီးမှ တေးသွားလက်ကို ကြည်ကြည်ဖြူဖြူ လွှတ်ပေးလိုက်ကာ

" နောက်တစ်ခါသွေးထွက်လို့ လောလောလတ်လတ်ရေ မဆေးနိုင်သေးရင် ပါးစပ်ထဲမှာ ငုံထားလိုက်။ "

နေချို ငယ်ငယ်က ဆို သွေးထွက်တိုင်းလုပ်နေကြပုံစံ မို့ သူမကိုလဲ ထိုနည်းအတိုင်းလုပ်ပေးလိုက်တာပါ။

မျက်စောင်းလေး ထိုးကာ ဘေစင်ကို ထွက်သွားတော့ နောက်ကနေ ထပ်ကြပ်မခွာ လိုက်သွားမိသည်။ဒီနေ့ သူမကို လာတောင်းရမယ့်နေဆိုတာ သိပင်မယ့်မလာဖြစ်တာကိုစိတ်ကောက်နေပုံပါပဲ။ လူကြီးစုံရာနဲ့ ဆိုတော့ နေချို့ ရဲ့တစ်ဉီးတည်းသောဆွေမျိုး ကြီးမေကို လဲပါစေချင်ပါသည်။
ကြီးမေ လိုက်လာနိုင်အောင်လဲ နေချို့ ဘက်က ကြိုးစားနေတာပါ။

"တေးသွားလေး "

လက်ဆေးနေတာ ကို နောက်ကနေတစ်ဆင့်ခါးကို သိုင်းဖက်ကာ နားရွက်အနား ကိုတိုးတိုးလေးကပ်ပြောတော့ ကြက်သီး တွေ ပင်ထသွားရသည်။

နောက်ကနေ အငြိမ်မနေဘဲ တေးသွား ဆံပင်တွေထဲကိုကို က နှာဖျား နစ်အောင်နမ်း ရှိုက်လာသည်။

ဆံပင်တွေမှ တစ်ဆင့် လည်တိုင် ဖြူဖြူလေးထိ အနမ်းဧရိယာ တိုးချဲ့ကာ သွားချွန်ချွန် လေးနဲ့ ခပ်ဖွဖွ ကိုက်လာချိန် တေးသွား အတင်းရုန်းကာ မျက်နှာချင်း ဆိုင်လိုက်မိသည်။

မျက်ဝန်းလဲ့လဲ့ တွေနဲ့ စူးစူး ရွားရွား စိုက်ကြည့် တဲ့ ကိုကို့မျက်ဝန်းတွေ က တေးသွား နှလုံးခုန်သံတွေ ဗလောင်ဆူသွားအောင်ပြုစားနေသလိုပါပဲ။

တဖြည်းဖြည်း ငုံ့ ကြလာတဲ့ ကိုကို့ ခေါင်းကို ရှောင် ဖို့ အချိန်ပင်မရလိုက်ပဲ နူးညံ့တဲ့ အနမ်းတို့ဖြင့် နှုတ်ခမ်း တစ်ခုလုံးကို သိမ်းပိုက်ခံလိုက်ရတာက အချိန်တစ်ခုထိ.။

မျက်နှာချင်း အပ်နေရာမှ ခွာလိုက်တော့ ကိုကိုကတေးသွားကို ပြုံးပြီးကြည့်နေသည်။

" ဒီလောက်ဆို စိတ်ဆိုးပြေပါတော့ ကလေးလေး."

တေးသွား..မှေးဖျားလေးကို လက်နဲ့ ဖွဖွ ကိုင်ရင်း ရယ်သံစွက်ကာ ပြောလာတော့ အနီးကပ်ဆုံးရှိနေသည့် ကိုကို့ ရဲ့ ရင်ဘတ်ကို လက်သီးဆုပ်ကာ ဖွဖွ ထုလိုက်ပြီး

" ကိုကို့ ကို မုန်းတယ် ....တစ်ခုခုဆိုအမြဲတိုင်း စောင့်နေရတဲ့ ကိုကို့ ကို မုန်းတယ် .."

လက်တွေကို ဖမ်းဆုတ်လိုက်ပြီး တေးသွား ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ ခပ်တင်းတင်း ဖက်လာတော့ ဆက်ပြီးမရုန်းတော့ဘဲ ကိုကို့ ဆီကရတဲ့ ခပ်စူးစူးရေမွှေးနံ့ ကိုသာ ရှူ ရှိုက်နေလိုက်သည်။

တေးသွား စိတ်ထဲမှာတော့ ကိုကို အများကြီးပြောင်းလဲ သွားသလိုပါပဲ။

.

" နာရင်ပြောနော် "

လက်ကအနာလေးကို အရက်ပျံဂွမ်းနဲ့ ခပ်ဖွဖွတို့ကာ ပလာစတာကပ်ပေးလိုက်ပြီး နှုတ်ခမ်းထော်ကာ စိတ် ကောက်နေရှာတဲ့ ချစ်ရသူကိုနေချိုပြုံးပြုံးကြီး စိုက်ကြည့်နေမိသည်။

" ကိုကို က ဉပဒေ နဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ လုပ်နေ ရင် တေးသွား ကိုကို့ ကို ဆက်ပြီး ချစ်ဉီးမှာလား။"

ဒီတစ်ခါ စိုက်ကြည့်နေတဲ့ မျက်ဝန်းဝိုင်းလေးတွေထဲမှာ စိုးရိမ်ပူပန်နေတဲ့ အရိပ်အငွေ့တွေ ပြည့်လျှံလို့နေသည်။

" ကိုကို က သဘောဖြစ်မေးတာပါ ကလေးရယ်။ "

" ကိုကို က ဘာကြီးပဲဖြစ်နေဖြစ်နေ တေးသွားက ချစ်မယ်လို့ပြောပြီးပြီပဲလေ။ ဒါပင်မယ့် တေးသွားချစ်တဲ့ ကိုကို့ ကို ဒုစရိုက်သမားကြီးမဖြစ်စေချင်ဘူး။ ပြီးတော့ တေးသွားလဲ ဒုစရိုက်သမားရဲ့ မိန်းမ မဖြစ်ချင်ဘူး။"

ဒီစကားတွေ ပြောနေချိန် သူမ မျက်နှာက တည်တံ့လွန်းနေသည်။ နေချို အရင်က ဘာတွေ လုပ်ခဲ့တယ် ဆိုတာကိုသိရင် သူမကနချို့ကို ခွင့်လွှတ်နိုင်ပါ့မလား။
ဒုစရိုက်သမားရဲ့ မိန်းမ မဖြစ်ချင်ဘူး ဆိုတာက နေချို့ အရှိူက်ကို ထိသွားတာကြောင့် မျက်နှာပျက်သွားရပင်မယ့် ဟန်ဆောင်ပြုံးပြကာ .

" ကိုကိုက ကလေးကို အဖြစ်သဘောပြောတာပါ ."

" တေးသွား သိပါတယ် ကိုကို ရယ်
ကိုကို အရင်က ဘာလုပ်လုပ် တေးသွား
ခွင့်လွှတ်ပေးနိုင်ပါတယ်။
ဒါပင်မယ့် တေးသွားနဲ့ လပ်ထပ်တော့မယ့်ယောက်ျားတစ်ယောက် အနေနဲ့ ဉပဒေနဲ့ လွတ်ကင်းတဲ့ အလုပ်ပဲ လုပ်ပါလို့တောင်းဆိုရပါစေ။"

တေးသွား မျက်နှာကို လေးလေးနက်နက် စိုက်ကြည့်ပြီး ခေါင်းငြိမ့်ပြတော့ ကိုကို့ မျက်နှာလေးကို လက်တစ်ဖက်နဲ့ အုပ်ကိုင်လိုက်ကာ

" တေးသွားလေ ကိုကို နဲ့ ခွဲရမှာ သိပ်ကြောက်တယ် ။တစ်ကယ်လို့များ ကိုကို တစ်ခုခုဖြစ်သွား ရင် တေးသွား ရူးပြီး သေသွားလိမ့်မယ်။
ဒါကြောင့်ကိုကို တေးသွား ကို ကတိတစ်ခုလောက်ပေးပါ ။"

" ....."

"ဉပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေကို ဘယ်တော့မှ မလုပ်တော့ဘူးလို့ တေးသွားကို ကတိပေးပါ ကိုကို။"

.
စာလေးကို အဆုံးထိဖတ်ပေးလို့ကျေးဇူးပါဗျာ့။
Fb နဲ့ wp ကစာဖတ်သူ တစ်ဉီးချင်းဆီကို ကျေးဇူးတင်ပါတယ်။💚
🐰ခ်စ္ျခင္းရဲ့ အလြန္🐰

[အပိုင္း၁၈🌻]

.

မနက္ႏိုးလာတဲ့ အထိ ေတးသြား စိတ္ေတြက မၾကည္လင္ႏိုင္ေသးပါ။ ကိုကို႔ ကိုေစာင့္ရတာ ကို ေတးသြားစိတ္ကုန္လာသည္ေတာ့မဟုတ္။

ေတးသြားမွာ ေတာ့ ကိုကိုနဲ႔ လက္ထပ္ရေတာ့မယ္ဆိုၿပီး အေပ်ာ္ႀကီး ေပ်ာ္ကာရက္ကိုေတာင္ေရ႔ွတိုး လိုက္ ခ်င္ေနသည့္ အခ်ိန္မွာမွ
ကိုကို က တစ္ပတ္ႀကီးမ်ားေတာင္ ေနာက္ဆုတ္ေပးဖို႔ ေတာင္းဆိုလာသည္ေလ။

ေမေမ့ ကို ဒီအေၾကာင္းေတြေျပာလိုက္ရင္ စိတ္ေျပာင္းၿပီး ကိုကိုနဲ႔ ေတးသြား ကိုသေဘာမတူေတာ့မွာ စိုးရိမ္ရပါသည္။
ဒါေတြကို ကိုကို ေတြး မိပါ့မလား ဆိုတာ ေတးသြား မသိ။

ေတးသြား မ်က္ႏွာ သစ္ကာ အိမ္ေအာက္ထပ္ကို ဆင္းလာေတာ့ ေမေမက မီးဖိုခန္းထဲမွာ ႀကီးစိုး နဲ႔အလုပ္ရႈပ္ေနသည္။ ေမေမကေတာ့ ကိုကို ေတးသြားကို ဒီေန့လာေတာင္းမည္အထင္ႏွင့္ ႀကိဳးစား ပန္းစား ဟင္းေတြ ခ်က္ေနပံုပါပဲ။

" ေမေမ "

ေတးသြားမီး ဖိုခန္း ဝမွာ ရပ္ၿပီး ေခၚလိုက္ေတာ့ ေမေမက ဟင္းအိုးေမႊလက္စ ဇြန္းႀကီး ကို ကိုင္ကာ ေတးသြားကို ဘာလဲ ဆိုသည့္ သေဘာမ်ိဳးျဖင့္ၾကည့္ေနသည္။

" ကိုကို က ေနာက္တစ္ပတ္ေနမွ ေတးသြားကို လာေတာင္းမယ္လို႔​ မေန့က ဖုန္းဆက္တယ္ေမေမ။ "

" ...."

" ကိုကို႔မွာ အေရးႀကီး ကိစၥ ရိွလို႔ ပါ ေမေမ ရယ္ကိုကို႔ကို နားလည္ေပးပါေနာ္။ "

" ငါက ဘာေျပာေနလို႔ လဲ ေအ
ညည္း အေကာင္က အလုပ္ႀကီး အကိုင္ႀကီး လုပ္ေနတဲ့သူဆိုေတာ့ ဘယ္အားပါ့မလဲ ငါနားလည္ပါတယ္။ "

ေမေမက နားလည္ေပးတယ္ဆိုေတာ့ ေတာ္ပါေသးသည္။ ေမေမ သာေဒါသျဖစ္ၿပီး ကိုကို နဲ႔ေတးသြားကို ခြဲလိုက္ရင္ ေတးသြား တို႔ ပဲေဝးရမွာ။ ဒါကို ကိုကို စုတ္က ေတြးမိပံုမေပၚ။

.

ေနခ်ိဳ႕ ကို တစ္ေယာက္ထဲလာခဲ့ဖို႔ ေျပာထားတာေၾကာင့္ စာရြက္စာတမ္းတစ္ခ်ိဳ႕နဲ႔ပိုက္ဆံတစ္ခ်ိဳ႕ကို ယူကာ မနက္ ၄နာရီေလာက္ထဲက ျပင္ဉီးလြင္ ကို အျမန္ဆံုးေရာက္ေအာင္ ကားေမာင္းလာခဲ့သည္။ျပင္ဉီးလြင္ေရာက္ေတာ့ မနက္၈နာရီ ။မနက္စာ ေတာင္ မစားႏိုင္ဘဲ ေရာက္ေရာက္ခ်င္းသူတို႔ ခ်ိန္းတဲ့ ေန ရာ ကို ေနခ်ိဳ ထြက္လာခဲ့တာ။

အရင္ကလဲ အလုပ္လုပ္တဲ့ေနရာဆိုေတာ့ ေနခ်ိဳနဲ႔ မစိမ္းသက္ေတာ့ပင္မယ့္ ေတာ္ေတာ့္ကိုေျပာင္းလဲ သြားတာပါ။

" ထင္ထားတာ ထက္ေစာသားပဲ "

ေျပာင္းလဲမႈေတြ ကိုေငး ေမာမိေနတုန္း ေနာက္ပါးက အသံေၾကာင့္ ခ်င္ခ်င္း ပဲ လွည့္ၾကည့္လိုက္ေတာ့ ယခင္အတိုင္း ေျပာင္းလဲမႈမရိွတဲ့ မင္းသိုက္ မ်က္ႏွာ ကိုေတြ့ရသည္။

" ငါ စကားေတြ အမ်ားႀကီးမေျပာခ်င္ဘူး
မင္းသိုက္
ငါ့ ႀကီးေမ ဘယ္မွာလဲ ။ "

" ေနပါဉီး...ေနခ်ိဳရဲ့ ငါမင္းနဲ႔ လက္ရည္ မယွဉ္ၾကည့္ရတာ ၾကာၿပီဆိုေတာ့ လက္ ရည္ယွဉ္ၾကည့္ခ်င္လို႔..ငါတို႔ အရင္ဆံုး ေသြး ပူေလ့က်င့္ခန္းလုပ္ၿပီးမွ ...လာရင္းကိစၥ ေျပာၾကတာေပါ့။"

မင္းသိုက္ရဲ့ စိန္ေခၚမႈကို ေနခ်ိဳ မျငင္း။
လက္ခံသည္ ဆိုသည့္ သေဘာျဖင့္ လက္ထဲမွာ ပါသည့္ အိတ္ကို တစ္ေနရာပစ္တင္လိုက္ကာ

မင္းသိုက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ရင္ဆိုင္ရန္ အသင့္ျပင္လိုက္မိသည္။

မင္းသိုက္ဘက္ က အစခ်ီလာတဲ့ တိုက္ကြက္ေတြကို ေနခ်ိဳ အသာေလး ပဲေရွာင္လိုက္ကာ မင္းသိုက္ရဲ့ လက္တစ္ဖက္ကို အမိအရဆြဲယူၿပီး ၾကမ္းခင္းေပၚ ပစ္လွဲ ခ်ပစ္လိုက္သည္။

ခ်က္ခ်င္း အၾကည့္စူးစူးေတြနဲ႔ ကုန္းထလာတဲ့ မင္းသိုက္ ရဲ့ခါးကို ေနခ်ိဳေနာက္က ေနပိတ္ကန္ပစ္လိုက္ေတာ့ ျပန္မထႏိုင္ေလာက္ေအာင္ လဲက်သြား ရသည္။

" ငါ့မွာ အခ်ိန္မရိွဘူး မင္းသိုက္။ "

" ဟြန္႔ ...."

ဒီတစ္ခါ ေနာက္ဆံုး အခ်ီအေနနဲ႔ အတင္းကုန္းရုန္းထလာတဲ့ မင္းသိုက္လက္ထဲမွာ ဓားေျမႇာင္တစ္လက္က အဆင္သင့္ပါလာခဲ့ သည္။

" ဟြန္႔ ..ေနခ်ိဳ "

ေနခ်ိဳ ..မင္းသိုက္ရဲ့ တိုက္ခိုက္မႈကို ကြၽမ္းက်င္စြာ အေရွာင္ အတိန္းလုပ္ရင္း ဓားေျမႇာင္ကိုင္ထားတဲ့ လက္ကို အားကုန္လႊဲကန္လိုက္ေတာ့ ဓားေျမႇာင္က ခပ္ေဝးေဝး တစ္ေနရာကို လြင့္က်သြားကာ မင္းသိုက္လဲ ျပန္မထႏိုင္ေအာင္လဲက်သြားရသည္။

" ေနခ်ိဳ ..မင္းရဲ့ အစြမ္းအဆ က ခုထိ မကုန္ေသးဘူးကို။ "

လက္ခုပ္တီးသံ နဲ႔ အတူ ေနခ်ိဳ႕ နားကို ခ်ဉ္းကပ္လာခဲ့တဲ့ေျခလွမ္းေတြ။

" Boss"

" ဟက္ ေနခ်ိဳ ..မင္းခုတေလာ အရမ္းအဆင္ေျပေနတယ္လို႔ၾကားတယ္။ "

" ဒီကိစၥ ေတြ က Bossေၾကာင့္ပဲ ျဖစ္လာရတာေလ.. ကြၽန္ေတာ္ ခုလို အဆင္ေျပေနတာ bossရဲ့ေက်းဇူး မကင္းပါဘူး။"

ေနခ်ိဳ တမင္တကာ ရြဲ႔ေျပာေနမွန္းသိလို႔ boss မ်က္ႏွာ က ၿပံဳးေရာင္သမ္းေနရာမွ ခ်က္ခ်င္းခက္ထန္သြားကာ

" က်စ္ ..အဲ့တုန္းက ငါေတာ္ေတာ္မွားသြားတာပဲ။ ငါမင္းလို လူမ်ိဳးကို အဲ့ေလာက္ ဆိုးသြမ္းတဲ့ေနရာကို မေရာင္းလိုက္သင့္ဘူး။ "

စိတ္ထဲမပါတဲ့စကားေတြမို႔ ေနခ်ိဳ ေလွာင္ၿပံဳးသာ ၿပံဳးလိုက္မိသည္။
လူ႔ငရဲကို ေရာင္းလိုက္ၿပီးမွ ေနာင္တရတယ္ဆိုၿပီး ေျပာေနေတာ့ တစ္ကယ့္ ကိုရယ္စရာေကာင္းလွပါသည္။

" ကြၽန္ေတာ့ ႀကီး ေမ ဘယ္မွာလဲ။ "

" ေျဖးေျဖး ေပါ့ ဘာေတြေလာေနတာလဲ "

Boss က လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ေတာ့ လူႏွစ္ေယာက္ထြက္လာကာ ေမွာက္ခံုႀကီးလဲက်ေနတဲ့ မင္းသိုက္ ကိုဆြဲေခၚသြားၾကသည္။

" ဟူး ငါခုတေလာ အဲ့လို အသံုး မက်တဲ့ အမိႈက္ေတြကို ပဲရွင္းေန ရတယ္..မင္းလို အဖိုးတန္ေလးတစ္ေယာက္ေလာက္ ထပ္လိုခ်င္တယ္ကြာ..မင္းက အခု ေတာ္ေတာ္ခ်မ္းသာေနၿပီဆိုေတာ့ .."

" ကြၽန္ေတာ္ ဘယ္ေတာ့မွ ဒီအလုပ္ေတြကိုျပန္မလုပ္ ဖို႔ဆံုးျဖတ္ထားၿပီးၿပီ boss.."

" ဟိုး ..အဲ့ေလာက္ႀကီးလဲ အဆံုး အျဖတ္မေစာနဲ႔ ဉီးေလ ..ေျဖးေျဖး ခ်င္းသြားမွေပါ့။ "

"..."

boss က သူ႔မ်က္ႏွာနဲ႔မတန္ေအာင္ လွလွ ပပၿပံဳးလိုက္ၿပီး

" မင္း ငါတို႔နဲ႔ပူးေပါင္းလိုက္တာနဲ႔ မင္းရဲ့ႀကီးေမကို လႊတ္ေပးမယ္.ဒါပင္မယ့္.ဒီေနေတာ့ မဟုတ္ေသးဘူး ..သဘက္ခါမင္းျပန္လာခဲ့."

" ကြၽန္ေတာ္ ဘယ္ေတာ့ မွ ဒီအလုပ္ကို မလုပ္ေတာ့ဘူးလို႔ေျပာတာကို boss ရဲ့နားက ေကာင္းေကာင္းၾကားမွာပါ။ "

"ဟက္ ..ဒါဆိုလဲ မင္းရဲ့ႀကီးေမ အေလာင္းကိုေကာက္ဖို႔ပဲ အသင့္ေစာင့္ေနလိုက္ေပါ့။ "

ေနခ်ိဳ လက္သီး ကိုက်စ္က်စ္ပါေအာင္ ဆုပ္ကာ အံႀကိတ္ထားမိသည္။

" မင္းကိုငါစဉ္းစားဖို႔ ၂ရက္ အခ်ိန္ေပးမယ္။
၂ရက္ေနရင္ ဒီေနရာ ဒီအခ်ိန္ မွာ ျပန္ေတြ့ၾကမယ္။"

သူတို႔ဘက္ ကေျပာစရာ ရိွတာေတြေျပာၿပီး
ထြက္သြား ေတာ့ ေနခ်ိဳ႕မွာသာ ရင္ဘက္ေတြ နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ကာ ေဒါသထြက္ရင္း က်န္ေနခဲ့ရသည္။

.

ေတးသြား ဆိုင္မွာ ကိတ္မုန္႔ ေလးေတြ ပါ တိုး ေရာင္းခ်င္တာမို႔ မုန္႔ဖုတ္သင္တန္းကို ဒီေန့ဘဲ ဆက္သြယ္ကာ တက္ဖို႔ စာရင္းေပးထားလိုက္သည္။ သူမ်ား ဖုတ္တဲ့ ကိတ္မုန္႔ေတြခ်ည္း တင္ေရာင္းေနရတာ မကိုက္လို႔ ကိုယ္တိုင္မုန္႔ဖုတ္ခ်င္လာတာ။

ေနာက္ဆိုတာ မေသခ်ာပင္မယ့္ ကိုကို႔ မွာ အလုပ္ရိွသလို ေတးသြားမွာလဲ လက္ဆုပ္လက္ကိုင္ျပစရာ အလုပ္ေကာင္းေကာင္းတစ္ ခုေတာ့ ရိွသင့္တယ္ေလ။

" အ"

ႏွင္းဆီ ပန္းက ဆူးေတြ ေႁခြ ေနတုန္း ဆူးတစ္ေခ်ာင္းက အသားထဲ နစ္ဝင္ သြားသည္ အထိ ဆူးသြားတာေၾကာင့္ လက္ကလဲခ်က္ခ်င္းဆိုသလို ေသြးေတြက်လာသည္။

ကို႔ အနာကို ကို အာရံုစိုက္ေနမိခ်ိန္ ဆိုင္တံခါး ပြင့္သြားကာ
လူတစ္ေယာက္ဝင္လာတာေတာင္ ေတးသြား အာရံု မျပဳမိခဲ့။

" ဘာ ျဖစ္တာလဲ က ေလး "

ကိုကို႔ အသံၾကားလို႔ ကိုကိုဟုတ္မွဟုတ္ပါ့မလားဆိုၿပီးေမာ့ၾကည့္လိုက္မိခ်ိန္ စိုးရိမ္တႀကီးစိုက္ၾကည့္ေနတဲ့ ကိုကို႔ မ်က္ဝန္းေတြနဲ႔ ရင္ဆိုင္ေတြ့လိုက္ရသည္။
မေန့ညကပဲ ဖုန္းဆက္ၿပီး အေရးႀကီးကိစၥရိွလို႔ မိန္းမေတာင္းဖို႔ေတာင္ မလာႏိုင္တဲ့ ကိုကိုက ခု က် ေတးသြား ေရ႔ွကို မေျပာမဆိုနဲ႔ေရာက္ခ်လာျပန္ၿပီ။

ေတးသြား လက္ကို ေျဖးေျဖးဆြဲယူကာ လက္ကထြက္ေနတဲ့ ေသြးေတြကို ပါးစပ္နဲ႔ တျဖည္းျဖည္း ခ်င္းစုပ္ယူ ေနေတာ့ ၾကည့္ေနရင္း မွ မ်က္ရည္ေတြ ဝဲတက္လာၿပီး လက္ကို လဲ ရုန္းလိုက္မိသည္။
ကိုကို ကေသြး ေတြကို စုပ္ထုတ္ၿပီးမွ ေတးသြားလက္ကို ၾကည္ၾကည္ျဖဴျဖဴ လႊတ္ေပးလိုက္ကာ

" ေနာက္တစ္ခါေသြးထြက္လို႔ ေလာေလာလတ္လတ္ေရ မေဆးႏိုင္ေသးရင္ ပါးစပ္ထဲမွာ ငံုထားလိုက္။ "

ေနခ်ိဳ ငယ္ငယ္က ဆို ေသြးထြက္တိုင္းလုပ္ေနၾကပံုစံ မို႔ သူမကိုလဲ ထိုနည္းအတိုင္းလုပ္ေပးလိုက္တာပါ။

မ်က္ေစာင္းေလး ထိုးကာ ေဘစင္ကို ထြက္သြားေတာ့ ေနာက္ကေန ထပ္ၾကပ္မခြာ လိုက္သြားမိသည္။ဒီေန့ သူမကို လာေတာင္းရမယ့္ေနဆိုတာ သိပင္မယ့္မလာျဖစ္တာကိုစိတ္ေကာက္ေနပံုပါပဲ။ လူႀကီးစံုရာနဲ႔ ဆိုေတာ့ ေနခ်ိဳ႕ ရဲ့တစ္ဉီးတည္းေသာေဆြမ်ိဳး ႀကီးေမကို လဲပါေစခ်င္ပါသည္။
ႀကီးေမ လိုက္လာႏိုင္ေအာင္လဲ ေနခ်ိဳ႕ ဘက္က ႀကိဳးစားေနတာပါ။

"ေတးသြားေလး "

လက္ေဆးေနတာ ကို ေနာက္ကေနတစ္ဆင့္ခါးကို သိုင္းဖက္ကာ နားရြက္အနား ကိုတိုးတိုးေလးကပ္ေျပာေတာ့ ၾကက္သီး ေတြ ပင္ထသြားရသည္။
ေနာက္ကေန အၿငိမ္မေနဘဲ ေတးသြား ဆံပင္ေတြထဲကိုကို က ႏွာဖ်ား နစ္ေအာင္နမ္း ရိႈက္လာသည္။

ဆံပင္ေတြမွ တစ္ဆင့္ လည္တိုင္ ျဖဴျဖဴေလးထိ အနမ္းဧရိယာ တိုးခ်ဲ့ကာ သြားခြၽန္ခြၽန္ ေလးနဲ႔ ခပ္ဖြဖြ ကိုက္လာခ်ိန္ ေတးသြား အတင္းရုန္းကာ မ်က္ႏွာခ်င္း ဆိုင္လိုက္မိသည္။

မ်က္ဝန္းလဲ့လဲ့ ေတြနဲ႔ စူးစူး ရြားရြား စိုက္ၾကည့္ တဲ့ ကိုကို႔မ်က္ဝန္းေတြ က ေတးသြား ႏွလံုးခုန္သံေတြ ဗေလာင္ဆူသြားေအာင္ျပဳစားေနသလိုပါပဲ။

တျဖည္းျဖည္း ငံု႔ ၾကလာတဲ့ ကိုကို႔ ေခါင္းကို ေရွာင္ ဖို႔ အခ်ိန္ပင္မရလိုက္ပဲ ႏူးညံ့တဲ့ အနမ္းတို႔ျဖင့္ ႏႈတ္ခမ္း တစ္ခုလံုးကို သိမ္းပိုက္ခံလိုက္ရတာက အခ်ိန္တစ္ခုထိ.။

မ်က္ႏွာခ်င္း အပ္ေနရာမွ ခြာလိုက္ေတာ့ ကိုကိုကေတးသြားကို ၿပံဳးၿပီးၾကည့္ေနသည္။

" ဒီေလာက္ဆို စိတ္ဆိုးေျပပါေတာ့ ကေလးေလး."

ေတးသြား..ေမွးဖ်ားေလးကို လက္နဲ႔ ဖြဖြ ကိုင္ရင္း ရယ္သံစြက္ကာ ေျပာလာေတာ့ အနီးကပ္ဆံုးရိွေနသည့္ ကိုကို႔ ရဲ့ ရင္ဘတ္ကို လက္သီးဆုပ္ကာ ဖြဖြ ထုလိုက္ၿပီး

" ကိုကို႔ ကို မုန္းတယ္ ....တစ္ခုခုဆိုအၿမဲတိုင္း ေစာင့္ေနရတဲ့ ကိုကို႔ ကို မုန္းတယ္ .."

လက္ေတြကို ဖမ္းဆုတ္လိုက္ၿပီး ေတးသြား ခႏၶာကိုယ္ေလးကို ရင္ခြင္ထဲ ဆြဲသြင္းကာ ခပ္တင္းတင္း ဖက္လာေတာ့ ဆက္ၿပီးမရုန္းေတာ့ဘဲ ကိုကို႔ ဆီကရတဲ့ ခပ္စူးစူးေရေမႊးနံ႔ ကိုသာ ရႉ ရိႈက္ေနလိုက္သည္။

ေတးသြား စိတ္ထဲမွာေတာ့ ကိုကို အမ်ားႀကီးေျပာင္းလဲ သြားသလိုပါပဲ။

.

" နာရင္ေျပာေနာ္ "

လက္ကအနာေလးကို အရက္ပ်ံဂြမ္းနဲ႔ ခပ္ဖြဖြတို႔ကာ ပလာစတာကပ္ေပးလိုက္ၿပီး ႏႈတ္ခမ္းေထာ္ကာ စိတ္ ေကာက္ေနရွာတဲ့ ခ်စ္ရသူကိုေနခ်ိဳၿပံဳးၿပံဳးႀကီး စိုက္ၾကည့္ေနမိသည္။

" ကိုကို က ဉပေဒ နဲ႔ မလြတ္ကင္းတဲ့ အလုပ္ေတြ လုပ္ေန ရင္ ေတးသြား ကိုကို႔ ကို ဆက္ၿပီး ခ်စ္ဉီးမွာလား။"

ဒီတစ္ခါ စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းဝိုင္းေလးေတြထဲမွာ စိုးရိမ္ပူပန္ေနတဲ့ အရိပ္အေငြ့ေတြ ျပည့္လ်ွံလို႔ေနသည္။

" ကိုကို က သေဘာျဖစ္ေမးတာပါ ကေလးရယ္။ "

" ကိုကို က ဘာႀကီးပဲျဖစ္ေနျဖစ္ေန ေတးသြားက ခ်စ္မယ္လို႔ေျပာၿပီးၿပီပဲေလ။ ဒါပင္မယ့္ ေတးသြားခ်စ္တဲ့ ကိုကို႔ ကို ဒုစရိုက္သမားႀကီးမျဖစ္ေစခ်င္ဘူး။ ၿပီးေတာ့ ေတးသြားလဲ ဒုစရိုက္သမားရဲ့ မိန္းမ မျဖစ္ခ်င္ဘူး။"

ဒီစကားေတြ ေျပာေနခ်ိန္ သူမ မ်က္ႏွာက တည္တံ့လြန္းေနသည္။ ေနခ်ိဳ အရင္က ဘာေတြ လုပ္ခဲ့တယ္ ဆိုတာကိုသိရင္ သူမကနခ်ိဳ႕ကို ခြင့္လႊတ္ႏိုင္ပါ့မလား။
ဒုစရိုက္သမားရဲ့ မိန္းမ မျဖစ္ခ်င္ဘူး ဆိုတာက ေနခ်ိဳ႕ အရိွူက္ကို ထိသြားတာေၾကာင့္ မ်က္ႏွာပ်က္သြားရပင္မယ့္ ဟန္ေဆာင္ၿပံဳးျပကာ .

" ကိုကိုက ကေလးကို အျဖစ္သေဘာေျပာတာပါ ."

" ေတးသြား သိပါတယ္ ကိုကို ရယ္
ကိုကို အရင္က ဘာလုပ္လုပ္ ေတးသြား
ခြင့္လႊတ္ေပးႏိုင္ပါတယ္။
ဒါပင္မယ့္ ေတးသြားနဲ႔ လပ္ထပ္ေတာ့မယ့္ေယာက္်ားတစ္ေယာက္ အေနနဲ႔ ဉပေဒနဲ႔ လြတ္ကင္းတဲ့ အလုပ္ပဲ လုပ္ပါလို႔ေတာင္းဆိုရပါေစ။"

ေတးသြား မ်က္ႏွာကို ေလးေလးနက္နက္ စိုက္ၾကည့္ၿပီး ေခါင္းၿငိမ့္ျပေတာ့ ကိုကို႔ မ်က္ႏွာေလးကို လက္တစ္ဖက္နဲ႔ အုပ္ကိုင္လိုက္ကာ

" ေတးသြားေလ ကိုကို နဲ႔ ခြဲရမွာ သိပ္ေၾကာက္တယ္ ။တစ္ကယ္လို႔မ်ား ကိုကို တစ္ခုခုျဖစ္သြား ရင္ ေတးသြား ရူးၿပီး ေသသြားလိမ့္မယ္။
ဒါေၾကာင့္ကိုကို ေတးသြား ကို ကတိတစ္ခုေလာက္ေပးပါ ။"

" ....."

"ဉပေဒနဲ႔ မလြတ္ကင္းတဲ့ အလုပ္ေတြကို ဘယ္ေတာ့မွ မလုပ္ေတာ့ဘူးလို႔ ေတးသြားကို ကတိေပးပါ ကိုကို။"

.
စာေလးကို အဆံုးထိဖတ္ေပးလို႔ေက်းဇူးပါဗ်ာ့။
Fb နဲ႔ wp ကစာဖတ္သူ တစ္ဉီးခ်င္းဆီကို ေက်းဇူးတင္ပါတယ္။💚


You are reading the story above: TeenFic.Net