အပိုင်း- ၄၇၂

Background color
Font
Font size
Line height

Unicode

အပိုင်း ၄၇၂ - စတော်ဘယ်ရီခင်းကို ထပ်မံစိုက်ပျိုးခြင်း။

မုရှောင်းရှောင် ယင်းရှောင်ကျဲ ပြုမူထားသမျှကို ဆက်ထိန်းထားရင်း သည်းမခံနိုင်တော့ဘဲ သူ့တောင်းဆိုချက်တွေကို ခံနိုင်ရည်ရှိအောင်သာ  နေနေရတော့သည်။

ယင်းရှောင်ကျဲရဲ့ အနမ်းက အရမ်းပူလာလို့ သူမခန္ဓာကိုယ် အပူချိန်ကလဲ လိုက်တိုးလာသလို ခံစားလိုက်ရတယ်။

အပေါ်က ရေချိုးခေါင်းကနေ ဖြန်းတဲ့ရေက အနည်းငယ်
ပူနေပေမယ့် သူမနောက်ကျောက ကြွေပြားတွေက အနည်းငယ်အေးစက်လို့ နေသည်။

ရေခဲနဲ့မီး ပေါင်းစပ်ထားသလိုပါပင်။

ဒါပေမယ့် မုရှောင်းရှောင် သည်းမခံနိုင်ဆုံးအရာကတော့ သူ့နှုတ်ခမ်းတွေက သူမကို အပူရှိန်ကြောင့်  အရည်ပျော်သွားမိ တော့မလို အဆက်မပြတ် အားလျော့နေရသည်။

“ရှောင်းရှောင်…”

ယင်းရှောင်ကျဲရဲ့ အသံက ပိုမိုကြမ်းတမ်းလာတော့သည် 
သူ မုရှောင်းရှောင်ရဲ့ နှုတ်ခမ်းတွေကို လွှတ်ချလိုက်ပြီး မေးစေ့က နေတစ်ဆင့်  အောက်ကို ဆက်ဆင်းလို့သွားသည်။

သူမ၏လည်ပင်းအောက်ဘက်ကို သူ့နှုတ်ခမ်းများကို ငုံ့ထားတာကြောင့်  မုရှောင်းရှောင် ခေါင်းကို နောက်သို့သာ စောင်းထားနိုင်ပြီး၊ သူ၏ လျှာပူများက သူမ၏ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော ညှပ်ရိုးကိုပါ  နမ်းခံလိုက်ရသည်။

ယင်းရှောင်ကျဲ ထိုထပ် ပို၍ အောက်ကျဆင်းလာသည်ကို သူမ သတိပြုမိသောအခါ၊ မုရှောင်းရှောင်သည် သူ့လက်ကို ရှက်ရွံ့စွာ ဖယ်ထုတ်လိုက်သည်။

“မလုပ်နဲ့…”

အို ဘုရားရေ ။

ဒီကောင် ဘယ်အထိနမ်းချင်နေတာလဲ!

သူသာ  ဒီ့ထက်ပိုပြီး ဆင်းသွားရင်တော့ တကယ်ကြီး ဖြစ်သွားလိမ့်မယ်…

မုရှောင်းရှောင် ၏ မျက်နှာသည် အနီရောင် ပန်းသီးတစ်လုံးလိုပင် ယင်းရှောင်ကျဲ နှုတ်ခမ်းကို ကိုက်လိုက်ကာ ရှက်စရာကောင်းလောက်အောင် ထပ်ပြီး ညည်းတွားမည်ကို ကြောက်နေမိသည်။

သို့သော် ယင်းရှောင်ကျဲ  သည် သူမအား ဗဟိုကျတဲ့ နေရာကို တမင်တကာ ထိ နမ်းနေကာ  သူမ၏ ကန့်ကွက်သံကို မကြားချင်ယောင်ဆောင်ပြီး အလွန်အကျူး ခရီးဆင်နေလေသည်။

မုရှောင်းရှောင် ၏ ခန္ဓာကိုယ်သည် ထိတ်လန့်တုန်လှုပ်သွားပြီးနောက်ဆုံးတော့

  “ယင်းရှောင်ကျဲ …”

ဟု အော်လိုက်နိုင်သည်။

သို့သော် သူမ၏အသံသည် ယခင်ကနှင့်မတူဘဲ ပိုပျော့ပျောင်း‌ နေသည်။

ယင်းရှောင်ကျဲ၏ သွယ်လျသောလက်ချောင်းများက သူမ၏ကော်လာအောက်ရှိ ဖြူစင်သောအသားရောင်ကို ဖော်ထုတ်ရန် တမင်တကာ ဆွဲချလိုက်ပြီး ခေါင်းကိုငုံ့ကာ ထိအရေပြားပေါ်တွင် စတော်ဘယ်ရီသီးပုံကို ပေါ်သွားအောင် အတင်းစုပ်ယူ‌နေတော့သည်။

မုရှောင်းရှောင် သည် အနည်းငယ် တုန်လှုပ်သွားသည့် ခံစားချက်ကို ခံစားလိုက်ရသော်လည်း သူမ ငုံ့မကြည့်ဝံ့ပေ။

ယင်းရှောင်ကျဲ သည် သူ၏ အနုပညာအလုပ်ကို အလေးအနက် စိုက်ကြည့်နေသည်။

ကောင်းပြီ၊ တောက်ပသောစတော်ဘယ်ရီပုံ‌လေးပင် ။

ဖြူစင်နုပျိုသော အသားအရေပေါ်တွင် ရိုက်နှိပ်ထားခြင်းက တကယ်ကို လှပပေသည်။

ရုတ်တရက် သူ့ဝမ်းဗိုက်နား အပူတွေ တဟုန်ထိုး တက်လာတာကို ခံစားလိုက်ရတော့ ယင်းရှောင်ကျဲ  ဟာ သူ့ကိုယ်သူ ထိန်းလိုက်‌ ရတော့သည်။

ဒါပေမယ့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အံကြိတ်ပြီး မနည်းခံနိုင်ရည်ရှိလာသည် ။

သူ၏ ရှည်လျားသော လက်မောင်းများသည် သူမ၏ ပါးလွှာသော ခါးကို ရစ်ပတ်ကာ သူမနှင့် နီးကပ်စွာ နိမ့်ချပြီး သူ့၏ မေးစေ့ကို သူမရဲ့ ပခုံးပေါ် ဖိထားလိုက်သည်။

ပြီးမှ သူမနားရွက်နားကို စူးစူးရှရှအသံဖြင့် ။

"ချစ်ဇနီးလေး၊ မင်းဘယ်တော့ပြင်ဆင်လို့ ပြီးမှာလဲ"

ကိုယ်  မင်းကို စားဖို့ ပြင်ထားတယ်။

ယင်းရှောင်ကျဲ  သူ့စိတ်ဆန္ဒသည်  ဘယ်လောက် ပြင်းထန်နေမည်ကို မသိဘဲ သူ့စိတ်သည် သူ့ရှေ့မှလူ၏ အတွေးများဖြင့်သာ ပြည့်နေတော့သည် ။

သူမကို စားရဖို့ ၊ သူမ ရဲ့ အစိတ်အပိုင်းတိုင်းကို အနမ်းပေးနိုင်ဖို့ ၊ သူ့ နှင်းလို ဖြူနေတဲ့ အသားအရေပေါ်မှာ အမှတ်အသား ချန်ထားခဲ့ရ‌ဖို့ ..။

သူမကို လုပ်ချင်တာတွေ များလွန်းတယ်။

ဒါ​ပေမယ့်​ ​နောက်​တစ်​ဖန်​ သူမကို ​ကြောက်​​နေပြန်​သည်​။

ယင်းရှောင်ကျဲ  သည် မုရှောင်းရှောင်၏ မျက်နှာကို အနီးကပ် စေ့စေ့ကြည့်မိသည်။ သူမ၏ မျက်နှာသွင်ပြင်သည် အလွန်သိမ်မွေ့ပြီး လှပနေသောကြောင့် သူမသည် ကောင်းကင်ဘုံ၏ အကြီးကျယ်ဆုံး လက်ရာတစ်ခုလို ဖြစ်နေသည်။

ကောင်းကင်ဘုံသည် သူမအပေါ် ကောင်းသောအရာအားလုံးကို ပေးဆောင်ရန်အတွက် ဘက်လိုက်ထားသည်ဟုလဲ  သူထင်ခဲ့မိသည်။

သူမရှေ့တွင် သူ၏ နွေးထွေးသော အသက်ရှုသံကို ခံစားလိုက်ရသည်၊ သူမ မျက်လုံးများကို ဖြည်းညှင်းစွာမဖွင့်မီ မုရှောင်းရှောင် ၏ မျက်တောင်များ တုန်လာသည်။

သူမ၏ အနက်ရောင် မျက်လုံးများသည် တောက်ပြောင်နေပြီး သူမကို အနိုင်ကျင့်နေသကဲ့သို့ သနားစရာကောင်းသည့်ပုံပေါက်နေသည်။

"ဘာတွေ ပြင်ဆင်လို့ပြီးတာလဲ"

သူမက ရှက်ရှက်နဲ့ မေးလိုက်မထတယ်။

ဘာကိုဆိုလိုသည်ကို သူမ မှန်းဆထားပြီးဖြစ်သော်လည်း ဤအကြောင်းအရာနှင့်ပတ်သက်၍ သူနှင့်စကားမပြောသင့် သေးဟု သူမခံစားမိသည်။

သူ...သူမရဲ့ ယခုကဲ့သို့ လွတ်လပ်မှုနေလေးကို လုယူသွားမည်ကို စိုးရိမ်မိသည်။

ယင်းရှောင်ကျဲက သူမ၏ နားဘေးတွင် နက်နဲပြီး ဆွဲဆောင်မှုရှိသော အသံဖြင့်

"ငါတို့၏ပေါင်းစည်းမှုအတွက် ပြင်ဆင်တာကို‌ ပေါ့"

ဟု ပြောသည်။

မုရှောင်းရှောင် သည် ရှက်ရွံ့သွားသည်။

"နင်နဲ့ ပူးပေါင်းချင်လို့လဲ  ဘယ်သူက လုပ်မှာလဲ!"

“ငါတို့ စေ့စပ်ပြီး အတူတူ နေထိုင်နေကြပြီလေ။ ကျန်တာက  ပူးပေါင်းမှုပဲ”

လို့ ယင်းရှောင်ကျဲ က ပြုံးပြီး ပြောလိုက်လေသည်။

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်



Zawgyi







“ရှောင်းရှောင်…”




“မလုပ်နဲ့…”

အို ဘုရားရေ ။






  “ယင်းရှောင်ကျဲ …”

ဟု အော်လိုက်နိုင်သည်။



























ဟု ပြောသည်။







You are reading the story above: TeenFic.Net