အပိုင်း -၄၇၀
Background color
Font
Font size
Line height
Unicode
အပိုင်း ၄၇၀ - အောက်ငုံ့မကြည့်ချင်။
ယင်းရှောင်ကျဲ   ရေချိုးခန်းထဲသို့ ဝင်လိုက်သည်နှင့် မုရှောင်းရှောင် သည် ခုံတန်းလျားပေါ်တွင် ထိုင်နေပြီး အနက်ရောင် မျက်လုံးကြီးများဖြင့် ပတ်ပတ်လည်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
သူမ ဖုန်းကို ကောက်ကိုင်လိုက်ကာ ရုတ်တရက် မက်ဆေ့ခ်ျအချို့ကို သတိရသွားသည်။
အိုဟုတ်သား ။
ယင်းရှောင်ကျဲ  ဖျက်လိုက်သော မက်ဆေ့ခ်ျကို သူမ မဖတ်ရသေးသည်ကို တွေးမိသွားတာ့ပင်။
မုရှောင်းရှောင် ဘာတွေပို့ထားလဲ ဆိုတာ  အလွန်သိချင်နေခဲ့သည်။
ယင်းရှောင်ကျဲ  ၏ စရိုက်လက္ခဏာအရ သူမ ဘယ်သွားမလို့လဲဟု ဒေါသတကြီး မေးပြီး အိမ်သို့ အမြန်ပြန်ကာ ကို ရပ်လိုက်ရန် အတင်းအကြပ် အမိန့်ပေးတာမျိုးဖြစ်နိုင်သည်။
မုရှောင်းရှောင် သည် သူမ၏နှာခေါင်းမှ နှစ်ကြိမ် ဟစ်အော်လိုက်သည်။ ယောက်ျားလေးတွေကတော့ ဒီလိုပါပဲ။ မိန်းကလေးတွေ ဘာတွေတွေးနေလဲ နားမလည်ဘူး။
သူမသည် မက်ဆေ့ချ်အပလီကေးရှင်းကိုဖွင့်ကာ သူမ၏မက်ဆေ့ချ်များကို စတင်စစ်ဆေးတော့မည်ဖြစ်သည်။
ရုတ်တရက် သူမသည် ယင်းရှောင်ကျဲ ၏အော်သံ ကိူ ကြားလိုက်ရသည်
"ဟေး!"
မုရှောင်းရှောင် သည် ရုတ်တရက်ဆိုတော့  ထိတ်လန့်သွားမိသည်။
သူနဘာတွေလုပ်နေတယ်ဆိုတာ သူ သိနိုင်တာလား။
မက်ဆေ့ချ်အပလီကေးရှင်းမှ အမြန်ထွက်လိုက်ကာ သူမက
"ဘာဖြစ်တာလဲ"
ဟုမေးကာ သတိမမူမိဟန်ဆောင်သည်။
ယင်းရှောင်ကျဲ  ၏ အသံသည် ရေသံနှင့်အတူ လိုက်ပါလာသည်။
“အထဲမှာ ရေချိုးဂျယ် မရှိဘူး။ အပြင်မှာရှိမရှိကြည့်ပေး"
"နင် တော်တော်ဒုက္ခပေးတာပဲ"
မုရှောင်းရှောင် ယင်းရှောင်ကျဲ စကားကို နားထောင်ရင်း စိတ်တိုနေသော်လည်း သူမသည် နာခံမှုအပြည့်ဖြင့် ထရပ်ကာ လိုက်ရှာနေဆဲဖြစ်သည်။
“သူများသုံးပြီးသား ငါ မသုံးချင်ဘူး။ မဖွင့်ရသေးသော တစ်စုံပဲ ယူပေး”
ဟု နတ်ဆိုးတစ်ပါးက အလေးပေးပြောဆိုသည်။
မုရှောင်းရှောင် က သူ့ကို မျက်စောင်းထိုးလိုက်သည်။
ဒီမဟာသခင်လေးကျဲကို ကျေနပ်စေနိုင်ဖို့  တကယ်ပဲခက်ခဲ့တယ်။
ကံကောင်းထောက်မစွာ၊ ဤသည်မှာ ဘတ်စကက်ဘောကွင်းကို ဇိမ်ကျကျတည်ဆောက်ထားသည့် အထက်တန်းစား ရှန်တ ကျောင်းဖြစ်သည်။ ထို့ကြောင့် ဤရေချိုးခန်းသုံးပစ္စည်းများသည် သဘာဝအတိုင်း ထောက်ပံ့မှု အားကောင်းသည်။
မကြာမီတွင်၊ မုရှောင်းရှောင်သည် ရေချိုးခန်းသုံးပစ္စည်းများနှင့် မျက်နှာသုတ်ပုဝါအသစ်များဖြင့် ပြည့်နေသော ဗီရိုတစ်ခုကို တွေ့ရှိခဲ့သည်။
သေချာကြည့်ရင်းမှ  မုရှောင်းရှောင်သည် ရေချိုးဂျယ်၊ ခေါင်းလျှော်ရည်နှင့် မျက်နှာသုတ်ပုဝါအသစ်တစ်ထည်ကို ထုတ်ယူလိုက်သည်။
သူမသည် ယင်းရှောင်ကျဲ  ရှိသည့် ရေချိုးခန်းရှေ့သို့ သွားလိုက်ပေမယ့်  ရေချိုးခန်းက ကန့်လန့်ကာတစ်ခုသာ ရှိသည်။
အတွင်းမှရေသံကိုကြားရပြီး ရေများထွက်ကျလာသည်။
"ဒီမှာ နင့်အတွက်!"
မုရှောင်းရှောင် သည် ရေချိုးခန်း ကန့်လန့်ကာမှ အရာများကို  မျက်လုံးကို လွှဲလိုက်ကာ လှမ်းပေးလိုက်သည်။
ယင်းရှောင်ကျဲသည် မျက်နှာသုတ်ပုဝါအသစ်ကို အရင်ယူပြီးနောက်မှ ရေချိုးဂျယ်ကို ယူလိုက်သည်။
"တော်တော်သတိထားနေတယ်ပေါ့ ဟုတ်လား"
သူက ရယ်မောရင်း ပြောလိုက်သည်။
မုရှောင်းရှောင် သည် ရေချိုးခန်းကန့်လန့်ကာကို စိုက်ကြည့်ရင်း မကျေမနပ်ဖြစ်နေသည်။ ဒီကောင်က သူ့ရဲ့ချိုမြိန်တဲ့ အချိန်တွေကို ဘယ်လိုယူရမလဲဆိုတာ  သိသည်။ သူမ စိတ်လဲ တိုလာရသည်။ မြန်မြန်ဆန်ဆန် ယူသွားလို့မရဘူးလား။  ဘာလိုဘ သူဒီလိုလုပ် နေတာလဲ ။
မုရှောင်းရှောင် စိတ်အတွင်းထဲမှာ သူ့ကို ဝေဖန်နေချိန်မှာပဲ ယင်းရှောင်ကျဲက ခေါင်းလျှော်ရည်ကို ယူလိုက်သည်။
မုရှောင်းရှောင်  သူမ၏လက်ကို ရုပ်သိမ်းခါနီးတွင် ယင်းရှောင်ကျဲ က ရုတ်တရက် သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည်။
"ဟေး နင်ဘာလုပ်နေလဲ? လွတ်!"
စိုစွတ်နေသော လက်များဖြင့် သူမကို ထိလိုက်သောအခါတွင် သူမတို့၏ အသားအရည်သည်  ကော်လိုမျိုး ကပ်သွားသကဲ့သို့ ထူးဆန်းသော ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။
မုရှောင်းရှောင်၏ နှလုံးခုန်သံက တစ်ချက် ခုန်သွားသည်။
ယင်းရှောင်ကျဲ သည် သူမ၏လက်ကို  ဆွဲယမ်းလိုက်သောကြောင့် မုရှောင်းရှောင် ယိမ်းထိုးကာ ရှေ့သို့ လဲကျလုနီးပါးဖြစ်ခဲ့သည်။
“ဟေး-!”
မုရှောင်းရှောင် သူမ စိတ်မချမ်းသာဖြစ်စွာ အော်လိုက်သည်။
နတ်ဆိုးတစ်ကောင်က  အလျော့မပေး။
"ငါမင်းကိုဆွဲယမ်းတော့ရော မင်းဘာလုပ်နိုင်မှာလဲ။"
မျက်နှာ တစ်ခုလုံး နီရဲနေသော မုရှောင်းရှောင်သည် သူမ၏ သွားများကို အံကြိတ်ကာ
"ငါ နင့်ကို သေတဲ့အထိ ကိုက်ပစ်မယ်! နင် စမ်းကြည့်လေ!"
ရေချိုးနေတာသာ မဟုတ်ရင်  ဒီလူယုတ်မာကို သူမ ဆွဲထုတ်ကာ ရိုက်ပစ်လိုက်ချင်သည်။
သို့သော် သူမ ယင်းရှောင်ကျဲရဲ့ ကိုယ်လုံးတီးကြီးကို  မမြင်ချင်ဘူး!
ဒါတောင် သူမဟာ သူ့ရဲ့ ခိုင်မာတဲ့ ရင်ဘတ်ကြွက်သားတွေ၊ သန်မာတယ်လို့ သတ်မှတ်ထားတဲ့ ဗိုက်သားတွေနဲ့ သူ့ရဲ့ sexy V-line ကို စိတ်ကူးကြည့်နေမိိသည်ပဲ...
ရပ်! ရပ်!
မုရှောင်းရှောင် နင် ဒီထက် ပို စဉ်းစားသွားလို့မရဘူး။
သူ့လက်ဖဝါးမှအပူရှိန်သည် သူမခန္ဓာကိုယ်ဆီသို့ ပျံ့နှံ့သွားသလိုခံစားရကာ လေထုက ပိုပူလာသလို ခံစားလိုက်ရသည်။
“ဒီမှာ ရေချိုးရတာ အရမ်းအဆင်ပြေတယ်။ အတူတူရေမချိုးချင်ဘူးလား"
နတ်ဆိုးတစ်ကောင်က ညှို့ယူကာ ဆွဲဆောင်ပြောဆို နေပြန်သည်။
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
အိုဟုတ်သား ။
သူမသည် မက်ဆေ့ခ်ျအပလီကေးရှင်းကိုဖွင့်ကာ သူမ၏မက်ဆေ့ခ်ျများကို စတင်စစ်ဆေးတော့မည်ဖြစ်သည်။
ရုတ်တရက် သူမသည် ယင်းရှောင်ကျဲ ၏အော်သံ ကို ကြားလိုက်ရသည်
"ဟေး!"
မက်ဆေ့ခ်ျအပလီကေးရှင်းမှ အမြန်ထွက်လိုက်ကာ သူမက
"ဘာဖြစ်တာလဲ"
"ဒီမှာ နင့်အတွက်!"
“ဟေး-!”
ဒါတောင် သူမဟာ သူ့ရဲ့ ခိုင်မာတဲ့ ရင်ဘတ်ကြွက်သားတွေ၊ သန်မာတယ်လို့ သတ်မှတ်ထားတဲ့ ဗိုက်သားတွေနဲ့ သူ့ရဲ့ sexy V-line ကို စိတ်ကူးကြည့်နေမိသည်ပဲ...
ရပ်! ရပ်!
You are reading the story above: TeenFic.Net