အပိုင်း -၄၆၃

Background color
Font
Font size
Line height

Unicode

အပိုင်း ၄၆၃ - သူမက လုံးဝ အရှက်ကင်းမဲ့တဲ့သူပဲ။

အန်းဇီရှင်း သည် သူမဘေးကကောင်မလေးကို ရှက်ကိုးရှက်ကန်း စိုက်ကြည့်ရင်း သူမ၏ ဆံနွယ်တစ်စကို  နားရွက်နောက်ဘက်သို့ အသာလေး ထည့်လိုက်သည်။

“ဒါ… ဖြစ်နိုင်ပါ့မလား မသိဘူး။ သူ ပွဲပြီးတဲ့အထိ နင်တို့စောင့်နိုင်မလား"

"အင်  ငါတို့ ‌နင်ပြောတဲ့အတိုင်း လုပ်မယ်!"

ထိုအချိန်မှစ၍ ထိုမိန်းကလေးများသည် ပြိုင်ပွဲအားဂရုမစိုက် တော့ဘဲ ယင်းရှောင်ကျဲ နှင့်ပတ်သက်သောမေးခွန်းများဖြင့် အန်းဇီရှင်း အား နားဒုက္ခပေးနေခဲ့တော့သည်။

အန်းဇီရှင်း မည်မျှယုံကြည်ချက်ရှိကြောင်းကြားသောအခါ၊ အန်းဇီရှင်း နှင့် ယင်းရှောင်ကျဲ  တို့သည် သူငယ်ချင်းများဖြစ်ကြသည်ဟု ယုံကြည်ချက်သည်လဲ ပိုမိုခိုင်မာလာတော့သည်။

အန်းဇီရှင်း သည် သူမ၏ အတန်းဖော်များ၏ ချော့မော့ပြီး ပြောပြပေးနေကာ  ဒီလိုမျို လူအများ အာရုံစိုက်ခံရတဲ့ ကြည်နူးစဖွယ် အနေအထားကို သူမ ယခင်က မကြုံဖူးပေ။

ထိုအချိန်တွင် ဟန်ယွင်အာရဲ့ အနေအထားကနေ ခံစားရပုံကို သူမ နားလည်သွားခဲ့သည်။

ယင်းရှောင်ကျဲ ၏သူငယ်ချင်းအဖြစ် မြင်လာသောအခါတွင် ၊သူမအား စတွေ့တုန်းကလို ဆက်ဆံမှုအတိုင်း ခံယူရမည်ဆိုလျှင်၊ သူမသည် သူ့ရည်းစားဖြစ်ခဲ့မယ်ဆိုလျှင် မည်သို့ အလေးထား ဆက်ဆံခံရမည်ကို သူမ တွေးနေမိသည်။

သူမက အရာရာသာပြီး အချစ်ခံရမှာမဟုတ်​ဘူးလား...

အန်းဇီရှင်း သည် လူတိုင်းက သူမကို ကျေနပ်စေရန် မည်သို့မည်ပုံ  လုပ်ဆောင်ပေးကြမည်ကို တွေးရင်း တိမ်ပေ့်ရောက်နေသလို ခံစားရရုံမှတစ်ပါး  တစ်ခြား ‌မတွေးမိပေ။

သူမ၏ ပူပန်မှုနှင့် စွဲမက်ဖွယ်ရာ အကြည့်များသည် ယင်းရှောင်ကျဲပေါ်သို့ ထပ်မံ ကျဆင်းသွားကာ သူပုံရပ်ကို နောက်တစ်ကြိမ် သော့ခတ်ထားလို မှတ်ယူနေခဲ့မိသည်။

ထိုအချိန်တွင် မုရှောင်းရှောင်သည် အန်းဇီရှင်း နှင့် တိုက်ရိုက်ဆန့်ကျင်ဘက်ဖြစ်သည်။

မုရှောင်းရှောင် က မကျေမနပ်ဖြစ်နေပြီး အန်းဇီရှင်းဤနေရာတွင် ရှိနေမည်ဟု သူမ မတွေးမိခဲ့ ။

ဟန်ချီချင် က

"ဒီမိန်းကလေးက ဘာလို့ ငါတို့ကျောင်းမှာ ရောက်နေရတာလဲ။ သူက ဒုတိယ အဆင့်မြင့် အထက်တန်းက ကျောင်းသူလား။ သူမ ကလုံးဝ အရှက်ကင်းမဲ့တဲ့သူ။ ယင်းရှောင်ကျဲ  ကို "ရှောင်ကျဲ " လို့ ခေါ်လိုက်တာ နင် ကြားမိလိုက်လား။ငါတော့  ကြားတာရုံနဲ့တင် ကော်ကလီဆန်မိတယ်!”

ဟန်ချီချင် သည်မုရှောင်းရှောင် ၏မျက်နှာပေါ်ရှိ  ထူးဆန်းသောအကြည့်ကို သူမမြင်မီ စကားအနည်းငယ်ပြောခဲ့သည်။

"ရှောင်းရှောင်?"

ပြီးတော့မှ သူမ တစ်မျိုးတစ်မည်  တွေဝေနေတဲ့ မုရှောင်းရှောင်ကို ပွတ်သပ်လိုက်ပြီး သူမကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

"နင် အဆင်ပြေရဲ့လား? စိတ်ဆိုး မနေနဲ့။ ဘာပဲဖြစ်ဖြစ်သူမ၏ အကြံတွေက  ဘယ်လောက်များ ထိရောက်နိုင်မှာလဲ ?  ကြည့်လိုက်၊ ယင်းရှောင်ကျဲ  ကတောင် သူမကို လျစ်လျူရှုထားတာ"

မုရှောင်းရှောင် က မျက်မှောင်ကြုတ်ကာ အနည်းငယ် ဒေါသထွက်နေတဲ့ လေသံဖြင့်

"သူမ စောစောက ပြုမူခဲ့တဲ့ လုပ်ရပ်ကြောင့်  ငါ စိတ်မချမ်းသာဘူး"

အန်းဇီရှင်းသည် ယင်းရှောင်ကျဲကို သူမ နှင့် အလွန်ရင်းနှီးသူအဖြစ် ပြုမူခဲ့ပြီး လူအများရှေ့တွင် သူ့ကို အားပေးရန် ယင်းရှောင်ကျဲ၏ နာမည်ကို  အတိုကောက် ဟစ်အော်ခဲ့သည်။

ထိုအချိန်တွင်ယင်းရှောင်ကျဲ  သည် အန်းဇီရှင်း ကို လျစ်လျူရှုခဲ့သည်။

သို့သော် အခြားလူများက သူမနှင့် ယင်းရှောင်ကျဲ  အကြားဆက်ဆံရေးကို လွဲမှားစွာ တွေးစေမည်ဖြစ်သည်။

ဟန်ချီချင် က မုရှောင်းရှောင်ကို ဘာပြောရမှန်းမသိ။ လက်မောင်းကိုသာ ပွေ့ဖက်ထားနိုင်ပြီး

“ပြိုင်ပွဲကို အရင်ကြည့်ရအောင်။ အဲဒါက အခု ပိုအရေးကြီးတယ်။ မသက်ဆိုင်သောအရာတွေကို လျစ်လျူရှုပလိုက်"

ဟုတ်တယ်! ပြိုင်ပွဲကိုကြည့်ဖို့ အာရုံစိုက်ထားရင် သူမဟာ သူမကိုယ်သူ အာရုံပြောင်းပြီး စိတ်မချမ်းသာစရာတွေကို တွေးမနေဘဲ ရပ်သွားနိုင်ပါတယ်။

"မုရှောင်းရှောင်၊နင် ပြိုင်ပွဲကို ကြည့်၊ တခြားဘာကိုမှ မစဉ်းစားနဲ့တော့!"

ဒီအချိန်မှာ ပြိုငပွဲက တကယ်ကို ပြင်းထန်တယ်။

ဒုတိယအဆင့်မြင့်အထက်တန်းကျောင်းမှအဖွဲ့သည် ယင်းရှောင်ကျဲ အား ပြိုင်သို့ စတင်ဝင်ရောက်စဉ်ကပင်  ဘောလုံး လုခွင့် မရနိုင်ဟု ထင်ကြပေသည်။

အားလုံးက ယင်းရှောင်ကျဲ သည် နေ့စဉ်ဘဝ၏ စည်းစိမ်သာယာမှုကို ခံစားရုံမှတပါး ဘာမှမလုပ်တတ်တဲ့ ချမ်းသာသော လူငယ်တစ်ဦးသာ ဖြစ်နိုင်သည်ဟု သူတို့အားလုံးက ထင်နေကြသည်။ သူက ဘတ်စကတ်ဘောမှာ ဘယ်လောက်ကောင်းနိုင်မှာတဲ့လဲ။


သို့သော် တစ်မိနစ်အတွင်း သူတို့မှားယွင်းနေကြောင်း သက်သေပြနိုင်ခဲ့သည်။

ဘောလုံးက ဒုတိယအဆင့်မြင့်အထက်တန်းကျောင်း အသင်းသားတစ်ဦးကို  ပေးပြီး ပွဲကိုပြန်စချိန်မှာပဲ  အပိုင်ပုတ်ကာ ဘောလုံးကိုသွင်းခဲ့တာပင်။ သို့သော်၊ ယင်းရှောင်ကျဲ  သည် သူ့ရှေ့တွင် နှစ်စက္ကန့်မျှသာ ပျံဝဲပြီးနောက် ဘောလုံးကို အောင်မြင်စွာ ခိုးယူသွားနိုင်ခဲ့သဖြင့် လှုပ်ရှားသွားပုံက တစ္ဆေသရဲနှင့် တူနေပုံရသည်။

ယင်းရှောင်ကျဲသည်  ပြိုင်ပွဲကွင်းမှာ သူမှလွဲ၍ အခြားမည်သူမျှမရှိသကဲ့သို့ လျှပ်တစ်ပြက်အတွင်း ခုန်ပျံသွားခဲ့သည်။

သူ အေးအေးဆေးဆေး ခုန်တက်သွားပြီး ကြော့မော့သော လက်ချောင်းများဖြင့် လိမ္မော်ရောင် ဘတ်စကတ်ဘောက လေထဲသို့ လှပသော ကွေ့ပတ်မှုကို ဖန်တီးလိုက်သည်။

ထို့နောက် ဘတ်စကတ်ဘောသည် တစ်ဖက် ကွင်းထဲသို့ ချက်ချင်းဝင်သွားသည်။

“Woah —”

အားကစားကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ မိန်းကလေးများသည် စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြပြီး သူတို့၏မျက်လုံးများကို မယုံနိုင်ဖြစ်နေကြသည်။

ပိုအရေးကြီးတာက၊ အဲဒါက သုံးမှတ်တန် သွင်းချက်ပင်။

ဒါကြောင့် ဒီဂိုးဟာ ဒုတိယအဆင့်မြင့်အထက်တန်းကျောင်းကို  ဂိုးပြတ်နိုင်ရုံတင်မကဘဲ နောက်တန်းကို တစ်မှတ်အသာနဲ့ ဖြတ်တင်နိုင်ခဲ့ပါတယ်။

ရှန်တ အဖွဲ့အတွက် မူလက စိတ်ပူနေတဲ့လူတွေက စိတ်လှုပ်ရှားစွာ မရယ်မောခင် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြမိသည်။

သခင်လေးကျဲ က ဘတ်စကတ်ဘောမှာ  ဒီလိုကောင်းတယ်ဆိုတာ သူတို့ဘယ်တုန်းကမှ မသိခဲ့ကြဘူး။

သူနဲ့အတူ ဆိုရင် ဘယ်လိုလုပ် ရှုံးနိုင်မှာတဲ့လဲ။

သူတို့အဖွဲ့ရဲ့ စိတ်ဓာတ်တွေ မြင့်တက်လာပြီး ပွဲက ပိုပိုပြီး ပြင်းထန်လာခဲ့ပါတယ်။

ရှန်တဘက် က ဆက်လက် ဂိုးသွင်းခဲ့ပြီး ဒုတိယအဆင့်မြင့်အထက်တန်းကျောင်း အမှတ်တွေ တဖြုတ်ဖြုတ် နောက်ကျ
ကျန်နေခဲ့တော့သည်။

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi
အပိုင္း ၄၆၃ - သူမက လုံးဝ အရွက္ကင္းမဲ့တဲ့သူပဲ။

အန္းဇီရွင္း သည္ သူမေဘးကေကာင္မေလးကို ရွက္ကိုးရွက္ကန္း စိုက္ၾကည့္ရင္း သူမ၏ ဆံႏြယ္တစ္စကို  နား႐ြက္ေနာက္ဘက္သို႔ အသာေလး ထည့္လိုက္သည္။

“ဒါ… ျဖစ္ႏိုင္ပါ့မလား မသိဘူး။ သူ ပြဲၿပီးတဲ့အထိ နင္တို႔ေစာင့္ႏိုင္မလား"

"အင္  ငါတို႔ ‌နင္ေျပာတဲ့အတိုင္း လုပ္မယ္!"

ထိုအခ်ိန္မွစ၍ ထိုမိန္းကေလးမ်ားသည္ ၿပိဳင္ပြဲအားဂ႐ုမစိုက္ ေတာ့ဘဲ ယင္းေရွာင္က်ဲ ႏွင့္ပတ္သက္ေသာေမးခြန္းမ်ားျဖင့္ အန္းဇီရွင္း အား နားဒုကၡေပးေနခဲ့ေတာ့သည္။

အန္းဇီရွင္း မည္မွ်ယုံၾကည္ခ်က္ရွိေၾကာင္းၾကားေသာအခါ၊ အန္းဇီရွင္း ႏွင့္ ယင္းေရွာင္က်ဲ  တို႔သည္ သူငယ္ခ်င္းမ်ားျဖစ္ၾကသည္ဟု ယုံၾကည္ခ်က္သည္လဲ ပိုမိုခိုင္မာလာေတာ့သည္။

အန္းဇီရွင္း သည္ သူမ၏ အတန္းေဖာ္မ်ား၏ ေခ်ာ့ေမာ့ၿပီး ေျပာျပေပးေနကာ  ဒီလိုမ်ိဳ လူအမ်ား အာ႐ုံစိုက္ခံရတဲ့ ၾကည္ႏူးစဖြယ္ အေနအထားကို သူမ ယခင္က မႀကဳံဖူးေပ။

ထိုအခ်ိန္တြင္ ဟန္ယြင္အာရဲ႕ အေနအထားကေန ခံစားရပုံကို သူမ နားလည္သြားခဲ့သည္။

ယင္းေရွာင္က်ဲ ၏သူငယ္ခ်င္းအျဖစ္ ျမင္လာေသာအခါတြင္ ၊သူမအား စေတြ႕တုန္းကလို ဆက္ဆံမႈအတိုင္း ခံယူရမည္ဆိုလွ်င္၊ သူမသည္ သူ႔ရည္းစားျဖစ္ခဲ့မယ္ဆိုလွ်င္ မည္သို႔ အေလးထား ဆက္ဆံခံရမည္ကို သူမ ေတြးေနမိသည္။

သူမက အရာရာသာၿပီး အခ်စ္ခံရမွာမဟုတ္​ဘူးလား...

အန္းဇီရွင္း သည္ လူတိုင္းက သူမကို ေက်နပ္ေစရန္ မည္သို႔မည္ပုံ  လုပ္ေဆာင္ေပးၾကမည္ကို ေတြးရင္း တိမ္ေပ့္ေရာက္ေနသလို ခံစားရ႐ုံမွတစ္ပါး  တစ္ျခား ‌မေတြးမိေပ။

သူမ၏ ပူပန္မႈႏွင့္ စြဲမက္ဖြယ္ရာ အၾကည့္မ်ားသည္ ယင္းေရွာင္က်ဲေပၚသို႔ ထပ္မံ က်ဆင္းသြားကာ သူပုံရပ္ကို ေနာက္တစ္ႀကိမ္ ေသာ့ခတ္ထားလို မွတ္ယူေနခဲ့မိသည္။

ထိုအခ်ိန္တြင္ မုေရွာင္းေရွာင္သည္ အန္းဇီရွင္း ႏွင့္ တိုက္႐ိုက္ဆန႔္က်င္ဘက္ျဖစ္သည္။

မုေရွာင္းေရွာင္ က မေက်မနပ္ျဖစ္ေနၿပီး အန္းဇီရွင္းဤေနရာတြင္ ရွိေနမည္ဟု သူမ မေတြးမိခဲ့ ။

ဟန္ခ်ီခ်င္ က

"ဒီမိန္းကေလးက ဘာလို႔ ငါတို႔ေက်ာင္းမွာ ေရာက္ေနရတာလဲ။ သူက ဒုတိယ အဆင့္ျမင့္ အထက္တန္းက ေက်ာင္းသူလား။ သူမ ကလုံးဝ အရွက္ကင္းမဲ့တဲ့သူ။ ယင္းေရွာင္က်ဲ  ကို "ေရွာင္က်ဲ " လို႔ ေခၚလိုက္တာ နင္ ၾကားမိလိုက္လား။ငါေတာ့  ၾကားတာ႐ုံနဲ႔တင္ ေကာ္ကလီဆန္မိတယ္!”

ဟန္ခ်ီခ်င္ သည္မုေရွာင္းေရွာင္ ၏မ်က္ႏွာေပၚရွိ  ထူးဆန္းေသာအၾကည့္ကို သူမျမင္မီ စကားအနည္းငယ္ေျပာခဲ့သည္။

"ေရွာင္းေရွာင္?"

ၿပီးေတာ့မွ သူမ တစ္မ်ိဳးတစ္မည္  ေတြေဝေနတဲ့ မုေရွာင္းေရွာင္ကို ပြတ္သပ္လိုက္ၿပီး သူမကို စိုးရိမ္တႀကီး ၾကည့္လိုက္သည္။

"နင္ အဆင္ေျပရဲ႕လား? စိတ္ဆိုး မေနနဲ႔။ ဘာပဲျဖစ္ျဖစ္သူမ၏ အႀကံေတြက  ဘယ္ေလာက္မ်ား ထိေရာက္ႏိုင္မွာလဲ ?  ၾကည့္လိုက္၊ ယင္းေရွာင္က်ဲ  ကေတာင္ သူမကို လ်စ္လ်ဴရႈထားတာ"

မုေရွာင္းေရွာင္ က မ်က္ေမွာင္ၾကဳတ္ကာ အနည္းငယ္ ေဒါသထြက္ေနတဲ့ ေလသံျဖင့္

"သူမ ေစာေစာက ျပဳမူခဲ့တဲ့ လုပ္ရပ္ေၾကာင့္  ငါ စိတ္မခ်မ္းသာဘူး"

အန္းဇီရွင္းသည္ ယင္းေရွာင္က်ဲကို သူမ ႏွင့္ အလြန္ရင္းႏွီးသူအျဖစ္ ျပဳမူခဲ့ၿပီး လူအမ်ားေရွ႕တြင္ သူ႔ကို အားေပးရန္ ယင္းေရွာင္က်ဲ၏ နာမည္ကို  အတိုေကာက္ ဟစ္ေအာ္ခဲ့သည္။

ထိုအခ်ိန္တြင္ယင္းေရွာင္က်ဲ  သည္ အန္းဇီရွင္း ကို လ်စ္လ်ဴရႈခဲ့သည္။

သို႔ေသာ္ အျခားလူမ်ားက သူမႏွင့္ ယင္းေရွာင္က်ဲ  အၾကားဆက္ဆံေရးကို လြဲမွားစြာ ေတြးေစမည္ျဖစ္သည္။

ဟန္ခ်ီခ်င္ က မုေရွာင္းေရွာင္ကို ဘာေျပာရမွန္းမသိ။ လက္ေမာင္းကိုသာ ေပြ႕ဖက္ထားႏိုင္ၿပီး

“ၿပိဳင္ပြဲကို အရင္ၾကည့္ရေအာင္။ အဲဒါက အခု ပိုအေရးႀကီးတယ္။ မသက္ဆိုင္ေသာအရာေတြကို လ်စ္လ်ဴရႈပလိုက္"

ဟုတ္တယ္! ၿပိဳင္ပြဲကိုၾကည့္ဖို႔ အာ႐ုံစိုက္ထားရင္ သူမဟာ သူမကိုယ္သူ အာ႐ုံေျပာင္းၿပီး စိတ္မခ်မ္းသာစရာေတြကို ေတြးမေနဘဲ ရပ္သြားႏိုင္ပါတယ္။

"မုေရွာင္းေရွာင္၊နင္ ၿပိဳင္ပြဲကို ၾကည့္၊ တျခားဘာကိုမွ မစဥ္းစားနဲ႔ေတာ့!"

ဒီအခ်ိန္မွာ ၿပိဳငပြဲက တကယ္ကို ျပင္းထန္တယ္။

ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္းမွအဖြဲ႕သည္ ယင္းေရွာင္က်ဲ အား ၿပိဳင္သို႔ စတင္ဝင္ေရာက္စဥ္ကပင္  ေဘာလုံး လုခြင့္ မရႏိုင္ဟု ထင္ၾကေပသည္။

အားလုံးက ယင္းေရွာင္က်ဲ သည္ ေန႔စဥ္ဘဝ၏ စည္းစိမ္သာယာမႈကို ခံစား႐ုံမွတပါး ဘာမွမလုပ္တတ္တဲ့ ခ်မ္းသာေသာ လူငယ္တစ္ဦးသာ ျဖစ္ႏိုင္သည္ဟု သူတို႔အားလုံးက ထင္ေနၾကသည္။ သူက ဘတ္စကတ္ေဘာမွာ ဘယ္ေလာက္ေကာင္းႏိုင္မွာတဲ့လဲ။


သို႔ေသာ္ တစ္မိနစ္အတြင္း သူတို႔မွားယြင္းေနေၾကာင္း သက္ေသျပႏိုင္ခဲ့သည္။

ေဘာလုံးက ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္း အသင္းသားတစ္ဦးကို  ေပးၿပီး ပြဲကိုျပန္စခ်ိန္မွာပဲ  အပိုင္ပုတ္ကာ ေဘာလုံးကိုသြင္းခဲ့တာပင္။ သို႔ေသာ္၊ ယင္းေရွာင္က်ဲ  သည္ သူ႔ေရွ႕တြင္ ႏွစ္စကၠန႔္မွ်သာ ပ်ံဝဲၿပီးေနာက္ ေဘာလုံးကို ေအာင္ျမင္စြာ ခိုးယူသြားႏိုင္ခဲ့သျဖင့္ လႈပ္ရွားသြားပုံက တေစၦသရဲႏွင့္ တူေနပုံရသည္။

ယင္းေရွာင္က်ဲသည္  ၿပိဳင္ပြဲကြင္းမွာ သူမွလြဲ၍ အျခားမည္သူမွ်မရွိသကဲ့သို႔ လွ်ပ္တစ္ျပက္အတြင္း ခုန္ပ်ံသြားခဲ့သည္။

သူ ေအးေအးေဆးေဆး ခုန္တက္သြားၿပီး ေၾကာ့ေမာ့ေသာ လက္ေခ်ာင္းမ်ားျဖင့္ လိေမၼာ္ေရာင္ ဘတ္စကတ္ေဘာက ေလထဲသို႔ လွပေသာ ေကြ႕ပတ္မႈကို ဖန္တီးလိုက္သည္။

ထို႔ေနာက္ ဘတ္စကတ္ေဘာသည္ တစ္ဖက္ ကြင္းထဲသို႔ ခ်က္ခ်င္းဝင္သြားသည္။

“Woah —”

အားကစားကြင္းတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲျဖစ္သြားတယ္။ မိန္းကေလးမ်ားသည္ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္ေနၾကၿပီး သူတို႔၏မ်က္လုံးမ်ားကို မယုံႏိုင္ျဖစ္ေနၾကသည္။

ပိုအေရးႀကီးတာက၊ အဲဒါက သုံးမွတ္တန္ သြင္းခ်က္ပင္။

ဒါေၾကာင့္ ဒီဂိုးဟာ ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္းကို  ဂိုးျပတ္ႏိုင္႐ုံတင္မကဘဲ ေနာက္တန္းကို တစ္မွတ္အသာနဲ႔ ျဖတ္တင္ႏိုင္ခဲ့ပါတယ္။

ရွန္တ အဖြဲ႕အတြက္ မူလက စိတ္ပူေနတဲ့လူေတြက စိတ္လႈပ္ရွားစြာ မရယ္ေမာခင္ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ေနၾကမိသည္။

သခင္ေလးက်ဲ က ဘတ္စကတ္ေဘာမွာ  ဒီလိုေကာင္းတယ္ဆိုတာ သူတို႔ဘယ္တုန္းကမွ မသိခဲ့ၾကဘူး။

သူနဲ႔အတူ ဆိုရင္ ဘယ္လိုလုပ္ ရႈံးႏိုင္မွာတဲ့လဲ။

သူတို႔အဖြဲ႕ရဲ႕ စိတ္ဓာတ္ေတြ ျမင့္တက္လာၿပီး ပြဲက ပိုပိုၿပီး ျပင္းထန္လာခဲ့ပါတယ္။

ရွန္တဘက္ က ဆက္လက္ ဂိုးသြင္းခဲ့ၿပီး ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္း အမွတ္ေတြ တျဖဳတ္ျဖဳတ္ ေနာက္က်
က်န္ေနခဲ့ေတာ့သည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net