အပိုင်း -၄၆၀

Background color
Font
Font size
Line height

Unicode
အပိုင်း ၄၆၀- ခိုင်မာသော ပိုင်နိုင်မှု

ယင်းရှောင်ကျဲသည် ရှန်တအထက်တန်းကျောင်းတွင် နှစ်အတော်ကြာနေခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကို တစ်ကြိမ်မျှ ထုတ်ဖော်မပြခဲ့ဖူးပေ။

ဒါပေမယ့် အဝတ်အစားတွေဝတ်ထားတဲ့ သူ့ကိုကြည့်ရုံနဲ့ စွဲလန်းတဲ့မိန်းကလေးတွေက သူ အဝတ်တွေကို ချွတ်လိုက်တဲ့အခါ ဘယ်လိုပုံစံနဲ့တူမလဲဆိုတာကို စိတ်ကူးယဉ်နေကြတုန်းပင်။

ဒါပေမယ့် သူတို့ရဲ့ စိတ်ကူးယဉ်မှုတွေက သူတို့ကိုယ်တိုင် မျက်စိနဲ့ မြင်နေရတာနဲ့ ယှဉ်လို့မရနိုင်။

ကောင်မလေးတွေက လက်တွေ့ကျကျ ရူးသွပ်နေကြတာပင်။

ထိုမိန်းကလေးအများစုသည် လုရိချန် ကိုလာတွေ့တာပေမယ့် အခု  အရေးမကြီးတော့။

ဒါပေမယ့် ယင်းရှောင်ကျဲ ရဲ့ ပြီးပြည့်စုံတဲ့ မော်ဒယ်လ်လို ကိုယ်ခန္ဓာ၊ သူ့ရဲ့ သန်မာတဲ့ လက်မောင်းတွေ၊ နှုတ်ခမ်းသားတွေ၊ ဗိုက်ကြွက်သားတွေနဲ့ သူ့ရဲ့ အံ့သြစရာကောင်းတဲ့ အသားအရေအရောင်ကို ဒီနေ့ အကုန်တွေ့မြင်လိုက်ရသည်။ ။

ကောင်မလေးတွေက သူ့ကို  ပြေးနမ်းချင် နေတာကြောင့် မတားနိုင်တော့မယ့် ဝံပုလွေတွေ ဖြစ်သွားလုနီးပါး ဖြစ်သွားတယ်။

ဒုတိယအဆင့်မြင့်အထက်တန်းကျောင်းမှ ကောင်မလေးများပင်လျှင် စွဲလန်းစွာ ခေါင်းညိတ်လိုက်ကြသည်။ မျက်တောင်တောင်မခတ်ဘဲ ယင်းရှောင်ကျဲကို စိုက်ကြည့်ရင်း ချစ်မိသွားကြသည်။

သူ့တီရှပ်အင်္ကျီကို ကိုင်ရင်း  အားပေးသူတွေ ထိုင်နေတဲ့ ထိုင်ခုံလက်ရန်းတွေဆီသို့ လျှောက်လာရင်း ယင်းရှောင်ကျဲ  ပြုံးလိုက်သည်။ သူ တီရှပ်ကို လွှင့်ပစ်လိုက်ပေမယ့်  မုရှောင်းရှောင် ၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။

“ငါ့ကို စောင့်‌နေ”

လို့ သူ့ရဲ့ ပြောနေကျ သံလိုက်လိုလေသံနဲ့ ပြောလိုက်သည်။

ဒီအချိန်မှာ ယင်းရှောင်ကျဲ ရဲ့ လှုပ်ရှားမှုတိုင်းဟာ စွဲမက်ဖယ်ကောင်းပြီး ချစ်ချင်စရာကောင်းလွန်းတာကြောင့် မိန်းကလေးတွေရဲ့ အော်သံတွေ  က ညံခနဲ ထွက်ပေါ်လာခဲ့သည်။

သို့သော် သူ့ရှပ်အင်္ကျီကို မုရှောင်းရှောင် ထံ အမှန်တကယ် လွှင့်ပစ်လိုက်သည်ကို မြင်လိုက်ရသဖြင့် မိန်းကလေးများသည် မုရှောင်းရှောင်ကို ချက်ချင်းပဲ  မနာလို မုန်းတီးသွားကြသည်။

သခင်လေးကျဲ ရဲ့ အဝတ်အစား။

ငါတို့လဲ လိုချင်လိုက်တာ ဘယ်လိုလုပ်ရင် ရနိုင်မလဲ ?

မိန်းကလေးများသည် ယင်းရှောင်ကျဲ၏ရနံ့ကို ရလိုက်တယ်ဆိုတဲ့  စိတ်ကူးဖြင့် စွဲလမ်းခဲ့ကြပြီး မုရှောင်းရှောင် အား ပိုမိုနာကြည်းစွာ စိုက်ကြည့်နေကြသည်။

မုရှောင်းရှောင် သည် သူမ၏ မျက်နှာမှ တီရှပ်ကို ဆွဲဖယ်လိုက်ပြီး သူမ၏ အလိုမကျသော မျက်နှာကို ထုတ်ဖော်လိုက်သည်။

သူမသည် ယင်းရှောင်ကျဲ  ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

သူမက နှုတ်ခမ်းစူပြီး ငြီးတွားရင်း

“နင်ဘာသာနင် ပြိုင်ချင်တာပြိုင်ပေါ့ ၊ ဒါပေမယ့် အဝတ်အစားတွေကို ဘာလို့ချွတ်ရမှာလဲ… လူမိုက်ကောင် အမိုက်စားဖြစ်အောင် သရုပ်ဆောင်ဖို့ပဲ ဂရုစိုက်တယ်။ * ကောင်!"

သူမရေရွတ်သံကိုကြားသောအခါ ဟန်ချီချင်ပြုံးလိုက်သည်။
"ရှောင်းရှောင် နင်  မနာလို မဖြစ်ဘူးလား"

"ဘာလို့ မနာလိုဖြစ်ရမှာလဲ!"

မုရှောင်းရှောင် က သူမကို ပြန်ပက်သည်။

သို့သော် ထိုအချိန်တွင် သူမသည် ယင်းရှောင်ကျဲ ၏ ကိုယ်လုံးတီး အပေါ်ပိုင်းကို မမြင်နိုင်စေရန် မိန်းကလေးများ၏ မျက်လုံးများကို ဖုံးကွယ်ထားရန် ဆန္ဒရှိခဲ့သည်။

မုရှောင်းရှောင် သည် အတွင်းပိုင်းတွင် ပို၍ စိတ်ချဉ်လာသလို ခံစားလာရသည်။

ယင်းရှောင်ကျဲ  ရဲ့ ပိုင်ဆိုင်မှုတွေက ဒီလောက်တောင် အားကောင်းနေပြီဆိုတာ သူမ မသိခဲ့။

တခြားမိန်းကလေးတွေက သူ့ခန္ဓာကိုယ်ကို ကြည့်နေတာကို မြင်လိုက်ရလို့ ဒေါသပါ ဖြစ်လာသည်။

"ချီချင်၊ မကြည့်နဲ့!"

မုရှောင်းရှောင် က ဟန်ချီချင် ရဲ့ မျက်လုံးတွေကို ဖုံးဖို့ သူမလက်ကို ဆန့်တန်းရင်း တုန်တုန်ယင်ယင်နဲ့ ပြောလိုက်မိသညခ။

ဟန်ချီချင် က

"နင် ငါ့ကို မနာလိုဖြစ်‌နေတယ် မဟုတ်ဘူးလား"

"နင် ကြည့်ချင်ရင် လုရိချန် ကိုကြည့်၊ နင် သူ့ကို မကြိုက်ဘူးလား"

ဒါကိုကြားတော့ ဟန်ချီချင် က သက်ပြင်းချပြီး

“ငါ ကြည့်ချင်ပါတယ်၊ ဒါပေမယ့် သူက ငါ့ကို ကြည့်ခွင့်ပေးဖို့ သူ့အဝတ်အစားတွေကို ချွတ်မှာ မဟုတ်ဘူး။ ငါ ဘာများလုပ်နိုင်မှာတဲ့လဲ…"

သူမတို့ပြောနေကြသည့်နောက်တွင် အခြားမိန်းကလေးများထံမှ အသံများ ကျယ်လောင်ထွက်ပေါ်လာကာ ရင်ခုန်သံများက မထိန်းသိမ်းနိုင်တော့ပေ။

"ဘုရားရေ! ဒီ​နေ့​ရရောက်လာတာ လုံးဝတန်​တယ်​။ သခင်လေးကျဲရဲ့ ကိုယ်ကို တကယ်တွေ့လိုက်ရတာ။ ငါရူးတော့မယ်! ငါရူးတော့မယ်!"


"သခင်လေးကျဲမှာ  အရမ်းမိုက်တဲ့ ခန္ဓာကိုယ်ရှိတယ်။
ငါဘာလုပ်သင့်လဲ? ငါ သူ့ကို  ပြေးဖက်လိုက်ချင်တယ်!”

“မြန်မြန်၊ မြန်မြန် ဖုန်းနဲ့ ဓာတ်ပုံရိုက်။ အဲဒီလိုဆို နင် ဒါကို ညတိုင်း စိုက်ကြည့်နိုင်ပြီး သခင်လေးကျဲကိုတောင် အိပ်မက်ထဲ ထည့်မက်နိုင်တယ်။"

"အဟမ်း! ငါလဲ လိုချင်တယ်! ငါလဲ လိုချင်တယ်! အိပ်မက်ထဲမှာ နမ်းလို့ရချင်တယ်!”

ထိုစကားများကို ကြားလိုက်ရသည်နှင့်၊ မုရှောင်းရှောင် ၏ အလင်းတန်းများသည် ယင်းရှောင်ကျဲ  အပေါ် ပို၍ပင် ဒေါသကြီးစွာဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လာသည်။

သူမ ချက်ချင်းပဲ မတ်တပ်ထရပ်ကာ  ပြိုင်ကွဲကွင်းထဲ သွားတဲ့ လမ်းအတိုင်း ပြေးကာ ယင်းရှောင်ကျဲ အား

“ဟေး! ယင်းရှောင်ကျဲ !"

ယင်းရှောင်ကျဲကတော့ မတ်တပ်ရပ်လိုက်ကာ  သူတီရှပ်တစ်ထည်၀တ်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသည်။

"ကျန်တာတွေ ထားလိုက်! ငါ ပြောတာကြားရဲ့လား?"

မုရှောင်းရှောင် က အသံကျယ်ကြီးဖြင့်  အော်လိုက်သည်။

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi
အပိုင္း ၄၆၀- ခိုင္မာေသာ ပိုင္ႏိုင္မႈ

ယင္းေရွာင္က်ဲသည္ ရွန္တအထက္တန္းေက်ာင္းတြင္ ႏွစ္အေတာ္ၾကာေနခဲ့ေသာ္လည္း သူ႔ခႏၶာကိုယ္ကို တစ္ႀကိမ္မွ် ထုတ္ေဖာ္မျပခဲ့ဖူးေပ။

ဒါေပမယ့္ အဝတ္အစားေတြဝတ္ထားတဲ့ သူ႔ကိုၾကည့္႐ုံနဲ႔ စြဲလန္းတဲ့မိန္းကေလးေတြက သူ အဝတ္ေတြကို ခြၽတ္လိုက္တဲ့အခါ ဘယ္လိုပုံစံနဲ႔တူမလဲဆိုတာကို စိတ္ကူးယဥ္ေနၾကတုန္းပင္။

ဒါေပမယ့္ သူတို႔ရဲ႕ စိတ္ကူးယဥ္မႈေတြက သူတို႔ကိုယ္တိုင္ မ်က္စိနဲ႔ ျမင္ေနရတာနဲ႔ ယွဥ္လို႔မရႏိုင္။

ေကာင္မေလးေတြက လက္ေတြ႕က်က် ႐ူးသြပ္ေနၾကတာပင္။

ထိုမိန္းကေလးအမ်ားစုသည္ လုရိခ်န္ ကိုလာေတြ႕တာေပမယ့္ အခု  အေရးမႀကီးေတာ့။

ဒါေပမယ့္ ယင္းေရွာင္က်ဲ ရဲ႕ ၿပီးျပည့္စုံတဲ့ ေမာ္ဒယ္လ္လို ကိုယ္ခႏၶာ၊ သူ႔ရဲ႕ သန္မာတဲ့ လက္ေမာင္းေတြ၊ ႏႈတ္ခမ္းသားေတြ၊ ဗိုက္ႂကြက္သားေတြနဲ႔ သူ႔ရဲ႕ အံ့ၾသစရာေကာင္းတဲ့ အသားအေရအေရာင္ကို ဒီေန႔ အကုန္ေတြ႕ျမင္လိုက္ရသည္။ ။

ေကာင္မေလးေတြက သူ႔ကို  ေျပးနမ္းခ်င္ ေနတာေၾကာင့္ မတားႏိုင္ေတာ့မယ့္ ဝံပုေလြေတြ ျဖစ္သြားလုနီးပါး ျဖစ္သြားတယ္။

ဒုတိယအဆင့္ျမင့္အထက္တန္းေက်ာင္းမွ ေကာင္မေလးမ်ားပင္လွ်င္ စြဲလန္းစြာ ေခါင္းညိတ္လိုက္ၾကသည္။ မ်က္ေတာင္ေတာင္မခတ္ဘဲ ယင္းေရွာင္က်ဲကို စိုက္ၾကည့္ရင္း ခ်စ္မိသြားၾကသည္။

သူ႔တီရွပ္အက်ႌကို ကိုင္ရင္း  အားေပးသူေတြ ထိုင္ေနတဲ့ ထိုင္ခုံလက္ရန္းေတြဆီသို႔ ေလွ်ာက္လာရင္း ယင္းေရွာင္က်ဲ  ၿပဳံးလိုက္သည္။ သူ တီရွပ္ကို လႊင့္ပစ္လိုက္ေပမယ့္  မုေရွာင္းေရွာင္ ၏ ေခါင္းေပၚသို႔ က်ေရာက္သြားသည္။

“ငါ့ကို ေစာင့္‌ေန”

လို႔ သူ႔ရဲ႕ ေျပာေနက် သံလိုက္လိုေလသံနဲ႔ ေျပာလိုက္သည္။

ဒီအခ်ိန္မွာ ယင္းေရွာင္က်ဲ ရဲ႕ လႈပ္ရွားမႈတိုင္းဟာ စြဲမက္ဖယ္ေကာင္းၿပီး ခ်စ္ခ်င္စရာေကာင္းလြန္းတာေၾကာင့္ မိန္းကေလးေတြရဲ႕ ေအာ္သံေတြ  က ညံခနဲ ထြက္ေပၚလာခဲ့သည္။

သို႔ေသာ္ သူ႔ရွပ္အက်ႌကို မုေရွာင္းေရွာင္ ထံ အမွန္တကယ္ လႊင့္ပစ္လိုက္သည္ကို ျမင္လိုက္ရသျဖင့္ မိန္းကေလးမ်ားသည္ မုေရွာင္းေရွာင္ကို ခ်က္ခ်င္းပဲ  မနာလို မုန္းတီးသြားၾကသည္။

သခင္ေလးက်ဲ ရဲ႕ အဝတ္အစား။

ငါတို႔လဲ လိုခ်င္လိုက္တာ ဘယ္လိုလုပ္ရင္ ရႏိုင္မလဲ ?

မိန္းကေလးမ်ားသည္ ယင္းေရွာင္က်ဲ၏ရနံ႔ကို ရလိုက္တယ္ဆိုတဲ့  စိတ္ကူးျဖင့္ စြဲလမ္းခဲ့ၾကၿပီး မုေရွာင္းေရွာင္ အား ပိုမိုနာၾကည္းစြာ စိုက္ၾကည့္ေနၾကသည္။

မုေရွာင္းေရွာင္ သည္ သူမ၏ မ်က္ႏွာမွ တီရွပ္ကို ဆြဲဖယ္လိုက္ၿပီး သူမ၏ အလိုမက်ေသာ မ်က္ႏွာကို ထုတ္ေဖာ္လိုက္သည္။

သူမသည္ ယင္းေရွာင္က်ဲ  ကို ေဒါသတႀကီး စိုက္ၾကည့္ေနသည္။

သူမက ႏႈတ္ခမ္းစူၿပီး ၿငီးတြားရင္း

“နင္ဘာသာနင္ ၿပိဳင္ခ်င္တာၿပိဳင္ေပါ့ ၊ ဒါေပမယ့္ အဝတ္အစားေတြကို ဘာလို႔ခြၽတ္ရမွာလဲ… လူမိုက္ေကာင္ အမိုက္စားျဖစ္ေအာင္ သ႐ုပ္ေဆာင္ဖို႔ပဲ ဂ႐ုစိုက္တယ္။ * ေကာင္!"

သူမေရ႐ြတ္သံကိုၾကားေသာအခါ ဟန္ခ်ီခ်င္ၿပဳံးလိုက္သည္။
"ေရွာင္းေရွာင္ နင္  မနာလို မျဖစ္ဘူးလား"

"ဘာလို႔ မနာလိုျဖစ္ရမွာလဲ!"

မုေရွာင္းေရွာင္ က သူမကို ျပန္ပက္သည္။

သို႔ေသာ္ ထိုအခ်ိန္တြင္ သူမသည္ ယင္းေရွာင္က်ဲ ၏ ကိုယ္လုံးတီး အေပၚပိုင္းကို မျမင္ႏိုင္ေစရန္ မိန္းကေလးမ်ား၏ မ်က္လုံးမ်ားကို ဖုံးကြယ္ထားရန္ ဆႏၵရွိခဲ့သည္။

မုေရွာင္းေရွာင္ သည္ အတြင္းပိုင္းတြင္ ပို၍ စိတ္ခ်ဥ္လာသလို ခံစားလာရသည္။

ယင္းေရွာင္က်ဲ  ရဲ႕ ပိုင္ဆိုင္မႈေတြက ဒီေလာက္ေတာင္ အားေကာင္းေနၿပီဆိုတာ သူမ မသိခဲ့။

တျခားမိန္းကေလးေတြက သူ႔ခႏၶာကိုယ္ကို ၾကည့္ေနတာကို ျမင္လိုက္ရလို႔ ေဒါသပါ ျဖစ္လာသည္။

"ခ်ီခ်င္၊ မၾကည့္နဲ႔!"

မုေရွာင္းေရွာင္ က ဟန္ခ်ီခ်င္ ရဲ႕ မ်က္လုံးေတြကို ဖုံးဖို႔ သူမလက္ကို ဆန႔္တန္းရင္း တုန္တုန္ယင္ယင္နဲ႔ ေျပာလိုက္မိသညခ။

ဟန္ခ်ီခ်င္ က

"နင္ ငါ့ကို မနာလိုျဖစ္‌ေနတယ္ မဟုတ္ဘူးလား"

"နင္ ၾကည့္ခ်င္ရင္ လုရိခ်န္ ကိုၾကည့္၊ နင္ သူ႔ကို မႀကိဳက္ဘူးလား"

ဒါကိုၾကားေတာ့ ဟန္ခ်ီခ်င္ က သက္ျပင္းခ်ၿပီး

“ငါ ၾကည့္ခ်င္ပါတယ္၊ ဒါေပမယ့္ သူက ငါ့ကို ၾကည့္ခြင့္ေပးဖို႔ သူ႔အဝတ္အစားေတြကို ခြၽတ္မွာ မဟုတ္ဘူး။ ငါ ဘာမ်ားလုပ္ႏိုင္မွာတဲ့လဲ…"

သူမတို႔ေျပာေနၾကသည့္ေနာက္တြင္ အျခားမိန္းကေလးမ်ားထံမွ အသံမ်ား က်ယ္ေလာင္ထြက္ေပၚလာကာ ရင္ခုန္သံမ်ားက မထိန္းသိမ္းႏိုင္ေတာ့ေပ။

"ဘုရားေရ! ဒီ​ေန႔​ရေရာက္လာတာ လုံးဝတန္​တယ္​။ သခင္ေလးက်ဲရဲ႕ ကိုယ္ကို တကယ္ေတြ႕လိုက္ရတာ။ ငါ႐ူးေတာ့မယ္! ငါ႐ူးေတာ့မယ္!"


"သခင္ေလးက်ဲမွာ  အရမ္းမိုက္တဲ့ ခႏၶာကိုယ္ရွိတယ္။
ငါဘာလုပ္သင့္လဲ? ငါ သူ႔ကို  ေျပးဖက္လိုက္ခ်င္တယ္!”

“ျမန္ျမန္၊ ျမန္ျမန္ ဖုန္းနဲ႔ ဓာတ္ပုံ႐ိုက္။ အဲဒီလိုဆို နင္ ဒါကို ညတိုင္း စိုက္ၾကည့္ႏိုင္ၿပီး သခင္ေလးက်ဲကိုေတာင္ အိပ္မက္ထဲ ထည့္မက္ႏိုင္တယ္။"

"အဟမ္း! ငါလဲ လိုခ်င္တယ္! ငါလဲ လိုခ်င္တယ္! အိပ္မက္ထဲမွာ နမ္းလို႔ရခ်င္တယ္!”

ထိုစကားမ်ားကို ၾကားလိုက္ရသည္ႏွင့္၊ မုေရွာင္းေရွာင္ ၏ အလင္းတန္းမ်ားသည္ ယင္းေရွာင္က်ဲ  အေပၚ ပို၍ပင္ ေဒါသႀကီးစြာျဖင့္ စူးစူးဝါးဝါး စိုက္ၾကည့္လာသည္။

သူမ ခ်က္ခ်င္းပဲ မတ္တပ္ထရပ္ကာ  ၿပိဳင္ကြဲကြင္းထဲ သြားတဲ့ လမ္းအတိုင္း ေျပးကာ ယင္းေရွာင္က်ဲ အား

“ေဟး! ယင္းေရွာင္က်ဲ !"

ယင္းေရွာင္က်ဲကေတာ့ မတ္တပ္ရပ္လိုက္ကာ  သူတီရွပ္တစ္ထည္၀တ္ရန္ ျပင္ဆင္ေနသည္ကို ျမင္လိုက္ရသည္။

"က်န္တာေတြ ထားလိုက္! ငါ ေျပာတာၾကားရဲ႕လား?"

မုေရွာင္းေရွာင္ က အသံက်ယ္ႀကီးျဖင့္  ေအာ္လိုက္သည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net