အပိုင်း - ၄၄၇

Background color
Font
Font size
Line height

Unicode

အပိုင်း ၄၄၇  - ဖော်ထုတ်ခံရ

မျှော်လင့်ထားသည့်အတိုင်း   အစောပိုင်းက ဖျက်လိုက်သော မက်ဆေ့ချ်များအားလုံးသည် ယင်းရှောင်ကျဲထံမှဖြစ်သည်။

မုရှောင်းရှောင် ၏တုံ့ပြန်မှုသည် အနည်းငယ်နှေးကွေးသွားပြီး မက်ဆေ့ချ်မည်မျှရှိသည်ကို သိရန်အတွက်ကိုတောင် အချိန်အတော်ကြာခဲ့သည်။

အကုန် စစ်ပြီးသွားမှပဲ သူမ စိတ်မထိန်းနိုင်လောက်အောင် တုန်လှုပ်သွားပြီး အေးခဲသွားရသည်။

မက်ဆေ့ခ်ျတစ်ထောင်ကျော်?!

မုရှောင်းရှောင် သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။
သူမသည် အရာများကို မြင်နေရပြီဟု ထင်ခဲ့မိသည်။

တစ်ရာ မဟုတ်ဘူးလား?

တစ်​​ထထောင်ကျော်နေတာ ​ဘယ်​လိုဖြစ်​နိုင်​မှာလဲ!

သို့သော် သူမ အကြိမ်ရေ မည်မျှပင် ကြည့်ပါစေ မက်ဆေ့ချ်ပေါင်း တစ်ထောင်ကျော် ရှိခဲ့သည်။

သူမသည်  တစ်ခြားအရာများကို မမြင်တော့။

ကလေးတစ်ယောက်လိုပဲ  အကြိမ်ပေါင်း  စာလုံးကို မရေတွက်သေးသကဲ့သို့  ရေတွက်မိသည်။ တစ်၊ နှစ်၊ သုံး၊ လေး။ ဂဏန်း လေးလုံး ရှိသည် ။ အဲဒီတော့  မက်ဆေ့ချ် တစ်ထောင်ကျော်ရှိခဲ့တယ်ပေါ့ ။

သူမအနားတွင် ယင်းရှောင်ကျဲ  သည် သူမ၏အမူအရာကို စောင့်ကြည့်နေပြီး သူမသည် ထူးထူးခြားခြား ပြုမူနေသည်ဟု လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်ခု ခံစားလိုက်ရသည်။

မက်ဆေ့ချ်တွေ အားလုံးကို မဖျက်မိဘဲ ချန်ထားခဲ့တာများ ရှိနေလို့လား 0?

"မရှောင်းရှောင် မင်းဘာကြည့်နေတာလဲ။အရင် စားသင့်တယ်"

ယင်းရှောင်ကျဲ  က သူမလုပ်နေတာတွေကို ခိုးကြည့်ဖို့ တမင်တကာ စောင်းငဲ့ကြည့်ရင်း ပြောလိုက်ပါတယ်။

မုရှောင်းရှောင် သည် ယခုတစ်ကြိမ်တွင် သူမ၏ပတ်ဝန်းကျင်ကို အလွန်အကဲဆတ်ပြီး ဖုန်းစခရင်ကို အမြန်ပိတ်လိုက်ကာ  စားပွဲပေါ်မှောက်ချလိုက်သည်။

"စားရအောင်၊ စားရအောင်"

သူမရဲ့အမူအရာက သူမဘာတွေလုပ်နေတယ်ဆိုတာကို သဲလွန်စ သေးသေးလေးတောင် မပြခဲ့င။

သို့သော်၊ ယင်းရှောင်ကျဲ  သည် ဤမိန်းကလေး၏ နှုတ်ခမ်းထောင့်စွန်းတွင် တွန့်လိမ်ကောက်ကွေးဖြစ်နေကြောင်း သတိပြုမိပြီး သူမသည် မပြုံးမိရန်ကြိုးစားနေပုံက အရမ်းပေါ် လွင်လွန်းသည်။

သူမ ဘာကြည့်နေတာလဲ။ ဘယ်အရာက သူမကို ဒီလောက်ပျော်ရွှင်သွားစေတာလဲ။

စုန့်ရှီကျွင်း က သူတို့နှစ်ယောက်လုံးကို လျစ်လျူရှုပြီး သူ့ဗိုက်ကိုယ်သူ ဖြည့်တင်းဖို့ လုပ်နေတော့သည်။

ခဏနေတော့ တံခါးက တဒုန်းဒုန်းနဲ့ ပွင့်လာကာ

"နင်တို့ ငါ့ကိုဘာလို့မစောင့်တာလဲ!"

ဟန်ချီချင် က သူတို့ကို မကျေမနပ်ဖြစ်နေပုံရသည်။

သူမသည် စုန့်ရှီကျွင်း ဆီသို့ လျှောက်သွားကာ သူ့အနားတွင် ထိုင်ချလိုက်သည်။

မုရှောင်းရှောင် သည် ငါးတစ်ပိုင်းကို ကောက်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဟန်ချီချင်ကိုကြည့်ကာ

"တစ်စုံတစ်ယောက်က သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို သူတို့ရဲ့သူငယ်ချင်းတွေထက် တန်ဖိုးထားတယ်၊ ဒါကြောင့် သူမကို ငါတို့မေ့ပြီး မဖိတ်ထားဘူးလို့ ငါတို့ထင်ခဲ့တာ။"

ဟန်ချီချင် ၏မျက်နှာသည်  ထိုစကားကြောင့် အနည်းငယ်နီနေ၏။

"ရှောင်းရှောင်! နင် ဘယ်အကြောင်းပြောနေတာလဲ! နင် ဘာလို့ အမေရိကကို ရုတ်တရက်ထွက်ပြေးတာလဲလို့တောင် ငါမမေးရပါဘူး။ နင့်ကိုရှာဖို့ ငါတို့ကြိုးစားရတာ  City A  တစ်ခုလုံး
ကို ဇောက်ထိုးလှန်မိလုနီးပါးပဲ”

မုရှောင်းရှောင် က ဟန်ချီချင်ရဲ့ ဦးတည်ချက်ကို ပြောင်းဖို့ သူမရဲ့ ဓားချောင်းတွေကို အသုံးပြုလိုက်တယ်။

“အကြောင်းအရာကို မပြောင်းပါနဲ့။ နင့် အကြောင်းပြောနေတာ ငါ့ အကြောင်း မဟုတ်ဘူး"

ဟန်ချီချင် က ပြုံးပြီး

"ငါ့ အကြောင်းက ဘာစိတ်ဝင်စားစရာ ကောင်းလို့လဲ။
ငါဘာမှမဖြစ်ခဲ့ဘူး ဒါပေမယ့် နင်နဲ့ ယင်းရှောင်ကျဲ  ကြားက ဇာတ်လမ်းက တကယ်ကိုပဲ အကြီးကြီးဖြစ်ရမယ်။ သူ ဘယ်လိုနင့်ကို တိုက်ခိုက်ပြီး နင်ဘယ်လိုပြန်အနိုင်ယူခဲ့လဲ ဆိုတာ ငါ့ကို မြန်မြန်ပြော။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက  ဘာတွေဖြစ်ခဲ့တာလဲ။ ငါ့ကိုအမှန်အတိုင်းပြောပြလို့။ ငါတကယ်သိချင်တယ်ဆို !"

စုန့်ရှီကျွင်း က လဲ မနေနိုင်ဘဲ သဘောတူလိုက်မိသည်။ လည်ပင်းကြီးကို ကွေးပြီး မုရှောင်းရှောင် ကိုကြည့်နေတာက  သူ့အမူအရာက စူးစမ်းလိုစိတ်အပြည့်ဖြင့် ..….

"အင်း ဟုတ်သားပဲ၊ ဒီရက်အနည်းငယ်အတွင်းမှာ မင်းတို့ ဘာတွေလုပ်နေတာလဲ။ ငါတို့ကို မြန်မြန်ပြောပြ။"


"နင့်သားကိုပဲ ပြောပြလိုက် .... မြန်မြန်စား!”

မုရှောင်းရှောင် သည် မျက်လုံးများကို မှိတ်လိုက်ပြီး လျစ်လျူရှုလိုက်သည်။

ဟန်ချီချင် သည် အကြောင်းအရာကို ပြောင်းလဲနိုင်ခဲ့သောကြောင့် သူမသည် နောက်ထပ်မစတော့ဘဲ စတင်စားသောက်ခဲ့သည်။

နေ့လည်စာစားပြီး

မုရှောင်းရှောင် သည် ဟန်ချီချင်ကို အနီးနားရှိ ဆိုဖာပေါ်သို့ ဆွဲတင်လိုက်ပြီး သူမအား မညှာမတာ စစ်ဆေးမေးမြန်းတော့သည်။

"ဒါဆို စုန့်ရှီကျွင်း ရဲ့ အဆိုအရ မင်းက လုရိချန်နဲ့ မကြာသေးခင်ကတည်းက  တွဲသွားတွဲလာနေတာလား။ နင်တို့ကြားက တိုးတက်မှုက ဘယ်လိုလဲ? "

“အဲဒါက …ဒီလိုပါပဲ။ ငါတို့က သူငယ်ချင်းတွေလိုပဲလေ။"

ဟန်ချီချင်က ဒီလိုပြောပေမယ့် သူမရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုတွေဖြင့်  တောက်ပနေဆဲပင်။

မုရှောင်းရှောင် က သူမကို ရိသဲ့သဲ့ ပွတ်သပ်လိုက်သည်။

“အဲဒီတုန်းက နင့်မှာ မျှော်လင့်ချက်ရှိပုံရတယ်။မကြာခင် နင် ငါတို့ရဲ့ ထိပ်တန်းကျောင်းသားလေးကို အိတ်ထဲထည့်နိုင်တော့မယ်ပေါ့"

ဒါကိုကြားတော့ ဟန်ချီချင် သက်ပြင်းချလိုက်တယ်။

“စောလွန်းပါသေးတယ်။ သူ ငါ့ရဲ့အကူအညီကို လက်ခံနေပေမယ့်... သူက ငါကို သာမန်သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပြီး ခပ်ဝေးဝေးမှာပဲ  ရှိနေသေးတယ်”

ထို့ကြောင့် လုရိချန် ကို အနိုင်ယူရန် အချိန်မည်မျှ ကြာမည်ကို သူမ အမှန်တကယ် မသိခဲ့ပေ။

မုရှောင်းရှောင် က သူမကို လက်သီးဆုပ်ပြီး အားပေးကာ

"ဆန္ဒသာရှိရင်  နည်းလမ်းတစ်ခုလဲ အမြဲ‌တော့ ရှိတယ်!"

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi
အပိုင္း ၄၄၇  - ေဖာ္ထုတ္ခံရ

ေမွ်ာ္လင့္ထားသည့္အတိုင္း   အေစာပိုင္းက ဖ်က္လိုက္ေသာ မက္ေဆ့ခ်္မ်ားအားလုံးသည္ ယင္းေရွာင္က်ဲထံမွျဖစ္သည္။

မုေရွာင္းေရွာင္ ၏တုံ႔ျပန္မႈသည္ အနည္းငယ္ေႏွးေကြးသြားၿပီး မက္ေဆ့ခ်္မည္မွ်ရွိသည္ကို သိရန္အတြက္ကိုေတာင္ အခ်ိန္အေတာ္ၾကာခဲ့သည္။

အကုန္ စစ္ၿပီးသြားမွပဲ သူမ စိတ္မထိန္းႏိုင္ေလာက္ေအာင္ တုန္လႈပ္သြားၿပီး ေအးခဲသြားရသည္။

မက္ေဆ့ခ္်တစ္ေထာင္ေက်ာ္?!

မုေရွာင္းေရွာင္ သူမ၏မ်က္လုံးမ်ားကို ပြတ္သပ္လိုက္သည္။
သူမသည္ အရာမ်ားကို ျမင္ေနရၿပီဟု ထင္ခဲ့မိသည္။

တစ္ရာ မဟုတ္ဘူးလား?

တစ္​​ထေထာင္ေက်ာ္ေနတာ ​ဘယ္​လိုျဖစ္​ႏိုင္​မွာလဲ!

သို႔ေသာ္ သူမ အႀကိမ္ေရ မည္မွ်ပင္ ၾကည့္ပါေစ မက္ေဆ့ခ်္ေပါင္း တစ္ေထာင္ေက်ာ္ ရွိခဲ့သည္။

သူမသည္  တစ္ျခားအရာမ်ားကို မျမင္ေတာ့။

ကေလးတစ္ေယာက္လိုပဲ  အႀကိမ္ေပါင္း  စာလုံးကို မေရတြက္ေသးသကဲ့သို႔  ေရတြက္မိသည္။ တစ္၊ ႏွစ္၊ သုံး၊ ေလး။ ဂဏန္း ေလးလုံး ရွိသည္ ။ အဲဒီေတာ့  မက္ေဆ့ခ်္ တစ္ေထာင္ေက်ာ္ရွိခဲ့တယ္ေပါ့ ။

သူမအနားတြင္ ယင္းေရွာင္က်ဲ  သည္ သူမ၏အမူအရာကို ေစာင့္ၾကည့္ေနၿပီး သူမသည္ ထူးထူးျခားျခား ျပဳမူေနသည္ဟု လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ ခံစားမႈတစ္ခု ခံစားလိုက္ရသည္။

မက္ေဆ့ခ်္ေတြ အားလုံးကို မဖ်က္မိဘဲ ခ်န္ထားခဲ့တာမ်ား ရွိေနလို႔လား 0?

"မေရွာင္းေရွာင္ မင္းဘာၾကည့္ေနတာလဲ။အရင္ စားသင့္တယ္"

ယင္းေရွာင္က်ဲ  က သူမလုပ္ေနတာေတြကို ခိုးၾကည့္ဖို႔ တမင္တကာ ေစာင္းငဲ့ၾကည့္ရင္း ေျပာလိုက္ပါတယ္။

မုေရွာင္းေရွာင္ သည္ ယခုတစ္ႀကိမ္တြင္ သူမ၏ပတ္ဝန္းက်င္ကို အလြန္အကဲဆတ္ၿပီး ဖုန္းစခရင္ကို အျမန္ပိတ္လိုက္ကာ  စားပြဲေပၚေမွာက္ခ်လိုက္သည္။

"စားရေအာင္၊ စားရေအာင္"

သူမရဲ႕အမူအရာက သူမဘာေတြလုပ္ေနတယ္ဆိုတာကို သဲလြန္စ ေသးေသးေလးေတာင္ မျပခဲ့င။

သို႔ေသာ္၊ ယင္းေရွာင္က်ဲ  သည္ ဤမိန္းကေလး၏ ႏႈတ္ခမ္းေထာင့္စြန္းတြင္ တြန႔္လိမ္ေကာက္ေကြးျဖစ္ေနေၾကာင္း သတိျပဳမိၿပီး သူမသည္ မၿပဳံးမိရန္ႀကိဳးစားေနပုံက အရမ္းေပၚ လြင္လြန္းသည္။

သူမ ဘာၾကည့္ေနတာလဲ။ ဘယ္အရာက သူမကို ဒီေလာက္ေပ်ာ္႐ႊင္သြားေစတာလဲ။

စုန႔္ရွီကြၽင္း က သူတို႔ႏွစ္ေယာက္လုံးကို လ်စ္လ်ဴရႈၿပီး သူ႔ဗိုက္ကိုယ္သူ ျဖည့္တင္းဖို႔ လုပ္ေနေတာ့သည္။

ခဏေနေတာ့ တံခါးက တဒုန္းဒုန္းနဲ႔ ပြင့္လာကာ

"နင္တို႔ ငါ့ကိုဘာလို႔မေစာင့္တာလဲ!"

ဟန္ခ်ီခ်င္ က သူတို႔ကို မေက်မနပ္ျဖစ္ေနပုံရသည္။

သူမသည္ စုန႔္ရွီကြၽင္း ဆီသို႔ ေလွ်ာက္သြားကာ သူ႔အနားတြင္ ထိုင္ခ်လိုက္သည္။

မုေရွာင္းေရွာင္ သည္ ငါးတစ္ပိုင္းကို ေကာက္ယူၿပီး ပါးစပ္ထဲသို႔ ထည့္လိုက္သည္။ ဟန္ခ်ီခ်င္ကိုၾကည့္ကာ

"တစ္စုံတစ္ေယာက္က သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာေတြကို သူတို႔ရဲ႕သူငယ္ခ်င္းေတြထက္ တန္ဖိုးထားတယ္၊ ဒါေၾကာင့္ သူမကို ငါတို႔ေမ့ၿပီး မဖိတ္ထားဘူးလို႔ ငါတို႔ထင္ခဲ့တာ။"

ဟန္ခ်ီခ်င္ ၏မ်က္ႏွာသည္  ထိုစကားေၾကာင့္ အနည္းငယ္နီေန၏။

"ေရွာင္းေရွာင္! နင္ ဘယ္အေၾကာင္းေျပာေနတာလဲ! နင္ ဘာလို႔ အေမရိကကို ႐ုတ္တရက္ထြက္ေျပးတာလဲလို႔ေတာင္ ငါမေမးရပါဘူး။ နင့္ကိုရွာဖို႔ ငါတို႔ႀကိဳးစားရတာ  City A  တစ္ခုလုံး
ကို ေဇာက္ထိုးလွန္မိလုနီးပါးပဲ”

မုေရွာင္းေရွာင္ က ဟန္ခ်ီခ်င္ရဲ႕ ဦးတည္ခ်က္ကို ေျပာင္းဖို႔ သူမရဲ႕ ဓားေခ်ာင္းေတြကို အသုံးျပဳလိုက္တယ္။

“အေၾကာင္းအရာကို မေျပာင္းပါနဲ႔။ နင့္ အေၾကာင္းေျပာေနတာ ငါ့ အေၾကာင္း မဟုတ္ဘူး"

ဟန္ခ်ီခ်င္ က ၿပဳံးၿပီး

"ငါ့ အေၾကာင္းက ဘာစိတ္ဝင္စားစရာ ေကာင္းလို႔လဲ။
ငါဘာမွမျဖစ္ခဲ့ဘူး ဒါေပမယ့္ နင္နဲ႔ ယင္းေရွာင္က်ဲ  ၾကားက ဇာတ္လမ္းက တကယ္ကိုပဲ အႀကီးႀကီးျဖစ္ရမယ္။ သူ ဘယ္လိုနင့္ကို တိုက္ခိုက္ၿပီး နင္ဘယ္လိုျပန္အႏိုင္ယူခဲ့လဲ ဆိုတာ ငါ့ကို ျမန္ျမန္ေျပာ။ ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္းက  ဘာေတြျဖစ္ခဲ့တာလဲ။ ငါ့ကိုအမွန္အတိုင္းေျပာျပလို႔။ ငါတကယ္သိခ်င္တယ္ဆို !"

စုန႔္ရွီကြၽင္း က လဲ မေနႏိုင္ဘဲ သေဘာတူလိုက္မိသည္။ လည္ပင္းႀကီးကို ေကြးၿပီး မုေရွာင္းေရွာင္ ကိုၾကည့္ေနတာက  သူ႔အမူအရာက စူးစမ္းလိုစိတ္အျပည့္ျဖင့္ ..….

"အင္း ဟုတ္သားပဲ၊ ဒီရက္အနည္းငယ္အတြင္းမွာ မင္းတို႔ ဘာေတြလုပ္ေနတာလဲ။ ငါတို႔ကို ျမန္ျမန္ေျပာျပ။"


"နင့္သားကိုပဲ ေျပာျပလိုက္ .... ျမန္ျမန္စား!”

မုေရွာင္းေရွာင္ သည္ မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး လ်စ္လ်ဴရႈလိုက္သည္။

ဟန္ခ်ီခ်င္ သည္ အေၾကာင္းအရာကို ေျပာင္းလဲႏိုင္ခဲ့ေသာေၾကာင့္ သူမသည္ ေနာက္ထပ္မစေတာ့ဘဲ စတင္စားေသာက္ခဲ့သည္။

ေန႔လည္စာစားၿပီး

မုေရွာင္းေရွာင္ သည္ ဟန္ခ်ီခ်င္ကို အနီးနားရွိ ဆိုဖာေပၚသို႔ ဆြဲတင္လိုက္ၿပီး သူမအား မညႇာမတာ စစ္ေဆးေမးျမန္းေတာ့သည္။

"ဒါဆို စုန႔္ရွီကြၽင္း ရဲ႕ အဆိုအရ မင္းက လုရိခ်န္နဲ႔ မၾကာေသးခင္ကတည္းက  တြဲသြားတြဲလာေနတာလား။ နင္တို႔ၾကားက တိုးတက္မႈက ဘယ္လိုလဲ? "

“အဲဒါက …ဒီလိုပါပဲ။ ငါတို႔က သူငယ္ခ်င္းေတြလိုပဲေလ။"

ဟန္ခ်ီခ်င္က ဒီလိုေျပာေပမယ့္ သူမရဲ႕ မ်က္လုံးေတြက ေပ်ာ္႐ႊင္မႈေတြျဖင့္  ေတာက္ပေနဆဲပင္။

မုေရွာင္းေရွာင္ က သူမကို ရိသဲ့သဲ့ ပြတ္သပ္လိုက္သည္။

“အဲဒီတုန္းက နင့္မွာ ေမွ်ာ္လင့္ခ်က္ရွိပုံရတယ္။မၾကာခင္ နင္ ငါတို႔ရဲ႕ ထိပ္တန္းေက်ာင္းသားေလးကို အိတ္ထဲထည့္ႏိုင္ေတာ့မယ္ေပါ့"

ဒါကိုၾကားေတာ့ ဟန္ခ်ီခ်င္ သက္ျပင္းခ်လိုက္တယ္။

“ေစာလြန္းပါေသးတယ္။ သူ ငါ့ရဲ႕အကူအညီကို လက္ခံေနေပမယ့္... သူက ငါကို သာမန္သူငယ္ခ်င္းတစ္ေယာက္လို ဆက္ဆံၿပီး ခပ္ေဝးေဝးမွာပဲ  ရွိေနေသးတယ္”

ထို႔ေၾကာင့္ လုရိခ်န္ ကို အႏိုင္ယူရန္ အခ်ိန္မည္မွ် ၾကာမည္ကို သူမ အမွန္တကယ္ မသိခဲ့ေပ။

မုေရွာင္းေရွာင္ က သူမကို လက္သီးဆုပ္ၿပီး အားေပးကာ

"ဆႏၵသာရွိရင္  နည္းလမ္းတစ္ခုလဲ အၿမဲ‌ေတာ့ ရွိတယ္!"

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net