အပိုင်း - ၄၂၂

Background color
Font
Font size
Line height

Unicode

အပိုင်း ၄၂၂- သူမအား အကောင်းဆုံး ကာကွယ်မှုပေးထားခြင်း။

မုရှောင်းရှောင်မုကျန်းပို ကို ပွေ့ဖက်ကာ

"ပါးပါး မင်္ဂလာနံနက်ခင်းပါ!"

မုကျန်းပို သည် သူကဲ့ ချစ်မ၀သော သမီးလေးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ကာ ခေါင်းကို ဖွဖွ လေး ပုတ်ပေးရင်  သူ့မျက်လုံးများက သူမကို ချစ်ခြင်းများဖြင့် ပြည့်နှက်နေသည်။

"သမီး နဲ့ ရှောင်ကျဲ  ဒီနေ့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ထားတယ်မလား ?"

ထိုစကားကိုကြားတော့ မုရှောင်းရှောင် သည် မုကျန်းပို ၏ပခုံးပေါ် ခေါင်းကိုမှီထားကာ လမ်းခွဲရန် ဝန်လေးဟန်တူသည်။

“မဟုတ်ဘူး  ပါးပါး  သမီး သူ့ကို ရက်အနည်းငယ်နေခိုင်းလို့ရတယ်…”

မုရှောင်းရှောင်သည် ဖခင်နှင့် ခွဲခွာရန် ဝန်လေးနေခဲ့သည်။

မုရှောင်းရှောင် စိတ်ထိခိုက်ရသောအခါတွင် သူမသည် အိမ်ပြန်ရန်သာ ပထမဆုံး စိတ်ကူးမိသည်။

ဒီအိမ်ကိုပြန်ရောက်တော့ နွေးထွေးမှုများစွာကို ခံစားရတယ်။

သူ့အဖေက သူမကို နွေးထွေးမှုများစွာနဲ့ ဘဝအခက်အခဲတွေနဲ့ ကြုံတိုင်း သူမအတွက် အမိုးအကာတွေ ပေးနိုင်တဲ့ လုံခြုံတဲ့ဆိပ်ကမ်းအိမ်တစ်ခုကိုလည်း ပေးခဲ့တာပင်။

မုကျန်းပို ပြုံးလိုက်သည်။

"လူမိုက်မလေး၊ မင်းက အခု ကျောင်းသားဖြစ်နေပြီ။သမီး  လွန်ခဲ့တဲ့ ရက်အနည်းငယ်က အတန်းကို လွတ်သွားခဲ့ပြီးပြီလေ ။ အတန်းတွေ ဆက်တိုက် မတက်တာက မကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ဆောင်းရာသီအားလပ်ရက်မှာ သမီး ပြန်လာလို့ ရသေးတယ်လေ"

"ဆောင်းရာသီအားလပ်ရက်? အဲဒါက အခုကနေဆို အချိန်အတော်ကြာဦးမှာ ”

မုရှောင်းရှောင် သည် သူ့အဖေ၏ ရင်ခွင်ထဲတွင် ဆိုးပေသော ကလေးတစ်ယောက်လို နှုတ်ခမ်းစူကာ ပူဆာလိုက်သည်။

“မဟုတ် သေးဘူး၊ ဆောင်းရာသီအားလပ်ရက်က အခု နဲ့ အရမ်းဝေးတယ်။ ခရစ္စမတ်ရောက်ရင်ကော ပါးပါး ။ ခရစ္စမတ်မှာ ပါးပါးနဲ့တွေ့ဖို့ပြန်လာမယ် ဟုတ်ပြီလား"

ခရစ္စမတ်အတွက် တရုတ်နိုင်ငံမှာမဟုတ်ပဲ နိုင်ငံရပ်ခြားမှာ အောင်ပွဲခံတဲ့ အငွေ့အသက်တွေလည်း ရှိကြပါတယ်။

ထို့အပြင် ထိုအချိန်တွင် သူမသည် ဟန်ချီချင် နှင့် အဖွဲ့ထဲမှ သူငယ်ချင်း အချို့ကို ခေါ်ဆိုပြီး  နိုင်ငံရပ်ခြားမှာ  အတူတကွ ပျော်ပါးဆော့ကစားနိုင်သည်။

တွေးကြည့်ရုံနဲ့ စိတ်ဝင်စားဖို့ကောင်းတယ်။

မုကျန်းပို ခေါင်းညိတ်လိုက်သည်။

"ဒါဆို ခရစ်စမတ်ရောက်ရင်ပေါ့ "

သူ့စိတ်ထဲတွင် သက်ပြင်းချမိသည်။

သူ့ရဲ သမီးလေးအား စိုက်ကြည့်ရင်း အနက်ရောင် မျက်လုံးများက အဝေးသို့ လွင့်စင်သွားသည်။ ဟုတ်ပါတယ် သူလဲ  သူရဲ့ ချစ်သမီးလေးနဲ့ခွဲဖို့ ဆန္ဒမရှိခဲ့ဘူး။ အကောင်းဆုံးသော အကာအကွယ်ကို ပေးစွမ်းနိုင်စေရန်အတွက် သူမနှင့်သာ  တစ်သက်လုံး အတူနေရန် ဆန္ဒရှိခဲ့သည်။

သို့သော် သူမသည် ကလေးမဟုတ်တော့ ကြီးပြင်းရန် လိုအပ်သည်။

ထို့ကြောင့် မုကျန်းပိုသည် သူမလေးကို ချည်နှောင်မထားနိုင်၊ ဒီို့ထက် ပို၍ သူမကို အလွန်အမင်း  အလိုလိုက်လို့ မရတော့ပေ။

သူမ လ‌ေးကို အပြင်ထွက်ပြီး အရာရာတိုင်းကို ခံစားစေချင်တယ်။

အရေးကြီးဆုံးက သူမအတွက် ဘ၀ကို အတူ ကုန်ဆုံးပေးမယ့်  အခြားတစ်၀က် ဖြစ်လာမည့်သူကို ရှာတွေ့ရန်ဖြစ်သည်။

လမ်းခွဲဖို့ ဝန်လေးတဲ့အခါ အချိန်တွေ ပိုမြန်လာသည်။

နောက်ဆုံးတွင် မုရှောင်းရှောင် နှင့် ယင်းရှောင်ကျဲ  တို့သည် သူတို့အား တရုတ်ပြည်သို့ ပြန်ခေါ်ဆောင်သွားသော လေယာဉ်ပေါ်တက်ခဲ့သည်။

သူတို့ရောက်တုန်းကလိုပဲ သူတို့ရဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ တရုတ်ပြည်ကို ပြန်လာခဲ့ကြတယ်။

မူလက မုကျန်းပို သည် မုရှောင်းရှောင်တို့အား တရုတ်ပြည်သို့ ပြန်ပို့ရန် မု မိသားစု၏ ကိုယ်ပိုင်လေယာဉ်ကို စီစဉ်ခဲ့သော်လည်း အချို့သော အကြောင်းများကြောင့် မုရှောင်းရှောင် က ယင်းမိသားစု၏ လေယာဉ်ကိုသာ  စီးချင်သည် တွန်းအားပေးခဲ့သည်။

နောက်ဆုံးတွင်၊မုရှောင်းရှောင် သူမ၏ဖခင်အား နှုတ်ဆက်ပြီးနောက် ယင်းရှောင်ကျဲ သည် ယင်း မိသားစု၏ ကိုယ်ပိုင်လေယာဉ်ပေါ်တက်စဉ် မုရှောင်းရှောင် ကို ထိန်းထားခဲ့သည်။

တကယ်တော့ ယင်းမိသားစုရဲ့ ကိုယ်ပိုင်လေယာဉ်က မုမိသားစုရဲ့ လေယာဉ်နဲ့ မတူပေ။

ယခင်က မုရှောင်းရှောင် သည် အမေရိကသို့ လေယာဉ်စီးစဉ် ပျံသန်းချိန် ကြာမြင့်လွန်းသောကြောင့် မုကျန်းပိုသည် သူမလေးကို ပိုမိုသက်တောင့်သက်သာရှိစေရန်အတွက် လေယာဉ်ကို အထူးပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။

ကိုယ်ပိုင်လေယာဉ်ကို မုရှောင်းရှောင် အတွက်သာ သုံးသည့်  အထူးလေယာဉ်အဖြစ် ပြုပြင်မွမ်းမံထားသည်ဟု ဆိုနိုင်သည်။

ပရိဘောဂများ နှင့် အပြင်အဆင် အားလုံးကို မုရှောင်းရှောင် စိတ်ကြိုက်ပြင်ဆင်ထားပါသည်။

မုကျန်းပို က သူမလေးကို လေယာဉ်ပေါ်မှာတောင် သက်တောင့်သက်သာရှိစေချင်သလို အိမ်မှာနေသလို  ခံစားရအောင်ပင်။

ယင်း  မိသားစု လေယာဉ်ပေါ်တွင် မုရှောင်းရှောင်  လှည့်ပတ်ကြည့် နေလိုက်သည်။ လေယာဉ်ကို အလွန်ပြေပြစ်သော စတိုင်ဖြင့် အလှဆင်ထားသည်။ သူမရဲ့ အထူးလေယာဉ်နဲ့ မတူပေမယ့် အဆင်ပြေနေပါသေးသည်။

သိပ်မကြာခင်မှာပဲ လေယာဉ်က ထွက်ခွာလာတယ်။

မုရှောင်းရှောင် သည် လေဆိပ်ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အောက်ဘက်ရှိ လေယာဉ်ပြေးလမ်းသည် တဖြည်းဖြည်း ကျဉ်းမြောင်းသွားလေသည်။

ယင်းရှောင်ကျဲ  က မုရှောင်းရှောင်ဘေးမှာ ထိုင်လိုက်ပြီး သူမလက်လေးကို ဆုပ်ကိုင်လိုက်သည်။

မုရှောင်းရှောင်သည် မုကျန်းပို နှင့်ခွဲရန် ဝန်လေးနေသည်ဟု သူထင်သောကြောင့် သူမအား ဖြေသိမ့်ရန် ကြိုးပမ်းကာ သူမ၏ နောက်ကျောကို ပွတ်သပ်ပေးပြီး

"မင်းပြန်လာချင်တိုင်း ကိုယ် မင်းနဲ့လိုက်ခဲ့ ပေးမယ်"

လို့ပြောလိုက်တယ်။

တရုတ်ပြည်မှ အမေရိကန်သို့ နာရီပေါင်း တစ်ဒါဇင်ကျော် ပျံသန်းရသည်မှာ လွန်စွာ ခက်ခဲသော်လည်း ဤဒုက္ခများသည် မုရှောင်းရှောင် အိမ်ပြန်လိုသော ဆန္ဒနှင့် နှိုင်းယှဉ်၍ မရပေ။

ဤအဖြစ်အပျက်ပြီးနောက် ယင်းရှောင်ကျဲ  သည် တစ်ချက်နားလည်သွားသည်။

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်


Zawgyi

အပိုင္း ၄၂၂- သူမအား အေကာင္းဆုံး ကာကြယ္မႈေပးထားျခင္း။

မုေရွာင္းေရွာင္မုက်န္းပို ကို ေပြ႕ဖက္ကာ

"ပါးပါး မဂၤလာနံနက္ခင္းပါ!"

မုက်န္းပို သည္ သူကဲ့ ခ်စ္မ၀ေသာ သမီးေလးကို လက္တစ္ဖက္ျဖင့္ ေပြ႕ဖက္ကာ ေခါင္းကို ဖြဖြ ေလး ပုတ္ေပးရင္  သူ႔မ်က္လုံးမ်ားက သူမကို ခ်စ္ျခင္းမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

"သမီး နဲ႔ ေရွာင္က်ဲ  ဒီေန႔ ထြက္သြားဖို႔ ဆုံးျဖတ္လိုက္ထားတယ္မလား ?"

ထိုစကားကိုၾကားေတာ့ မုေရွာင္းေရွာင္ သည္ မုက်န္းပို ၏ပခုံးေပၚ ေခါင္းကိုမွီထားကာ လမ္းခြဲရန္ ဝန္ေလးဟန္တူသည္။

“မဟုတ္ဘူး  ပါးပါး  သမီး သူ႔ကို ရက္အနည္းငယ္ေနခိုင္းလို႔ရတယ္…”

မုေရွာင္းေရွာင္သည္ ဖခင္ႏွင့္ ခြဲခြာရန္ ဝန္ေလးေနခဲ့သည္။

မုေရွာင္းေရွာင္ စိတ္ထိခိုက္ရေသာအခါတြင္ သူမသည္ အိမ္ျပန္ရန္သာ ပထမဆုံး စိတ္ကူးမိသည္။

ဒီအိမ္ကိုျပန္ေရာက္ေတာ့ ေႏြးေထြးမႈမ်ားစြာကို ခံစားရတယ္။

သူ႔အေဖက သူမကို ေႏြးေထြးမႈမ်ားစြာနဲ႔ ဘဝအခက္အခဲေတြနဲ႔ ႀကဳံတိုင္း သူမအတြက္ အမိုးအကာေတြ ေပးႏိုင္တဲ့ လုံၿခဳံတဲ့ဆိပ္ကမ္းအိမ္တစ္ခုကိုလည္း ေပးခဲ့တာပင္။

မုက်န္းပို ၿပဳံးလိုက္သည္။

"လူမိုက္မေလး၊ မင္းက အခု ေက်ာင္းသားျဖစ္ေနၿပီ။သမီး  လြန္ခဲ့တဲ့ ရက္အနည္းငယ္က အတန္းကို လြတ္သြားခဲ့ၿပီးၿပီေလ ။ အတန္းေတြ ဆက္တိုက္ မတက္တာက မေကာင္းဘူး။ ဘာပဲျဖစ္ျဖစ္ ေဆာင္းရာသီအားလပ္ရက္မွာ သမီး ျပန္လာလို႔ ရေသးတယ္ေလ"

"ေဆာင္းရာသီအားလပ္ရက္? အဲဒါက အခုကေနဆို အခ်ိန္အေတာ္ၾကာဦးမွာ ”

မုေရွာင္းေရွာင္ သည္ သူ႔အေဖ၏ ရင္ခြင္ထဲတြင္ ဆိုးေပေသာ ကေလးတစ္ေယာက္လို ႏႈတ္ခမ္းစူကာ ပူဆာလိုက္သည္။

“မဟုတ္ ေသးဘူး၊ ေဆာင္းရာသီအားလပ္ရက္က အခု နဲ႔ အရမ္းေဝးတယ္။ ခရစၥမတ္ေရာက္ရင္ေကာ ပါးပါး ။ ခရစၥမတ္မွာ ပါးပါးနဲ႔ေတြ႕ဖို႔ျပန္လာမယ္ ဟုတ္ၿပီလား"

ခရစၥမတ္အတြက္ တ႐ုတ္ႏိုင္ငံမွာမဟုတ္ပဲ ႏိုင္ငံရပ္ျခားမွာ ေအာင္ပြဲခံတဲ့ အေငြ႕အသက္ေတြလည္း ရွိၾကပါတယ္။

ထို႔အျပင္ ထိုအခ်ိန္တြင္ သူမသည္ ဟန္ခ်ီခ်င္ ႏွင့္ အဖြဲ႕ထဲမွ သူငယ္ခ်င္း အခ်ိဳ႕ကို ေခၚဆိုၿပီး  ႏိုင္ငံရပ္ျခားမွာ  အတူတကြ ေပ်ာ္ပါးေဆာ့ကစားႏိုင္သည္။

ေတြးၾကည့္႐ုံနဲ႔ စိတ္ဝင္စားဖို႔ေကာင္းတယ္။

မုက်န္းပို ေခါင္းညိတ္လိုက္သည္။

"ဒါဆို ခရစ္စမတ္ေရာက္ရင္ေပါ့ "

သူ႔စိတ္ထဲတြင္ သက္ျပင္းခ်မိသည္။

သူ႔ရဲ သမီးေလးအား စိုက္ၾကည့္ရင္း အနက္ေရာင္ မ်က္လုံးမ်ားက အေဝးသို႔ လြင့္စင္သြားသည္။ ဟုတ္ပါတယ္ သူလဲ  သူရဲ႕ ခ်စ္သမီးေလးနဲ႔ခြဲဖို႔ ဆႏၵမရွိခဲ့ဘူး။ အေကာင္းဆုံးေသာ အကာအကြယ္ကို ေပးစြမ္းႏိုင္ေစရန္အတြက္ သူမႏွင့္သာ  တစ္သက္လုံး အတူေနရန္ ဆႏၵရွိခဲ့သည္။

သို႔ေသာ္ သူမသည္ ကေလးမဟုတ္ေတာ့ ႀကီးျပင္းရန္ လိုအပ္သည္။

ထို႔ေၾကာင့္ မုက်န္းပိုသည္ သူမေလးကို ခ်ည္ေႏွာင္မထားႏိုင္၊ ဒီို႔ထက္ ပို၍ သူမကို အလြန္အမင္း  အလိုလိုက္လို႔ မရေတာ့ေပ။

သူမ လ‌ေးကို အျပင္ထြက္ၿပီး အရာရာတိုင္းကို ခံစားေစခ်င္တယ္။

အေရးႀကီးဆုံးက သူမအတြက္ ဘ၀ကို အတူ ကုန္ဆုံးေပးမယ့္  အျခားတစ္၀က္ ျဖစ္လာမည့္သူကို ရွာေတြ႕ရန္ျဖစ္သည္။

လမ္းခြဲဖို႔ ဝန္ေလးတဲ့အခါ အခ်ိန္ေတြ ပိုျမန္လာသည္။

ေနာက္ဆုံးတြင္ မုေရွာင္းေရွာင္ ႏွင့္ ယင္းေရွာင္က်ဲ  တို႔သည္ သူတို႔အား တ႐ုတ္ျပည္သို႔ ျပန္ေခၚေဆာင္သြားေသာ ေလယာဥ္ေပၚတက္ခဲ့သည္။

သူတို႔ေရာက္တုန္းကလိုပဲ သူတို႔ရဲ႕ ကိုယ္ပိုင္ေလယာဥ္နဲ႔ တ႐ုတ္ျပည္ကို ျပန္လာခဲ့ၾကတယ္။

မူလက မုက်န္းပို သည္ မုေရွာင္းေရွာင္တို႔အား တ႐ုတ္ျပည္သို႔ ျပန္ပို႔ရန္ မု မိသားစု၏ ကိုယ္ပိုင္ေလယာဥ္ကို စီစဥ္ခဲ့ေသာ္လည္း အခ်ိဳ႕ေသာ အေၾကာင္းမ်ားေၾကာင့္ မုေရွာင္းေရွာင္ က ယင္းမိသားစု၏ ေလယာဥ္ကိုသာ  စီးခ်င္သည္ တြန္းအားေပးခဲ့သည္။

ေနာက္ဆုံးတြင္၊မုေရွာင္းေရွာင္ သူမ၏ဖခင္အား ႏႈတ္ဆက္ၿပီးေနာက္ ယင္းေရွာင္က်ဲ သည္ ယင္း မိသားစု၏ ကိုယ္ပိုင္ေလယာဥ္ေပၚတက္စဥ္ မုေရွာင္းေရွာင္ ကို ထိန္းထားခဲ့သည္။

တကယ္ေတာ့ ယင္းမိသားစုရဲ႕ ကိုယ္ပိုင္ေလယာဥ္က မုမိသားစုရဲ႕ ေလယာဥ္နဲ႔ မတူေပ။

ယခင္က မုေရွာင္းေရွာင္ သည္ အေမရိကသို႔ ေလယာဥ္စီးစဥ္ ပ်ံသန္းခ်ိန္ ၾကာျမင့္လြန္းေသာေၾကာင့္ မုက်န္းပိုသည္ သူမေလးကို ပိုမိုသက္ေတာင့္သက္သာရွိေစရန္အတြက္ ေလယာဥ္ကို အထူးျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။

ကိုယ္ပိုင္ေလယာဥ္ကို မုေရွာင္းေရွာင္ အတြက္သာ သုံးသည့္  အထူးေလယာဥ္အျဖစ္ ျပဳျပင္မြမ္းမံထားသည္ဟု ဆိုႏိုင္သည္။

ပရိေဘာဂမ်ား ႏွင့္ အျပင္အဆင္ အားလုံးကို မုေရွာင္းေရွာင္ စိတ္ႀကိဳက္ျပင္ဆင္ထားပါသည္။

မုက်န္းပို က သူမေလးကို ေလယာဥ္ေပၚမွာေတာင္ သက္ေတာင့္သက္သာရွိေစခ်င္သလို အိမ္မွာေနသလို  ခံစားရေအာင္ပင္။

ယင္း  မိသားစု ေလယာဥ္ေပၚတြင္ မုေရွာင္းေရွာင္  လွည့္ပတ္ၾကည့္ ေနလိုက္သည္။ ေလယာဥ္ကို အလြန္ေျပျပစ္ေသာ စတိုင္ျဖင့္ အလွဆင္ထားသည္။ သူမရဲ႕ အထူးေလယာဥ္နဲ႔ မတူေပမယ့္ အဆင္ေျပေနပါေသးသည္။

သိပ္မၾကာခင္မွာပဲ ေလယာဥ္က ထြက္ခြာလာတယ္။

မုေရွာင္းေရွာင္ သည္ ေလဆိပ္ျပတင္းေပါက္မွ အျပင္ဘက္သို႔ လွမ္းၾကည့္လိုက္ရာ ေအာက္ဘက္ရွိ ေလယာဥ္ေျပးလမ္းသည္ တျဖည္းျဖည္း က်ဥ္းေျမာင္းသြားေလသည္။

ယင္းေရွာင္က်ဲ  က မုေရွာင္းေရွာင္ေဘးမွာ ထိုင္လိုက္ၿပီး သူမလက္ေလးကို ဆုပ္ကိုင္လိုက္သည္။

မုေရွာင္းေရွာင္သည္ မုက်န္းပို ႏွင့္ခြဲရန္ ဝန္ေလးေနသည္ဟု သူထင္ေသာေၾကာင့္ သူမအား ေျဖသိမ့္ရန္ ႀကိဳးပမ္းကာ သူမ၏ ေနာက္ေက်ာကို ပြတ္သပ္ေပးၿပီး

"မင္းျပန္လာခ်င္တိုင္း ကိုယ္ မင္းနဲ႔လိုက္ခဲ့ ေပးမယ္"

လို႔ေျပာလိုက္တယ္။

တ႐ုတ္ျပည္မွ အေမရိကန္သို႔ နာရီေပါင္း တစ္ဒါဇင္ေက်ာ္ ပ်ံသန္းရသည္မွာ လြန္စြာ ခက္ခဲေသာ္လည္း ဤဒုကၡမ်ားသည္ မုေရွာင္းေရွာင္ အိမ္ျပန္လိုေသာ ဆႏၵႏွင့္ ႏႈိင္းယွဥ္၍ မရေပ။

ဤအျဖစ္အပ်က္ၿပီးေနာက္ ယင္းေရွာင္က်ဲ  သည္ တစ္ခ်က္နားလည္သြားသည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net