အပိုင်း - ၄၂၀

Background color
Font
Font size
Line height

Unicode

အပိုင်း ၄၂၀ - သူမ ဘာလုပ်ရမယ်မှန်းမသိဘူး။

မုရှောင်းရှောင် ထိုအရာထဲမှ ရုန်းထွက်ခဲ့သော်လည်း သူမသည် ယင်းရှောင်ကျဲ  မျက်လုံးထဲတွင် ပျောက်ဆုံးသွားသည်ကို တွေ့လိုက်ရသည်။

သူ့မျက်လုံးတွေက ညကောင်းကင်လို နက်နက်ရှိုင်းရှိုင်းရှိပြီး သူတို့ထဲကို ကြည့်လိုက်တာနဲ့ သူမကို စုပ်ယူဖို့ လွယ်ကူလွန်းလှသည်။

သူမ၏မျက်နှာသည် အနည်းငယ်ပူလာပြီး၊ သူမအပေါ်ထားရှိသော ယင်းရှောင်ကျဲ ၏ချစ်ခင်မှုကို သူမခံစားနိုင်သောကြောင့် လဲ ဖြစ်ကောင်းဖြစ်နိုင်သည်။

သူနှင့် အလွန်နီးကပ်စွာ တူညီနဲ့ ရှူရှိုက်ရင်း သူ့ရဲ့ ကိုယ်သင်းရနံ့များ ပျံ့လွင့်လာသည် ။

ဒီကောင်… မနက်အစောကြီး…

သူမ ဘာလုပ်ရမယ်မှန်းမသိဘူး။

ငယ်ငယ်တည်းက ယင်းရှောင်ကျဲ ကို နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ပေမယ့်  ဒီလိုလူဆိုတာ ဘယ်တုန်းကမှ မသိခဲ့ဘူး။

သို့သော် သူ့မျက်လုံးများမှတစ်ဆင့် သူ့အပေါ်ထားရှိတဲ့  မမျှော်လင့်ထားမှုကိုတော့ စိတ်ပျက်ရန် သူမ တုံ့ဆိုင်း‌နေခဲ့သည်။ ထို့ကြောင့် ယင်းရှောင်ကျဲသည် မုရှောင်းရှောင် ရှက်ရွံ့နေသော်လည်း သူမလက်ကို မလွှတ်ပေးဘဲ တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားလိုက်သည်။

မုရှောင်းရှောင် စိတ်လှုပ်ရှားစွာ သူမ၏ လက်ဖဝါးလေးကို ဖွင့်ကာ သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။ သူ့မရဲ့လက်ဖဝါးအောက်မှာ သူ့နှလုံးခုန်သံတွေက တဟုန်ထိုး ပြင်းပြင်းထန်ထန် ခုန်နေတယ်။

သူ့နှလုံးခုန်နှုန်းက ဒရမ်တီး‌နေသံနဲ့တူတယ်။

သူမနဲ့ ဘယ်လောက်ပဲ နီးနေပါစေ သူ့အတွက် မလုံလောက်ဘူးလို့ ယင်းရှောင်ကျဲ  ခံစားနေရတယ်။

မုရှောင်းရှောင်၏ လှုပ်ရှားမှုများသည် အလွန်အဆင်မပြေသော်လည်း ယင်းရှောင်ကျဲ  သည် သူ့ရင်ခွင်ထဲတွင် သူမကို ဖက်ထားရင်း သူမ၏ အသားအရည် ချောမွေ့လှပပြီး  မွှေးပျံ့‌ နေတဲ့ ကိုယ်သင်းရနံကို ခံစားနေမိသည်။ စကားလုံးများဖြင့် မဖော်ပြနိုင်လောက် အံ့သြစရာကောင်းလွန်းပြီး သူသည် ထိုအရာကို စွဲလန်းသွားခဲ့သည်။

သူ့ဆန္ဒက  မဆုံးနိုင်တဲ့ တွင်းပေါက်ကြီးတစ်ခုလိုပါပင်။
မဖြည့်နိုင်တဲ့ အာကာသတွင်းနက်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်။ ပြီးတော့ သူအတွက်  ဘယ်တော့မှ မလုံလောက်ဘူး။

မနေ့ညက ဆေးရဲ့ အာနိသင်က သိသိသာသာ ပျောက်သွားပြီဖြစ်သည်။ သို့သော် ဒီအချိန်တွင် ယင်းရှောင်ကျဲ သည် မနေ့ညက ခံစားရသည့်အတိုင်း သူ့ခန္ဓာကိုယ်ထဲတွင် မီးတောက်နေသလို ခံစားရပြီး သူ့အတွင်းမီးကို ငြိမ်းသတ်ရန် သူမကို အလွန်အမင်း လိုအပ်နေပြီဖြစ်သည်။

လီဆာ သည် တံခါးဝတွင် ရပ်နေကာ သူမ၏ ခန္ဓာကိုယ် တောင့်တင်းစွာ ရပ်နေပြီး အတွင်းပိုင်း အခြေအနေကို စောင့်ကြည့်ရင်း မျက်နှာနီရဲသွားရသည်။

သူမသည် ထိုနှစ်ယောက်ကို ဝင်၍မတားနိုင်သလို မတ်တပ်ရပ်နေရင်း  ဘာမှလဲ မလုပ်နိုင်ပေ။ တကယ့်ကို အဆင်မပြေဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် လီဆာ သူမ ဒီအတိုင်းပဲ ဆက်ကြည့်နေမှာလား။

ဟုတ်ပါတယ်၊ သူမ အဲဒီလိုလြ မလုပ်နိုင်ဘူး။

ဤအခိုက်အတန့်တွင် ယင်းရှောင်ကျဲ  သည် သူ့ပတ်ဝန်းကျင်ရှိလူများကို သတိမမူမိပုံရသည်။ လီဆာ ရှိနေကြောင်းကို သူ မသိရုံသာ မကဘဲ ပိုတောင် ကြောက်စရာကောင်းလာခဲ့သည်။

မုရှောင်းရှောင် က သူ့ကို စိုက်ကြည့်ကာ

"ဟေး ကျဲ ... နင် ဘာတွေလုပ်နေတာလဲ"

သူစနောက်နေတာ မလုံလောက် သေးဘူးပြီလား?

သူမကို အနမ်းသက်သက်ဖြင့် ပေါ့ပေါ့တန်တန်  ပရောပရည်လုပ်လိုသည်ဟုသာ  သူထင်ခဲ့ကာ ယခုထက်  ပိုမိုတိုးတက်ကောင်းမွန်လာလိမ့်မည်ဟု သူမ  မမျှော်လင့်ခဲ့ပေ။

ယင်းရှောင်ကျဲ မျှော်လင့်ထားသလိုပဲ၊

ဒီလူက 'မင်းရှေ့ရောက်ရင် ရပ်လိုက်' ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်ဘူး။

ယင်းရှောင်ကျဲ ၏ အဘိဓာန်ရှိ တစ်ခုတည်းသော စကားလိမ်တစ်ခု မှာ 'တစ်လက်မကို ပေးရင် ခြေတစ်လှမ်းစာလောက်ယူတယ်' ဖြစ်သည်မှာ ထင်ရှားပါသည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ခံစားချက်တွေရှိမှန်း သိသာပေမယ့် မုရှောင်းရှောင်က အရမ်းမြန်နေတယ်လို့ ခံစားရတယ်။

သူမ အဆင်သင့်မဖြစ်သေးပါ။


ယင်းရှောင်ကျဲ သူမကို နမ်းတာကို ရပ်လိုက်ရင် ကောင်းမယ်။

ဒါပေမယ့် သူက ဒီ‌လုပ်ငန်းစဉ်အားလုံးကို ကျော်ပြီး ဆိုလိုရင်းကို တည့်တည့်ကြီး ဘယ်လိုသွားနိုင်ရတာလဲ။

ယင်းရှောင်ကျဲ  သည် သူမ၏ မျက်လုံးများကို ဆုံလိုက်သည်နှင့် သူ၏ ရုပ်ရည်ချောမောသော မျက်နှာသည် ရုတ်တရက်  ပျောက်ကွယ်သွားသည်။ ခါတိုင်းလို တင်းတင်းမာမာ မရှိဘဲ တင်းတင်းမာမာ ချောမောသော မျက်နှာသည် သနားပါဟု ပြောနေလိုဟန်ဖြင့် စိုက်ကြည့်ရင်း ညှိုးငယ်နေသည်။

“ချစ်ဇနီးလေး ကိုယ် သိပ်အဆင်မပြေဘူး…”

မုရှောင်းရှောင်  သူ့ကို စိတ်မတွင်းပိုင်းက ဝေဖန်နေသော်လည်း သူမမျက်နှာမှာ နီရဲနေပြီး နှလုံးကလဲ အခုန်မြန်နေကာ ယင်းရှောင်ကျဲကို  မသနားချင်စိတ်ကို  မထိန်းနိုင်ဘဲ ဖြစ်နေသည်။

“ဘာကိစ္စရှိလို့လဲ”

လို့မေးတယ်။

ယင်းရှောင်ကျဲ  က သနားစရာ စကားတစ်ခွန်းနဲ့

"ကိုယ် အဆင်မပြေဘူး... ရှောင်းရှောင်  ချစ်ဇနီးလေး။ အဆင်မပြေဘူး… သိပ်ကို အဆင်မပြေဘူး…”

ပထမတော့ မုရှောင်းရှောင်သည် ဟန်ဆောင်ခြင်းသာဖြစ်သည်ဟု သူမထင်ခဲ့သော်လည်း သူ့မျက်လုံးများကိုကြည့်ပြီးနောက် သူမသည် ဟန်ဆောင်နေပုံမပေါ်ဟု ခံစားလာရသည်။

သက်ပြင်းချပါ။ ဒါဖြင့် သူ ဟန်ဆောင်နေတာလား !

မုရှောင်းရှောင်သည် ယင်းရှောင်ကျဲ အမှန်တကယ် ဟန်ဆောင်နေတာဖြစ်မည်ဟု မျှော်လင့်ထားသည်။

ဒါပေမယ့်... သူပုံစံက တကယ်ကိုပဲ  အဆင်မပြေပုံရတယ်။

ဒါကသာ ရုပ်ရှင်ဇာတ်​ကားတစ်​ခုရိုက်နေတာဆိုရင်​
သူ့အ​နေနဲ့​တော့  အကယ်ဒမီရှော့ပင်၊

နက်ရှိုင်းစွာ ရှုံ့တွနေသော မျက်ခုံးမွှေးများနှင့် အကူအညီလိုနေပုံရသည့် မသက်မသာ အမူအရာတို့ကို မြင်လိုက်ရသောအခါ မုရှောင်းရှောင် က မထိန်းထားနိုင်တော့ဘဲ

“ဘာကိစ္စရှိလို့လဲ? ငါ့ကိုပြော ။ နင်ငါ့ကိုမပြောရင် ငါနင့်ကိုဘယ်လိုကူညီရမလဲ"

စကားမ​ပြောခင်​ မ​တွေးလိုက်တာကို ချက်​ချင်း​ပဲ နောင်​တရမိသွားသည်​။

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်


Zawgyi
အပိုင္း ၄၂၀ - သူမ ဘာလုပ္ရမယ္မွန္းမသိဘူး။

မုေရွာင္းေရွာင္ ထိုအရာထဲမွ ႐ုန္းထြက္ခဲ့ေသာ္လည္း သူမသည္ ယင္းေရွာင္က်ဲ  မ်က္လုံးထဲတြင္ ေပ်ာက္ဆုံးသြားသည္ကို ေတြ႕လိုက္ရသည္။

သူ႔မ်က္လုံးေတြက ညေကာင္းကင္လို နက္နက္ရႈိင္းရႈိင္းရွိၿပီး သူတို႔ထဲကို ၾကည့္လိုက္တာနဲ႔ သူမကို စုပ္ယူဖို႔ လြယ္ကူလြန္းလွသည္။

သူမ၏မ်က္ႏွာသည္ အနည္းငယ္ပူလာၿပီး၊ သူမအေပၚထားရွိေသာ ယင္းေရွာင္က်ဲ ၏ခ်စ္ခင္မႈကို သူမခံစားႏိုင္ေသာေၾကာင့္ လဲ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။

သူႏွင့္ အလြန္နီးကပ္စြာ တူညီနဲ႔ ရႉရႈိက္ရင္း သူ႔ရဲ႕ ကိုယ္သင္းရနံ႔မ်ား ပ်ံ႕လြင့္လာသည္ ။

ဒီေကာင္… မနက္အေစာႀကီး…

သူမ ဘာလုပ္ရမယ္မွန္းမသိဘူး။

ငယ္ငယ္တည္းက ယင္းေရွာင္က်ဲ ကို ႏွစ္ေပါင္းမ်ားစြာ သိကြၽမ္းခဲ့ေပမယ့္  ဒီလိုလူဆိုတာ ဘယ္တုန္းကမွ မသိခဲ့ဘူး။

သို႔ေသာ္ သူ႔မ်က္လုံးမ်ားမွတစ္ဆင့္ သူ႔အေပၚထားရွိတဲ့  မေမွ်ာ္လင့္ထားမႈကိုေတာ့ စိတ္ပ်က္ရန္ သူမ တုံ႔ဆိုင္း‌ေနခဲ့သည္။ ထို႔ေၾကာင့္ ယင္းေရွာင္က်ဲသည္ မုေရွာင္းေရွာင္ ရွက္႐ြံ႕ေနေသာ္လည္း သူမလက္ကို မလႊတ္ေပးဘဲ တင္းတင္းက်ပ္က်ပ္ဖက္တြယ္ထားလိုက္သည္။

မုေရွာင္းေရွာင္ စိတ္လႈပ္ရွားစြာ သူမ၏ လက္ဖဝါးေလးကို ဖြင့္ကာ သူ႔ရင္ဘတ္ေပၚ တင္လိုက္သည္။ သူ႔မရဲ႕လက္ဖဝါးေအာက္မွာ သူ႔ႏွလုံးခုန္သံေတြက တဟုန္ထိုး ျပင္းျပင္းထန္ထန္ ခုန္ေနတယ္။

သူ႔ႏွလုံးခုန္ႏႈန္းက ဒရမ္တီး‌ေနသံနဲ႔တူတယ္။

သူမနဲ႔ ဘယ္ေလာက္ပဲ နီးေနပါေစ သူ႔အတြက္ မလုံေလာက္ဘူးလို႔ ယင္းေရွာင္က်ဲ  ခံစားေနရတယ္။

မုေရွာင္းေရွာင္၏ လႈပ္ရွားမႈမ်ားသည္ အလြန္အဆင္မေျပေသာ္လည္း ယင္းေရွာင္က်ဲ  သည္ သူ႔ရင္ခြင္ထဲတြင္ သူမကို ဖက္ထားရင္း သူမ၏ အသားအရည္ ေခ်ာေမြ႕လွပၿပီး  ေမႊးပ်ံ႕‌ ေနတဲ့ ကိုယ္သင္းရနံကို ခံစားေနမိသည္။ စကားလုံးမ်ားျဖင့္ မေဖာ္ျပႏိုင္ေလာက္ အံ့ၾသစရာေကာင္းလြန္းၿပီး သူသည္ ထိုအရာကို စြဲလန္းသြားခဲ့သည္။

သူ႔ဆႏၵက  မဆုံးႏိုင္တဲ့ တြင္းေပါက္ႀကီးတစ္ခုလိုပါပင္။
မျဖည့္ႏိုင္တဲ့ အာကာသတြင္းနက္နဲ႔ေတာင္ ႏႈိင္းယွဥ္လို႔ရတယ္။ ၿပီးေတာ့ သူအတြက္  ဘယ္ေတာ့မွ မလုံေလာက္ဘူး။

မေန႔ညက ေဆးရဲ႕ အာနိသင္က သိသိသာသာ ေပ်ာက္သြားၿပီျဖစ္သည္။ သို႔ေသာ္ ဒီအခ်ိန္တြင္ ယင္းေရွာင္က်ဲ သည္ မေန႔ညက ခံစားရသည့္အတိုင္း သူ႔ခႏၶာကိုယ္ထဲတြင္ မီးေတာက္ေနသလို ခံစားရၿပီး သူ႔အတြင္းမီးကို ၿငိမ္းသတ္ရန္ သူမကို အလြန္အမင္း လိုအပ္ေနၿပီျဖစ္သည္။

လီဆာ သည္ တံခါးဝတြင္ ရပ္ေနကာ သူမ၏ ခႏၶာကိုယ္ ေတာင့္တင္းစြာ ရပ္ေနၿပီး အတြင္းပိုင္း အေျခအေနကို ေစာင့္ၾကည့္ရင္း မ်က္ႏွာနီရဲသြားရသည္။

သူမသည္ ထိုႏွစ္ေယာက္ကို ဝင္၍မတားႏိုင္သလို မတ္တပ္ရပ္ေနရင္း  ဘာမွလဲ မလုပ္ႏိုင္ေပ။ တကယ့္ကို အဆင္မေျပျဖစ္ခဲ့ရပါတယ္။

ဒါေပမယ့္ လီဆာ သူမ ဒီအတိုင္းပဲ ဆက္ၾကည့္ေနမွာလား။

ဟုတ္ပါတယ္၊ သူမ အဲဒီလိုၾလ မလုပ္ႏိုင္ဘူး။

ဤအခိုက္အတန႔္တြင္ ယင္းေရွာင္က်ဲ  သည္ သူ႔ပတ္ဝန္းက်င္ရွိလူမ်ားကို သတိမမူမိပုံရသည္။ လီဆာ ရွိေနေၾကာင္းကို သူ မသိ႐ုံသာ မကဘဲ ပိုေတာင္ ေၾကာက္စရာေကာင္းလာခဲ့သည္။

မုေရွာင္းေရွာင္ က သူ႔ကို စိုက္ၾကည့္ကာ

"ေဟး က်ဲ ... နင္ ဘာေတြလုပ္ေနတာလဲ"

သူစေနာက္ေနတာ မလုံေလာက္ ေသးဘူးၿပီလား?

သူမကို အနမ္းသက္သက္ျဖင့္ ေပါ့ေပါ့တန္တန္  ပေရာပရည္လုပ္လိုသည္ဟုသာ  သူထင္ခဲ့ကာ ယခုထက္  ပိုမိုတိုးတက္ေကာင္းမြန္လာလိမ့္မည္ဟု သူမ  မေမွ်ာ္လင့္ခဲ့ေပ။

ယင္းေရွာင္က်ဲ ေမွ်ာ္လင့္ထားသလိုပဲ၊

ဒီလူက 'မင္းေရွ႕ေရာက္ရင္ ရပ္လိုက္' ဆိုတဲ့ အဓိပၸါယ္ကို နားမလည္ဘူး။

ယင္းေရွာင္က်ဲ ၏ အဘိဓာန္ရွိ တစ္ခုတည္းေသာ စကားလိမ္တစ္ခု မွာ 'တစ္လက္မကို ေပးရင္ ေျခတစ္လွမ္းစာေလာက္ယူတယ္' ျဖစ္သည္မွာ ထင္ရွားပါသည္။

သူတို႔ႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ ခံစားခ်က္ေတြရွိမွန္း သိသာေပမယ့္ မုေရွာင္းေရွာင္က အရမ္းျမန္ေနတယ္လို႔ ခံစားရတယ္။

သူမ အဆင္သင့္မျဖစ္ေသးပါ။


ယင္းေရွာင္က်ဲ သူမကို နမ္းတာကို ရပ္လိုက္ရင္ ေကာင္းမယ္။

ဒါေပမယ့္ သူက ဒီ‌လုပ္ငန္းစဥ္အားလုံးကို ေက်ာ္ၿပီး ဆိုလိုရင္းကို တည့္တည့္ႀကီး ဘယ္လိုသြားႏိုင္ရတာလဲ။

ယင္းေရွာင္က်ဲ  သည္ သူမ၏ မ်က္လုံးမ်ားကို ဆုံလိုက္သည္ႏွင့္ သူ၏ ႐ုပ္ရည္ေခ်ာေမာေသာ မ်က္ႏွာသည္ ႐ုတ္တရက္  ေပ်ာက္ကြယ္သြားသည္။ ခါတိုင္းလို တင္းတင္းမာမာ မရွိဘဲ တင္းတင္းမာမာ ေခ်ာေမာေသာ မ်က္ႏွာသည္ သနားပါဟု ေျပာေနလိုဟန္ျဖင့္ စိုက္ၾကည့္ရင္း ညႇိဳးငယ္ေနသည္။

“ခ်စ္ဇနီးေလး ကိုယ္ သိပ္အဆင္မေျပဘူး…”

မုေရွာင္းေရွာင္  သူ႔ကို စိတ္မတြင္းပိုင္းက ေဝဖန္ေနေသာ္လည္း သူမမ်က္ႏွာမွာ နီရဲေနၿပီး ႏွလုံးကလဲ အခုန္ျမန္ေနကာ ယင္းေရွာင္က်ဲကို  မသနားခ်င္စိတ္ကို  မထိန္းႏိုင္ဘဲ ျဖစ္ေနသည္။

“ဘာကိစၥရွိလို႔လဲ”

လို႔ေမးတယ္။

ယင္းေရွာင္က်ဲ  က သနားစရာ စကားတစ္ခြန္းနဲ႔

"ကိုယ္ အဆင္မေျပဘူး... ေရွာင္းေရွာင္  ခ်စ္ဇနီးေလး။ အဆင္မေျပဘူး… သိပ္ကို အဆင္မေျပဘူး…”

ပထမေတာ့ မုေရွာင္းေရွာင္သည္ ဟန္ေဆာင္ျခင္းသာျဖစ္သည္ဟု သူမထင္ခဲ့ေသာ္လည္း သူ႔မ်က္လုံးမ်ားကိုၾကည့္ၿပီးေနာက္ သူမသည္ ဟန္ေဆာင္ေနပုံမေပၚဟု ခံစားလာရသည္။

သက္ျပင္းခ်ပါ။ ဒါျဖင့္ သူ ဟန္ေဆာင္ေနတာလား !

မုေရွာင္းေရွာင္သည္ ယင္းေရွာင္က်ဲ အမွန္တကယ္ ဟန္ေဆာင္ေနတာျဖစ္မည္ဟု ေမွ်ာ္လင့္ထားသည္။

ဒါေပမယ့္... သူပုံစံက တကယ္ကိုပဲ  အဆင္မေျပပုံရတယ္။

ဒါကသာ ႐ုပ္ရွင္ဇာတ္​ကားတစ္​ခု႐ိုက္ေနတာဆိုရင္​
သူ႔အ​ေနနဲ႔​ေတာ့  အကယ္ဒမီေရွာ့ပင္၊

နက္ရႈိင္းစြာ ရႈံ႕တြေနေသာ မ်က္ခုံးေမႊးမ်ားႏွင့္ အကူအညီလိုေနပုံရသည့္ မသက္မသာ အမူအရာတို႔ကို ျမင္လိုက္ရေသာအခါ မုေရွာင္းေရွာင္ က မထိန္းထားႏိုင္ေတာ့ဘဲ

“ဘာကိစၥရွိလို႔လဲ? ငါ့ကိုေျပာ ။ နင္ငါ့ကိုမေျပာရင္ ငါနင့္ကိုဘယ္လိုကူညီရမလဲ"

စကားမ​ေျပာခင္​ မ​ေတြးလိုက္တာကို ခ်က္​ခ်င္း​ပဲ ေနာင္​တရမိသြားသည္​။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net