အပိုင်း - ၄၁၅
Background color
Font
Font size
Line height
Unicode
အပိုင်း  ၄၁၅ - သူမအပေါ် ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာရဲ့ ခိုင်မာမှု
ကားမောင်းသူလဲ ဘာစကားမှ မပြောနိုင်။
ကားမောင်းတဲ့အခါ ဆူညံသံမဖြစ်အောင် မောင်းရမယ် ဘယ်လိုလုက်ဖြစ်နိုင်မှာတဲ့လဲ။
သို့သော် သူသည် သခင်လေးကျဲ ၏အမိန့်ကို နာခံရုံမျှသာမက မကန့်ကွက်နိုင်သည်ကိုလဲ သူ သိသည်။
ထို့ကြောင့် ယင်းရှောင်ကျဲ သည် ကောင်းကောင်းအိပ်ပျော်နေသော မုရှောင်းရှောင် ကို သယ်ဆောင်ကာ မုမိသားအိမ်ရာဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ကောင်မလေးက လုံးဝ သတိမမူမိသလိုပင်
သူမ မျက်နှာကို နွေးထွေးသော ရင်ခွင်နှင့် ဖိထားပြီး သူမ နှုတ်ခမ်းများကို ကိုက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။
လရောင်အောက်မှာ လမ်းလျှောက်ရင်း နောက်ဆုံးတော့ မုမိသားအိမ်ရာကို ပြန်ရောက်လာကြသည်။
အချိန်မနှောင်းသေးသောကြောင့် တံခါးဝတွင် အကူအညီကာ ဖွင့်ပေးသူများ ရှိနေသေးသည်။ အကူအညီပေးသူတွေက သူတို့ကိုတွေ့တဲ့အခါ အိမ်တော်ထိန်းချီကို အမြန်ခေါ်လိုက်ကြသည်။
အိမ်တော်ထိန်းချီ တံခါးနားမှာ ရပ်နေတဲ့  ယင်းရှောင်ကျဲ  ကိုကြည့်ရင်း လန့်သွားသည်။ ထို့နောက် ရင်ခွင်ထက်ကလူကိုမြင်တော့
  “သခင်မလေး” ။
ယင်းရှောင်ကျဲ က သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ပြောလိုက်တယ်
"အန်ကယ်ချီ၊ ကျွန်တော်တို့ပြန်တွဲကြပြီ"
အခန်းထဲမှာ
ယင်းရှောင်ကျဲ သည် အိပ် ပျော်နေသော မုရှောင်းရှောင်ကို ကုတင်ပေါ်တွင် ညင်သာစွာ ချထားပြီးနောက် စောင်နှင့် သပ်သပ်ရပ်ရပ် ခြုံပေးထားလိုက်သည်။
သူသည် ကော်ဇောပေါ်တွင် ထိုင်ချလိုက်ကာ သူမကို စိုက်ကြည့်ရင်း ဘေးက ကုတင်ပေါ်ကို မှီလိုက်သည်။
ထိုအချိန်တွင် မုကျန်းပိုသည် ဂုဏ်သိက္ခာရှိတဲ့ အမူအရာဖြင့်
ဝင်လာခဲ့သည်။
ယင်းရှောင်ကျဲ  လျင်မြန်စွာ ထရပ်လိုက်ပြီး ခေါင်းညိတ်ပြပြီးနောက် သူ့ယောက္ခမလောင်းကြီးနောက်မှ လိုက်သွားခဲ့သည်။
"ယောက္ခမကြီး "
ယင်းရှောင်ကျဲ က မုကျန်းပိုကို လေးလေးစားစားခေါ်လိုက်သည်။
မုကျန်းပို က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး
"မင်းကို ပြောထားမယ်။ ရှောင်းရှောင် က မင်းနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းချင်တယ်လို့ စောစောက ပြောခဲ့တယ်…”
ယင်းရှောင်ကျဲ  က စိုးရိမ်တကြီးနဲ့
"ရှောင်းရှောင် နဲ့ စေ့စပ်ထားတာကို ကျွန်တော် မဖျက်ပါဘူး။ ကျွန်တော်တို့ကြားက နားလည်မှုလွဲနေတာကို ဖြေရှင်းပြီးပါပြီ။ အခု ပြဿနာ မရှိတော့ပါဘူး။”
မုကျန်းပို ၏ အမူအရာသည် အေးစက်နေသေးသည် ၊
"ဒါပေမယ့် နောက်တစ်ခါဆိုရင်ကော။ မင်း ငါ့သမီးအသည်းကို ထပ်မခွဲတော့ဘူးလို့ မင်းဘယ်လိုလုပ် အာမခံနိုင်မှာလဲ။"
ယင်းရှောင်ကျဲ  က သူ့အား မျက်ခုံးမွှေးတွေထိုးပြီး
“ယောက္ခမကြီး၊ကျွန်တော် ရှောင်းရှောင်ကို  တကယ် အလေးအနက်ထားပါတယ်။ ကျွန်တော် သူမနှလုံးသားကို ထပ်ပြီး မကွဲစေရတော့ပါဘူး"
ယင်းရှောင်ကျဲကို အကြာကြီး စိုက်ကြည့်ရင်း နောက်ဆုံးတော့ မုကျန်းပို က ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ ငါ မင်းကို နောက်ထပ်အခွင့်အရေးပေးမယ်။"
ယင်းရှောင်ကျဲ  သက်တောင့်သက်သာ မှုတ်ထုတ်ခါနီးတွင် မုကျန်းပို က
"မင်း ငါနဲ့လိုက်ခဲ့"
လို့ပြောတာကို သူကြားလိုက်ရတယ်။
မုကျန်းပို က ယင်းရှောင်ကျဲ  ကို အခန်းတစ်ခုထဲသို့ ခေါ်သွားသည်။
ဤအခန်းသည် အလွန်ကျယ်ဝန်းပြီး ဘေးတစ်ဖက်တစ်ချက်တွင် ကိုယ်ခံပညာဆိုင်ရာ ကိရိယာအချို့ရှိသည်။ ထို့နောက် တိုက်ခိုက်စွမ်းရည်ရှိသော လူတစ်ဒါဇင်ခန့်သည် ယင်းရှောင်ကျဲ ကို ဝိုင်းရံလိုက်ကြသည်။
ယင်းရှောင်ကျဲ  ၏အမူအရာသည် လေးနက်သွားကာ မုကျန်းပို၏ဆိုလိုရင်းကို သူနားလည်သွားသည်။
ဒါက မုရှောင်းရှောင်ကို ကာကွယ်နိုင်တဲ့ စွမ်းရည်ရှိမရှိ သိနိုင်ဖို့  မုကျန်းပို ရဲ့ စမ်းသပ်မှုတစ်ခုပင်။
ယင်းရှောင်ကျဲ  က ယုံကြည်မှုလွန်ကဲစွာ ပြုံးပြပြီး လက်တစ်ဖက်ကို ဘောင်းဘီအိတ်ထဲသို့ ထည့်ကာ လူအုပ်ကို
“လာခဲ့ အကုန် ငါ့ဆီတက်ခဲ့ !
ယောက်ျားတစ်စုတွေက သူ့ကို တိုက်ခိုက်ဖို့ လှိုင်းလုံးတွေ ဝိုင်းလာကြတယ်။
သူတို့ရဲ့ အမူအရာတွေကို ကြည့်ရုံနဲ့ ဒီကောင်တွေက ကျွမ်းကျင်သူတွေလို့ ပြောနိုင်သည်။
သို့သော်လည်း ယင်းရှောင်ကျဲ  သည် ကြောက်လန့်တကြားပင် မရှိခဲ့ပေ။ သူ့ပုံစံက နတ်ဆိုး ‌တစ်ကောင်လိုပင် စိတ်ချလက်ချ တုံ့ပြန်သည်။
ထို့နောက် မိနစ်နှစ်ဆယ်မပြည့်မီတွင်ပင် လေ့ကျင့်ထားတဲ့ လူစုတစ်စုလုံးကို အနိုင်ယူခဲ့သည်။
မုကျန်းပို အံ့သြသွားသည်။ ယင်းရှောင်ကျဲ အသက်အရွယ်နဲ့မလိုက် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ အရည်အချင်းတွေ ရှိ‌ နေသည်...
ထို့နောက် သူက ယင်းရှောင်ကျဲ  ကို ဝိုင်သောက်ရန် ခေါ်သွားပြီး မုရှောင်းရှောင် နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို ဆွေးနွေးခဲ့သည်။
အရမ်းနောက်ကျတဲ့အချိန်မှသာ   မုကျန်းပို က သူ့လက်ကို ဝှေ့ယမ်းပြီး
"ကောင်းပြီ၊ အခုသွား အနားယူတော့ "
ယင်းရှောင်ကျဲ  က သူ့ယောက္ခမလောင်းကြီးအား  ကောင်းသောညပါလို့ နှုတ်ဆက်ပြီး   သူ့ကို ဧည့်ခန်းမှ  အိပ်ခန်းခေါ်သွားရန် ကူညီပေးသူ နောက်က လိုက်သွားသည် ။
မူလက ယင်းရှောင်ကျဲ  သည် မုရှောင်းရှောင် ၏အခန်းသို့ သွားချင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ယောက္ခမလောင်းအပေါ် အထင်ကြီးလောက်စရာ အမြင် ထားခဲ့သင့်သည်ဟု သူထင်သောကြောင့် နာခံစွာနဲ့ပဲ ပြင်ပေးထားတဲ့ အခန်းမှာ နေခဲ့သည်။
ကူညီပေးတဲ့သူ ထွက်သွားပြီးနောက် တစ်စုံတစ်ယောက် ဝင်လာသည်။
ယင်းရှောင်ကျဲ  ပြန်လှည့်ကြည့်သောအခါတွင်  ကောက်ကြောင်းလှ ခန္ဓာကိုယ်ရှိသော အမျိုးသမီးတစ်ဦးသည် သူမ၏အဝတ်အစားများကို ချွတ်ကာ သူ့ကို သဘောကျစွာ ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရုတ်တရက်၊ယင်းရှောင်ကျဲ  သည် သူ့ခန္ဓာကိုယ်အနှံ့ ထူးဆန်းစွာ လောင်ကျွမ်းနေသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
Dammit!
ဆေးခတ်ထားတယ် !
ဤတစ်ကြိမ်တွင်၊ ယောက္ခမ‌လောင်းကြီးသည် သွေးဆောင်မှုကို တွန်းလှန်နိုင်စွမ်းကို စမ်းသပ်ရန် ကြိုးစားနေတာလား၊ သို့မဟုတ် ရှောင်းရှောင် အတွက် သူ၏ ချစ်ခြင်းမေတ္တာ ဘယ်လောက်ခိုင်မာကြောင်း စမ်းသပ်ရန် ကြိုးစားနေတာလား။
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
  “သခင်မလေး” ။
အခန်းထဲမှာ
ဝင်လာခဲ့သည်။
"ယောက္ခမကြီး "
"မင်း ငါနဲ့လိုက်ခဲ့"
Dammit!
ဆေးခတ်ထားတယ် !
You are reading the story above: TeenFic.Net