အပိုင်း - ၄၁၂

Background color
Font
Font size
Line height

Unicode

အပိုင်း ၄၁၂- အလွန်ပျော်တယ်။

နောက်တခဏ အခိုက်အတန့်တွင် အနံ့အသက်များ ပျံ့လွင့်လာသည်။

အနံခံ နှေးကွေးနေသူများသည်ပင် အနံ့ကို အနံ့ခံနိုင်ပြီး ဘက်တီရှိရာသို့ လှမ်းကြည့်လိုက်သည်။

ဘက်တီ  သူမသည် ရပ်တန့်သွားသည့် ရုပ်ရှင်တွင် ပါဝင်နေပုံရပြီး လက်များကို ဖြန့်ကာ ကြောင်အအဖြင့်  အနံ့ခံလိုက်မိသည်။

သူမ ဆီးအိုးထဲ ပြုတ်ကျထားသကဲ့သို့  စိုစွတ်နေပြီး
အဝါရောင်များ စွန်းထင်း‌ နေသည် ။  စက္ကန့်အနည်းငယ်အကြာတွင် သူမသည် နောက်ဆုံးတွင် အာရုံများပြန်လည်ရောက်ရှိလာပြီး "အား —" ဟု အော်ဟစ် နေခဲ့သည်။

ထို့နောက် သူမ ထိုနေရာကမှ လျှင်မြန်စွာ  ထွက်ပြေးလိုက်သည်။

သို့သော် ကြမ်းပြင်တွင် ဆီးများ စိုစွတ်ပြန့်ကျဲနေသောကြောင့် ဘက်တီသည် မြေပြင်ပေါ်သို့ ဝမ်းနည်းစရာကောင်းစွာ  လဲကျသွားခဲ့သည်။

သို့သော် ဘက်တီ သည် ဒါကို  သေချာဂရုမစိုက်နိုင်ပေ။
ဘက်တီသည် တွားသွားပြီး လျင်မြန်စွာ ထွက်‌ပြေးသွားတော့သည်။

“ဟာဟားဟားဟား…”

မုရှောင်းရှောင် က ယင်းရှောင်ကျဲ ကို ဆုပ်ကိုင်ထားရင်း အူပေါက်သွားသည်အထိ ရယ်မောနေလိုက်သည်။

ထို နေရာမှာ ရှိနေတဲ့လူတွေအားလုံးကလဲ ရယ်မောကြတာပေါ့။

ထို့အပြင် အားလုံး ပုန်းကွယ်မနေဘဲ  သိသိသာသာပင် ပေါ်တင် ရယ်မောနေကြသည်။ ထို့ကြောင့် သူတို့နှင့် နှိုင်းစာလျှင် မုရှောင်းရှောင် ၏ ရယ်သံသည် သိသိသာသာကြီး မကျယ်လောင်‌နေပေ။

"ပျော်လား?"

ယင်းရှောင်ကျဲ  ရဲ့ သံလိုက်လိုအသံက မုရှောင်းရှောင်နားနားမှာ ထွက်ပေါ်လာသည်။

မုရှောင်းရှောင် က ခေါင်းညိတ်ရင်း ပြုံးလိုက်သည်။

"ငါ ပျော်တယ်!  ငါပျော်တယ် အရမ်းအရမ်းကို ပျော်တယ်!”

တကယ်တော့ ဘက်တီကို ပထမဆုံးအကြိမ်တွေ့ပြီးကတည်းက ဒီလောက်သနားစရာကောင်းတဲ့ပုံစံကို သူမ မမြင်ဖူးခဲ့ပါဘူး။

မုရှောင်းရှောင် က အနည်းငယ် ဝမ်းနည်း နေတဲ့လေသံနဲ့

"ငါသာ အဲဒါကို မှတ်တမ်းတင်ထားပြီး ငါ့သူငယ်ချင်းတွေဆီ ပို့ပေးနိုင်ခဲ့ရင်။သူတို့  ဘက်တီကို  ဒီလိုအခြေအနေမျိုးမှာ မြင်လိုက်ရရင် ရယ်မောလွန်ပြီး သေသွားလိမ့်မယ်!”

ဘက်တီ သည် ကျောင်းတွင် နာမည်ကောင်းမရှိသောကြောင့် သူမအား မကြိုက်သောသူများမှာ အထူးသဖြင့် မုရှောင်းရှောင် ၏သူငယ်ချင်းများဖြစ်သည်။ သို့သော်လည်း ဝီလီယမ် ကြောင့်သာ သူတို့ ဘက်တီ ကို ပြန်မချေပနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းရှောင်ကျဲ  က သူ့လက်ချောင်းများကို  ဝှေ့ယမ်းလိုက်သည်။ လူတစ်ယောက်သည် ထောင့်တစ်နေရာမှ ထွက်လာပြီး လက်နှစ်ဖက်စလုံးဖြင့် ဗီဒီယိုကင်မရာအသေးစားကို လှမ်းပေးလိုက်သည်။

မုရှောင်းရှောင် ၏ မျက်လုံးများ အံ့သြစွာ ပြူးကျယ်သွားသည်။

"အဲဒါဖြစ်​နိုင်​ပါ့မလား...နင် မှတ်​သားထားတာလား"

ယင်းရှောင်ကျဲ  က သူ့လက်ထဲ ကင်မရာကို ထည့်လိုက်တယ်။

“ဒီမှာ အနံ့ တွေနံနေတယ် တယ်။ ပြန်သွားပြီးမှ ကြည့်ရအောင်။”

ယင်းရှောင်ကျဲ သည် မုရှောင်းရှောင်အား လက်တစ်ဖက်ကို ကြိုခါးကိုဖက်ကာ ပြန်ခေါ်သွားသည်။

ညအချိန်

ဝီလီယမ်နှင့်  အတူ ညစာစားပြီးသည်နှင့် မုရှောင်းရှောင် သည် အပျော်စီးသင်္ဘောမှ ထွက်ခွာချင်ခဲ့သည်။

သို့သော် ဝီလီယမ်သည် နောက်ကျနေသဖြင့် ထိုင်နေရင်းနဲ့ တောင်းပန်စကားဆိုသည်။

မုရှောင်းရှောင် က ဝီလီယမ်ရဲ့ မျက်မှောင်ကြုတ်နေတဲ့ မျက်နှာကို ကြည့်ပြီး

"ဘက်တီ အဖြစ်အပျက်ကြောင့်... ရှင့်ကို တစ်နည်းနည်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတာလား?"

ဝီလီယမ်မော့ကာ မုရှောင်းရှောင်ကို ကြည့်လိုက်သည်။ သူက ပြုံးပြီး ခေါင်းယမ်းသည်။

“မဟုတ်ဘူး၊ ဘက်တီ ဖြစ်ပျက်ခဲ့တာကို ကိုယ် ဂရုမစိုက်ပါဘူး။ သူမမှာ စိတ်သဘောထားပြဿနာတစ်ခုရှိနေပြီး မင်း ဒါကို သူမကို ဖြည့်ဆည်းပေးတာက သူမအတွက် ထိုက်တန်တာတွေချည်းပါပဲ”

မုရှောင်းရှောင် သည်  ဝီလီယမ် သူ့ဝမ်းကွဲညီမကို ဤကဲ့သို့ ဝေဖန်ခံမည်ဟု တစ်ခါမှ မတွေးခဲ့တာကြောင့် ရယ်ရမလား ငိုရမလား မသိ။

သို့သော် ဝီလီယမ် ဘာမှ အပြစ်မတင်ကြောင်း သိလိုက်ရတော့ မုရှောင်းရှောင် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

“ဒါပေမယ့် ဝီလီယမ် သူက နင့်ရဲ့ဝမ်းကွဲညီမပဲလေ။ ဒီလိုအရှုပ်တော်ပုံထဲရောက်သွားရင် နင့်မိသားစုရဲ့ဂုဏ်သိက္ခာကို ထိခိုက်မှာမဟုတ်ဘူးလား။

ဝီလီယမ် က

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ မင်းပြောသလိုပဲ သူမက ကိုယ့်ဝမ်းကွဲတစ်ယောက်ပဲ။ သူမ လုပ်တဲ့အရာကို ကိုယ်မထိန်းချုပ်နိုင်သလို ဒါဟာ သူမကိုယ်တိုင်လုပ်ဆောင်မှုရဲ့ ရလဒ်ကြောင့် သူမကိုယ်တိုင် ခံနိုင်ရည်ရှိသင့်ပါတယ်”


အထက်တန်းစား လူ့အဖွဲ့အစည်းတွင် ပိုင်းခြားသိမြင်တတ်သူ အများအပြားရှိခဲ့ပြီး လူတိုင်းက ဘက်တီ သည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်သည်ကို သိကြသည်။

“တကယ်တော့ မင်းပေးတဲ့ ပြစ်ဒဏ်က ကောင်းပါတယ်။ ကိုယ်တို့ မိသားစုအတွက်  သူမကို သိက္ခာရှိရှိ ပညာပေးရာမှာ ကူညီပေးသလိုပါပဲ”

လို့ ဝီလီယမ် က အမှုမဲ့အမှတ်မဲ့ ပြောခဲ့သည်။

မုရှောင်းရှောင် ခေါင်းညိတ်လိုက်သည်။

“သူမဟာ အနာဂတ်မှာ လူတွေကို လေးစားဖို့ သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူမစော်ကားတဲ့လူက   ငါသာမဟုတ်ရင် ပိုဆိုးတဲ့ ကံကြမ္မာကိုတောင် ခံရနိုင်တယ်”

တရုတ်လူမျိုးများသည် ကမ္ဘာအရပ်ရပ်တွင် နေရာအနှံ့ရှိခဲ့သည်။ ဘက်တီ သည် သူမ၏ စကားလုံးများကို စစ်စီသုံးရန် မသင်ယူခဲ့ပါက သူမသည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ကြီးကြီးမားမား ပြဿနာ ရှာမိသွားမည်ဖြစ်သည်။

သူမ ထွက်သွားရတော့မည်ကို တွေးလိုက်သောအခါတွင်၊ မုရှောင်းရှောင် သည် ဝီလီယမ် ကို တကယ်ပင် ကျေးဇူးတင်ရှိလာသည်။ ထို့ကြောင့် သူမျက်မှောင်ကြုတ်နေသည်ကို သူမမြင်လိုက်ရသောအခါ အနည်းငယ်စိုးရိမ်သွားမိသည်။

ထို့ကြောင့် သူမက

“ဝီလီယမ် နင် မျက်မှောင်ကြုတ်တာကို တွေ့ရခဲတယ်။အရမ်း  ခက်ခဲတဲ့ပြဿနာကြောင့် ဒုက္ခရောက်နေသလား”

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi
အပိုင္း ၄၁၂- အလြန္ေပ်ာ္တယ္။

ေနာက္တခဏ အခိုက္အတန႔္တြင္ အနံ႔အသက္မ်ား ပ်ံ႕လြင့္လာသည္။

အနံခံ ေႏွးေကြးေနသူမ်ားသည္ပင္ အနံ႔ကို အနံ႔ခံႏိုင္ၿပီး ဘက္တီရွိရာသို႔ လွမ္းၾကည့္လိုက္သည္။

ဘက္တီ  သူမသည္ ရပ္တန႔္သြားသည့္ ႐ုပ္ရွင္တြင္ ပါဝင္ေနပုံရၿပီး လက္မ်ားကို ျဖန႔္ကာ ေၾကာင္အအျဖင့္  အနံ႔ခံလိုက္မိသည္။

သူမ ဆီးအိုးထဲ ျပဳတ္က်ထားသကဲ့သို႔  စိုစြတ္ေနၿပီး
အဝါေရာင္မ်ား စြန္းထင္း‌ ေနသည္ ။  စကၠန႔္အနည္းငယ္အၾကာတြင္ သူမသည္ ေနာက္ဆုံးတြင္ အာ႐ုံမ်ားျပန္လည္ေရာက္ရွိလာၿပီး "အား —" ဟု ေအာ္ဟစ္ ေနခဲ့သည္။

ထို႔ေနာက္ သူမ ထိုေနရာကမွ လွ်င္ျမန္စြာ  ထြက္ေျပးလိုက္သည္။

သို႔ေသာ္ ၾကမ္းျပင္တြင္ ဆီးမ်ား စိုစြတ္ျပန္႔က်ဲေနေသာေၾကာင့္ ဘက္တီသည္ ေျမျပင္ေပၚသို႔ ဝမ္းနည္းစရာေကာင္းစြာ  လဲက်သြားခဲ့သည္။

သို႔ေသာ္ ဘက္တီ သည္ ဒါကို  ေသခ်ာဂ႐ုမစိုက္ႏိုင္ေပ။
ဘက္တီသည္ တြားသြားၿပီး လ်င္ျမန္စြာ ထြက္‌ေျပးသြားေတာ့သည္။

“ဟာဟားဟားဟား…”

မုေရွာင္းေရွာင္ က ယင္းေရွာင္က်ဲ ကို ဆုပ္ကိုင္ထားရင္း အူေပါက္သြားသည္အထိ ရယ္ေမာေနလိုက္သည္။

ထို ေနရာမွာ ရွိေနတဲ့လူေတြအားလုံးကလဲ ရယ္ေမာၾကတာေပါ့။

ထို႔အျပင္ အားလုံး ပုန္းကြယ္မေနဘဲ  သိသိသာသာပင္ ေပၚတင္ ရယ္ေမာေနၾကသည္။ ထို႔ေၾကာင့္ သူတို႔ႏွင့္ ႏႈိင္းစာလွ်င္ မုေရွာင္းေရွာင္ ၏ ရယ္သံသည္ သိသိသာသာႀကီး မက်ယ္ေလာင္‌ေနေပ။

"ေပ်ာ္လား?"

ယင္းေရွာင္က်ဲ  ရဲ႕ သံလိုက္လိုအသံက မုေရွာင္းေရွာင္နားနားမွာ ထြက္ေပၚလာသည္။

မုေရွာင္းေရွာင္ က ေခါင္းညိတ္ရင္း ၿပဳံးလိုက္သည္။

"ငါ ေပ်ာ္တယ္!  ငါေပ်ာ္တယ္ အရမ္းအရမ္းကို ေပ်ာ္တယ္!”

တကယ္ေတာ့ ဘက္တီကို ပထမဆုံးအႀကိမ္ေတြ႕ၿပီးကတည္းက ဒီေလာက္သနားစရာေကာင္းတဲ့ပုံစံကို သူမ မျမင္ဖူးခဲ့ပါဘူး။

မုေရွာင္းေရွာင္ က အနည္းငယ္ ဝမ္းနည္း ေနတဲ့ေလသံနဲ႔

"ငါသာ အဲဒါကို မွတ္တမ္းတင္ထားၿပီး ငါ့သူငယ္ခ်င္းေတြဆီ ပို႔ေပးႏိုင္ခဲ့ရင္။သူတို႔  ဘက္တီကို  ဒီလိုအေျခအေနမ်ိဳးမွာ ျမင္လိုက္ရရင္ ရယ္ေမာလြန္ၿပီး ေသသြားလိမ့္မယ္!”

ဘက္တီ သည္ ေက်ာင္းတြင္ နာမည္ေကာင္းမရွိေသာေၾကာင့္ သူမအား မႀကိဳက္ေသာသူမ်ားမွာ အထူးသျဖင့္ မုေရွာင္းေရွာင္ ၏သူငယ္ခ်င္းမ်ားျဖစ္သည္။ သို႔ေသာ္လည္း ဝီလီယမ္ ေၾကာင့္သာ သူတို႔ ဘက္တီ ကို ျပန္မေခ်ပႏိုင္ခဲ့ျခင္း ျဖစ္သည္။

ယင္းေရွာင္က်ဲ  က သူ႔လက္ေခ်ာင္းမ်ားကို  ေဝွ႔ယမ္းလိုက္သည္။ လူတစ္ေယာက္သည္ ေထာင့္တစ္ေနရာမွ ထြက္လာၿပီး လက္ႏွစ္ဖက္စလုံးျဖင့္ ဗီဒီယိုကင္မရာအေသးစားကို လွမ္းေပးလိုက္သည္။

မုေရွာင္းေရွာင္ ၏ မ်က္လုံးမ်ား အံ့ၾသစြာ ျပဴးက်ယ္သြားသည္။

"အဲဒါျဖစ္​ႏိုင္​ပါ့မလား...နင္ မွတ္​သားထားတာလား"

ယင္းေရွာင္က်ဲ  က သူ႔လက္ထဲ ကင္မရာကို ထည့္လိုက္တယ္။

“ဒီမွာ အနံ႔ ေတြနံေနတယ္ တယ္။ ျပန္သြားၿပီးမွ ၾကည့္ရေအာင္။”

ယင္းေရွာင္က်ဲ သည္ မုေရွာင္းေရွာင္အား လက္တစ္ဖက္ကို ႀကိဳခါးကိုဖက္ကာ ျပန္ေခၚသြားသည္။

ညအခ်ိန္

ဝီလီယမ္ႏွင့္  အတူ ညစာစားၿပီးသည္ႏွင့္ မုေရွာင္းေရွာင္ သည္ အေပ်ာ္စီးသေဘၤာမွ ထြက္ခြာခ်င္ခဲ့သည္။

သို႔ေသာ္ ဝီလီယမ္သည္ ေနာက္က်ေနသျဖင့္ ထိုင္ေနရင္းနဲ႔ ေတာင္းပန္စကားဆိုသည္။

မုေရွာင္းေရွာင္ က ဝီလီယမ္ရဲ႕ မ်က္ေမွာင္ၾကဳတ္ေနတဲ့ မ်က္ႏွာကို ၾကည့္ၿပီး

"ဘက္တီ အျဖစ္အပ်က္ေၾကာင့္... ရွင့္ကို တစ္နည္းနည္းနဲ႔ စိတ္အေႏွာင့္အယွက္ ျဖစ္ေစတာလား?"

ဝီလီယမ္ေမာ့ကာ မုေရွာင္းေရွာင္ကို ၾကည့္လိုက္သည္။ သူက ၿပဳံးၿပီး ေခါင္းယမ္းသည္။

“မဟုတ္ဘူး၊ ဘက္တီ ျဖစ္ပ်က္ခဲ့တာကို ကိုယ္ ဂ႐ုမစိုက္ပါဘူး။ သူမမွာ စိတ္သေဘာထားျပႆနာတစ္ခုရွိေနၿပီး မင္း ဒါကို သူမကို ျဖည့္ဆည္းေပးတာက သူမအတြက္ ထိုက္တန္တာေတြခ်ည္းပါပဲ”

မုေရွာင္းေရွာင္ သည္  ဝီလီယမ္ သူ႔ဝမ္းကြဲညီမကို ဤကဲ့သို႔ ေဝဖန္ခံမည္ဟု တစ္ခါမွ မေတြးခဲ့တာေၾကာင့္ ရယ္ရမလား ငိုရမလား မသိ။

သို႔ေသာ္ ဝီလီယမ္ ဘာမွ အျပစ္မတင္ေၾကာင္း သိလိုက္ရေတာ့ မုေရွာင္းေရွာင္ အနည္းငယ္ စိတ္သက္သာရာရသြားခဲ့သည္။

“ဒါေပမယ့္ ဝီလီယမ္ သူက နင့္ရဲ႕ဝမ္းကြဲညီမပဲေလ။ ဒီလိုအရႈပ္ေတာ္ပုံထဲေရာက္သြားရင္ နင့္မိသားစုရဲ႕ဂုဏ္သိကၡာကို ထိခိုက္မွာမဟုတ္ဘူးလား။

ဝီလီယမ္ က

“ဒါက ဘယ္လိုလုပ္ျဖစ္ႏိုင္မလဲ။ မင္းေျပာသလိုပဲ သူမက ကိုယ့္ဝမ္းကြဲတစ္ေယာက္ပဲ။ သူမ လုပ္တဲ့အရာကို ကိုယ္မထိန္းခ်ဳပ္ႏိုင္သလို ဒါဟာ သူမကိုယ္တိုင္လုပ္ေဆာင္မႈရဲ႕ ရလဒ္ေၾကာင့္ သူမကိုယ္တိုင္ ခံႏိုင္ရည္ရွိသင့္ပါတယ္”


အထက္တန္းစား လူ႔အဖြဲ႕အစည္းတြင္ ပိုင္းျခားသိျမင္တတ္သူ အမ်ားအျပားရွိခဲ့ၿပီး လူတိုင္းက ဘက္တီ သည္ မည္သို႔ေသာ ပုဂၢိဳလ္ျဖစ္သည္ကို သိၾကသည္။

“တကယ္ေတာ့ မင္းေပးတဲ့ ျပစ္ဒဏ္က ေကာင္းပါတယ္။ ကိုယ္တို႔ မိသားစုအတြက္  သူမကို သိကၡာရွိရွိ ပညာေပးရာမွာ ကူညီေပးသလိုပါပဲ”

လို႔ ဝီလီယမ္ က အမႈမဲ့အမွတ္မဲ့ ေျပာခဲ့သည္။

မုေရွာင္းေရွာင္ ေခါင္းညိတ္လိုက္သည္။

“သူမဟာ အနာဂတ္မွာ လူေတြကို ေလးစားဖို႔ သင္ယူႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူမေစာ္ကားတဲ့လူက   ငါသာမဟုတ္ရင္ ပိုဆိုးတဲ့ ကံၾကမၼာကိုေတာင္ ခံရႏိုင္တယ္”

တ႐ုတ္လူမ်ိဳးမ်ားသည္ ကမာၻအရပ္ရပ္တြင္ ေနရာအႏွံ႔ရွိခဲ့သည္။ ဘက္တီ သည္ သူမ၏ စကားလုံးမ်ားကို စစ္စီသုံးရန္ မသင္ယူခဲ့ပါက သူမသည္ မၾကာမီ သို႔မဟုတ္ ေနာက္ပိုင္းတြင္ ႀကီးႀကီးမားမား ျပႆနာ ရွာမိသြားမည္ျဖစ္သည္။

သူမ ထြက္သြားရေတာ့မည္ကို ေတြးလိုက္ေသာအခါတြင္၊ မုေရွာင္းေရွာင္ သည္ ဝီလီယမ္ ကို တကယ္ပင္ ေက်းဇူးတင္ရွိလာသည္။ ထို႔ေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္ေနသည္ကို သူမျမင္လိုက္ရေသာအခါ အနည္းငယ္စိုးရိမ္သြားမိသည္။

ထို႔ေၾကာင့္ သူမက

“ဝီလီယမ္ နင္ မ်က္ေမွာင္ၾကဳတ္တာကို ေတြ႕ရခဲတယ္။အရမ္း  ခက္ခဲတဲ့ျပႆနာေၾကာင့္ ဒုကၡေရာက္ေနသလား”

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net