အပိုင်း - ၄၁၀
Background color
Font
Font size
Line height
Unicode
အပိုင်း ၄၁၀- ဘက်တီ ကို အပြစ်ပေးခြင်း
တစ်ချိန်တည်းမှာပင် သူမသည် မုရှောင်းရှောင် ကို မနာလိုဖြစ်ခဲ့သည်။ ဒီလိုလူကောင်းတစ်ယောက်ကို သူဘယ်လိုရှာတွေ့ခဲ့တာလဲ။
သို့သော်… ဘက်တီ ၏နှုတ်ခမ်းထောင့်မှာ ကွေးတက်သွားသည်။ ထိုသို့သော လူကောင်းတစ်ယောက်သည် မကြာမီ သူမအဖို့ ဖြစ်လာတော့မည်။
ဘက်တီ သည် ပျော်ရွှင်စွာ ကြည်နူးနေစဉ်မှာပဲ  သေးငယ်သော အသွင်သဏ္ဌန်တစ်ခုသည် ဆိုင်ထဲသို့ ဝင်ရောက်လာသည်။
"ဒီလည်ဆွဲတွေအကုန်လိုချင်တယ်!"
ထို ပုံသဏ္ဌာန်က ရက်စက်စွာပြောလာသည် ။
ဘက်တီအံ့သြသွားကာ ပုံသဏ္ဌာန်ငယ်‌‌လေးကို အာရုံစိုက်ပြီး ကြည့်လိုက်တော့ မုရှောင်းရှောင် ဖြစ်သည်ကို သိလိုက်သည်။
"နင် -ဒါတွေကို ငါအရင်မြင်တာ။ နင် ဘယ်လိုလုပ် အရှက်မဲ့ ရတာလဲ!"
ဟု  ဒေါသအရမ်းထွက်လာပြီး ဆဲဆိုကြိမ်းမောင်းပါတော့သည်။
မုရှောင်းရှောင် ပြုံးလိုက်သည်။
"အို၊ တောင်းပန်ပါတယ်၊ ငါက ဒါတွေကို အရင်ဝယ်ခဲ့တာ၊
ဒါကြောင့် သူတို့က အခု ငါ့အပိုင်ဖြစ်သွားပြီ"
မုရှောင်းရှောင် သူမရဲ့ သဘာဝအတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ကတ်တစ်ကတ်ကို ထုတ်ယူကာ ဆိုင်၀န်ထမ်းကို ပေးလိုက်တယ်။
ဘက်တီ သည် မုရှောင်းရှောင်လက်ထဲတွင် အနက်ရောင်ကတ်ပြားကို တွေ့လိုက်သည်။ ထိုကတ်သည် ချမ်းသာသူများထဲမှ အထက်တန်းလွှာအများစုသာအကန့်အသတ်ဖြင့် ပိုင်ဆိုင်နိုင်သော အနက်ရောင် ကတ်ဖြစ်သည်။ ထိုအချိန်တွင် ဘက်တီသည် မနာလိုစိတ်ဖြင့် ရူးသွပ်သွားခဲ့သည်။
"မုရှောင်းရှောင်! ဒီကတ်ကို ဘယ်ကခိုးလာတာလဲ။"
မဖြစ်​နိုင်​ဘူး!
မုရှောင်းရှောင်သည် ဤကဲ့သို့ အနက်ရောင် ကတ်ကို မည်သို့ပိုင်ဆိုင်နိုင်သနည်း။
မုရှောင်းရှောင် က ဘက်တီကို စိုက်ကြည့်နေတယ်။
"ဘာတွေ ဂရုစိုက် နေတာလဲ။ ဒါ နင်ပိုင်တာမဟုတ်ဘူး”
ဆိုင်၀န်ထမ်းက လက်တွေ့ကျတဲ့လူပင်။ မုရှောင်းရှောင် လက်ထဲတွင် အကန့်အသတ်ဖြင့်ထုတ်ဝေသော အမည်းရောင်ကတ်ကို မြင်လိုက်ရသောအခါတွင် သူမ၏သဘောထားသည် ချက်ချင်းပဲ 180° ပြောင်းသွားတော့သည်။
"သခင်မလေး၊ သူတို့ကို သခင်မလေးအတွက် ချက်ချင်းထုပ်ပေးမယ်။"
ဘက်တီသည် ဆိုင်၀န်ထမ်းကို ဒေါသတကြီး ဟောက်ကာ
“ဟေး! ငါ ဒါ​တွေကို အရင်​မြင်​တာ!"
ဘက်တီ က ဝယ်ဖို့ ပိုက်ဆံမရှိရင် လွှတ်ထားပေးနိုင်ပေမယ့် အခု သူမအတွက် ဝယ်ပေးမယ့်သူရှိနေပြီဆိုတော့ အဲဒါတွေက သူ့အမြင်နဲ့ဆို သူမအပိုင် ဖြစ်ပြီးသွားပြီဖြစသည်။ ထို့အပြငါယခု သူမအား  တားဆီးပိတ်ပင်သူမှာ မုရှောင်းရှောင်   ဖြစ်နေသဖြင့် သူမသည် ပို၍ပင် ဒေါသဖြစ်ခဲ့သည်။
ဆိုင်၀န်ထမ်းက ဘက်တီကို တောင်းပန်စကားဆိုသည်။
"တောင်းပန်ပါတယ် မစ္စ ဘက်တီ ဒီသခင်မလေးက လည်ဆွဲတွေ ဝယ်ပြီးသွားပါပြီ။ ဘာလို့... တခြားလည်ဆွဲတွေ မရွေးလဲ။ တခြား ဒီဇိုင်းတွေလည်း ရှိပြီး နောက်ဆုံးထွက်လည်း ဖြစ်ပါတယ်”
ဘက်တီ သည် မူလက ယင်းရှောင်ကျဲ  ကို မခို့တရို့ သူမအား အတင်း တောင်းပန်ချင်ခဲ့သည်။ သို့သော်လည်း သူမ သူ့ကို လှည့်ကြည့်လိုက်သောအခါတွင် ယင်းရှောင်ကျဲ သည် မုရှောင်းရှောင်အနားသို့ တစ်နည်းနည်းဖြင့် ရောက်နေပြီဖြစ်သည်။ နှစ်ယောက်သား စကားမပြောကြသော်လည်း တစ်ယောက်ကိုတစ်ယောက် ရင်ခုန်စွာ မျက်လုံးဖြင့် ပြောနေကြပုံရသည်။
ဘက်တီ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။
"သခင်လေးကျဲ ၊ ရှင်ကျွန်မကို လည်ဆွဲတွေ လက်ဆောင်ပေးမယ်လို့ ပြောတာမဟုတ်ဘူးလား။ အခုက ဘာလဲ? သူတို့ ဝယ်သွားပြီ”
ဟု ချစ်စဖွယ် အသံဖြင့် ပြောလိုက်သည်။
"ဒါဆို တခြားတစ်ခုခုကို ရွေးလိုက်ပါ"
ဒီတစ်ခါတော့ ယင်းရှောင်ကျဲ  ရဲ့ အသံက အနည်းငယ် အေးစက်‌ နေသည် ။
ဘက်တီ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။
မုရှောင်းရှောင်ကိုကြည့်သောအခါတွင်လဲ သူ၏အကြည့်များသည် နူးညံ့သိမ်မွေ့ နေသည်ကို သူမသတိပြုမိသည်။ သူမဘက်​ကိုလှည့်​လိုက်​တဲ့အခါ ဘာလို့ချက်​ချင်း​ပြောင်းသွားရတာလဲ။
စောစောက သူမကို အရမ်းချစ်ပြနေခဲ့တာ မဟုတ်ဘူးလား?
မုရှောင်းရှောင် က သူ့ကို စိတ်ဆိုးသွားမှာကို ကြောက်နေတာကြောင့် ဖြစ်နိုင်သလား။
ဘက်တီ သည် မုရှောင်းရှောင် ကို ရန်စရန်အတွက်  ယင်းရှောင်ကျဲ လက်ကို  ချိိတ်လိုက်သည်။
မမျှော်လင့်ဘဲ သူမလက်မောင်းကို ယင်းရှောင်ကျဲ မဖယ်ချသောအခါ မုရှောင်းရှောင် က ဘက်တီကို ပြင်းပြင်းထန်ထန် တစ်ချက်ကြည့်လိုက်သည်။
"ဘက်တီ နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
ဘက်တီ က မေးစေ့ကို မော့ပြီး ဂုဏ်ယူတဲ့ပုံစံနဲ့
“ဒါက နင့်ရဲ့ကိစ္စမဟုတ်ဘူး။ လည်ဆွဲတွေ အများကြီး ဘာအတွက် လိုအပ်တာလဲ။ သခင်လေးကျဲ က ဒီညအတွက် ငါ့ကိုအဖော်လုပ်ဖို့ တောင်းဆိုထားပြီးသားပါ။ လည်ဆွဲတွေကို ယူသွားပြီး နင့်အခန်းထဲမှာပဲ  စိုက်ကြည့်နေလိုက်!"
"အိုး?"
မုရှောင်းရှောင် ၏အကြည့်သည် ယင်းရှောင်ကျဲ  သို့ပြောင်းသွားသည်။
"ဟုတ်လား?"
ယင်းရှောင်ကျဲ  သည် သူမ၏မျက်လုံးများကို ကြည့်ပြီး နူးညံ့သော အပြုံးဖြင့် "ဟုတ်ပါတယ်" ဟု ပြန်ဖြေသည်။
ဘက်တီ၏မျက်နှာသည် ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။
သူစောစောက ပြောခဲ့တာ ရှင်းပါတယ်...
မုရှောင်းရှောင် က ယင်းရှောင်ကျဲ  ကို ထပ်မေးတယ်
"ဒါဆို ငါဝယ်ထားတဲ့ ဒီလည်ဆွဲတွေကို သုံးရဦးမှာလား"
"သူတို့ကို မသုံးရရင်လဲ အရေးမကြီးပါဘူး။ မင်း သူတို့ကို ဒီတိုင်း ဝတ်လို့ရတယ် သို့မဟုတ် သူတို့နှင့်အတူကစားလို့ရတယ် ။ မင်းလုပ်ချင်သလို လုပ်လေ”
ဘက်တီ ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားခဲ့သည်။
“ရှင်…”
သူ ဘာကို ဆိုလိုတာလဲ။
ဖြစ်နိုင်ပါ့မလား…
ဘက်တီ ရဲ့ အကြည့်က မုရှောင်းရှောင်လက်ထဲက black card ပေါ်ရောက်သွားတယ်။
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
မဖြစ်​နိုင်​ဘူး!
ဘက်တီ သည် မုရှောင်းရှောင် ကို ရန်စရန်အတွက်  ယင်းရှောင်ကျဲ လက်ကို  ချိတ်လိုက်သည်။
"အိုး?"
"ဟုတ်လား?"
“ရှင်…”
သူ ဘာကို ဆိုလိုတာလဲ။
ဖြစ်နိုင်ပါ့မလား…
You are reading the story above: TeenFic.Net