အပိုင်း -၃၉၈

Background color
Font
Font size
Line height

Unicode
အပိုင်း ၃၉၈- နှစ်သက်ဖွယ် ညှဉ်းပန်းနှိပ်စက်မှု

ယင်းရှောင်ကျဲ က သူမကို တကယ် ဖျစ်ညစ်ပစ်လိုက်ချင်သည် ။ သို့သော် သူ့ ကိုယ်ပေါ်တွင်  ရှိနေသည့် သူမနှင့်အတူ လှုပ်ရှားရန် အဆင်မပြေသောကြောင့် သူ လှုပ်ရှားလိုက်ရင် သူမ စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်မည်။

ကူကယ်ရာမဲ့သာ  ပြုံးလိုက်နိုင်သည်။

ယင်းရှောင်ကျဲ ဆိုတဲ့ သူက ကိုယ်ခြေထောက်နဲ့ ကိုယ်   ဒီကောင်မလေးကို  သိူ့ခန္ဓာကိုယ်အား ဖျာအဖြစ် သုံးခွင့်ပေးလိုက်ရတာလား ။

သို့သော်…

ဒီလိုမျိုး  နေရတာ တကယ်ကို သက်တောင့်သက်သာ ခံစားရပြီး မုရှောင်းရှောင်ညက ရေချိုးထားတဲ့  အနံ့က တကယ်ကို ကောင်းပါသည်။ ။ မိန်းကလေးတစ်ဦး၏ခန္ဓာကိုယ်သည် သေးငယ်သောကြောင့်  အမွှေးပွ ခွေးကို ပွေ့ဖက်ရခြင်းထက် သူမကို ပွေ့ဖက်ထားခြင်းက ပိုသက်တောင့်သက်သာရှိစေသည်။

ဒါက နူးညံ့တဲ့အသားအရည်နဲ့ မွှေးကြိုင်တဲ့ရနံ့ကို အလကား ရရှိစေမယ့် နည်းလမ်းလဲ ဖြစ်ပါတယ်။

"အိုး "

ယင်းရှောင်ကျဲ သက်ပြင်းချလိုက်ပြန်သည်။

သူမကို ဒီလိုမျိုး ပွေ့ဖက်ထားရတာ သက်တောင့်သက်သာမရှိပေမဲ့ ကြည်နူးစရာကောင်းသည်။

ညှဉ်းပန်းနှိပ်စက်ခြင်းကဲ့သို့ ထင်ရှားစွာခံစားရသော်လည်း  နှိပ်စက်ညှဉ်းပန်းမှုအောက်တွင် ပျော်ရွှင်မှုကိုပါ  ခံစားလို့ရနိုင်ေသးသည်။

နောက်ထပ် နာရီဝက်လောက်ကြာတော့

ယင်းရှောင်ကျဲ  နောက်ဆုံးတော့ မခံနိုင်တော့ဘူး။

ဒီအတိုင်းဆက်နေရင်  သူ့လက်တွေ လေဖြတ်သွားနိုင်ပြီး ထုံကျင်လာသလိုပါ  ခံစားလိုက်ရတယ်။

ဆန့်ကျင်ဘက်အားဖြင့် ကောင်မလေးသည်ယင်းရှောင်ကျဲ ဆိုတဲ့ မွေ့အိပ်ရာတွင် နေရထိုင်ရ အဆင်ပြေနေသည်။

ယင်းရှောင်ကျဲ ကသာ  နာကျင်မှုအားလုံးကို ခံရသော တစ်ဦးတည်းသော သူဖြစ်သည်။

မတရားဘူးလို့ ခံစားရတယ်။

"ဟေး ရှောင်းရှောင် အိပ်ရာထဖို့အချိန်တန်ပြီ"

ခေါင်းငုံ့ကာ သူမကို ခေါ်လိုက်စဉ် သူ့အသံက အနည်းငယ် တုန်နေသည်။ သူ့ကို ဖိထားတာကြောင့် လှုပ်လို့မရဘဲ ထုံးစံအတိုင်း သူ့လက်ချောင်းဖြင့်  ကလိထိုးလိုက်တယ်။

မုရှောင်းရှောင်သည် ကြောင်ငယ်ပေါက်စလေးနှင့်တူသည်။ သူမ ခေါင်းကို ရင်ဘတ်တွင် အပ်ထားသော်လည်း ထရန် ရည်ရွယ်ချက်မရှိပေ။

"ရှောင်းရှောင်!"

ယင်းရှောင်ကျဲ  က မျက်မှောင်ကြုတ်ကာ ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။

သူမက ဆက်အိပ်နေတုန်း။

သူ ဘယ်လောက်တောင် ဒုက္ခရောက်နေရလဲ သူမမသိဘူးလား?

အခြားတစ်ဖက်တွင်မူ မုရှောင်းရှောင်သည် ယင်းရှောင်ကျဲ ကို ခေါင်းအုံးအဖြစ် အသုံးပြုရတာ အလွန်သက်တောင့်သက်သာရှိခဲ့သည်။

မုရှောင်းရှောင် သည် သူ၏အော်သံကိုကြားသောအခါ နောက်ဆုံးတွင် သူမ၏ခေါင်းကို မော့ကြည့်လိုက်သည်။ သူမ၏ ကြည်လင်သော မျက်နှာလေးသည် မကျေမနပ် အပြည့်ဖြင့် သူ့ကို စိုက်ကြည့်ကာ ငြီးတွားရင်း

“ယင်းရှောင်ကျဲ  နင်  အရမ်းဆူညံနေတာဘဲ။ မနေ့ညက နင့်ကို ဂရုစိုက်ရပြီး ငါအခု ပင်ပန်းနေတယ် ဟုတ်ပြီလား ငါ လုံလောက်တဲ့ အနားယူမှုတောင် မလုပ်ရသေးပေမယ့် နင် ငါ့ကို စိတ်အနှောင့်အယှက် ပေးနေပြန်ပြီ!”

"မင်း အခု မထရင် နေရောင်ခြည်က မင်းရဲ့ဖင်ကို မကြာခင်ထိုးတော့မယ်!"

ယင်းရှောင်ကျဲ  က မုရှောင်းရှောင်တင်ပါးကို ရိုက်ဖို့ သူ့လက်ကို မြှောက်လိုက်သည် ။

မုရှောင်းရှောင် သည် အရပ်မရှည်သော်လည်း သူမ၏ခန္ဓာကိုယ်အချိုးအစားသည် အလွန်ကောင်းမွန်ပြီး ယောက်ျားတစ်ယောက်၏အမြင်တွင် လုံး၀ ပြီးပြည့်စုံသည်။

ဟုတ်ပါတယ် သူမဟာ အနည်းငယ်  သေးသေးသွယသွယ်လေးဖြစ်ပြီး သူမဟာ အနည်းငယ် အရပ်ရှည်ရင် ပိုကောင်းပါလိမ့်မယ်။

သို့သော် အရေးမကြီးပါ။
ယင်းရှောင်ကျဲ က မုရှောင်းရှောင်ဘယ်လိုပဲ နေနေ  ကြည့်ကောင်းတယ်လို့ ထင်နေဆဲပင် ။

မုရှောင်းရှောင် နောက်ဆုံးတွင် ယင်းရှောင်ကျဲအား စိတ်အနှောင့်အယှက် မပေးတော့ပေ။ သူမသည် သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် တွန်းတင်ကာ တစ်ဖက်သို့ လှိမ့်လိုက်သည်။

သူမသည် စောင်များပေါ်တွင် ပက်လက်လှန်ပြီး အိပ်ရာပေါ်တွင် ဆက်အိပ်နေခဲ့သည်။

အိပ်ရာထဲတွင် လှဲနေခြင်းသည် ဆိုးရွားသောသံသရာဖြစ်သည် —

အချိန်ကြာကြာနေလေ၊ မထချင်လေလေဖြစ်သည်။

ထို့အပြင် မုရှောင်းရှောင် သည် သူ၏နောက်ပြောင်ခြင်းများကို ဖြတ်ကျော်ခဲ့ရပြီး သူ့အတွက် စိတ်ပူပေးရကာ မနေ့ညကအထိ သူ့ကို ပြုစုစောင့်ရှောက်ခဲ့ရသည်။

သူမ တကယ်ပင် ပင်ပန်းနေပါသည်။

သို့သော်ဒီကောင်က  သူမအိပ်စက်ခြင်းကို နှောင့်ယှက်နေဆဲပင်။
သူအရမ်းလွန်တာပဲ !

ယင်းရှောင်ကျဲ  သည် ကုတင်ပေါ်မှ မထမီ သူမဆံနွယ်လေးများကို ဖွဖွ လေး ပွတ်သပ်ပေးလိုက်သည်။

မျက်လုံးများကိုမှိတ်ထားသော်လည်း မုရှောင်းရှောင်၏ နားရွက်များသည် သူ့လှုပ်ရှားမှုများကို တောက်လျှောက် အာရုံခံနေခဲ့သည်။

ရေချိုးခန်းထဲကို လျှောက်သွားတဲ့ သူ့ခြေသံနဲ့ အထဲက ရေသံကို သူမ ကြားလိုက်ရတယ်။

ဧရာမကုတင်ကြီးသည် ယင်းရှောင်ကျဲ နှင့်အတူ ရုတ်ချည်း နေရာ လွတ်သွားသလို ခံစားလိုက်ရသည်။

သူမသည် အိပ်ရာထဲတွင် ဆက်နေချင်သော်လည်း ရုတ်တရက် အိပ်ချင်စိတ်ပျောက်ကာ မျက်လုံးဖွင့်လိုက်မိသည်။

မုရှောင်းရှောင် ရုတ်တရက် ထထိုင်လိုက်ပြီး ခေါင်းကို ပွတ်လိုက်သည်။ သူမ ရုတ်တရက် တစ်ခုခုကို တွေးပြီး ရေချိုးခန်း ဘက်ကို လှမ်းမေးတယ်

"ယင်းရှောင်ကျဲ  နင်  ပြန်ကောင်းသွားပြီလား"

ယင်းရှောင်ကျဲ ရဲ့ မနက်ခင်းအမူအကျင့်ကောင်းတွေ က သူ့အဖျား ကျသွားကြောင်းကို  ညွှန်ပြနေပါတယ်။

အချိန်အတော်ကြာအောင် စောင့်ခဲ့သော်လည်း အကြောင်းပြန်လာခြင်းမရှိပေ။

မုရှောင်းရှောင် နှုတ်ခမ်းစူလိုက်သည်။ ​ရရေတွေ ကျနေတဲ့အတွက်​ သူ  မကြားလိုက်​တာလား?

ခဏနေတော့ တံခါးက ခပ်ဖွဖွလေး ပွင့်လာတယ်။

ယင်းရှောင်ကျဲ ၏ ခန္ဓာကိုယ်သည်  စိုစွတ်နေပြီး အပေါ်ပိုင်း ဗလာဖြင့် ထွက်လာကာ ရင်ဘတ်ကြွက်သားများ ပေါ်လွင်နေပြီး သူ၏ သိက္ခာရှိတဲ့  အောက်ပိုင်းကိုတော့  မျက်နှာသုတ်ပုဝါဖြင့် အကာအကွယ် ယူထားသည်။

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi
အပိုင္း ၃၉၈- ႏွစ္သက္ဖြယ္ ညႇဥ္းပန္းႏွိပ္စက္မႈ

ယင္းေရွာင္က်ဲ က သူမကို တကယ္ ဖ်စ္ညစ္ပစ္လိုက္ခ်င္သည္ ။ သို႔ေသာ္ သူ႔ ကိုယ္ေပၚတြင္  ရွိေနသည့္ သူမႏွင့္အတူ လႈပ္ရွားရန္ အဆင္မေျပေသာေၾကာင့္ သူ လႈပ္ရွားလိုက္ရင္ သူမ စိတ္အေႏွာင့္အယွက္ျဖစ္သြားႏိုင္မည္။

ကူကယ္ရာမဲ့သာ  ၿပဳံးလိုက္ႏိုင္သည္။

ယင္းေရွာင္က်ဲ ဆိုတဲ့ သူက ကိုယ္ေျခေထာက္နဲ႔ ကိုယ္   ဒီေကာင္မေလးကို  သိူ႔ခႏၶာကိုယ္အား ဖ်ာအျဖစ္ သုံးခြင့္ေပးလိုက္ရတာလား ။

သို႔ေသာ္…

ဒီလိုမ်ိဳး  ေနရတာ တကယ္ကို သက္ေတာင့္သက္သာ ခံစားရၿပီး မုေရွာင္းေရွာင္ညက ေရခ်ိဳးထားတဲ့  အနံ႔က တကယ္ကို ေကာင္းပါသည္။ ။ မိန္းကေလးတစ္ဦး၏ခႏၶာကိုယ္သည္ ေသးငယ္ေသာေၾကာင့္  အေမႊးပြ ေခြးကို ေပြ႕ဖက္ရျခင္းထက္ သူမကို ေပြ႕ဖက္ထားျခင္းက ပိုသက္ေတာင့္သက္သာရွိေစသည္။

ဒါက ႏူးညံ့တဲ့အသားအရည္နဲ႔ ေမႊးႀကိဳင္တဲ့ရနံ႔ကို အလကား ရရွိေစမယ့္ နည္းလမ္းလဲ ျဖစ္ပါတယ္။

"အိုး "

ယင္းေရွာင္က်ဲ သက္ျပင္းခ်လိုက္ျပန္သည္။

သူမကို ဒီလိုမ်ိဳး ေပြ႕ဖက္ထားရတာ သက္ေတာင့္သက္သာမရွိေပမဲ့ ၾကည္ႏူးစရာေကာင္းသည္။

ညႇဥ္းပန္းႏွိပ္စက္ျခင္းကဲ့သို႔ ထင္ရွားစြာခံစားရေသာ္လည္း  ႏွိပ္စက္ညႇဥ္းပန္းမႈေအာက္တြင္ ေပ်ာ္႐ႊင္မႈကိုပါ  ခံစားလို႔ရႏိုင္ေသးသည္။

ေနာက္ထပ္ နာရီဝက္ေလာက္ၾကာေတာ့

ယင္းေရွာင္က်ဲ  ေနာက္ဆုံးေတာ့ မခံႏိုင္ေတာ့ဘူး။

ဒီအတိုင္းဆက္ေနရင္  သူ႔လက္ေတြ ေလျဖတ္သြားႏိုင္ၿပီး ထုံက်င္လာသလိုပါ  ခံစားလိုက္ရတယ္။

ဆန႔္က်င္ဘက္အားျဖင့္ ေကာင္မေလးသည္ယင္းေရွာင္က်ဲ ဆိုတဲ့ ေမြ႕အိပ္ရာတြင္ ေနရထိုင္ရ အဆင္ေျပေနသည္။

ယင္းေရွာင္က်ဲ ကသာ  နာက်င္မႈအားလုံးကို ခံရေသာ တစ္ဦးတည္းေသာ သူျဖစ္သည္။

မတရားဘူးလို႔ ခံစားရတယ္။

"ေဟး ေရွာင္းေရွာင္ အိပ္ရာထဖို႔အခ်ိန္တန္ၿပီ"

ေခါင္းငုံ႔ကာ သူမကို ေခၚလိုက္စဥ္ သူ႔အသံက အနည္းငယ္ တုန္ေနသည္။ သူ႔ကို ဖိထားတာေၾကာင့္ လႈပ္လို႔မရဘဲ ထုံးစံအတိုင္း သူ႔လက္ေခ်ာင္းျဖင့္  ကလိထိုးလိုက္တယ္။

မုေရွာင္းေရွာင္သည္ ေၾကာင္ငယ္ေပါက္စေလးႏွင့္တူသည္။ သူမ ေခါင္းကို ရင္ဘတ္တြင္ အပ္ထားေသာ္လည္း ထရန္ ရည္႐ြယ္ခ်က္မရွိေပ။

"ေရွာင္းေရွာင္!"

ယင္းေရွာင္က်ဲ  က မ်က္ေမွာင္ၾကဳတ္ကာ က်ယ္ေလာင္ေသာ အသံျဖင့္ ေျပာလိုက္သည္။

သူမက ဆက္အိပ္ေနတုန္း။

သူ ဘယ္ေလာက္ေတာင္ ဒုကၡေရာက္ေနရလဲ သူမမသိဘူးလား?

အျခားတစ္ဖက္တြင္မူ မုေရွာင္းေရွာင္သည္ ယင္းေရွာင္က်ဲ ကို ေခါင္းအုံးအျဖစ္ အသုံးျပဳရတာ အလြန္သက္ေတာင့္သက္သာရွိခဲ့သည္။

မုေရွာင္းေရွာင္ သည္ သူ၏ေအာ္သံကိုၾကားေသာအခါ ေနာက္ဆုံးတြင္ သူမ၏ေခါင္းကို ေမာ့ၾကည့္လိုက္သည္။ သူမ၏ ၾကည္လင္ေသာ မ်က္ႏွာေလးသည္ မေက်မနပ္ အျပည့္ျဖင့္ သူ႔ကို စိုက္ၾကည့္ကာ ၿငီးတြားရင္း

“ယင္းေရွာင္က်ဲ  နင္  အရမ္းဆူညံေနတာဘဲ။ မေန႔ညက နင့္ကို ဂ႐ုစိုက္ရၿပီး ငါအခု ပင္ပန္းေနတယ္ ဟုတ္ၿပီလား ငါ လုံေလာက္တဲ့ အနားယူမႈေတာင္ မလုပ္ရေသးေပမယ့္ နင္ ငါ့ကို စိတ္အေႏွာင့္အယွက္ ေပးေနျပန္ၿပီ!”

"မင္း အခု မထရင္ ေနေရာင္ျခည္က မင္းရဲ႕ဖင္ကို မၾကာခင္ထိုးေတာ့မယ္!"

ယင္းေရွာင္က်ဲ  က မုေရွာင္းေရွာင္တင္ပါးကို ႐ိုက္ဖို႔ သူ႔လက္ကို ေျမႇာက္လိုက္သည္ ။

မုေရွာင္းေရွာင္ သည္ အရပ္မရွည္ေသာ္လည္း သူမ၏ခႏၶာကိုယ္အခ်ိဳးအစားသည္ အလြန္ေကာင္းမြန္ၿပီး ေယာက္်ားတစ္ေယာက္၏အျမင္တြင္ လုံး၀ ၿပီးျပည့္စုံသည္။

ဟုတ္ပါတယ္ သူမဟာ အနည္းငယ္  ေသးေသးသြယသြယ္ေလးျဖစ္ၿပီး သူမဟာ အနည္းငယ္ အရပ္ရွည္ရင္ ပိုေကာင္းပါလိမ့္မယ္။

သို႔ေသာ္ အေရးမႀကီးပါ။
ယင္းေရွာင္က်ဲ က မုေရွာင္းေရွာင္ဘယ္လိုပဲ ေနေန  ၾကည့္ေကာင္းတယ္လို႔ ထင္ေနဆဲပင္ ။

မုေရွာင္းေရွာင္ ေနာက္ဆုံးတြင္ ယင္းေရွာင္က်ဲအား စိတ္အေႏွာင့္အယွက္ မေပးေတာ့ေပ။ သူမသည္ သူ႔ရင္ဘတ္ကို လက္ႏွစ္ဖက္ျဖင့္ တြန္းတင္ကာ တစ္ဖက္သို႔ လွိမ့္လိုက္သည္။

သူမသည္ ေစာင္မ်ားေပၚတြင္ ပက္လက္လွန္ၿပီး အိပ္ရာေပၚတြင္ ဆက္အိပ္ေနခဲ့သည္။

အိပ္ရာထဲတြင္ လွဲေနျခင္းသည္ ဆိုး႐ြားေသာသံသရာျဖစ္သည္ —

အခ်ိန္ၾကာၾကာေနေလ၊ မထခ်င္ေလေလျဖစ္သည္။

ထို႔အျပင္ မုေရွာင္းေရွာင္ သည္ သူ၏ေနာက္ေျပာင္ျခင္းမ်ားကို ျဖတ္ေက်ာ္ခဲ့ရၿပီး သူ႔အတြက္ စိတ္ပူေပးရကာ မေန႔ညကအထိ သူ႔ကို ျပဳစုေစာင့္ေရွာက္ခဲ့ရသည္။

သူမ တကယ္ပင္ ပင္ပန္းေနပါသည္။

သို႔ေသာ္ဒီေကာင္က  သူမအိပ္စက္ျခင္းကို ေႏွာင့္ယွက္ေနဆဲပင္။
သူအရမ္းလြန္တာပဲ !

ယင္းေရွာင္က်ဲ  သည္ ကုတင္ေပၚမွ မထမီ သူမဆံႏြယ္ေလးမ်ားကို ဖြဖြ ေလး ပြတ္သပ္ေပးလိုက္သည္။

မ်က္လုံးမ်ားကိုမွိတ္ထားေသာ္လည္း မုေရွာင္းေရွာင္၏ နား႐ြက္မ်ားသည္ သူ႔လႈပ္ရွားမႈမ်ားကို ေတာက္ေလွ်ာက္ အာ႐ုံခံေနခဲ့သည္။

ေရခ်ိဳးခန္းထဲကို ေလွ်ာက္သြားတဲ့ သူ႔ေျခသံနဲ႔ အထဲက ေရသံကို သူမ ၾကားလိုက္ရတယ္။

ဧရာမကုတင္ႀကီးသည္ ယင္းေရွာင္က်ဲ ႏွင့္အတူ ႐ုတ္ခ်ည္း ေနရာ လြတ္သြားသလို ခံစားလိုက္ရသည္။

သူမသည္ အိပ္ရာထဲတြင္ ဆက္ေနခ်င္ေသာ္လည္း ႐ုတ္တရက္ အိပ္ခ်င္စိတ္ေပ်ာက္ကာ မ်က္လုံးဖြင့္လိုက္မိသည္။

မုေရွာင္းေရွာင္ ႐ုတ္တရက္ ထထိုင္လိုက္ၿပီး ေခါင္းကို ပြတ္လိုက္သည္။ သူမ ႐ုတ္တရက္ တစ္ခုခုကို ေတြးၿပီး ေရခ်ိဳးခန္း ဘက္ကို လွမ္းေမးတယ္

"ယင္းေရွာင္က်ဲ  နင္  ျပန္ေကာင္းသြားၿပီလား"

ယင္းေရွာင္က်ဲ ရဲ႕ မနက္ခင္းအမူအက်င့္ေကာင္းေတြ က သူ႔အဖ်ား က်သြားေၾကာင္းကို  ၫႊန္ျပေနပါတယ္။

အခ်ိန္အေတာ္ၾကာေအာင္ ေစာင့္ခဲ့ေသာ္လည္း အေၾကာင္းျပန္လာျခင္းမရွိေပ။

မုေရွာင္းေရွာင္ ႏႈတ္ခမ္းစူလိုက္သည္။ ​ရေရေတြ က်ေနတဲ့အတြက္​ သူ  မၾကားလိုက္​တာလား?

ခဏေနေတာ့ တံခါးက ခပ္ဖြဖြေလး ပြင့္လာတယ္။

ယင္းေရွာင္က်ဲ ၏ ခႏၶာကိုယ္သည္  စိုစြတ္ေနၿပီး အေပၚပိုင္း ဗလာျဖင့္ ထြက္လာကာ ရင္ဘတ္ႂကြက္သားမ်ား ေပၚလြင္ေနၿပီး သူ၏ သိကၡာရွိတဲ့  ေအာက္ပိုင္းကိုေတာ့  မ်က္ႏွာသုတ္ပုဝါျဖင့္ အကာအကြယ္ ယူထားသည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net