အပိုင်း -၃၉၂

Background color
Font
Font size
Line height

Unicode
အပိုင်း ၃၉၂ - သူမ သူ့ကို မကြိုက်ဘူးလား

မုရှောင်းရှောင် လန့်သွားသည်။ ဒီလိုအချိန်မျိုးမှာတောင် သူဘယ်လိုလုပ် ရက်စက်ကြမ်းကြုတ်ပြီး နောက်ပြောင်နေရသေးတာလဲ။

ရယ်ရမလား ငိုရမလား မသေချာ။ သို့သော် သူ၏ ကြမ်းတမ်းသော အသံနှင့် ဖြူဖျော့သော မျက်နှာကို ကြည့်လိုက် ကြားလိုက်ရတော့ မုရှောင်းရှောင် ယင်းရှောင်ကျဲ အတွက် စိတ်မကောင်း ဖြစ်မိသည်။

“နင့်ရဲ့ ခြောက်ကပ်နေတဲ့ နှုတ်ခမ်းတွေကို ပြန်ကြည့်လိုက်ဦး။ ရေအရင်သောက်"

သူမစကားကို  နာခံမှုရှိရှိ ပြုမူပါက ဆုလာဘ်ရမည်ဟု ပြောသကဲ့သို့ မုရှောင်းရှောင် ယင်းရှောင်ကျဲ ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

ယင်းရှောင်ကျဲ  လည်း သူ့လည်ချောင်းတွေ အရမ်းခြောက်ကပ်နေသလို ခံစား နေရသည်။ သူ၏သံလိုက်လို  ဆွဲဆောင်မှုရှိသော အသံသည်ပင် ကြားရသည်မှာ မနှစ်မြို့စရာ ဖြစ်လာသည်။

အဲ့ဒါကြောင့် သူမ ငါ့ကို မကြိုက်တော့မှာလား။

ထိုအတွေးဖြင့် ယင်းရှောင်ကျဲ ခေါင်းညိတ်ပြလိုက်သည်။

မုရှောင်းရှောင် က ပြုံးပြီး သူ့ခေါင်းကို ထိကြည့်လိုက်တယ်။

"ဒါက ပိုကောင်းတယ်။ အခု နင့်လက်ကိုလွှတ် ရေသွားယူလိုက်ဦးမယ်"

ယင်းရှောင်ကျဲ  သတိလစ်ပြီးကတည်းက သူမလက်ကို ဆုပ်ကိုင်ထားတာပင်။ ယင်းရှောင်ကျဲ သည် ခွန်အားကို များစွာအသုံးမပြုသော်လည်း သူမ၏လက်သည် တကယ်နာကျင်နေသည်ဟု ခံစားမိသည်။

ရုတ်တရက် မုရှောင်းရှောင်သည်

“အချိန်ကုန်ဆုံးသည်တိုင်အောင် နင်၏လက်က  ငါ့ကိုပဲ ဆွဲကိုင်ထားပါစေ” ဟူသောစကားပုံကို တွေးလိုက်မိသည်။

အမှန်တော့၊ တစ်သက်လုံး တစ်ယောက်ယောက်နဲ့ အမြဲ အတူနေရဖို့ဆိုတာ မလွယ်လှပါဘူး ။

ယင်းရှောင်ကျဲ  မုရှောင်းရှောင် သူ့ကို ကလေးတစ်ယောက်ကို ချော့နေသလိုမျိုး စကားပြောနေတာကို မကျေမနပ်ဖြစ်မိပေမယ့် သူဆုပ်ကိုင်ထားပုံကို  ဖြေလျော့ ပေးလိုက်တုန်းပါပဲ။

တကယ်တော့ သတိလစ်နေချိန်မှာ သူမကို ဘာကြောင့် ဆုပ်ကိုင်ထားလဲဆိုတာကိုလည်း သူ မမှတ်မိတော့။

အခု ယင်းရှောင်ကျဲ သူမလက်ကို လွှတ်ချလိုက်တော့ မုရှောင်းရှောင်လက်ကောက်ဝတ်မှာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားလာရပါတော့သည်။ ယင်းရှောင်ကျဲ သည် အဖျားရှိ၍ အားနည်းနေပြီဖြစ်သော်လည်း သူ၏လက်ကျန် စွမ်းအင်အားလုံးဖြင့်  သူမလက်ကို ဆုပ်ကိုင်ထားသည်။

“ငါ့ကို ဒီမှာပဲစောင့်၊ ငါချက်ချင်းပြန်လာခဲ့မယ်”

ဟု မုရှောင်းရှောင် က ပြောသည်။ ထို့နောက် အိပ်ရာပေါ်မှ ဆင်းကာ ဖိနပ်တစ်ရံကို ဝတ်ဆင်ပြီး အိပ်ခန်း အပြင်သို့ ထွက်သွားသည်။

သူမထွက်သွားစဉ် ယင်းရှောင်ကျဲ  ၏အကြည့်သည် သူမနောက်က လိုက်ပါသွားပြီး တံခါးကိုပဲ စိုက်ကြည့်နေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် မုရှောင်းရှောင် သည် နောက်ဆုံးတွင် ရေနှင့်အတူပြန်လာခဲ့သည်။

မုရှောင်းရှောင်  အိပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် ယင်းရှောင်ကျဲ သူမထွက်ပြေးသွားမှာကို ကြောက်နေသလိုမျိုး သူမအပေါ် စူးစူးစိုက်စိုက် အကြည့်ကို ချက်ချင်း သတိပြုမိသည်။

မုရှောင်းရှောင်၏နှလုံးသည် ခဏတာတုန်လှုပ်သွားမိသည်။
ဒီ​ကောင်​က ငါ့အနီးကပ်​ စောင့်ကြည့်​ ပေးလိုအပ်​​နေတာလား?

ယင်းရှောင်ကျဲ ဖျားနေပြီး အားနည်းနေပြီဖြစ်သော်လည်း တံခါးကို စောင့်ကြည့်နေဆဲဖြစ်သည်။

သူ့မျက်လုံးတွေ မပင်ပန်းဘူးလား?

မုရှောင်းရှောင်သည် အတွင်းစိတ်ထဲကနေ ယင်းရှောင်ကျဲ ကို ဝေဖန်နေသော်လည်း ယင်းရှောင်ကျဲ   ဘာလို့ ဤကဲ့သို့ ချစ်စဖွယ်ကောင်းသည်ဟု သူမ နားမလည်နိုင်စွာနဲ့ပဲ ခံစားမိနေသည်။

ကုတင်နား လျှောက်လာရင်း မုရှောင်းရှောင်၏ အပြုံးသည် ပိုပိုနူးညံ့လာသည်။ သူမသည် စောင်ကို လက်ဖြင့်ပုတ်ကာ

“ထ ရေသောက်ပ”

"ရေယူတာ  ဘာလို့ကြာနေတာလဲ"

မေးလိုက်တဲ့ ယင်းရှောင်ကျဲ က မကျေမနပ်ဖြစ်နေပုံပေါ်သည်။ ယင်းရှောင်ကျဲ ၏  အလွန်အားနည်းနေပုံရပြီး သူ့အသံသည် ယခင်ကထက် များစွာ ကျယ်လောင်ပေမယ့်  အားပျော့ နေသည်။

“ငါ ခန္ဓာကိုယ်က ဗလာကျင်း နေသလို ခံစားရတယ်… ငါ့ခန္ဓာကိုယ်က ခွန်အားတစ်စက်မှ မရှိတော့ဘူး၊ ငါမထနိုင်ဘူး။"

သူပြောနေရင်း သူ့မျက်လုံးများက  မှေးမှိန်သွားသည် ။

မုရှောင်းရှောင် င့်ဘာလုပ်ရမှန်းမသိသောကြောင့် သူမသည် ဖန်ခွက်ကို ကုတင်တန်းပေါ်တင်ကာ ရှေ့သို့သွားပြီး  သူ့ကို မြှောက်ထူပေးလိုက်သည်။

ယင်းရှောင်ကျဲ သည် သူ့လက်နှစ်ဖက်လုံးဖြင့် သူမကို ပတ်ထားပြီး အလေးချိန်အားလုံးနီးပါးဖြင့်  သူမကို ဖိထားသည်။

"နင် ဘာလို့ဒီလောက်လေးနေရတာလဲ"

မုရှောင်းရှောင် က ငြီးတွားလိုက်သော်လည်း  သူ့ကိုကူညီရန် သူမ၏ခွန်အားရှိသမျှကို အသုံးချနေဆဲဖြစ်သည်။

နောက်ဆုံးတော့ ယင်းရှောင်ကျဲ ထထိုင်လိုက်တယ်။ သို့သော်လည်း သခင်လေးယင်းသည် သူမကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပုံပေါ်ပုံရပြီး သူမကို ဖတ်ထားသည့် လက်နှစ်ဖက်က သွယ်လျသောခါးကို ဖယ်လိုက်ရမည့်အစား ယခုပို၍ပင် တင်းကြပ်စွာ ပွေ့ဖက်ထားသည်။

ယင်းရှောင်ကျဲ  သူ့မေးစေ့ကို မုရှောင်းရှောင်ပခုံးပေါ်တင်လိုက်ပြီး မြင့်လွန်းတဲ့ နှာခေါင်းဖြင့်  သူမလည်ပင်းနားကို ထိုးထည့်လိုက်တယ်။

သူ့နှာခေါင်းမှာ သူမရဲ့ ကိုယ်သင်းရနံ့တွေနဲ့  ပြည့်နေတယ်။

“ဟေး…”

မုရှောင်းရှောင်သည် ထိုအနေအထားက  သူမ၏ခါးကို ကွေးထား၍ စိတ်မသက်မသာခံစားရသဖြင့် ထချင်လာသည်။

“မလှုပ်နဲ့။ ကိုယ် အားပြန်သွင်းပါရစေ"

ယင်းရှောင်ကျဲ  က သူမကို အနီးကပ်ပွေ့ဖက်ရင်း ပြောလိုက်သည်။

"ဘာကို အားပြန်သွင်းတာလဲ"

မုရှောင်းရှောင် က သူ့ကို နားမလည်သလို စိုက်ကြည့်ရင်း သူမရဲ့ အနက်ရောင်မျက်လုံးတွေက ရွှန်းစိုနေပေမယ့် သူရဲ့နောက်ကျောနဲ့ ဆံပင်တွေကိုသာ မြင်နေရတယ်။

ယင်းရှောင်ကျဲ ကို မုရှောင်းရှောင် အနီးကပ်ကနေ မြင်လိုက်ရတော့ သူ့ဆံပင်တွေက တကယ်ကို ပျော့ပျောင်းနေမှန်း သိလိုက်ရသည်။

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi
အပိုင္း ၃၉၂ - သူမ သူ႔ကို မႀကိဳက္ဘူးလား

မုေရွာင္းေရွာင္ လန႔္သြားသည္။ ဒီလိုအခ်ိန္မ်ိဳးမွာေတာင္ သူဘယ္လိုလုပ္ ရက္စက္ၾကမ္းၾကဳတ္ၿပီး ေနာက္ေျပာင္ေနရေသးတာလဲ။

ရယ္ရမလား ငိုရမလား မေသခ်ာ။ သို႔ေသာ္ သူ၏ ၾကမ္းတမ္းေသာ အသံႏွင့္ ျဖဴေဖ်ာ့ေသာ မ်က္ႏွာကို ၾကည့္လိုက္ ၾကားလိုက္ရေတာ့ မုေရွာင္းေရွာင္ ယင္းေရွာင္က်ဲ အတြက္ စိတ္မေကာင္း ျဖစ္မိသည္။

“နင့္ရဲ႕ ေျခာက္ကပ္ေနတဲ့ ႏႈတ္ခမ္းေတြကို ျပန္ၾကည့္လိုက္ဦး။ ေရအရင္ေသာက္"

သူမစကားကို  နာခံမႈရွိရွိ ျပဳမူပါက ဆုလာဘ္ရမည္ဟု ေျပာသကဲ့သို႔ မုေရွာင္းေရွာင္ ယင္းေရွာင္က်ဲ ကို တစ္ခ်က္ၾကည့္ကာ ေျပာလိုက္သည္။

ယင္းေရွာင္က်ဲ  လည္း သူ႔လည္ေခ်ာင္းေတြ အရမ္းေျခာက္ကပ္ေနသလို ခံစား ေနရသည္။ သူ၏သံလိုက္လို  ဆြဲေဆာင္မႈရွိေသာ အသံသည္ပင္ ၾကားရသည္မွာ မႏွစ္ၿမိဳ႕စရာ ျဖစ္လာသည္။

အဲ့ဒါေၾကာင့္ သူမ ငါ့ကို မႀကိဳက္ေတာ့မွာလား။

ထိုအေတြးျဖင့္ ယင္းေရွာင္က်ဲ ေခါင္းညိတ္ျပလိုက္သည္။

မုေရွာင္းေရွာင္ က ၿပဳံးၿပီး သူ႔ေခါင္းကို ထိၾကည့္လိုက္တယ္။

"ဒါက ပိုေကာင္းတယ္။ အခု နင့္လက္ကိုလႊတ္ ေရသြားယူလိုက္ဦးမယ္"

ယင္းေရွာင္က်ဲ  သတိလစ္ၿပီးကတည္းက သူမလက္ကို ဆုပ္ကိုင္ထားတာပင္။ ယင္းေရွာင္က်ဲ သည္ ခြန္အားကို မ်ားစြာအသုံးမျပဳေသာ္လည္း သူမ၏လက္သည္ တကယ္နာက်င္ေနသည္ဟု ခံစားမိသည္။

႐ုတ္တရက္ မုေရွာင္းေရွာင္သည္

“အခ်ိန္ကုန္ဆုံးသည္တိုင္ေအာင္ နင္၏လက္က  ငါ့ကိုပဲ ဆြဲကိုင္ထားပါေစ” ဟူေသာစကားပုံကို ေတြးလိုက္မိသည္။

အမွန္ေတာ့၊ တစ္သက္လုံး တစ္ေယာက္ေယာက္နဲ႔ အၿမဲ အတူေနရဖို႔ဆိုတာ မလြယ္လွပါဘူး ။

ယင္းေရွာင္က်ဲ  မုေရွာင္းေရွာင္ သူ႔ကို ကေလးတစ္ေယာက္ကို ေခ်ာ့ေနသလိုမ်ိဳး စကားေျပာေနတာကို မေက်မနပ္ျဖစ္မိေပမယ့္ သူဆုပ္ကိုင္ထားပုံကို  ေျဖေလ်ာ့ ေပးလိုက္တုန္းပါပဲ။

တကယ္ေတာ့ သတိလစ္ေနခ်ိန္မွာ သူမကို ဘာေၾကာင့္ ဆုပ္ကိုင္ထားလဲဆိုတာကိုလည္း သူ မမွတ္မိေတာ့။

အခု ယင္းေရွာင္က်ဲ သူမလက္ကို လႊတ္ခ်လိုက္ေတာ့ မုေရွာင္းေရွာင္လက္ေကာက္ဝတ္မွာ နာက်င္ကိုက္ခဲတဲ့ ေဝဒနာကို ခံစားလာရပါေတာ့သည္။ ယင္းေရွာင္က်ဲ သည္ အဖ်ားရွိ၍ အားနည္းေနၿပီျဖစ္ေသာ္လည္း သူ၏လက္က်န္ စြမ္းအင္အားလုံးျဖင့္  သူမလက္ကို ဆုပ္ကိုင္ထားသည္။

“ငါ့ကို ဒီမွာပဲေစာင့္၊ ငါခ်က္ခ်င္းျပန္လာခဲ့မယ္”

ဟု မုေရွာင္းေရွာင္ က ေျပာသည္။ ထို႔ေနာက္ အိပ္ရာေပၚမွ ဆင္းကာ ဖိနပ္တစ္ရံကို ဝတ္ဆင္ၿပီး အိပ္ခန္း အျပင္သို႔ ထြက္သြားသည္။

သူမထြက္သြားစဥ္ ယင္းေရွာင္က်ဲ  ၏အၾကည့္သည္ သူမေနာက္က လိုက္ပါသြားၿပီး တံခါးကိုပဲ စိုက္ၾကည့္ေနသည္။

မိနစ္အနည္းငယ္ၾကာၿပီးေနာက္ မုေရွာင္းေရွာင္ သည္ ေနာက္ဆုံးတြင္ ေရႏွင့္အတူျပန္လာခဲ့သည္။

မုေရွာင္းေရွာင္  အိပ္ခန္းထဲသို႔ ဝင္လိုက္သည္ႏွင့္ ယင္းေရွာင္က်ဲ သူမထြက္ေျပးသြားမွာကို ေၾကာက္ေနသလိုမ်ိဳး သူမအေပၚ စူးစူးစိုက္စိုက္ အၾကည့္ကို ခ်က္ခ်င္း သတိျပဳမိသည္။

မုေရွာင္းေရွာင္၏ႏွလုံးသည္ ခဏတာတုန္လႈပ္သြားမိသည္။
ဒီ​ေကာင္​က ငါ့အနီးကပ္​ ေစာင့္ၾကည့္​ ေပးလိုအပ္​​ေနတာလား?

ယင္းေရွာင္က်ဲ ဖ်ားေနၿပီး အားနည္းေနၿပီျဖစ္ေသာ္လည္း တံခါးကို ေစာင့္ၾကည့္ေနဆဲျဖစ္သည္။

သူ႔မ်က္လုံးေတြ မပင္ပန္းဘူးလား?

မုေရွာင္းေရွာင္သည္ အတြင္းစိတ္ထဲကေန ယင္းေရွာင္က်ဲ ကို ေဝဖန္ေနေသာ္လည္း ယင္းေရွာင္က်ဲ   ဘာလို႔ ဤကဲ့သို႔ ခ်စ္စဖြယ္ေကာင္းသည္ဟု သူမ နားမလည္ႏိုင္စြာနဲ႔ပဲ ခံစားမိေနသည္။

ကုတင္နား ေလွ်ာက္လာရင္း မုေရွာင္းေရွာင္၏ အၿပဳံးသည္ ပိုပိုႏူးညံ့လာသည္။ သူမသည္ ေစာင္ကို လက္ျဖင့္ပုတ္ကာ

“ထ ေရေသာက္ပ”

"ေရယူတာ  ဘာလို႔ၾကာေနတာလဲ"

ေမးလိုက္တဲ့ ယင္းေရွာင္က်ဲ က မေက်မနပ္ျဖစ္ေနပုံေပၚသည္။ ယင္းေရွာင္က်ဲ ၏  အလြန္အားနည္းေနပုံရၿပီး သူ႔အသံသည္ ယခင္ကထက္ မ်ားစြာ က်ယ္ေလာင္ေပမယ့္  အားေပ်ာ့ ေနသည္။

“ငါ ခႏၶာကိုယ္က ဗလာက်င္း ေနသလို ခံစားရတယ္… ငါ့ခႏၶာကိုယ္က ခြန္အားတစ္စက္မွ မရွိေတာ့ဘူး၊ ငါမထႏိုင္ဘူး။"

သူေျပာေနရင္း သူ႔မ်က္လုံးမ်ားက  ေမွးမွိန္သြားသည္ ။

မုေရွာင္းေရွာင္ င့္ဘာလုပ္ရမွန္းမသိေသာေၾကာင့္ သူမသည္ ဖန္ခြက္ကို ကုတင္တန္းေပၚတင္ကာ ေရွ႕သို႔သြားၿပီး  သူ႔ကို ေျမႇာက္ထူေပးလိုက္သည္။

ယင္းေရွာင္က်ဲ သည္ သူ႔လက္ႏွစ္ဖက္လုံးျဖင့္ သူမကို ပတ္ထားၿပီး အေလးခ်ိန္အားလုံးနီးပါးျဖင့္  သူမကို ဖိထားသည္။

"နင္ ဘာလို႔ဒီေလာက္ေလးေနရတာလဲ"

မုေရွာင္းေရွာင္ က ၿငီးတြားလိုက္ေသာ္လည္း  သူ႔ကိုကူညီရန္ သူမ၏ခြန္အားရွိသမွ်ကို အသုံးခ်ေနဆဲျဖစ္သည္။

ေနာက္ဆုံးေတာ့ ယင္းေရွာင္က်ဲ ထထိုင္လိုက္တယ္။ သို႔ေသာ္လည္း သခင္ေလးယင္းသည္ သူမကို လႊတ္ေပးရန္ ရည္႐ြယ္ခ်က္မရွိပုံေပၚပုံရၿပီး သူမကို ဖတ္ထားသည့္ လက္ႏွစ္ဖက္က သြယ္လ်ေသာခါးကို ဖယ္လိုက္ရမည့္အစား ယခုပို၍ပင္ တင္းၾကပ္စြာ ေပြ႕ဖက္ထားသည္။

ယင္းေရွာင္က်ဲ  သူ႔ေမးေစ့ကို မုေရွာင္းေရွာင္ပခုံးေပၚတင္လိုက္ၿပီး ျမင့္လြန္းတဲ့ ႏွာေခါင္းျဖင့္  သူမလည္ပင္းနားကို ထိုးထည့္လိုက္တယ္။

သူ႔ႏွာေခါင္းမွာ သူမရဲ႕ ကိုယ္သင္းရနံ႔ေတြနဲ႔  ျပည့္ေနတယ္။

“ေဟး…”

မုေရွာင္းေရွာင္သည္ ထိုအေနအထားက  သူမ၏ခါးကို ေကြးထား၍ စိတ္မသက္မသာခံစားရသျဖင့္ ထခ်င္လာသည္။

“မလႈပ္နဲ႔။ ကိုယ္ အားျပန္သြင္းပါရေစ"

ယင္းေရွာင္က်ဲ  က သူမကို အနီးကပ္ေပြ႕ဖက္ရင္း ေျပာလိုက္သည္။

"ဘာကို အားျပန္သြင္းတာလဲ"

မုေရွာင္းေရွာင္ က သူ႔ကို နားမလည္သလို စိုက္ၾကည့္ရင္း သူမရဲ႕ အနက္ေရာင္မ်က္လုံးေတြက ႐ႊန္းစိုေနေပမယ့္ သူရဲ႕ေနာက္ေက်ာနဲ႔ ဆံပင္ေတြကိုသာ ျမင္ေနရတယ္။

ယင္းေရွာင္က်ဲ ကို မုေရွာင္းေရွာင္ အနီးကပ္ကေန ျမင္လိုက္ရေတာ့ သူ႔ဆံပင္ေတြက တကယ္ကို ေပ်ာ့ေပ်ာင္းေနမွန္း သိလိုက္ရသည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net