Unicode
အပိုင်း ၃၇၆ ၊ သူ့ရဲ့ အမဲစက် (၃)
မုရှောင်းရှောင်သည် ဒဏ္ဍာရီပုံပြင်များထဲရှိ မင်းသမီးလေးများအတိုင်း သူမအား သူ့အဖေနှင့် သူ့ပတ်ဝန်းကျင်ရှိလူများက အမြဲတမ်း နှစ်သက်သဘောကျကာ သူမအလိုကို အမြဲ ဖြည့်ဆည်းပေးကြကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်သည်။
ဒါ့ကြောင့် အရာအားလုံး အမြဲ လှပနေလိမ့်မည်ဟု သူမထင်ခဲ့တာပင်။ သူတပါးကို စိတ်နှလုံးအကြွင်းမဲ့ ပေး နေသရွေ့ အခြားသူများကလည်း သူမကို တူညီသော နှလုံးသားပေးကမ်းလိမ့်မည်ဟု ယူဆခဲ့သည်။
အဆိုးမြင်၀ါဒတွေ စိတ်ထဲမှာ လွှမ်းမိုးလာတဲ့အခါမှာတော့ လူတွေဟာ မသိစိတ်က ကိုယ့်ကိုကိုယ် နှိမ့်ချတွေးတောလာတတ်ကြသည်။
သူမ၏ မေးစေ့ကို ညှစ်ထားသည့် ယင်းရှောင်ကျဲ လက်ချောင်းများက နှုတ်ခမ်းကို ဖိထားလိုက်ကြပြီး ယင်းရှောင်ကျဲ က သူမကို နမ်းရန် ခေါင်းငုံ့ကာ ကြည့်လာသည်။
ရုတ်တရက် မုရှောင်းရှောင် ဆန့်ကျင် ရုန်းကန်မှုများသည် တဖြည်းဖြည်းပိုမို ကြီးမားလာသည်။
သို့သော် သူမနှုတ်ခမ်းကို ထိခါနီးတွင် ယင်းရှောင်ကျဲ ရပ်တန့်သွားသည်။
“မင်းကို ဒီလိုနမ်းရုံထက် ပိုလုပ်ချင် နေတာ မင်းမသိဘူးလား။ ရေအေးနဲ့ ချိုးတိုင်း မင်းအပေါ်ကို ငါဘယ်လိုခံစားရလဲ မင်းမသိဘူးလား ။ ယောက်ျားတစ်ယောက်ယောက်ကို မင်းပွေ့ဖက်ထားတာမြင်တိုင်း ရူးသွားသလို အဲဒီလူကိုပါ သတ်ပစ်လိုက်နိုင်တယ်ဆိုတာ မင်းမသိဘူးလား။ မင်းငါ့ကိုထားခဲ့တယ် ဆိုတဲ့ အတွေးကို တွေးတိုင်းကို အသက်ရှုမဝခဲ့ဘူးဆိုတာ မင်းသေချာမသိဘူး… ရှောင်းရှောင် မင်းငါ့ကိုနားမလည်ဘူး။ မင်းငါ့ကို နားမလည်တာ အမှန်ပဲ။ မင်းက ငါ့ကို နားမလည်ဘူး၊ အနည်းဆုံးတော့ မင်းငါ့ကိုတကယ်နားလည်ရင် မင်းငါ့ကို ပစ်ထားခဲ့မှာမဟုတ်ဘူး အရူးမလေးရဲ့ ...”
သူ့စကားကြားတော့ မုရှောင်းရှောင် ရင်ထဲမှာ တုန်လှုပ်သွားပြီး နှလုံးသားတွေ တင်းကြပ်လာရသည်။ ဒါပေမယ့်... ဖော်ပြမရတဲ့ ပျော်ရွှင်စရာ ခံစားချက်တချို့လည်း ရှိခဲ့ပါတယ်။
သူအမှန်အတိုင်းပြောနေတာလား...
ငါ သူ့ကို ထားသွားခဲ့တုန်းက သူ အသက်ရှူလို့ မရခဲ့ဘူးလို့ ပြော နေတာလား။
မုရှောင်းရှောင် က အန်းဇီရှင်း နဲ့ သူနဲ့တွေ့ခဲ့ပုံအကြောင်း တွေးနေရင်းနဲ့ သူမလဲ အသက်ရှူကျပ်သလို ခံစားရပြန်သည်။
ဒီတော့ ဒါက တစ်ယောက်နဲ့တစ်ယောက် ထပ်တူထပ်မျှ ခံစားရတာ မဟုတ်လား ။
သူမရဲ့ အောက်နှုတ်ခမ်းတွေ ပြားပြီး တုန်လှုပ်သွားပြီး သူမ ဒေါသတကြီးနဲ့
"နင့်ကို ငါက စွန့်ပစ်ခဲ့တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... နင် ရှင်းရှင်းလင်းလင်း သိနေတာပဲကို ! နင်က ငါ့ကို နာကျင်အောင် လုပ်ခဲ့တာ ကြောင့်မှန်း နင် ရှင်းရှင်းလင်းလင်း သိပေမယ့် ငါ့ကို အပြစ်တင်ဖို့ အာရုံတွေ ရှိနေသေးတယ်…”
မုရှောင်းရှောင်စကားပြောရင်း မျက်ရည်တွေကျလာသည်။
သူမ အခုချိန် ဘယ်လောက်တောင် သနားစရာကောင်းနေမှန်း သူမ မသိ။
သူမကို အပြစ်တင်ဖို့ ဘယ်လိုများ တွေးလိုက်တာပါလိမ့်။
မုရှောင်းရှောင် ငိုရင်းနဲ့ လက်သီးတွေကို တင်းတင်းဆုပ်ပြီး ယင်းရှောင်ကျဲ ရင်ဘတ်ကို ထုရိုက်လိုက်သည်။
"နင် လူယုတ်မာ ကောင် ! နင် လူယုတ်မာ!"
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမ မည်ကဲ့သို့နေထိုင်ခဲ့သည်ကို
သူ လုံးဝမသိခဲ့ပေ။
အရင်က ဖုတ်ကောင်ဆိုတာ ဘာကိုဆိုလိုမှန်း မုရှောင်းရှောင် မသိခဲ့ပေမဲ့ အခုတော့ သူမသိသွားပြီ။
မုရှောင်းရှောင် အတွက် လွန်ခဲ့တဲ့ နှစ်ရက်က ဖုတ်ကောင်လိုမျိုးပင် စိတ်ဓာတ်တွေ ကျဆုံးသွားခဲ့ရပြီး ပျော်ရွှင်မှုကို မေ့သွားခဲ့ရသည်။
သူတို့ နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေက အရမ်းနီးကပ်နေပြီး မုရှောင်းရှောင် ယင်းရှောင်ကျဲ ကို တုန်လှုပ်ချောက်ချားစွာ အော်ဟစ်ကြိမ်းမောင်းရင်း နှုတ်ခမ်းများက တစ်ခုကိုတစ်လယခု အထပ်ထပ် အခါခါ ပွတ်တိုက် နေမိကြသည်။
ယင်းရှောင်ကျဲ ၏ အမူအရာသည် တည်ငြိမ်လို့နေပြီး
ရုတ်တရက် သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ရေလို ပျော့ပျောင်းသော အသံဖြင့်
“ဟုတ်တယ်၊ ကိုယ့် အပြစ်ပါ ။ ကိုယ်က အယုတ်မာဆုံးပဲ။ ဒါကြောင့် မင်းကို ကိုယ် ထွက်သွားခွင့်မပြုနိုင်ဘူး။ကိုယ့် အမှားတွေအတွက် ခွင့်လွှတ်ပေးဖို့ မင်းတစ်သက်လုံး ကိုယ်အနားမှာ ရှိနေရမှာ ဟုတ်တယ်မလား"
“မဟုတ်ဘူး”
မုရှောင်းရှောင် က တုန်လှုပ်သွားသည်။
"ဒါဆို မင်းဘယ်လိုလုပ်ချင်လဲ"
ယင်းရှောင်ကျဲ သည် သူမ၏ မျက်နှာလေးကို ကြင်နာစွာ စိုက်ကြည့်နေမိသည်။ သူမ၏ အသံနေအသံထားမှ၊ သူမ၏နှလုံးသား အနည်းငယ် ပျော့ပျောင်းသွားကြောင်း သူသိနိုင်ပြီး အနည်းဆုံးတော့ အန်းဇီရှင်း နှင့် သူကြားတွင် ဖြစ်ပျက်ခဲ့သည့်အရာများက နားလည်မှုလွဲမှားခြင်းသာဖြစ်သည်ဟု သူမ ယုံကြည်သွားခဲ့သည်။
ယင်းရှောင်ကျဲသည် နောက်ဆုံးတွင် သူ့နှလုံးသားထဲတွင် လေးလံသော ဝန်ထုပ်ဝန်ပိုးကို လွှတ်ချနိုင်ခဲ့သည်။
အခု သူလုပ်စရာရှိတာက သူမကို ပြန်လာအောင် ချော့ဖို့ပဲ။
မုရှောင်းရှောင် သူ့ကို ဘယ်လို ဆက်ဆံရမယ်ဆိုတာ မတွေးထားပေမယ့် သူ့ကို ဒီလောက်လွယ်လွယ် ခွင့်လွှတ်ဖို့ တော့ မရည်ရွယ်ထားပါဘူး။
ယင်းရှောင်ကျဲ သည် သူမအား အလွန်အမင်း နာကျင်စေခဲ့ကာ မျက်ရည်များစွာ စီးကျမှုကြောင့် မျက်လုံးများ ရောင်ရမ်းခဲ့ရ
သည်။
Translated By Esther Yam
အပိုင္း ၃၇၆ ၊ သူ႔ရဲ႕ အမဲစက္ (၃)
မုေရွာင္းေရွာင္သည္ ဒ႑ာရီပုံျပင္မ်ားထဲရွိ မင္းသမီးေလးမ်ားအတိုင္း သူမအား သူ႔အေဖႏွင့္ သူ႔ပတ္ဝန္းက်င္ရွိလူမ်ားက အၿမဲတမ္း ႏွစ္သက္သေဘာက်ကာ သူမအလိုကို အၿမဲ ျဖည့္ဆည္းေပးၾကေၾကာင့္လဲ ျဖစ္ေကာင္းျဖစ္ႏိုင္သည္။
ဒါ့ေၾကာင့္ အရာအားလုံး အၿမဲ လွပေနလိမ့္မည္ဟု သူမထင္ခဲ့တာပင္။ သူတပါးကို စိတ္ႏွလုံးအႂကြင္းမဲ့ ေပး ေနသေ႐ြ႕ အျခားသူမ်ားကလည္း သူမကို တူညီေသာ ႏွလုံးသားေပးကမ္းလိမ့္မည္ဟု ယူဆခဲ့သည္။
အဆိုးျမင္၀ါဒေတြ စိတ္ထဲမွာ လႊမ္းမိုးလာတဲ့အခါမွာေတာ့ လူေတြဟာ မသိစိတ္က ကိုယ့္ကိုကိုယ္ ႏွိမ့္ခ်ေတြးေတာလာတတ္ၾကသည္။
သူမ၏ ေမးေစ့ကို ညႇစ္ထားသည့္ ယင္းေရွာင္က်ဲ လက္ေခ်ာင္းမ်ားက ႏႈတ္ခမ္းကို ဖိထားလိုက္ၾကၿပီး ယင္းေရွာင္က်ဲ က သူမကို နမ္းရန္ ေခါင္းငုံ႔ကာ ၾကည့္လာသည္။
႐ုတ္တရက္ မုေရွာင္းေရွာင္ ဆန္႔က်င္ ႐ုန္းကန္မႈမ်ားသည္ တျဖည္းျဖည္းပိုမို ႀကီးမားလာသည္။
သို႔ေသာ္ သူမႏႈတ္ခမ္းကို ထိခါနီးတြင္ ယင္းေရွာင္က်ဲ ရပ္တန႔္သြားသည္။
“မင္းကို ဒီလိုနမ္း႐ုံထက္ ပိုလုပ္ခ်င္ ေနတာ မင္းမသိဘူးလား။ ေရေအးနဲ႔ ခ်ိဳးတိုင္း မင္းအေပၚကို ငါဘယ္လိုခံစားရလဲ မင္းမသိဘူးလား ။ ေယာက္်ားတစ္ေယာက္ေယာက္ကို မင္းေပြ႕ဖက္ထားတာျမင္တိုင္း ႐ူးသြားသလို အဲဒီလူကိုပါ သတ္ပစ္လိုက္ႏိုင္တယ္ဆိုတာ မင္းမသိဘူးလား။ မင္းငါ့ကိုထားခဲ့တယ္ ဆိုတဲ့ အေတြးကို ေတြးတိုင္းကို အသက္ရႈမဝခဲ့ဘူးဆိုတာ မင္းေသခ်ာမသိဘူး… ေရွာင္းေရွာင္ မင္းငါ့ကိုနားမလည္ဘူး။ မင္းငါ့ကို နားမလည္တာ အမွန္ပဲ။ မင္းက ငါ့ကို နားမလည္ဘူး၊ အနည္းဆုံးေတာ့ မင္းငါ့ကိုတကယ္နားလည္ရင္ မင္းငါ့ကို ပစ္ထားခဲ့မွာမဟုတ္ဘူး အ႐ူးမေလးရဲ႕ ...”
သူ႔စကားၾကားေတာ့ မုေရွာင္းေရွာင္ ရင္ထဲမွာ တုန္လႈပ္သြားၿပီး ႏွလုံးသားေတြ တင္းၾကပ္လာရသည္။ ဒါေပမယ့္... ေဖာ္ျပမရတဲ့ ေပ်ာ္႐ႊင္စရာ ခံစားခ်က္တခ်ိဳ႕လည္း ရွိခဲ့ပါတယ္။
သူအမွန္အတိုင္းေျပာေနတာလား...
ငါ သူ႔ကို ထားသြားခဲ့တုန္းက သူ အသက္ရႉလို႔ မရခဲ့ဘူးလို႔ ေျပာ ေနတာလား။
မုေရွာင္းေရွာင္ က အန္းဇီရွင္း နဲ႔ သူနဲ႔ေတြ႕ခဲ့ပုံအေၾကာင္း ေတြးေနရင္းနဲ႔ သူမလဲ အသက္ရႉက်ပ္သလို ခံစားရျပန္သည္။
ဒီေတာ့ ဒါက တစ္ေယာက္နဲ႔တစ္ေယာက္ ထပ္တူထပ္မွ် ခံစားရတာ မဟုတ္လား ။
သူမရဲ႕ ေအာက္ႏႈတ္ခမ္းေတြ ျပားၿပီး တုန္လႈပ္သြားၿပီး သူမ ေဒါသတႀကီးနဲ႔
"နင့္ကို ငါက စြန႔္ပစ္ခဲ့တယ္ဆိုတာ ဘာကိုဆိုလိုတာလဲ... နင္ ရွင္းရွင္းလင္းလင္း သိေနတာပဲကို ! နင္က ငါ့ကို နာက်င္ေအာင္ လုပ္ခဲ့တာ ေၾကာင့္မွန္း နင္ ရွင္းရွင္းလင္းလင္း သိေပမယ့္ ငါ့ကို အျပစ္တင္ဖို႔ အာ႐ုံေတြ ရွိေနေသးတယ္…”
မုေရွာင္းေရွာင္စကားေျပာရင္း မ်က္ရည္ေတြက်လာသည္။
သူမ အခုခ်ိန္ ဘယ္ေလာက္ေတာင္ သနားစရာေကာင္းေနမွန္း သူမ မသိ။
သူမကို အျပစ္တင္ဖို႔ ဘယ္လိုမ်ား ေတြးလိုက္တာပါလိမ့္။
မုေရွာင္းေရွာင္ ငိုရင္းနဲ႔ လက္သီးေတြကို တင္းတင္းဆုပ္ၿပီး ယင္းေရွာင္က်ဲ ရင္ဘတ္ကို ထု႐ိုက္လိုက္သည္။
"နင္ လူယုတ္မာ ေကာင္ ! နင္ လူယုတ္မာ!"
လြန္ခဲ့သည့္ ႏွစ္ရက္အတြင္း သူမ မည္ကဲ့သို႔ေနထိုင္ခဲ့သည္ကို
သူ လုံးဝမသိခဲ့ေပ။
အရင္က ဖုတ္ေကာင္ဆိုတာ ဘာကိုဆိုလိုမွန္း မုေရွာင္းေရွာင္ မသိခဲ့ေပမဲ့ အခုေတာ့ သူမသိသြားၿပီ။
မုေရွာင္းေရွာင္ အတြက္ လြန္ခဲ့တဲ့ ႏွစ္ရက္က ဖုတ္ေကာင္လိုမ်ိဳးပင္ စိတ္ဓာတ္ေတြ က်ဆုံးသြားခဲ့ရၿပီး ေပ်ာ္႐ႊင္မႈကို ေမ့သြားခဲ့ရသည္။
သူတို႔ ႏွစ္ေယာက္ရဲ႕ ႏႈတ္ခမ္းေတြက အရမ္းနီးကပ္ေနၿပီး မုေရွာင္းေရွာင္ ယင္းေရွာင္က်ဲ ကို တုန္လႈပ္ေခ်ာက္ခ်ားစြာ ေအာ္ဟစ္ႀကိမ္းေမာင္းရင္း ႏႈတ္ခမ္းမ်ားက တစ္ခုကိုတစ္လယခု အထပ္ထပ္ အခါခါ ပြတ္တိုက္ ေနမိၾကသည္။
ယင္းေရွာင္က်ဲ ၏ အမူအရာသည္ တည္ၿငိမ္လို႔ေနၿပီး
႐ုတ္တရက္ သူမလက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး ေရလို ေပ်ာ့ေပ်ာင္းေသာ အသံျဖင့္
“ဟုတ္တယ္၊ ကိုယ့္ အျပစ္ပါ ။ ကိုယ္က အယုတ္မာဆုံးပဲ။ ဒါေၾကာင့္ မင္းကို ကိုယ္ ထြက္သြားခြင့္မျပဳႏိုင္ဘူး။ကိုယ့္ အမွားေတြအတြက္ ခြင့္လႊတ္ေပးဖို႔ မင္းတစ္သက္လုံး ကိုယ္အနားမွာ ရွိေနရမွာ ဟုတ္တယ္မလား"
“မဟုတ္ဘူး”
မုေရွာင္းေရွာင္ က တုန္လႈပ္သြားသည္။
"ဒါဆို မင္းဘယ္လိုလုပ္ခ်င္လဲ"
ယင္းေရွာင္က်ဲ သည္ သူမ၏ မ်က္ႏွာေလးကို ၾကင္နာစြာ စိုက္ၾကည့္ေနမိသည္။ သူမ၏ အသံေနအသံထားမွ၊ သူမ၏ႏွလုံးသား အနည္းငယ္ ေပ်ာ့ေပ်ာင္းသြားေၾကာင္း သူသိႏိုင္ၿပီး အနည္းဆုံးေတာ့ အန္းဇီရွင္း ႏွင့္ သူၾကားတြင္ ျဖစ္ပ်က္ခဲ့သည့္အရာမ်ားက နားလည္မႈလြဲမွားျခင္းသာျဖစ္သည္ဟု သူမ ယုံၾကည္သြားခဲ့သည္။
ယင္းေရွာင္က်ဲသည္ ေနာက္ဆုံးတြင္ သူ႔ႏွလုံးသားထဲတြင္ ေလးလံေသာ ဝန္ထုပ္ဝန္ပိုးကို လႊတ္ခ်ႏိုင္ခဲ့သည္။
အခု သူလုပ္စရာရွိတာက သူမကို ျပန္လာေအာင္ ေခ်ာ့ဖို႔ပဲ။
မုေရွာင္းေရွာင္ သူ႔ကို ဘယ္လို ဆက္ဆံရမယ္ဆိုတာ မေတြးထားေပမယ့္ သူ႔ကို ဒီေလာက္လြယ္လြယ္ ခြင့္လႊတ္ဖို႔ ေတာ့ မရည္႐ြယ္ထားပါဘူး။
ယင္းေရွာင္က်ဲ သည္ သူမအား အလြန္အမင္း နာက်င္ေစခဲ့ကာ မ်က္ရည္မ်ားစြာ စီးက်မႈေၾကာင့္ မ်က္လုံးမ်ား ေရာင္ရမ္းခဲ့ရ
သည္။
Translated By Esther Yam
Zawgyi
You are reading the story above: TeenFic.Net