အပိုင်း - ၃၆၁
Background color
Font
Font size
Line height
Unicode
အပိုင်း ၃၆၁ - သူက ငါ့ရည်းစား (၃)
ထိုညက ယင်းရှောင်ကျဲ အန်းဇီရှင်း နှင့်တွေ့သောအခါတွင် ယင်းရှောင်ကျဲ ၏ ထူးခြားသောအကြည့်နှင့် အန်းဇီရှင်းအပေါ် ဂရုစိုက်မှုတို့အပြင်  အန်းဇီရှင်းအား သူပေးထားသည့် သူမ၏ကိုယ်ပိုင်အဝတ်အစားများကိုပင်  အန်းဇီရှင်းအား ၀တ်ခွင့်ပြုပေးခဲ့သည်ကို သတိရမိပါသည်။ ပြီးတော့ သူ့နာမည်အောက် ရှိနေတဲ့ တိုက်ခန်းမှာနေခွင့်...
… ဤအရာများအားလုံးသည် အန်းဇီရှင်း သည် သူ့အတွက် မည်မျှထူးခြားကြောင်းကို သူမအား ရှင်းရှင်းလင်းလင်းသိစေသည်။
အန်းဇီရှင်း ကို သူဘယ်လောက်ပဲ ကြိုက်သည်ဖြစ်စေ
သူမကိုယ်   သူဘယ်လောက်ကြိုက်သည်ဖြစ်စေ...
… မုရှောင်းရှောင်က သူ့ကို မလိုချင်တော့ဘူးလို့ ခံစားနေရသည်။
ဘာကြောင့်လဲဆိုတော့ ဒါက သူမ  လိုချင်တဲ့ အချစ်မျိုး မဟုတ်လို့ပါပဲ။ သူမလိုချင်တဲ့အရာက သီးသန့်တစ်ခုဖြစ်ပြီး သူမတစ်ယောက်တည်း အတွက်ပဲ ဖြစ်ရမယ်။
တခြားမိန်းကလေးတွေနဲ့ ယှဉ်ပြိုင်ပြီ လု‌ရတာကို မုန်းတယ်။
အန်းဇီရှင်း သည် သူ့ နှလုံးသား၏ အစိတ် အပိုင်း ၉၉ ပိုင်းကိုပဲ သိမ်းပိုက်ထားထား၊   သူ့နှလုံးသား၏ အစိတ်အပိုင်းတစ်ခုကိုသာ သိမ်းပိုက်ထားထားပေါ့
မုရှောင်းရှောင် သည် သူမသည် အနည်းငယ် ဘက်လိုက်တတ်သည် ၊
သူမသည် အချစ်ကို စွဲလမ်းပြီး  ပြီးပြည့်စုံလွန်းသော အရာတစ်ခုကိုသာ ရယူရန်
သို့သော် ယင်းရှောင်ကျဲ  ပေးတာက သူမလိုချင်သည့်အရာမဟုတ်သောကြောင့် သူမ ထပ် လိုချင်တော့ပါ။
ဒါဟာ သူမရဲ့ အမှန်ကန်ဆုံး အတွေးပင်။
သူ့ကို နဲနဲ လွမ်းနေပေမယ့်...
… ဒါက သူမ လောလောဆယ် မထိန်းနိုင်တဲ့ အရာဖြစ်ပြီး
အဲဒါကို ပျောက်ကွယ်အောင်  ဘာလုပ်ရမှန်းလည်း မသိ‌ပါ‌ချေ။
မုရှောင်းရှောင် က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဝီလီယမ် ကို
"ဒါဆို သူ့ကို မျက်စိရှေ့က ပျောက်အောင် လုပ်ပေး ။ ငါ သူ့ကို မတွေ့ချင်ဘူး။"
အချစ်မှာ သူမ  လိုချင်တာကို ခွဲခြမ်းစိတ်ဖြာပြီးနောက် စောစောက တွန့်ဆုတ်နေခြင်းကို ဖယ်ထားနိုင်ခဲ့သည်။
တကယ်လို့ သူလိုက်မှီသွားပြီး သူ့ကိုယ်သူ ရှင်းပြဖို့ အခွင့်အရေး ပေးလိုက်ရရင် ဘယ်လိုလုပ်မလဲ။
ဒါဆို နောက်ဆုံးမှာ သူ့ကို  သူမကသာ ပိုချစ်ကြောင်း အတည်ပြုနိုင်ခဲ့ရင်ကော။
သူမ အဲဒါမျိုး မဖြစ်စေချင်တော့ဘူး!
အပြည့်အ၀ မြှုပ်နှံထားတဲ့ အချစ်မဟုတ်ရင်  သူမ ဂရုမစိုက်နိုင်ပါဘူး။
ဝီလီယမ်က သူမကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်သည်။
"ဟုတ်ကဲ့ပါ ဆရာမရယ် !"
သို့သော်၊ ပရော်ဖက်ရှင်နယ်  ကားမောင်းနည်းပညာများကို အကြိမ်ကြိမ်အသုံးပြုပြီးနောက် မျက်ခြေဖျက်တာတောင် ၊ ယင်းရှောင်ကျဲ  ကို အောင်မြင်စွာ နောက်ကောက်ချန်ထားရန် ဝီလီယမ် မစွမ်းဆောင်နိုင်ခဲ့ ။
ဝီလီယမ်သည် ရုတ်တရက်  ရယ်မောလိုက်သည်။
“သူက သိပ်မဆိုးပါဘူး။ မင်းသူ့ကိုကြိုက်တာ မဆန်းပါဘူး။”
သူ့ ကားမောင်းပညာကြောင်ဘ မြောင်းထဲမဆင်းနိုင်တဲ့ ကားက အနည်းအကျဉ်းလောက်ရှိသာ် ။
ရိုးရိုးသားသားပြောရရင် ဒီ  ကောင်စုတ်က ရှောင်းရှောင် ရဲ့ နှလုံးသားကို ထိခိုက်နာကျင်စေခဲ့ပေမဲ့ သူ့အပေါ်  နည်းနည်းလေးလေးစား မိတော့ရှိတယ်။
မုရှောင်းရှောင် က ဝီလီယမ် ကို စိုက်ကြည့်ပြီး
"ရှင်  သူ့ကို ချီးကျူးနေတာလား။ ဒီအချိန်မှာ ရှင် ငါ့အနားမှာရပ်တည်ပြီး ငါနဲ့အတူတူကျိန်ဆဲသင့်တယ်!"
"ကောင်းပြီ၊ ပြေပါတယ် သူ့ကို ကျိန်ဆဲဖို့ ကူညီပါ့မယ်။ သူ့ကို မင် ဘယ်လို ကျိန်ဆဲချင်တာလဲ ။ ကိုယ် ဘာသာစကားတော်တော်များများနဲ့ ကျန်ဆဲ တတ်တယ်”
လို့ ဝီလီယမ် က ရယ်မောပြီး ပြောခဲ့သည်။
သူစကားက ရှောင်းရှောင် ရယ်အောင် လုပ်လိုက်နိုင်သည်။
"ကိစ္စမရှိပါဘူး။ သူ့ကို  မျက်ခြေဖျက်လိုက်ရုံပါပဲ။ သူ ငါတို့နောက်ကို လိုက်နေရတာ တော်တော်စိတ်မချမ်းသာစရာပဲ”
ယင်းရှောင်ကျဲ  သူမသွားလေရာရာ  တကောက်ကောက် လိုက်ခဲ့မည်ဆိုလျှင် သူမတကယ် စိတ်ဆိုးရသလိမ့်မည်။
သို့သော် မယုံနိုင်စရာ ထူးဆန်းလွန်းသည်ဟု သူမ ခံစားမိသည်။
သူမ ရှော့ပင်းမောလ်မှာ ရှိနေကြောင်း ယင်းရှောင်ကျဲ က ဘယ်လို အတိအကျ သိသွားတာလဲ။ သူ့တတိယမျက်လုံးကို ရှိ နေလို့ လား၊ ဒါက  လုံးဝနားမလည်နိုင်စရာပါပဲ။
ယင်းရှောင်ကျဲ  ကို သူမ နားမလည်ကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။ သူမအတွက် ယင်းရှောင်ကျဲက  နားမလည်နိုင်သော အခြားတစ်ဖက်ရှိနေကြောင်း သိလာရသည်။
ဝီလီယမ် သည် အံဆွဲထဲမှ ကြိုးမဲ့နားကြပ်ကို ထုတ်ကာ ဝတ်လိုက်သည်။ ထို့နောက် သူဖုန်းဆက်လိုက်သည်။
မိနစ်အနည်းငယ်ကြာ စကားပြောပြီးနောက် ဖုန်းချလိုက်သည်။
မုရှောင်းရှောင် သည် စောစောက အတွေးထဲတွင် နက်နက်ရှိုင်းရှိုင်းရှိခဲ့ပြီး ဖုန်းပြောသည်ကို သတိမထားမိခဲ့ပေ။
“ဒါဆို အခုဘာလုပ်သင့် လဲ”
"ကိုယ် မြန်မြန်ရှင်းလိုက်မယ်!"
ဝီလီယမ်က သူပြောသည့်အတိုင်း ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
မုရှောင်းရှောင် သည် ယင်းရှောင်ကျဲ  ကို စွန့်ပစ်ရန် ဝီလီယမ် မည်သည့်နည်းလမ်းကို အသုံးပြုမည်ကို အလွန်သိချင်နေခဲ့ပါသည်။
ဝီလီယမ်သည် အဝေးပြေးလမ်းမကြီးပေါ်သို့ မောင်းနှင်ပြီး ကြိုးတံတားကို ကျော်ဖြတ်လိုက်သည်။
မုရှောင်းရှောင် က လှည့်ကြည့်လိုက်သည်။
"ဘယ်ကိုမောင်းနေတာလဲ။ မြို့ ဆင်ခြေဖုံးကနေ?"
“ကိုယ် သူ့ကို မြန်မြန် ရှင်းလိုက်မယ်။ ပြီးရင် မင်းကို ကစားဖို့ တစ်နေရာခေါ်သွားမယ်။ မင်း နေလို့  ပိုကောင်းလာမယ်လို့ ငါအာမခံတယ်။"
သူပြောပြီးသည်နှင့် သူတို့သည် ဆိတ်ငြိမ်သောလမ်းသို့ လှည့်‌ေမာင်းသွားကြသည်။
ရုတ်တရက် အနက်ရောင်ကားတစ်စီး သူတို့ကို ဖြတ်ကျော်သွားပြီးနောက် လမ်းအလယ်မှာ အလျားလိုက် ရပ် နေသည်။
Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်
Zawgyi
"ဟုတ်ကဲ့ပါ ဆရာမရယ် !"
"ဘယ်ကိုမောင်းနေတာလဲ။ မြို့ ဆင်ခြေဖုံးကနေ?"
သူပြောပြီးသည်နှင့် သူတို့သည် ဆိတ်ငြိမ်သောလမ်းသို့ လှည့်‌မောင်းသွားကြသည်။
You are reading the story above: TeenFic.Net