Unicode
အပိုင်း ၃၅၈- ငါအနိုင်ကျင့်ခံရတယ် (၅)
ထို့ကြောင့် ဝီလီယမ်က သူမကို စောင့်ပေးနေစဉ် အခြားစင်ပေါ်ရှိအဝတ်အစားများကို လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။
မုရှောင်းရှောင် အဝတ်အစားများကို ပိုမိုအာရုံစိုက်ပြီး သူမအပေါ်ကြည့်ကောင်းမည်ဟု ခံစားရသည့်အရာများကို အရောင်းဝန်ထမ်းအား ရွေးချယ်ခိုင်းခဲ့သည်။
သူတို့ တောင် မသိလိုက်ဘဲ ဆယ်စုံကျော် လောက် ရွေးချယ်မိသွားသည်။
မုရှောင်းရှောင် က
“အများကြီးပဲ? ငါ အဲဒါတွေကို စမ်းမ၀တ်ကြည့်ချင်တော့ဘူး…”
အစုံတိုင်းကို စမ်း၀တ်ကြည့်ဖို့ တွေးလိုက်တဲ့အခါ တွေးရုံနဲ့တင် မောသွားပြီး ဒီအကြံကို ချက်ချင်းပဲ စွန့်လွှတ်လိုက်သည်။
ဝီလီယမ်က ပြုံးလိုက်သည်။
"ဘာလို့ဒီမှာ စမ်း၀တ်ကြည့်ဦးမှာလဲ။မင်းအိမ်သို့ တိုက်ရိုက်ပို့ခိုင်းလိုက် ပေါ့၊ မင်း ပျင်းနေတဲ့အခါမှ တစ်ခုပြီးတစ်ခု စမ်း၀တ်ကြည့်ပေါ့ "
ထို့နောက် ဝီလီယမ်က လက်ညိုးထိုးကာ အရောင်းဝန်ထမ်းတစ်ဦးကို ခေါ်ဆောင်လိုက်သည်။
အရောင်းဝန်ထမ်း၏ မျက်နှာပေါ်တွင် ချိုမြသော အပြုံးသည် သူမ၏ နားရွက်ကို ချိတ်လုမတတ် ဖြစ်နေပုံပေါ်သည်။
"သခင်လေး ဝီလီယမ်၊ကျွန်မ ဘယ်လို ဝန်ဆောင်မှုပေးရမလဲ"
သူမ နူးညံငြင်သာစွာ မေးလိုက်သည်။
“ဒါတွေကို အကုန်ထုပ်ပိုးပြီး ဒီနေရာကို ပို့ပေးပါ”
ထို့နောက် သူ့ကိုယ်ပိုင်ကတ်ကို ထုတ်ယူကာ ပေးလိုက်သည်။
အရောင်းဝန်ထမ်းသည် ကတ်ကို လေးလေးစားစားလက်ခံလိုက်ပြီး ပေးပို့ရမည့်နေရာကို မမှတ်သားမီ ငွေပေးချေမှုကို အလျင်အမြန်ဖြေရှင်းရန် သွားသည်။
သူတို့နှစ်ယောက် စတိုးဆိုင်ထဲက ထွက်လာပြီးနောက် မုရှောင်းရှောင်ရုတ်တရက် တစ်ခုခုကို သတိရသွားသည် ။
"ဝီလီယမ် ရှင် ဘာလို့ဒီကိုရောက်နေတာလဲ"
ဝီလီယမ်က ဈေးဝယ်ရတာ မကြိုက်တဲ့သူပင်။ ဘာကြောင့်မို့ ဒီ ဈေးဝယ်စင်တာမှာ ရှိနေရတာလဲ။
ဤအကြောင်းပြောသောအခါ ဝီလျံ၏မျက်နှာသည် နီရဲသွားသည်။
“ငါ့ကို ဈေးဝယ်ဖို့ အိမ်ကအမျိုးသမီးတွေက ဆွဲခေါ်လာတယ်။ ငါ့ကို သေလောက်တဲ့အထိ ငြီးငွေ့အောင် ခိုင်းစားပြီးတော့မှ လွတ်လာခဲ့တာ”
ဟု ညည်းညူခဲ့သည်။
မုရှောင်းရှောင်နဲ့တွေ့ဖို့ကိုတော့ မမျှော်လင့်ထား။
ယခုအချိန်တွင် ဝီလီယမ် သည် သူမအား မေးခွန်းထုတ်ရမည့်အလှည့်ဖြစ်သည်။
"ဟုတ်သား မင်း အိမ်မပြန်ခင် ကိုယ့်ကို မင်းဘာလို့ ပြန်လာတာ လဲဆိုတာ မပြောရတာလဲ ။ အားလုံးစုပြီး မင်းကို ကြိုဆိုရမှာ။ ကိုယ်တို့ မင်းကို အရမ်းလွမ်း နေတာ"
အခုမှ မုရှောင်းရှောင် သူမ၏ ဝမ်းနည်းမှုကို သတိရသွားကာ
မုရှောင်းရှောင် ၏ မျက်နှာသည် ရုတ်တရက် ညှိုးငယ်သွားသည်။
"ဝီလီယမ်၊ ငါပြန်လာတာကို အားလုံးကို ကျေးဇူးပြုပြီး မပြောပြပါနဲ့လား"
ဝီလီယမ်သည် လမ်းလျှောက်ခြင်းကို ရပ်လိုက်ပြီး သူမ၏မျက်နှာ အမူအရာကို လေ့လာမိသွားသည်။
"ဘာဖြစ်တာလဲ?"
ဟု လေးလေးနက်နက် မေးလာသည် ။
ဒီမိန်းကလေးရဲ့ မျက်နှာဟာ အဖွင့်စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်ခုခုမှားနေပြီဆိုတာ တစ်ချက်တည်းနဲ့ ပြောနိုင်ပါတယ်။
“ငါ…” သူမ ဘာပြောရမည်နည်း။ သူမ အသည်းကွဲခဲ့တာလား? ငယ်သူငယ်ချင်းရဲ့ နှလုံးသားကို နာကျင်စေခဲ့တာလား။
အမှန်တကယ်တော့ မုရှောင်းရှောင်က ဝီလီယမ် ရှေ့မှာ အခု သူမပြောပြနိုင်တဲ့အရာမရှိဘူးလို့ ခံစားလိုက်ရသည်။ဝီလီယမ်သည် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်းများထဲမှ တစ်ဦးဖြစ်ပြီး စကားလုံးများ မလိုအပ်ဘဲ သူမတို့ကြားတွင် တိတ်တဆိတ်နေရင်တောင် နားလည်မှုနှင့် ခင်မင်မှု ရှိသည်။
…
တစ်ဖက်တွင်၊ ယင်းရှောင်ကျဲသည်လည်း ဤအထူးစျေးဝယ်စင်တာသို့ ရောက်ရှိလာသည်။ ကားမောင်းသူကို အပြင်မှာစောင့်ခိုင်းပြီး သူတစ်ယောက်တည်း ဝင်လာကာ ယောက်ျားလေး ၀တ်စုံ ရောင်းတဲ့ နေရာကို ပထမဆုံး သွားလိုက်ပြီး သန့်ရှင်းတဲ့ ၀တ်စုံအဖြစ် ပြောင်းလဲလိုက်သည်။
ထို့နောက် သူသည် ဤကြီးမားလှသော ကုန်တိုက်တွင် မုရှောင်းရှောင်ကို ရှာဖွေခြင်းကို စတင်လိုက်သည်။
လမ်းလျှောက်ရင်း မုရှောင်းရှောင် သည် ဤနေရာနှင့် မဝေးတော့ကြောင်း သူ စိတ်ထဲမှာ ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည် ။
တကယ်တော့ ယင်းရှောင်ကျဲ ဟာ တယ်လီပသီကို ယုံကြည်သူမဟုတ်ပေမယ့် သူ့ဗီဇအတိုင်း ရှေ့ကို လျှောက်လှမ်းရင်း ဆက်လက်ရှာ ဖွေလိုက်သည်။
အဝေးက ခပ်သေးသေးပုံစံကို သူတွေ့လိုက်ရပြီး ထို ပုံသဏ္ဌာန် လေးသည် သူနှင့်ပိုရင်းနှီးသော အရိပ်ကလေးတစ်ခုဖြစ် နေသည်။
သို့သော် ကောင်မလေးသည် အရပ်မြင့်မြင့် ယောက်ျားလေး၏ ပွေ့ဖက်ခြင်းကို ခံနေရသောကြောင့် ရုတ်တရက် သူ ရပ်တန့်ရသွားသည်။ သူတို့နှစ်ယောက်ရဲ့ အမူအရာက ချစ်သူတွေလို ရင်းရင်းနှီးနှီးရှိပုံပင် ။
အဲဒါက မုရှောင်းရှောင် မဖြစ်နိုင်ဘူး။
သို့သော်လည်း ယင်းရှောင်ကျဲ သည် သူ့ခြေထောက်များကို မထိန်းနိုင်ဘဲ ရှေ့ဆက်ပြီးပဲ လမ်းကြောင်းအတိုင်း ဆက်လျှောက်လာခဲ့သည်။
သို့သော် မုရှောင်းရှောင် ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ့နှလုံးသား တုန်လှုပ်သွားသည်။
တကယ်ပဲ သူမပါ!
ပုန်းခိုနေသော ကျားနက်တစ်ကောင်ကဲ့သို့ပင် ယင်းရှောင်ကျဲ ၏ အကြည့်များက စူးရှနေကာ ထိုနေရာသို့ ဖျတ်ခနဲ ရောက်လာခဲ့သည်။
မုရှောင်းရှောင် နှင့် စကားပြောနေစဉ် ဝီလီယမ်သည် လျှို့ဝှက်ဆန်းကြယ်သော လူသတ်ချင်စိတ်ကို ရုတ်တရက် ခံစားလိုက်ရသည်။ မုရှောင်းရှောင်ကို သူ့လက်ဖဝါးဖြင့် ကာကွယ်တားဆီးခြင်းမပြုမီ လေထဲသို့ ဝင်လာသော လက်သီး လှိုင်းလုံးကြီးကို ခံစားလိုက်ရသည်။
Translated By Esther Yam
Zawgyi
အပိုင္း ၃၅၈- ငါအႏိုင္က်င့္ခံရတယ္ (၅)
ထို႔ေၾကာင့္ ဝီလီယမ္က သူမကို ေစာင့္ေပးေနစဥ္ အျခားစင္ေပၚရွိအဝတ္အစားမ်ားကို လွည့္ပတ္ၾကည့္ရႈလိုက္ၾကသည္။
မုေရွာင္းေရွာင္ အဝတ္အစားမ်ားကို ပိုမိုအာ႐ုံစိုက္ၿပီး သူမအေပၚၾကည့္ေကာင္းမည္ဟု ခံစားရသည့္အရာမ်ားကို အေရာင္းဝန္ထမ္းအား ေ႐ြးခ်ယ္ခိုင္းခဲ့သည္။
သူတို႔ ေတာင္ မသိလိုက္ဘဲ ဆယ္စုံေက်ာ္ ေလာက္ ေ႐ြးခ်ယ္မိသြားသည္။
မုေရွာင္းေရွာင္ က
“အမ်ားႀကီးပဲ? ငါ အဲဒါေတြကို စမ္းမ၀တ္ၾကည့္ခ်င္ေတာ့ဘူး…”
အစုံတိုင္းကို စမ္း၀တ္ၾကည့္ဖို႔ ေတြးလိုက္တဲ့အခါ ေတြး႐ုံနဲ႔တင္ ေမာသြားၿပီး ဒီအႀကံကို ခ်က္ခ်င္းပဲ စြန႔္လႊတ္လိုက္သည္။
ဝီလီယမ္က ၿပဳံးလိုက္သည္။
"ဘာလို႔ဒီမွာ စမ္း၀တ္ၾကည့္ဦးမွာလဲ။မင္းအိမ္သို႔ တိုက္႐ိုက္ပို႔ခိုင္းလိုက္ ေပါ့၊ မင္း ပ်င္းေနတဲ့အခါမွ တစ္ခုၿပီးတစ္ခု စမ္း၀တ္ၾကည့္ေပါ့ "
ထို႔ေနာက္ ဝီလီယမ္က လက္ညိဳးထိုးကာ အေရာင္းဝန္ထမ္းတစ္ဦးကို ေခၚေဆာင္လိုက္သည္။
အေရာင္းဝန္ထမ္း၏ မ်က္ႏွာေပၚတြင္ ခ်ိဳျမေသာ အၿပဳံးသည္ သူမ၏ နား႐ြက္ကို ခ်ိတ္လုမတတ္ ျဖစ္ေနပုံေပၚသည္။
"သခင္ေလး ဝီလီယမ္၊ကြၽန္မ ဘယ္လို ဝန္ေဆာင္မႈေပးရမလဲ"
သူမ ႏူးညံျငင္သာစြာ ေမးလိုက္သည္။
“ဒါေတြကို အကုန္ထုပ္ပိုးၿပီး ဒီေနရာကို ပို႔ေပးပါ”
ထို႔ေနာက္ သူ႔ကိုယ္ပိုင္ကတ္ကို ထုတ္ယူကာ ေပးလိုက္သည္။
အေရာင္းဝန္ထမ္းသည္ ကတ္ကို ေလးေလးစားစားလက္ခံလိုက္ၿပီး ေပးပို႔ရမည့္ေနရာကို မမွတ္သားမီ ေငြေပးေခ်မႈကို အလ်င္အျမန္ေျဖရွင္းရန္ သြားသည္။
သူတို႔ႏွစ္ေယာက္ စတိုးဆိုင္ထဲက ထြက္လာၿပီးေနာက္ မုေရွာင္းေရွာင္႐ုတ္တရက္ တစ္ခုခုကို သတိရသြားသည္ ။
"ဝီလီယမ္ ရွင္ ဘာလို႔ဒီကိုေရာက္ေနတာလဲ"
ဝီလီယမ္က ေဈးဝယ္ရတာ မႀကိဳက္တဲ့သူပင္။ ဘာေၾကာင့္မို႔ ဒီ ေဈးဝယ္စင္တာမွာ ရွိေနရတာလဲ။
ဤအေၾကာင္းေျပာေသာအခါ ဝီလ်ံ၏မ်က္ႏွာသည္ နီရဲသြားသည္။
“ငါ့ကို ေဈးဝယ္ဖို႔ အိမ္ကအမ်ိဳးသမီးေတြက ဆြဲေခၚလာတယ္။ ငါ့ကို ေသေလာက္တဲ့အထိ ၿငီးေငြ႕ေအာင္ ခိုင္းစားၿပီးေတာ့မွ လြတ္လာခဲ့တာ”
ဟု ညည္းညဴခဲ့သည္။
မုေရွာင္းေရွာင္နဲ႔ေတြ႕ဖို႔ကိုေတာ့ မေမွ်ာ္လင့္ထား။
ယခုအခ်ိန္တြင္ ဝီလီယမ္ သည္ သူမအား ေမးခြန္းထုတ္ရမည့္အလွည့္ျဖစ္သည္။
"ဟုတ္သား မင္း အိမ္မျပန္ခင္ ကိုယ့္ကို မင္းဘာလို႔ ျပန္လာတာ လဲဆိုတာ မေျပာရတာလဲ ။ အားလုံးစုၿပီး မင္းကို ႀကိဳဆိုရမွာ။ ကိုယ္တို႔ မင္းကို အရမ္းလြမ္း ေနတာ"
အခုမွ မုေရွာင္းေရွာင္ သူမ၏ ဝမ္းနည္းမႈကို သတိရသြားကာ
မုေရွာင္းေရွာင္ ၏ မ်က္ႏွာသည္ ႐ုတ္တရက္ ညႇိဳးငယ္သြားသည္။
"ဝီလီယမ္၊ ငါျပန္လာတာကို အားလုံးကို ေက်းဇူးျပဳၿပီး မေျပာျပပါနဲ႔လား"
ဝီလီယမ္သည္ လမ္းေလွ်ာက္ျခင္းကို ရပ္လိုက္ၿပီး သူမ၏မ်က္ႏွာ အမူအရာကို ေလ့လာမိသြားသည္။
"ဘာျဖစ္တာလဲ?"
ဟု ေလးေလးနက္နက္ ေမးလာသည္ ။
ဒီမိန္းကေလးရဲ႕ မ်က္ႏွာဟာ အဖြင့္စာအုပ္တစ္အုပ္ျဖစ္ၿပီး တစ္ခုခုမွားေနၿပီဆိုတာ တစ္ခ်က္တည္းနဲ႔ ေျပာႏိုင္ပါတယ္။
“ငါ…” သူမ ဘာေျပာရမည္နည္း။ သူမ အသည္းကြဲခဲ့တာလား? ငယ္သူငယ္ခ်င္းရဲ႕ ႏွလုံးသားကို နာက်င္ေစခဲ့တာလား။
အမွန္တကယ္ေတာ့ မုေရွာင္းေရွာင္က ဝီလီယမ္ ေရွ႕မွာ အခု သူမေျပာျပႏိုင္တဲ့အရာမရွိဘူးလို႔ ခံစားလိုက္ရသည္။ဝီလီယမ္သည္ သူမ၏ အရင္းႏွီးဆုံး သူငယ္ခ်င္းမ်ားထဲမွ တစ္ဦးျဖစ္ၿပီး စကားလုံးမ်ား မလိုအပ္ဘဲ သူမတို႔ၾကားတြင္ တိတ္တဆိတ္ေနရင္ေတာင္ နားလည္မႈႏွင့္ ခင္မင္မႈ ရွိသည္။
…
တစ္ဖက္တြင္၊ ယင္းေရွာင္က်ဲသည္လည္း ဤအထူးေစ်းဝယ္စင္တာသို႔ ေရာက္ရွိလာသည္။ ကားေမာင္းသူကို အျပင္မွာေစာင့္ခိုင္းၿပီး သူတစ္ေယာက္တည္း ဝင္လာကာ ေယာက္်ားေလး ၀တ္စုံ ေရာင္းတဲ့ ေနရာကို ပထမဆုံး သြားလိုက္ၿပီး သန႔္ရွင္းတဲ့ ၀တ္စုံအျဖစ္ ေျပာင္းလဲလိုက္သည္။
ထို႔ေနာက္ သူသည္ ဤႀကီးမားလွေသာ ကုန္တိုက္တြင္ မုေရွာင္းေရွာင္ကို ရွာေဖြျခင္းကို စတင္လိုက္သည္။
လမ္းေလွ်ာက္ရင္း မုေရွာင္းေရွာင္ သည္ ဤေနရာႏွင့္ မေဝးေတာ့ေၾကာင္း သူ စိတ္ထဲမွာ ျပင္းျပင္းထန္ထန္ ခံစားလိုက္ရသည္ ။
တကယ္ေတာ့ ယင္းေရွာင္က်ဲ ဟာ တယ္လီပသီကို ယုံၾကည္သူမဟုတ္ေပမယ့္ သူ႔ဗီဇအတိုင္း ေရွ႕ကို ေလွ်ာက္လွမ္းရင္း ဆက္လက္ရွာ ေဖြလိုက္သည္။
အေဝးက ခပ္ေသးေသးပုံစံကို သူေတြ႕လိုက္ရၿပီး ထို ပုံသဏၭာန္ ေလးသည္ သူႏွင့္ပိုရင္းႏွီးေသာ အရိပ္ကေလးတစ္ခုျဖစ္ ေနသည္။
သို႔ေသာ္ ေကာင္မေလးသည္ အရပ္ျမင့္ျမင့္ ေယာက္်ားေလး၏ ေပြ႕ဖက္ျခင္းကို ခံေနရေသာေၾကာင့္ ႐ုတ္တရက္ သူ ရပ္တန႔္ရသြားသည္။ သူတို႔ႏွစ္ေယာက္ရဲ႕ အမူအရာက ခ်စ္သူေတြလို ရင္းရင္းႏွီးႏွီးရွိပုံပင္ ။
အဲဒါက မုေရွာင္းေရွာင္ မျဖစ္ႏိုင္ဘူး။
သို႔ေသာ္လည္း ယင္းေရွာင္က်ဲ သည္ သူ႔ေျခေထာက္မ်ားကို မထိန္းႏိုင္ဘဲ ေရွ႕ဆက္ၿပီးပဲ လမ္းေၾကာင္းအတိုင္း ဆက္ေလွ်ာက္လာခဲ့သည္။
သို႔ေသာ္ မုေရွာင္းေရွာင္ ၏ မ်က္ႏွာကို ျမင္လိုက္ရေသာအခါ သူ႔ႏွလုံးသား တုန္လႈပ္သြားသည္။
တကယ္ပဲ သူမပါ!
ပုန္းခိုေနေသာ က်ားနက္တစ္ေကာင္ကဲ့သို႔ပင္ ယင္းေရွာင္က်ဲ ၏ အၾကည့္မ်ားက စူးရွေနကာ ထိုေနရာသို႔ ဖ်တ္ခနဲ ေရာက္လာခဲ့သည္။
မုေရွာင္းေရွာင္ ႏွင့္ စကားေျပာေနစဥ္ ဝီလီယမ္သည္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ လူသတ္ခ်င္စိတ္ကို ႐ုတ္တရက္ ခံစားလိုက္ရသည္။ မုေရွာင္းေရွာင္ကို သူ႔လက္ဖဝါးျဖင့္ ကာကြယ္တားဆီးျခင္းမျပဳမီ ေလထဲသို႔ ဝင္လာေသာ လက္သီး လႈိင္းလုံးႀကီးကို ခံစားလိုက္ရသည္။
Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္
You are reading the story above: TeenFic.Net