အပိုင်း - ၃၅၄

Background color
Font
Font size
Line height

Unicode
အပိုင်း ၃၅၄- ငါအနိုင်ကျင့်ခံရတယ် (၁)

"ဒါပေါ့  ၀ယ်မယ့်လူက ငါပဲလေ!"

မုရှောင်းရှောင်ရှေ့က မိန်းကလေးက မေးစေ့ကို မော့ပြီး အရောင်းသမားကို တိုက်ရိုက်ပြောလာသည်။

ထိုမိန်းကလေးထက်စာရင် မုရှောင်းရှောင် ၏မျက်နှာသည် ပို၍ ဂုဏ်သိက္ခာရှိပြီး ပိုတင့်တယ်နေသေးသည်။ မုရှောင်းရှောင်က အရောင်းဝန်ထမ်းကိုကြည့်ကာ ချိုသာစွာနဲ့

“ဒီပစ္စည်းကို ကျွန်မလိုချင်ပါတယ်။ အဲဒါကို ဖြုတ်ပြီး းတစ်ခါတည်းထုပ်ပိုးပေးပါ”

"နင်-"

မျက်နှာဖြူမိန်းကလေးက ဒေါသတကြီးနဲ့ အော်‌ဖို့ပြင်လိုက်ပေမယ့် ခဏနေတော့ သူမရဲ့ ဖုန်းက အသံ မြည်လာသည်။

သူမက အလျင်စလို ဖုန်းဖြေလိုက်ပြီး  ချွဲပစ်‌သော အသံဖြင့် သူမပြောလာသည်မှာ

“ဟန်နီရေ၊ ဒီကို မြန်မြန်လာပါဦး ။  ချစ် အနိုင်ကျင့်ခံရတယ်။ ဟန်နီ ချစ်ကို မွေးနေ့လက်ဆောင်အဖြစ် လိုချင်တဲ့အဝတ်အစား တစ်ခုခုကို ရွေးခွင့်ပေးမယ်လို့ ပြောထားတယ်မဟုတ်ဘူးလား။ အဲဒါ ချစ်နဲ့ပြိုင်ဖို့ ကြိုးစားနေတဲ့ မျောက်မတစ်ကောင်ရှိတယ်။”

ထိုစကားကိုကြားသောအခါ မုရှောင်းရှောင် မထီမဲ့မြင်မဲ့ကာ ရွဲ့ ပြုံး ပြုံးလိုက်သည်။

ဒီမိန်းကလေးက ဒီဆိုင်က အဝတ်အစားတွေ ဝယ်ဖို့ မတတ်နိုင်ဘဲ သူမကို ၀ယ်ပေးဖို့ ယောက်ျားတစ်ယောက်ကို အကူအညီ တောင်းနေရတယ်ဆိုတာ  သိသာ ထင်ရှား‌သည်။ ။

မုရှောင်းရှောင် အ၀တ်ဖိုးရှင်းရန်  သူမ၏ အိတ်ထဲမှ ပိုက်ဆံအိတ်ကို ထုတ်ကာ ဖွင့်လိုက်သည်။ သူမသည် ထိုအချိန်တွင် ငွေ ပေးချေရန် ကတ်တစ်ကတ်ထုတ်လိုက်သော်လည်း သူမ၏လက် ရုတ်တရက် အေးခဲသွားသည်။

ပိုက်ဆံအိတ်တွင် ကတ်တစ်ကတ်သာ ပါ၀င်ပြီး ယင်းရှောင်ကျဲ သူမကို ပေးခဲ့သော အနက်ရောင် အပိုကတ်ဖြစ်‌နေသည်။

သူမ၏ အခြားကတ်များ အားလုံးကို အိမ်ရှိ အံဆွဲထဲတွင် ထားခဲ့မိပြီး သူမ ပိုက်ဆံအိတ်ထဲကို အဲဒီကတ်တွေ မထည့်မိခဲ့ ။

မုရှောင်းရှောင် သည် သူမကိုယ်သူမ ဒေါသထွက်သွားသည်။
သူမဘာလို့ ဒီလို  အခြေခံကျတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့ရသနည်း။

ငွေသားကော ?  မုရှောင်းရှောင်က ကတ်များနှင့်သာ ရှင်းလေ့ရှိသဖြင့်  သူမ၏ပိုက်ဆံအိတ်ထဲတွင် အမေရိကန်ငွေပမာဏသည် ဝတ်စုံကိုဝယ်ယူရန်အတွက်‌တော့ နည်းပါး နေသည်။

ဒါဆို တခြားမိန်းကလေးက သူမလိုချင်တာကို ယူသွားတာကို
ကူရာကယ်ရာမဲ့ စောင့်ကြည့် နေရမှာလား။

မုရှောင်းရှောင် ၏နှလုံးသားသည် တုန်လှုပ်သွားကာ  မသက်မသာဖြစ်လာပြီး အသက်ရှူကြပ်သည့်ခံစားချက်ကို ခံစားနေရသည်။

သူမသည် ဤမျှလောက်နှင့် အလျော့ပေးရန် ဆန္ဒမရှိခဲ့ပေ။

မုရှောင်းရှောင် ပါးပါး ကို ဖုန်းခေါ်ဆိုပြီး သူမ၏ကတ်နှင့်ပိုက်ဆံအချို့ကို  လာပို့ပေးရန် တောင်းဆိုနိုင်သည်။

သို့သော် အခုအချိန်သာ ဖုန်းဆက်လိုက်ပါက သူမရှေ့ကမိန်းကလေး၏ လှောင်ပြောင်ခံရမည်မှာ သေချာ‌နေသောကြောင့် သူမအနေဖြင့် ထိုသို့မလုပ်လို။

ဟင့်အင်း! မလုပ်နိုင်ဘူး ။

ဝတ်စုံကို အရင်ဝယ်ပြီး နောက်မှပဲ အကျိုးဆက်တွေကို တွေးကြည့်လိုက်တော့မယ်

မုရှောင်းရှောင် သည် အခြားမိန်းကလေးတွင် ပိုက်ဆံအလုံအလောက်မရှိသည်ကိုသိသောကြောင့် အရောင်းဝန်ထမ်းအား

"ကျွန်မ စျေးနှစ်ဆပေးပါ့မယ်!"

အပြိုင်မိန်းကလေးက ခဏတာ အံ့သြသွားကာ  စိုးရိမ်တကြီးဖြင့် သူမက

"ဒီလိုညစ်ပတ်တဲ့လှည့်ကွက်ကို ဘယ်လိုလုပ် သုံးနိုင်ရမှာလဲ!"

မုရှောင်းရှောင် က သူမကို ပြုံးပြလိုက်သည်။

“ဒါဆို နင်သုံးဆ ပေး၀ယ်ရတယ်။ ဘာလဲ သတ္တိမရှိဘူးလား?"

အခြားမိန်းကလေးက ရင်တွေပူနေပြီး မုရှောင်းရှောင် ကို  သေမင်းကို မြင်လိုက်ရသလို  စိုက်ကြည့်နေလေသည်။

သူမကတော့ မူရင်းဈေးကိုတောင်  ကောင်းကောင်း မတတ်နိုင်၊ စျေးက သုံးဆ  ပိုသွားရင် ဒါဖြုန်းတီးတာမဟုတ်ဘူးလား?

သူမချစ်သူက သူမမွေးနေ့အတွက် အဝတ်အစားတစ်ထည် လက်ဆောင်ပေးဖို့ သဘောတူထားပေမယ့် စျေးက သုံးဆလောက်ဆိုရင်  စျေးကြီးလွန်းတာကြောင့် သူမရဲ့ ချစ်သူက ၀ယ်ပေးဖို့ လုံးဝသဘောမတူ လောက်ဘူး။

ထိုအချိန်တွင် ကောင်မလေးသည် ဆိုင်အပြင်ဘက်မှ မြင့်မားတဲ့  အသွင်သဏ္ဌန်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ သူမခေါင်းထဲသို့ အန္တရာယ်ရှိသော အကြံအစည်တစ်ခု မဝင်လာခင်  သူမ ခေါင်းအေးသွားရပြီး   သူမ၏ နှုတ်ခမ်းများက တွက်ချက်ကာ တွန့်လကာ ပြုံးလာသည်။

ကောင်မလေးက မုရှောင်းရှောင် ဆီသို့ လှမ်းကြည့်ကာ ရုတ်တရက် သာယာသော အသံဖြင့်

“ငါတို့အားလုံးက ဒီမှာ လေးစားစရာကောင်းတဲ့ မိန်းမတွေပါ။ ဒီမှာ ရန်ဖြစ်ရင် အရမ်းရုပ်ဆိုးသွားလိမ့်မယ်။ ဒီလိုဆို  ဘယ်လိုလဲ- အလောင်းအစားလုပ်ကြည့်ရအောင်၊ မင်းအနိုင်ရရင် မင်းကို ငါ ၀ယ်ခွင့်ပေးလိုက်မယ်။ နင် ဘယ်လိုထင်ပါလဲ?"

မုရှောင်းရှောင် သည် သူမ၏ စိတ်နေသဘောထား လျင်မြန်စွာ ပြောင်းလဲသွားခြင်းအတွက် စိတ်ရှုပ်သွားရသည်။

ကောင်မလေး၏ အကြည့်နောက်ကို လိုက်ကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ သူမသည် အရပ်ရှည်ပြီး ချောမောသောရုပ်သွင်ကို မြင်လိုက်ရသည် —ထိုရုပ်သွင်မှာ အညိုရောင်ဆံပင်ရှိတဲ့  နိုင်ငံခြားလူချောတစ်ဦးဖြစ်နေသည်။

ထိုယောက်ျားလေး၏ ရင်းနှီးသော နံဘေးမျက်နှာကို သူမမြင်လိုက်သောအခါ၊ မုရှောင်းရှောင် ၏နှုတ်ခမ်းများ  အေးခဲ မတတ် ပြုံးမိသွားရသည်။

သူမ၏ ကယ်တင်ရှင်သည် ဤနေရာတွင် ရှိနေခဲ့သည်။

ထိုအချိန်တွင် ပြိုင်ဘက်မိန်းကလေးက  အာပါးတရရယ်မောကာ

“အပြင်မှာ ရပ်နေတဲ့ ဟိုလူချောလေးကို နင်တွေ့လား? ငါ အရင်က သူ့ကို သတိထားမိပြီး သူ့ကို စိတ်ဝင်စား နေတာ။ နင် ငါ့အတွက် သူ့ဖုန်နံပါတ်ကို တောင်းပေးနိုင်ရင် နင်အနိုင်ရတယ်လို့ သတ်မှတ်မယ်။ ဘယ်လိုလဲ?"

ဒါကိုကြားတော့ မုရှောင်းရှောင် က သူမကိုယ်သူမ ကျယ်လောင်စွာ မရယ်မိအောင် နှုတ်ခမ်းကို ဖွဖွကိုက်လိုက်သည်။

ပြိုင်ဖက်မိန်းကလေးက သူမတုန်ရီနေတာကို သတိပြုမိပြီး ကြောက်နေတယ် လို့ထင်သွားခဲ့သည်။ သူမက

“ဘာလဲ? ကြောက်နေပြီလား။ မလုပ်ဝံ့ရင် ရှုံးတာကို အခု  နင်ဝန်ခံလိုက်လို့ ရပါတယ်။ဒါပေမယ့် နင် ရှုံးရင် ငါ့အစား နင်က  အဝတ်အစားဖိုးကို ပေးချေပြီး  အ၀တ်ကိုလဲ ငါ့ကို  ပေးရမယ်!"

Translated By Esther Yam

ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi

အပိုင္း ၃၅၄- ငါအႏိုင္က်င့္ခံရတယ္ (၁)

"ဒါေပါ့  ၀ယ္မယ့္လူက ငါပဲေလ!"

မုေရွာင္းေရွာင္ေရွ႕က မိန္းကေလးက ေမးေစ့ကို ေမာ့ၿပီး အေရာင္းသမားကို တိုက္႐ိုက္ေျပာလာသည္။

ထိုမိန္းကေလးထက္စာရင္ မုေရွာင္းေရွာင္ ၏မ်က္ႏွာသည္ ပို၍ ဂုဏ္သိကၡာရွိၿပီး ပိုတင့္တယ္ေနေသးသည္။ မုေရွာင္းေရွာင္က အေရာင္းဝန္ထမ္းကိုၾကည့္ကာ ခ်ိဳသာစြာနဲ႔

“ဒီပစၥည္းကို ကြၽန္မလိုခ်င္ပါတယ္။ အဲဒါကို ျဖဳတ္ၿပီး းတစ္ခါတည္းထုပ္ပိုးေပးပါ”

"နင္-"

မ်က္ႏွာျဖဴမိန္းကေလးက ေဒါသတႀကီးနဲ႔ ေအာ္‌ဖို႔ျပင္လိုက္ေပမယ့္ ခဏေနေတာ့ သူမရဲ႕ ဖုန္းက အသံ ျမည္လာသည္။

သူမက အလ်င္စလို ဖုန္းေျဖလိုက္ၿပီး  ခြၽဲပစ္‌ေသာ အသံျဖင့္ သူမေျပာလာသည္မွာ

“ဟန္နီေရ၊ ဒီကို ျမန္ျမန္လာပါဦး ။  ခ်စ္ အႏိုင္က်င့္ခံရတယ္။ ဟန္နီ ခ်စ္ကို ေမြးေန႔လက္ေဆာင္အျဖစ္ လိုခ်င္တဲ့အဝတ္အစား တစ္ခုခုကို ေ႐ြးခြင့္ေပးမယ္လို႔ ေျပာထားတယ္မဟုတ္ဘူးလား။ အဲဒါ ခ်စ္နဲ႔ၿပိဳင္ဖို႔ ႀကိဳးစားေနတဲ့ ေမ်ာက္မတစ္ေကာင္ရွိတယ္။”

ထိုစကားကိုၾကားေသာအခါ မုေရွာင္းေရွာင္ မထီမဲ့ျမင္မဲ့ကာ ႐ြဲ႕ ၿပဳံး ၿပဳံးလိုက္သည္။

ဒီမိန္းကေလးက ဒီဆိုင္က အဝတ္အစားေတြ ဝယ္ဖို႔ မတတ္ႏိုင္ဘဲ သူမကို ၀ယ္ေပးဖို႔ ေယာက္်ားတစ္ေယာက္ကို အကူအညီ ေတာင္းေနရတယ္ဆိုတာ  သိသာ ထင္ရွား‌သည္။ ။

မုေရွာင္းေရွာင္ အ၀တ္ဖိုးရွင္းရန္  သူမ၏ အိတ္ထဲမွ ပိုက္ဆံအိတ္ကို ထုတ္ကာ ဖြင့္လိုက္သည္။ သူမသည္ ထိုအခ်ိန္တြင္ ေငြ ေပးေခ်ရန္ ကတ္တစ္ကတ္ထုတ္လိုက္ေသာ္လည္း သူမ၏လက္ ႐ုတ္တရက္ ေအးခဲသြားသည္။

ပိုက္ဆံအိတ္တြင္ ကတ္တစ္ကတ္သာ ပါ၀င္ၿပီး ယင္းေရွာင္က်ဲ သူမကို ေပးခဲ့ေသာ အနက္ေရာင္ အပိုကတ္ျဖစ္‌ေနသည္။

သူမ၏ အျခားကတ္မ်ား အားလုံးကို အိမ္ရွိ အံဆြဲထဲတြင္ ထားခဲ့မိၿပီး သူမ ပိုက္ဆံအိတ္ထဲကို အဲဒီကတ္ေတြ မထည့္မိခဲ့ ။

မုေရွာင္းေရွာင္ သည္ သူမကိုယ္သူမ ေဒါသထြက္သြားသည္။
သူမဘာလို႔ ဒီလို  အေျခခံက်တဲ့ အမွားတစ္ခုကို က်ဴးလြန္ခဲ့ရသနည္း။

ေငြသားေကာ ?  မုေရွာင္းေရွာင္က ကတ္မ်ားႏွင့္သာ ရွင္းေလ့ရွိသျဖင့္  သူမ၏ပိုက္ဆံအိတ္ထဲတြင္ အေမရိကန္ေငြပမာဏသည္ ဝတ္စုံကိုဝယ္ယူရန္အတြက္‌ေတာ့ နည္းပါး ေနသည္။

ဒါဆို တျခားမိန္းကေလးက သူမလိုခ်င္တာကို ယူသြားတာကို
ကူရာကယ္ရာမဲ့ ေစာင့္ၾကည့္ ေနရမွာလား။

မုေရွာင္းေရွာင္ ၏ႏွလုံးသားသည္ တုန္လႈပ္သြားကာ  မသက္မသာျဖစ္လာၿပီး အသက္ရႉၾကပ္သည့္ခံစားခ်က္ကို ခံစားေနရသည္။

သူမသည္ ဤမွ်ေလာက္ႏွင့္ အေလ်ာ့ေပးရန္ ဆႏၵမရွိခဲ့ေပ။

မုေရွာင္းေရွာင္ ပါးပါး ကို ဖုန္းေခၚဆိုၿပီး သူမ၏ကတ္ႏွင့္ပိုက္ဆံအခ်ိဳ႕ကို  လာပို႔ေပးရန္ ေတာင္းဆိုႏိုင္သည္။

သို႔ေသာ္ အခုအခ်ိန္သာ ဖုန္းဆက္လိုက္ပါက သူမေရွ႕ကမိန္းကေလး၏ ေလွာင္ေျပာင္ခံရမည္မွာ ေသခ်ာ‌ေနေသာေၾကာင့္ သူမအေနျဖင့္ ထိုသို႔မလုပ္လို။

ဟင့္အင္း! မလုပ္ႏိုင္ဘူး ။

ဝတ္စုံကို အရင္ဝယ္ၿပီး ေနာက္မွပဲ အက်ိဳးဆက္ေတြကို ေတြးၾကည့္လိုက္ေတာ့မယ္

မုေရွာင္းေရွာင္ သည္ အျခားမိန္းကေလးတြင္ ပိုက္ဆံအလုံအေလာက္မရွိသည္ကိုသိေသာေၾကာင့္ အေရာင္းဝန္ထမ္းအား

"ကြၽန္မ ေစ်းႏွစ္ဆေပးပါ့မယ္!"

အၿပိဳင္မိန္းကေလးက ခဏတာ အံ့ၾသသြားကာ  စိုးရိမ္တႀကီးျဖင့္ သူမက

"ဒီလိုညစ္ပတ္တဲ့လွည့္ကြက္ကို ဘယ္လိုလုပ္ သုံးႏိုင္ရမွာလဲ!"

မုေရွာင္းေရွာင္ က သူမကို ၿပဳံးျပလိုက္သည္။

“ဒါဆို နင္သုံးဆ ေပး၀ယ္ရတယ္။ ဘာလဲ သတၱိမရွိဘူးလား?"

အျခားမိန္းကေလးက ရင္ေတြပူေနၿပီး မုေရွာင္းေရွာင္ ကို  ေသမင္းကို ျမင္လိုက္ရသလို  စိုက္ၾကည့္ေနေလသည္။

သူမကေတာ့ မူရင္းေဈးကိုေတာင္  ေကာင္းေကာင္း မတတ္ႏိုင္၊ ေစ်းက သုံးဆ  ပိုသြားရင္ ဒါျဖဳန္းတီးတာမဟုတ္ဘူးလား?

သူမခ်စ္သူက သူမေမြးေန႔အတြက္ အဝတ္အစားတစ္ထည္ လက္ေဆာင္ေပးဖို႔ သေဘာတူထားေပမယ့္ ေစ်းက သုံးဆေလာက္ဆိုရင္  ေစ်းႀကီးလြန္းတာေၾကာင့္ သူမရဲ႕ ခ်စ္သူက ၀ယ္ေပးဖို႔ လုံးဝသေဘာမတူ ေလာက္ဘူး။

ထိုအခ်ိန္တြင္ ေကာင္မေလးသည္ ဆိုင္အျပင္ဘက္မွ ျမင့္မားတဲ့  အသြင္သဏၭန္တစ္ခုကို လွမ္းျမင္လိုက္ရသည္။ သူမေခါင္းထဲသို႔ အႏၲရာယ္ရွိေသာ အႀကံအစည္တစ္ခု မဝင္လာခင္  သူမ ေခါင္းေအးသြားရၿပီး   သူမ၏ ႏႈတ္ခမ္းမ်ားက တြက္ခ်က္ကာ တြန႔္လကာ ၿပဳံးလာသည္။

ေကာင္မေလးက မုေရွာင္းေရွာင္ ဆီသို႔ လွမ္းၾကည့္ကာ ႐ုတ္တရက္ သာယာေသာ အသံျဖင့္

“ငါတို႔အားလုံးက ဒီမွာ ေလးစားစရာေကာင္းတဲ့ မိန္းမေတြပါ။ ဒီမွာ ရန္ျဖစ္ရင္ အရမ္း႐ုပ္ဆိုးသြားလိမ့္မယ္။ ဒီလိုဆို  ဘယ္လိုလဲ- အေလာင္းအစားလုပ္ၾကည့္ရေအာင္၊ မင္းအႏိုင္ရရင္ မင္းကို ငါ ၀ယ္ခြင့္ေပးလိုက္မယ္။ နင္ ဘယ္လိုထင္ပါလဲ?"

မုေရွာင္းေရွာင္ သည္ သူမ၏ စိတ္ေနသေဘာထား လ်င္ျမန္စြာ ေျပာင္းလဲသြားျခင္းအတြက္ စိတ္ရႈပ္သြားရသည္။

ေကာင္မေလး၏ အၾကည့္ေနာက္ကို လိုက္ကာ အျပင္ကို လွမ္းၾကည့္လိုက္သည္။ သူမသည္ အရပ္ရွည္ၿပီး ေခ်ာေမာေသာ႐ုပ္သြင္ကို ျမင္လိုက္ရသည္ —ထို႐ုပ္သြင္မွာ အညိဳေရာင္ဆံပင္ရွိတဲ့  ႏိုင္ငံျခားလူေခ်ာတစ္ဦးျဖစ္ေနသည္။

ထိုေယာက္်ားေလး၏ ရင္းႏွီးေသာ နံေဘးမ်က္ႏွာကို သူမျမင္လိုက္ေသာအခါ၊ မုေရွာင္းေရွာင္ ၏ႏႈတ္ခမ္းမ်ား  ေအးခဲ မတတ္ ၿပဳံးမိသြားရသည္။

သူမ၏ ကယ္တင္ရွင္သည္ ဤေနရာတြင္ ရွိေနခဲ့သည္။

ထိုအခ်ိန္တြင္ ၿပိဳင္ဘက္မိန္းကေလးက  အာပါးတရရယ္ေမာကာ

“အျပင္မွာ ရပ္ေနတဲ့ ဟိုလူေခ်ာေလးကို နင္ေတြ႕လား? ငါ အရင္က သူ႔ကို သတိထားမိၿပီး သူ႔ကို စိတ္ဝင္စား ေနတာ။ နင္ ငါ့အတြက္ သူ႔ဖုန္နံပါတ္ကို ေတာင္းေပးႏိုင္ရင္ နင္အႏိုင္ရတယ္လို႔ သတ္မွတ္မယ္။ ဘယ္လိုလဲ?"

ဒါကိုၾကားေတာ့ မုေရွာင္းေရွာင္ က သူမကိုယ္သူမ က်ယ္ေလာင္စြာ မရယ္မိေအာင္ ႏႈတ္ခမ္းကို ဖြဖြကိုက္လိုက္သည္။

ၿပိဳင္ဖက္မိန္းကေလးက သူမတုန္ရီေနတာကို သတိျပဳမိၿပီး ေၾကာက္ေနတယ္ လို႔ထင္သြားခဲ့သည္။ သူမက

“ဘာလဲ? ေၾကာက္ေနၿပီလား။ မလုပ္ဝံ့ရင္ ရႈံးတာကို အခု  နင္ဝန္ခံလိုက္လို႔ ရပါတယ္။ဒါေပမယ့္ နင္ ရႈံးရင္ ငါ့အစား နင္က  အဝတ္အစားဖိုးကို ေပးေခ်ၿပီး  အ၀တ္ကိုလဲ ငါ့ကို  ေပးရမယ္!"

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net