အပိုင်း - ၃၄၃

Background color
Font
Font size
Line height

Unicode

အပိုင်း  ၃၄၃-  စေ့စပ်ကြောင်းလမ်းမှုကို ပယ်ဖျက်လိုခြင်း (၅)

ကျေနပ်စွာဖြင့် မုရှောင်းရှောင် သည် သူ့၏ ရင်ခွင်တွင်းမှ ခေါင်းလေးကို ခေါင်းညိတ်လိုက်သည် ။

တကယ်တော့ သူမ အမှန်တရား သည် ခါးသီးလွန်းသည်ဟု ခံစားမိသည်။ ယင်းရှောင်ကျဲ  သည် အန်းဇီရှင်း နှင့်  ပျော်ပါးနေသေးပြီး သူမကို ရှာဖွေရန်အတွက်  အမေရိကသို့ လိုက်လာရန် စိတ်မ၀င်စား လောက်ပေ။

မုကျန်းပို သည် သူ့ ကလေး၏မျက်နှာပေါ်ရှိ သနားစရာကောင်းသောအကြည့်ကို လေ့လာခဲ့ပြီး သူ၏အကြည့်များသည် ပြင်းထန်လာသည်။

ယင်းရှောင်ကျဲ  က သူ့ကလေးလေးကို ဘယ်လိုလုပ် ဒီလောက်ထိ နာကျင်အောင် လုပ်ရဲတာလဲ။ ရောက်လာရဲ့ ရောက်လာကြည့် သင်ခန်းစာတစ်ခုပေးကို ပေးရမယ်။

သူက

“ကောင်းပြီ၊ ရေချိုးပြီး အနားယူပါ။ အရမ်းကြီးမတွေးပါနဲ့၊ ပါးပါး ဒီမှာ ရှိတယ် ”

မုရှောင်းရှောင် က နာခံစွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့၊ ပါးပါး သမီး အဆင်ပြေပါတယ်။”

သူမသည် လေယာဉ်ပေါ်တွင် ဆယ်နာရီကျော်ကျော်ကြာအောင် အိပ်ခဲ့ပြီးဖြစ်သောကြောင့် သူမအိပ်ချင်သလို မခံစားရတော့ပေ။

သို့သော် ဖခင်ဖြစ်သူက စိုးရိမ်ကြောင့်ကြမှာ စိုးတာကြောင့် ဘာမှ ထပ်မပြောခဲ့ပေ။

နောက် လေးနာရီကြာပြီးနောက် ညတစ်နာရီ ရောက်သောအခါ ယင်းရှောင်ကျဲ  ၏ ကိုယ်ပိုင်ဂျက်လေယာဉ်သည် လေဆိပ်သို့ ဆင်းသက်လာခဲ့သည်။

သူသည် ည၏ အေးစက်သော လေနုအေးထဲသို့ လျှောက်သွားလိုက်သည်။  လေဆိပ် တံခါးအပြင်မှာ ကားစောင့်နေပြီ ဖြစ်သည်။

"သခင်ငယ်။"

ကားသမားက သူ့ကို လှမ်းနှုတ်ဆက်ပြီး သူ့အတွက် တံခါးဖွင့်ပေးကာ ခါးကို ငုံ့ကိုင်းထားသည်။

ယင်းရှောင်ကျဲ  ကားထဲသို့ဝင်ပြီးနောက်တွင် သူသည် သူ့ဖုန်းကိုဖွင့်ပြီး မုရှောင်းရှောင်ထံသို့ ချက်ချင်းစာတိုများစွာ ပေးပို့ခဲ့သည်။

—— ရှောင်းရှောင် ငါ အမေရိကားရောက်နေပြီ။ ငါ အခု မင်းကို ရှာဖို့ လာနေပြီ ။

သူနှင့် အန်းဇီရှင်း အကြား ဘာမှ  ဖြစ်မလာကြောင်း ရှင်းပြသည့် မက်ဆေ့ချ်များစွာ ပေးပို့ခဲ့ပြီး သူမမြင်သမျှမှာ နားလည်မှုလွဲမှား‌ ကြောင်း ရှင်းပြနေမိခဲ့သည်။အခု သူမ  မယုံနိုင်သေးရင်လဲ ရှေ့လျှောက် သူ  ဖြည်းဖြည်းချင်း ရှင်းပြနိုင်သည်။

သူ၏ WeChat အက်ပ်သည် သူ့ထံမှ ရှောင်းရှောင်ဆီသို့  မက်ဆေ့ချ် ရာ ထောင်ဂဏန်းနှင့် ပြည့်နေခဲ့သည်။

သို့သော်လည်း သူမထံမှ တုံ့ပြန်မှု တစ်ချက်မျှ မရှိခဲ့ပေ။

ယင်းရှောင်ကျဲ  သည် သူ့ဖုန်းကို မပိတ်ခင် နောက်ထပ် မက်ဆေ့ချ် ဆယ်စောင် ပေးပို့ခဲ့သည်။ ကားပြတင်းပေါက်ကနေ အပြင်ကို  လှမ်းကြည့်ရင်း သက်ပြင်းပြင်းပြင်း တွေသာ  ချမိလိုက်သာ်။

သူ ဒီအမေရိကရဲ့လမ်းတွေကို ငေးကြည့်ရင်း  ရှောင်းရှောင်လဲ ဒီမြင်ကွင်းတွေကို  မြင်ခဲ့ရမှာပဲ တွေးနေမိသည်။

အဲဒီတုန်းက သူမ ဘယ်လိုခံစားခဲ့ရလဲ။

သူမနှင့်ရင်းနှီးသောနေရာသို့ ပြန်ရောက်ပြီးနောက်မှာလဲ
သူမစိတ်မကောင်းဖြစ် နေဦးမည်လား။

ဒီအကြောင်းကို တွေးရင်းနဲ့ သူ့ကိုယ်သူ  တစ်ခုခု ပျောက်ဆုံးသွားသလိုခံစား‌နေတာက ပိုများလာသည်။

ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ခဲ့ဘူးဆိုရင် ဒီလိုညတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ပြီး အိပ်နေကြမှာပင်။

သူမနှင့် အတူဖြတ်သန်းခဲ့ရသော ချိုမြိန်သောအချိန်များကို သတိရရင်း ယင်းရှောင်ကျဲ  ၏နှလုံးသားသည် စတင်နာကျင်လာသည်။

ဒါက အားလုံးက နားလည်မှုလွဲနေပြီး အန်းဇီရှင်း အတွက် သူ့မှာ လုံးဝ ခံစားချက်မရှိဘူးဆိုတာ သိပေမယ့်လည်း နားလည်မှုလွဲတာ ရှင်းသွားရင်တောင် မုရှောင်းရှောင် စိတ် ဒဏ်ရာတွေ ရထားပြီး ဖြစ်တာကြောင် "အားလုံး အဆင်ပြေသွားမယ့်"  ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ အဲဒီအမာရွတ်ကို လုံးဝပျောက်ကင်းပြီး အရင်ကလို ပုံစံအတိုင်း ပြန်ဖြစ်အောင် သူဘာလို့ ရလုပ်နိုင်မလဲ။

အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့ထိတ်လန့်နေမိသလဲ ဆိုတာကို သူနားမလည်ပေ။

မုရှောင်းရှောင် ဟာ စိတ်ဒဏ်ရာကြောင့် သူ့ရှင်းပြချက်ကို ကြားပြီးတာတောင် သူနဲ့ အတူမနေဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်ကော။

စကားပုံတောင် ရှိသေးတယ်မဟုတ်လ
“တစ်ခါကိုက်ခံရပေမယ့် ၊ နှစ်ခါရှက်ရတယ်ဆိုတာမျိုး ”

ယင်းရှောင်ကျဲ  စိတ်ဟာ တကယ်ကို မငြိမ်မသက်ဖြစ်ပြီး မရေရာ မသေချာတဲ့ ခံစားချက်ကို ခံစားနေရသည်။သူသည် အရာရာကို တည်တည်ငြိမ်ငြိမ်နှင့် အမြဲ ရင်ဆိုင်ရသူတစ်ဦးဖြစ်ခဲ့ပြီး ဒီလောက် စိတ်ပူပန်ရခြင်းမျိုးကို  တစ်ခါမှ မခံစားဖူးပေ။

မုရှောင်းရှောင်အတွက် သူ့ ခံစားချက်များက သူနားမလည်နိုင်လောက်အောင် နက်ရှုင်းလွန်းသဖြင့် သူမနှင့် မခွဲခွာနိုင်ဖို့ကိုပဲ ဆန္ဒရှိခဲ့သည်။

သို့သော် သူသည် သေချာမသိတာတစ်ခုရှိနေသည်။  မုရှောင်းရှောင် က သူ့ကို ဘယ်လောက်ထိ သဘောကျသလဲ ဆိုတာကို ဆုံးဖြတ်လိုက်ပြီး  သူမ နာကျင်လွန်းလို့ ကြောက်ရွံ့ထိတ်လန့်မှုတွေ ဖြစ်ကာ  သူ့ကို  နောက်ထပ် မကြိုက်တော့ဘူးလို့ ဆုံးဖြတ်ရင် သူ ဘာလုပ်သင့်လဲ။

သူ့ကို မကြိုက်တော့ဘူးဆိုတဲ့ အတွေးက သူ့ကို ဆိုးဆိုးရွားရွား ထိတ်လန့်စေခဲ့ပြီး သူ့ခြေချောင်းတွေအထိ သွေးတွေ စီးကျလာတယ်။

လမ်းမီးများ လင်းထိန်နေကာ ညကောင်းကင်အောက်တွင် အနက်ရောင် limousine တစ်စီး မောင်းနှင်လာစဉ် ဝိညာဉ်တစ်‌ ကောင် တစ်မှီးကိုတောင်မှ မမြင်ရနိုင်ပေ။

မီးနီ ကြောင့် ကားလေး ရပ်လိုက်ရသည်။။

သူတို့အပေါ်မှာ လူကူးတံတားတစ်ခုရှိပြီး အဲဒီအပေါ်မှာ နိုင်ငံခြားစုံတွဲတွေ ရန်ဖြစ်နေကြသည်။ အမျိုးသမီး၏ ကျယ်လောင်သော အသံက

“ငါ နင့်ကို ဘယ်တော့မှ ယုံမှာ မဟုတ်ဘူး။ နင့်ရဲ့ရှင်းပြချက်တွေကို ငါဘယ်တော့မှ နားမထောင်ချင်တော့ဘူး။ နင်နားလည်လား? ငါအရမ်းကြောက်နေပြီ နင်ကိုမချစ်ချင်တော့ဘူး!"

ထိုအမျိုးသမီးသည် အင်္ဂလိပ်လိုပြောနေသော်လည်း ယင်းရှောင်ကျဲ  သူ့ရဲ့ မိခင်ဘာသာစကားလို တစ်လုံးချင်း နားလည်နေရသည်။

Translated By Esther Yam
ဒီ Novel လေးဖတ်ရတာ အဆင်ပြေတယ် နှစ်သက်တယ် ဆိုရင် Like လေးတွေနဲ့ Comment လေးချန်သွားခဲ့ပေးပါနော်

Zawgyi


အပိုင္း  ၃၄၃-  ေစ့စပ္ေၾကာင္းလမ္းမႈကို ပယ္ဖ်က္လိုျခင္း (၅)

ေက်နပ္စြာျဖင့္ မုေရွာင္းေရွာင္ သည္ သူ႔၏ ရင္ခြင္တြင္းမွ ေခါင္းေလးကို ေခါင္းညိတ္လိုက္သည္ ။

တကယ္ေတာ့ သူမ အမွန္တရား သည္ ခါးသီးလြန္းသည္ဟု ခံစားမိသည္။ ယင္းေရွာင္က်ဲ  သည္ အန္းဇီရွင္း ႏွင့္  ေပ်ာ္ပါးေနေသးၿပီး သူမကို ရွာေဖြရန္အတြက္  အေမရိကသို႔ လိုက္လာရန္ စိတ္မ၀င္စား ေလာက္ေပ။

မုက်န္းပို သည္ သူ႔ ကေလး၏မ်က္ႏွာေပၚရွိ သနားစရာေကာင္းေသာအၾကည့္ကို ေလ့လာခဲ့ၿပီး သူ၏အၾကည့္မ်ားသည္ ျပင္းထန္လာသည္။

ယင္းေရွာင္က်ဲ  က သူ႔ကေလးေလးကို ဘယ္လိုလုပ္ ဒီေလာက္ထိ နာက်င္ေအာင္ လုပ္ရဲတာလဲ။ ေရာက္လာရဲ႕ ေရာက္လာၾကည့္ သင္ခန္းစာတစ္ခုေပးကို ေပးရမယ္။

သူက

“ေကာင္းၿပီ၊ ေရခ်ိဳးၿပီး အနားယူပါ။ အရမ္းႀကီးမေတြးပါနဲ႔၊ ပါးပါး ဒီမွာ ရွိတယ္ ”

မုေရွာင္းေရွာင္ က နာခံစြာ ေခါင္းညိတ္လိုက္သည္။

“ဟုတ္ကဲ့၊ ပါးပါး သမီး အဆင္ေျပပါတယ္။”

သူမသည္ ေလယာဥ္ေပၚတြင္ ဆယ္နာရီေက်ာ္ေက်ာ္ၾကာေအာင္ အိပ္ခဲ့ၿပီးျဖစ္ေသာေၾကာင့္ သူမအိပ္ခ်င္သလို မခံစားရေတာ့ေပ။

သို႔ေသာ္ ဖခင္ျဖစ္သူက စိုးရိမ္ေၾကာင့္ၾကမွာ စိုးတာေၾကာင့္ ဘာမွ ထပ္မေျပာခဲ့ေပ။

ေနာက္ ေလးနာရီၾကာၿပီးေနာက္ ညတစ္နာရီ ေရာက္ေသာအခါ ယင္းေရွာင္က်ဲ  ၏ ကိုယ္ပိုင္ဂ်က္ေလယာဥ္သည္ ေလဆိပ္သို႔ ဆင္းသက္လာခဲ့သည္။

သူသည္ ည၏ ေအးစက္ေသာ ေလႏုေအးထဲသို႔ ေလွ်ာက္သြားလိုက္သည္။  ေလဆိပ္ တံခါးအျပင္မွာ ကားေစာင့္ေနၿပီ ျဖစ္သည္။

"သခင္ငယ္။"

ကားသမားက သူ႔ကို လွမ္းႏႈတ္ဆက္ၿပီး သူ႔အတြက္ တံခါးဖြင့္ေပးကာ ခါးကို ငုံ႔ကိုင္းထားသည္။

ယင္းေရွာင္က်ဲ  ကားထဲသို႔ဝင္ၿပီးေနာက္တြင္ သူသည္ သူ႔ဖုန္းကိုဖြင့္ၿပီး မုေရွာင္းေရွာင္ထံသို႔ ခ်က္ခ်င္းစာတိုမ်ားစြာ ေပးပို႔ခဲ့သည္။

—— ေရွာင္းေရွာင္ ငါ အေမရိကားေရာက္ေနၿပီ။ ငါ အခု မင္းကို ရွာဖို႔ လာေနၿပီ ။

သူႏွင့္ အန္းဇီရွင္း အၾကား ဘာမွ  ျဖစ္မလာေၾကာင္း ရွင္းျပသည့္ မက္ေဆ့ခ်္မ်ားစြာ ေပးပို႔ခဲ့ၿပီး သူမျမင္သမွ်မွာ နားလည္မႈလြဲမွား‌ ေၾကာင္း ရွင္းျပေနမိခဲ့သည္။အခု သူမ  မယုံႏိုင္ေသးရင္လဲ ေရွ႕ေလွ်ာက္ သူ  ျဖည္းျဖည္းခ်င္း ရွင္းျပႏိုင္သည္။

သူ၏ WeChat အက္ပ္သည္ သူ႔ထံမွ ေရွာင္းေရွာင္ဆီသို႔  မက္ေဆ့ခ်္ ရာ ေထာင္ဂဏန္းႏွင့္ ျပည့္ေနခဲ့သည္။

သို႔ေသာ္လည္း သူမထံမွ တုံ႔ျပန္မႈ တစ္ခ်က္မွ် မရွိခဲ့ေပ။

ယင္းေရွာင္က်ဲ  သည္ သူ႔ဖုန္းကို မပိတ္ခင္ ေနာက္ထပ္ မက္ေဆ့ခ်္ ဆယ္ေစာင္ ေပးပို႔ခဲ့သည္။ ကားျပတင္းေပါက္ကေန အျပင္ကို  လွမ္းၾကည့္ရင္း သက္ျပင္းျပင္းျပင္း ေတြသာ  ခ်မိလိုက္သာ္။

သူ ဒီအေမရိကရဲ႕လမ္းေတြကို ေငးၾကည့္ရင္း  ေရွာင္းေရွာင္လဲ ဒီျမင္ကြင္းေတြကို  ျမင္ခဲ့ရမွာပဲ ေတြးေနမိသည္။

အဲဒီတုန္းက သူမ ဘယ္လိုခံစားခဲ့ရလဲ။

သူမႏွင့္ရင္းႏွီးေသာေနရာသို႔ ျပန္ေရာက္ၿပီးေနာက္မွာလဲ
သူမစိတ္မေကာင္းျဖစ္ ေနဦးမည္လား။

ဒီအေၾကာင္းကို ေတြးရင္းနဲ႔ သူ႔ကိုယ္သူ  တစ္ခုခု ေပ်ာက္ဆုံးသြားသလိုခံစား‌ေနတာက ပိုမ်ားလာသည္။

ဒီလိုအျဖစ္အပ်က္မ်ိဳး မျဖစ္ခဲ့ဘူးဆိုရင္ ဒီလိုညေတြမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႕ဖက္ၿပီး အိပ္ေနၾကမွာပင္။

သူမႏွင့္ အတူျဖတ္သန္းခဲ့ရေသာ ခ်ိဳၿမိန္ေသာအခ်ိန္မ်ားကို သတိရရင္း ယင္းေရွာင္က်ဲ  ၏ႏွလုံးသားသည္ စတင္နာက်င္လာသည္။

ဒါက အားလုံးက နားလည္မႈလြဲေနၿပီး အန္းဇီရွင္း အတြက္ သူ႔မွာ လုံးဝ ခံစားခ်က္မရွိဘူးဆိုတာ သိေပမယ့္လည္း နားလည္မႈလြဲတာ ရွင္းသြားရင္ေတာင္ မုေရွာင္းေရွာင္ စိတ္ ဒဏ္ရာေတြ ရထားၿပီး ျဖစ္တာေၾကာင္ "အားလုံး အဆင္ေျပသြားမယ့္"  ကိစၥမ်ိဳးေတာ့ မဟုတ္ပါဘူး။ အဲဒီအမာ႐ြတ္ကို လုံးဝေပ်ာက္ကင္းၿပီး အရင္ကလို ပုံစံအတိုင္း ျပန္ျဖစ္ေအာင္ သူဘာလို႔ ရလုပ္ႏိုင္မလဲ။

အဘယ္ေၾကာင့္ ဤမွ် ေၾကာက္႐ြံ႕ထိတ္လန႔္ေနမိသလဲ ဆိုတာကို သူနားမလည္ေပ။

မုေရွာင္းေရွာင္ ဟာ စိတ္ဒဏ္ရာေၾကာင့္ သူ႔ရွင္းျပခ်က္ကို ၾကားၿပီးတာေတာင္ သူနဲ႔ အတူမေနဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ေကာ။

စကားပုံေတာင္ ရွိေသးတယ္မဟုတ္လ
“တစ္ခါကိုက္ခံရေပမယ့္ ၊ ႏွစ္ခါရွက္ရတယ္ဆိုတာမ်ိဳး ”

ယင္းေရွာင္က်ဲ  စိတ္ဟာ တကယ္ကို မၿငိမ္မသက္ျဖစ္ၿပီး မေရရာ မေသခ်ာတဲ့ ခံစားခ်က္ကို ခံစားေနရသည္။သူသည္ အရာရာကို တည္တည္ၿငိမ္ၿငိမ္ႏွင့္ အၿမဲ ရင္ဆိုင္ရသူတစ္ဦးျဖစ္ခဲ့ၿပီး ဒီေလာက္ စိတ္ပူပန္ရျခင္းမ်ိဳးကို  တစ္ခါမွ မခံစားဖူးေပ။

မုေရွာင္းေရွာင္အတြက္ သူ႔ ခံစားခ်က္မ်ားက သူနားမလည္ႏိုင္ေလာက္ေအာင္ နက္ရႈင္းလြန္းသျဖင့္ သူမႏွင့္ မခြဲခြာႏိုင္ဖို႔ကိုပဲ ဆႏၵရွိခဲ့သည္။

သို႔ေသာ္ သူသည္ ေသခ်ာမသိတာတစ္ခုရွိေနသည္။  မုေရွာင္းေရွာင္ က သူ႔ကို ဘယ္ေလာက္ထိ သေဘာက်သလဲ ဆိုတာကို ဆုံးျဖတ္လိုက္ၿပီး  သူမ နာက်င္လြန္းလို႔ ေၾကာက္႐ြံ႕ထိတ္လန႔္မႈေတြ ျဖစ္ကာ  သူ႔ကို  ေနာက္ထပ္ မႀကိဳက္ေတာ့ဘူးလို႔ ဆုံးျဖတ္ရင္ သူ ဘာလုပ္သင့္လဲ။

သူ႔ကို မႀကိဳက္ေတာ့ဘူးဆိုတဲ့ အေတြးက သူ႔ကို ဆိုးဆိုး႐ြား႐ြား ထိတ္လန႔္ေစခဲ့ၿပီး သူ႔ေျခေခ်ာင္းေတြအထိ ေသြးေတြ စီးက်လာတယ္။

လမ္းမီးမ်ား လင္းထိန္ေနကာ ညေကာင္းကင္ေအာက္တြင္ အနက္ေရာင္ limousine တစ္စီး ေမာင္းႏွင္လာစဥ္ ဝိညာဥ္တစ္‌ ေကာင္ တစ္မွီးကိုေတာင္မွ မျမင္ရႏိုင္ေပ။

မီးနီ ေၾကာင့္ ကားေလး ရပ္လိုက္ရသည္။။

သူတို႔အေပၚမွာ လူကူးတံတားတစ္ခုရွိၿပီး အဲဒီအေပၚမွာ ႏိုင္ငံျခားစုံတြဲေတြ ရန္ျဖစ္ေနၾကသည္။ အမ်ိဳးသမီး၏ က်ယ္ေလာင္ေသာ အသံက

“ငါ နင့္ကို ဘယ္ေတာ့မွ ယုံမွာ မဟုတ္ဘူး။ နင့္ရဲ႕ရွင္းျပခ်က္ေတြကို ငါဘယ္ေတာ့မွ နားမေထာင္ခ်င္ေတာ့ဘူး။ နင္နားလည္လား? ငါအရမ္းေၾကာက္ေနၿပီ နင္ကိုမခ်စ္ခ်င္ေတာ့ဘူး!"

ထိုအမ်ိဳးသမီးသည္ အဂၤလိပ္လိုေျပာေနေသာ္လည္း ယင္းေရွာင္က်ဲ  သူ႔ရဲ႕ မိခင္ဘာသာစကားလို တစ္လုံးခ်င္း နားလည္ေနရသည္။

Translated By Esther Yam
ဒီ Novel ေလးဖတ္ရတာ အဆင္ေျပတယ္ ႏွစ္သက္တယ္ ဆိုရင္ Like ေလးေတြနဲ႔ Comment ေလးခ်န္သြားခဲ့ေပးပါေနာ္


You are reading the story above: TeenFic.Net