အပိုင်း(၁၃)
''ကောကလည်းလေကျွန်တော်မရှိရင်ဘယ်ချိန်ကြမှထမင်းစားမှာလဲ....နားတော့လေ...လာထမင်းစားမယ်...''
''ကလေး...ဘာဖြစ်နေတာလဲခုမှ၁၂နာရီကျော်ရုံပဲရှိသေးတဲ့ဟာကို...အရင်တုန်းကဆိုကောက၁နာရီ၂နာရီလောက်မှထမင်းစားတာ...တစ်ခါတစ်လေဆိုတစ်ခြားမုန့်တစ်ခုခုပဲစားလိုက်တာများတယ်...''
''ဟ့...ကြာရင်အစာအိမ်ဖြစ်မှာပေါ့..မရဘူးနော်နောက်ဆိုရင်၁၂နာရီဆိုတာနဲ့ထမင်းပုံမှန်စားရမယ်....''
''အင်းပါ..ကလေးရဲ့...ခုဘာချက်ထားလို့လဲ...''
''ကျွန်တော်သိပ်မချက်တက်လို့ကြက်ဥကြော်ရယ်ပုစွန်ကိုခရမ်းချဥ်သီးလေးနဲ့အချိုချက်ချက်ထားတယ်....ပြီးတော့ကြက်သားစွပ်ပြုတ်ကိုအချိုချက်လေးလုပ်ထားတယ်...ပြီးတော့လေငါးကြော်ထားတယ်...ပြီးတော့အမဲသားနပ်ထားတယ်...သိပ်မလုပ်တက်လို့စုံတော့မစုံဘူးနော်ကော...နောက်နေ့တွေကြမှပဲဖွယ်ဖွယ်ရာရာချက်ပေးမယ်...''
''ကလေး ရယ်ဒီလောက်အများကြီးကိုကောကစားလို့ကုန်ပါ့မလား...စုံပါတယ်...လာလေကလေးလဲဝင်စား...''
''ဟုတ်..''
သူနဲ့အတူထမင်းစားဝိုင်မှာဝင်ထိုင်လိုက်ပြီးသူ့ကိုထမင်းခူးခပ်ထည့်ပေးတယ်။သူလဲစားလိုက်တယ်....သူ့ကိုရိပေါ်ကဟင်းတွေတစ်မျိုးပြီးတစ်မျိုးထည့်ပေးနေတာကိုသူငြိမ်နေလိုက်တယ်....သူစားလို့တောင်ပြီးတော့မယ်ရိပေါ်ရဲ့ထမင်းပန်းကန်ကလက်ရာတောင်မပျက်သေးပေ။သူ့ကိုပဲထမင်းစားပွဲပေါ်တံတောင်လေးထောက်ပြီးသူ့ကိုသာပြုံးပြုံးလေးကြည့်နေတယ်။
''ကလေးမစာပဲဘာလို့ကောကိုကြည့်နေတာလဲ...ကောတောင်စားလို့ပြီးတော့မယ်..မစားသေးဘူးလား...စားတော့လေ...''
သူ့ကိုဆူပုတ်ဆုတ်နဲ့ပြောလာတဲ့ကောကိုအသည်းတွေယားပြီးအချစ်တွေပိုရပါတယ်။ကော...ကောကသိပ်ချစ်စရားကောင်းတာသိရဲ့လားဗျ....မနေနိုင်စွာထမင်းဝါးလို့ဖောင်းနေတဲ့ပါးလေးတစ်ဖတ်ကိုဖွဖွဆွဲလိုက်ပြီးပြန်ဖြေလိုက်တယ်။
''စားတော့စားမယ်..ဒါပေမဲ့လေတစ်လက်စထဲကော ....ကျွန်တော့်ကိုခွံ့ကျွေးပါလား...နော်လို့...''
နှုတ်ခမ်းလေးဆူပါးလေးဖောင်ပြီးမျက်လုံးဝိုင်ဝိုင်လေးနဲ့ပြောလာတဲ့ရိပေါ်ကြောင့်သူ့စိတ်တွေမနည်းထိန်းနေရတယ်...အဲ့လိုမှမဟုတ်ရင်ရိပေါ်ရဲ့ပါးဖောင်းဖောင်းလေးကိုသူဆွဲကိုက်မိတော့မယ်....စိတ်ထဲမှာကလိကလိဖြစ်နေပေမဲ့အပြင်ပန်မှာတော့ရိပေါ်ရဲ့အပြုမူကိုဘာမှမဖြစ်သလိုမျက်နှာကိုခပ်တည်တည်လုပ်ထားလိုက်တယ်...ဒီကောင်လေးသူ့ကိုပြုစားနေပြီးထင်တယ်...။
''အေ့လေ...ကလေးကကောကိုမနက်အစောကြီးထဲကထလာပြီးပြင်ဆင်ပေးထားတာဆိုတော့်ဒီလောက်တော့လုပ်ပေးရမှာပေါ့..ပေးပန်းကန်...ဟင်းတွေပါထည့်ပေး...''
''ဟုတ်...ကော...''
ခေါင်းလေးညိမ့်ပြပြီးပြောလာတဲ့ပုံစံလေးကစကားနားထောင်တဲ့ကလေးတစ်ယောက်ပုံစံလိုပါပဲ....တစ်လျှောက်လုံးသူခွင့်ကျွေးတာငြိမ်ငြိမ်လေးစားနေတဲ့ရိပေါ်ရဲ့ပါးဖောင်းဖောင်းလေးကိုသူတော်တော်လေးကိုအသည်းယားလာရပါတယ်။တော်ပါသေးတယ်ရိပေါ်ကထမင်းစားမြန်လို့မဟုတ်ရင်မလွယ်ဘူး..ဟူ...ခုမှသက်ပြင်းချနိုင်တော့တယ်။ထမင်းစားပြီးတော့ခြံထဲကိုလိုက်ပြလိုက်တယ်။ဘာမှတော့သိပ်မရှိပါဘူးလူမနေတာလည်းကြာနေတာပါတော့ပိတောက်ပင်ကြီးကြီးတစ်ပင်ရယ်ပါပဲ...ကျန်တာကတော့ပန်းပင်လေတွေတစ်ချို့တစ်လေပါပဲ....
''ကောတို့ခြံကြီးကိုကြည့်ရတာလူမနေတာကြာနေတဲ့ပုံလိုပဲ....''
''ဟုတ်တယ်လေကလေးရဲ့....ဖေဖေကဂျပန်နိုင်ငံသားတစ်ယောက်လေ...မေမေကတော့မြန်မာနိုင်ငံသူပေါ့...ဖေဖေမြန်မာနိုင်ငံကိုလုပ်ငန်းကိစ္စနဲ့လာရင်းမေမေနဲ့ချစ်ကြိုက်သွားပြီးလက်ထပ်လိုက်တာလို့တော့ပြောပြဖူးတယ်....ကောအသက်၆နှစ်လောက်ထိဒီမှာနေဖူးတယ်လေ...နောက်တော့ဖေဖေကဂျပန်မှာရှိတဲ့ဖွားဖွားနေမကောင်းဖြစ်တာအသည်းအသန်ဆိုလို့မေမေနဲ့ကောကိုပါခေါ်သွားတာလေ....နောက်တော့နေဖြစ်ပါသေးတယ်....မေမေဆုံပြီးတော့မှမနေဖြစ်တော့ပဲကာရဲ့တိုက်ခန်းမှာပဲနေခဲ့တာ...ခုမှလာပြန်နေတာလေ...''
''ဪ..ဆော်ရီပါကော....ကောဘဝရဲ့စိတ်မကောင်းစရာအစိတ်အပိုင်းတစ်ချို့ကိုပြန်ဖော်မိသလိုဖြစ်သွားလို့....''
''ရပါတယ်...''
''အစ်ကိုကျန်းချန်းကဂျပန်ကိုဘာလို့ပြန်သွားတာလဲ...''
''ဟိုမှာသူ့အမျိုးသမီးရှိတယ်လေ...ကောကိုခင်လို့သာလိုက်လာခဲ့တာ....ရွှေကျင်မသွားခင်ရက်ကသူ့မိန်းမဆေးခန်းပြရတယ်ဆိုလို့အားချင်ပြန်သွားတာလေ....''
''အစ်ကိုကျန်းချန်မှာမိန်းမရှိတယ်ပေါ့လေ..''
''ရှိတယ်လေ.....အရမ်းတော်တဲ့ပါရဂူတစ်ယောက်ပေါ့..''
''ဪ...''
''အိမ်ထဲဝင်တော့မယ်.....ကလေးနေချင်ရင်နေခဲ့ပေါ့...''
''ကျွန်တော်လဲလိုက်မယ်လေ...''
သူနောက်ကနေတစ်ကောက်ကောက်လိုက်ကပ်နေတဲ့ရိပေါ်ကြောင့်သူပြုံးမိပါတယ်...အိမ်ထဲရောက်တော့စာကြည့်ခန်းထဲကနေလက်တော့ပ်ယူပြီးဧည့်ခန်းထဲက နှစ်ယောက်ထိုင်ဆိုဖာလ်ပေါ်မှာထိုင်လိုက်တယ်ဆိုရင်ပဲရိပေါ်ကသူ့ပေါင်ပေါ်မှာလာအိပ်တယ်...
''ကလေးဘာလုပ်တာလဲ...ကောအလုပ်လုပ်မလို့လေ...''
''ကောရယ်ခနလေးပါပဲကျွန်တော်အိပ်ငိုက်လာလို့ပါစားပြီးတော့ဗိုက်တင်းပြီးအိပ်ချင်လာလို့...''
''ကောဘယ်လိုအလုပ်လုပ်ရမလဲ...''
''ရတာပဲကို...ကောဘေးနားကအလှစားပွဲပေါ်လက်တော့ပ်ကိုတင်ပြီးလုပ်ပေါ့လို့...ကျွန်တော်အိပ်ပျော်သွားပြီးနော်..ကျန်တာမသိတော့ဘူး...''
သူ့ကိုပြန်ပြောပြီးတာနဲ့မျက်လုံးကိုမဖွင့်တော့ပဲပိတ်ထားတာများတကယ့်ကလေးလေးလိုပဲ...ခနနေတော့အိပ်ပျော်သွားလို့နဲ့တူတယ်ငြိမ်သွားတယ်...ရိပေါ်အိပ်ပျော်သွားတာသေချာပြီဆိုတော့မှရိပေါ်ရဲ့မျက်နှာလေးကိုအသေအချာကြည့်မိတော့တယ်...တကယ့်ကိုကလေးလေးအတိုင်းအပြစ်ကင်းနေတာပဲ...သူများတွေအပေါ်မာမာကြောကြောဆက်ဆံတဲ့သူကရိပေါ်ပါလို့ပြောရင်တောင်ယုံနိုင်စရာမရှိပါ။ မင်းနားကနေငါထွက်မသွားနိုင်အောင်မင်းလုပ်နေတာလားရိပေါ်ရယ်...သူ့မှာသာသက်ပြင်းတစ်ချချဖြစ်နေတာရိပေါ်ကတော့အိပ်တာသိုးလို့...သူရိပေါ်ကိုကြည့်နေရင်းရိပေါ်ရဲ့ပါးဖောင်းလေးကိုတွေကိုနမ်းချင်လာတာနဲ့ရိပေါ်ရဲ့ညာဘက်ပါးပြင်လေးကိုဖွဖွလေးနမ်းလိုက်တယ်....ပြီးတော့မသိချင်ယောင်ဆောင်ပြီးအလုပ်ဆက်လုပ်နေပေမဲ့စိတ်ကမပါတော့ပါ။ ညနေရောက်တော့မှနိုးပြီးရိပေါ်ကိုအတင်းပြန်ခိုင်းမှမနြၽချင်တဲ့ပုံစံနဲ့ဆူပုတ်နေလို့ချော့တဲ့အနေနဲ့ပါးလေးကိုအနမ်းပေးလိုက်တော့မှပြန်သွားတယ်...ညရောက်တော့သူ့ဆီကိုရိပေါ်ဖုန်းခေါ်လာပြန်ရော....
''ပြောလေကလေး...''
''ကောအိပ်နေပြီးလား...''
''မအိပ်သေးပါဘူး...''
''မအိပ်သေးဘူးလား၉နာရီတောင်ကျော်နေပြီး...''
''အိပ်မပျော်လို့...အိပ်ယာထဲမှာဖုန်းကြည့်နေတာ...''
''အိပ်တော့လေနောက်ကျနေမယ်...ကောအိပ်မပျော်ရင် ကျွန်တော်သီချင်းဆိုပြမယ်...နားထောင်ပြီးတော့အိပ်နော်...''
''အင်...ကလေးသီချင်းကိုကောနားထောင်ပြီးတော့အိပ်မယ်...''
''ကောနားထောင်နေတော့နော်...ကျွန်တော်ဆိုပြတော့မယ်...''
''အင်...''
''အဖွား...အထုပ်တွေအများကြီးသယ်နေတာလေးနေမှာပေါ့..အဖွားဘယ်ကိုသွားမလို့လဲ''
''ခြံနံပါတ်{×××}အဲ့ဒီကိုသွားမလို့မြေးရဲ့..''
''ကျွန်တော်လည်းအဖွားတို့ဘေးကအိမ်ကိုသွားမလို့ပဲလမ်းကြုံတာပဲ...ကျွန်တော်ကူသယ်ပေးမယ်နော်...ပေးပေး''
အဲ့ဒီအဖွားလက်ထဲကအထုပ်တွေကိုသူပြောင်းယူလိုက်တယ်ဆိုရင်ပဲအဲ့ဒီအဖွားက
''မြေးလေးကသူတော်ပောင်းလေးပါပဲကွာ...ခုလိုအဖွားတို့လိုသက်ကြီးရွယ်အိုတွေကိုကူညီတာကုသိုလ်ရပါတယ်ကွယ်....စိတ်ထားကောင်းတဲ့သူကဘယ်ကိုရောက်ရောက်မျက်နှာမငယ်ဘူးကွယ့်...ကူညီမစမယ့်သူတွေလည်းပေါမယ်...အလုပ်အကိုင်တွေလည်းအဆင်ပြေအောင်မြင်မယ်ကွယ့်...တက်နိုင်သလောက်လေးကိုတော့စိတ်ထားကောင်းကောင်းထားရင်ပူလောင်မှုကင်းဝေးပြီးစိတ်အေးချမ်းနေလိမ့်မယ်...မြေးရဲ့''
''ဟုတ်ကဲ့ပါအဖွား..ကျွန်တော်မှတ်ထားပါ့မယ်ဗျ..''
''အေးကွယ်...သာဓု..သာဓု.... သာဓု...ပါကွယ်...ငါ့မြေးဆောင်ရွက်တဲ့ကစ္စတိုင်းကောင်းကျိုးပေးနိုင်မယ့်အရာတွေဖြစ်ထွန်းပါစေကွယ်..''
''ပေးတဲ့ဆုနဲ့ပြည့်ပါစေအဖွား...''
''အေ...အေ..မြေးကဖွားတို့ခြံဘေးကရှောင်လေးနဲ့သိလို့လားကွယ့်....''
''ဗျာ...ရှောင်လေးဆိုတာကဘယ်သူလဲအဖွား..''
''မြေးသွားမယ့်အိမ်မှာနေတဲ့ကလေးလေ...ငယ်ငယ်တုန်းကဆိုသိပ်ချောပြီးချစ်စရာကောင်းတာ...ဝဝကစ်ကစ်လေးနဲ့...သိပ်လိမ္မာတာ..အဲ့တာကြောင့်လဲအဖွားကရှောင်လေးကိုပိုချစ်တာ...ကျန့်လေးကကျန်းမားရေးခြူချာတယ်လေ...အဲ့ဒီညီအစ်ကိုကအသက်လဲကွာတယ်၊အမွှာမဟုတ်ပေမဲ့ရုပ်ချင်းသာတူတာအကျင့်စရိုက်ကတစ်ခြားစီ ကွယ့်..အဖွားကကလေးတွေကိုချစ်လို့အရိပ်တကြည့်ကြည့်လုပ်နေတာဆိုတော့ရှောင်လေးမိဘတွေနဲ့သိပ်မရင်းနှီးပေမယ့်ကလေးတွေကိုတော့သိတယ်လေ''
အဖွားစကားကိုနားထောင်ရင်းနဲ့လာလိုက်တာခြံရှေ့တောင်ရောက်နေပြီး...
''ဟုတ်အဖွား...ကျွန်တော်အထဲထိလိုက်ပို့ပေးရမလားအဖွား...''
''ရပါတယ်ကွယ်...ခြံရှေမှာပဲထားခဲ့လိုက်တော့...ခြံစောင့်ကောင်လေးလာသယ်လိုက်မယ်..''
''ဟုတ်ကဲ့...အဲ့တာဆိုကျွန်တော်သွားတော့မယ်နော်...''
''အေးအေးမြေး''
အဖွားကိုနှုတ်ဆတ်ပြီးကောခြံတံခါးကိုဖွင့်ပြီးဝင်နေတဲ့အထိသူတွေးနေတုန်း...ဘာတဲ့ရုပ်ချင်းတူတဲ့ညီအစ်ကိုရှိတယ်.....
စာလုံးပေါင်းအမှားတွေပါရင်လည်းတောင်းပန်ပါတယ်နော်..😊😊စားလုံးပေါင်းမမှန်တာတွေ့ရင်လည်းပြင်ဆင်ဖတ်ပေးပါနော်...😊😊😊
You are reading the story above: TeenFic.Net