အခန်း {၄၀}
Background color
Font
Font size
Line height
Let's Kill This Love ... 🎶
"ကျစ် ၁၁ ခွဲနေပြီ ဒါလူအိပ်ချိန်ဆိုတာ မသိဘူးလား ခယောင်းခြွေ!!!"
စောစောအိပ်တက်တဲ့ ရှိန်းသည် Phone ringtone ကြောင့်နိုးသွားသည်။ ထို့ကြောင့် ဖုန်းဆက် ခြွေ့ကိုစိတ်တိုတိုနဲ့အော်ပြောလိုက်မိသည်။
"ဟိုလေ ဒီဖုန်း ပိုင်ရှင်ကလေ..."
"သိပြီ လာခဲ့မယ်။ ဒါနဲ့ မင်းတို့ကလည်းသူ့ဖုန်းထဲမှာ ဖုန်းနံပါတ်တွေမရှိဘူးလား ဘာလို့ငါ့မှရွေးခေါ်တာလဲ"
"ဟို သူ့ဖုန်း Contact ထဲမှာ မမပျိုးဆိုတာပဲရှိလို့။ ဒါပေမဲ့ အဲ့ဖုန်းကလည်း မကိုင်တာနဲ့ နောက်ဆုံး ခေါ်ထားတဲ့ ဖုန်းနံပါတ်ကိုဆက်လိုက်တာ အသိတွေမလားဗျ။ အဲ့ဒါဆို မြန်မြန်လာခေါ်ပေးပါနော်"
"Okey Okey! Fine"
ဖုန်းချပြီးတာနဲ့ ရှိန်း စိတ်ရှုပ်စွာ ဆံပင်တို့ကိုဖွလိုက်သည်။ ခယောင်းခြွေဟာ တော်တော်ရှုပ်တဲ့မိန်းမပဲ။
"တော်တော်ဒုက္ခပေးတာပဲ တစ်နေ့တစ်နေ့ သူ့အလုပ်ကြီးပဲ!! ဖုန်း Contact ထဲတောင် အဲ့ဒါတစ်ခုပဲမှတ်ရလား။ အဲ့လောက်ချစ်နေရင် ခေါင်းထဲမှာပဲမှတ်ထားတာမဟုတ်ဘူး"
အဲ့ဝန်ထမ်းပြောတဲ့ Heart Door Club ကိုရောက်လာတော့ မှောက်အိပ်နေတဲ့ ခြွေကိုမြင်ပြီး ရှိန်း စိတ်တို့ပြန်တိုလာရသည်။
"ငါနော် စိတ်ပျက်လိုက်တာ!!"
ရှိန်း စိတ်ပျက်ပျက်နှင့် ခြွေ ကိုထူဖို့ဆွဲလိုက်တဲ့သည်။ မြန်မြန်ပြန်လိုက်ပို့ပြီးမှသာ အေးမှာ။
"ဘယ်သူလဲလွှတ်!"
ရီဝေနေတဲ့မျက်လုံးတွေကို အတင်းဖွင့်ရင်းအော်ကြီးဟစ်ကျယ်ပြောနေတဲ့ ခြွေပါးစပ်ကို လက်နဲ့ ပိတ်လိုက်ရသည်။ တီးလုံးသံအကျယ်ကြီးတွေကိုတောင်ကျော်နိုင်တယ်ဆိုတော့ ဘယ်လောက်တောင် အသံအောင်လိုက်လဲ။
"ငါ...ငါဟေ့"
"မမပျိုးလား?"
"မ...မဟုတ်..."
စကားတောင်မဆုံးသေးပဲ ရှိန်း ရင်ခွင်ထဲရောက်လာသည့် ခြွေပါလေ။
"သတိရနေတာ လွမ်းတယ် မမ"
"ငါက နင့် မမ မဟုတ်... ဟာ! နင်ငိုနေတာလား?"
ရှိန်း သက်ပြင်းချလိုက်မိပြီး ခြွေ့ကို ရင်ခွင်ထဲက ထုတ်ကာဆွဲထူတော့ ဘယ်လောက်တောင်သောက်ထားလဲမသိပါ ခြွေဟာ ယိုင်တိုင်တိုင် ဖြစ်နေသည်။ ထို့ကြောင့် ကုန်းပိုးဖို့သာလုပ်လိုက်ရ၏။
"တက်"
"ဟီး.."
အရက်မူးနေတဲ့ကြားက စပ်ဖြီးဖြီးနဲ့ ခြွေဟာ ရှိန်း ကျောပေါ်တက်လိုက်သည်။
"ငါ့စီးတော်မြင်းကြီး မောင်းစေ"
လက်ကလည်း ရှိန်း ဆံပင်တွေကို ဆွဲလိုက်တာကြောင့် သူတို့နှစ်ယောက်အခြေနေဟာ သရုပ်ပျက်စရာ။
"ငြိမ်ငြိမ်နေလေ!"
ခြွေကတော့ မူးနေလို့ ရှိန်းပြောတာကို ဂရုမစိုက်ချေ။ ရှိန်းမှာတော့ တော်တော်သရုပ်ပျက်နေပြီ။
"ကျွတ်စ် ငါ့ဆံပင်ကို လွှတ်"
"သွား...သွား"
ရှိန်း လည်းပြောလို့မရတာနဲ့ ကားဆီအမြန်သွားကာ ခြွေ့ကို ကားပေါ်အမြန်တင်ရတော့သည်။
"ဟင်း ငါနော်။ ခြွေ!... ခယောင်းခြွေ! နင့်အိမ်ဘယ်မှာလဲ?"
ရှိန်းနဲ့ခြွေ တွေ့တိုင်း အပြင်မှာပဲတွေ့နေကြပေနဲ့ ခြွေ့ အိမ်ကို ရှိန်းမသိပါ။ မသိဘူရဆိုတာကလည်း အမြဲသူတို့နှစ်ယောက်ဟာ အပြင်မှာပဲတွေ့နေကြမဟုတ်လား။ပြီးတော့သိအောင်စုံစမ်းထားဖို့လည်း လိုအပ်တဲ့ဆက်ဆံရေး မဟုတ်ဘူးလေ။
"ဟေး... ခြွေ ငါပြောနေတယ်လေ"
"မမပျိုးရေ သတိရတယ်လို့! ဟင့်"
ရှိန်းပြောတာကို ဂရုမစိုက်ပဲအော်ငိုတဲ့ ခြွေကြောင့် ရှိန်း အငွေ့သာပျံသွားချင်တော့သည်။ ဘယ်လောက်မေးမေး မဖြေတာကြောင့် စိတ်ညစ်ညစ်နဲ့ သူ့အိမ်ကို သာခေါ်လာရသည်။
"ဟူး မောလိုက်တာ"
ခြွေ ကိုကုတင်ပေါ်တင်ပြီးတာနှင့် ခြွေကို စောင်ခြုံပေးဖို့လုပ်ရသည်။ ဂါဝန်ကြီးနဲ့ ဒီတိုင်းထားခဲ့လို့မဖြစ်ဘူးလေ။ ဒီမျောက်လောင်းက ငြိမ်ငြိမ်အိပ်မှာမဟုတ်။ ထို့ကြောင့် စောင့်ခြုံပေးလိုက်သည်အခါ ပူလို့ခါထုတ်သည့် ခြွေကြောင့် ရှိန်း သွေးတို့ပိုပြီးဆောင့်တက်လာသလိုခံစားလိုက်ရသည်။ ရှိန်း သက်ပြင်းရှည်ချပြီး စောင်ကိုသေချာခြုံပေးဖို့လုပ်ရသည်။ ခါတိုင်းဆို စောင်ကိုခါပြီးတန်းခြုံပေးလို့ရသော်လည်း အငြိမ်မနေသည့် ခြွေ့ကြောင့် ဖျာလိုက်ပတ်သလိုသာခြုံပေးဖို့လုပ်လိုက်သည်။
သို့သော် ခြွေ့လက်နှစ်ဖက်က ရှိန်း လည်တိုင်ကို ဖက်သွယ်လိုက်လာသည်။ ရှိန်း အံ့ဩစွာနှင့် မျက်ဝန်းတို့ပြူးကျယ်သွားရသည်။ ခြွေက ရှိန်း နှုတ်ခမ်းလေးကို သိမ်းပိုက်လိုက်တယ်တဲ့။ ရုတ်တရက်ဖြစ်သွားတဲ့ အနမ်းကြောင့် ရှိန်း အချိန်တန်ကြာအောင်ထိကိုကြောင်အသွားမိသည်။ ရှိန်း ကြောင်နေတုန်းမှာတင် ခြွေ ဟာအနမ်းတွေခွာလိုက်သည်။
"မမပျိုး နှုတ်ခမ်းလေးက ချိုတယ်။ ခြွေ ကြိုက်တယ်"
သူ့ဘာသာပြောရင်း ရှိန်းကိုဖက်သွယ်ထားတဲ့ သူ့လက်ကိုလွှတ်ချလိုက်ပြီး ကုတင်ပေါ် အိပ်ချလိုက်သူဟာလည်း ခြွေပါပဲ။  ရှိန်းကတော့ အဲ့နားမှာပဲ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေမိတုန်း။ တကယ်ကိုတော်တော်ကြာမှ ရှိန်း အသိပြန်ဝင်လာပြီး သူ့နှုတ်ခမ်းလေး သူပြန်ကိုင်မိသည်။
"ငါဘာလို့ ရင်တွေခုန်နေပါလဲ!"
"ဒါက ဟိုတစ်ယောက်ထင်ပြီး သူနမ်းတာ ရှိန်း ရင်မခုန်နဲ့ F*ck!!"
"အား!! အရက်အရသာကြီး ခါးလိုက်တာနော်။ ခယေောင်းခြွေ နင်တော်တော်ဒုက္ခပေးတာပဲ"
ရှိန်း ပွစိပွစိပြောရင်း ထပ်ပြီး ခြွေ့ကိုစောင်ခြုံပေးလိုက်ရသည်။
"ဟူး ပြီးပြီ"
ခြွေနဲ့တွေ့မှ ရှိန်း သက်ပြင်းဘယ်နှစ်ခါချနေလို့ ချနေမိမှန်းမသိ။ အခု ရှိန်း အိပ်ယာလေးကို ခြွေ အပိုင်စီးသွားပြီဆိုတော့ ရှိန်းဟာတော့ ဧည့်ခန်းက ဆိုဖာလေးပေါ်မှာပဲ အိပ်ဖို့လုပ်ရတော့သည်။ 
...
"Damn! ခေါင်းကိုက်လိုက်တာ အား..."
"ဘယ်ကျက်သရေတုံး လိုက်ကာဖွင့်ထားတာလဲ! စောက်ရမ်းနေစူးတယ်ဟ"
အိပ်ယာထတာတောင် ခြွေသည် ပွစိပွစိပြောရင်း နိုးလာသည်။ အခန်းပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခြွေမသိတဲ့ အခန်းတစ်ခန်းမို့ ခြွေ လန့်ပြီး ခြွေ့ခန္ဓာကိုယ် ခြွေကြည့်လိုက်မိသည်။
"အိုး တော်သေးတာပေါ့"
ဒါဟာ အရက်မူးပြီး အမှားတွေလုပ်မိမှာဆိုးလို့ ကြည့်လိုက်ခြင်းပါ။
"ဒါနဲ့ ငါဘယ်ရောက်နေတာလဲ ညက Club မှာ အရက်သောက်ပြီး နောက်ပိုင်းဘာတွေဖြစ်... Oh My God!!"
ခေါင်းထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာတဲ့ မြင်ကွင်းတွေကြောင့် ရှိန်း ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ချလိုက်သလိုပင်။ အထူးသဖြင့် ရှိန်းကို ခြွေနမ်းလိုက်တဲ့မြင်ကွင်းလေ။
"အား!! နင်ဘာတွေလျောက်လုပ်နေတာလဲ။ ရှက်လိုက်တာ ငါရူးနေပြီ!!..."
ကိုယ့် အတွေးတွေနဲ့ ကိုယ်ရှက်နေတုန်းမှာ အခန်းရေချိုးခန်းကထွက်လာသည့် ရှိန်းကြောင့် ခြွေ့မျက်နှာတွေ ပိုနီရဲလာသည်။ ရေချိုးပြီး ရေချိုးသဘတ်အင်္ကျီပဲ ပတ်ထားတာကြောင့်လေ။ ရှိန်းရင်ဘတ်က အကုန်ပေါ်တော့မတတ်တော်တော်လေး ဟနေတာမဟုတ်လား။
"အာ... မင်း နိုးပြီလား! နိုးရင်လည်း အပြင်ကြွတော့ ငါအင်္ကျီလဲဖို့"
ခြွေသည် ရှိန်း ကို ကြည့်နေရာကနေ မျက်နှာလွှဲရင်း ခေါင်းညိတ်လိုက်သည်။
"အ...အင်း ငါ...ငါ...ပြန်တော့မှာ သွား...ပြီ"
ခြွေ အဲ့အခန်းလေးထဲကရော အဲ့အိမ်ထဲကပါ အမြန်သွားလိုက်တော့သည်။ မဟုတ်လျှင် လုပ်ခဲ့သမျှပြဿနာကြောင့် ရှက်လွန်းလို့သူသေလိမ့်မယ်ထင်သည်။
"သူမှတ်မိတယ်နဲ့တူတယ်"
ဒါဟာ ရှိန်းနှုတ်မှ ထွက်လာသည့်စကားလေး။ ပြေးထွက်သွားတဲ့ ခြွေ့ကိုကြည့်ပြီး ရှိန်းကတော့ ပြုံးလိုက်ပြီးပြောလိုက််မိခြင်းပေါ့။
...
"မမ"
"ရှင့်"
"မိုင် တို့ မင်္ဂလာဆောင်ကို ဦးလေးကိုတော့ မခေါ်ပေးနိုင်ဘူးနော်"
မိုင်သည် အားနာသည့်မျက်လုံးတွေနှင့်ကြည့်ပြီးပြောလာသည်။ မိုင်ဟာ ပျိုးဒက်ဒီကိုမုန်းနေသူမဟုတ်လား။ ဒါတောင် ပျိုးအတွက် အားနာနေရှာတာ။
"မမ နားလည်ပါတယ် မိုင် ခေါ်ပေးရင်တောင် ဒက်ဒီ က လာလို့မရတဲ့ အခြေနေမှာကို"
"တောင်းပန်ပါတယ်"
"ရပါတယ် တောင်းပန်ဖို့ မလိုပါဘူး"
"ဒါပေမဲ့ ရော့..."
လက်ထဲဖုန်းတစ်လုံးလာပေးတဲ့ မိုင်ကြောင့် ပျိုး နားမလည်သလိုကြည့်မိသည်။ တကယ်လည်း ပျိုး နားမလည်ပါလေ။
"ဒီဖုန်းက ဘာလုပ်ဖို့လဲ မိုင်"
မိုင်သည် ပျိုး လက်ထဲက ဖုန်းကိုပြန်ဆွဲယူလိုက်ပြီး ဖုန်း Call တစ်ခုကိုခေါ်လိုက်သည်။
"ရော့..."
"အမ် ဘယ်သူ့ကိုဆက်လိုက်တာ..."
မေးနေတုန်းမှာပဲ ဟိုဘက်က ပြန်ထူးတဲ့ Hello ဆိုသည့် အသံလေးကြောင့် ပျိုး မျက်ရည်ဝဲလာမိသည်။
"ဒက်...ဒက်ဒီ"
မိုင်လည်း အဲ့မြင်ကွင်းကို မကြည့်ချင်တာနဲ့ ဒီနေရာလေးကနေထွက်သွားလိုက်ပြီး ပျိုးဖုန်းပြောပြီးမှသာ ပြန်ရောက်လာသည်။
"မိုင် ဒီလောက်ပဲလုပ်ပေးနိုင်လို့ တောင်းပန်ပါတယ်နော်"
ငိုနေတဲ့ ပျိုးကို နှစ်သိမ့်ပြီး မိုင်ဟာပြောလာသည်။ မိုင် ဒီလောက်လုပ်ပေးလိမ့်မယ်လို့ ပျိုးထင်တောင်မထင်ခဲ့ဘူးလေ။
"ဟင့်အင်း ဒီလောက်နဲ့တင်တော်တော်ပြည့်စုံနေပါပြီ ကျေးဇူးပါ မိုင်ရယ်... ဒါနဲ့ ဒက်ဒီ က မင်္ဂလာ လက်ဖွဲ့ပို့လိုက်မယ်တဲ့"
"အ...အင်း"
"ကောင်းတယ်.. အဲ့မှာအဖြစ်သည်းနေလိုက်ကြတာ မျက်စိနောက်ဖို့ကိုကောင်းတယ်"
သူတို့နှစ်ယောက်ရဲ့ အနောက်ကထွက်လာတဲ့ အသံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်မိလိုက်သည်။
"ဆူ...ဆူကီ"
"ဖယ်စမ်း ခွာကြ"
"ဆူကီ!"
ဆူကီပြောကာ သူတို့နှစ်ယောက်ရဲ့ အလည်ကိုဝင်ထိုင်လိုက်သည်မို့ မိုင့်ဆီက မကျေနပ်စွာထွက်လာသည့် အသံလေး။
"ဘာလဲ အိဗ် မကျေနပ်ဘူးလား။ နင်မနေ့ကရော ဒီနေ့ပါ Company မလာလို့ ငါဒိုင်ခံလုပ်ပေးထားရတာနော်!"
"ဟီး နင်ကလည်းဟာ"
ဆူကီ အမြင်ကတ်စွာဖြင့် မျက်စောင်းထိုးလိုက်ပြီး ပျိုး ဘက်လှည့်လိုက်သည်။
"ပျိုး!... ငါ့ကို မလွမ်းဘူးလား ငါကတော့လွမ်းနေရတာ"
ဆူကီပြောရင်း ပျိုး ကိုဖက်လိုက်သည်မို့ ပျိုးလည်း ပြန်ဖက်လိုက်သည်။
"လွမ်းတာပေါ့ ဆူကီရဲ့ မလာတာတစ်ပတ်လောက်ရှိနေပြီကို"
"Lier!... သူ့လူနဲ့ပျော်ပါးပြီး ငါ့ကိုမေ့နေပြီးတော့"
"မဟုတ်ပါဘူး ဆူကီရယ်။ ငါ့ရဲ့ဆူကီလေးကို တကယ် လွမ်းနေတာပါ"
"အဟမ်း!! ငါတစ်ယောက်လုံးရှိသေးတယ်နော်"
လေသံခပ်မာမာကြားလိုက်လို့ ဆူကီ ဖက်ထားရာကနေ ပြန်ခွာပြီး မိုင် ကိုလှည့်ကြည့်လိုက်တော့ မျက်မှောင်ကြီး ကြုတ်ပြီး သူ့ကိုကြည့်နေတယ်။ ဘာမှတောင် မလုပ်ရသေးဘူး ဖြစ်ပျက်နေတာများ။
"အာ့ ပျိုး! ငါ့မျက်လုံးထဲဖုန်ဝင်သွားလို့မှုတ်ပေးပါဦး"
ပျိုး ဘက်ကိုလှည့်ပြီး ဆူကီ မူယာမာယာတွေ ထုတ်သုံးကာပြောလိုက်တယ်။ ပျိုးဟာတော့ တကယ်ထင်ပြီး ဆူကီမျက်နှာလေးကိုကိုင်ကာ မျက်လုံးလေးကိုမှုတ်ပေးနေတုန်းမှာ ဆူကီရုတ်တရက် ဆွဲလှည့်ခြင်း ခံလိုက်ရသည်။
"ငါ လုပ်ပေးမယ်... ငါလုပ်ပေးမယ်ဟဲ့! ဘယ်ဘက်မျက်လုံးလဲ"
"ရပြီမလိုတော့ဘူး"
ဆူကီ လျာလေးထုတ်ကာ ပြောလိုက်တာမို့ မိုင် စွေ့စွေ့ခုန်သွားသည်။
"ဆူကီ!!"
ပျိုးကတော့ သူတို့နှစ်ယောက်သတ်နေတာကို ကြည့်ရင်း ပြုံးနေမိသည်။ ခဏနေမှတော့မှ အခြေနေပိုဆိုးမှာစိုးလာ၍ ပျိုး ဝင်ဆွဲလိုက်တော့သည်။
"မိုင်ရယ် တော်ပါတော့နော်။ တကယ်ပါပဲ ကလေးကြနေတာပဲ"
"မမ နော်!!!"
"ကလေးက လိမ္မာပါတယ်ကွာ ဆူကီက စနေတာကို"
နှုတ်ခမ်းလေးစူပြီး ပြန်ပြောနေတဲ့ မိုင်ကြောင့် အသည်းယားမိသည်။ ဆူကီကတော့ သူတို့နှစ်ယောက်ပြောနေတာကို ကြည့်ရင်း ခပ်ဖွဖွပြုံးမိတယ်။
'ငါနင်တို့ နှစ်ယောက် မင်္ဂလာပွဲပြီးရင် ထွက်သွားတော့မယ်'
ဒါဟာ ဆူကီ့စိတ်ထဲကနေပြောလိုက်ခြင်းသာ။ ဆူကီသာ ထုတ်ပြောလိုက်ရင် ထွက်သွားခွင့်ပေးမှာမဟုတ်မှန်းသိတာကြောင့် တိတ်တိတ်လေးစီစဥ်ထားတဲ့ အစီစဥ်ပေါ့။ သူတို့အနားမှာ ဆူကီဆက်ရှိနေချင်ပေမဲ့ ကိုယ်ချစ်တဲ့သူနားမှာ ဒီလိုမျိုးတတိယလူအဖြစ်နဲ့တော့ ဘယ်နေနိုင်ပါ့မလဲ။ ဆူကီက ပျိုးလိုမှမဟုတ်တာ။
သူတို့ နှစ်ယောက်ကို မနှောင့်ယှက်ပဲ အဆင်ပြေအောင် ကူညီပေးတာနဲ့တင် လုံလောက်နေပြီမလား။
...
"နင်တကယ်ကြီး သွားတော့မှာလား? ရှိန်း"
ခြွေ လေသံတိုးတိုးလေးဖြင့်မေးလိုက်တော့။ ထို့ကြောင့် ရှိန်း မျက်ခုံးပင့်လိုက်မိ၏။
"အင်းလေ လေဆိပ် တောင်ရောက်နေပြီ မတွေ့ဘူးလား!"
"ဘာလို့လဲ! ငါ့အတွက် ဒီလိုတွေလုပ်ပေးနေရလို့ စိတ်ရှုပ်ပြီးထွက်သွားတာလား"
ခြွေ့ရဲ့ ကလေးဆန်လှတဲ့ စကားမှာ ရှိန်း ဟက်ဟက်ပက်ပက်ရယ်မိသည်။
"နင်က အမြဲကလေးအတွေးနဲ့နော်။ ငါဒီကိုလာတာ အလုပ်ကိစ္စနဲ့လေ။ အဲ့တော့ အလုပ်ကိစ္စပြီးတော့ ပြန်မှာပေါ့"
ရှိန်း ပေါ့ပေါ့ပါးပါးလေး ပြောလိုက်ပေမဲ့ ခြွေ မျက်နှာလေး ညှိုးသွားသည်။
"ဘာလဲ ဝမ်းနည်းသွားတာလား"
"ဘာလို့ ဝမ်းနည်းရမှာလဲ!"
"မဟုတ်မှ နင်ငါ့ကိုစိတ်ဝင်စားနေတာလား"
"ဝေါ့!... ဝေးသေး။ ငါက မမကလွဲရင် ဘယ်သူ့မှ စိတ်မဝင်စားဘူး အိုခေ!"
ဒီတစ်ခါ မျက်နှာပျက်ရတဲ့ သူက ရှိန်း ပါ။ သို့သော် ခဏတာပါပဲ ရှိန်းပြန်ပြုံးလိုက်မိသည်။
"ဟုတ်ပါပြီ"
"အမှန်တော့ ငါဝမ်းနည်းတယ်။ နင်မရှိရင် ပျင်းနေတော့မှာပဲ"
ရှိန်း ဒီကိုလာနေတဲ့ ၅ လကျော် ၆ လအတွင်း ခြွေနဲ့ ရှိန်း ခဏခဏတွေ့ဖြစ်ကြတယ်မဟုတ်လား။ တဂျက်ဂျက်နဲ့ ကိုက်နေကြပေမဲ့ သံယောဇဥ်တော့ ဖြစ်မိသွားကြသည်။
"ပျင်းရင် ငါ့အစ်ကိုဆီလာရင်း ငါ့ဆီလာလည်ပေါ့"
"နိုးပါ! နင်ပဲလာလည် ငါ ဘန်ကောက်ရောက်တာသိတာနဲ့ ငါဆီလာခဲ့"
"အမြဲ အထက်စီးပဲနော်"
"ဘာဖြစ်လဲ အထက်မှာနေရတာကြိုက်လို့"
"ငါနဲ့ဆိုအောက်ရောက်မှာ"
ရှိန်း လွှတ်ခနဲ ထွက်သွားတဲ့စကားက ခြွေ့ကိုရှက်သွားစေသည်။
"နင်!!!"
ရှိန်း ပခုံးကို ဘယ်နှစ်ချက်လဲမသိ အထုခံနေရသည်။ ရှိန်းလည်း သူစွာနေလို့လွှတ်ခနဲပြန်ပြောမိလိုက်ရုံပါ။ တကယ်မရည်ရွယ်ပါ။
"နာနေပြီလို့"
"သေလိုက်"
ခြွေ ထုနေသေးတာကြောင့် ရှိန်း သူ့လက်ကို ဆွဲကိုင်လိုက်မိ၏။
"နာတယ်ဟ"
"ငါ့...ငါ့လက်ကို လွှတ်"
"အ...အင်း"
"နင်အဲ့ဒါဆို မမတို့ မင်္ဂလာပွဲ မသွားဘူးပေါ့"
ရှိန်းနဲ့ ခြွေကြား ခဏလောက်အသံတိတ်သွားပြီးနောက်မှာ ခြွေကအရင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"အင်း အခြေနေအရမသွားဖြစ်တော့ဘူး နင်ရော"
"ငါကသွားမှာ ငါနေနိုင်ကြောင်းကိုပြဖို့"
"တကယ်တော့ မနေနိုင်ဘူးမလား"
ခြွေ တိတ်ဆိတ်သွားခဲ့သည်မို့ ရှိန်း ခပ်ဖွဖွပြုံးလိုက်သည်။
"နင်ချစ်နေသေးတာပဲ"
"အင်း..."
"နင်က တကယ့်အရူး"
"အင်း ဟုတ်တယ် ငါက တကယ်အရူးပဲ"
"သိရင်ပြီးရော"
"ဒါနဲ့ နင်ရော မိုင့်ကိုမချစ်တော့ဘူးလား"
"ထပ်မေးပြန်ပြီ ငါပြောပြီးသားပဲကို"
"အဲ့တစ်ယောက်ဆို နောက်တစ်ယောက်ထပ်ရှာလေ"
"ဟင့်အင်း တော်ပြီ။ ငါနောက်တစ်ယောက် ထပ်မချစ်ရဲတော့ဘူး။ အချစ်ဆိုတာကြီးကို ဘဝတစ်ခု မလုပ်ချင်တော့ဘူး ချစ်ရတာပင်ပန်းတယ်"
"တကယ်လို့ နင်တစ်ယောက်ယောက်ကို ထပ်ချစ်မိသွားရင်ရော?"
"အခုတောင်ထပ်ချစ်မိတော့မယ်ထင်တယ်။ ဒါပေမဲ့ ငါချစ်ဖို့ကိုရွေးချယ်မှာ မဟုတ်ဘူး"
ရှိန်းဟာ ဒီစကားကိုပြောဖို့နည်းနည်းအားယူလိုက်ရပေမဲ့ ရှိန်းတကယ်ပြောတာလေ။
"အိုး နင့်မှာ ချစ်နေတဲ့ တစ်ယောက်ရှိနေပြီလား"
"ဟင့်အင်း မရှိပါဘူး။ ဒီတိုင်းစိတ်ဝင်စားမိတာပဲထင်တယ်။ အချစ်လို့တော့ ထပ်ပြီးခေါင်းစဉ်မတပ်ချငနတော့ဘူး"
"ဪ... နင်က မိုင့်ကြောင့် ချစ်ရမှာကြောက်သွားတဲ့ ငကြောက်လေးပဲ"
"ဒီမှာ ငါကလေ... နင့်လို ပျိုးနွံထဲနစ်နေတဲ့ လူမဟုတ်ပါဘူးနော်"
ခြွေနဲ့ ရှိန်း ခဏထပ်တိတ်သွားပြီမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ရယ်လိုက်မိသည်။
"ငါတို့က တကယ်ပုံစံမတူပေမယ့် အချစ်နာကျတဲ့ နေရာမှာတော့တူနေတာပဲ။ ငါသာ မမ မချစ်ခဲ့ရင်... နင်က ငါကြိုက်တဲ့ပုံစံပဲသိလား"
ခြွေ စကားကြောင့် ရှိန်းခဏလောက် ငြိမ်သွားပြီးမှ ထပ်ပြုံးလိုက်သည်။ ခြွေ သဘောရိုးနဲ့ပြောတာ ရှိန်းသိတာပေါ့။
"ကဲသွားတော့ နင်စီးရမယ့်လေယာဥ်ကခေါ်နေပြီ။ ကြားလား"
"အေး ကြားပါတယ်။ သွားတော့မယ်နော် ခယောင်းခြွေ"
"ငါ ဘန်ကောက်လာရင်ပြောမယ်နော်"
"ဟုတ်ပါပြီ သွားပြီ နှုတ်ဆက်ခဲ့တယ် ခယောင်းခြွေ"
"ဟင်... အင်း တာ့တာ!"
ချစ်ရမှာကို ကြောက်သွားတဲ့ ရှိန်းထပ်တွေ့တဲ့ အချစ်ဆီက ထွက်ပြေးမိသည်။ အကြောင်းပြချင်ကတော့ ရှိန်း ထပ်ချစ်မိတဲ့ သူမလေးက အချစ်နွံထဲက မရုန်းထွက်နိုင်သေးလို့လေ။ ပြီးတော့ အဲ့အချစ်နွံက ဆောင်းရိပ်ပျိုးတဲ့။ ပျိုးဆီမှာ ထပ်မရှုံးချင်တော့ပေ။ ရှိန်း ထပ်ပြီးအချစ်ကြောင့်မနာကျင်ချင်တော့ဘူး။
"ငါတကယ်ပြောတာ မမ သာမရှိခဲ့ရင် ငါနင့်ကို ချစ်မိတယ် ထင်တယ် ဒါပေမဲ့..."
ထွက်သွားသည့် ရှိန်းကျောပြင်လေးကို ခြွေ ငေးကြည့်နေမိသည်။ ခြွေ့ရင်ထဲရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ပျိုး ဆိုတဲ့လူသားက နေရာယူထားတုန်းပဲ။ ခြွေထပ်ပြီးချစ်နိုင်မှာမဟုတ်ဘူး။
...
မျက်တောင်မခတ်ပဲကြည့်နေမိသည်မို့ ပါးလေးနီမြန်းကာ မျက်နှာလွှဲသွားသည့် မိုင်ချစ်ရသည့် သူမ။ မိုင်လည်း ဘယ်အကြည့်လွှဲနိုင်ပါ့မလဲ။ ဝတ်စုံတိုင်းဟာ ပျိုးနှင့် သိပ်လှနေသည်လေ။ သို့သော် ဒီဝတ်စုံလေးဟာတော့ ပျိုးနဲ့ပိုလိုက်သည်။
"မမ ဒါလေးနဲ့ သိပ်လှတယ်"
"ဟုတ်ပါ့နော် အစ်မက ဘာဝတ်ဝတ်လှနေတာပဲ။ မင်္ဂလာတစ်ပွဲပဲဆောင်ရလို့သာ"
ဘေးနားက အရောင်းသူလေးကလည်း သဘောကျစွာဝင်ပြောလာတော့ မိုင် ပြုံးလိုက်မိသည်။ ပျိုးက အရင်တည်းကဘာဝတ်ဝတ်လှတာသိပေမဲ့ သတို့သမီးဝတ်စုံလေးနှင့်ကြတစ်မျိုးလှပြန်သည်။ မိုင်တို့ မင်္ဂလာပြန်ဆောင်တာ ဒုတိယအကြိမ်ဆိုပေမဲ့ ပထမအကြိမ်တုန်းက ရုံးတက်လက်မှတ်ထိုးရုံမဟုတ်လား။
"ဘယ်လိုလဲ မမ!... ပြောနေပြီ။ မင်္ဂလာဆယ်ပွဲလောက်ဆောင်လိုက်ကြမလား။ မိုင် အကုန်ဝယ်လိုက်မယ်"
ထိုင်နေရာကနေထကာ ပျိုးအနားလေးသွားကာပြောလိုက်တော့ ပျိုးသည် မျက်လုံးအဝိုင်းလေးသားလေးနှင့် မိုင့်ကိုကြည့်သည်။ လျောက်ပြောနေတာလား၊ အတည်လားဆိုတာသိချင်နေပုံပဲ။ ပျိုးသာ ခေါင်းညိတ်လိုက်ရင် အဲ့ထက်မကကိုဆောင်ပစ်မှာ။
"ဟင် မိုင်မေးနေတယ်လေ"
ဘေးနားကအရောင်းမလေးဟာတော့ အားကျနေဟန်ဖြင့်သာ။ သို့သော် မိုင်က အားကျအောင်တမင်လုပ်ပြနေတာမဟုတ်ဘူးလေ။ အတည်ပြောနေခြင်းပါ။
"မ... မလုပ်ပါဘူး မိုင်ရဲ့။ တစ်ပွဲဆို လုံလောက်ပါပြီ။ မမ တစ်ပွဲပဲဆောင်ချင်တယ်"
မိုင် နှာခေါင်းရှုံ့လိုက်မိသည်။ အဲ့လိုဖြေမှာသိသားပဲ။ အမှန်တော့ ပျိုးဟာ ခေါင်းညိတ်သင့်တာ။ အဲ့ဒါမှာ လူတွေလည်း ပျိုးကို မိုင်ပိုင်ကြောင်း၊ မိုင့်ကိုလည်း ပျိုးကပိုင်ကြောင်း ပိုသိမှာကို။ ဒါပေမဲ့ ဒီလက်ထပ်ပွဲဟာတော့ ပျိုး ဆန္ဒဖြစ်ချင်သည်။ မိုင်တို့ ပထမအကြိမ်ဆောင်တုန်းက ပျော်ရွှင်စရာမဖြစ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်တော့ ပျော်ရွှင်ချင်သည်လေ။
ထို့နောက် လက်ထပ်လက်စွပ်ရွေးရန်သွားပြီးနောက်နေ့တွေမှာ Pre Wedding ဓာတ်ပုံတွေရိုက်ရသည်။ ဒီလိုနှင့် အချိန်တွေဟာ ပျော်ရွှင်စွာ တဖြည်းဖြည်းကုန်ဆုံးလာတော့၏။
ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့သည်က မနက်ဖြန်ဆို မင်္ဂလာနေ့ရက်တောင်ရောက်လာပြီလေ။
"အိဗ် ပြန်မယ်လို့"
"မပြန်ဘူး ဒီနေ့ မမ နဲ့တူတူနေမှာ"
"မနက်ဖြန် မင်္ဂလာနေ့လေ ဒီနေ့နေလို့မရဘူး အိဗ်။ လာပြန်မယ်"
ဆူကီကအတင်းဆွဲနေတော့ မိုင် စိတ်ရှုပ်လာသည်။ မနက်ဖြန်အတွက် ပျိုးနှင့်တူတူနေပြီး ရင်ခုန်ဖို့ပါဆိုနေ။
"ကလေးရယ် ပြန်လိုက်ပါ လိမ္မာတယ်လေနော်"
"ဟူး ဒီနေ့တစ်ရက်တော့ သည်းခံလိုက်မယ်!"
ပျိုး စကားကျတစ်ခွန်းတည်းရတာကြောင့် ဆူကီ အမြင်ကတ်ကတ်နှင့် မိုင့်ကို ကုတ်ကနေဆွဲကာ ခေါ်သွားတော့ မိုင်ယက်ကန်ယက်ကန်ဖြင့်ပါသွားသည်။
...
ပျိုး အပျော်လွန်နေသည်။ မသိတဲ့သူတွေရော သိတဲ့သူတွေပါ ပျိုးကို လာပြီးစကားပြောနေကြပေမဲ့ ပျိုးပျော်နေပါသည်။ ပြီးတော့ ခဏနေစတော့မယ့် မင်္ဂလာပွဲအတွက် စိတ်လှုပ်ရှားနေသည်လေ။
"မမ"
"ခြွေ...ခြွေ လာတယ်"
ခြွေ လာမယ်လို့ ပျိုး မထင်ခဲ့ရိုးအမှန်ပါ။ ခြွေ့ကို မိုင်က ဖိတ်ခိုင်းခဲ့ပေမဲ့ ပျိုး မဖိတ်ရက်ခဲ့။ သို့သော် ခြွေက ပျိုးမရှိလည်းအဆင်ပြေနေပြီတဲ့။ နောက်တစ်ယောက်အသစ်တွေ့နေပြီဆိုလို့ ပျိုးခေါ်ချင်ခေါ်လို့ရတယ်ဆိုလို့ ပျိုး ဝမ်းသာမိသည်။ ထို့ကြောင့် ပျိုးဖိတ်ခဲ့မိသည်လေ။ ထိုတုန်းက ခြွေက အကန်တွေပြောလိုက်လို့ မလာတော့ဘူးထင်နေခဲ့တာ။ ခြွေဟာ လာခဲ့တာပဲ။
"အင်းလေ လာရမှာပေါ့ မမပျိုးရဲ့"
"ပျိုး စိတ်ဆိုးနေသေးလားဟင်"
"ဘာကို စိတ်ဆိုးရ...မှာလဲ စိတ်ထဲတောင်မရှိတော့ဘူး"
မုသားစကားတွေပြောလိုက်ပေမဲ့ ခြွေ့ရင်ထဲမှာတော့ တစစ်စစ်နာကျင်ရသည်။
"တောင်းပန်ပါတယ် ခြွေ"
"မမနော် ခြွေ ကို တွေ့တိုင်းအဲ့ဒါတွေပဲ ပြောမနေနဲ့။ ခြွေ ပြန်လိုက်မှာ"
"ပြန်တော့ မပြန်ပါနဲ့။ ခြွေရယ်"
"ဒါနဲ့လေ မမ တကယ်လှတယ်"
ခြွေ အပြောလေးကြောင့် ပျိုးရှက်ပြီး ခေါင်းငုံသွားရ၏။ ခြွေကတော့ မပိုင်ဆိုင်လိုက်ရတဲ့ သူမချစ်ရသူလေးကိုကြည့်ရင်း ဟန်ဆောင်အပြုံးတွေပဲတတ်နိုင်ခဲ့တယ်။
"ဟုတ်လား"
"အွန်း... သိင်္ခလွန်းမိုင် ကံကောင်းတယ်"
ငိုချင်စိတ်လေးကိုထိန်းချင်တာမို့ ခြွေ အောက်နှုတ်ခမ်းလေးကိုကိုက်လိုက်မိသည်။
"ပျိုး..."
"ဪ...ကိုမြတ်ဖုန်းသော"
"အဲ့တုန်းက ကိစ္စတောင်းပန်ပါတယ်နော်"
"ရပါတယ် ပျိုး မေ့ထားလိုက်ပါပြီ"
"ဘယ်တုန်းက ကိစ္စလဲ?"
ခြွေ အဲ့တုန်းကကိစ္စတွေ အခုထိမသိသေးပေ။ ပျိုးကလည်း ပြောဖို့စိတ်ကူးမရှိ။
"ဘာမှမဟုတ်ပါဘူး ညီမလေးရဲ့... အာ ခဏနော် ဖုန်းလာလို့ကိုင်လိုက်ဦးမယ်နော်"
"ဟုတ် ကိုကို"
မြတ်ဖုန်းသော ထွက်သွားတော့မှကျန်ခဲ့တဲ့ ပျိုးနဲ့ ခြွေ စကားတွေ အများကြီးပြောဖြစ်သည်။ ခဏနေတော့ မင်္ဂလာပွဲအချိန်က တော်တော်နီးနေပြီလေ။ ဒီအချိန်ထိ မိုင် မရောက်လာသေးတာ ဘာလို့လဲ။ ပျိုး ရင်တွေပူလာမိသည်။
"ရောက်လာမှာပါ"
ခြွေ ငိုတော့မယ့် ပျိုးကို နှစ်သိမ့်ပေးလိုက်တယ်။ ခြွေ ထင်သလိုတော့ မဖြစ်လိုက်ပါနဲ့လို့ဆုတောင်းရင်းပေါ့။
"ဟုတ်တယ် ရောက်လာမှာပါ"
"အင်း"
ဒါပေမဲ့ မင်္ဂလာချိန်ရောက်တဲ့ထိ မိုင် ရောက်မလာခဲ့ပေ။ ပျိုး ထိန်းထားတဲ့ မျက်ရည်လေးတွေစီးကျလာရင်း နောက်ဆုံးမှာလူတွေအများကြီး စောင့်နေတဲ့ မင်္ဂလာခန်းမ ထဲဝင်လိုက်သည်။ ခြွေတို့ဆွဲပေမဲ့မရ။
"ဂုဏ်သရေရှိ လူကြီးမင်းအားလုံးကို တောင်းပန်ပါတယ် ဒီနေ့မင်္ဂလာပွဲက ပျက်သွားပါပြီ... အားလုံးကို တကယ်တောင်းပန်ပါတယ်"
ပွဲကြေငြာသူကိုပြောခိုင်းလို့ရပေမဲ့ မိုင် ဖြစ်စေချင်တာ ဒီလိုဆို မိုင် ဖြစ်စေချင်တဲ့အတိုင်း ပျိုး လုပ်ပေးရမှာပေါ့။ ထို့ကြောင့် လူပုံအလည်မှာ မျက်ရည်တွေနဲ့ မင်္ဂလာပွဲ ဖျက်သိမ်းကြောင်းကိုပြောမိသည်။ ပြီးသည်နှင့် ထိုအဲ့နေရာကနေ ပြေးထွက်လိုက်တော့သည်။
ပျိုးရင်ထဲ ဒီတစ်ကြိမ်တော့ မိုင့်အပေါ် ပထမဆုံးအကြိမ်နာကျည်းစိတ်လေးအနည်းငယ်ဖြစ်ပေါ်လာမိသည်။ မုန်းတီးနာကျည်းလောက်တဲ့အထိမဟုတ်သော်လည်း ဒီလိုသာဆက်ဖြစ်နေရင် ကြာလျှင် မိုင့်ကို ပျိုးစိတ်ကုန်သွားနိုင်မလား။ ပျိုး အကြောင်တရားတွေက အဲ့ဒါကြောင့် ရှင်သန်နေတာ။ မိုင် ချစ်တယ်လို့ပြောလာရင်တောင် ပျိုး အကြောက်တရားတွေက ရပ်တန့်သွားတော့မယ်မထင်ခဲ့တာ ဒါကြောင့်လေ။
"မိုင် ကျေနပ်ပြီလား မမ ထပ်ပြီး အရှက်တွေနဲ့ပြိုလဲရပြန်ပြီ"
ပျိုး မသိတဲ့တစ်ဖက်ခြမ်းမှာတော့ Crown အနက်ရောင်ကားလေးဟာ ချိုင့်ပိုင်သွားတဲ့အထိစုတ်ပြတ်နေပြီး ကားမှန်တွေဟာလည်း လမ်းမပေါ်မွစာကြဲနေသည်။
ကားမောင်းနေရာမှာထိုင်နေသည့် သူမ၏ အဖြူရောင်မင်္ဂလာဝတ်စုံဟာနီရဲနေသည်။ ခေါင်းတွင် သွေးတို့ဟာစီးကျနေသည်။ သတိလက်ကျန်လေးရှိသေးပေမဲ့ ခဏနေ အမှောင်ကြတော့မှာကို ကိုယ့်ကိုယ်ကိုသိနေသလို ကြောက်ရွံ့စိတ်လေးဖြစ်လာသည်။ မိုင် မျက်လုံးမှိတ်သွားမိရင် ပြန်မနိုးလာတော့မှာကိုပေါ့။
"မမ..."
တစ်ကိုယ်တည်းတောင်မကြားနိုင်တော့သည့် စကားပြောသံလေး။ မိုင် ဘာမှဖြစ်လို့မရဘူးလေ။ မိုင့်ကို မိုင့်မမက မျှော်နေမှာ။ ပြီးတော့ နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် ပျိုးကို မိုင်ပြောချင်သေးသည်။ စကားလေး နှစ်ခွန်းကိုပေါ့။
'ချစ်တယ်' ဆိုတဲ့ စကားလေးနှစ်ခွန်းကိုပေါ့။ သို့သော် မိုင်မပြောနိုင်တော့ဘူးထင်၏။ မိုင် ထိန်းထားလျှက်နှင့် အမှောင်ထုကြီး ကြီးစိုးသွားသည်။ မိုင် နောက်ဆုံးလောကြီးနှင့် အဆက်သွယ်ပြတ်သွားခဲ့သည်။
...
TBC...
အမှားပါလျှင် ခွင့်လွှတ်ပါ 🧡
နောက်တစ်ပိုင်း ဇာတ်သိမ်းပါ။
Thanks For Reading 📖
...
Zawgyi....
Let's Kill This Love ... 🎶
"Okey Okey! Fine"
ရှိန်း
You are reading the story above: TeenFic.Net