"မမ သဘောပဲနော်။ မိုင်အတင်းကျပ် မပြော..."
"မိုင် ဘာသဘောနဲ့လက်ထပ်ချင်လဲမသိပေမဲ့ မိုင် သဘောပါ။ မမက မိုင် ဘာဖြစ်ချင်ချင်ဖြည့်စည်းပေးမှာ"
မိုင်သည် အိပ်ယာပေါ်က ထလိုက်သည်။ ရေချိုးရမည်မဟုတ်လား။
"မမ တုန်းကလိုအကျပ်ကိုင်ပြီးပြောနေတာ မဟုတ်လို့ စိတ်ပါမှ သဘောတူပါ။ မမ ဘက်ကသဘောမတူပဲ..."
"မမက မိုင် နဲ့ရှိနေရရင် လုံလောက်ပြီ။ လက်မထပ်ဖြစ်လည်း မိုင်နဲ့သာတူတူရှိရင်ဘာမှထပ်မလိုတော့ဘူး"
"အဲ့လိုဆို လက်မထပ်ပဲ မမဒီနေရာမှာပဲ နေရမယ်ဆိုလည်း ကျေနပ်တယ်ပေါ့"
"မိုင်နဲ့နေရရင် ဘယ်လိုနေရနေရကျေနပ်ပါတယ်"
ပျိုး စကားကြောင့် မိုင် စိတ်ရှုပ်စွာဆံပင်တွေထိုးဖွလိုက်တော့သည်။
"မိုင်...မိုင် လက်"
ပျိုးသည် မိုင့်ဆီအမြန်ထလာပြီး မိုင်လက်တွေကိုကြည့်လိုက်၏။
"ဘယ်လိုဖြစ်တာလဲ! လက်နှစ်ဖက်လုံးဒဏ်ရာတွေနဲ့"
မိုင်ကတော့ ပျိုး ပြောတာကို စိတ်မရောက်ချေ။ သို့သော် မိုင့်အကြည့်တွေက ပျိုးဆီမှာသာ။
" မိုင်...!"
ပျိုး စိတ်ပူပြီး ဆင်းလာတာ ကိုယ်ပေါ်မှာ အဝတ်မကပ်တာကို သတိမထားမိပေ။ ပျိုး ဖြစ်သွားတဲ့ ပုံကိုကြည့်ရင်း မိုင် ရယ်လိုက်မိသည်။
"ရေတူတူချိုးရအောင် မမ"
မိုင် ခေါ်ရာရေချိုးခန်းထဲကို ပျိုး ဘာမှမပြောလိုက်ရပါပဲ ပါသွားတော့သည်။
"အာ့... မမ နာတယ်"
"အရက်ပြန်နဲ့မလို့ နည်းနည်းစပ်တာပါ မိုင် ရယ်။ ခဏလောက်တော့ သည်းခံ။ ဆေးထည့်မှ နာတာလား။ ဆေးမထည့်ခင်က မနာဘူးလား?"
ပျိုးတို့ ရေချိုးပြီး မိုင့်လက်က ဒဏ်ရာကိုဆေးထည့်ပေးနေခြင်းလေ။
"အဲ့တုန်းကနာမှန်းတောင် သတိမထားမိဘူး"
"မိုင် ရယ်ဘာတွေ ဖြစ်လာလို့လဲ!"
ပျိုး စိတ်ပူပူဖြင့်မေးလိုက်သော်လည်း မိုင် ဟာပြန်မဖြေပါ။
"မိုင် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်လာတာလား"
"ဒီတိုင်း... ကိုယ့်ဘာသာကိုယ် စိတ်ညစ်လို့"
"မိုင်ရယ် မိုင်အသားက အသားနုနုလေးတွေနော်"
"အဟက် အဲ့အသားနုနုလေးတွေကို မမ အရင်ဒဏ်ရာတွေပေးခဲ့တာလေ။ အဲ့တုန်းကကျ အသားနုနုလေးတွေ လို့မမြင်ဘူးလား။ အာ အဲ့အသားနုနုလေးတွေကို ရိုက်နှက်ရတာ ပျော်ဖို့ကောင်းခဲ့လား?"
မိုင် စကားကြောင့် ပျိုး ဆေးထည့်ပေးနေတဲ့ လက်တွေ ခေတ္တရပ်သွားသည်။
"မမ"
မိုင် အသံကြားမှ ပျိုး အသိပြန်ဝင်ကာ ဆေးပြန်ထည့်ပေးလိုက်တယ်။
"စပ်ရင်ပြော မိုင် ဖူး..."
ပျိုး ပါးစပ်ကလည်းပြော အနာကို မှုတ်ပေးနေရင်းပေါ့။
"စကားလမ်းကြောင်းလွှဲလိုက်တာလား?"
"အင်း မိုင်... စကားလမ်းကြောင်းလွှဲလိုက်တာ။ အဲ့အကြောင်းတွေ ဒီထက်ပိုပြီး မပြောချင်တော့ဘူး။ တကယ်လို့ မိုင် အဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အခဲမကျေသေးရင် မမကို ပြန်လုပ်လို့ရတယ်။ မိုင် စိတ်ရှိသလောက် ပြန်ရိုက်နှက်ချင်နှက် ဟုတ်ပြီလား! ဒါပေမဲ့ အဲ့တုန်းက မမလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေမထုတ်ပါနဲ့တော့"
"တကယ်လား? မိုင် တကယ်ပြန်လုပ်လို့ ရတာလား?"
"မိုင် ဆန္ဒရှိရင် မမကို မိုင် လုပ်ချင်တာလုပ်လို့ရတယ် မမက မိုင့်အပိုင်လေ"
"ကောင်းပြီလေ..."
မိုင် ဆေးလိမ်းခံနေတဲ့ မိုင့် လက်တွေကို ရုတ်လိုက်ပြီးအဝတ်ဗီဒိုအံဆွဲထဲက ခါးပတ်ခွေကို ထုတ်လာသည်။
"မိုင် ထပ်မေးမယ် တကယ်လား"
"အင်း တကယ် မိုင် ကြိုက်တာလုပ်လို့ရတယ် မိုင်ဆန္ဒရှိသလိုပေါ့"
"မိုင် စိတ်မထိန်းနိုင်ရင် မသိဘူးနော်!"
"မိုင် စိတ်ကျေနပ်တဲ့ထိရိုက်လို့ရတယ်"
မျက်တောင်ပင်မခတ်ပဲပြောလာတဲ့ ပျိုးရယ်ပါ။ နည်းနည်းလေးမှကြောက်နေတဲ့ပုံမပြတာကြောင့် မိုင် ဒေါသထွက်လာရသည်။
"ကောင်းပြီလေ မမ!"
မိုင် လက်လေးလေပေါ်မြှောက်ပြီး ရိုက်ဖို့ပြင်လိုက်တာနဲ့ မျက်လုံးလေး ပျိုးမှိတ်လိုက်သည်။ မိုင် စိတ်ပြေဖို့ကသာအရာရာပါ။ ဒီလိုပြန်လုပ်လို့ မိုင့်ရဲ့ စိတ်ဒဏ်ရာတွေကိုကုသပေးနိုင်မည်ဆိုလျှင် ဒါဟာတန်ပါသည်။
ရွက်စ်...။
ရိုက်သံကိုကြားလိုက်ပေမဲ့ ပျိုး နာကျင်မှုကို မခံစားမိတာကြောင့် မျက်လုံးလေးပြန်ဖွင့်လိုက်တော့ အဲ့ကလေးဆိုးက မျက်ရည်တွေဝဲပြီး ပျိုးကိုကြည့်နေ၏။
"မိုင်"
"မိုင် မလုပ်ရက်ဘူး။ မမ ကို အဲ့လိုနာကျင်အောင်မလုပ်ရက်ဘူး မမလောက် မိုင်မရက်စက်ဘူး"
ပျိုး နာကျင်မှာစိုးလို့ဝမ်းနည်းကာ ငိုနေတဲ့ မိုင်ကြောင့် ပျိုး ပြုံးလိုက်မိသည်။
"တစ်ချက်လောက်ပဲ ဖြစ်ဖြစ်ရိုက်ကြည့်ပါလား"
တောင်းဆိုသလိုလိုပြောသည့် ပျိုးစကားကြောင့် မိုင် တကယ်ဒေါသထွက်လာရသည်။ ဘာကြောင့်အဲ့လောက်ရက်ရောနေရတာလဲ။ မိုင် မခံစားနိုင်စွာဖြင့်။
"မမကို အဲ့လိုရိုက်ရင် မိုင့်ရင်ထဲမှာ... နာမှာ!!!"
"မိုင်က မမ ကိုချစ်နေပြီပဲ"
ပျိုး စကားက မိုင် ခုနကထွက်နေတဲ့ ဒေါသတွေ ချက်ချင်းပျောက်သွားသလို။ ပျိုး၏ တည့်တိုးစကားကြောင့် မိုင် ရှက်ကိုးရှက်ကန်းဖြစ်သလိုခံစားလိုက်ရသည်။
"မ...မချစ်ပါဘူး!!!"
"မိုင် မချစ်ပဲနဲ့တောင် မိုင်ကြောင့် မမ အနာတရ ဖြစ်ရင် မိုင် နာကျင်တယ်ဆိုရင် မမ တုန်းက ဘယ်လောက်တောင် နာကျင်ခဲ့မလဲ မိုင် စဥ်းစားကြည့်နိုင်မှာပါ။ မမ က မိုင့်ကိုချစ်နေခဲ့တဲ့သူပါ မိုင်... ကိုယ်သိပ် ချစ်ရတဲ့သူ့ကို ကိုယ့်လက်နဲ့ မညှာမတာ ရက်ရက်စက်စက် နာကျင်မှုတွေပေးခဲ့တိုင်း ရင်ထဲမှာ ဘယ်လောက်တောင်နာကျင်ရလဲ မိုင် သိလား။
မိုင် မေးတဲ့မေးခွန်းအတိုင်း မိုင်ရဲ့ အသားနုနုလေးတွေကို ရိုက်နှက်ရတာပျော်ဖို့ကောင်းလားဆိုတာ သိချင်ရင် မမကို မိုင် စမ်းရိုက်ကြည့်လိုက်စမ်းပါ မိုင်ရယ်။ အဲ့ဒါပြီးရင် မိုင် ရင်ထဲဘယ်လိုခံစားရလဲ ခံစားကြည့်ပါ... ကိုယ်ချစ်တဲ့သူကို နာကျင်မှုတွေပေးရတာ ပျော်ဖို့ကောင်းလား၊ မကောင်းလားဆိုတာ မိုင် အဖြေပေါ်လာပါလိမ့်မယ်"
မိုင် လက်ထဲက ခါးပတ်လေး ကြမ်းပြင်ပေါ်ကိုကျသွားသည်။ မိုင်မစမ်းကြည့်ချင်ဘူး။ ဒီလို နာကျင်ရတဲ့ အရာတွေကို မုန်းနေပြီ။ ပျိုးပြောတဲ့အတိုင်းလုပ်လျှင် မိုင် နာကျင်ရမယ်ဆိုတာကိုသိလို့ မိုင် ဒီတစ်ခါတော့ အလျော့ပေးလိုက်သည်။ ပျိုးတုန်းကရော မိုင့်ကိုရိုက်ဖို့ရွယ်လိုက်မိချိန်တိုင်း မိုင့် လောက်နာကျင်ခဲ့တာလား။ ဒါမှမဟုတ် မိုင့်ထက်ပိုပြီးလား။
"မိုင် တို့လက်ထပ်ကြမယ်။ မိုင့်ကို လက်ထပ်ခွင့်ပေးပါ!"
"မမ ပြောပြီးပြီလေ မိုင် ရဲ့"
"ဟင့်အင်း မမ ဘက်က မိုင့်ကြောင့်ဆိုတာကြီးကို မလိုချင်တာ! မမ ဘက်ကလိုလိုလားလား လိုချင်တာ"
မိုင် စကားကြောင့် ပျိုး သဘောတကျရယ်မိသည်။ မိုင်ဟာလေ ဒါမျိုးကျ သိပ်တုံးတာပဲ။
"မမ!!"
"မမဘက်က မိုင် နဲ့ ပတ်သက်ရင် အရာအားလုံးလိုလားပြီးသားပါ။ မိုင် ထက်ပိုပြီး မိုင်နဲ့လက်ထပ်ချင်တာပေါ့"
မိုင် လည်းအဲ့တော့မှ စိတ်လျော့သွားခဲ့သည်။ မိုင်ပြုံးလိုက်သည်။
"အဲ့ဒါဆို နောက်လကျလက်ထပ်ကြမယ်နော်။ မိုင် မီဒီယာတွေကို အသိပေးလိုက်မယ်။ မိုင် တို့လူသိရှင်ကြားလက်ထပ်မှာ"
"ဘာလဲ မမကို မိုင် အပိုင်မှန်းလူတိုင်းသိအောင်လို့လား"
"အင်း ဘယ်သူ့မှလာထိလို့မရအောင်"
"မိုင် သဘောပါပဲ မိုင် သဘောကျသလို စီစဥ်ပါ။ ဒါပေမယ့် လဲ့ရူပါကရောဟင် မိုင်"
"မ' ရှိရင် မမနဲ့ လက်ထပ်လို့မရဘူးလား?"
ရူပါနဲ့ပြတ်သွားတာကို ပျိုးမှ မသိသေးပဲ။ သို့ပေမဲ့ မိုင် လောလောဆယ် ပြောပြဖို့အစီစဉ်မရှိသေးပါ။ တစ်နေ့ ပျိုး သိလာမှာပေါ့။
"ရပါတယ် မိုင် သဘောပါ"
ရှိန်းနဲ့တုန်းကပုံစံမျိုးပဲလေ။ ပျိုးအတွက် ဒါက ဆန်းမှ မဆန်းတော့ပဲ။ ပျိုးနဲ့လက်ထပ်ပြီး ရူပါနဲ့ ဆက်တွဲလည်း ပျိုး ရင်နာနာလက်ခံပေးရမှာပဲ။
"ဒါပေမယ့် လဲ့ရူပါကလက်ခံလို့လား?"
"အဲ့ဒါ မိုင်တို့အပိုင်းပါ"
ပျိုး မျက်နှာလေးပျက်သွားတာကို ပြန်ထိန်းကာပြုံးရသည်။ မိုင့် ကိစ္စတွေကို ပျိုး ဝင်မစွတ်ဖက်ရမှာမေ့သွားသည်မဟုတ်လား။
"အင်းပါ မိုင် သဘောပါပဲ မိုင့် စိတ်ကြိုက်လုပ်ပါ"
"အဲ့ဒါဆို မိုင်ပဲ အကုန်စီစဥ်တော့မယ်"
"အင်း"
"မိုင် ပြန်တော့မယ် ဆူကီနဲ့ တိုင်ပင်ပြီး ဆက်လုပ်လိုက်မယ်"
"မိုင် ကားကိုဂရုစိုက်မောင်းနော်"
"ဟုတ် သွားပြီ မမ"
မိုင် သည် ပျိုး ပါးလေးကို နမ်းပြီးမှပြန်သွားသည်။ ပျိုး ပျော်ပေမဲ့လည်း ရင်တွေ လည်း တစစ်စစ်နဲ့နာကျင်ရပြန်တယ်။ ပျိုး အရင်ကလိုပဲ မသိချင်ယောင်ဆောင်ရဦးမည်လေ။ အဲ့တုန်းက မမြင်ရတာတောင် အရမ်းနာကျင်ရတာ။ အခုလို မြင်နေရတယ်ဆိုရင်ဆိုသည့်အတွေးက မွန်းကျပ်လွန်းသည်။
မိုင်သည် ပျိုး စိတ်ချမ်းသာသွားမှာဆိုးလို့ထင်တယ်။ သူတို့ နှစ်ယောက်ပျက်သွားတာကို မပြောခဲ့ဘူး။ ဒါပေမဲ့ အချိန်တန်သိတဲ့အခါ ပျိုး ပျော်ရမှာပါ။
...
"ဆူကီ တစ်နာရီပဲနော်"
"အေးပါ ဆရာဝန်လည်း အချိန်ကိုနင့်တစ်ယောက်ထဲ အများကြီးမပေးနိုင်ဘူး"
"ငါ ဘာမှမထူးဘူးဆိုရင် နောက်မသွားတော့ဘူးနော်"
"တစ်ရက်တည်းနဲ့ နင်ဘယ်လို..."
"မသိဘူး ဘာမှမပြောနဲ့"
"ဆောင်းရိပ်ပျိုးနဲ့ နင့်ဘဝကို အေးဆေးဖြတ်သန်းချင်ရင် စကားနားထောင်ပါ"
အဲ့လိုပြောမှ ငြိမ်သွားတဲ့ မိုင်ပါ။ ငြိမ်သွားတဲ့ မိုင့်ကို ကြည့်ပြီး ဆူကီရယ်လိုက်မိသည်။
"အမယ်လေး ချက်ချင်းကိုနော် အချိုးပြင်သွားတာတော်တော်ဖြစ်"
"ငါဘဝကို အေးဆေးဖြတ်သန်းချင်နေပြီ။ ဟင့်အင်း ငါသူနဲ့အတူတူ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းချင်နေပြီ ဆူကီ"
"ဟုတ်ပါပြီ အီဗလင်ရယ် ချစ်ပြနေလိုက်တာ"
"မချစ်ပါဘူး"
ဆူကီ မျက်စောင်းထိုးကာ ပြောလိုက်သည်။ မိုင်ဟာလေ ချစ်နေမှန်းသိသာနေရက်နဲ့။
"ဝန်က မခံဘူး"
"မချစ်ပါဘူးဆို ဆူကီရယ် သွားပြီ။ ဒါနဲ့ ငါပြောထားတာလုပ်ဦးနော် သတင်းစာမှာ ကြေငြာပေးထား"
"အေးပါ သွားတော့"
"ဟုတ်!!"
ဆူကီ ပြုံးပြုံးလေးနဲ့ ကျန်ခဲ့ပေမဲ့ ရင်ထဲမှာတော့ ပြုံးပျော်မနေနိုင်ဘူး။ ကိုယ်ချစ်ရတဲ့သူနဲ့ တခြားတစ်ယောက် နီးစပ်အောင် လုပ်ပေးတယ်ဆိုတာ လွယ်တယ်ထင်လို့လား။
"နင်တို့နှစ်ယောက်ရဲ့ အချစ်ပေါင်းကူးတံတားဟာ ငါ့ရဲ့ မင်္ဂလာလက်ဖွဲ့ပဲ အိဗ်"
...
မနေ့ကပဲလမ်းခွဲပြီး ဒီနေ့ပဲတက်လာတဲ့ သတင်းတွေနဲ့ သတင်းစာပထမဆုံးခေါင်းစဥ်ပါလာတဲ့ သတင်းကြောင့် ရူပါ ပါးပြင်ပေါ်သို့ မျက်ရည်ပူတွေစီးဆင်းလာသည်။ နောက်ဆုံးမနေနိုင်တဲ့အဆုံးမှာ ဖုန်းကိုကောက်ကိုင်လိုက်သည်။ ပထမတစ်ကြိမ်မကိုင်တာကြောင့် နောက်တစ်ထပ်ခေါ်မိတယ် အဲ့တော့မှ ဖုန်းဟာတစ်ဖက်မှ ကိုင်ခြင်းခံလိုက်ရသည်။
"ဟယ်လို"
အသံဟာဖျော့တော့နေပြီး ရူပါနဲ့စကားပြောရမှာ အားနာနေတဲ့ အသံမျိုးတစ်ဖက်မှထွက်လာသည်။
"အိဗ်! ဘာလို့ မ' ကိုဒီလောက်လုပ်ရက်ရတာလဲ။ အိဗ် နဲ့ မ' ဘာရန်ငြိုးများရှိလို့လဲ"
"အိဗ်က..."
"မင်း ပြန်လာချော့မယ်ထင်တာ။ ဖြေရှင်းချက်တွေပေးမယ် ထင်တာ။ ဒါပေမဲ့ မင်းရက်စက်တယ်။ အခုနေများ တို့ရှေ့ကိုမင်းရောက်လာပြီး မုသားစကား မင်းဆိုလာရင်တောင် တို့ပြန်လက်ခံမိမှာ"
"တောင်းပန်ပါတယ် မ' ရယ်"
"အေးပေါ့ တောင်းပန်ရမှာပေါ့။ ဒီမှာ အိဗ်! မင်းငါ့အချစ်တွေကို လှည့်စားခဲ့လို့ မင်းဝဋ်မလည်ပဲ မင်းရဲ့အချစ်ရေးဖြောင့်ဖြူးပါစေကွယ်။ Congratulations ပါ အိဗ်"
"မ'..."
သူ့ဘက်ကို ဘာမှပြောခွင့်မပေးပဲ ရူပါ ဖုန်းချသွားသည်။ ရူပါ ကို မချစ်ခဲ့ဘူးလားလို့ မေးရင်ချစ်သည်လေ။ ပျိုးနဲ့ တူတဲ့အချက်လေးတွေကို မိုင်ချစ်သည်က အမှန်ပဲ။
"ဟဲ့ အိဗ်!!"
ဖုန်းလေးကိုင်ပြီး သက်ပြင်းခဏခဏချနေတဲ့ မိုင့်
ကိုကြည့်ပြီး ဆူကီ ကားပေါ်ကနေ အော်ခေါ်လိုက်သည်။
"ဆူကီ နင်ကလည်း နောက်ကျလိုက်တာ ငါကားစောင့်နေတာ"
မိုင် ကားပေါ်တက်ရင်း စူပုပ်အလိုမကျစွာ ပြောလိုက်သည်။
"အံမယ် နင်ဖုန်းပြောနေလို့ စောင့်နေတာ။ နင့်မျက်စိရှေ့တည့်တည့်မှာ ကားရပ်ပြီးစောင့်နေတာ နင့်ဘာသာမမြင်တာတော့ မတက်နိုင်ဘူးဟေ့"
"အဲ့လိုလား ဟီး အာရုံများနေလို့ပါ"
"ဘယ်သူဆက်လို့လဲ?"
"မ"
"အာ... အင်း ဒါနဲ့ အခြေနေဘယ်လိုလဲ ဒေါက်တာနဲ့?"
ထိုအကြောင်းနှင့်ပတ်သက်ပြီး မိုင်ဟာ စိတ်ရှုပ်ထွေးတဲ့ ပုံပေါက်နေလို့ ဆူကီလည်း စကားလမ်းကြောင်းလွှဲလိုက်သည်။
"မ...မဆိုးပါဘူး"
မိုင် တစ်ရက်တည်းနဲ့တင် ရင်နည်းနည်းပေါ့သွားသလိုလို။ တစ်ပတ်တစ်ခါတော့ တခြားသူတွေနဲ့ တွေ့ဆုံပွဲရှိတယ်ပြောသည်။ အဲ့ကျရင် မိုင့်လိုလူမျိုးတွေအများကြီးလာလိမ့်မည်တဲ့။ မိုင် ထိုနေရာတော့မသွားချင်ပါ။ ဒါပေမဲ့ မိုင်သွားရမည်။ မိုင်လည်း ကြိုးစားနိုင်သလောက်ကြိုးစားရမည်။
"ဘာကိုမဆိုးတာလဲ"
"မသိဘူး ဗိုက်ဆာတယ်။ တစ်ခုခုသွားစားရအောင်"
"စကားလမ်းကြောင်းကလွှဲပြီ"
"တကယ် ဗိုက်ဆာတာ မြန်မြန်မောင်းစားသောက်ဆိုင်ကို"
"ဟုတ်ပါပြီ အီဗလင်ရယ် မောင်းနေပါတယ်။ ဒီထက်မြန်ရင်လည်း မှောက်..."
"ဟဲ့...ဟဲ့ ကား...ကားရပ်"
ရုတ်တရက် အလောတကြီးပြောတဲ့ မိုင့်ကြောင့် ဆူကီ ရပ်ပေးလိုက်ရသည်။
"ခဏလေးနော် အသိတစ်ယောက်တွေ့လို့"
ဆူကီ ကားရပ်လိုက်သည်နှင့် မိုင် ကားပေါ်ကအမြန်ပြေးဆင်းလေတော့သည်။
"ရှိန်း!"
"အာ... မိုင်"
"ဒီမှာ ရပ်ပြီးဘာလုပ်နေတာလဲ"
"အထဲမှာပိုက်ဆံရှင်းနေတဲ့တစ်ယောက်ကို စောင့်နေတာ"
ရှိန်း ရပ်နေတဲ့ဆိုင်က Cafe ဆိုင်လေးပါ။ ပိုက်ဆံရှင်းနေတယ်ဆိုတော့ အဖော်ပါလာတာဖြစ်နိုင်သည်။
"အာ! ဧည့်သည်ပါလာတာလား?"
"ဧည့်သည်လို့တော့ မဟုတ်..."
"အဟက် သိင်္ခလွန်းမိုင်! ရည်းစားဟောင်းနဲ့ စကားပြောနေပြန်ပြီပေါ့"
ဆိုင်ထဲကထွက်လာတဲ့ တစ်ယောက်က မိုင် ကိုတွေ့တာနဲ့ စတင်ခနဲ့တော့သည်။
"သူလား ရှိန်းပြောတဲ့သူလား"
မိုင်သည် ခြွေ့ကို ဂရုမစိုက်ပဲ ရှိန်း ကိုမေးလိုက်သည်။ ခြွေနဲ့တွေ့တိုင်းရန်ဖြစ်နေတာက စိတ်ရှုပ်သည်။ ခြွေ့ကို မုန်းသည်က ပျိုးသည် မိုင်တို့ငယ်ဘဝမှာ အမြဲခြွေ့ကို ရွေးချယ်ခဲ့သည်မဟုတ်လား။ မိုင့်ဆီက ပျိုးကို လုယူတယ်ခံစားရ၍ မုန်းခဲ့သည်။
"ဟုတ်တယ် မိုင်"
"ရွန်းနဲ့ တွေ့တိုင်း အဲ့မိန်းမအမြဲဘာလို့ရှိနေရတာလဲ... အိုး တွဲနေကြတာလား?"
"မ...မဟု..."
"ဟုတ်တယ် တွဲနေကြတာ အဲ့တော့ဘာဖြစ်လဲ။ နင့်ရဲ့ ရည်းစားဟောင်းလေးကို ပြန်လိုချင်လို့လား။ မရဘူးနော် ပိုင်ရှင်ရှိနေပြီသူက"
ခြွေဟာပြောရင်း ရှိန်း လက်မောင်းကို ချိတ်တွဲလိုက်သည်မို့ မိုင်ပြောစရာစကားရှာမရသည့်အထိအံ့ဩခြင်းနှင့်အတူ ဆွံ့အသွားရသည်။ ခြွေသည် ဘာမှမပြောပဲ ဒီတိုင်းကြောင်ကြည့်နေတဲ့ မိုင် ကိုကြည့်ရင်း ပြုံးလေသည်။
"ဘာလဲ ဝမ်းနည်းသွားတာလား"
"မနောက်ပါနဲ့ ခယောင်းခြွေ... ဝမ်းနည်းစရာ ဘာအကန့်မှမရှိတော့ပါဘူး။ ရှိန်းနဲ့ငါက လမ်းခွဲပြီးတာကြာပြီပဲဟာ။ အဲ့တော့ Congratulations ပါ ရှိန်းနဲ့ ခြွေ"
မိုင်သည် ခြွေ့လို ရန်မလိုပဲ အေးဆေးပဲ ပြောလိုက်တာကြောင့် ခြွေမကျေနပ်ပါ။
"ကျေးဇူးပါ မိုင်"
ရှိန်း ရင်ထဲတစ်မျိုးဖြစ်သွားသည်။ မိုင်ဟာ ရှိန်း ထက်တောင် တည်ငြိမ်နေတယ်လေ။ ရှိန်းကိုမချစ်တော့ဘူးဆိုတာ အသိသာကြီးလေ။ သို့သော် ရှိန်း ဝမ်းမနည်းပါ။ ရှိန်းလည်း ဒီခံစားချက်တွေကိုသတ််ခဲ့ပြီးပြီမလား။ ရှိန်းဟာ ခြွေတို့ ပျိုးတို့လို အရမ်းမချစ်တတ်သည်လား။ ဒါမှမဟုတ် ရှိန်းရဲ့ မိုင့်အပေါ်သနားစိတ်၊ ကာကွယ်ချင်စိတ်အပေါ် အချစ်လို့သတ်မှတ်ခဲ့မိ၍မသိ ရှိန်း အချိန်တွေအများကြီးမခံစားခဲ့ရဘူးလေ။
"ဒါနဲ့ ရှိန်း သတင်းထဲမှာတွေ့တယ်မလား။ မမနဲ့ မိုင် ပြန်ပြီး..."
"အင်းတွေ့တယ် မိုင်"
"အဲ့ဒါ မိုင်တို့ ရက်အတိကျသတ်မှတ်ပြီးရင် ဖိတ်စာလာပို့လိုက်မယ်လေ"
"အ...အင်း ရော့ ဒါရှိန်း လိပ်စာကဒ်"
"ဟီး ဟုတ်ကဲ့ရှင့်...ဒါနဲ့ ခယောင်းခြွေ!... နင်ပါလာခဲ့လေ။ နင်လာရင် မမ ပျော်မှာပါ"
မနက်ထဲက အဲ့သတင်းကိုတွေ့ပြီး မေ့ထားတဲ့ကိစ္စကို အစပြန်လာဖော်တာကြောင့် ခြွေ့ ရင်ထဲတစစ်စစ် နာသွားရပေမဲ့လည်း အတတ်နိုင်ဆုံးပြုံးထားလိုက်သည်။ ခြွေ မရှူံးချင်ပါ။
"လာခဲ့ရမှာပေါ့ လာခဲ့မယ်လေ။ ဆိုးတယ်ကွာ ငါက နောက် ၃ လနေ လက်ထပ်တော့မယ်ဆိုပြီး မမ ကိုလာကြွားမလို့ဟာ မမက အရင်သွက်သွားတယ်"
"လက်ထပ်မယ်?"
ရှိန်းကိုတစ်လှည့် ခြွေ့ကိုတစ်လှည့်ကြည့်ရင်း မိုင်ပြောလိုက်သည်။ ခြွေ လက်ထပ်မယ်ဆိုတဲ့လူဟာ ရှိန်းလို့ မိုင် ထင်သွားမိခြင်းကြောင့်လေ။
"အိုး သတင်းကောင်းပဲ ထပ်ပြီး Congratulations ပါ... မမကို လက်လွှတ်နိုင်တာတွေ့ရလို့ တကယ်ဝမ်းသာပါတယ်။ သွားတော့မယ်နော် ခယောင်းခြွေ"
မိုင်ပြုံးပြုံးလေးနှင့်သာ ပြောလိုက်သည်။ ပြီးနောက် ရှိန်းဘက်သို့လှည့်လိုက်၏။
"မိုင် သွားပြီနော် ရှိန်း"
"အွန်း ဂရုစိုက်သွားပါ"
ခြွေ အံကြိတ်ထားမိသည်။ မိုင်ဟာ ခြွေ့အတွက် တကယ့် ဂြိုလ်ဆိုးပါပဲ။ အခုလည်း သူနိုင်တဲ့ပုံစံမျိုးနဲ့ ပြောပြီးထွက်သွားတာကြောင့် မိုင့်ကျောပြင်ကို ကြည့်ပြီး ဒေါသထွက်ပြီး ကျန်ခဲ့ရသည်။
"ဒီမှာ... ဒီမှာ! ငါ့လက်မောင်းကို ဘယ်ချိန်ထိတွဲထားမှာလဲ ခြွေ!"
မိုင် ကိုဒေါသထွက်နေခဲ့တာနဲ့ပဲ ခြွေ သူ့လက်ကို ဖြုတ်ဖို့မေ့နေသည်။
"ဆောရီး"
ခြွေ လက်ကိုဖြုတ်ပေးလိုက်တော့ ရှိန်း ကဘာမှ မပြောပဲ ခြွေ့ကိုသာ စိုက်ကြည့်နေသည်။
"အမြင်ကတ်လို့ သက်သက်ရွဲ့လိုက်တာ။ အဲ့လောက်ကိုယ့်ကိုယ်ကို အဖြစ်သည်းမနေနဲ့"
ရှိန်း တောင်ဘာမှ မပြောရသေးဘူးစစွာတော့တာပဲ။ ပြောမိလျှင် ရှိန်းကို ရိုက်ပါရိုက်မလားမသိ။
"ဘယ်သူက ဘာပြောနေလို့လဲ။ ဘာမှလည်းမပြောရသေးပဲ မင်းတော်တော်စွာတာပဲ... ဒါနဲ့ အဲ့လိုရွဲ့တော့ဘာရလဲ"
"ဘာမှမရလည်း ရွဲ့တယ်။ ကြည့်မရလို့ကို ရွဲ့တာ။ ပြီးတော့ ဘာဖြစ်လဲ။ ကိုယ့်ပါးစပ်နဲ့ ကိုယ်စွာတာ။ ပြီးတော့ လူတိုင်းကိုမစွာဘူး။ ကြည့်မရတဲ့သူတွေကိုပဲစွာတာ"
ရှိန်း သက်ပြင်းချလိုက်ရသည်။ ခြွေက ရှိန်းကိုမမုန်းပေမဲ့ ကြည့်မရသေးတာတော့အသေချာ။ ရှိန်းတို့ရဲ့ တွေ့ဆုံမှုက မကောင်းခဲ့ဘူးမလား။
"နင် အဲ့လိုကလေးစိတ်နဲ့ ဘယ်လိုလက်ထပ်မလဲ။ ပြီးတော့ ဒီမျက်ခွက်ကိုလဲ ခဏခဏတွေ့နေရတာ တစ်ရက်လောက်ပဲဖြစ်ဖြစ် စကားကောင်းကောင်းမွန်မွန်ပြောပါလား"
"လက်ထပ်ချင်လွန်းလို့ မှတ်နေလား။ ထားပါတော့ အဲ့ကိစ္စမပြောချင်ဘူး။ နင်ကကောင်းကောင်းမွန်မွန်ပြောချင်စရာကောင်းတဲ့ရုပ်မဟုတ်လို့မပြောတာ။ ပြီးတော့ ဘယ်သူက တွေ့ချင်လို့လဲ သူ့ဘာသာလာတွေ့ခိုင်းနေပြီး"
"မင်းက တော်တော်အံ့ဩချင်စရာပဲ။ မင်း ငါနဲ့မတွေ့ချင်ရင်လေ မင်းနဲ့ လက်ထပ်မယ့် ငါ့အစ်ကိုကိုတစ်ပတ်တစ်ခါ နင့်အတွက်ပစ္စည်းတွေမပို့ပါနဲ့လို့ပြောလိုက်။ တကယ်လို့ပို့ရင်လည်း ရှိန်းမြင့်မိုရ်ဦးကို လာမပေးခိုင်းနဲ့လို့!! သူ့ကိုသိပ်တွေ့ချင်လို့ လာပို့နေတယ်မှတ်နေလား မသက်သာလို့နော်။ မသက်သာလို့သိလား!"
"ကျွတ်စ် တော်တော်စကားများတာပဲ ရှင်နဲ့ တွေ့တိုင်း အမြဲပွားနေတာပဲ မိန်းမကြီးကျနေတာပဲ"
"ငါက ယောကျ်ားကြီးဖြစ်နေလို့လား အရင်က"
"ဟာ... မိန်းမကြီးဆိုတာ အသက်ကြီးကြီး မိန်းမကြီး အဒေါ်ကြီးကိုပြောတာ အဒေါ်ကြီး! အဒေါ်ကြီးလို့ပြောတာ!"
ရှိန်း အဲ့ဖောင်းနေတဲ့ပါးတွေကို ပြောချင်ဦး ပြောချင်ဦးလို့ ကိုင်ဆွဲပြီး ထွက်လာတဲ့ဒေါသကို ဖြည်ချလိုက်ချင်ပေမဲ့ စိတ်မနည်းလျော့လိုက်ရသည်။
"တော်ပြီ ပြန်တော့မယ်။ နင်နဲ့တွေ့ရင်လေ တကျက်ကျက်နဲ့ ပြောနေရတာ ပင်ပန်းတယ်"
"ဘယ်သူကရော ပြောချင်လို့လဲ။ နင့်အစ်ကိုကို နင့်ဘာသာပြော! ပစ္စည်းတွေမပို့ဖို့။ ငါ့လာပေးရင်တော့ ငါကယူမှာပဲ အလကားရတဲ့ပစ္စည်းမငြင်းကောင်းဘူးတဲ့"
ရှိန်း တကယ်ပဲ ခြွေ့ကိုစိတ်ရှိလက်ရှိ ဆွဲဖြဲလိုက်ချင်သည်။ ခြွေ့လောက် လက်ပေါက်ကပ်ပြီး စကားကိုကပ်သီးကပ်သပ်ပြောတဲ့လူမျိုး ရှိန်း တစ်သက်မတွေ့ဖူး။
"ကောင်းပြီ... သဘောဟေ့ သဘော နောက်တစ်ခါ လာပို့ရင် စကားကောင်းကောင်းမွန်မွန်ပြောပါ။ အားနေတာမဟုတ်တဲ့ အထဲ အမောစို့လို့"
"I don't fu*king care! သွားပြီ Bye"
ပြောချင်တာပြောပြီးထွက်သွားတဲ့ ခြွေ ကိုကြည့်ရင်း ခေါင်းမီးတောက်ရင်းကျန်ခဲ့သည်။
"ရုပ်လေးနဲ့ စိတ်ဓာတ်က ငါ့နှယ့်နော်!!"
...
မိုင် အခုတလော အရင်ကထက် စိတ်ပေါ့ပါးလာသည်။ ထို့ကြောင့် ဆူကီကို ကျေးဇူးတင်မိသည်။ သို့သော် စိတ်ထဲကပါပဲ။ အပြင်မှာတော မာနလေးရှိတော့ထုတ်မပြော။ မိုင်သည် အခုနောက်ပိုင်း ပျိုးဆီကို ညတိုင်းသွားဖြစ်သည်။ စောစောသွားချင်ပေမဲ့ တစ်နေကုန် Company မှာမအားတာနဲ့ Doctor ဆီသွားရတာနဲ့ ညပိုင်းပဲ အားတာတယ်လေ။ အခုလည်း အချိန်အားဖြင့် ၉ ခွဲနေပြီ။
မိုင် Password ရိုက်ပြီးအိမ်ထဲဝင်လာပေမဲ့ ခါတိုင်းလို သူ့ Password နှိပ်သံလေးကြားတိုင်း တံခါးရှေ့ရပ်စောင့်နေတဲ့ ပျိုးကိုမတွေ့။ ဧည့်ခန်းထဲမှာလည်း မရှိတာကြောင့် ပျိုး အခန်းတံခါးကိုဖွင့်လိုက်သည်။
"မိုင် ဝင်...လာ..."
မိုင် စကားတို့ဆက်မပြေနိုင်တော့ချေ။ အခုသူမြင်နေရတဲ့ ပျိုးဟာ သိပ်ကိုလှသည်။ ခေါင်းလျော်ထားတာကြောင့် ဆံပင်လေးတွေစိုရွှဲနေပြီး ခန္ဓာကိုယ်ပေါ်မှာလည်း တစ်ဘက်တစ်ထည်သာပတ်ထားတဲ့ ပျိုးက အခုချိန်တော်တော် ဆွဲဆောင်မှုရှိနေသည်။ အရင်ကထက်ပိုပြီးပေါ့။
"မ...မိုင် ဘာလို့ အဲ့လောက်စိုက်ကြည့်နေတာလဲ?"
"လှလို့ မမက လှလို့"
"အ...အင်း"
ပျိုး နားလေးတွေ နီရဲသွားသည်။ ပျိုး ရှက်သွားသည့် ပုံလေးကြောင့် မိုင် သဘောတကျပြုံးလိုက်သည်။
"တကယ်ပြောတာ တကယ်မျက်လုံးမခွာချင်လောက်အောင်လှတယ်"
"ဟို...မ...မမ အင်္ကျီလဲဖို့ အ...ပြင် ခဏလောက် ထွက်..ပေးပါလား"
ပျိုး အဲ့လိုပြောမှ အခန်းထဲဝင်လာပြီး တံခါးပိတ်လိုက်သည်။
"မ...မိုင် "
"ဘာလို့လဲ။ မိုင်ရှိလည်းလဲလေ မမြင်ဖူးတာလဲ မဟုတ်ပဲနဲ့"
"ဒါပေ...မဲ့ လည်း..."
မိုင် ဘာမှမဖြစ်သလို ကုတင်ပေါ်မှာထိုင်ရင်း။ ပျိုးကို ပြုံးပြုံလေးကြည့်နေ၏။
"လဲပါ မိုင့်ကိုအာရုံမထားနဲ့"
ပျိုး ကိုယ့်ကိုယ်စိုက်ကြည့်နေတဲ့ မျက်လုံးကြီးရှိတာကို အာရုံမထားနဲ့လို့ပြောထွက်တဲ့ မိုင်ကို အံ့သဩပြီးကြည့်နေမိသည်။
"ဘာလဲ? မိုင် လာလဲပေးတာကိုလိုချင်လို့လား?"
မိုင် စကားကြောင့် င်္အကျီအမြန်လဲဖို့ပြင်လိုက်ရတော့သည်။ မဟုတ်လျှင် ပျိုးအခြေနေကိုသိသည်။ ထို့ကြောင့် ပျိုးလည်း မိုင်ကိုမရှိသလို စိတ်ထဲထားရင်း အမြန်လဲလိုက်သည်။ ကြာနေရင်ပိုဆိုးမယ်လေ သူကြည့်လို့ပြီးမှာမဟုတ်ဘူး။
ပျိုး အင်္ကျီလဲပြီးမှ မိုင့်ဘက်ကိုလှည့်ကြည့်တော့ မိုင် နှာခေါင်းလေးပိတ်ထားတာသည့်အတွက် ပျိုး အူကြောင်ကြောင်လေးဖြစ်သွားရသည်။
"ဘာလို့လဲ။ နံလို့လား တစ်ခုခု?"
"ဟင့်အင်း နှာခေါင်းသွေးလျံမှာဆိုးလို့ ပိတ်ထားတာ"
စနေတာ သိပေမဲ့ အဲ့စကားနဲ့တင်နားရွက်လေးနီရဲတာကနေ မျက်နှာတစ်ခုလုံးရဲတက်လာပြီး တစ်ကိုယ်လုံး ပူရှိန်းရှိန်းဖြစ်လာတော့သည်။
"မမ အင်္ကျီလဲတာ လုံးဝ ဆက်စီကျ..."
"မိုင် တော်ပြီ... ဆက်မပြောနဲ့...တော့ မမ Dryer မှုတ်တော့မယ်"
မိုင် တခစ်ခစ်နဲ့ ရယ်နေမိသည်။ ပျိုးကို ဒီလောက်ရှက်အောင် အကျင့်ယုတ်ရတာ မိုင် သဘောကျနေမိပြီ။
"မမ ရှက်ရင် ချစ်ဖို့ကောင်းတယ်"
ပျိုး အတိုင်းမသိခုန်နေတဲ့ နှလုံးသားနဲ့ မိုင်စကားကို လစ်လျူရှုရင်း Dryer ကြိုးကို ပလပ်ပေါက်ထဲထိုးထည့်နေသည်။မိုင်ကတော့ သူပြောလိုက်တဲ့ စကားကြောင့် ချက်ချင်းရယ်တာရပ်ရင်း ငြိမ်သွားသည်။
'ချစ်ဖို့ကောင်းတယ်? မမကို ချစ်ဖို့ကောင်းတယ်လို့ ငါပြောလိုက်တာလား!'
မိုင် စိတ်ထဲကနေ ကိုယ့်ပြောလိုက်တဲ့စကားကိုမယုံနိုင်လို့ ကိုယ့်ကိုယ်ကို ပြန်မေးနေမိသည်။ ပျိုး အပေါ် ချစ်ခြင်းနဲ့ပတ်သက်ပြီး မိုင် စပြောလိုက်တဲ့စကားက ချစ်ဖို့ကောင်းတယ်တဲ့လား။ အဲ့ဒါဆို မိုင် တစ်နေ့မှာ ပျိုး ကို ချစ်တယ်ဆိုတဲ့ စကားကိုပြောနိုင်တော့မှာလား။
မိုင် ရင်ထဲတစ်မျိုးခံစားလိုက်ရတယ်၏။ အဲ့ခံစားချက်လေးက သေချာပေါက်ပျော်ရွှင်မှုဖြစ်လိမ့်မည်။
"ဟမ်! မိုင်"
Dryer မှုတ်နေတဲ့ ပျိုးကို အနောက်ကနေ ဖက်လိုက်တဲ့ မိုင့်ကြောင့် ပျိုး ရုတ်တရက်မို့ ကြောင်သွားရသည်။
"မိုင် သုတ်ပေးမယ် သဘက်နဲ့!... Dryer မမှုတ်နဲ့ ဆံပင်ကျွတ်မယ်"
မိုင် စကားကြောင့် ပျိုး ရယ်လိုက်မိသည်။ တကယ်ဟုတ်လားမသိပေမဲ့ လက်နဲ့သုတ်လျှင် ညောင်းသည်မလား။
"မကျွတ်ပါဘူးနော် လျောက်ပြောနေတယ် ဒီကလေး"
"မရဘူး ပိတ်လိုက်"
မိုင်ဟာ ပြောရင်း Dryer ကို ဆွဲလုပြီး ခလုတ်ပိတ်လိုက်သည်လေ။
"ရပါတယ် မိုင်ရဲ့ မိုင် လက်ညောင်းမယ်"
သဘက်ယူပြီးသုတ်ပေးနေတဲ့ မိုင်ကြောင့် ပျိုး ပြောလိုက်သည်။ သို့သော် မိုင် ခေါင်းမာလျှင် ဘယ်သူ့မှမမှီဘူးမလား။
"ငြိမ်ငြိမ်သာထိုင်နေပါ။ မိုင် သုတ်ပေးချင်လို့ဟာ ပြီးတော့ အရင်ကလည်း သုတ်ပေးနေကြပဲဟာကို"
အရင်ကဆိုတာ ပျိုး မျက်လုံးမမြင်ရတုန်းက အချိန်တွေဆိုတာကိုပြောလိုက်သည်ကို ပျိုးသတိထားမိပါသည်။
"မမ ခုံအောက်ထိုင်ပေးရမလား? မိုင် ခုံပေါ်မှာထိုင်လေ"
မိုင် မတ်တပ်ရပ်ပြီးသုတ်ပေးနေတာကြောင့် ညောသ်းမှာစိုး၍ ပျိုး ပြောလိုက်ခြင်းလေ။
"နေပါ ရတယ် မညောင်းဘူး။ ဒီတိုင်းငြိမ်ငြိမ်လေးနေ"
"အင်း..."
"ဒါနဲ့ မမ အချိန်ကိုကြည့်ဦး ညမိုးချုပ်နေပြီ။ ဘာလို့ အခုမှရေးချိုးတာလဲ ဖျားကုန်တော့မှာပဲ"
"နေ့လယ်က အရမ်းအိပ်ချင်လို့ ခဏအိပ်လိုက်တာ အဲ့ဒါနဲ့..."
"နောက်တစ်ခါ ဒီချိန်တွေမချိုးနဲ့ဖျားမယ်"
"အမြဲမချိုးပါဘူး မိုင်ရယ် တစ်ခါတစ်လေပါ"
"တစ်ခါတစ်လေတွေ ဘာတွေမသိဘူး။ မမ ဖျားလို့မဖြစ်ဘူး!"
အခုတလော မိုင် အရမ်းဂရုစိုက်နေတာကြောင့် ပျိုး ပျော်မိသည်။ အခုလို ခေါင်းသုတ်ပေးပြီး မိုင် ဂရုစိုက်နေတာကိုလည်း သဘောကျသည်။ ပျိုး ဒီလိုမျိုးလေးပဲ
You are reading the story above: TeenFic.Net