အခန်း {၁၈}

Background color
Font
Font size
Line height

မိုင် အပြင်ထွက်လာတော့ ခြွေက ဧည့်ခန်းထဲထိုင်နေသည်လေ။ ထို့ကြောင့် မိုင်မသွားခင် ခြွေ ကိုမျက်စောင်းထိုးဖြစ်အောင်ထိုးပြီးမှ ထွက်သွားလိုက်သည်။

ခြွေ ကတော့ မိုင့်အမူရာကို မြင်လိုက်ပေမဲ့ မိုင်နဲ့ ရန်ဖြစ်ဖို့အားမရှိသေး။ ကိုယ့်ကိုယ်မချစ်တဲ့ သူကို ချစ်နေရတာနဲ့တင် ပင်ပန်းနေပြီလေ။ လောလောဆယ် သူနဲ့ မသတ်ပုတ်ချင်သေးတာကြောင့် ဒီတိုင်းလွှတ်ပေးလိုက်သည်။

...

မိုင် အရင်အိမ်ကို ပြန်ရောက်သွားတော့လည်း အရင်က ဟာတွေ မှတ်ညဏ်ထဲ ထင်ခနဲ။ ဒီဘက်အိမ်မှာတုန်းက အနိုင်ကျင့်ခံခဲ့ရသမျှ အခုအိမ်ပြောင်းမှ ထိုအိမ်ဟာ မိုင့်အတွက် ကံကောင်းခြင်းဖြစ်နေခဲ့သယောင်။

"မတွေ့တာကြာပြီနော် မမလေး မိုင်"

အိမ်က အစေခံလေးဟာ သူ့ကိုလာနှုတ်ဆက်လာသည်။ သို့သော် မိုင် မမှတ်မိပါလေ။

"ဟုတ်ကဲ့ ဒါနဲ့ ဦးလေးရော?"

"သူဌေးကြီးက ပြန်လာနေပြီလို့တော့ ပြောတယ်"

ဦးဖြိုးဝင်းကျော် ဘာပြောမလဲသိချင်နေတာနဲ့ လာလိုက်တာက စောသွားပုံရတယ်။

"အဲ့ဒါဆို ဧည့်ခန်းထဲပဲ ထိုင်စောင့်နေလိုက်မယ်နော်"

"ဟုတ်ကဲ့ မမလေး မိုင်"

ထိုအခါ မိုင် ဧည့်ခန်းထဲဝင်ဝင်ခြင်းတွေ့လိုက်ရတဲ့ လူကြောင့် စိတ်ပျက်သွားရသည်။ ဘယ်သွားသွားတောက်တဲ့လိုတွယ်နေပါ့လား။

"ကျွတ်စ်"

"ဟာ သိင်္ခလွန်းမိုင် ရောက်လာပြီလား?"

"အိုး ကိုမြတ်ဖုန်းသောက ဒီမှာဘာလာလုပ်တာလဲ"

ဦးဖြိုးဝင်းကျော်နားပဲကပ်နေတဲ့ ဒီတစ်ယောက်က ဦးဖြိုးဝင်းကျော်ကိုကြိုက်နေလို့ ကပ်နေတာလားလို့တောင် သတ်မှတ်လိုက်ချင်သည်။ တကယ်ပါ မိုင် သူ့ကိုမြင်ရတာ မျက်စိ ဆံပင်မွှေးစူးလှပြီ။

"အာ... အန်ကယ်နဲ့လာတွေ့တာမလား။ ကျွန်တော်လည်း ဦးလေးနဲ့ ပြောစရာလေး ရှိလို့"

"အဲ့ဒါဆို ဦးလေးလာမှပြောလေ"

မိုင် ထပြန်ချင်စိတ်ပေါက်လာသည်။ နောက်မှ ပြန်လာလျှင်ကောင်းမလား။ မြတ်ဖုန်းသော ရှိနေလျှင် အရင်တစ်ခါကလိုပဲဖြစ်ဦးမှာ။ နှစ်ယောက်ပေါင်းပြီး မိုင့်စိတ်ကိုလာစွနေမှာ။

"ထိုင်ပါဦး သိင်္ခလွန်းမိုင်ရဲ့ ပျိုး နဲ့ကျွန်တော့် အကြောင်းပြောမလို့ပါ"

"ဘာ!"

ပိုင်ဆိုးပိုင်နင်းတဲ့ ပျိုးနဲ့ ကျွန်တော့် အကြောင်းဆိုပါလား။ ကြားရတာ မိုင့်နားထဲ ကန့်လန့်ဝင်သွားသဖြင့် မိုင် ဒေါသဟာ ထောင်းခနဲ။ သို့သော် မိုင် ထွက်လာသည့် ဒေါသကိုမနည်းထိန်းထားပြီး ခုံတွင်ဝင်ထိုင်လိုက်သည်။ ဒီလူဘာပြောမလဲ နားထောင်ကြည့်မလို့လေ။

မြတ်ဖုန်းသောကလည်း မိုင် ဝင်ထိုင်လိုက်တော့ တစ်ချက်ပြုံးလိုက်သည်။

"ဒီလိုဗျာ ကျွန်တော်က မိုင်နဲ့ ပျိုးကို မြန်မြန်ကွာရှင်းစေချင်တယ်ဗျာ။ မိုင်လည်း ပျိုး ကိုမချစ်ဘူးလေ... အဲ့တော့ ကွာရှင်းပေးပါလား"

"ဟက် ဒီအကြောင်းဆို ငါမပြောချင်ဘူး သွားခွင့်ပြု..."

ဒီအကြောင်းတွေက သိဖူးပြီးသားကိစ္စမို့ မိုင်ထပြန်ဖို့လုပ်လိုက်ပေမဲ့ ထပ်ပြောလာသည့် မြတ်ဖုန်းသောကြောင့် မထနိုင်တော့ချေ။

"နင်နဲ့ သူကွာရှင်းလိုက်ရင် အန်ကယ်က ငါနဲ့ လက်ထပ်ပေးဖို့စီစဥ်ပြီးသား မင်းကရှုပ်နေတယ် မိုင်"

"လက်ထပ်ဖို့? အဲ့ဒါပြောဖို့ ဦးလေးကခေါ်လိုက်တာလား!!"

မိုင် ရဲ့ စကားကို မြတ်ဖုန်းသော ပခုံးတွန့်ပြလိုက်သည်။ အရင်တည်းက ဒီလူက ပျိုးကိုချစ်တာသိပါသည်။ လက်ထပ်ဖို့ထိ လုပ်ခဲ့တာကိုလည်းသိပါသည်။ သို့သော် အခုလို မိုင်နဲ့ယူပြီးတာတောင် ဇွဲမလျော့သေးပါလား။ ဒါကို ဦးလေးကလည်း ခွင့်ပြုထားတာပဲ။ ဒါကြောင့် မိုင်တို့ အမြန်ကွာဖို့ကို သူတို့စိတ်လောနေကြတာ။ ဒီလိုဖြစ်လာမယ်လို့ မိုင် မတွေးမိခဲ့တာတော့မဟုတ်ပေမဲ့ ဖြစ်နိုင်ချေ နည်းမယ်လို့တော့ထင်ခဲ့တာ။

"ဟုတ်တယ်လေ ငါ ပျိုး ကိုချစ်တယ်။ အဲ့ဒါကြောင့် အန်ကယ့်ကိုပြောတာ အန်ကယ်လက်ခံတယ်။ မင်းသိလား သိင်္ခလွန်းမိုင် နင့်လိုအပျော်မိန်းမမွေးတဲ့ ကလေးက ပျိုးနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူး"

မိုင် ဒေါသထိန်းမရဖြစ်သွားတယ်။ မိုင့်ကို ပြောရင်တောင်ဒေါသကို ထိန်းချုပ်နိုင်ဦးမည်မလား။ ဘာကြောင့် သူ့မေမေကိုဆွဲထည့်သနည်း။ မိုင် လက်တစ်ဖက် လေထဲဝဲသွားပြီး ရိုက်ချလိုက်ပေမဲ့ မိုင် လက်ကို မြတ်ဖုန်းသော ဖမ်းဆုပ်လိုက်သည်။

"ဟိုး...ဟိုး စိတ်လျော့ပါ သိင်္ခလွန်းမိုင် အနာပေါ်တုတ်ကျလို့နာသွားတဲ့အတိုင်း စပ်ပြမနေပါနဲ့"

"လွှတ်"

မိုင် ရုန်းပြီးပြောလိုက်မှ မြတ်ဖုန်းသော လွှတ်ပေးလိုက်သည်။

"မင်း ပျိုး ကို မချစ်ပေးနိုင်လည်း လက်လွှတ်လိုက်ပါ။ ဒီမှာ ချစ်ပေးမယ့်သူရှိတယ်"

မိုင် စိတ်တိုလာသည်။ သူတို့မောင်နှမ နှစ်ယောက်လုံးက ပျိုး ကိုကြိုက်နေလို့လေ။

"မမ သိလား?"

"ဘာကိုလဲ"

"ငါနဲ့သူကွာရှင်းပြီးရင် နင်နဲ့ လက်ထပ်ရမယ်ဆိုတာကိုလေ"

"သိတာပေါ့ သူက ကာယကံရှင်ပဲဟာကို"

မိုင် အခုချိန် ဒေါသက လူသတ်ချင်လောက်အောင် ထွက်နေပြီဖြစ်၍ ဒေါသကိုထိန်းဖို့ အံကိုကြိတ်ထားမိ၏။

"သူသဘောရော တူလား"

"သူသဘောတူလားဆိုတော့ သူနင်နဲ့ကွာရှင်းဖို့ ပြောလား! အဲ့ဒါဆို အသိသာကြီးလေ။ ကွာရှင်းဖို့ကြိုးစားနေတယ်ဆိုတည်းက ငါနဲ့ ယူဖို့ သဘောတူလို့နေမှာပေါ့"

မိုင် စိတ်တို့တကယ်မရတော့ ဆက်နေနေမိရင် ဒီကောင့်ရဲ့ စပ်ဖြဲဖြဲမျက်နှာကို စုတ်ပြတ်သတ်သွားအောင် ကုတ်ဆွဲမိလိမ့်မယ်။ ထို့ကြောင့် ဒီလောက်နဲ့တင်အဆုံးသတ်ပြီး ပြန်ဖို့ပြင်လိုက်သည်။

"ဒါနဲ့ ပျိုး အတွက် မျက်လုံးအစားထိုးလို့ရမယ့် လူနာရှင် တွေ့ထားတယ်။ သူ့ရဲ့ ကျန်းမာရေးအရ တစ်လတောင်ကျန်တော့မှာမဟုတ်ဘူး။ အဲ့ဒါ ပျိုးကို ဝမ်းသာရအောင်ပြောပေး"

မိုင် သည် သူပြောတာကို ဂရုမစိုက်ပဲထွက်သွားသည်လေ။ မိုင် ဒေါသနဲ့ထွက်သွားတဲ့ပုံကိုကြည့်ရင်းကျန်ခဲ့တဲ့ မြတ်ဖုန်းသော ကတော့ အောင်နိုင်သူ အပြုံးနဲ့ပေါ့။

ပျိုး ဘာမှမသိထားပါဘူး။ ကွာရှင်းပြီးတာနဲ့ သူနဲ့လက်ထပ်ရမယ်ဆိုတာကို မသိထားသလို သဘောလည်းမတူထားပါ။ တကယ်လို့သိရင်လည်း သဘောလဲတူမှာ မဟုတ်ဘူးလေ။

မြတ်ဖုန်းသော ဆိုတဲ့ တစ်ယောက်က အခြေနေ ကိုကောင်းကောင်း အသုံးချသွားတာ မိုင် မရိပ်မိလိုက်ပါ။ ဒေါသကြောင့် အခြေနေကို သေချာမသုံးသပ်နိုင်ဖြစ်သွားခဲ့သည်ပေါ့။

"သား မြတ်ဖုန်းသော ဘယ်လိုလုပ်ပြီးရောက်နေတာလဲ"

"ဒီတိုင်းလမ်းကြုံလို့ဝင်လာတာပါ"

မနက် မိုင် ကိုလှမ်းခေါ်တာလာမယ်ဆိုလို့ မြတ်ဖုန်းသော နဲ့တွေ့ဖို့ ကိစ္စကို ဖြတ်လိုက်သည်ပါ။ ဒါကို ဒီကောင်လေး မိုင် ကိုတွေ့မယ်ပြောတာနဲ့ ဒီထိ အရင်လာပြီးစောင့်နေတာပဲ။ အဲ့ဒါဆို ခုနက ထွက်သွားတဲ့ကားက မိုင် ကားလားလို့ ဦးဖြိုးဝင်းကျော် တွေးလိုက်မိသည်။

"ပြဿနာတစ်ခုခုဖြစ်သွားသေးလား"

"ဟင့်အင်း"

"သား မြတ်ဖုန်းသော ဦးလေးပြောရမှာ စိတ်မကောင်းပေမယ့် ပျိုးလေးက မင်းကို မကြိုက်ဘူးလေ အဲ့ဒါကြောင့်..."

"ဦးလေး သဘောတူထားတယ်လေ။ ပထမ တစ်ခေါက်မရရင် အခုတစ်ခေါက်တော့ ကူညီပေး... အာ ရှုပ်တယ် မကူညီပေးလဲကိုယ့်ဘာသာပဲ ကြိုးစားတော့မယ်"

မြတ်ဖုန်းသောဟာ သူ့ရဲ့ ပင်ကိုစိတ်ထားအမှန်ကိုပြပြီး ထွက်သွားသည်။ ဦးဖြိုးဝင်းကျော်မှာ ဘာမှပြောချိန်ပင်မရှိလိုက်ပေ။ မြတ်ဖုန်းသောဟာ သူ သူ့သမီးအကြိုက်လိုက်တော့မှာကို သိနေပုံပဲ။ လုပ်ငန်းသဘောအရ မြတ်ဖုန်းသောကိုသဘောတူပြီး သဘောကျပေမဲ့ အဖေတစ်ယောက်ရှေ့မှာ သူ့သမီးကို ငမ်းငမ်းတက်လိုချင်နေတာကိုတော့ ဦးဖြိုးဝင်းကျော်မကြိုက်တာတော့ အမှန်ပါ။

အခုသူလာတာနည်းနည်းနောက်ကျသွားသည့်အတွက် မိုင့်ကိုပြောချင်တဲ့စကားတွေပြောခွင့်မရလိုက်ပေ။

...

ပျိုး နား ခြွေ ရောက်နေကတည်းက ပျိုး မနေတက် အားနာမိလို့ တောင်းပန်ချင်မိသည်။ ပျိုးဟာ နည်းနည်းလေးတောင် ခြွေ ခံစားချက်တွေကို မကြည့်ပေးခဲ့ဘူးလေ။ မိုင် သွားတာတောင် အချိန်တော်တာ်ကြာလောက်ပေမဲ့ သူတို့နှစ်ယောက်လုံးစကားမပြောဖြစ်ပဲ တိတ်ဆိတ်နေသည်။

ခြွေ ရောက်နေပြီးစကားမပြောပဲ ပျိုး နားထိုင်နေတာ နာရီအတော်ကြာရှိပြီမို့ ခြွေကပဲ အရင်စပြောရတော့သည်။ မဟုတ်လျှင် တစ်နေလုံးနှစ်ယောက်သား စကားပြောဖြစ်မယ် မထင်တော့ပါ။

"မမ တစ်ခုခုစားချင်တာရှိလား မနေ့ကလိုလေ ခြွေ တစ်ခုခုဝယ်ပေးရမလား?"

"မမပျိုး တောင်းပန်ပါတယ် ခြွေ"

ခုနကကျတစ်ချိန်လုံးငြိမ်နေပြီး ခြွေပြောမှပဲ မအပ်စပ်သည့်စကားတို့ကို ပျိုးဟာပြောလာသည်။ ခြွေ လည်း ခဏငြိမ်သက်သွားပြီးနောက်မှာတော့ ခါးသီးစွာပြုံးလိုက်၏။

"မမပျိုး တောင်းပန်လည်း မမပျိုးကြောင့် ခြွေရဲ့ ကွဲကြေသွားတဲ့နှလုံးသားကို မကုပေးနိုင်ပါဘူး"

"ခြွေ အဲ့လိုပြောတော့ မမပျိုး ..."

"ခြွေ တစ်ညလုံးမအိပ်ပဲ စဥ်းစားမိတယ်။ ဘာလို့များ ခြွေ မဖြစ်ရတာလဲ။ ဘာလို့များ ခြွေ ကို မကြိုက်ရတာလဲ ခြွေ မှာ ဘာချို့ယွင်းချက်ရှိနေလို့လဲ မမပျိုး ရယ် ဟမ်!"

"ခြွေ..."

"စဥ်းစားပြီး တကယ် ဒေါသထွက်မိတယ်။ ဘာလို့လဲ မမပျိုး? ဘာလို့လဲ ဘာလို့!! ခြွေ မဖြစ်ရတာလဲလို့"

မမြင်ရပေမဲ့ ငိုသံတွေကြောင့် ခြွေ ငိုနေပြီကို ပျိုးသိလိုက်ပြီ။ ပျိုးကြောင့် ခြွေ ငိုငိုနေရတာက ပျိုး မကောင်းလို့ပင်။

"တောင်းပန်ပါတယ် ခြွေရယ်။ မမပျိုး နှလုံးသားကို သူက အပိုင်ယူပြီးသားဖြစ်နေလို့"

"ကျွတ်စ်...မုန်းလိုက်တာ"

ခြွေ ဆီမှ ထိုသို့ စကားသံထွက်လာပြီးသည်နှင့် ပျိုးကို တွန်းလိုက်တော့ ပျိုးသည်ကုတင်ခေါင်းရင်းက နံရံနဲ့ကပ်သွားလေသည်။ တစ်ဆက်တည်းမှာပင် ခြွေဟာ ပျိုး နှုတ်ခမ်းကို အတင်းနမ်းပစ်လိုက်သည်။

ထင်တဲ့အတိုင်း ပျိုး လက်တွေက ခြွေ့ကိုတွန်းထုတ်ဖို့ လာမယ်ဆိုတာသိလို့ ချုပ်ထားလိုက်သည်။ ခြွေဒေါသကြောင့်အတင်းချုပ်ပြီးနမ်းနေပေမဲ့ ခြွေ ကိုယ်တိုင်လည်း ဆန္ဒမပါပါ။

"ဒါဘာတွေဖြစ်နေကြတာလဲ?"

ခြွေ မလှည့်ကြည့်ပဲနဲ့တောင် သိသည်။ ထိုအသံဟာ ဘယ်သူလဲဆိုတာ။ ဒါပေမဲ့လည်း ဂရုမစိုက်ပဲ ဆက်နမ်းလိုက်သည်။

မိုင် မှာလည်း ဟိုလူဒေါသစွလိုက်တာကြောင့် ပျိုး နဲ့ ဒီကိစ္စရှင်းဖို့ အိမ်ကို ကားအရှိန်ကို အမြန်ဆုံးမောင်းပြီး ပြန်လာလိုက်တာက ဒီလိုမြင်ကွင်းဖို့ မြင်ဖို့မဟုတ်ချေ။

အခုတော့ ဒီမြင်ကွင်းကိုမြင်ပြီးချက်ချင်းပဲ လမ်းတစ်လျောက်တွေးလာသည့်အတွေးဟာမှန်သွားကြောင်းသိလိုက်ရသည်။ ပျိုးသည် မြတ်ဖုန်းသောနဲ့ လက်ထပ်ချင်လို့ မိုင်နဲ့ကွာရှင်းရအောင် ဒီလိုအထင်မှားစေမည့်လုပ်ရက်တွေကို ခြွေနဲ့ လုပ်ပြနေပြခဲ့တာလားဆိုသည့် အတွေးဟာ မိုင် လမ်း တစ်လျောက်လုံး တွေးနေခဲ့တာ။ အိမ်ရောက်ရောက်ခြင်း ဒါကိုဖြေရှင်းဖို့ ပျိုး အခန်းလေးကိုအပြေးသွားမိတော့ ဒီလောက်ပြောထားတဲ့ ကြားက ပလူးပလဲဖြစ်နေတဲ့ မြင်ကွင်းနဲ့ လမ်းတစ်လျောက်လုံးတွေးလာခဲ့သည် အပူအတွေးတွေကြောင့် ဒေါသပေါ်ဒေါသဆင့်သွားခဲ့သည်။ အမှန်ကတော့ ဒီလိုတွေ ပျိုးလုပ်ခဲ့တာဟာ ရှိန်း တောင်းဆိုခဲ့လို့ဆိုတာ မိုင် မှ မသိပဲ။

အခုတော့ မိုင် ပြောတာတောင် ဂရုမစိုက်ပဲဆက်နမ်းနေတဲ့ ခြွေရဲ့ အင်္ကျီကို နောက်သို့ ဆောင့်ဆွဲလိုက်တော့ ခြွေ့ ကိုယ်လုံးလေးဟာ မိုင် ဆွဲတာနောက်ပါလာပြီး နမ်းနေတာ ရပ်စဲသွားလေသည်။

"ဖယ်စမ်း! မိုင်..."

အင်္ကျီကိုဆောင့်ဆွဲလိုက်တာကြောင့် ဒေါသထွက်ပြီး ဖယ်ခိုင်းတဲ့ ခြွေ့ကို မိုင်မကြည့်ပဲ ပျိုး ကိုစူးရဲရဲ ကြည့်လိုက်၏။ ဒါကို ပျိုးကတော့ မမြင်နိုင်ပါ။

"မမကို မိုင် ပြောထားတယ်မလား!!"

ပျိုးနဲ့လည်း မဆိုင်ပဲ သူ့ဆီပြဿနာကရောက်လာတော့သည်။ အခုကိစ္စမှာ သူကိုယ်တိုင်လည်း အတင်းအကျပ်နမ်းခံရတာမို့ နစ်နာသူက ပျိုးလေ။

"အဲ့ဒါ သူနဲ့မဆိုင်ဘူး မိုင် ငါ့ဘာသာ..."

"နင့်ကို မပြောဘူး ခယောင်းခြွေ!... ငါမမ ကို မေးနေတာ နင်ဝင်မပါပါနဲ့"

အလကားနေရင်း ပျိုး အမဲခံရတော့မှာကိုသိလို့ ခြွေ ဝင်ပြောလိုက်ပေမဲ့ မိုင် ကအပြောမခံပေ။

မိုင် ကလည်းပြောတာမဖြေတဲ့ ပျိုးနဲ့ ဝင်ကာပေးနေတဲ့ ခြွေ့ကြောင့် တစ်ကိုယ်လုံးရဲတွတ်လာသည်အထိ ဒေါသထွက်နေပြီ။ အပြင်မှာ အကုန်ကြားနေရတဲ့ ရှိန်း ကတော့ဝင်ဆွဲဖို့ မကြိုးစားတော့ပေ။

"မိုင် မေးနေတယ်လေ မမ!!"

"မမလည်း မပြောတတ်တော့ပါဘူး မိုင်ရယ်"

သူတို့နှစ်ယောက်ကြား ပျိုး တကယ် ကြားညပ်နေသည်ပင်။ ခြွေ့ကိုလည်း အပြစ်မဆိုချင်တာကြောင့် ပျိုးကိုပဲ အပြစ်မြင်ပါစေတော့။ မိုင် ပြဿနာရှာပြီး အပြစ်ပေးမယ်ဆိုလည်း ခံလိုက်တော့မည်။

"မမ ဒါတွေကို မိုင်နဲ့ ကွာချင်လို့လုပ်နေတာလား?"

"ဟင်... ဘာကို..."

"ဟုတ်ပါတယ် မမ နဲ့ မိုင် ကွာရှင်းပြီးရင် ဟို မြတ်ဖုန်းသောဆိုတဲ့ကောင်နဲ့ လက်ထပ်ရမှာမို့လိုမလား"

"နင်ဘာကိုဆိုလိုတာလဲ မြတ်ဖုန်းသော ငါ့အစ်ကိုလား?"

"မိုင် ဘာကိုပြောတာလဲ ဘာလို့ မမ က သူနဲ့လက်ထပ်ရမှာလဲ"

ပျိုးအဖေက ကြီးလာရင် မြတ်ဖုန်းသော နဲ့နေရာချပေးမယ်ပြောပေမဲ့ အခု ပျိုးက အိမ်ထောင်ကြပြီးပြီလေ။ တကယ်လို့ မိုင်က ထားခဲ့လျှင်တောင် ပျိုးက မိုင်ထားခဲ့မယ့်နေရာမှာ တစ်ယောက်တည်းကျန်နေခဲ့မည့်သူပါ။

"လိမ်မနေစမ်းပါနဲ့ ဆောင်းရိပ်ပျိုး! ဘာမှမသိသလို လာဟန်ဆောင်ပြမနေနဲ့"

"မမ တကယ်မသိ..."

"လိုက်ခဲ့"

ပျိုး အနားကိုသွားပြီး ပျိုးလက်ကိုဆွဲကာ ခေါ်သွားဖို့လုပ်တဲ့ မိုင့်ကို ခြွေ အရင်လိုမတားမိ။ မိုင် ဟာလည်း လမ်းလျောက်နေတာကိုခဏရပ်လိုက်ပြီး ခြွေ့ဘက်ကိုလှည့်ကြည့်လာ၏။

"ဖြစ်နိုင်ရင် နင့်ကို ငါတို့ပြန်လာမှ ပြန်စေချင်တယ်"

ထိုသို့ပြောပြီးသည်နှင့် မိုင်ဟာ ပျိုးလက်ကို အကြမ်းပတမ်းဆွဲ ပြီး ခေါ်လေသည်။ ပျိုး ကိုကားထဲဆွဲထည့်ပြီး အပြင်ခေါ်သွားဖို့ပြင်နေသည့် မိုင်ဟာ ဘယ်ကို မောင်းခေါ်သွားမှန်း ပျိုး မသိ။

"မိုင်..."

"ပါးစပ်ပိတ်ထားစမ်းပါ ဆောင်းရိပ်ပျိုး!!!"

မိုင် တစ်ချက်ချက်အော်တိုင်း ပျိုး တကယ်လန့်ရသည်။ မျက်လုံးမမြင်ရတာအားနည်းချက် ဖြစ်သွားလို့လားမသိ မျက်လုံးကွယ်ပြီးကတည်းက ပျိုး နူးညံ့လာသည်လေ။ အခုလည်းမျက်လုံးမမြင်တဲ့သူ့ကို ဘယ်ခေါ်သွားမှန်းမသိတာကြောင့် နည်းနည်း ကြောက်မိတယ်ပဲပြောရမလား။

"မမ ရှင်းပြတာကို မိုင် တစ်ချက်လောက်နားထောင်ပေးပါလား"

"ပါးစပ်ပိတ်ထားလို့ပြောနေတယ်လေ အခု မမ အသံကို ကြားရင်ပိုဒေါသထွက်တယ်ဆိုတာ သိလား!"

ပျိုး ဘာမှမသိ၊ ဘာမှမလုပ်ရပါပဲ မိုင့်ရဲ့ အော်ခြင်းကိုခံရပြီး စိတ်ဆိုးတာလည်းခံနေရသည်။ ဒါကို နည်းနည်းလေးတောင်ရှင်းပြခွင့်မပေးတော့လည်း ဘယ်တတ်နိုင်မလဲ။

ကားတစ်လျောက်လုံး တိတ်ဆိတ်နေသည်။ ဘာမှမမြင်ရ၍လားမသိ ကားမောင်းတာဟာ တစ်နေရာကရောက်ဖို့အတော်ကြာနေသလိုပဲ။ အချိန်အကြာကြီး မောင်းနှင်နေသည့် ကားဟာရပ်သွားတန့်သွားတော့ ပျိုး ပိုပြီး စိတ်လှုပ်ရှားလာမိသည်။ မိုင် ကားတံခါးဖွင့်ပြီးထသွားတာကို ပျိုးနား၏ အာရုံခံစားမှုအရသိလိုက်သည်။ ထို့နောက် မိုင်သည် ပျိုး တံခါးကိုဖွင့်လိုက်တာကို ခံစားရပြီးနောက်မှာ ပျိုး လက်ကိုဆွဲကာ အပြင်ခေါ်ထုတ်တာကို ခံရပြန်သည်။ ကားတံခါးဆောင့်ပိတ်သံကလည်း လန့်စရာအတိပင်။

"ဟုတ်ကဲ့ ကြိုဆိုပါတယ်"

တံခါးတစ်ချပ်ကို ဖြတ်ကျော်လာခဲ့ပြီးနောက် အထဲမှ လူတစ်ယောက်၏ ကြိုဆိုပါတယ်ဆိုတဲ့ အသံကြားလိုက်တော့ ပျိုး ဆိုင်တစ်ဆိုင်ရောက်နေတယ်လို့ ခန့်မှန်းမိတယ်။

"Tattoo ထိုးချင်လို့"

"ဟမ်! မိုင်?"

ပျိုး မျက်မှောင်တွန့်ခေါက်ချိုးသွားရသည်။ Tattoo ထိုးတဲ့ဆိုင်ကိုရောက်နေတာလား။ ပျိုးဟာ Tattoo ကိုမကြိုက်တဲ့သူထဲပါသည်မို့ ဒီနေရာကို မကြိုက်သလိုဖြစ်သွားတာတော့ အမှန်။

"ဟုတ် ခဏစောင့်ပေးပါ"

"အင်း"

"မိုင် ဘာတွေလျောက်လုပ်မလို့လဲ"

"မိုင် ဘာမှမလုပ်ဘူး မမကိုလုပ်မှာ"

"ဘယ်လို?"

မိုင် ပြောတဲ့ စကားကို နားလည်သလိုရှိပေမဲ့ တကယ်တမ်း နားမလည်ပါ။

"ရပါပြီ ဒီဘက်လိုက်ခဲ့ပါ"

ပျိုး လက်ကိုဆွဲပြီး ခေါ်သွားပြန်တော့ ပျိုး သူ့နောက်လိုက်သွားပြန်သည်။ မိုင် စောင့်နေသည့် Tattoo ဆရာကိုတွေ့လိုက်ရသည်နှင့်။

"မမ ဒီပေါ်မှာလှဲ"

"မိုင်!"

ပျိုး အလန့်တကြား မိုင့်နာမည်ကို ခေါ်လိုက်မိသည်။ အခုမှ မိုင်ဆိုလိုတာကို သေချာသိလိုက်ရသည်လေ။

"မိုင် နောက်တစ်ခါ ထပ်မပြောချင်ဘူး မမ!"

အမိန့်သံက ပြတ်သားလိုက်တာ ငယ်ငယ်က တစ်ယောက်တည်းနေပြီး မပွင့်တပွင့်ပြောတက်တဲ့ ကောင်မလေးက ဒီလောက်ပြောင်းလဲသွားတာ အံ့သြမိတယ်ထက်ပိုပါသည်။ ပျိုးမှာ မိုင် စကားအတိုင်း ဖြေးဖြေးချင်းစမ်းပြီးတက်လိုက်၏။ ပျိုး ထိုနေရာတွင် လှဲပြီးတာနဲ့ မိုင် ဟာ ပျိုး ရဲ့ Collar Bone အောက်ကအသားကို လက်ညိုးနဲ့ထိုးလိုက်သည်။

"အဲ့နားမှာထိုးမှာ Tattoo က"

"မ...မိုင် ခဏ..."

ပျိုး စကားကို မိုင်သာ် နည်းနည်းလေးမျှတောင် ဂရုမစိုက်ပါ။

"Mai Owns Me! လို့ထိုးပေးပါ"

"စာသားပဲလားဗျ"

"ဟင့်အင်း အဲ့အစား အဲ့စာသားကို နှင်းဆီဆူးတွေနဲ့ ရစ်ပတ်နေတဲ့ ပုံစံလေးထိုးပေးပါ"

"ဟုတ် ကောင်းပါပြီ"

ပျိုး လောလောဆယ်ငိုချင်လာတာပဲ သိပါသည်။ ဘာမှလဲမလုပ်မိပဲ အလကားသက်သက် Tattoo ကို ထိုးရတော့မယ်။ ပျိုးသာ Tattoo ကြိုက်တဲ့သူဆို အကြောင်းမဟုတ်။ အခုတော့ Tattoo ကိုမကြိုက်သူမို့ မထိုးချင်တာ အမှန်။

"မိုင်... မမ တောင်းပန်ပါတယ် မမ နောက်ဆို မိုင်ပြောသလိုနေမှာမို့ မမ Tattoo တော့မထိုးချင်ဘူးကွယ် ကျေးဇူးပြုပြီး"

အသံလေးက ငိုသံစိုစွတ်လာပေမယ့်လည်း မိုင်သည် နည်းနည်းလေးမှ ဆုံးဖြတ်ချက်မပြောင်းသွားပေ။

"မမကို မိုင်ပိုင်တာ မိုင် ကြိုက်တာလုပ်မယ်"

ပျိုး ဘာဆက်ပြောရမလဲတောင် မသိတော့ပါလေ။ အဲ့တော့လည်း အနိုင်ပေးလက်စနဲ့ ဘာမှမပြောတော့ပဲ မိုင် လုပ်ချင်တာကို ခွင့်ပြုပေးလိုက်တော့သည်။

ပျိုး Tattoo ထိုးနေတဲ့ တစ်လျောက်လုံးတော့ မိုင်က ပျိုးလက်လေးကို ကိုင်ပေးထားပါသည်လေ။ အဲ့ဒါနဲ့တင် ပျိုးအရာရာကို ဖြေသိမ့်လိုက်တော့သည်။ အရှုံးပေးထားတာကိုမှ အနိုင်အထပ်ထပ်လိုချင်နေတော့မှလည်း ပျိုးလုပ်နိုင်တာ ဘာရှိတော့မည်လဲ။ အနည်းဆုံးတော့ မိုင် ဒီလိုတွေလျောက်လုပ်ပြီး ပျော်ရတယ်ဆိုရင် ပျိုးအတွက်ကျေနပ်နိုင်ပါပြီ။

...

TBC...

အမှားပါရင် ခွင့်လွှတ်ပါ 🧡

3.3k words

Thanks For Reading 📖

...

Zawgyi....

မိုင္ အျပင္ထြက္လာေတာ့ ေႁခြက ဧည့္ခန္းထဲထိုင္ေနသည္ေလ။ ထို႔ေၾကာင့္ မိုင္မသြားခင္ ေႁခြ ကိုမ်က္ေစာင္းထိုးျဖစ္ေအာင္ထိုးၿပီးမွ ထြက္သြားလိုက္သည္။

ေႁခြ ကေတာ့ မိုင့္အမူရာကို ျမင္လိုက္ေပမဲ့ မိုင္နဲ႔ ရန္ျဖစ္ဖို႔အားမရွိေသး။ ကိုယ့္ကိုယ္မခ်စ္တဲ့ သူကို ခ်စ္ေနရတာနဲ႔တင္ ပင္ပန္းေနၿပီေလ။ ေလာေလာဆယ္ သူနဲ႔ မသတ္ပုတ္ခ်င္ေသးတာေၾကာင့္ ဒီတိုင္းလႊတ္ေပးလိုက္သည္။

...

မိုင္ အရင္အိမ္ကို ျပန္ေရာက္သြားေတာ့လည္း အရင္က ဟာေတြ မွတ္ညဏ္ထဲ ထင္ခနဲ။ ဒီဘက္အိမ္မွာတုန္းက အႏိုင္က်င့္ခံခဲ့ရသမွ် အခုအိမ္ေျပာင္းမွ ထိုအိမ္ဟာ မိုင့္အတြက္ ကံေကာင္းျခင္းျဖစ္ေနခဲ့သေယာင္။

"မေတြ႕တာၾကာၿပီေနာ္ မမေလး မိုင္"

အိမ္က အေစခံေလးဟာ သူ႔ကိုလာႏႈတ္ဆက္လာသည္။ သို႔ေသာ္ မိုင္ မမွတ္မိပါေလ။

"ဟုတ္ကဲ့ ဒါနဲ႔ ဦးေလးေရာ?"

"သူေဌးႀကီးက ျပန္လာေနၿပီလို႔ေတာ့ ေျပာတယ္"

ဦးၿဖိဳးဝင္းေက်ာ္ ဘာေျပာမလဲသိခ်င္ေနတာနဲ႔ လာလိုက္တာက ေစာသြားပုံရတယ္။

"အဲ့ဒါဆို ဧည့္ခန္းထဲပဲ ထိုင္ေစာင့္ေနလိုက္မယ္ေနာ္"

"ဟုတ္ကဲ့ မမေလး မိုင္"

ထိုအခါ မိုင္ ဧည့္ခန္းထဲဝင္ဝင္ျခင္းေတြ႕လိုက္ရတဲ့ လူေၾကာင့္ စိတ္ပ်က္သြားရသည္။ ဘယ္သြားသြားေတာက္တဲ့လိုတြယ္ေနပါ့လား။

"ကြၽတ္စ္"

"ဟာ သိခၤလြန္းမိုင္ ေရာက္လာၿပီလား?"

"အိုး ကိုျမတ္ဖုန္းေသာက ဒီမွာဘာလာလုပ္တာလဲ"

ဦးၿဖိဳးဝင္းေက်ာ္နားပဲကပ္ေနတဲ့ ဒီတစ္ေယာက္က ဦးၿဖိဳးဝင္းေက်ာ္ကိုႀကိဳက္ေနလို႔ ကပ္ေနတာလားလို႔ေတာင္ သတ္မွတ္လိုက္ခ်င္သည္။ တကယ္ပါ မိုင္ သူ႔ကိုျမင္ရတာ မ်က္စိ ဆံပင္ေမႊးစူးလွၿပီ။

"အာ... အန္ကယ္နဲ႔လာေတြ႕တာမလား။ ကြၽန္ေတာ္လည္း ဦးေလးနဲ႔ ေျပာစရာေလး ရွိလို႔"

"အဲ့ဒါဆို ဦးေလးလာမွေျပာေလ"

မိုင္ ထျပန္ခ်င္စိတ္ေပါက္လာသည္။ ေနာက္မွ ျပန္လာလွ်င္ေကာင္းမလား။ ျမတ္ဖုန္းေသာ ရွိေနလွ်င္ အရင္တစ္ခါကလိုပဲျဖစ္ဦးမွာ။ ႏွစ္ေယာက္ေပါင္းၿပီး မိုင့္စိတ္ကိုလာစြေနမွာ။

"ထိုင္ပါဦး သိခၤလြန္းမိုင္ရဲ႕ ပ်ိဳး နဲ႔ကြၽန္ေတာ့္ အေၾကာင္းေျပာမလို႔ပါ"

"ဘာ!"

ပိုင္ဆိုးပိုင္နင္းတဲ့ ပ်ိဳးနဲ႔ ကြၽန္ေတာ့္ အေၾကာင္းဆိုပါလား။ ၾကားရတာ မိုင့္နားထဲ ကန္႔လန္႔ဝင္သြားသျဖင့္ မိုင္ ေဒါသဟာ ေထာင္းခနဲ။ သို႔ေသာ္ မိုင္ ထြက္လာသည့္ ေဒါသကိုမနည္းထိန္းထားၿပီး ခုံတြင္ဝင္ထိုင္လိုက္သည္။ ဒီလူဘာေျပာမလဲ နားေထာင္ၾကည့္မလို႔ေလ။

ျမတ္ဖုန္းေသာကလည္း မိုင္ ဝင္ထိုင္လိုက္ေတာ့ တစ္ခ်က္ၿပဳံးလိုက္သည္။

"ဒီလိုဗ်ာ ကြၽန္ေတာ္က မိုင္နဲ႔ ပ်ိဳးကို ျမန္ျမန္ကြာရွင္းေစခ်င္တယ္ဗ်ာ။ မိုင္လည္း ပ်ိဳး ကိုမခ်စ္ဘူးေလ... အဲ့ေတာ့ ကြာရွင္းေပးပါလား"

"ဟက္ ဒီအေၾကာင္းဆို ငါမေျပာခ်င္ဘူး သြားခြင့္ျပဳ..."

ဒီအေၾကာင္းေတြက သိဖူးၿပီးသားကိစၥမို႔ မိုင္ထျပန္ဖို႔လုပ္လိုက္ေပမဲ့ ထပ္ေျပာလာသည့္ ျမတ္ဖုန္းေသာေၾကာင့္ မထႏိုင္ေတာ့ေခ်။

"နင္နဲ႔ သူကြာရွင္းလိုက္ရင္ အန္ကယ္က ငါနဲ႔ လက္ထပ္ေပးဖို႔စီစဥ္ၿပီးသား မင္းကရႈပ္ေနတယ္ မိုင္"

"လက္ထပ္ဖို႔? အဲ့ဒါေျပာဖို႔ ဦးေလးကေခၚလိုက္တာလား!!"

မိုင္ ရဲ႕ စကားကို ျမတ္ဖုန္းေသာ ပခုံးတြန္႔ျပလိုက္သည္။ အရင္တည္းက ဒီလူက ပ်ိဳးကိုခ်စ္တာသိပါသည္။ လက္ထပ္ဖို႔ထိ လုပ္ခဲ့တာကိုလည္းသိပါသည္။ သို႔ေသာ္ အခုလို မိုင္နဲ႔ယူၿပီးတာေတာင္ ဇြဲမေလ်ာ့ေသးပါလား။ ဒါကို ဦးေလးကလည္း ခြင့္ျပဳထားတာပဲ။ ဒါေၾကာင့္ မိုင္တို႔ အျမန္ကြာဖို႔ကို သူတို႔စိတ္ေလာေနၾကတာ။ ဒီလိုျဖစ္လာမယ္လို႔ မိုင္ မေတြးမိခဲ့တာေတာ့မဟုတ္ေပမဲ့ ျဖစ္ႏိုင္ေခ် နည္းမယ္လို႔ေတာ့ထင္ခဲ့တာ။

"ဟုတ္တယ္ေလ ငါ ပ်ိဳး ကိုခ်စ္တယ္။ အဲ့ဒါေၾကာင့္ အန္ကယ့္ကိုေျပာတာ အန္ကယ္လက္ခံတယ္။ မင္းသိလား သိခၤလြန္းမိုင္ နင့္လိုအေပ်ာ္မိန္းမေမြးတဲ့ ကေလးက ပ်ိဳးနဲ႔ ဘယ္လိုမွ မလိုက္ဖက္ဘူး"

မိုင္ ေဒါသထိန္းမရျဖစ္သြားတယ္။ မိုင့္ကို ေျပာရင္ေတာင္ေဒါသကို ထိန္းခ်ဳပ္ႏိုင္ဦးမည္မလား။ ဘာေၾကာင့္ သူ႔ေမေမကိုဆြဲထည့္သနည္း။ မိုင္ လက္တစ္ဖက္ ေလထဲဝဲသြားၿပီး ႐ိုက္ခ်လိုက္ေပမဲ့ မိုင္ လက္ကို ျမတ္ဖုန္းေသာ ဖမ္းဆုပ္လိုက္သည္။

"ဟိုး...ဟိုး စိတ္ေလ်ာ့ပါ သိခၤလြန္းမိုင္ အနာေပၚတုတ္က်လို႔နာသြားတဲ့အတိုင္း စပ္ျပမေနပါနဲ႔"

"လႊတ္"

မိုင္ ႐ုန္းၿပီးေျပာလိုက္မွ ျမတ္ဖုန္းေသာ လႊတ္ေပးလိုက္သည္။

"မင္း ပ်ိဳး ကို မခ်စ္ေပးႏိုင္လည္း လက္လႊတ္လိုက္ပါ။ ဒီမွာ ခ်စ္ေပးမယ့္သူရွိတယ္"

မိုင္ စိတ္တိုလာသည္။ သူတို႔ေမာင္ႏွမ ႏွစ္ေယာက္လုံးက ပ်ိဳး ကိုႀကိဳက္ေနလို႔ေလ။

"မမ သိလား?"

"ဘာကိုလဲ"

"ငါနဲ႔သူကြာရွင္းၿပီးရင္ နင္နဲ႔ လက္ထပ္ရမယ္ဆိုတာကိုေလ"

"သိတာေပါ့ သူက ကာယကံရွင္ပဲဟာကို"

မိုင္ အခုခ်ိန္ ေဒါသက လူသတ္ခ်င္ေလာက္ေအာင္ ထြက္ေနၿပီျဖစ္၍ ေဒါသကိုထိန္းဖို႔ အံကိုႀကိတ္ထားမိ၏။

"သူသေဘာေရာ တူလား"

"သူသေဘာတူလားဆိုေတာ့ သူနင္နဲ႔ကြာရွင္းဖို႔ ေျပာလား! အဲ့ဒါဆို အသိသာႀကီးေလ။ ကြာရွင္းဖို႔ႀကိဳးစားေနတယ္ဆိုတည္းက ငါနဲ႔ ယူဖို႔ သေဘာတူလို႔ေနမွာေပါ့"

မိုင္ စိတ္တို႔တကယ္မရေတာ့ ဆက္ေနေနမိရင္ ဒီေကာင့္ရဲ႕ စပ္ၿဖဲၿဖဲမ်က္ႏွာကို စုတ္ျပတ္သတ္သြားေအာင္ ကုတ္ဆြဲမိလိမ့္မယ္။ ထို႔ေၾကာင့္ ဒီေလာက္နဲ႔တင္အဆုံးသတ္ၿပီး ျပန္ဖို႔ျပင္လိုက္သည္။

"ဒါနဲ႔ ပ်ိဳး အတြက္ မ်က္လုံးအစားထိုးလို႔ရမယ့္ လူနာရွင္ ေတြ႕ထားတယ္။ သူ႔ရဲ႕ က်န္းမာေရးအရ တစ္လေတာင္က်န္ေတာ့မွာမဟုတ္ဘူး။ အဲ့ဒါ ပ်ိဳးကို ဝမ္းသာရေအာင္ေျပာေပး"

မိုင္ သည္ သူေျပာတာကို ဂ႐ုမစိုက္ပဲထြက္သြားသည္ေလ။ မိုင္ ေဒါသနဲ႔ထြက္သြားတဲ့ပုံကိုၾကည့္ရင္းက်န္ခဲ့တဲ့ ျမတ္ဖုန္းေသာ ကေတာ့ ေအာင္ႏိုင္သူ အၿပဳံးနဲ႔ေပါ့။

ပ်ိဳး ဘာမွမသိထားပါဘူး။ ကြာရွင္းၿပီးတာနဲ႔ သူနဲ႔လက္ထပ္ရမယ္ဆိုတာကို မသိထားသလို သေဘာလည္းမတူထားပါ။ တကယ္လို႔သိရင္လည္း သေဘာလဲတူမွာ မဟုတ္ဘူးေလ။

ျမတ္ဖုန္းေသာ ဆိုတဲ့ တစ္ေယာက္က အေျခေန ကိုေကာင္းေကာင္း အသုံးခ်သြားတာ မိုင္ မရိပ္မိလိုက္ပါ။ ေဒါသေၾကာင့္ အေျခေနကို ေသခ်ာမသုံးသပ္ႏိုင္ျဖစ္သြားခဲ့သည္ေပါ့။

"သား ျမတ္ဖုန္းေသာ ဘယ္လိုလုပ္ၿပီးေရာက္ေနတာလဲ"

"ဒီတိုင္းလမ္းႀကဳံလို႔ဝင္လာတာပါ"

မနက္ မိုင္ ကိုလွမ္းေခၚတာလာမယ္ဆိုလို႔ ျမတ္ဖုန္းေသာ နဲ႔ေတြ႕ဖို႔ ကိစၥကို ျဖတ္လိုက္သည္ပါ။ ဒါကို ဒီေကာင္ေလး မိုင္ ကိုေတြ႕မယ္ေျပာတာနဲ႔ ဒီထိ အရင္လာၿပီးေစာင့္ေနတာပဲ။ အဲ့ဒါဆို ခုနက ထြက္သြားတဲ့ကားက မိုင္ ကားလားလို႔ ဦးၿဖိဳးဝင္းေက်ာ္ ေတြးလိုက္မိသည္။

"ျပႆနာတစ္ခုခုျဖစ္သြားေသးလား"

"ဟင့္အင္း"

"သား ျမတ္ဖုန္းေသာ ဦးေလးေျပာရမွာ စိတ္မေကာင္းေပမယ့္ ပ်ိဳးေလးက မင္းကို မႀကိဳက္ဘူးေလ အဲ့ဒါေၾကာင့္..."

"ဦးေလး သေဘာတူထားတယ္ေလ။ ပထမ တစ္ေခါက္မရရင္ အခုတစ္ေခါက္ေတာ့ ကူညီေပး... အာ ရႈပ္တယ္ မကူညီေပးလဲကိုယ့္ဘာသာပဲ ႀကိဳးစားေတာ့မယ္"

ျမတ္ဖုန္းေသာဟာ သူ႔ရဲ႕ ပင္ကိုစိတ္ထားအမွန္ကိုျပၿပီး ထြက္သြားသည္။ ဦးၿဖိဳးဝင္းေက်ာ္မွာ ဘာမွေျပာခ်ိန္ပင္မရွိလိုက္ေပ။ ျမတ္ဖုန္းေသာဟာ သူ သူ႔သမီးအႀကိဳက္လိုက္ေတာ့မွာကို သိေနပုံပဲ။ လုပ္ငန္းသေဘာအရ ျမတ္ဖုန္းေသာကိုသေဘာတူၿပီး သေဘာက်ေပမဲ့ အေဖတစ္ေယာက္ေရွ႕မွာ သူ႔သမီးကို ငမ္းငမ္းတက္လိုခ်င္ေနတာကိုေတာ့ ဦးၿဖိဳးဝင္းေက်ာ္မႀကိဳက္တာေတာ့ အမွန္ပါ။

အခုသူလာတာနည္းနည္းေနာက္က်သြားသည့္အတြက္ မိုင့္ကိုေျပာခ်င္တဲ့စကားေတြေျပာခြင့္မရလိုက္ေပ။

...

ပ်ိဳး နား ေႁခြ ေရာက္ေနကတည္းက ပ်ိဳး မေနတက္ အားနာမိလို႔ ေတာင္းပန္ခ်င္မိသည္။ ပ်ိဳးဟာ နည္းနည္းေလးေတာင္ ေႁခြ ခံစားခ်က္ေတြကို မၾကည့္ေပးခဲ့ဘူးေလ။ မိုင္ သြားတာေတာင္

You are reading the story above: TeenFic.Net