အခန်း {၁}

Background color
Font
Font size
Line height

ဇာတ်လမ်းလေးမစခင်အရင်ပြောချင်တာက ဒီ Fiction လေးက Fanfic ကနေ Oc Ver အသွင်ပြောင်းထားတဲ့ Fiction လေးပါ။ Fanfic Name က Escape From Pain ဖြစ်ပြီး အခု Oc Name လေးကိုတော့ ချစ်ခြင်း၏ တံခါးတစ်ဖက်၌ လို့အမည်ပေးထားလိုက်တယ်ပေါ့နော်။

Fanfic ဖတ်ထားတဲ့သူလေးတွေအတွက်တော့ ဒီ Fic လေးမှာ Fanfic တုန်းကပါဝင်ခဲ့တဲ့ သူတွေနဲ့ကွဲပြားတဲ့ ရုပ်ရည်သွင်ပြင်မျိုးပဲပါလာမှာပါ။ ဥပမာ- အရပ်ရှည်ခြင်း၊ ပုခြင်းကအစ မတူညီတော့မှာပါ။ ပြီးတော့ ဇာတ်သိမ်းလေးဟာလည်း ကွဲလွဲမှုရှိနိုင်မရှိနိုင်မသေချာပေမဲ့ Fanfic ရဲ့ဇာတ်သိမ်းဆိုတဲ့အခန်းနောက်မှာ ထပ်တိုးမယ့်အခန်းတွေတော့ အများကြီးပါလာဦးမယ်ဆိုတာလေးကိုပြောပြချင်လို့ပါ။

အရင်တုန်းကရေးခဲ့တဲ့ ပုံစံလေးဖြစ်တာရော Fanfic ကိုအသွင်ပြောင်းခဲ့တာရောဖြစ်လို့ ရီရေးနေကျ Oc ပုံစံတွေနဲ့မတူပါဘူးရှင့်။ Abuse တွေပါဝင်မှာဖြစ်ပြီး အိမ်ထောင်ရေးဖောက်ပြန်တာတွေလည်းပါဝင်သဖြင့် အဲ့ဒါတွေကိုမခံစားနိုင်တဲ့ သူလေးတွေ မဖတ်နိုင်ရင်မဖတ်ဖို့ ရီ့ဘက်က မေတ္တာရပ်ခံပါတယ်။ ပြီးမှ အပြစ်ဆိုလာရင် ရီ့ဘက်က ဘာမှဖြေရှင်းမှာမဟုတ်ပါ။

အခုတော့ စဖတ်ဖို့စဉ်းစားလိုက်ပြီဆိုရင်တော့ အခန်း (၁) ကို စဖတ်လိုက်လို့ရပါပြီနော်...။

...

"မင်းမို့လို့ လုပ်ရက်တယ် လဲ့ကြည်ဖြူ ငါ့မှာတော့ ငါ့အမှားကြောင့် ဆိုပြီး မင်းကို လက်ထပ်ယူခဲ့တာ ... မင်းကတော့ ငါ့ကိုဆေးခတ်ခဲ့တယ်တဲ့လား ဘာလဲ ငါက ပိုက်ဆံရှိတဲ့သူ ဖြစ်နေလို့လား ကြည်ဖြူ"

စည်သူဇော်ဟာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည်။ ဒေါ်ကြည်ဖြူ လည်းပြန်ပြောစရာ စကားတစ်ခွန်းတောင်မရှိပါ။ ဘာဖြစ်လို့လဲ။ ဘာလို့ပြောစရာ စကားမရှိလဲလို့ဆိုရင် ဦးစည်သူ ပြောတဲ့ စကားလုံး မှန်သမျှ အမှန်တွေ ချည်းပဲဖြစ်နေလို့ပေါ့။ အခုလည်း ဘာမှမပြောပဲ နှုတ်ဆိတ်နေတဲ့ ကြည်ဖြူ ကြောင့် ဦးစည်သူ ပိုမို ဒေါသထွက်လာရသည်။

"ကြည်ဖြူ မင်းကိုပြောလို့ပြောနေတယ်လေ မင်းကိုပြောလို့!!!"

"ရှင်ပြောနေတာတွေ အကုန်အမှန်ပဲ အဲ့တုန်းက ကျွန်မ အဖေ အကြွေးတွေကြောင့် ပိုက်ဆံလိုတယ် အဲ့ဒါကြောင့် လုပ်မိလုပ်ရာလုပ်လိုက်တာ ကျွန်မ မရည်ရွယ်ပေမဲ့..."

"တော်!!!"

ဦးစည်သူ ရဲ့ အော်သံကြောင့် ကြည်ဖြူရဲ့ ဆက်ပြောမယ့် စကားတွေ ရပ်တန့်သွားသည်။

"ဟ ... ငါက ငါ့အမှားအတွက် ငါသိပ်ချစ်ရတဲ့သူကို လက်လွှတ်ဆုံးရှုံးခံ ပြီးတော့ မင်းကိုယူခဲ့တာ...မင်းက တကယ်ရွံဖို့ကောင်းတဲ့ မိန်းမပဲ"

ကြည်ဖြူ ဖြေရှင်းလာမယ့်စကားတွေ ထပ်မကြားချင်တော့တာကြောင့် ကား သော့ယူပြီး အိမ်ကနေထွက်သွားသည်။ ကြည်ဖြူ ကတော့ ဦးစည်သူ ထွက်သွားတော့မှ ထိုနေရာမှာတင် ချုံးပွဲချငိုမိ၏။

သူတို့ဖြစ်ပျက်နေတာကို လှေကားအပေါ်ကနေ အောက်ကိုခိုး ကြည့်နေတဲ့ ၅ နှစ်အရွယ် ကောင်မလေးအတွက် ဒါက နာကျင်မှုအစ ဖြစ်စေမယ်လို့ ဘယ်သူထင်မှာလဲ။ ခြေလှမ်းသေးသေးလေးတွေနဲ့ ငိုနေတဲ့ ကြည်ဖြူ အနားကို ဖြည်းဖြည်းချင်း ရောက်လာတဲ့ကလေးမလေးဆီမှ ခပ်တိုးတိုးအသံလေးထွက်လာသည်။

"မေမေ"

ကြည်ဖြူ လည်းသူ့သမီးလေးကို မြင်တော့မှ မျက်ရည်တွေကို အလျှင်မြန် သုတ်ပစ်လိုက်တယ်။

"မေမေ ငိုနေတာလားဟင်"

"မဟုတ်ပါဘူး လွန်းလေးရဲ့ မျက်လုံးထဲ ဖှုန်ဝင်သွားလို့ပါ"

ကလေးကသိလျှက်မေးတာသိပေမဲ့ ဒေါ်ကြည်ဖြူလိမ်လိုက်မိသည်။

"အဲ့ဒါဆို လွန်း မှုတ်ပေးမယ်လေ"

"လွန်းလေးက လိမ္မာလိုက်တာ "

သိင်္ခလွန်းမိုင်ဆိုတဲ့ သူမကို သူ့အမေက နမ်းရင်းပြောလာသည်။ သူ့အဖေနဲ့ ဘာပြဿနာတွေတက်လည်း နားမလည်သေးတဲ့အရွယ်ဆိုပေမဲ့ မျက်ရည်တွေကိုတော့နားလည်ပါ၏။

"လွန်းသိလား။ လွန်းလေးကလေ မေမေ အတွက် ပျော်ရွှင်မှုပဲ... မေမေ့ဘဝအတွက်အရေးပါဆုံးပဲ"

"မေမေကလည်း သမီးအတွက် အရေးပါဆုံးပါပဲ။ အဲ့ဒါကြောင့် မေမေ မျက်ရည်မကျပါနဲ့ မေမေငိုရင် လွန်း လည်းငိုချင်တယ်"

၅ နှစ်အရွယ်ပဲရှိသေးတဲ့ ကလေးမလေးကလူကြီးလေးလိုပြောတော့ ကြည်ဖြူ့ကို ရယ်စေမိတာတော့ အမှန်ပဲ။ ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ။ ခုနကကိစ္စကိုတောင် သူမေ့သွားသလိုပင်။

"ဟုတ်ပါပြီ မအိပ်သေးဘူးလား ၁၀ နာရီထိုးတော့မယ်ရှင့်"

အသဲယားစွာ မိုင့် နှာခေါင်းလေးကို ကြည်ဖြူ ဆွဲပြီးပြောလိုက်သည်။

"မေမေ နဲ့တူတူအိပ်မယ် ဒီည လွန်းကိုချော့သိပ်"

"လာသွားရအောင်"

ချွဲနေတဲ့သိင်္ခလွန်းမိုင်ပေါက်စလေးကို ကြည်ဖြူချီပြီး အပေါ်ထပ်က သိင်္ခလွန်းမိုင် အိပ်ခန်းထဲ ဝင်သွားသည်။

သိင်္ခလွန်းမိုင် အိပ်ပျော်သွားပြီး ခဏအနေမှာ ကြည်ဖြူလည်း လိုက်အိပ်ဖို့လုပ်လိုက်သည်။

ကလင်...ကလင်...ကလင်။

အိမ်ရှေ့မှကြားနေရသည့် ကြိုးဖုန်းသံကြောင့် သိင်္ခလွန်းမိုင်လေး မနိုးစေဖို့ ကြည်ဖြူအမြန်ထကိုင်ရတော့သည်။

"ရှင်!..."

ဖုန်းထဲကပြောလာတဲ့ စကားတွေကြောင့် လက်ထဲဖုန်းလေး လွတ်ကျသွားတဲ့ထိ အံ့သြမှင်တက်သွားရတယ်။ မယုံနိုင်ဘူးဆိုရင်ပိုမှန်လိမ့်မယ်။ ခုနလေးတင်သူနဲ့ တူတူရှိပြီး ရန်ဖြစ်နေတဲ့ သူ့ယောကျာ်းက အခုပဲ ကားမတော်တဆ ဖြစ်တယ်ဆိုပြီးပြောလာတာကြောင့် ကြည်ဖြူ ကိုယ့်နားကိုယ်မယုံနိုင်။

မိုင့်ကို တစ်ယောက်တည်းထားခဲ့ပြီး ဆေးရုံသွားဖို့လဲ မဖြစ်နိုင်တာကြောင့်ခုနလေးတင်အိပ်တဲ့ မိုင့်ကိုနှိုးပြီး ဆေးရုံကို အမြန်သွားခဲ့ရတယ်။ ဒါပေမယ့် မမှီခဲ့ပါဘူး။ ဦးစည်သူက ခွဲခန်းထဲမှာပဲ သွေးထွက်လွန်ပြီး ဆုံးပါးသွားခဲ့သည်။ ဒါပေမဲ့ ပြဿနာအားလုံးက ဒီမှာတင်အဆုံးမသတ်သွားခဲ့ပါဘူး။ ဦးစည်သူ ဆုံးပြီး နှစ်ပတ် အကြာမှာပေါ့။

"လဲ့ကြည်ဖြူ!!!လဲ့ကြည်ဖြူ!!!"

အိမ်အောက်ကအော်ခေါ်သံကြောင့် ကြည်ဖြူ အိမ်အောက်ကိုဆင်းသွားတော့အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားနှစ်ယောက်ကိုတွေ့ခဲ့သည်။။

"ဟုတ် ကျွန်မက ကြည်ဖြူ ဘာကိစ္စရှိလို့ပါလဲ"

"ဒီမှာ နင့်ယောကျ်ားမသေခင်က ငါဆီက သိန်းတစ်သောင်းကျော်ချေးသွားတယ်..."

"ငါ့ဆီမှာလဲ အကြွေးတင်နေတယ်"

မထင်မှတ်ထားသည့်စကားတွေကြောင့် ကြည်ဖြူ့ကို ရှော့စ်ရသွားစေတယ်။ များပြားလှတဲ့ ပိုက်ဆံတွေ ဦးစည်သူ တကယ် အကြွေးတင်ခဲ့တာလား။ ဒါပေမဲ့လည်း စာချုပ်စာတန်းတွေနဲ့ပါသေချာချေးခဲ့သည့် စာချုပ်မှာရှိတဲ့ ဦးစည်သူ ရဲ့ လက်ဗွေကြီးဟာ တကယ်လို့ပြောနေခဲ့၏။ ဘာတွေကြောင့်များ ဒီလောက်ချေးခဲ့ရတာလဲ ကြည်ဖြူ တကယ်မသိခဲ့ပါ။ နောက်ဆုံးတော့ ကြည်ဖြူ အဲ့နေ့ပြီးနောက်တစ်နေ့မှာတော့ ကြည်ဖြူတို့ရဲ့ ချမ်းသာတဲ့ဘဝလေးဟာ ဆင်းရဲတဲ့ဘဝသို့ချက်ချင်းလက်ငင်းကူးပြောင်းသွားခဲ့၏။ အစပိုင်းမှာတော့ တိုက်ခန်းငှားနေပြီး နောက်ပိုင်း တိုက်ခန်းတောင် မငှားနိုင်၍ ဆင်းရဲသားရပ်ကွက်လေးမှာပဲ ငှားပြီးနေခဲ့ရတဲ့အဖြစ်ထိပါ ရောက်လာခဲ့သည်။

အလုပ်တွေကလည်း ကြည်ဖြူအတွက်လျောက်ရန်ခက်ခဲကာ တစ်ခုမှမရ။ ရခဲ့လျင်လည်း မကြာခဏပြုတ်တက်၏။ နောက်ဆုံး စားဝတ်နေရေးအတွက် စျေးထဲမှာပဲ ဆိုင်ခန်းလေးငှားပြီး စျေး ရောင်းခဲ့သည်။

"မေမေ"

ကြည်ဖြူ အိမ်ပြန်လာသည်နှင့် သူ့ကိုစောင့်နေတဲ့ သိင်္ခလွန်းမိုင်လေး ကိုမြင်တော့ အမောပြေသွားစေသည်။

ဒီလိုအခြေနေထိရောက်နေတာတောင် မငြီးမငြူပဲအခြေနေအလိုက်နေပေးတဲ့သူ့သမီးလေးက ဘယ်လောက်တောင် လိမ္မာလိုက်လဲ။

"ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူး လွန်းလေးရဲ့ မေမေထမင်းနဲ့ဟင်းဝယ်လာတယ် ရော့ လွန်းလေး တစ်ချက်ပြင်ပေးမလား"

"ဟုတ် မေမေ"

အခုဆို အဲ့ပြဿနာတွေတက်ပြီးကတည်းက အိမ်ခဏခဏပြောင်းနေရသည်နှင့် မိုင့်ကိုတောင်ကျောင်းမထားနိုင်တော့။ ကြည်ဖြူ သူ့ကိုယ်သူသိမ်ငယ်မိတယ် ဝမ်းလည်းဝမ်းနည်းမိတယ်။ ဒီထက်ပိုကောင်းတဲ့ အမေ မဖြစ်နိုင်လို့လေ။ သူသာဒီထက်ပိုပြီးအဖြစ်ရှိရင် မိုင့်ဘဝလေးဟာ ဒီလောက်ခက်ခဲမှာမဟုတ်ဘူးလို့ သူတွေးနေမိသည်။ နေ့တိုင်းလိုလိုပေါ့။

"မေမေ ဒီနေ့စောစောပြန်လာခဲ့ဦး"

"ဟုတ်ကဲ့ပါရှင့် မေမေ သွားပြီနော်"

...

ထိုသို့ဖြင့် ရက်တွေလတွေကြာသွားလိုက်တာ ဒီနေ့ဆို သိင်္ခလွန်းမိုင် ၆ နှစ်တောင်ပြည့်ပြီ။ အဲ့ဒါကြောင့် မိုင် စိတ်လှုပ်ရှားနေသည်။ သူမမွေးနေ့ကို သူ့အမေ မှတ်မိမလားပေါ့။ ဒါပေမဲ့ သူ့ရဲ့စိတ်လှုပ်ရှားမှုတွေဟာ ကြည်ဖြူ အိမ်ပြန်ရောက်လာတဲ့အချိန်မှာ အားလုံးပျောက်ပျက်သွားတယ်။ သူမြင်လိုက်တာက ကားအကောင်းစားတစ်စီးသူတို့အိမ်ရှေ့လေးမှာလာရပ်နေတာကို။ ပြီးတော့အဲ့ကားပေါ်ကဆင်းလာတဲ့ သူမ အမေ။ အိမ်အဝမှာစောင့်နေတဲ့သူ့ကိုမြင်တော့ သူ့အမေက မိုင့်ဆီကိုအပြေးလေးလာသည်။

"မေမေတို့လေ အိမ်ပြောင်းရအောင် "

ပြီးတာနှင့်စီးကြိုပြီးပြောလိုက်သည့်စကားက 'အိမ်ပြောင်းရအောင်' တဲ့လေ။ အိမ်ပြောင်းရအောင်ဆိုသည့်စကားက်ု မိုင်အကြိမ်ကြိမ်ကြားဖူးသော်လည်း အခုတစ်ခေါက်ပြောခြင်းကဘာလို့ မိုင့်ကို စိုးထိတ်စေတာလဲ။

"မေမေ အဲ့လူက ဘယ်သူလဲ"

သူ့အမေပြောတာကိုလစ်လျူရှူပြီး သူ့အမေဘေးကပါလာသည့်လူကြီးကို လက်ညိုးထိုးပြီးမေးလိုက်သည်။

"မေမေ နောက်မှရှင်းပြမယ်လေနော်။ အခုတော့ အိမ်ပြောင်းဖို့အရင်လုပ်ရအောင်"

"ဟုတ် မေမေ"

လိမ္မာတဲ့ကလေးမို့ ဘာမှဆက်မပြောပဲ သူ့အမေပြောတဲ့အတိုင်းပဲလုပ်လိုက်သည်။ ပြောရင်ရော ဘာပြောနိုင်မှာမို့လို့လဲ။ မေမေ အထုတ်တွေကိုအဲ့လူကြီးကိုယ်တိုင်လာပြီး ယူပေးတယ်။ သိင်္ခလွန်းမိုင်ကိုတော့ သူမမြင်ဘူးလား။ ဒါမှမဟုတ်တမင်သက်သက်မမြင်ချင်ယောင်ဆောင်ထားလားတောင်မသိပါ။ တစ်ချက်မျှပင် လှည့်မကြည့်ပေ။

"ကိုဖြိုး ဒါက ကျွန်မသမီး"

"ဟာ ဟုတ်လား သမီးလေးက အချောလေးပဲ။ နာမည်က ဘယ်လိုခေါ်လဲ ကလေး"

အခုမှ ထိုလူကြီးပါးစပ်မှာနူးနူးညံ့ညံ့လေးထွက်လာသည်။ သို့ပေမဲ့ ထိုလူကြီးကမိုင့်ကိုမကြိုက်ဘူးဟုခံစားနေရတုန်း။

"သိင်္ခလွန်းမိုင်...သိင်္ခလွန်းမိုင်ပါ ဦးဦး"

"နာမည်လေးက အဆန်းလေးပဲကွ... ဦးလေးနာမည်လည်းမှတ်ထားနော် ဖြိုးဝင်းကျော်တဲ့။ ဦးဖြိုးဝေကျော်ပေါ့ကွာ"

မိုင် မဝံ့မရဲ ခေါင်းညိတ်ပြလိုက်တော့ ထိုလူကြီးကပြုံးသည်။ ထို့နောက်မေမေ့ဆီမှ အသံထွက်လာ၏။

"လွန်း သမီးလေး... ကိုဖြိုးဆီမှာလဲ သမီးလေးရှိတယ် သိလား။ လွန်းထက်တော့နည်းနည်းကြီးတော့ အစ်မပေါ့"

"သြော် ဟုတ်"

ထိုသို့ပြန်ဖြေလိုက်သော်လည်း မိုင့်ရင်ထဲမြည်ဟီးနေသည့် စကားသံ‌တွေကတော့ ထိုသို့ မဟုတ်ချေ။ အဲ့ဒါက သိင်္ခလွန်းမိုင် ဘာဆိုင်လို့လဲ။ အဲ့ ဦးလေးကြီး နဲ့ သူ့အမေနဲ့ပတ်သက်မှုက ဘယ်လိုမျိုးလဲ ဆိုတာကိုပဲ သိင်္ခလွန်းမိုင် သိချင်နေတယ်။ သိင်္ခလွန်းမိုင် မသိစိတ်ကတစ်ခုခုကို သိနေပေမဲ့ အဲ့ဒါမဟုတ်ပါစေနဲ့လို့ဆုတောင်းနေမိတယ်။

"လာပါ ဖြူ အိမ်ရောက်မှ ဆက်ပြောကြတာပေါ့"

"ဟုတ် အဲ့ဒါဆို သွားကြတာပေါ့"

သိင်္ခလွန်းမိုင်တစ်ယောက် ကားပေါ်မှာ သူတို့ စကားပြောလာတာကို နားထောင်ရင်း သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို သိနိုင်ခဲ့တယ်။

"ရောက်ပြီ ဖြူ"

ကားဝင်သွားတဲ့ ခြံကြီးက တကယ်အကြီးကြီးပဲ။ သူတို့နေခဲ့တဲ့ အိမ်ထက်အများကြီးပိုကြီးတယ်ဆိုတာကို ကြည်ဖြူရော မိုင် ပါသတိထားမိသည်။ ဖြိုးဝင်းကျော် တဲ့လူကြီးကမကျေနပ်သလိုလို၊ အောင်နိုင်သူတစ်ယောက်လိုလို အမေ့ကိုပြောလာသည်။

"ဖြူ သာ နည်းနည်းပိုအချိန်ပေးခဲ့ရင် ဒီလိုအိမ်မျိုးနဲ့ ငါ့ကိုပိုင်ဆိုင်ရမှာ။ ဒါပေမဲ့ ကြည်ဖြူ... မင်းက ပိုက်ဆံရှိတဲ့သူကိုရွေးပြီးတော့ ရည်းစားဖြစ်တဲ့ငါ့ကိုပစ်ချခဲ့တယ် အဟက်... ဒါပေမဲ့ ရပါတယ်လေ အခု မင်းကိုပြန်ပိုင်ဆိုင်ရပြီပဲ ဟုတ်တယ်မလား"

ကြည်ဖြူ ဟာဘာမှပြန်မပြောပေ။ ကြည်ဖြူ အစတည်းကသိပါတယ် ဖြိုးဝေကျော် သူ့အနားပြန်ရောက်လာတာက သူ့ကိုလက်စားပြန်ချေချင်လို့ဆိုတာကိုပေါ့။ အခုလည်း တရားဝင်လက်ထပ်တာမဟုတ်ပဲ သူနဲ့ပေါင်းသင်းရမှာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး သိင်္ခလွန်းမိုင် သာ ကောင်းကောင်းမွန်မွန်နေရမယ်ဆိုရင် ကြည်ဖြူ့အတွက် ဒီလောက်ကတော့ ဘာမှမဖြစ်ဘူးမလား။

"သမီးရေ ပျိုး... ဆောင်းရိပ်ပျိုး!"

သူတို့အိမ်ထဲဝင်သွားတော့ ကိုဖြိုးဝေ လှမ်းခေါ်နေသည်။ သမီးလို့ခေါ်ပုံရရင် သူ့အမေပြောတဲ့ သူ့ထက်ကြီးတဲ့အစ်မဆိုသည့်တစ်ယောက်များလား။

ဘယ်လိုခေါ်ခေါ်မဆင်းလာတာကြောင့် ကိုဖြိုးဝေ အိမ်ကအလုပ်သမားတစ်ယောက်ကို တက်ခေါ်ခိုင်းတော့သည်။ ခဏနေမှ ထိုအလုပ်သမားနှင့်အတူ ဂျစ်ကန်ကန်ပိုးဟပ်ဖြူလေးဆင်းလာသည်။ လက်ထဲကလည်း ဂိမ်းစက်လေးနှင့်။

"ဘာလဲ ဒက်ဒီရယ် ပျိုးဂိမ်းဆော့နေတယ်လေ"

လက်ထဲက ဂိမ်းကို အဆော့မပျက်ရင်းပြောလာသည့် ပျိုးဆိုသည့်တစ်ယောက်။ နာမည်ရင်းက ဆောင်းရိပ်ပျိုးဆိုလား။

"အေးပါ ဟုတ်ပါပြီ ဒက်ဒီက ပျိုးကိုမိတ်ဆက်ပေးမလို့..."

ထိုသို့ပြောရုံပဲရှိသေးသည် ပျိုးသည် ဂိမ်းဆော့တာရပ်ရင်း အလိုမကျဟန်နှင့် သူ့အဖေကိုကြည့်လိုက်သည်။

"ဒက်ဒီ မနေ့ကပြော..."

ဖောင်း...။

ပျိုး လက်ထဲမှအပြစ်မရှိတဲ့ ဂိမ်းဆက်လေး မြေပြင်ပေါ်မှာ မွစာကြဲသွားတယ်။ ပစ်ပေါက်လိုက်သူက ဆောင်းရိပ်ပျိုးမှလွဲလျှင် မည်သူမျှမဖြစ်နိုင်။

"ပျိုး လက်မခံနိုင်ဘူးလို့ပြောထားတယ်လေ"

ပျိုး အခုမှပဲ သေချာကြည့်မိသည်။ အဲ့မိန်းမကြီးနဲ့အတူ ကလေးမလေးတစ်ယောက်ပါ ပါလာတာပဲ။ ပျိုး သူ့ဂိမ်းစက်ကိုဖောက်ခွဲလိုက်တော့ လန့်သွားပုံရကာ သူ့အမေနောက်ပုန်းနေသည်။ ပျိုး နှုတ်ခမ်းတစ်ဖက်ကိုကွေးနေအောင်ပြုံးလိုက်မိသည်။ ထိုကလေးက ငကြောက်လေးပဲ။

"ပျိုး လက်မခံလဲ ဒက်ဒီ ဂရုမစိုက်ဘူး။ ဒါက ပျိုးလေး သိအောင်ပြောတာ ဒါပဲ"

"ဒက်ဒီ!!!"

"ဆောင်းရိပ်ပျိုး!!! ငါ့ကိုမအော်နဲ့ ငါကအဖေနော် ငါကြိုက်တာ ငါလုပ်မယ်"

သူ့အဖေပြန်အော်တာခံလိုက်ရတော့ ပျိုးသည်ဒေါသတကြီးအိမ်ပေါ်ကို ခြေထောက်စောင့်ပြီးတက်သွားသည်။

"ဖြူ စိတ်မပူပါနဲ့ နောက်ပိုင်း ပျိုးလေး လက်ခံလာမှာပါ"

"ရပါတယ် ဘာမှ မဖြစ်ပါဘူး"

ကြည်ဖြူ မျက်နှာပြောင်တိုက်တယ်ပဲပြောပြော သူသမီးအတွက်ပေကပ်ပြီးနေနေဦးမှာပဲ။ သိင်္ခလွန်းမိုင်လေး ၆ နှစ်ရှိနေပြီဆိုတော့ တစ်နေရာတည်းကျောက်ချပြီးကျောင်းတော့တက်စေချင်ပြီ။ မိုင် ဖြစ်ချင်တာတွေဖြည့်ဆည်းပေးချင်သေးတယ်။ ဒါဟာ အမေတစ်ယောက်ရဲ့အတ္တမို့ ဘယ်သူတွေ ငြိုငြင်ငြင်၊ ဘယ်လိုအပြောခံရခံရ ကြည်ဖြူ နောက်ဆုတ်မှာမဟုတ်ဘူး။

ဒါပေမဲ့ အဲ့ဒါက သိင်္ခလွန်းမိုင်အတွက်တော့ ဒါဟာ သူ့အမေပေးတဲ့ နောက်ဆုံးမွေးနေ့လက်ဆောင်တစ်ခု။ ပြီးတော့ သူ့ဘဝတစ်လျောက်လုံး ရုန်းထွက်ဖို့ခက်တဲ့ အမှောင်ထုကြီးတစ်ခုပေါ့...။

...

TBC...

အမှားပါရင် ခွင့်လွှတ်ပါ 🧡

2.7 k words

ဒါလေးကိုတော့ တစ်ရက်ခြားတစ်ခါ Update လုပ်ပေးပါ့မယ်...

Publishing Date - 2/ March (Sat) / 2024

Thanks For Reading 📖

...

Zawgyi....

ဇာတ္လမ္းေလးမစခင္အရင္ေျပာခ်င္တာက ဒီ Fiction ေလးက Fanfic ကေန Oc Ver အသြင္ေျပာင္းထားတဲ့ Fiction ေလးပါ။ Fanfic Name က Escape From Pain ျဖစ္ၿပီး အခု Oc Name ေလးကိုေတာ့ ခ်စ္ျခင္း၏ တံခါးတစ္ဖက္၌ လို႔အမည္ေပးထားလိုက္တယ္ေပါ့ေနာ္။

Fanfic ဖတ္ထားတဲ့သူေလးေတြအတြက္ေတာ့ ဒီ Fic ေလးမွာ Fanfic တုန္းကပါဝင္ခဲ့တဲ့ သူေတြနဲ႔ကြဲျပားတဲ့ ႐ုပ္ရည္သြင္ျပင္မ်ိဳးပဲပါလာမွာပါ။ ဥပမာ- အရပ္ရွည္ျခင္း၊ ပုျခင္းကအစ မတူညီေတာ့မွာပါ။ ၿပီးေတာ့ ဇာတ္သိမ္းေလးဟာလည္း ကြဲလြဲမႈရွိႏိုင္မရွိႏိုင္မေသခ်ာေပမဲ့ Fanfic ရဲ႕ဇာတ္သိမ္းဆိုတဲ့အခန္းေနာက္မွာ ထပ္တိုးမယ့္အခန္းေတြေတာ့ အမ်ားႀကီးပါလာဦးမယ္ဆိုတာေလးကိုေျပာျပခ်င္လို႔ပါ။

အရင္တုန္းကေရးခဲ့တဲ့ ပုံစံေလးျဖစ္တာေရာ Fanfic ကိုအသြင္ေျပာင္းခဲ့တာေရာျဖစ္လို႔ ရီေရးေနက် Oc ပုံစံေတြနဲ႔မတူပါဘူးရွင့္။ Abuse ေတြပါဝင္မွာျဖစ္ၿပီး အိမ္ေထာင္ေရးေဖာက္ျပန္တာေတြလည္းပါဝင္သျဖင့္ အဲ့ဒါေတြကိုမခံစားႏိုင္တဲ့ သူေလးေတြ မဖတ္ႏိုင္ရင္မဖတ္ဖို႔ ရီ႕ဘက္က ေမတၱာရပ္ခံပါတယ္။ ၿပီးမွ အျပစ္ဆိုလာရင္ ရီ႕ဘက္က ဘာမွေျဖရွင္းမွာမဟုတ္ပါ။

အခုေတာ့ စဖတ္ဖို႔စဥ္းစားလိုက္ၿပီဆိုရင္ေတာ့ အခန္း (၁) ကို စဖတ္လိုက္လို႔ရပါၿပီေနာ္...။

...

"မင္းမို႔လို႔ လုပ္ရက္တယ္ လဲ့ၾကည္ျဖဴ ငါ့မွာေတာ့ ငါ့အမွားေၾကာင့္ ဆိုၿပီး မင္းကို လက္ထပ္ယူခဲ့တာ ... မင္းကေတာ့ ငါ့ကိုေဆးခတ္ခဲ့တယ္တဲ့လား ဘာလဲ ငါက ပိုက္ဆံရွိတဲ့သူ ျဖစ္ေနလို႔လား ၾကည္ျဖဴ"

စည္သူေဇာ္ဟာ ေဒါသေၾကာင့္ မ်က္ႏွာတစ္ခုလုံး နီရဲေနသည္။ ေဒၚၾကည္ျဖဴ လည္းျပန္ေျပာစရာ စကားတစ္ခြန္းေတာင္မရွိပါ။ ဘာျဖစ္လို႔လဲ။ ဘာလို႔ေျပာစရာ စကားမရွိလဲလို႔ဆိုရင္ ဦးစည္သူ ေျပာတဲ့ စကားလုံး မွန္သမွ် အမွန္ေတြ ခ်ည္းပဲျဖစ္ေနလို႔ေပါ့။ အခုလည္း ဘာမွမေျပာပဲ ႏႈတ္ဆိတ္ေနတဲ့ ၾကည္ျဖဴ ေၾကာင့္ ဦးစည္သူ ပိုမို ေဒါသထြက္လာရသည္။

"ၾကည္ျဖဴ မင္းကိုေျပာလို႔ေျပာေနတယ္ေလ မင္းကိုေျပာလို႔!!!"

"ရွင္ေျပာေနတာေတြ အကုန္အမွန္ပဲ အဲ့တုန္းက ကြၽန္မ အေဖ အေႂကြးေတြေၾကာင့္ ပိုက္ဆံလိုတယ္ အဲ့ဒါေၾကာင့္ လုပ္မိလုပ္ရာလုပ္လိုက္တာ ကြၽန္မ မရည္႐ြယ္ေပမဲ့..."

"ေတာ္!!!"

ဦးစည္သူ ရဲ႕ ေအာ္သံေၾကာင့္ ၾကည္ျဖဴရဲ႕ ဆက္ေျပာမယ့္ စကားေတြ ရပ္တန္႔သြားသည္။

"ဟ ... ငါက ငါ့အမွားအတြက္ ငါသိပ္ခ်စ္ရတဲ့သူကို လက္လႊတ္ဆုံးရႈံးခံ ၿပီးေတာ့ မင္းကိုယူခဲ့တာ...မင္းက တကယ္႐ြံဖို႔ေကာင္းတဲ့ မိန္းမပဲ"

ၾကည္ျဖဴ ေျဖရွင္းလာမယ့္စကားေတြ ထပ္မၾကားခ်င္ေတာ့တာေၾကာင့္ ကား ေသာ့ယူၿပီး အိမ္ကေနထြက္သြားသည္။ ၾကည္ျဖဴ ကေတာ့ ဦးစည္သူ ထြက္သြားေတာ့မွ ထိုေနရာမွာတင္ ခ်ဳံးပြဲခ်ငိုမိ၏။

သူတို႔ျဖစ္ပ်က္ေနတာကို ေလွကားအေပၚကေန ေအာက္ကိုခိုး ၾကည့္ေနတဲ့ ၅ ႏွစ္အ႐ြယ္ ေကာင္မေလးအတြက္ ဒါက နာက်င္မႈအစ ျဖစ္ေစမယ္လို႔ ဘယ္သူထင္မွာလဲ။ ေျခလွမ္းေသးေသးေလးေတြနဲ႔ ငိုေနတဲ့ ၾကည္ျဖဴ အနားကို ျဖည္းျဖည္းခ်င္း ေရာက္လာတဲ့ကေလးမေလးဆီမွ ခပ္တိုးတိုးအသံေလးထြက္လာသည္။

"ေမေမ"

ၾကည္ျဖဴ လည္းသူ႔သမီးေလးကို ျမင္ေတာ့မွ မ်က္ရည္ေတြကို အလွ်င္ျမန္ သုတ္ပစ္လိုက္တယ္။

"ေမေမ ငိုေနတာလားဟင္"

"မဟုတ္ပါဘူး လြန္းေလးရဲ႕ မ်က္လုံးထဲ ဖႈန္ဝင္သြားလို႔ပါ"

ကေလးကသိလွ်က္ေမးတာသိေပမဲ့ ေဒၚၾကည္ျဖဴလိမ္လိုက္မိသည္။

"အဲ့ဒါဆို လြန္း မႈတ္ေပးမယ္ေလ"

"လြန္းေလးက လိမၼာလိုက္တာ "

သိခၤလြန္းမိုင္ဆိုတဲ့ သူမကို သူ႔အေမက နမ္းရင္းေျပာလာသည္။ သူ႔အေဖနဲ႔ ဘာျပႆနာေတြတက္လည္း နားမလည္ေသးတဲ့အ႐ြယ္ဆိုေပမဲ့ မ်က္ရည္ေတြကိုေတာ့နားလည္ပါ၏။

"လြန္းသိလား။ လြန္းေလးကေလ ေမေမ အတြက္ ေပ်ာ္႐ႊင္မႈပဲ... ေမေမ့ဘဝအတြက္အေရးပါဆုံးပဲ"

"ေမေမကလည္း သမီးအတြက္ အေရးပါဆုံးပါပဲ။ အဲ့ဒါေၾကာင့္ ေမေမ မ်က္ရည္မက်ပါနဲ႔ ေမေမငိုရင္ လြန္း လည္းငိုခ်င္တယ္"

၅ ႏွစ္အ႐ြယ္ပဲရွိေသးတဲ့ ကေလးမေလးကလူႀကီးေလးလိုေျပာေတာ့ ၾကည္ျဖဴ႕ကို ရယ္ေစမိတာေတာ့ အမွန္ပဲ။ ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလိုက္လဲ။ ခုနကကိစၥကိုေတာင္ သူေမ့သြားသလိုပင္။

"ဟုတ္ပါၿပီ မအိပ္ေသးဘူးလား ၁၀ နာရီထိုးေတာ့မယ္ရွင့္"

အသဲယားစြာ မိုင့္ ႏွာေခါင္းေလးကို ၾကည္ျဖဴ ဆြဲၿပီးေျပာလိုက္သည္။

"ေမေမ နဲ႔တူတူအိပ္မယ္ ဒီည လြန္းကိုေခ်ာ့သိပ္"

"လာသြားရေအာင္"

ခြၽဲေနတဲ့သိခၤလြန္းမိုင္ေပါက္စေလးကို ၾကည္ျဖဴခ်ီၿပီး အေပၚထပ္က သိခၤလြန္းမိုင္ အိပ္ခန္းထဲ ဝင္သြားသည္။

သိခၤလြန္းမိုင္ အိပ္ေပ်ာ္သြားၿပီး ခဏအေနမွာ ၾကည္ျဖဴလည္း လိုက္အိပ္ဖို႔လုပ္လိုက္သည္။

ကလင္...ကလင္...ကလင္။

အိမ္ေရွ႕မွၾကားေနရသည့္ ႀကိဳးဖုန္းသံေၾကာင့္ သိခၤလြန္းမိုင္ေလး မႏိုးေစဖို႔ ၾကည္ျဖဴအျမန္ထကိုင္ရေတာ့သည္။

"ရွင္!..."

ဖုန္းထဲကေျပာလာတဲ့ စကားေတြေၾကာင့္ လက္ထဲဖုန္းေလး လြတ္က်သြားတဲ့ထိ အံ့ၾသမွင္တက္သြားရတယ္။ မယုံႏိုင္ဘူးဆိုရင္ပိုမွန္လိမ့္မယ္။ ခုနေလးတင္သူနဲ႔ တူတူရွိၿပီး ရန္ျဖစ္ေနတဲ့ သူ႔ေယာက်ာ္းက အခုပဲ ကားမေတာ္တဆ ျဖစ္တယ္ဆိုၿပီးေျပာလာတာေၾကာင့္ ၾကည္ျဖဴ ကိုယ့္နားကိုယ္မယုံႏိုင္။

မိုင့္ကို တစ္ေယာက္တည္းထားခဲ့ၿပီး ေဆး႐ုံသြားဖို႔လဲ မျဖစ္ႏိုင္တာေၾကာင့္ခုနေလးတင္အိပ္တဲ့ မိုင့္ကိုႏႈိးၿပီး ေဆး႐ုံကို အျမန္သြားခဲ့ရတယ္။ ဒါေပမယ့္ မမွီခဲ့ပါဘူး။ ဦးစည္သူက ခြဲခန္းထဲမွာပဲ ေသြးထြက္လြန္ၿပီး ဆုံးပါးသြားခဲ့သည္။ ဒါေပမဲ့ ျပႆနာအားလုံးက ဒီမွာတင္အဆုံးမသတ္သြားခဲ့ပါဘူး။ ဦးစည္သူ ဆုံးၿပီး ႏွစ္ပတ္ အၾကာမွာေပါ့။

"လဲ့ၾကည္ျဖဴ!!!လဲ့ၾကည္ျဖဴ!!!"

အိမ္ေအာက္ကေအာ္ေခၚသံေၾကာင့္ ၾကည္ျဖဴ အိမ္ေအာက္ကိုဆင္းသြားေတာ့အမ်ိဳးသမီးတစ္ေယာက္နဲ႔ အမ်ိဳးသားႏွစ္ေယာက္ကိုေတြ႕ခဲ့သည္။။

"ဟုတ္ ကြၽန္မက ၾကည္ျဖဴ ဘာကိစၥရွိလို႔ပါလဲ"

"ဒီမွာ နင့္ေယာက်္ားမေသခင္က ငါဆီက သိန္းတစ္ေသာင္းေက်ာ္ေခ်းသြားတယ္..."

"ငါ့ဆီမွာလဲ အေႂကြးတင္ေနတယ္"

မထင္မွတ္ထားသည့္စကားေတြေၾကာင့္ ၾကည္ျဖဴ႕ကို ေရွာ့စ္ရသြားေစတယ္။ မ်ားျပားလွတဲ့ ပိုက္ဆံေတြ ဦးစည္သူ တကယ္ အေႂကြးတင္ခဲ့တာလား။ ဒါေပမဲ့လည္း စာခ်ဳပ္စာတန္းေတြနဲ႔ပါေသခ်ာေခ်းခဲ့သည့္ စာခ်ဳပ္မွာရွိတဲ့ ဦးစည္သူ ရဲ႕ လက္ေဗြႀကီးဟာ တကယ္လို႔ေျပာေနခဲ့၏။ ဘာေတြေၾကာင့္မ်ား ဒီေလာက္ေခ်းခဲ့ရတာလဲ ၾကည္ျဖဴ တကယ္မသိခဲ့ပါ။ ေနာက္ဆုံးေတာ့ ၾကည္ျဖဴ အဲ့ေန႔ၿပီးေနာက္တစ္ေန႔မွာေတာ့ ၾကည္ျဖဴတို႔ရဲ႕ ခ်မ္းသာတဲ့ဘဝေလးဟာ ဆင္းရဲတဲ့ဘဝသို႔ခ်က္ခ်င္းလက္ငင္းကူးေျပာင္းသြားခဲ့၏။ အစပိုင္းမွာေတာ့ တိုက္ခန္းငွားေနၿပီး ေနာက္ပိုင္း တိုက္ခန္းေတာင္ မငွားႏိုင္၍ ဆင္းရဲသားရပ္ကြက္ေလးမွာပဲ ငွားၿပီးေနခဲ့ရတဲ့အျဖစ္ထိပါ ေရာက္လာခဲ့သည္။

အလုပ္ေတြကလည္း ၾကည္ျဖဴအတြက္ေလ်ာက္ရန္ခက္ခဲကာ တစ္ခုမွမရ။ ရခဲ့လ်င္လည္း မၾကာခဏျပဳတ္တက္၏။ ေနာက္ဆုံး စားဝတ္ေနေရးအတြက္ ေစ်းထဲမွာပဲ ဆိုင္ခန္းေလးငွားၿပီး ေစ်း ေရာင္းခဲ့သည္။

"ေမေမ"

ၾကည္ျဖဴ အိမ္ျပန္လာသည္ႏွင့္ သူ႔ကိုေစာင့္ေနတဲ့ သိခၤလြန္းမိုင္ေလး ကိုျမင္ေတာ့ အေမာေျပသြားေစသည္။

ဒီလိုအေျခေနထိေရာက္ေနတာေတာင္ မၿငီးမျငဴပဲအေျခေနအလိုက္ေနေပးတဲ့သူ႔သမီးေလးက ဘယ္ေလာက္ေတာင္ လိမၼာလိုက္လဲ။

"ပင္ပန္းေနၿပီလား"

"မပင္ပန္းပါဘူး လြန္းေလးရဲ႕ ေမေမထမင္းနဲ႔ဟင္းဝယ္လာတယ္ ေရာ့ လြန္းေလး တစ္ခ်က္ျပင္ေပးမလား"

"ဟုတ္ ေမေမ"

အခုဆို အဲ့ျပႆနာေတြတက္ၿပီးကတည္းက အိမ္ခဏခဏေျပာင္းေနရသည္ႏွင့္ မိုင့္ကိုေတာင္ေက်ာင္းမထားႏိုင္ေတာ့။ ၾကည္ျဖဴ သူ႔ကိုယ္သူသိမ္ငယ္မိတယ္ ဝမ္းလည္းဝမ္းနည္းမိတယ္။ ဒီထက္ပိုေကာင္းတဲ့ အေမ မျဖစ္ႏိုင္လို႔ေလ။ သူသာဒီထက္ပိုၿပီးအျဖစ္ရွိရင္ မိုင့္ဘဝေလးဟာ ဒီေလာက္ခက္ခဲမွာမဟုတ္ဘူးလို႔ သူေတြးေနမိသည္။ ေန႔တိုင္းလိုလိုေပါ့။

"ေမေမ ဒီေန႔ေစာေစာျပန္လာခဲ့ဦး"

"ဟုတ္ကဲ့ပါရွင့္ ေမေမ သြားၿပီေနာ္"

...

ထိုသို႔ျဖင့္ ရက္ေတြလေတြၾကာသြားလိုက္တာ ဒီေန႔ဆို သိခၤလြန္းမိုင္ ၆ ႏွစ္ေတာင္ျပည့္ၿပီ။ အဲ့ဒါေၾကာင့္ မိုင္ စိတ္လႈပ္ရွားေနသည္။ သူမေမြးေန႔ကို သူ႔အေမ မွတ္မိမလားေပါ့။ ဒါေပမဲ့ သူ႔ရဲ႕စိတ္လႈပ္ရွားမႈေတြဟာ ၾကည္ျဖဴ အိမ္ျပန္ေရာက္လာတဲ့အခ်ိန္မွာ အားလုံးေပ်ာက္ပ်က္သြားတယ္။ သူျမင္လိုက္တာက ကားအေကာင္းစားတစ္စီးသူတို႔အိမ္ေရွ႕ေလးမွာလာရပ္ေနတာကို။ ၿပီးေတာ့အဲ့ကားေပၚကဆင္းလာတဲ့ သူမ အေမ။ အိမ္အဝမွာေစာင့္ေနတဲ့သူ႔ကိုျမင္ေတာ့ သူ႔အေမက မိုင့္ဆီကိုအေျပးေလးလာသည္။

"ေမေမတို႔ေလ အိမ္ေျပာင္းရေအာင္ "

ၿပီးတာႏွင့္စီးႀကိဳၿပီးေျပာလိုက္သည့္စကားက 'အိမ္ေျပာင္းရေအာင္' တဲ့ေလ။ အိမ္ေျပာင္းရေအာင္ဆိုသည့္စကားက္ု မိုင္အႀကိမ္ႀကိမ္ၾကားဖူးေသာ္လည္း အခုတစ္ေခါက္ေျပာျခင္းကဘာလို႔ မိုင့္ကို စိုးထိတ္ေစတာလဲ။

"ေမေမ အဲ့လူက ဘယ္သူလဲ"

သူ႔အေမေျပာတာကိုလစ္လ်ဴရွဴၿပီး သူ႔အေမေဘးကပါလာသည့္လူႀကီးကို လက္ညိဳးထိုးၿပီးေမးလိုက္သည္။

"ေမေမ ေနာက္မွရွင္းျပမယ္ေလေနာ္။ အခုေတာ့ အိမ္ေျပာင္းဖို႔အရင္လုပ္ရေအာင္"

"ဟုတ္ ေမေမ"

လိမၼာတဲ့ကေလးမို႔ ဘာမွဆက္မေျပာပဲ သူ႔အေမေျပာတဲ့အတိုင္းပဲလုပ္လိုက္သည္။ ေျပာရင္ေရာ ဘာေျပာႏိုင္မွာမို႔လို႔လဲ။ ေမေမ အထုတ္ေတြကိုအဲ့လူႀကီးကိုယ္တိုင္လာၿပီး ယူေပးတယ္။ သိခၤလြန္းမိုင္ကိုေတာ့ သူမျမင္ဘူးလား။ ဒါမွမဟုတ္တမင္သက္သက္မျမင္ခ်င္ေယာင္ေဆာင္ထားလားေတာင္မသိပါ။ တစ္ခ်က္မွ်ပင္ လွည့္မၾကည့္ေပ။

"ကိုၿဖိဳး ဒါက ကြၽန္မသမီး"

"ဟာ ဟုတ္လား သမီးေလးက အေခ်ာေလးပဲ။ နာမည္က ဘယ္လိုေခၚလဲ ကေလး"

အခုမွ ထိုလူႀကီးပါးစပ္မွာႏူးႏူးညံ့ညံ့ေလးထြက္လာသည္။ သို႔ေပမဲ့ ထိုလူႀကီးကမိုင့္ကိုမႀကိဳက္ဘူးဟုခံစားေနရတုန္း။

"သိခၤလြန္းမိုင္...သိခၤလြန္းမိုင္ပါ ဦးဦး"

"နာမည္ေလးက အဆန္းေလးပဲကြ... ဦးေလးနာမည္လည္းမွတ္ထားေနာ္ ၿဖိဳးဝင္းေက်ာ္တဲ့။ ဦးၿဖိဳးေဝေက်ာ္ေပါ့ကြာ"

မိုင္ မဝံ့မရဲ ေခါင္းညိတ္ျပလိုက္ေတာ့ ထိုလူႀကီးကၿပဳံးသည္။ ထို႔ေနာက္ေမေမ့ဆီမွ အသံထြက္လာ၏။

"လြန္း သမီးေလး... ကိုၿဖိဳးဆီမွာလဲ သမီးေလးရွိတယ္ သိလား။ လြန္းထက္ေတာ့နည္းနည္းႀကီးေတာ့ အစ္မေပါ့"

"ေၾသာ္ ဟုတ္"

ထိုသို႔ျပန္ေျဖလိုက္ေသာ္လည္း မိုင့္ရင္ထဲျမည္ဟီးေနသည့္ စကားသံ‌ေတြကေတာ့ ထိုသို႔ မဟုတ္ေခ်။ အဲ့ဒါက သိခၤလြန္းမိုင္ ဘာဆိုင္လို႔လဲ။ အဲ့ ဦးေလးႀကီး နဲ႔ သူ႔အေမနဲ႔ပတ္သက္မႈက ဘယ္လိုမ်ိဳးလဲ ဆိုတာကိုပဲ သိခၤလြန္းမိုင္ သိခ်င္ေနတယ္။ သိခၤလြန္းမိုင္ မသိစိတ္ကတစ္ခုခုကို သိေနေပမဲ့ အဲ့ဒါမဟုတ္ပါေစနဲ႔လို႔ဆုေတာင္းေနမိတယ္။

"လာပါ ျဖဴ အိမ္ေရာက္မွ ဆက္ေျပာၾကတာေပါ့"

"ဟုတ္ အဲ့ဒါဆို သြားၾကတာေပါ့"

သိခၤလြန္းမိုင္တစ္ေယာက္ ကားေပၚမွာ သူတို႔ စကားေျပာလာတာကို နားေထာင္ရင္း သူတို႔ႏွစ္ေယာက္ရဲ႕ ဇာတ္လမ္းကို သိႏိုင္ခဲ့တယ္။

"ေရာက္ၿပီ ျဖဴ"

ကားဝင္သြားတဲ့ ၿခံႀကီးက တကယ္အႀကီးႀကီးပဲ။ သူတို႔ေနခဲ့တဲ့ အိမ္ထက္အမ်ားႀကီးပိုႀကီးတယ္ဆိုတာကို ၾကည္ျဖဴေရာ မိုင္ ပါသတိထားမိသည္။ ၿဖိဳးဝင္းေက်ာ္ တဲ့လူႀကီးကမေက်နပ္သလိုလို၊ ေအာင္ႏိုင္သူတစ္ေယာက္လိုလို အေမ့ကိုေျပာလာသည္။

"ျဖဴ သာ နည္းနည္းပိုအခ်ိန္ေပးခဲ့ရင္ ဒီလိုအိမ္မ်ိဳးနဲ႔

You are reading the story above: TeenFic.Net