Hello! 🚪📚

Background color
Font
Font size
Line height

အားလုံး မင်္ဂလာပါရှင့်...

ဘာလိုလိုနဲ့ ချစ်ခြင်း၏ တံခါးတစ်ဖက်လေးလည်း ပြီးဆုံးသွားခဲ့ပါပြီ။ အစကနေ အဆုံးထိ စီးမျောလိုက်ပါ သဘောကျပေးကြလို့ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ တစ်ချို့ Ending ကို ဒီလိုမဖြစ်စေချင်တဲ့သူလေးတွေ၊ အားမရတဲ့သူလေးတွေရှိရင်လည်း ရီ အားနာမိပါတယ်...

ရီ့အတွက် ဒီ Ending နဲ့ပဲ အဆုံးသတ်ဖို့အဆင်ပြေလို့လို့ပြောရမလား။ Fan Fiction ကနေ Oc ပြောင်းတုန်းက ဒီတစ်ခါတော့ HE ရေးမယ်ဆိုတဲ့စိတ်နဲ့ ချစ်ခြင်း၏ တံခါးတစ်ဖက်လေးကို စရေးခဲ့တာပါပဲ။ နောက်တော့မှ စိတ်ပြောင်းသွားခဲ့တယ်ပြောရမယ်ထင်တယ်... သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက နောက်ဆုံးမှာအဆင်ပြေသွားရင်တောင် နှစ်ယောက်လုံးရဲ့ရင်ထဲက ဒဏ်ရာတွေက လုံးလုံးကြီးပျောက်ကွယ်သွားမှာတော့ မဟုတ်လောက်ဘူးလို့ သူတို့နေရာမှာတွေးခဲ့မိလို့ထင်တာပါပဲ... အဲ့ဒါနဲ့ ဒီလိုဇာတ်သိမ်းလေးဖြစ်သွားတယ်ပေါ့နော်။

ဒါ့ကြောင့် အခုပြောစရာရှိတာက Season - 2 တောင်းဆိုနေကြတဲ့သူလေးတွေကိုပါ။ စိတ်မပူပါနဲ့ Season - 2 ကလာမှာပါရှင့်... အဲ့အတွက် အစီစဉ်လေးကရှိပြီးသားပါ။ Season - 2 ကျရင်တော့ အရမ်းကြီးလောင်ရမှာမျိုးတော့ မဖြစ်လောက်ပါဘူး။ အနီမှိုင်းမှိုင်းနဲ့ လွမ်းပျက်ပြယ်တို့လို Vibe မျိုးနဲ့ရေးသားမှာမို့ပါ... အဲ့နှစ်ပုဒ်ကိုဖတ်ဖူးတဲ့သူလေးတွေတော့နားလည်ပါလိမ့်မယ်။

နောက်တစ်ခုထပ်ပြောချင်တာကတော့ စာအုပ်ကိစ္စပါ။ စာအုပ်ထုတ်ခိုင်းတဲ့သူလေးတွေအတွက်လည်း စာအုပ်က ၇ လပိုင်းထဲမှာ လာပါလိမ့်မယ်။ အစကတော့ တိုက်နဲ့ ၁၁ လပိုင်းရက်ချိန်းထားတာပါ။ ဒါပေမဲ့ ၈ လပိုင်းနောက်ပိုင်းမှာ ရီ စာရေးဖို့ မအားလပ်ဖို့ဖြစ်လာနိုင်လို့ စာရေးနားနိုင်ပါတယ်။ ဒီမှာလည်း ရှိဖို့မသေချာတာမို့ တိုက်ကို Request လုပ်ပြီး ၇ လပိုင်းကိုပြောင်းရွေ့ခဲ့တာပါ။ အဲ့ဒါကြောင့် စာအုပ်ထုတ်တာက အရမ်းနီးကပ်သွားရင် တောင်းပန်ပါတယ်ရှင့်...

Season - 2 ကိုတော့ ၈ လပိုင်းဝန်းကျင်လောက် အပြီးပြီရအောင်တော့ ရေးကြည့်မှာပါ... စိတ်မပျက်သေးရင် ဆက်ဖတ်လို့ရပါကြောင်းလေး လာကြေငြာတာပါရှင် 🧡 Season - 2 က Season - 1 လို မကြောက်ကြပါနဲ့လို့ ✨

ဒါဆို ပြောစရာလေးတွေကုန်ပြီဆိုတော့ ဒီလောက်နဲ့တော်ပါပြီ... တကယ်ပါ အဆုံးထိသဘောတကျဖတ်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်... အများကြီးလည်း အားတက်ရတာမို့ နောက်ဆုံးတော့ ဇာတ်သိမ်းလေးကို စိတ််ချနိုင်သွားပါပြီ။

     အားလုံးကို လေးစားလျှက်

ချစ်တဲ့ ရီ 🧡

...







ဒါဆို ပြောစရာလေးတွေကုန်ပြီဆိုတော့ ဒီလောက်နဲ့တော်ပါပြီ... တကယ်ပါ အဆုံးထိသဘောတကျဖတ်ပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်... အများကြီးလည်း အားတက်ရတာမို့ နောက်ဆုံးတော့ ဇာတ်သိမ်းလေးကို စိတ်ချနိုင်သွားပါပြီ။

ချစ်တဲ့ ရီ 🧡

...


You are reading the story above: TeenFic.Net