ကောလေးကို အလိုလိုက်မယ့် သခင်လေး

Background color
Font
Font size
Line height

Unicode
ကျန်ချန်  သူ.. သူနောက်ဆုံးတော့ နောင်တတွေနဲ့ဘဲ သေဆုံးခဲ့ရတယ်.......
အလိမ်အညာတွေ ရဲ့အောက်မှာ သူကို တကယ်ချစ်တဲ့သူကို စွန့်ပစ်ခဲ့တယ်.... ဟက်....ကိုယ့် ကို သစ္စာဖောက်ပြီး ကိုယ့် ပိုင်ဆိုင်မှုတွေ လိုချင်တပ်မက်နေတဲ့ မိန်းမ ကိုမှ ချစ်ခဲ့ မိတယ်....
ကျန်းချန် ထပ်ပြီး ဆုတောင်းမိတယ် သူ့ကို နောက်ဆုံးအကြိမ် အခွင့်အရေး ထပ်ပေးဖို့ ဆုတောင်းမိတယ်
..........................................

မနက်ခင်းရဲ့ နေရောင်ခြည်က သူ့ကို မျက်နှာကို ထိုးလာတော့ ကျန်းချန် အလန့်တကြား နိုးထလာခဲ့တယ်....
သူ.. သူ သေသွားပြီ မဟုတ်ဘူးလား......
ကျန်းချန် ပတ်ဝန်းကျင် ကို ပတ်ကြည့်မိတော့ သူရဲ့ ဒုတိယ ဘဝ က အိမ်ကို ပြန်ရောက်နေတာတွေ့ လိုက်ရတယ်......

ဟားဟား သူ တကယ် ပြန်ရောက်လာပြီ သူတကယ့်ကို ပြန်ရောက်လာပြီ......
ဘုရားသခင်က သူ့ကို တတိယ အကြိမ် အခွင့်အရေး ထပ်ပေးခဲ့တယ်......

ဟက် ဟုတ်တယ် တတိယ အကြိမ်......
ပထမက သူ က အသက် ၁၀ နှစ် ထဲက မွေးရာ ပါ ရောဂါကြောင့် အသက် ၂၀ ထိ ဆေးရုံမှာ ဘဲ နေခဲ့တယ်..... ဒါပေမဲ့ သူ မိသားစုက သူ့ကို အရမ်းချစ်ကြတာကြောင့်   မိသားစုတိုင်းကလည်း ဒီလိုဘဲလို့ထင်ခဲ့မိတယ်.......
ဒါကြောင့် ပထမ အကြိမ် သေဆုံးပြီး ဒုတိယ အကြိမ် ကူးပြောင်းလာတဲ့ ဘဝမှာ သူ က သူ့ညီလေးကို အ​ကြွင်းမဲ့ ယုံကြည်ခဲ့တယ်......
ဟက်....ဒါပေမဲ့ ရလိုက်တာကတော့ ကိုယ့်ကို ချစ်တဲ့သူကို ဆုံးရှုံးစေခဲ့ပြီး ကိုယ်ချစ်တဲ့သူတွေ ရဲ့ သစ္စာဖောက်မှုတွေဘဲ.....
..........................................
သူ သူ့ အတွေးတွေ ကို ခေါက်ထားပြီး အခု လက်ရှိ အခြေအနေကို စဥ်းစားနေမိတယ် ......
အခု က အရာအားလုံးရဲ့ အစကို သူပြန်ရောက်လာတာဘဲ.......
အခု သူနေနေတဲ့ အိမ်က သူ့ကိုယ်ပိုင် အိမ်လေးဖြစ်ပြီး
ကျန်းချန်ကလည်း သာမန်ထက် နည်းနည်းသာ တဲ့ သခင်လေး ဖြစ်တယ်......
ကျန်းချန် ရဲ့ လက်ရှိ မိဘတွေ ဆုံးတော့ သူရယ် သူ့ ညီ ကျန်းယန် ရယ် ဘဲ ကျန်ခဲ့တယ်.....

ကျန်းယန်က အခု ချိန်ဆို တခြား မြို့က သခင်မလေး တစ်ယောက်နဲ့ ​လက်ထက်ပြီး အဲ့မြို့မှာဘဲ နေထိုင်နေတယ်......
ကျန်းချန် ကတော့ မိဘတွေ နေတဲ့ အိမ်မှာ ဘဲ ဆက်နေတာဖြစ်ပြီး ကျန်းယန် လက်ထက်ဖို့ သူတို့ မိဘတွေ ချန်ထားသမျှ နီးပါးကို ကျန်းယန်ကို ပေးခဲ့တယ်.....

အခု ကျန်းချန် မှာ ကျန်တာဆိုလို့. အိမ်၁လုံး လယ်ဧက ၁၀၀ စိုက်ပျိုးရေး မြေကွက် ၂၀၀ လောက်ဘဲရှိတော့တယ် ကျန်တဲ့ ၃၀၀ ဧက နဲ့ မြေကွက် ၅၀၀ ကို ကျန်းယန်ကိုပေးခဲ့တယ်......
ကျန်းယန် လက်ထပ် တာ သူတို့ ထက် မြင့်တဲ့ သခင်မလေး ဆိုတော့ ကျန်းယန် မျက်နှာ မငယ်ရအောင် မိဘတွေ စုဆောင်းထားသမျှ ရွှေချောင်း ကျောက်မျက် ရတနာတွေ ကို အကုန်ပေးခဲ့မိတယ်.......

ဟား သူ အရမ်း တုံးအ ခဲ့တာဘဲ.........
သူက ညီဖြစ်သူ အတွက် အာလုံး တွေးခဲ့ပေးခဲ့ပေမဲ့ သူ ပြန်ရလာတော့ သူညီက သူ့ ဆီက ပစ္စည်း ကို တပ်မက်ပြီး ပြည့်တန်ဆာ တစ်ယောက် ကို သခင်မလေး အဖြစ်မိတ်ဆက်ပေးပြီး သူ့ကို တကယ် ချစ်တဲ့ ကောလေးကို သတ်ပစ်ခဲ့တယ်.......

ပစ္စည်း...... ဟုတ်တယ် ..ပစ္စည်း ....ပုလဲလို လုံးဝန်းပြီး ချောမွေ့တဲ့ နီလာရောင်ကျောက်လေး.......
အဲ့ကျောက်လေး က မူလ ကျန်းချန် ပိုင်တဲ့ ကျောက်လေး ဖြစ်ပြီး ကျန်းချန် ဒုတိယ အကြိမ် ကူးပြောင်းလာတုန်းက မတော်တဆ ဖြစ်ပြီး သူ့ သွေး ပေသွားခဲ့ရာမှ

ဒီနီလာကျောက်လေး သာမန် မဟုတ်မှန်း သိခဲ့ရတာ ကျောက်လေးက နေရာလွတ် တစ်ခု ဖြစ်နေတာဘဲ....
စိုက်ပျိုး မွေးမြူလို့ ရတဲ့နေရာလွတ်......
နေရာလွတ်ထဲ မှာစိုက်ထားမွေးထား တာတွေ က အမြန် ရင့်မှည့်လွယ်တယ် ကြီးလွယ်တယ်......
ပြီးတော့ သူတွေးခဲ့တာ က ဒီကျောက်လေးက မူလ ကျန်းချန် ပိုင်တာဖြစ်လို့ ကျန်းယန်လည်းသိခွင့် ရှိတယ်လို့ ယူဆပြီး သူပြောပြခဲ့တယ် အဲ့နောက် ပိုင်းကတော့ သူအတွက် နောင်တတွေ အများကြီးဘဲ.....

အခု သူပြန်ရောက်လာမှတော့ အရင်လို လုံးဝ မဖြစ်စေရဘူး လက်စားလည်း မချေ တော့ဘဲ သူ့ကောလေးကို ခေါ် ကာ တခြားမြို့ ကို ပြောင်းကာ ဘယ်သူမှ သူတို့ကို မသိတဲ့ မြို့လေးမှာ မိသားစုနဲ့ အတူ ပျော်ပျော်ရွင်ရွင် နေသွားတော့မယ်လို့ ဆုံးဖြတ်ထားတယ်......

အခုလက်ရှိ ချိန်က သူ့ညီ လက်ထပ်ပြီး ၁ပတ်အကြာ
သူ့ကောလေး လက်ထပ်ဖို့ ၃ရက်သာ လိုတော့တယ်.
နေရာလွတ် အ​ကြောင်း မပြောရသေးတာမို့ သူ့အတွက်
တော်သေးတယ်.......
သူအတွေးတွေ နယ်ချဲ့နေတုန်း... တံခါးခေါက်သံ ထွက်လာတယ်....

ဒေါက် ဒေါက် သခင်လေး......ကျွန်တော် အားချီ ပါ....
အင်း ဝင်လာခဲ့....
သခင်လေး ဒီနေ့ သခင်လေး ရဲ့ မဂ်လာဝတ်စုံ စမ်းဝတ်ရမှာ......
အင်း ငါလာခဲ့မယ်...... မိုမို ရော....

မိုမို က သူ့ကောလေးလေ သူကို အရမ်းချစ်ပေမဲ့ သူက ပြည်တန်ဆာ တစ်ယောက်အတွက် ကွာရှင်းခဲ့တယ် ဘယ်လောက်တောင်ရူးမိုက်ခဲ့တာလဲ....

သခင်လေ ပိုင် က ဥယာဥ်ထဲ မှာ နေပူဆာလှုံနေပါတယ်......
အင်း.....
ကျန်းချန် ဥယာဥ်ထဲ ရောက်တော့ ထိုင်ခုံလေးပေါ်မှာ ငြိမ်သက်စွာ  ထိုင်နေတဲ့ မိုမို ကိုတွေ့ လိုက်ရတယ်.....
မိုမို က သူ့မိဘတွေ အရမ်းရင်းနှီးတဲ့ မိတ်ဆွေ ရဲ့ တစ်ဥိီးတည်းသော ကောလေး ဖြစ်ပြီး မိုမို့ မိဘတွေ မတော်တဆ ဖြစ်တော့ မိုမို့ကို ကျန်းချန် နဲ့ စေ့စပ်ပေးပြီး သူတို့နဲ့ဘဲ အတူနေစေခဲ့တယ်.....
အခု ကစပြီးတော့ သူမိုမို တစ်ယောက်ထဲဘဲ ကြည့်တော့မယ်......

Zawgyi

..........................................




ဟကျ....ဒါပမေဲ့ ရလိုကျတာကတော့ ကိုယျ့ကို ခဈြတဲ့သူကို ဆုံးရှုံးစခေဲ့ပွီး ကိုယျခဈြတဲ့သူတှရေ့ သစ်စာဖောကျမှုတှဘေဲ.....
..........................................
သူ သူ့ အတှေးတှကေု ခေါကျထားပွီး အခု လကျရှိ အခွအေနကေို စဥျးစားနမေိတယျ ......


























You are reading the story above: TeenFic.Net