Unide
ဒီနေ့လည်း တည်းခိုဆောင်မှာဘဲနေကာ သူတို့အတွက်အဆင်ပြေမဲ့အိမ်ကို လိုက်ရှာရတော့မည်...လီရန်တို့ကို
ရောင်းမည့် လယ်တွေ မြေကွက်တွေ အိမ်တွေ ရှာခိုင်းလိုက်သည်... အရင်ဆုံးကတော့ အိမ်ကိုရှာရမှာပင် မြို့အစွန် နှင့် ရွာဘေး တွေကို အဓိက ကြည့်ခိုင်းလိုက်သည်...တိတ်ဆိတ်ပြီး လယ်၊မြေကွက်တွေ မဝေးလျင် ပိုကောင်းသည်.....
အားပိတို့မောင်နှမတွေကို ဆိုင်တချို့ကိုရှာခိုင်းလိုက်ပြီး ကျန်းကွေ့တို့ကို ဆန်၊ဂျုံ ၊ အသီးအနှံစျေး နှင့် မြို့ထဲလူများအကြောင်းစုံစမ်းခိုင်းလိုက်သည်...သူကတော့ မိုမို့ကိုခေါ်ကာ မြို့ထဲရှိ စားသောက်ဆိုင်တွေကို အတူလျှောက်ကြည့်လိုက်သည်.....
ဒီမြို့မှာ စားသောက်ဆိုင်ကြီး ၃ဆိုင်ရှိကာ ထိုထဲက ချန်ယွီ စားသောက်ဆိုင်ဟာ မြို့တော်ကဆိုင်ခွဲ ဟုဆိုကြသည်... သူတို့လည်း ထိုဆိုင်ကိုဘဲသွားကာ နေ့လည်စာ စားလိုက်ကြသည်... ဟင်းတွေရဲ့ အရသာ နဲ့ တန်ဖိုးက သူထင်ထားတာထက်ကို ပိုသည်... ဖူးချိုင်နဲ့ ယှဥ်ရင် အရမ်းကွာခြားလွန်းသည်... စျေးကလည်း နှစ်ဆကွာသလို အရသာကလည်း အလွန်ကောင်းလှသည်.....
သာမန် ဟင်းတစ်ခွက်တောင် ငွေချောင်း ရာကျော်သည်... သာမန်လူတွေ မလာနိုင်သောနေရာလည်းဖြစ်သည်... ဒါတောင် ဆိုင်တစ်ခုလုံး လူများပြည့်နေပြီး သီးသန့်ခန်းတောင် မကျန်တော့ပေ... စားပြီးတာနှင့် တခြားနေရာတွေကိုလည်း လျှောက်ကြည့်လိုက်ကြသည်.....
မိုမိုရဲ့ စူးစမ်းနေပုံရသည့် အကြည့်အောက်မှာဘဲ သကြား ၂အိုး ၊ တဆေး အနည်းငယ်ကို ဝယ်လိုက်သည်... ထို့နောက် ထပ်မံလည်ပတ်ကြည့်ရင်း မိုမို ညောင်းလာတော့မှ တည်ခိုဆောင်သို့ပြန်ကာ အနားယူလိုက်ကြသည်... ဒီနေ့ သူ့ရည်ရွယ်ချက်က နေရာလွတ်ထဲက ပစ္စည်းတွေ ရေရှည်ရောင်းရန် စားသောက်ဆိုင်ကြီးတစ်ဆိုင်ကိုရှာဖို့ပင်... ချန်ယွီက အကောင်းဆုံးရွေးချယ်မူပင်.....
တခဏကြာတော့ ကျန်းကွေ့ ပြန်လာကာ စျေးများမှတ်ထားသော စာရွက်ကိုပေးလာသည်... စျေးက အရင်မြို့နဲ့ အနည်းငယ်သာကွာပါသည်... ကျန်းကွေ့ကို ပြန်ခိုင်းကာ သူကတော့ နေရာလွတ်ထဲ မိုမိုနဲ့အတူ ဝင်သွားလိုက်သည်.....
အထဲရောက်တော့ တော်တော်ကို ပြောင်းလဲသွားသည်
ငါးနဲ တိရစ္ဆာန်များလည်း သုံးဆခန့်ပွားနေပြီး ယုန်တွေဆို ပိုများနေသည်...သစ်သီးပင်များက အသီးများ မှည့်ကာ ခူးလို့ရနေပြီ... ခရီးသွားတဲ့၁၀ရက်ကျော်က ပစ္စည်းထုတ်တာကလွဲလို့ အထဲမဝင်ဖြစ်ပေ... ထို့ကြောင့် ဂျုံများကို အခုမှသာသိမ်းလိုက်ရသည်... ထို့နောက် ဟင်းသီးဟင်းရွက် မျိုးစေ့များ ကို နေရာခွဲကာ စိုက်ပျိုးလိုက်သည်.....
တစ်ဖက်တွင်လည်း လီရန်တို့ လူခွဲကာ မြို့ထဲက အိမ်တော်ကြီးတွေ ပွဲစားတွေ ရုံးတော်မှာ စုံစမ်းလိုက်ကြသည်... ရလဒ်ကတော့ မြို့ထဲတွင်အိမ်တော်ကြီးတစ်ခုနဲ့ သာမာန်ထက် ၂ဆလောက်ကျယ်တဲ့ ခြံဝန်းပါ နှစ်ထပ် အိမ်တစ်လုံး ရောင်းရန်ရှိပေသည်...ခြံနဲ့အိမ်ကို ကြည့်ပြီးသောအခါ လယ်တွေဘက် လှည့်လိုက်သည်....
မြို့ပြင်တွင် ရှီးနွမ် ဟုခေါ်သော ရွာနဲ့ မြို့ကြားတွင် လယ်ဧက၂၀၀ ကျော်ရှိပြီး ရွာရှေ့ဘက်တွင် မြေကွက် ဧက ၃၀၀ ကျော် ကျန်သေးသည်...သူတို့ လာကြည့်သောအခါ လယ်ကွက်များကတော့ အလတ်တန်းစားမြေများဖြစ်သည်... မြေကွက်များအဆုံးတွင် တောင်တန်းကြီး ရှိပြီးရွာရဲ့အဆုံးတွင် ပင်လယ်ပြင်လည်းရှိပေသည်...သခင်သာ သိရင်ပျော်နေလောက်သည်.....
အားပိတို့လဲ ဆိုင်များအတွက် စျေးထဲတွင် လိုက်လံမေးမြန်းစုံစမ်းနေသည်... ရောင်းမည့်ဆိုင်များကသေးသလို နေရာလည်းမကောင်းပေ...ကျန်းကွေ့တို့ဘက်တွင်လည်း သိသင့်သိထိုက်တာမှန်သမျှကို စုံစမ်းနေခဲ့သည်.....
မိုမို့ကိုလှမ်းကြည့်လိုက်တော့ သီးပင်များအောက် ရောက်နေသည်ကိုတွေ့လိုက်သည်...အိမ်ကြီးထဲသို့ အရင်ဆုံးသွားပြီး ခြင်းလတ် နှစ်ခြင်းယူကာ မိုမို နဲ့အတူ မက်မွန်သီး ၊ စတော်ဘယ်ရီသီး အနည်းငယ် နှင့် စပျစ်သီး တော်တော်များများကို ကိုယ်တိုင်ခူးကာ အိမ်ကြီးထဲ ပြန်ယူလာလိုက်သည်... မိုမို့ကို အသီးများသာ စားနေစေကာ သူကတော့ စပျစ်သီးများကိုယူ၍ မီးဖိုထဲဝင်လာလိုက်သည်.....
ကော မီးဖိုချောင်ထဲ စပျစ်သီးများယူသွားသည်ကို မြင်လျှင် စောနကစျေးထဲတွင် သကြားများနဲ့ တဆေးများဝယ်ခဲ့သည်ကို အမှတ်ရလိုက်သည်... ကြည့်ရတာတစ်ခုခုလုပ်မလို့နဲ့တူသည်... ဘာပဲဖြစ်ဖြစ် သူမမေးလိုက်ပေ... ကောသာ လုပ်ပြီးသွားရင် သူ့ကိုပြောပြမှာဘဲဟာကို အဲ့တာကြောင့် စတော်ဘယ်ရီသီးများကိုသာ ဇိမ်ခံစားနေလိုက်သည်.....
နေ့လည်က ချန်ယွီတွင် ဝိုင်မရှိသည်ကိုတွေ့လိုက်ရသည်... ဒါကြောင့် ဝိုင်တချို့ကို လုပ်ကြည့်မလို့ပင်... ဟိုးအရင်သူ့မိသားစုက ဘိုးဘွားစဥ်ဆက် ဝိုင်များကိုအဓိကထုတ်လုပ်တာ ဖြစ်ပြီး သူ့အဖေက လက်ထက်တွင် သူ့မိသားစုဝိုင်များက အကောင်းတကာ့အကောင်းဆုံးဖြစ်လာခဲ့သည်.....
ငယ်ငယ်ထဲသူ့အဖေကို အားကျပြီး သူလည်း ဝါသနာပါတာကြောင့် ၅နှစ်အရွယ်လောက်ထဲက သူ့အဖေနောက်ကို လိုက်ကာ စတင်သင်ယူဖြစ်ခဲ့သည်... ဒါပေမဲ့ သူ့အသက် ၁၀နှစ်မှာ နေမကောင်းဖြစ်တော့ အဲ့နောက်ပိုင်းထပ်မလုပ်ရတော့တာ ယခုအထိပင်.....
မလုပ်တာ ကြာပြီးမို့ ကောင်းပါ့မလားတောင် မသိပေ...
အရင်ဆုံးစပျစ်သီးများကို ရေဆေးပြီး အခြောက်ခံထားလိုက်သည်... ထိုအချိန်တွင် မိုမိုက မီးဖိုထဲကို ဝင်လာကာ နေရာလွတ်ထဲမှာ သူတို့တော်တော်ကြာနေပြီမို့ တစ်ခြားသူတွေ စောင့်နေလောက်သည်ဟု သတိပေးလာသည်.....
ဒါ့ကြောင့် သူလည်း မိုမို့ကို မက်မွန်သီးအနည်းငယ်ကို ကျန်တဲ့သူတွေ ဝေပေးရန်ပြောလိုက်ပြီး နေရာလွတ်အပြင်ကို လိုက်ပို့လိုက်သည်... ညစာကိုလည်းစားထားနှင့်ရန်မှာလိုက်ပြီး သူကတော့ အထဲကို ပြန်ဝင်လာလိုက်သည်.....
စပျစ်သီးများအခြောက်ခံထားတာကို စောင့်ရင်း အိမ်ထောင့်စွန်းက အိုးလတ် နှစ်အိုးကိုယူကာ ရေးနွေးဖြင့် သေချာဆေးကြောလိုက်သည်... အိုးကိုရေခဏစစ်လိုက်ပြီးနောက် စပျစ်သီးများကို အိုးထဲသို့ လက်ဖြင့်ချေကာ ထည့်လိုက်သည်.....
လီရန်တို့အားလုံး ညနေစောင်းမှ တည်းခိုဆောင်ကိုပြန်ရောက်လာသည်... ရောက်ရောက်ချင်း သခင်တို့ကို အရင်ဆုံးသွားတွေ့လိုက်ကြသည်...ဒါပေမဲ့ သခင်လေးသာ ရှိပြီး သခင် မအားသေးကြောင်းပြောပြီး မက်မွန်းသီးများကိုလည်း ပေးလာသည်...ထို့ကြောင့် အခန်းသို့ပြန်ကာ ကိုယ်လက်သန့်စင်ကာ... အားလုံး ညစာစားလိုက်ကြသည်.....
အတန်ကြာချေပြီးနောက် စပျစ်သီးအားလုံးကို ချေပြီးသွားသည်... စပျစ်သီးချေတာက တော်တော်ကိုလက်နာသည်...ဒါတောင် စမ်းရေသောက်ပြီးနောက် သူ့ခွန်အားအနည်းငယ်တိုးလာသည်...နောက်ဆို စပျစ်သီးချေဖို့အတွက် သစ်သားတုတ်ကြီးများကို သီးသန့်ပြုလုပ်ရမည်ပုံပင်.....
အိုးထဲက ချေထားသည့်စပျစ်များပေါ် သကြားသုံးချိုးတစ်ချိုးကို ထည့်လိုက်ပြီး တဆေး အနည်းငယ်ကိုလည်းထပ်ထည့်ကာ နှံအောင်မွှေလိုက်သည်... ပြီးတော့မှ ပိတ်စဖြင့် လုံအောင်ဖုံးထားလိုက်သည်... နောက်တစ်အိုးကိုတော့ သကြားနှစ်ချိုးတစ်ချိုးထည့်ကာ အရင်အိုးလိုဘဲလုပ်လိုက်သည်.....
မနက်ဖြန်လောက်ဆို သောက်ကြည့်လို့ရလောက်ပြီမို့ အဲ့ကြမှဘဲ ဘယ်ဟာက ပိုကောင်းလဲဆိုတာ သိလိမ့်မည်... နောက်တစ်ခေါက်ဆို စမ်းရည်ကိုလည်းထည့်ကြည့်ရမည် အရသာပိုကောင်းသွားလောက်သည်.....
အားလုံးပြီးသွားမှ အပြင်ကိုပြန်ထွက်လိုက်သည်...
အပြင်ရောက်တော့ တော်တော်ကို မှောင်နေလေပြီ မိုမိုကတော့ မအိပ်သေးပေ...မိုမိုက '' ကော ညစာ ပြင်ခိုင်းလိုက်ရမလားဟင် ''မေးလာသည်...သူခေါင်းရမ်းလိုက်ပြီး ''ကိုယ်ဗိုက်မဆာဘူး မိုမိုအိပ်တော့နော်... ကိုယ် လီရန်တို့ဆီ သွားလိုက်အုံးမယ်'' လို့ပြောကာ အောက်ထပ်ကို ဆင်းလာလိုက်သည်.....
Zawgyi
You are reading the story above: TeenFic.Net