🥧

Background color
Font
Font size
Line height

ငါးနှစ်ကြာပြီးသောအခါ......

အမျိုးသမီး အကျဉ်းထောင်ဝတွင် အမျိုးသမီးတစ်ဦး။

" မောင့်ဆီကို ကျွန်မပြန်လာခဲ့တော့မယ်..မဏိတောင် ကျွန်မကို နှုတ်ဆက်သွားပြီး ရန်ငြိုးတွေကျေအေးသွားခဲ့တာပဲလေ"

Aylaတစ်ယောက်တည်းရေရွတ်ရင်း မဏိသူ့ဆီ နောက်ဆုံးတစ်ခေါက်လာသည်ကို သတိရမိသွားသည်။လွန်ခဲ့တဲ့ ၄နှစ်ကပေါ့။

————-

အတိတ်...

" နင် ထောင်ကလွတ်တဲ့အခါကျ နင်ရင်းနှီးစားသောက်ဖို့ သိန်း၂ထောင်ထည့်ပေးထားတယ်၊ နင့်ဘာသာကြိုက်တာလုပ်...ကြိုက်သလိုနေ ငါ့လာမနှောင့်ယှက်နဲ့၊ ငါလည်း နင့်မနှောင့်ယှက်ဘူး"

" နင် ဘာလို့ဒီလိုပြောင်းလဲနေတာလဲ"

" ငါ ဒီအလုပ်တွေဆက်မလုပ်တော့ဘူးလေ...ငါချစ်တဲ့လူနဲ့ မိသားစုဘဝတည်ဆောက်တော့မှာမို့လို့၊ ဗိုက်ထဲက ကလေးကလည်း ၂လရှိနေပြီ၊ အဲဒါကြောင့်"

" နေပါဦး နင်က အောက်ပုဂ္ဂိုလ်လည်းမဟုတ်..ပြီးတော့ နင့်ကို တကယ်ချစ်တဲ့လူကရှိမလား"

"သူ့ကိုငါပိုင်တယ် ဒီတော့ သူမချစ်လည်းရတယ် နင့်ဘာသာ ငါ့ကိုဘာပြောပြော ငါ့ဘာသာ ဘယ်လိုနေနေ ငါချစ်တဲ့လူမို့ ဆင်းပေးတာရှင်းလား နင့်ကို အဲဒါလာပြောတာ ငါပြန်ပြီ၊ ငါနောက်ဆုံးလာတွေ့တာ နွယ်"

" သွားစမ်းပါ...လာမနှုတ်ဆက်နဲ့"

———

ပစ္စုပ္ပန်ကာလ.....

Ayla တစ်ယောက်တည်း မောင်ရှိတဲ့အိမ်ကိုလာခဲ့လေသည်။

အိမ်ရှေ့က လူခေါ်ဘဲလ်ကိုနှိပ်လိုက်တော့

" ဘယ်သူနဲ့တွေ့ချင်တာလဲ"

" ဇင်ယော်လှိုင်းနဲ့ပါ"

" အရင်အိမ်ပိုင်ရှင်လား"

" ဟုတ်ကဲ့"

" သူပြောင်းသွားတာ ငါးနှစ်လောက်ရှိပြီ"

" ဘယ်ကိုပြောင်းသွားလဲသိလား"

" အဲဒါတော့မသိဘူး...ကျွန်မတို့တောင် အိမ်ပိုင်ရှင်နဲ့မတွေ့လိုက်ရဘူး ဦးထွန်းနဲ့ပဲတွေ့ရတာ ဦးထွန်းပဲသိလိမ့်မယ်"

" ဦးထွန်းလိပ်စာလေးသိလို့ရမလား"

" ဟုတ်ကဲ့......အဲဒီမှာရှိတယ်ရှင့်"

" ကျေးဇူးပါရှင့်"

Ayla လည်း အိမ်လေးကို ငေးကြည့်ရင်း ဦးထွန်းဆီထွက်လာခဲ့လေသည်။

" ဒါဆို ဒီသူငယ်မက...ဇင်ယော်ရဲ့ ရည်းစား အဲလိုပေါ့"

" ဟုတ်ကဲ့...."

" ဇင်ယော်က ရုတ်ချည်းပြောင်းသွားတာကွ...ဦးထွန်းနဲ့တောင် မတွေ့ရတော့တာနှစ်တွေကြာနေပြီ၊ ဦးထွန်းကြားမိသလောက် နိုင်ငံခြားထွက်သွားတာလိုလို၊ ရည်းစားနောက်လိုက်သွားတာလိုလိုနဲ့ပဲ...ပျောက်သွားတာတော့ကြာပြီ...ဦးထွန်းလည်းမေတ္တာပဲပို့နိုင်တော့တယ်"

" ဟုတ်ကဲ့ ကျေးဇူးပါ ဦးထွန်း ကျွန်မ ပြန်လိုက်ပါဦးမယ်"

Aylaထွက်လာခဲ့သည်။ သူ့မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရသလိုမျိုး ခံစားချက်နဲ့။ မောင့်ကိုဘယ်လိုရှာရမလဲ၊ မောင် အပုန်းကောင်းတာလား။ မောင်ဘယ်မှာလဲ။

အတွေးများစွာဖြင့်၊

အခုတော့ သူသိသည်က သူနေဖို့ထိုင်ဖို့ နေရာရှာရတော့မည်လေ။ အရင်နေရာက မဏိနေရာဆိုတော့ သွားလို့မရတော့မှန်းသိပါသည်။ ဒါကြောင့်ထောင်ထဲမှာတုန်းက ခင်မင်ခဲ့တဲ့ အစ်မတစ်ယောက်ရှိရာဆီ သူထွက်လာခဲ့လေသည်။ ထိုအစ်မက သူမအားအဓမ္မပြုကျင့်သူကို ဓားနဲ့ခုတ်သတ်ခဲ့သည်။ သို့သော် သေသွားသည့်သူ၏ မိဘများက ချမ်းသာသည့်သူများဖြစ်သဖြင့် ငွေများတရားနိုင်ဖြစ်ကာ ထိုအစ်မပဲ ထောင်နန်းစံရလေသည်။

အခုတော့ လွတ်ပြီး သူ့ကလေးနှင့်အတူ ကလောတွင် အေးအေးချမ်းချမ်း ခြံစိုက်နေလေသည်တဲ့။ ထိုအစ်မ လိပ်စာလေးကို မှတ်ထားသည်က အသုံးဝင်လေသည်။ ကလောမှာနေပြီး မောင့်ကိုရှာရမည်။ Aylaထိုဆုံးဖြတ်ချက်ဖြင့် ကလောကိုထွက်လာခဲ့လေသည်။

———

" အစ်မ အင်ကြင်း....အစ်မ"

ခြံရှေ့ကအော်ခေါ်နေသံကြောင့် အင်ကြင်း ခြံထဲတွင် ပေါင်းနှုတ်နေရာမှ ထွက်လာခဲ့သည်။ ကြည့်လိုက်တော့ နွယ်ဆိုသည့်အမျိုးသမီး။ ထောင်ထဲတွင် ညီမလေးလိုချစ်ခင်ခဲ့ရသူ။

" ဟယ်....ညီမ တကယ်လာတာလား"

" တကယ်လာလို့ ညီမ ဒီရောက်လာတာပေါ့....အစ်မက တအားချောနေတာ အသက်၄၅ဆိုတာ ဟုတ်ရဲ့လား"

" ဟုတ်ပါတယ်ရှင်...ညီမကရော အသက်(၄၀)ကို နုနေတာ ၃၀စွန်းလို့ကိုထင်ရတယ်...နေပူကြီးထဲ ရပ်နေရတာပဲ လာလာ"

အင်ကြင်းက ဦးဆောင်ခေါ်လာကာ...Aylaကိုနေရာချပေးသည်၊ Aylaလည်း အကြောင်းစုံပြောပြတော့ အင်ကြင်းက သူနဲ့နေလို့ရကြောင်းနှင့် သူတို့သားအမိနှစ်ယောက်တည်းမို့ အဖော်မရှိကြောင်းပြောပြလေသည်။

" ဒါဆို...အစ်မဆီမှာပဲနေလိုက်တော့မယ်...အားနာနာနဲ့ဆက်ပြောရတော့မှာပဲ...အလုပ်လေးလိုချင်လို့"

" အဲဒါက...အစ်မ အသိတစ်ယောက်က မူကြိုဖွင့်ထားတာ ညီမလေးကလည်း ကလေးချစ်တတ်တယ်၊ ဘွဲ့လည်းရထားသေးတာဆိုတော့ အစ်မပြောပေးမယ် မူကြိုဆရာမလုပ်မလား၊ အိန္ဒြေရှိတာပေါ့ ဆရာမဆိုတော့ အစ်မ အလုပ်ထဲမခေါ်တာကျ ပင်ပန်းတယ် ညီမလေးနဲ့မကိုက်လို့နော်"

" ဟုတ်ကဲ့ အစ်မ....ကျေးဇူးတင်ပါတယ်"

" တစ်ခုတော့ရှိတယ် ညီမလေး"

" ဟုတ်ကဲ့ အစ်မ ဘာများလဲ"

" Ayla ဆိုတဲ့နာမည်ကိုဖျောက်ပစ်ရမယ်နော် နွယ်လို့ပဲသုံးရမယ်"

" ဟုတ်ကဲ့ အစ်မ"

Aylaအတွက်တော့ မှီခိုစရာလေးရှိနေသေးလို့တော်ပါသေးသည်လေ။ မောင်ကရော၊ တစ်ယောက်တည်းကျန်တဲ့ မောင့်မှာ မှီခိုစရာလူရှိပါ့မလား။

( အခုကစပြီး နွယ်လို့ပြောင်းသုံးပါတော့မယ်နော်)

နွယ် ကျောင်းကို စသွားရမယ့်နေ့မှာ ပထမဆုံး မြန်မာဝမ်းဆက်လေးကိုဝတ်ထားလိုက်သည်။ မောင်သာမြင်ရင် လှတယ်လို့ပြောနေမှာပါ။ တကယ်လည်း မောင့်ရဲ့နွယ်ဟာ လှနေဆဲပါပဲလေ။

နွယ် အစ်မပြောတဲ့လိပ်စာအတိုင်းကျောင်းကို ရောက်လာခဲ့လေသည်။ မူကြိုနာမည်လေးက ရောင်နီသစ်မူကြိုတဲ့လေ။ ကလေးငယ်တွေက အပြုံးပန်းကိုယ်စီနဲ့။ Aylaငယ်ငယ်ကတော့ မိဘတွေရဲ့ ရိုက်နှက်တာကိုခံခဲ့ရတာကြောင့် အပြုံးပန်းပွင့်ဆိုတာဘာလဲတောင်မသိတော့ပါ။

မအင်ကြင်းရဲ့မိတ်ဆွေက နွယ့်ကိုကလေးတွေနဲ့ မိတ်ဆက်ပေးလေသည်။ ကလေးချစ်တတ်တဲ့ နွယ်ကတော့ ရောက်တာနဲ့ ကလေးတွေနဲ့တည့်အောင် ပျော်အောင်နေတော့သည်လေ။ ကလေးတွေက ပျော်တတ်တာကြောင့် မြန်မြန်ပဲ သူအသားကျခဲ့သည်လေ။

ကျန်တဲ့ကလေးတွေက ပျော်နေသလောက် ကလေးတစ်ယောက်က ချောင်ထဲမှာ ကုပ်ကုပ်လေးထိုင်နေလေသည်။နွယ်လေး ထိုကလေးဆီသွားကာ

" သမီးလေး တစ်ယောက်တည်းပျင်းလို့လား"

" ဟုတ်တယ်...မာမားကိုလွမ်းလို့"

" မာမားက သူငယ်ချင်းတွေနဲ့ကစားစေချင် စာတွေသင်စေချင်လို့ လွှတ်တာကို မာမားကိုလွမ်းရင် မာမားစိတ်မကောင်းဖြစ်မှာပေါ့"

" လွမ်းတယ်ဆိုတာ ခံစားချက်တစ်စိတ်တစ်ပိုင်းလေ တီချယ်ကလည်း....တစ်ယောက်ယောက်ကိုလွမ်းတာ ချစ်လို့ပေါ့"

ကလေးတစ်ယောက်ဆီက ထိုစကားမျိုးကို ကြားရလိမ့်မယ်လို့ နွယ်တစ်ခါမှမတွေးဖူးပါ၊ သူ့စကားတွေက မောင်စကားပြောနေသလို၊ သူ့ရုပ်ကလည်း မောင်နဲ့ဆင်သလိုလိုရှိသောကြောင့်ပင်။ ဒါကြောင့် နွယ်မေးကြည့်မိသည်။

" သမီးလေးက ဘယ်လိုလုပ် ဒီလိုစကားတတ်နေရတာလဲ"

" မာမားက မာမီ့ကိုလွမ်းရင် ပြောနေကျစကားတွေလေ....မာမားက မာမီ့ကို တအားချစ်တာ...မာမီကခရီးတွေထွက်ရတော့ မအားဘူး...မီးမီးကလည်း မာမားနဲ့ပဲနေရတာ...မာမား မာမီနဲ့ဖုန်းပြောရင် အဲလိုတွေပြောတာပဲ"

နွယ်သိလိုက်ပါပြီလေ၊ သူတို့ အမေနှစ်ယောက်က ချစ်ခြင်းမေတ္တာတွေနဲ့သာယာကြည်နူးနေတော့ ကလေးကလည်း....။

ထိုကလေးနှင့် စကားပြောပြီး နွယ် ထိုကလေးနဲ့တော်တော်လေးခင်သွားပါသည်။ ထိုကလေးပြောပုံအရဆို သူ့မာမားက ဓာတ်ပုံဆရာမ၊ သူ့မာမီကတော့ ဟိုတယ်ပိုင်ရှင်တဲ့လေ။

မူကြိုကျောင်းဆင်းတော့ ကလေးမိဘတွေလာကြိုကြသည်။ နွယ်က ကလေးတွေကို ကျောပိုးအိတ်လွယ်ပေးနေလေသည်။ ထိုကလေး သစ္စာလှိုင်းငယ်ဆိုတဲ့ကလေးကတော့ အိတ်ကိုသူ့ဘာသာ လွယ်ကာ သူ့မာမားဆီသွားတော့သည်။

" လှိုင်းငယ်..."

နွယ်၏ နှလုံးသားတစ်ခုလုံးကို ထိုအသံက လှုပ်ခတ်သွားသည်။ သေချာပါတယ် ဒါမောင့်အသံ။ နွယ် မူကြိုကျောင်းတံခါးကနေ မျှော်ကြည့်မိသည်။ မောင်ဟာ သူ့သမီးကို ချစ်လွန်းသော မျက်လုံးများဖြင့် ကြည့်လျက်။ နွယ်ငေးကြည့်မိသည်။ မောင်ဟာ အရင်လိုပုံစံ ဂျစ်တီးဂျစ်ကန်မျိုးလည်းမဟုတ်တော့။

ချောကလက်ရောင်ဘောင်းဘီရှည်နဲ့ creamရောင် ပိုလိုရှပ် အင်္ကျီတို့ဟာ မောင်နဲ့လိုက်ဖက်လွန်းသည်။ အညိုရောင်မောင့်မျက်ဝန်းတွေရယ်၊ အညိုရောက်လုနီးပါး မောင့်ဆံပင်ပျော့ပျော့လေးတွေက အရင်လိုပါပဲ။ ငွေကိုင်းမျက်မှန်လေးထောင့်လေးက မောင့်မျက်ဝန်းတွေကို ကာထားပါလား။ မောင် စာတအားဖတ်လွန်းလို့လား၊ ပုံတွေကို အမှောင်ထဲထိုင်ဆွဲလို့လား မောင့်မျက်လုံးလှလှတွေက ပါဝါမျက်မှန်နဲ့ကာထားခံနေရတယ်လေ။

အဓိကကတော့ မောင့်အပြုံး၊ နွယ်တို့နောက်ဆုံး မနက်စာစားတုန်းက နွယ့်ကို ပြုံးပြသလို၊ အချစ်တွေနဲ့ပြည့်ပြီး ပြုံးပြသလိုလေး မောင့်သမီးကို ပြုံးပြနေတာ။ မောင်ပျော်နေတဲ့ပုံပါ။ မောင့်အမျိုးသမီးကတော့ ကံကောင်းတဲ့လူသားပေါ့လေ။

နွယ်လည်း မောင်နဲ့ လှိုင်းငယ်လေးတို့ ထွက်သွားသည်ထိ ငေးကြည့်နေမိတော့သည်။

🤍လပြည့်နေ့ဆိုလို့ မြန်မာစံတော်ချိန်နဲ့ တိုက်ပြီး တင်ကြည့်လိုက်တာ

🤍သီတင်းကျွတ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။ ဘဝကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။

🤍ချစ်တဲ့လူတိုင်းညားလို့ ညားတဲ့လူတိုင်းချစ်ကြပါစေ။

ဖတ်ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်လျက်။

LEO

Zawgyi

ငါးႏွစ္ၾကာၿပီးေသာအခါ......

အမ်ိဳးသမီး အက်ဥ္းေထာင္ဝတြင္ အမ်ိဳးသမီးတစ္ဦး။

" ေမာင့္ဆီကို ကြၽန္မျပန္လာခဲ့ေတာ့မယ္..မဏိေတာင္ ကြၽန္မကို ႏႈတ္ဆက္သြားၿပီး ရန္ၿငိဳးေတြေက်ေအးသြားခဲ့တာပဲေလ"

Aylaတစ္ေယာက္တည္းေရ႐ြတ္ရင္း မဏိသူ႔ဆီ ေနာက္ဆုံးတစ္ေခါက္လာသည္ကို သတိရမိသြားသည္။လြန္ခဲ့တဲ့ ၄ႏွစ္ကေပါ့။

————-

အတိတ္...

" နင္ ေထာင္ကလြတ္တဲ့အခါက် နင္ရင္းႏွီးစားေသာက္ဖို႔ သိန္း၂ေထာင္ထည့္ေပးထားတယ္၊ နင့္ဘာသာႀကိဳက္တာလုပ္...ႀကိဳက္သလိုေန ငါ့လာမေႏွာင့္ယွက္နဲ႔၊ ငါလည္း နင့္မေႏွာင့္ယွက္ဘူး"

" နင္ ဘာလို႔ဒီလိုေျပာင္းလဲေနတာလဲ"

" ငါ ဒီအလုပ္ေတြဆက္မလုပ္ေတာ့ဘူးေလ...ငါခ်စ္တဲ့လူနဲ႔ မိသားစုဘဝတည္ေဆာက္ေတာ့မွာမို႔လို႔၊ ဗိုက္ထဲက ကေလးကလည္း ၂လရွိေနၿပီ၊ အဲဒါေၾကာင့္"

" ေနပါဦး နင္က ေအာက္ပုဂၢိဳလ္လည္းမဟုတ္..ၿပီးေတာ့ နင့္ကို တကယ္ခ်စ္တဲ့လူကရွိမလား"

"သူ႔ကိုငါပိုင္တယ္ ဒီေတာ့ သူမခ်စ္လည္းရတယ္ နင့္ဘာသာ ငါ့ကိုဘာေျပာေျပာ ငါ့ဘာသာ ဘယ္လိုေနေန ငါခ်စ္တဲ့လူမို႔ ဆင္းေပးတာရွင္းလား နင့္ကို အဲဒါလာေျပာတာ ငါျပန္ၿပီ၊ ငါေနာက္ဆုံးလာေတြ႕တာ ႏြယ္"

" သြားစမ္းပါ...လာမႏႈတ္ဆက္နဲ႔"

———

ပစၥဳပၸန္ကာလ.....

Ayla တစ္ေယာက္တည္း ေမာင္ရွိတဲ့အိမ္ကိုလာခဲ့ေလသည္။

အိမ္ေရွ႕က လူေခၚဘဲလ္ကိုႏွိပ္လိုက္ေတာ့

" ဘယ္သူနဲ႔ေတြ႕ခ်င္တာလဲ"

" ဇင္ေယာ္လႈိင္းနဲ႔ပါ"

" အရင္အိမ္ပိုင္ရွင္လား"

" ဟုတ္ကဲ့"

" သူေျပာင္းသြားတာ ငါးႏွစ္ေလာက္ရွိၿပီ"

" ဘယ္ကိုေျပာင္းသြားလဲသိလား"

" အဲဒါေတာ့မသိဘူး...ကြၽန္မတို႔ေတာင္ အိမ္ပိုင္ရွင္နဲ႔မေတြ႕လိုက္ရဘူး ဦးထြန္းနဲ႔ပဲေတြ႕ရတာ ဦးထြန္းပဲသိလိမ့္မယ္"

" ဦးထြန္းလိပ္စာေလးသိလို႔ရမလား"

" ဟုတ္ကဲ့......အဲဒီမွာရွိတယ္ရွင့္"

" ေက်းဇူးပါရွင့္"

Ayla လည္း အိမ္ေလးကို ေငးၾကည့္ရင္း ဦးထြန္းဆီထြက္လာခဲ့ေလသည္။

" ဒါဆို ဒီသူငယ္မက...ဇင္ေယာ္ရဲ႕ ရည္းစား အဲလိုေပါ့"

" ဟုတ္ကဲ့...."

" ဇင္ေယာ္က ႐ုတ္ခ်ည္းေျပာင္းသြားတာကြ...ဦးထြန္းနဲ႔ေတာင္ မေတြ႕ရေတာ့တာႏွစ္ေတြၾကာေနၿပီ၊ ဦးထြန္းၾကားမိသေလာက္ ႏိုင္ငံျခားထြက္သြားတာလိုလို၊ ရည္းစားေနာက္လိုက္သြားတာလိုလိုနဲ႔ပဲ...ေပ်ာက္သြားတာေတာ့ၾကာၿပီ...ဦးထြန္းလည္းေမတၱာပဲပို႔ႏိုင္ေတာ့တယ္"

" ဟုတ္ကဲ့ ေက်းဇူးပါ ဦးထြန္း ကြၽန္မ ျပန္လိုက္ပါဦးမယ္"

Aylaထြက္လာခဲ့သည္။ သူ႔ေမွ်ာ္လင့္ခ်က္ေတြ ႐ိုက္ခ်ိဳးခံလိုက္ရသလိုမ်ိဳး ခံစားခ်က္နဲ႔။ ေမာင့္ကိုဘယ္လိုရွာရမလဲ၊ ေမာင္ အပုန္းေကာင္းတာလား။ ေမာင္ဘယ္မွာလဲ။

အေတြးမ်ားစြာျဖင့္၊

အခုေတာ့ သူသိသည္က သူေနဖို႔ထိုင္ဖို႔ ေနရာရွာရေတာ့မည္ေလ။ အရင္ေနရာက မဏိေနရာဆိုေတာ့ သြားလို႔မရေတာ့မွန္းသိပါသည္။ ဒါေၾကာင့္ေထာင္ထဲမွာတုန္းက ခင္မင္ခဲ့တဲ့ အစ္မတစ္ေယာက္ရွိရာဆီ သူထြက္လာခဲ့ေလသည္။ ထိုအစ္မက သူမအားအဓမၼျပဳက်င့္သူကို ဓားနဲ႔ခုတ္သတ္ခဲ့သည္။ သို႔ေသာ္ ေသသြားသည့္သူ၏ မိဘမ်ားက ခ်မ္းသာသည့္သူမ်ားျဖစ္သျဖင့္ ေငြမ်ားတရားႏိုင္ျဖစ္ကာ ထိုအစ္မပဲ ေထာင္နန္းစံရေလသည္။

အခုေတာ့ လြတ္ၿပီး သူ႔ကေလးႏွင့္အတူ ကေလာတြင္ ေအးေအးခ်မ္းခ်မ္း ၿခံစိုက္ေနေလသည္တဲ့။ ထိုအစ္မ လိပ္စာေလးကို မွတ္ထားသည္က အသုံးဝင္ေလသည္။ ကေလာမွာေနၿပီး ေမာင့္ကိုရွာရမည္။ Aylaထိုဆုံးျဖတ္ခ်က္ျဖင့္ ကေလာကိုထြက္လာခဲ့ေလသည္။

———

" အစ္မ အင္ၾကင္း....အစ္မ"

ၿခံေရွ႕ကေအာ္ေခၚေနသံေၾကာင့္ အင္ၾကင္း ၿခံထဲတြင္ ေပါင္းႏႈတ္ေနရာမွ ထြက္လာခဲ့သည္။ ၾကည့္လိုက္ေတာ့ ႏြယ္ဆိုသည့္အမ်ိဳးသမီး။ ေထာင္ထဲတြင္ ညီမေလးလိုခ်စ္ခင္ခဲ့ရသူ။

" ဟယ္....ညီမ တကယ္လာတာလား"

" တကယ္လာလို႔ ညီမ ဒီေရာက္လာတာေပါ့....အစ္မက တအားေခ်ာေနတာ အသက္၄၅ဆိုတာ ဟုတ္ရဲ႕လား"

" ဟုတ္ပါတယ္ရွင္...ညီမကေရာ အသက္(၄၀)ကို ႏုေနတာ ၃၀စြန္းလို႔ကိုထင္ရတယ္...ေနပူႀကီးထဲ ရပ္ေနရတာပဲ လာလာ"

အင္ၾကင္းက ဦးေဆာင္ေခၚလာကာ...Aylaကိုေနရာခ်ေပးသည္၊ Aylaလည္း အေၾကာင္းစုံေျပာျပေတာ့ အင္ၾကင္းက သူနဲ႔ေနလို႔ရေၾကာင္းႏွင့္ သူတို႔သားအမိႏွစ္ေယာက္တည္းမို႔ အေဖာ္မရွိေၾကာင္းေျပာျပေလသည္။

" ဒါဆို...အစ္မဆီမွာပဲေနလိုက္ေတာ့မယ္...အားနာနာနဲ႔ဆက္ေျပာရေတာ့မွာပဲ...အလုပ္ေလးလိုခ်င္လို႔"

" အဲဒါက...အစ္မ အသိတစ္ေယာက္က မူႀကိဳဖြင့္ထားတာ ညီမေလးကလည္း ကေလးခ်စ္တတ္တယ္၊ ဘြဲ႕လည္းရထားေသးတာဆိုေတာ့ အစ္မေျပာေပးမယ္ မူႀကိဳဆရာမလုပ္မလား၊ အိေျႏၵရွိတာေပါ့ ဆရာမဆိုေတာ့ အစ္မ အလုပ္ထဲမေခၚတာက် ပင္ပန္းတယ္ ညီမေလးနဲ႔မကိုက္လို႔ေနာ္"

" ဟုတ္ကဲ့ အစ္မ....ေက်းဇူးတင္ပါတယ္"

" တစ္ခုေတာ့ရွိတယ္ ညီမေလး"

" ဟုတ္ကဲ့ အစ္မ ဘာမ်ားလဲ"

" Ayla ဆိုတဲ့နာမည္ကိုေဖ်ာက္ပစ္ရမယ္ေနာ္ ႏြယ္လို႔ပဲသုံးရမယ္"

" ဟုတ္ကဲ့ အစ္မ"

Aylaအတြက္ေတာ့ မွီခိုစရာေလးရွိေနေသးလို႔ေတာ္ပါေသးသည္ေလ။ ေမာင္ကေရာ၊ တစ္ေယာက္တည္းက်န္တဲ့ ေမာင့္မွာ မွီခိုစရာလူရွိပါ့မလား။

( အခုကစၿပီး ႏြယ္လို႔ေျပာင္းသုံးပါေတာ့မယ္ေနာ္)

ႏြယ္ ေက်ာင္းကို စသြားရမယ့္ေန႔မွာ ပထမဆုံး ျမန္မာဝမ္းဆက္ေလးကိုဝတ္ထားလိုက္သည္။ ေမာင္သာျမင္ရင္ လွတယ္လို႔ေျပာေနမွာပါ။ တကယ္လည္း ေမာင့္ရဲ႕ႏြယ္ဟာ လွေနဆဲပါပဲေလ။

ႏြယ္ အစ္မေျပာတဲ့လိပ္စာအတိုင္းေက်ာင္းကို ေရာက္လာခဲ့ေလသည္။ မူႀကိဳနာမည္ေလးက ေရာင္နီသစ္မူႀကိဳတဲ့ေလ။ ကေလးငယ္ေတြက အၿပဳံးပန္းကိုယ္စီနဲ႔။ Aylaငယ္ငယ္ကေတာ့ မိဘေတြရဲ႕ ႐ိုက္ႏွက္တာကိုခံခဲ့ရတာေၾကာင့္ အၿပဳံးပန္းပြင့္ဆိုတာဘာလဲေတာင္မသိေတာ့ပါ။

မအင္ၾကင္းရဲ႕မိတ္ေဆြက ႏြယ့္ကိုကေလးေတြနဲ႔ မိတ္ဆက္ေပးေလသည္။ ကေလးခ်စ္တတ္တဲ့ ႏြယ္ကေတာ့ ေရာက္တာနဲ႔ ကေလးေတြနဲ႔တည့္ေအာင္ ေပ်ာ္ေအာင္ေနေတာ့သည္ေလ။ ကေလးေတြက ေပ်ာ္တတ္တာေၾကာင့္ ျမန္ျမန္ပဲ သူအသားက်ခဲ့သည္ေလ။

က်န္တဲ့ကေလးေတြက ေပ်ာ္ေနသေလာက္ ကေလးတစ္ေယာက္က ေခ်ာင္ထဲမွာ ကုပ္ကုပ္ေလးထိုင္ေနေလသည္။ႏြယ္ေလး ထိုကေလးဆီသြားကာ

" သမီးေလး တစ္ေယာက္တည္းပ်င္းလို႔လား"

" ဟုတ္တယ္...မာမားကိုလြမ္းလို႔"

" မာမားက သူငယ္ခ်င္းေတြနဲ႔ကစားေစခ်င္ စာေတြသင္ေစခ်င္လို႔ လႊတ္တာကို မာမားကိုလြမ္းရင္ မာမားစိတ္မေကာင္းျဖစ္မွာေပါ့"

" လြမ္းတယ္ဆိုတာ ခံစားခ်က္တစ္စိတ္တစ္ပိုင္းေလ တီခ်ယ္ကလည္း....တစ္ေယာက္ေယာက္ကိုလြမ္းတာ ခ်စ္လို႔ေပါ့"

ကေလးတစ္ေယာက္ဆီက ထိုစကားမ်ိဳးကို ၾကားရလိမ့္မယ္လို႔ ႏြယ္တစ္ခါမွမေတြးဖူးပါ၊ သူ႔စကားေတြက ေမာင္စကားေျပာေနသလို၊ သူ႔႐ုပ္ကလည္း ေမာင္နဲ႔ဆင္သလိုလိုရွိေသာေၾကာင့္ပင္။ ဒါေၾကာင့္ ႏြယ္ေမးၾကည့္မိသည္။

" သမီးေလးက ဘယ္လိုလုပ္ ဒီလိုစကားတတ္ေနရတာလဲ"

" မာမားက မာမီ့ကိုလြမ္းရင္ ေျပာေနက်စကားေတြေလ....မာမားက မာမီ့ကို တအားခ်စ္တာ...မာမီကခရီးေတြထြက္ရေတာ့ မအားဘူး...မီးမီးကလည္း မာမားနဲ႔ပဲေနရတာ...မာမား မာမီနဲ႔ဖုန္းေျပာရင္ အဲလိုေတြေျပာတာပဲ"

ႏြယ္သိလိုက္ပါၿပီေလ၊ သူတို႔ အေမႏွစ္ေယာက္က ခ်စ္ျခင္းေမတၱာေတြနဲ႔သာယာၾကည္ႏူးေနေတာ့ ကေလးကလည္း....။

ထိုကေလးႏွင့္ စကားေျပာၿပီး ႏြယ္ ထိုကေလးနဲ႔ေတာ္ေတာ္ေလးခင္သြားပါသည္။ ထိုကေလးေျပာပုံအရဆို သူ႔မာမားက ဓာတ္ပုံဆရာမ၊ သူ႔မာမီကေတာ့ ဟိုတယ္ပိုင္ရွင္တဲ့ေလ။

မူႀကိဳေက်ာင္းဆင္းေတာ့ ကေလးမိဘေတြလာႀကိဳၾကသည္။ ႏြယ္က ကေလးေတြကို ေက်ာပိုးအိတ္လြယ္ေပးေနေလသည္။ ထိုကေလး သစၥာလႈိင္းငယ္ဆိုတဲ့ကေလးကေတာ့ အိတ္ကိုသူ႔ဘာသာ လြယ္ကာ သူ႔မာမားဆီသြားေတာ့သည္။

" လႈိင္းငယ္..."

ႏြယ္၏ ႏွလုံးသားတစ္ခုလုံးကို ထိုအသံက လႈပ္ခတ္သြားသည္။ ေသခ်ာပါတယ္ ဒါေမာင့္အသံ။ ႏြယ္ မူႀကိဳေက်ာင္းတံခါးကေန ေမွ်ာ္ၾကည့္မိသည္။ ေမာင္ဟာ သူ႔သမီးကို ခ်စ္လြန္းေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္လ်က္။ ႏြယ္ေငးၾကည့္မိသည္။ ေမာင္ဟာ အရင္လိုပုံစံ ဂ်စ္တီးဂ်စ္ကန္မ်ိဳးလည္းမဟုတ္ေတာ့။

ေခ်ာကလက္ေရာင္ေဘာင္းဘီရွည္နဲ႔ creamေရာင္ ပိုလိုရွပ္ အက်ႌတို႔ဟာ ေမာင္နဲ႔လိုက္ဖက္လြန္းသည္။ အညိဳေရာင္ေမာင့္မ်က္ဝန္းေတြရယ္၊ အညိဳေရာက္လုနီးပါး ေမာင့္ဆံပင္ေပ်ာ့ေပ်ာ့ေလးေတြက အရင္လိုပါပဲ။ ေငြကိုင္းမ်က္မွန္ေလးေထာင့္ေလးက ေမာင့္မ်က္ဝန္းေတြကို ကာထားပါလား။ ေမာင္ စာတအားဖတ္လြန္းလို႔လား၊ ပုံေတြကို အေမွာင္ထဲထိုင္ဆြဲလို႔လား ေမာင့္မ်က္လုံးလွလွေတြက ပါဝါမ်က္မွန္နဲ႔ကာထားခံေနရတယ္ေလ။

အဓိကကေတာ့ ေမာင့္အၿပဳံး၊ ႏြယ္တို႔ေနာက္ဆုံး မနက္စာစားတုန္းက ႏြယ့္ကို ၿပဳံးျပသလို၊ အခ်စ္ေတြနဲ႔ျပည့္ၿပီး ၿပဳံးျပသလိုေလး ေမာင့္သမီးကို ၿပဳံးျပေနတာ။ ေမာင္ေပ်ာ္ေနတဲ့ပုံပါ။ ေမာင့္အမ်ိဳးသမီးကေတာ့ ကံေကာင္းတဲ့လူသားေပါ့ေလ။

ႏြယ္လည္း ေမာင္နဲ႔ လႈိင္းငယ္ေလးတို႔ ထြက္သြားသည္ထိ ေငးၾကည့္ေနမိေတာ့သည္။

🤍လျပည့္ေန႔ဆိုလို႔ ျမန္မာစံေတာ္ခ်ိန္နဲ႔ တိုက္ၿပီး တင္ၾကည့္လိုက္တာ

🤍သီတင္းကြၽတ္မွာ စိတ္ခ်မ္းသာ ကိုယ္က်န္းမာရွိၾကပါေစ။ ဘဝကို ေအးေအးေဆးေဆး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနႏိုင္ပါေစ။

🤍ခ်စ္တဲ့လူတိုင္းညားလို႔ ညားတဲ့လူတိုင္းခ်စ္ၾကပါေစ။

ဖတ္ေပးတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကို ေက်းဇူးတင္လ်က္။

LEO


You are reading the story above: TeenFic.Net